• Today is: Friday, March 29, 2024

အကာလကိုထွင်းဖောက်ကြည့်ခြင်း

အကာလကိုထွင်းဖောက်ကြည့်ခြင်း

အလင်းဓမ္မ ဟာ

အမှောင်ကို ခွင်းတဲ့ မြှား

လှောင်ပိတ်ထားခံရချိန်

မွန်းကြပ်တဲ့ စိတ်ကို ဖွင့်မယ့် သော့

လွတ်လပ်မျှတ

အမှန်တရားကို ချစ်တဲ့

ကဗျာအခမ်းအနား

ကြီးကျယ်မြင့်မြတ်စွာ

ကျင်းပပါတော့ …

ကဗျာရှင်များ ပျော်ရမယ့် အချိန်

မကြာမီလာမည်

ချစ်သူရဲ့ လက်ကို ချိတ်ဖို့

အသင့်ပြင်ထားကြ ။

 

ဇွဲထက်ရှင်