• Today is: Friday, March 29, 2024

နွေဦးတော်လှန်ရေးကာလ တိုင်းရင်းသားဒေသ အခြေအနေများ

နွေဦးတော်လှန်ရေးကာလ တိုင်းရင်းသားဒေသ အခြေအနေများ
(၂၀၂၂ခုနှစ်၊ ဩဂုတ်လ မှ အောက်တိုဘာလအထိ )

နွေဦးတော်လှန်ရေးကာလအတွင်း အာဏာရှင်စနစ် ဆန့်ကျင်ရေးကို အလွှာပေါင်းစုံမှ တိုင်းရင်းသား ပြည်သူများ၏ ပူးပေါင်းပါဝင် လှုပ်ရှားမှုများကို ဖယ်ဒရယ်ဂျာနယ်-မြန်မာက စာတမ်းဖြင့် (၃)လတစ်ကြိမ် ပုံမှန်လေ့လာပြုစု၍ ထုတ်ပြန်လျက်ရှိပါသည်။

ဤတစ်ကြိမ်တွင် ဩဂုတ်လ (၁) ရက်နေ့ မှ အောက်တိုဘာလ (၃၁) ရက်နေ့အထိတွင် ဖြစ်ပွားသော အာဏာသိမ်းမှုနှင့်ဆက်စပ်သည့် ပဋိပက္ခများကြောင့် တိုင်းရင်းသားဒေသများတွင် နှစ်ဘက် ထိခိုက်သေဆုံးမှု၊ စစ်ကောင်စီ၏ ထိုးစစ်ကြောင့် အရပ်သားပြည်သူ အိုးအိမ်ပျက်စီးမှု၊ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်မှုနှင့် တိုင်းရင်းသား ဒေသအတွင်း အုပ်ချုပ်ရေး/နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုများကို စုစည်းတင်ပြ ထားပါသည်။

အပိုင်း ()

ပြည်နယ်ဒေသများအတွင်း စစ်ရေးနှင့်လုံခြုံရေး အခြေအနေများ

 

(က)တိုက်ပွဲဖြစ်ပွားမှု

ဩဂုတ်လ (၁) ရက်နေ့ မှ အောက်တိုဘာလ (၃၁) ရက်နေ့အထိ သုံးလအတွင်း တိုင်းရင်းသား ပြည်နယ်ဒေသမှာ စစ်ကောင်စီတပ်နှင့် တော်လှန်ရေး တပ်ဖွဲ့တို့ အကြား တိုက်ပွဲ အကြိမ် ပေါင်း (၇၅၇) ခန့် ဖြစ်ပွားခဲ့ရာ ကချင် ပြည်နယ်တွင် (၄၂) ကြိမ်၊ ချင်းပြည်နယ်တွင် (၆၇) ကြိမ်၊ ရခိုင်ပြည်နယ်တွင် (၅၈) ကြိမ်၊ ရှမ်းပြည်နယ်တွင် (၅၁) ကြိမ်၊ ကရင်နီ ပြည်နယ်တွင် (၁၁၂) ကြိမ်၊ ကရင် ပြည်နယ်တွင် (၃၉၁) ကြိမ်နှင့် မွန်ပြည်နယ်တွင် (၃၆) ကြိမ် စသည်ဖြင့် အသီးသီး ဖြစ်ပွားခဲ့သည်။

() စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးမှု

ဤသုံးလတာ ကာလအတွင်း ပြည်နယ်အလိုက် စစ်ကောင်စီ တပ်ဖွဲ့ဝင် (၂၀၄၆) ဦးထက်မနည်း သေဆုံးမှု ဖြစ်ပွားခဲ့သည်။ ကချင်ပြည်နယ်တွင် (၃၅) ဦး၊ ချင်းပြည်နယ်တွင်(၁၃၅)ဦး၊ ရခိုင်ပြည်နယ်တွင် (၆၃) ဦး၊ ရှမ်းပြည်နယ် တွင် (၆၈)ဦး၊ ကရင်နီ ပြည်နယ်တွင်(၁၇၀)ဦး၊ ကရင် ပြည်နယ်တွင် (၄၇၉) ဦး နှင့် မွန်ပြည် နယ်တွင် (၉၆)ဦး သေဆုံးခဲ့ပြီး ဒဏ်ရာ ရရှိသူ စုစုပေါင်း (၆၉၁)ဦး ခန့် ရှိခဲ့သည်။

() တော်လှန်ရေးတပ်ဖွဲ့ဝင်များ ကျဆုံးမှု

သုံးလအတွင်း ပြည်နယ် ဒေသအလိုက် တော်လှန်ရေး တပ်ဖွဲ့ဝင်များ စုစုပေါင်း (၆၁) ဦးခန့် ကျဆုံးမှု ရှိခဲ့သည်။ ကချင် ပြည်နယ်တွင် (၁) ဦး၊ ချင်းပြည်နယ်တွင်(၄) ဦး၊ ရခိုင်ပြည်နယ်တွင် (၁)ဦး၊ ရှမ်းပြည်နယ်တွင် (၁၂) ဦး၊  ကရင်နီ ပြည်နယ်တွင် (၃၃)ဦး၊ ကရင်ပြည်နယ်တွင်(၇)ဦးနှင့် မွန်ပြည်နယ်တွင် (၃) ဦး အသီးသီးကျဆုံးခဲ့သည်။

() နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းပြေးတိမ်းရှောင်မှု

အာဏာသိမ်းမှုနှင့် ဆက်စပ်သည့် ပဋိပက္ခများကြောင့် ၂၀၂၂ ခုနှစ် အောက်တိုဘာလကုန်အထိ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် ဒုက္ခသည်များသည် ကချင် ပြည်နယ်တွင် (၇၉၂၁) ဦး၊ ချင်းပြည်နယ်တွင်(၆၅၇၈၅)ဦး၊ ရခိုင်ပြည်နယ်တွင် (၂၀၃၅၇)ဦး၊ ရှမ်းပြည်နယ်တွင် (၉၅၀၃၀)ဦး၊ ကရင်နီ ပြည်နယ် တွင် (၂၀၂၁၁၅)ဦး၊ ကရင်ပြည်နယ်တွင် (၃၅၂၅၀၃)ဦးနှင့် မွန်ပြည်နယ်တွင် (၂၆၀၀၀)ဦး အသီသီးရှိပြီး တိုင်းရင်းသားဒေသ အားလုံးရှိ အရပ်သားပြည်သူများ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သူ ဉီးရေ စုစုပေါင်း သည် (၇၆၉,၇၁၁)ဦးခန့် ရှိနေသည်။

() အရပ်သားများ သေဆုံးမှု

ဩဂုတ်လ (၁) ရက်နေ့ မှ အောက်တိုဘာလ (၃၁)အတွင်း အာဏာသိမ်း စစ်ကောင်စီ၏ လက်နက်ကြီး မဆင်မခြင် ရမ်းသမ်း ပစ်ခတ်မှု၊ မြေမြုပ်မိုင်းထိခိုက်မှုနှင့် တိုက်ပွဲတွင်း ပစ်ခတ်သတ်ဖြတ်မှုကြောင့် တိုင်းရင်းသား ဒေသအတွင်း အရပ်သား ပြည်သူများ စုစုပေါင်း သေဆုံးမှု ( ၂၀၅) ဦးထက်မနည်း ဖြစ်ပွားခဲ့သည်။ ပြည်နယ် အလိုက် အရေအတွက်များသည် ကချင်ပြည်နယ်တွင် (၁၀၇)ဦး၊ ချင်းပြည်နယ်တွင် (၈) ဦး၊ ရခိုင်ပြည်နယ်တွင် (၁၁) ဦး၊ ရှမ်းပြည်နယ်တွင် (၂၁)ဦး၊ ကရင်နီပြည်နယ် တွင် (၂၂)ဦး၊ ကရင် ပြည်နယ်တွင် (၁၈) ဦးနှင့် မွန်ပြည်နယ်တွင် (၁၈) ဦး အရပ်သားများ သေဆုံးခဲ့ရသည်။

() အရပ်သားနေအိမ်များ ပျက်စီးမှု

သုံးလအတွင်း ပြည်နယ်ဒေသ အသီးသီး၌ စစ်ကောင်စီတပ်၏ မီးရှို့ ဖျက်ဆီးမှုကြောင့် ကျေးရွာများရှိ အရပ်သားနေအိမ်များ အိမ်ခြေ (၇၅၇)လုံးခန့် ဖျက်စီးခံခဲ့ရသည်။ ပြည်နယ်ဒေသအလိုက် အရေအတွက်များသည် ကချင်ပြည်နယ်တွင် (၄၁၁) လုံး၊ ချင်း​ပြည်နယ် တွင်(၁၂)လုံး၊ ရခိုင်ပြည်နယ်တွင် (၈၂) လုံး၊ ရှမ်းပြည်နယ်တွင် (၁၁)လုံး၊ ကရင်နီပြည်နယ်တွင် (၁၁၆)လုံး၊  ကရင်ပြည်နယ်တွင် (၂၀) လုံး နှင့် မွန် ပြည်နယ်တွင် (၉)လုံး၊ အသီးသီး ပျက်စီးခဲ့ရသည်။ 

ကိုးကားချက်များ –

၁) လွတ်လပ်သော သတင်းမီဒီယာများ

၂) အမျိုးသားညီညွတ်ရေး အစိုးရ (NUG)

၃) ကြားကာလ ပြည်နယ်အတိုင်ပင်ခံ ကောင်စီများ

၄) တိုင်းရင်းသား လူ့အခွင့်အရေးအဖွဲ့များ

၅) ဖက်ဒရယ်ဂျာနယ် မြန်မာ မေးမြန်း၊ စုဆောင်းချက်များ

ဖက်ဒရယ်ဂျာနယ် – မြန်မာမှ စုစည်းတင်ပြသည်။