• Today is: Friday, March 29, 2024

နိုင်ငံတဝန်း တိုက်ပွဲပေါင်း ၇,၈၀၀ ကျော် ဖြစ်ပွားခဲ့တယ်လို့ ISP Myanmar ထုတ်ပြန်

ISP Myanmar – ထုတ်ပြန်ချက်

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ နိုဝင်ဘာ ၂၂

မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုအလွန် အခုနှစ် နိုဝင်ဘာ ၁၅ ရက်အထိ နိုင်ငံတဝန်း လက်နက် ကိုင်ပဋိပက္ခတိုက်ပွဲပေါင်း ၇,၈၅၅ ကြိမ်ထက်မနည်း ဖြစ်ခဲ့ပါတယ်လို့ ISP Myanmar က ထုတ်ပြန်ထားပါတယ်။

အဲဒီတိုက်ပွဲတွေထဲမှာ စစ်ကောင်စီနဲ့ တိုင်းရင်း သားလက်နက်ကိုင်တပ်ဖွဲ့ (EAOs) တွေအကြား ဖြစ်ခဲ့တဲ့ တိုက်ပွဲပေါင်း ၄,၅၄၈ ကြိမ်ထက်မနည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။

နိုင်ငံတဝန်းထဲမှတော့ ကရင်ပြည်နယ်မှာဟာ တိုက်ပွဲပေါင်း အရေအတွက် ၄,၃၉၃ ကြိမ်ထိ ဖြစ်ခဲ့ပြီး အများဆုံး ဖြစ်နေတာပါ။

ဒုတိယအများဆုံးဒေသက စစ်ကိုင်းတိုင်းဖြစ်ပြီး တိုက်ပွဲပေါင်း ၉၁၉ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပါတယ်။

အလားတူ စစ်ကောင်စီနဲ့ ဒေသခံကာကွယ် ရေး တပ်ဖွဲ့ (PDF/LDF/CDF/CNDF/KNDF) အစရှိတဲ့ တော်လှန်ရေးအဖွဲ့တို့ကြား တိုက်ပွဲပေါင်း ၂,၂၆၇ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့တာပါ။

ဒါ့အပြင် EAOs တွေနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းပြီး စစ်ကောင်စီနဲ့ ဖြစ်ခဲ့တဲ့ တိုက်ပွဲပေါင်း ၉၂၅ ကြိမ်ထက်မနည်း ရှိခဲ့ပါတယ်လို့ ဆိုပါတယ်။

အလားတူ အာဏာသိမ်းမှုအလွန် လက်နက်ကိုင်ပဋိပက္ခတွေ ပိုပြီးမြင့်တက်လာတာ နဲ့အမျှ နိုင်ငံအနှံ မြို့နယ်ပေါင်း ၁၉၁ ခု မှာ တိုက်ပွား ဖြစ် ပွားနေတယ်လို့ သိရပါတယ်။