• Today is: Saturday, April 20, 2024

ဖက်ဒရယ်နှလုံးသား

ဖက်ဒရယ်နှလုံးသား
 
အမှန်တရားအတွက်
အားလုံးအတူ လက်ချင်းချိတ်ပြီး
ညှိကူကြမယ်။
 
အသွင်မတူလည်း
ညီညွတ်မှုကို လျောက်ကြတဲ့အခါ
ညှိယူလို့ရတယ်…။
 
အယူအဆ မတူလည်း
ဓမ္မလမ်းစဥ်ကို လျောက်ကြတဲ့အခါ
ညှိယူလို့ရတယ်… ။
 
ဘာသာမတူလည်း
ခရီးတစ်ခုကို အတူလျောက်ကြတဲ့အခါ
ညှိယူလို့ရတယ်… ။
 
စရိုက်မတူလည်း
စည်းလုံးမှုကို အတူလျောက်ကြတဲ့အခါ
ညှိယူလို့ရတယ်… ။
 
သွေးသားဆန္ဒအရ
လူသားတိုင်းရဲ့ နှလုံးသားမှာ
လွတ်လပ်မှုကို မြတ်နိုးကြတယ်။
 
အသားရောင်မတူ
ဘာသာ မတူ
အယူအဆ မတူကြလည်း
 
လွတ်လပ်ခွင့်ကို ချုပ်ချယ်ထားတဲ့အခါ
အမှန်တရားကို ချစ်မြတ်နိုးသူတိုင်း
ညှိယူလို့ရတယ်… ။
 
– ဇွဲထက်ရှင်