• Today is: Tuesday, March 19, 2024

ဆောင်းလေ

– ဆောင်းလေ
အလွမ်းဟာ စစ်ကျန်ဗုံးသီးကြီးတစ်လုံးလို
ဘယ်အချိန်ပေါက်ကွဲရမှန်းမသိတဲ့အပြင်
ပေါက်ကွဲခွင့်ရဦးမလားတောင် မသေချာဘူး။
ပင်ပန်းဆင်းရဲမှုတွေကြားမှာ
ချစ်သူရဲ့စကားသံ၊ အနမ်းအထိအတွေ့…
မောင်းထုတ်ရခက်ဖူးတယ်
စစ်ရေးပြအကွက်ထဲမှာ မင်းအကွက်တွေ။
ဒီတော်လှန်ရေးထဲမှာ
ပြန်မဆုံနိုင်တော့တဲ့ချစ်သူတွေကို အားနာ
သတိရခြင်းတွေကို ချိုးနှိမ်ထားလိုက်ပါတယ်။
ဆောင်းလေတိုးသံလား လေယာဥ်သံလား
သေချာအောင်နားစွင့်နေရတဲ့ကင်းသမားဟာ
ဗမာပြည်လွတ်လပ်ရေးရတဲ့အခါ
မွေးရပ်အညာမှာ ပြန်နေချင်တဲ့အကြောင်း
အမေ့ဆီတော့ သတင်းစကားပါးချင်ပါရဲ့။
• မောင်ဆောင်းခ