• Today is: Wednesday, December 7, 2022

ရဲရင့်သူတို့သတ္တိ

– ရဲရင့်သူတို့သတ္တိ

 

ကျားခံတွင်းမှာ

သက်ဆင်းရတဲ့ သမင် ထက်

ကျားတကောင်ကို

ကစားတတ်တဲ့ သမင်က

ပိုပြီး ရဲရင့်လာတယ်… ။

 

ပန်းခင်းတခုကို

ထိုင်ကြည့်ရတဲ့ ပျော်ရွှင်မှုထက်

ခြောကျကမ်ပါးတခုကို

ခုန်ကူးရတဲ့ ရင်ခုန်ခံစားမှုက

ပိုပြီးရဲရင့်မှုကို ဖြစ်လာတယ် …။

 

ပြီးပြည့်စုံတဲ့

မိဘရင်ခွင်ဟာ

အရာရာကို ဖြည့်စွမ်းနိုင်ပေမင့်

လမ်းပေါ်မှာ လောကဓံကို ရင်ဆိုင်

လက်ခမောင်းခတ် ရုန်းကန်နိုင်တဲ့  လူငယ်ဟာ

လောကမှာ ပိုပြီးရဲရင့်လာတယ်… ။

 – ဇွဲထက်ရှင်