• Today is: Friday, April 19, 2024

ဖရူဆိုမြို့နယ်အတွင်းဝင်ထွက်သွားလာခြင်းကို ယာယီပိတ်ကြောင်း ကရင်နီပြည်အစိုးရ ထုတ်ပြန်

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ နိုဝင်ဘာ ၂၈

ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုမြို့နယ်အတွင်း ဝင်ထွက်သွားလာခြင်း ယာယီပိတ်ပင်ကြောင်း ကရင်နီပြည်အစိုးရ၊ ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

နိုဝင်ဘာ ၂၇ ရက် ရက်စွဲပါ အမိန့်စာအရ အာဏာသိမ်းမှုအလွန် ပြည်သူများကို ညှင်း ပန်းနှိပ်စက်သတ်ဖြတ်နေသည့် စစ်တပ်ကို ပြန်လည်ချေမှုန်းနိုင်ရန် နည်းလမ်း မျိုးစုံဖြင့် ကြိုးစားအားထုတ်နေတာလို့ ဆိုပါတယ်။

မြို့အဝင်အထွက် ယာယီပိတ်ပင်ခြင်းနဲ့ ပတ်သက်ပြီး တိတိကျကျ ရေးသားထားတာတော့ မတွေ့ရပါဘူး။

ဒါပေမယ့် ဖရူဆို​ဒေသတွင်းရှိ အပါအဝင်၊ ကရင်နီ ဒေသက ​မိဘပြည်သူများအနေဖြင့် စစ်ကောင်စီဟာ ပွင့်လင်းရာသီချိန်တွင်း စစ်ရေးအရှိန်တိုးမြင့်လာနိုင်တာကြောင့် တော်လှန်ရေး အစိုးရများ၏ ထုတ်ပြန်ချက်တို့ကို အ​မြဲနားစွင့်လိုက်နာဆောင်ရွက်ကြပါရန်” ကရင်နီတပ် မတော် KA က တိုက်တွန်းထားတာပါ။

ဒါ့ကြောင့် ယနေ့(နိုဝင်ဘာ ၂၈ ရက်)ကစ၍ဖရူဆိုမြို့အတွင်း ဝင်ထွက်သွားလာခြင်းကို အခြေ အနေပေါ်မူတည်၍ ရက်အကန့်အသတ်မရှိ ယာယီပိတ်ပင်ထားမည်ဖြစ်တယ်လို့

အသိပေးထားပါတယ်။

လမ်းပိတ်ထားစဥ်ကာလအတွင်း ဝင်ထွက်သွားလာခြင်းကို စစ်ဆေးတွေ့ရှိပါက လုံးဝ ခွင့်ပြုမည်မဟုတ်သလို သွားလာနိုင်မည့်ရက်ကို ပြန်လည်အသိပေးမယ်လို့ ပါရှိပါတယ်။