• Today is: Tuesday, March 19, 2024

အပတ်စဉ် လူမျိုးပေါင်းစုံ သတင်းများစုစည်းတင်ပြခြင်း

(No. 89, December 6, 2022)

 

၁။ KBC ဥက္ကဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွန်နှင့် အဆက်အသွယ် မရသေးဘဲ မည်သည့်နေရာတွင် ထိန်းသိမ်းထား သည်ကို မသိရသေးကြောင်း မိသားစုဝင်ပြော
December 6, 2022

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ဥက္ကဌဟောင်း၊ ကချင်အမျိုးသားများအတိုင်ပင်ခံအဖွဲ့ (WMR) ဥက္ကဌ ဒေါက်တာ ခလမ်ဆမ်ဆွန် ကို စစ်ကောင်စီတပ်ကနေ စစ်ဆေးမေးမြန်းဖို့ဆိုပြီး မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ ခေါ်ဆောင်သွားရာကနေ လက်ရှိအချိန်အထိ အဆက်အသွယ် မရရှိသေးဘူးလို့ သိရပါတယ်။ မည်သည့်နေရာမှာ ထိန်းသိမ်း ထားတယ်ဆိုတာ လက်ရှိအချိန်အထိ မသိရှိရသေးဘူးလို့ ဒေါက်တာခလမ်ဆမ်ဆွန်ရဲ့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။ “ဘယ် မှာလဲဆိုတာ ခုထိမသိရသေးဘူး။ အိမ်လည်း ပြန်မရောက်သေးပါဘူး”လို့ သူကဆိုပါတယ်။ မနေ့က လေယာဉ်နဲ့ မြစ်ကြီးနား ဘက် ပြန်လွှဲလိုက်ပြီလို့ အွန်လိုင်းစာမျက်နှာပေါ်တွေမှာ ပြန့်နှံ့နေပေမယ့် အတည်ပြု ပြောကြားနိုင်ခြင်း မရှိသေးတဲ့အပြင် ဆက်လက် စုံစမ်းနေဆဲ ဖြစ်တယ်လို့ ဒေါက်တာခလမ်ဆမ်ဆွန်နဲ့ နီးစပ်တဲ့ KBCမှ ဆရာတစ်ဦးကလည်း အခုလို ပြောပါတယ်။ “တစ်ခြား ဘာမှမထူးခြားသေးဘူး။ သူတို့ ခေါ်ထားသေးတယ်။ တွေ့ခွင့်လည်း မရသေးဘူး။ သူတို့ဘက်ကရော ဘာမှ မပြောလာ သေးဘူး။ အဆက်အသွယ်က အခုထိ မရသေးဘူး”လို့ သူက ဆိုပါတယ်။

ဒေါက်တာခလမ်ဆမ်ဆွန်ကို အကြောင်းမဲ့ ဖမ်းဆီးထားမှုကို ကချင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ်အနေနဲ့ စိုးရိမ်နေပြီး အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုတယ်လို့ ဒီဇင်ဘာလ ၅ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန် ပြောလိုက်ပါတယ်။ ဒေါက်တာ ခလမ်ဆမ်ဆွန်ဟာ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်မှာ အထွေထွေအတွင်းရေးမှူးနဲ့ ဥက္ကဋ္ဌ တာဝန်ကိုထမ်းဆောင်ခဲ့ပြီး လက်ရှိ မှာ အကြံပေးတာဝန်ထမ်းဆောင်နေတယ်လို့ KBC ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ သိက္ခာတော်ရ ဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွန်ဟာ ဒီဇင်ဘာလ(၅)ရက်နေ့က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ဘက် ဆေးစစ်ဖို့သွားချိန် မန္တလေး တံတား ဦး အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ စစ်ကောင်စီကနေ ဖမ်းဆီး ထိန်းသိမ်းခြင်း ခံလိုက်ရတာ ဖြစ်ပါတယ်။ https://www.facebo ok.com/myitkyinanewsjournal.mm/photos/a .185799768452952/1787290171637229/

၂။ ဒီးမော့ဆိုမြို့နယ် စစ်ဘေးဒုက္ခသည်တွေ နေရပ်မပြန်ဖို့ KNDF ပြော
December 5, 2022

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်မှာ ဒေသခံတွေ နေရပ်မပြန်ကြဖို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) က ဒီဇင်ဘာလ ၄ ရက်နေ့က တိုက်တွန်းထားပါတယ်။ ကုန်းသာရွာအရှေ့ခြမ်းနဲ့ သေးဆူလဲရွာ၊ ဒေါကမီးရွာတွေမှာ စစ်ကောင်စီတပ် နဲ့ KNDF အကြား စစ်ရေးတင်းမာနေတာကြောင့် အဲဒီဒေသက စစ်ဘေးဒုက္ခသည်တွေ နေရပ်မပြန်ဖို့ တိုက်တွန်းထားတာပါ။ ဒီဒေသတွေကို နိုဝင်ဘာလကုန်ပိုင်းမှာ KNDF တပ်တွေက ထိန်းချုပ်လိုက်တာကြောင့် ဒေသခံတွေက သူတို့မူလနေရပ်တွေကို ပြန်လာနေတာပါ။ ဒါပေမဲ့ စစ်ကောင်စီတပ်က ဒီနယ်မြေတွေ ပြန်လည်ရရှိဖို့ ကြိုးပမ်းလာတာကြောင့် အခုလို တိုက်တွန်းတာလို့ KNDF ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

“အခုကျနော်တို့ ထိန်းထားတဲ့နေရာတွေမှာက အချိန်မရွေး တိုက်ပွဲဖြစ်နိုင်တယ်။ စစ်ရေးအရ အတင်းမာဆုံး အခြေ အနေလို့ ပြောရမှာပေါ့နော်။ ဒီအချိန်မှာ အရပ်သားတွေက ကျနော်တို့ရှိတယ်ဆိုပြီး သူတို့အိမ်တွေကို ပြန်လာနေကြတာ။ တိုက်ပွဲ ဖြစ်ရင် သူတို့ကို ထိခိုက်မှာစိုးရိမ်လို့ လက်ရှိမှာ နေရပ်မပြန်ကြသေးဖို့ တိုက်တွန်းတာပါ” ဒီဇင်ဘာလ ၃ ရက်က စစ်ကောင်စီ တပ်နဲ့ KNDF တပ်တွေအကြား ဒီးမော့ဆိုမြို့နယ်မှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား လေးဦး ဖမ်းဆီးရမိတယ်လို့ KNDF က ပြောပါတယ်။ ဖမ်းဆီးရမိသူတွေဟာ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက် မိုဆိုရွာအနီး အရပ်သား ၄၀ ကျော် မီးရှို့သတ်ဖြတ်မှု ဖြစ်စဉ်မှာ ပါဝင်ခဲ့တဲ့ တပ်မ (၆၆) လက်အောက်ခံ (ခမရ-၁၀၈) တပ်ရင်းက ဖြစ်တယ်လို့ KNDF က ထုတ်ပြန်ပါတယ်။ https:// www.facebook.com/rfaburmese/photos/a.10 150522560153128/10162279938838128/

၃။ KNU အုပ်ချုပ်မှုနယ်မြေ၌ တစ်လအတွင်း စစ်ကောင်စီနှင့် တိုက်ပွဲ ၂၆၀ ဖြစ်ပွားခဲ့
December 26, 2022

ကရင်အမျိုးသားအစည်းအရုံး(KNU)အုပ်ချုပ်မှုနယ်မြေ၌ အာဏာသိမ်းစစ်ကောင်စီနှင့် နိုဝင်ဘာလအတွင်း တိုက်ပွဲ ပေါင်း ၂၆၀ ကြိမ် ဖြစ်ပွားခဲ့ကြောင်း KNU ဗဟိုက ယနေ့ဒီဇင်ဘာလ ၆ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။ တပ်မဟာ (၁) နယ်မြေအတွင်း တိုက်ပွဲပေါင်း (၃၃)ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား(၄၄)ဦးသေကာ စစ်ကား(၁၁)စီးကို ဖျက်စီးနိုင်ခဲ့ သည်ဟု ဆိုသည်။ တပ်မဟာ (၂)နယ်မြေတွင် တိုက်ပွဲပေါင်း (၁၇)ကြိမ်ဖြစ်ပွားခဲ့ပြီးစစ်ကောင်စီတပ်သား (၅၃)ဦးသေကာ စစ်ကား(၃)စီးကို ဖျက်စီးနိုင်ခဲ့သည်ဟုဆိုသည်။ တပ်မဟာ (၃)နယ်မြေအတွင်း တိုက်ပွဲပေါင်းအကြိမ် (၃၀) ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား (၄၀) ဦးသေကာ တပ်စခန်း (၃)ခုကို ဖျက်စီးနိုင်ခဲ့ပြီး စစ်ကား(၁)စီးကိုလည်း ဖျက်စီးနိုင်ခဲ့သည်ဟု သိရ သည်။ တပ်မဟာ (၄)နယ်မြေတွင် တိုက်ပွဲပေါင်း (၄၁)ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား(၄၈)ဦးသေပြီး စစ်ကား (၆)စီး ကိုလည်း ဖျက်စီးနိုင်ခဲ့ကြောင်း သိရသည်။ တပ်မဟာ (၅)နယ်မြေတွင် တိုက်ပွဲပေါင်း (၁၁၆)ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ် သား (၆၉)ဦးသေပြီး စစ်ကား(၁)စီးနှင့် စစ်ကောင်စီတပ်များ သီးသန့်အသုံးပြုသော ဖုန်းတာဝါတိုင် (၁)တိုင်ကိုလည်း ဖျက်စီး နိုင်ခဲ့သည်ဟု သိရသည်။

တပ်မဟာ (၆)နယ်မြေတွင် တိုက်ပွဲပေါင်း (၅၃)ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား (၇၉)ဦးသေကာ စစ်ကောင်စီ တပ်၏ ရဲစခန်း (၂)ခုအား တိုက်ခိုက်ဖျက်ဆီးခဲ့ပြီး ရဲ(၄)ဦးကိုလည်း တိုက်ပွဲအတွင်း အရှင်ဖမ်းဆီးရမိခဲ့သည်အပြင် ဝေါလေ ရဲစခန်းမှ ရဲ(၂)ဦးကိုလည်း မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းစီးရမိခဲ့သည်ဟု သိရသည်။ အဆိုပါတိုက်ပွဲများအတွင်း ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO)ဘက်မှ ရဲဘော် (၃၀)ဦးကျဆုံး ခဲ့ရပြီး (၆၈)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ဒါ့အပြင် စစ်ကောင်စီဘက် တပ်သား ၃ ဦးမှာ လက်နက်အပြည့်အစုံဖြင့် အလင်းဝင်လာခဲ့သည်ဟုလည်း သိရသည်။ တပ်မဟာထိန်းချုပ်မှုနယ်‌မြေများအလိုက် စစ်ကောင်စီက ကျေးရွာများ၊ လုပ်ငန်းခွင် များအတွင်းသို့ လက်နက်ကြီး၊ လေကြောင်းတိုက်လိုက်မှုများကြောင့် ဒေသခံများ၏ နေအိမ်အလုံး(၈၀)၊ စာသင်ကျောင်း ၂ ကျောင်း၊ ဆေးပေးခန်း ၁ ခု၊ ဆေးရုံ ၂ ရုံ၊ ဓမ္မာရုံ ၁ ခု၊ ဘုရားကျောင်း ၁ ခု ပျက်စီးခဲ့ရပြီး ဒေသခံ ၁၂ ဦးသေဆုံးရကာ ၂၂ ဦး ဖမ်းဆီးခံရသည်ဟု သိရသည်။ https://www.youtube.com/TachileikNewsAgency/

၄။ လူမျိုး ရောနှောမှုမဖြစ်ပေါ်ရေး ကာကွယ်ရန် လိုအပ်လာနေကြောင်း ကမန်တိုင်းရင်းသားများပြော
December 5, 2022

ကမန်လူမျိုးတို့သည် ခေတ်အဆက်ဆက် သီးခြားယဉ်ကျေးမှုများဖြင့် ရခိုင်မျိုးနွယ်စုဝင်များနှင့်အတူ ယှဉ်တွဲနေထိုင် လာသော တိုင်းရင်းသားလူမျိုးတစ်မျိုးဖြစ်ပြီး လက်ရှိတွင် ကမန်နာမည်ကိုအသုံးချ၍ နိုင်ငံရေးအရ အမြတ်ထုတ်ခံရမှုများရှိ လာနေကြောင်း ကမန်တိုင်းရင်းသားများက ပြောဆိုကြသည်။ ရန်ကုန်ရောက် ကမန်လူမျိုးသာရေးနာရေးအသင်း အဖွဲ့ဝင် ကိုအောင်ဝင်းထွန်းက “ဘာလို့ဆိုရင် ရခိုင့်ဘုရင်ခေတ်တွေကတည်းက ဒီမြေ၊ ဒီနေရာမှာ သစ္စာရှိရှိနဲ့ ကမန်လူမျိုးဆိုပြီး ကိုယ့် ယဉ်ကျေးမှု သမိုင်းနဲ့ကိုယ် ရပ်တည်လာခဲ့ကြတာပါ။ ဒါကြောင့်မို့ ကျနော်တို့ကို လူမျိူးတွေနဲ့ရောနှောပြီး သံသယမဝင်ရအောင် ကမန်ဆိုတဲ့နာမည်ကို အသုံးချမခံရဖို့အတွက် လိုအပ်နေပါတယ်”ဟု ကိုအောင်ဝင်းထွန်းက ပြောသည်။ ကမန်အမျိုးသားနေ့ကို ဒီဇင်ဘာလ(၅)ရက်နေ့ နံနက်ပိုင်း ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မြို့ရှိ ကမန်တိုင်းရင်းသား သာရေးနာရေးအသင်း (စစ်တွေ ခရိုင်)ရုံးတွင် ကျင်းပခဲ့ပြီး ကမန်နိုင်ငံရေးပါတီဝင်များနှင့် အခြားကမန်အဖွဲ့အစည်းများမှ စုစုပေါင်းလူဦးရေ ၅၀ ကျော် တက်ရောက် ခဲ့ကြောင်း သိရသည်။

“ကျနော်တို့တွေကို အခြားတိုင်းတပါးသားတွေဆိုပြီး သံသယနဲ့ ထင်မြင်လာကြတာတွေ ရှိတဲ့အခါကျတော့ ဒါတွေကို ရှင်းလင်းဖို့အတွက် ကမန်လူမျိုးတွေဟာ သီးခြားယဉ်ကျေးမှုရှိသလို ရခိုင်မျိုးနွယ်စုဝင်တွေနဲ့ထပ်တူ ဒီမြေအကျိုးကို သယ်ပိုး လာခဲ့တဲ့ လူမျိုးတစ်မျိုးဆိုတာကို ပြသဖို့အတွက်ဖြစ်တယ်”ဟု ကိုအောင်ဝင်းထွန်းက ပြောသည်။ ကမန်အမျိုးသားနေ့ကို ပြီးခဲ့ သည့် ၂၀၁၉ ခုနှစ်ကစပြီး ကမန်အမျိုးသားတိုးတက်ရေးပါတီမှ ဦးဆောင်ကာ မြို့နယ်အလိုက် ကမန်အဖွဲ့အစည်းများနှင့် ဆွေးနွေးပြီးနောက် ဒီဇင်ဘာလ ၅ ရက်နေ့ကို ကမန်အမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ကမန် အမျိုးသားတိုးတက်ရေးပါတီမှ ဒုဥက္ကဌ(၂) ဦးတင်ငွေက “ကျနော်တို့က ရခိုင်ပြည်မှာ သစ္စာရှိရှိ နေထိုင်ခဲ့ကြသလို နောက်ထပ် လည်း ရခိုင်ပြည်ကိုချစ်တတ်အောင်၊ အခြား ရခိုင်မျိုးနွယ်စုဝင်တွေနဲ့လည်း မိသားစုသဖွယ်နေထိုင်နိုင်အောင်၊ ပြီးတော့ ကိုယ့်ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းပြီး အနာဂတ်ရခိုင်ပြည်ကို ပါဝင်စွမ်းဆောင်ဖို့ရည်ရွယ်ပြီးတော့ အမျိုးသားနေ့အဖြစ်ဆိုပြီး ၂၀၁၉ ခုနှစ်က စတင်ဖွဲ့စည်းခဲ့ကြတာပါ”ဟု ပြောသည်။ လက်ရှိ ကမန်တိုင်းရင်းသားများသည် ရခိုင်ပြည်နယ် သံတွဲနှင့် စစ်တွေမြို့နယ်များတွင် အများဆုံးနေထိုင်ကြပြီး ရမ်းဗြဲ၊ ကျောက်ဖြူမြို့နယ်များတွင်လည်း အနည်းငယ်နှင့် ရန်ကုန်နှင့် မန္တလေး တိုင်း စသည့်ဒေသများတွင်လည်း အနည်းငယ်စီ ပြန့်ကြဲနေထိုင်လျက်ရှိကြပြီး တစ်နိုင်ငံလုံးအတိုင်းအတာအရ ကမန် လူမျိုးစုစု ပေါင်း ၅၀၀၀ ခန့်ရှိကြောင်း သိရသည်။ https://www.facebook.com/dmgnewsagency/photos/pcb.4631307 5717265 4/

၅။ တာချီလိတ်မြို့တွင်းအသက် ၁၇ နှစ်အရွယ်အမျိုးသမီးတစ်ဦးရုတ်တရက်သေဆုံး
December 5, 2022

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်အတွင်း လိုင်းခန်းဌါးနေအိမ်တစ်ခုတွင် ဒီဇင်ဘာ ၄ ရက် နေ့လည် ၂ နာရီဝန်းကျင်အချိန်က အသက် ၁၇ နှစ်အရွယ်အမျိုးသမီးငယ် တစ်ဦးရုတ်တရက်သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရ သည်။ သေဆုံးနေသောအမျိုးသမီးသည် တာချီလိတ်မြို့ တွင်း KTV အလုပ်လုပ်ရင်း ဝိန်းကျောက်ရပ်ကွက်မှ လာရောက်နေ ထိုင်သည့် မိုင်းယောင်းမြို့ရှိ နန်းအွန်ပင်း ဖြစ်ကြောင်းသိရသည်။ “သူ့အမေကဖုန်းဆက်တာမရလို့ သူ့အခန်းထိလာပြီး တံးခါး ခေါက်ဖွင့်တာ သူသေဆုံးနေပြီကျွန်မတို့အသင်းသွားရောက်ကူညီပြီး သက်ဆိုင်ရာတာဝန်ရှိရဲများလည်း သွားရောက်စစ်ဆေးခဲ့ ကြတယ် အသက်အရွယ်ငယ်သေးတော့ အပျော်ကြူးတာလည်း ပါမယ်လို့တော့ထင်တယ်”ဟု ဦးလှမိုး (တာချီလိတ်) လူမှုကူညီ ရေးအသင်းမှ တာဝန်ရှိသူအမျိုးသမီးတစ်ဦးက ပြောသည်။

“ကောင်မလေးကKTV မှာအလုပ်လုပ်တယ်ဆိုတော့ အစားသောက်ဘာညာစုံမယ်ထင်ရတယ်ပေါ့နော် သူ့ကိုယ်မှာ လည်း ဘာပယောဂမှတော့မတွေ့ဘူး ဆရာဝန်ဆေးစစ်ချက်အရတော့ ဦးနှောက်သွေးကြောပြတ်သွားတယ်လို့တော့ ပြောတယ်” ဟု ၎င်း ဦးလှမိုး(တာချီလိတ်) ကူမှုကူရေးအသင်းမှတာဝန်ရှိသူတစ်ဦးကဆက်ပြောသည်။ သေဆုံးသူအမျိုးသမီးကို တာချီလိတ် ပြည်သူ့ဆေးရုံ မော်ကြူရီထဲသို့ သေးဆုံးရသည့်အကြောင်းအရင်း ကိုသိရှိနိုင်ရန်လူမှုကူညီရေးအသင်းမှပို့ဆောင်းခဲ့ကြောင်း သိရ သည်။ ၎င်းသေဆုံးသည့်အမျိုးသမီးကို ဒီဇင်ဘာ ၅ ရက် နေ့လည်ပိုင်းတွင်တာဝန်ရှိသူများနှင့် မိဘဖြစ်သူများက မီးသဂြိုလ် သွား ကြောင်းသိရသည်။ https://www.facebook.com/612819968887929/posts/2214644942038749/?mibextid=Nif5oz

၆။ မုဒုံ ရပ်ကွက်ရုံး ဗုံးပေါက်ကွဲ ၁ ဦးသေ၊ ၃ ဦး ဒဏ်ရာရ
December 5, 2022

မွန်ပြည်နယ်၊ မုဒုံမြို့၊ မြို့မ ၂ ရပ်ကွက်ရုံးတွင် ယနေ့ မနက် ၁၀ နာရီဝန်းကျင်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားရာ အသက် ၅၀ အရွယ် ရပ်ကွက် ရာအိမ်မှူး တဦး သေဆုံးခဲ့ပြီး အမျိုးသမီးတဦး အပါအဝင် ၃ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း Mudon Information မှ တာဝန်ရှိသူတဦးက ပြောသည်။ ၎င်းက “စကစ ဒေါက်တိုင် ရုံးဝန်ထမ်း ၄ယောက်တော့ ထိခိုက်သွားတယ်။ ရာအိမ်မှူးဆိုတဲ့ အသက် ၅၀ အရွယ် အမျိုးသား တဦး ဆုံးသွားတယ်။ ကျန်တဲ့ ၃ ယောက်ကိုတော့ စစ်ဆေးရုံမှာ ကုသနေတယ်လို့ ကြားတယ်။ တယောက်ကတော့ စိုးရိမ်ရတယ်။ အဲ့ဒီရပ်ကွက်က အုပ်ချုပ်ရေးမှူးဆိုတဲ့ သူကလဲ ဒလန်အကြီးစားပဲ။ လာဘ်စားတာ၊ ပြည်သူ တွေကို ဂုတ်သွေးစုပ်တာ များနေပြီ။ ဗုံးပေါက်ကွဲတဲ့ အချိန်မှာတော့ ရဲနဲ့ စစ်သားတွေ ရောက်လာတယ်။ အခုတော့ စစ်ဆေးပြီး
ပြန်သွားကြပြီ”ဟု ပြောသည်။ အဆိုပါ ပေါက်ကွဲမှု ဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာရရှိသူများကို မော်လမြိုင် စစ်ဆေးရုံသို့ ပို့ဆောင် ကာ ဆေးကုသမှုပေးနေကြောင်း၊ ပေါက်ကွဲမှုအပြီးတွင် အဆိုပါရုံး ပတ်ဝန်းကျင်ရှိ ပြည်သူများကို စစ်ကောင်စီက ခေါ်ယူ စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယင်းပေါက်ကွဲမှုဖြစ်စဉ်ကို မည်သည့်အဖွဲ့ကလုပ်ဆောင်ခဲ့သည်ကို လတ်တလောမသိရှိရသေးပေ။ ပြီးခဲ့သည့် နိုဝင်ဘာလ အတွင်းက မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ရှိ တောင်ကလေးရဲစခန်းကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA)နှင့် ပူးပေါင်းတပ်ဖွဲ့များက ဝိုင်းဝန်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် အရာရှိ ၂ ဦးအပါအဝင် ၁၀ ဦး သေဆုံးပြီး လက်နက်အများအပြား သိမ်းဆည်းရမိကြောင်း အထူးစစ်ဆင်ရေး တပ်ဖွဲ့ (S.O.F) တောင်ပိုင်းစစ်ဒေသကွပ်ကဲရေးက သတင်း ထုတ်ပြန်ခဲ့သည်။ https://www.facebook.com/theirrawaddyburmese/photos/a.142225162488311/62629575 77081675/

၇။ ကြာအင်းတောင်တိုက်နယ်ဆေးရုံတွင် ဆရာဝန်အမြန်ဆုံး တာဝန်ချပေးရန် မြေပုံဒေသခံများ လိုလားနေ
December 5, 2022

ရခိုင်ပြည်၊ မြေပုံမြို့နယ်၊ ကြာအင်းတောင်တိုက်နယ်ဆေးရုံတွင် ဆေးရုံစတင်ဖွင့်လှစ်သည့်အချိန်မှစတင်ကာ လက်ရှိ ၂ နှစ်ကြာသည်အထိ တာဝန်ကျဆရာဝန်များ ရောက်မလာသဖြင့် ကျန်းမာရေးကဏ္ဍတွင် အခက်အခဲများစွာနှင့် ကြုံတွေ့နေရ သည်ဟု ဒေသခံများကဆိုကြသည်။ အဆိုပါ တိုက်နယ်ဆေးရုံတွင် ဆရာဝန်မရှိသည့်အတွက် ဒေသခံများမှာ ကျေးရွာနှင့် ၂၅ မိုင်ခန့် ကွာဝေးသည့် မင်းပြားဆေးရုံကြီးနှင့် ၁၈ မိုင်ခန့်ကွာဝေးသည့် မြေပုံဆေးရုံကြီးတို့တွင် ကုန်းလမ်း/ရေလမ်းတို့မှ အဆင့် ဆင့်သွားပြီး ဆေးကုသမှုခံယူနေရသည်ဟု ကြာအင်းတောင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ခင်ရွှေက ပြောသည်။ “ စက်လှေနဲ့ တစ်ခါ၊ ကားနဲ့တစ်ခါ အဲဒီလို အဆင့်ဆင့်သွားရတယ်။ ဒါပေမဲ့ အခုက ခေတ်ကာလလည်း မကောင်းတော့ အရင်ကလို သွားလို့ အဆင်မပြေတော့ဘူး။ လမ်းခရီးအခြေနေတွေကို စုံစမ်းရသေးတယ်။ ဆိုတော့ အရေးပေါ်လူနာတွေအတွက် အသက်အန္တရာယ် ကိုလည်း စိုးရိမ်ရတယ်” ဟု ၎င်းကပြောသည်။ ကြာအင်းတောင်တိုက်နယ်ဆေးရုံကို ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ အတွင်းက စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ဆေးရုံစတင်ဖွင့်လှစ်သည့်အချိန်မှစတင်ကာ ယခုနှစ် ဒီဇင်ဘာလအထိ တာဝန်ကျ ဆရာဝန် မှာ ရောက်ရှိလာခြင်းမရှိသေးဟု ရွာသားများက ပြောဆိုကြသည်။

လက်ရှိတွင် ကြာအင်းတောင်တိုက်နယ်ဆေးရုံ၌ သူနာပြုအပါအဝင် ဆေးရုံဝန်ထမ်းစုစုပေါင်း လေးဦးရှိပြီး ဖျားနာ ရောဂါအဆင့်သာ ကုသ၍ရသည့်အတွက် ဆရာဝန်အား အမြန်ဆုံးခန့်အပ်ချထားပေးရန် ကျေးရွာများက တောင်းဆိုကြသည်။ “ အရေးပေါ်ဖြစ်လာရင် ကားအဆင်သင့်မရှိတာတွေကြောင့် လူနာအတွက် ကြန့်ကြာမှုတွေဖြစ်စေတယ်။ အသက်အန္တရာယ်အထိ စိုးရိမ်ရတယ်။ ဒီကတိုက်နယ်ဆေးရုံမှာက ဖျားနာတာတွေ ကိုယ်ဝန်ဆောင်ကလေးတွေမွေးဖို့ပဲ အဆင်ပြေပါတယ်။ ဆရာဝန် ရှိရင် တခြားရောဂါတွေလည်း အဆင်ပြေမယ်။ အဲဒါကြောင့် ကျနော်တို့ရွာကို ဆရာဝန်အမြန်ဆုံးချပေးစေချင်ပါတယ် ” ဟု ကြာအင်းတောင်ကျေးရွာမှ ကိုနိုင်မင်းထွန်းက ပြောသည်။ တိုက်နယ်ဆေးရုံးရှိသော်လည်း ဆရာဝန်မရှိသည့်အတွက် အရေးပေါ် လူနာအချို့မှာ အခြားဆေးရုံများတွင် ကုသမှုခံယူရန် သွားရောက်ရာလမ်းခရီး၌ အသက်ဆုံးရှုံးရသည့်ဖြစ်စဉ်များလည်းရှိခဲ့ ကြောင်း ကြာအင်းတောင်ရွာသားများ၏ ပြောပြချက်အရ သိရသည်။ ကြာအင်းတောင်ကျေးရွာတွင် အိမ်ခြေ ၃၀၀ ကျော်နှင့် လူဦးရေ ၁၅၀၀ ကျော်ရှိပြီး ကြာအင်းတောင်တိုက်နယ်ဆေးရုံကို အနီးရှိ ကျေးရွာပေါင်း ၂၄ ရွာခန့်မှ အားထားမှီခိုနေရကြောင်း ဒေသခံများထံမှ သိရသည်။ https://www.facebook.com/dmgnewsagency/photos/a.466679383484478/246307931 3844465/

၈။ လှည်းကူးမှာ ရိုဟင်ဂျာ(၁၃) ဦးရဲ့ ရုပ်အလောင်းတွေ လမ်းဘေးမှာစွန့်ပစ်ခံထားရ
December 5, 2022

ရန်ကုန်တိုင်း လှည်းကူးမြို့နယ် ဘားလားကျေးရွာ က တပင်ရွေထီးလမ်းမမှာ ရိုဟင်ဂျာ(၁၃) ဦးရဲ့ ရုပ်အလောင်းတွေကို ဒီနေ့ ဒီဇင်ဘာလ(၅) ရက်နေ့ မနက်ပိုင်းက တွေ့ရှိခဲ့ရတယ်လို့ ရိုဟင်ဂျာ အရေးကူညီဆောင်ရွက်ပေးနေတဲ့ ရိုနေဆန်းလွင် က ပြောပါတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ ဝါဒဖြန့်ဘောမ မီဒီယာတွေက အောက်ဆီဂျင်ပြတ်ပြီးတော့ သေဆုံးတာ ဖြစ်တယ်လို့ သတင်းဖြန့်ခဲ့တာတွေ တွေ့ရပါတယ်။ တကယ်တော့ အောက်ဆီဂျင်ပြတ်လို့သေဆုံးတာမဟုတ်ဘဲ မသေမချင်း ရိုက်နှက်ခံထားရလို့ သေဆုံးတာဖြစ်ကြောင်း ခန္ဓာကိုယ်တွေပေါ်မှာ ဒဏ်ရာဒဏ်ချက်တွေအပြည့်က သက်သေပဲ ဒါဟာ စစ်ကောင်စီ ရဲ့လက်ချက်ပဲလို့ ရိုဟင်ဂျာအရေး လှုပ်ရှားသူ ကို ရိုနေဆန်းလွင် က ပြောပါတယ်။ ဒါ့အပြင် ဆေးရုံက သေမှု သေခင်း(သေစာရင်း) ထုတ်ပေးချိန်မှာ ဘယ်လိုရေးသားလာမလဲမသိပေမယ့် စစ်ကောင်စီ အကြိုက်ရေးမှာ သေချာပါတယ် လို့ သူက ပြောပါသေးတယ်။ သေဆုံးသွားတဲ့ ရိုဟင်ဂျာ (၁၃) ဦးဟာ အမျိုးသားတွေဖြစ်ပြီး လူငယ်တွေ ဖြစ်ကာ သူတို့ကို ရန်ကုန် ဆေးရုံကြီးမှာ ခွဲစိတ်စစ်ဆေးနေတယ်လို့ သိရပါတယ်။ ရန်ကုန်မြို့မှာ ရိုဟင်ဂျာလူမျိုးတွေမကြာခဏ ဖမ်းဆီးခံနေရပြီး စစ်ကောင်စီက မတရားတဲ့ ပုဒ်မ တွေနဲ့ အပြစ်ပေးအရေးယူနေတာဖြစ်တဲ့အပြင် Passport ရုံးမှာဆိုရင်လည်း သွေးနှောနဲ့ လူမျိုးရေးခွဲခြား ဆက်ဆံမှုတွေလည်း စစ်ကောင်စီလက်ထက်မှာ ဆိုးဆိုးဝါးဝါးဖြစ်ပေါ်နေတာပါ။ https://www.facebook.co m/zalen.info/photos/a.1735229460031251/3498094250411421/

၉။ လက်နက်ကြီးရန်ကြောင့် စာသင်ကျောင်း ရွေ့ပြောင်းဆောက်လုပ်၊ စာရေးကိရိယာများ လိုအပ်နေ
December 5, 2022

ကျေးရွာအတွင်းကို လက်နက်ကြီး ကျရောက်လာတာကြောင့် ဒီးမော့ဆိုအရှေ့ဖက်ခြမ်း ကျေးရွာတစ်ခုမှာ ဖွင့်လှစ်နေတဲ့ စာသင်ကျောင်းတစ်ခုဟာ လုံခြုံနိုင်မယ့် တောထဲ တစ်နေရာကို ရွေ့ပြောင်းဆောင်လုပ်နေရပြီး အမိုးအကာ လိုအပ်ချက်တွေ လည်း ရှိနေတယ်လို့ ကျောင်းမှာ စာသင်ပေးနေတဲ့ စေတနာ့ဝန်ထမ်း ကျောင်းဆရာတစ်ဦးက ပြောပါတယ်။ “ လက်နက်ကြီး ရွာထဲ တစ်ခေါက် နှစ်ခေါက်ကျသွားတယ်။ အဲ့တာကြောင့် ဒီရွာက မိဘတွေက သူတို့ရဲ့ ကလေးတွေကို ရွာမှာ စာမသင်ခိုင်း စေချင်တော့ဘူး။ မလွတ်စေချင်တော့ဘူး။ ဒီလက်နက်ကြီးရန်ကနေ ကင်းအောင်ဆိုပြီးတော့ ကျနော်တို့ ဒီစာသင်ကျောင်းကို ဒီတောထဲ တစ်နေရာ ပိုပြီး လုံခြုံမှု ရှိမယ်ဆိုတဲ့နေရာကို ရွေ့လိုက်တယ်။ ပြီးတော့မှ ကျနော်တို့ ဒီစာသင်ကျောင်းကို ကိုယ်ထူ ကိုယ်ထအနေနဲ့ ကျနော်တို့ ကျောင်းသားမိဘ ဆရာတွေနဲ့ အကူအညီနဲ့ ကျနော်တို့ ကိုယ်တိုင်လုပ်တယ်။ လိုအပ်ချက်တွေတော့ အများကြီးရှိတယ်ပေါ့နော်” လို့ စေတနာ့ဝန်ထမ်း ကျောင်းဆရာတစ်ဦးက ပြောပါတယ်။ ကျောင်းဆောင် ဆောက်လုပ်နိုင်ဖို့ အတွက် ကျောင်းသားမိဘတွေကိုသာ အားကိုနေရပြီး အလှုရှင်တွေတော့ လာရောက်လှူဒါန်းပေးတာ မရှိသေးဘူးလို့ သူကဆက် ပြောပါတယ်။

လက်နက်ကြီးတွေ ရွာထဲကိုကျရောက်တာ ရှိနေတဲ့အတွက် ကျောင်းသားမိဘတွေကတော့ သူတို့ရဲ့ကလေးတွေအတွက် စိုးရိမ်ပူပန်နေကြရပြီး စာသင်ကျောင်းကို လုံခြုံမှု ပိုရှိမယ်လို့ ထင်ရတဲ့ နေရာကို ရွေ့ပြောင်းရတာဖြစ်တယ်လို့ ကျောင်းသားမိဘ တစ်ဦးဖြစ်တဲ့ ဒေါ်ငါးမြာက ပြောပါတယ်။ “စိတ်ပူတာပေါ့နော် ကိုယ့်ကလေးကို။ ဘာလို့ဆို သူတို့ကျောင်းသွားရင် အဆင်မ ပြေဘူး။ တကယ်လို့ ကျလာခဲ့ရင် ကျမတို့လည်း ပြေးမကြည့်နိုင်ဘူး။ ကလေးကပြေးရင်လည်း အဆင်ပြေမှာ မဟုတ်ဘူး။ စာသင် ခန်းကနေပဲ တကယ်လို့ လက်နက်ကြီးကျပြီး ထိမှန်ခဲ့ရင်လည်း ဘယ်သူ့မှ တာဝန်မယူနိုင်ဘူး။ အဲ့တာတွေကြောင့် အရမ်းစိတ်ပူ ရတယ်။ အခုလို တောထဲတောင်ထဲမှာ သွားဆောက်လိုက်တော့ နည်းနည်း တော့ ပိုပြီး စိတ်အေးရတယ်လို့ ထင်ရတာပေါ့နော်။ အဲ့တာကြောင့် ဒီမှာလာဆောက်ကြတာ” လို့ ဒေါပိုးမြာက ပြောပါတယ်။ KG ကနေ အလယ်တန်းထိ ကျောင်းသား/သူ စုစုပေါင်း ၁၀၀ ကျော်ရှိပြီး ဆရာ/မ အင်အား ၈ ယောက်နဲ့ သင်ကြားပေးနေရတာ ဖြစ်ပါတယ်။ ကျောင်းပြန်လည်ဖွင့်လှစ်နိင်ဖို့အတွက် စာရေးကိရိယာတွေလည်း လိုအပ်နေသေးတယ်လို့ သိရပါတယ်။ https://www.kantarawaddytimes.org/%e1%80% 9c%e1 %80%80%e1%80%ba%e1%80%94%e1%80%80%e1%80

၁၀။ ဖားကန့် မှော်ဘုံကျေးရွာ စစ်ကောင်စီဝင်ရောက်စီးနင်းမှုကြောင့် တိုက်ပွဲဖြစ်ပွားခဲ့
December 5 , 2022

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မှော်ဘုံကျေးရွာကို စစ်ကောင်စီတပ်အဖွဲ့ စစ်အင်အား အလုံး အရင်းဖြင့် ဝင်ရောက်စီးနင်းခဲ့သောကြောင့် ပစ်ခတ်မှုများရှိခဲ့ကြောင်းသိရသည်။ ဒီဇင်ဘာလ ၅ ရက်နေ့ မွန်းလွှဲပိုင်း ၄ နာရီဝန်း ကျင် စစ်အင်အား ၈၀ ကျော်ခန့်ပါရှိသည့် စစ်ကောင်စီအဖွဲ့ သည် မှော်ပုံကျေးရွာကို သေနတ်များ ပစ်ခတ်ကာ ဝင်ရောက် စီးနင်းခဲ့ ပြီး ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ PDF အဖွဲ့တို့ကြား ၂ ဖက်တပ်တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု လုံးခင်းကျေးရွာနေ အမျိုးသား တစ်ဦးက ပြောသည်။ “၄ နာရီခွဲကတည်းက စစ်သားတွေ အဲ့မှော်ဘုံမှာကို ဝင်စီးနေတာဟုတ်တယ်။ အဲ့မှာ KIA နဲ့ PDF တွေရွာထဲ မှာရှိတယ်ကြားလို့ဝင်စီးတာလို့သိရတယ်။ အဲ့ကြောင့် ၂ ဖက်ပစ်ခတ်မှုရှိခဲ့တယ် အသေးစိတ်တော့မသိရဘူး”ဟု ပြောဆိုသည်။

စစ်ကောင်စီအဖွဲ့သည် ပြီးခဲ့သော နိုဝင်ဘာလ ၂၅ ရက်နေ့နောက်ပိုင်းမှ ဖားကန့်မြို့နယ်ရှိ ကောင်စံ၊ သောင်းကော့၊ ကရင်ချောင်းကျေးရွာများတွင် စစ်အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးဝင်ရောက်နေခြင်းဖြစ်ပြီး ဒေသခံပြည်သူများ ၈၀ ကျော်ကိုလည်းဖမ်းဆီးခဲ့သည်။ ထို့နောက် ဖားကန့်ဒေသအတွင်းရှိ KIA နှင့် PDF အဖွဲ့ရှိသည်ဟု ယူဆရသည့် ကျေးရွာနေရာ များကို ယခုကဲ့သို့ အင်အားသုံးဝင်ရောက်စီးနင်းမှုများရှိနေသည်။ https://burmese.kachinnews.com/2 022/12/05/az2-58/

၁၁။ ခလယ်တံခွန်တိုင်တွင် စစ်ကြောင်းထပ်မံရောက်ရှိလာ၍ တိုက်ပွဲဖြစ်လာမည်ကို ဒေသခံများစိုးရိမ်နေ
December 5, 2022

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်တံခွန်တိုင်ကျေးရွာ ရဲစခန်းတွင် စစ်ကောင်စီတပ်များ ထပ်မံ၍ စစ်ကြောင်းထိုးရောက်ရှိလာနေသည့်အတွက် ဒေသအတွင်း တိုက်ပွဲဖြစ်လာမည်ကို ရွာသားများက စိုးရိမ်လျက်ရှိသည်ဟု သိရ သည်။ ကျိုက်မရောမြို့နယ် တောင်ကလေးကျေးရွာ နောင်တဲလမ်းဝမှတစ်ဆင့် တံခွန်တိုင်ရဲ စခန်းသို့ ယနေ့ ဒီဇင်ဘာလ ၅ ရက်၊ နံနက် ၈ နာရီကျော်အချိန်တွင် စစ်ကောင်စီတပ်မှ အိမ်စီးကားနှင့် လုပ်ငန်းသုံးကားများအသုံးပြုကာ ထပ်မံရောက်ရှိလာ နေသည့် အတွက် ရွာသားအချို့ စစ်ဘေးတိမ်းရှောင်နေကြပြီးဟု ဒေသခံတစ်ဦးက ပြောသည်။ “ အိမ်စီးကားရော လုပ်ငန်းသုံး ကားနဲ့ပါ သူတို့မနက်ကတည်းက တက်လာကြတယ်။ အင်အား ၁ဝဝ လောက်ရှိ မယ်ထင်တယ်။ သူတို့လာရင် ရွာသားတွေက မနေရဲဘူး လေနော်။ စခန်းအနီးအနားလူတွေဆို ခုထိစစ်ရှောင် နေရတယ်။ တစ်ခုခုဆို ရွာထဲကိုပဲ လက်နက်ကြီးပစ်ချကြတယ်။ အလုပ်တွေ လည်း ပုံမှန်မလုပ်နိုင်ကြ သေးတော့ အားလုံးစား ဝတ်နေရေးတွေ ခက်ခဲကုန်ကြတယ်” ဟု ဝင်းရော်ဒေသခံ ရွာသား တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၉ ရက်နေ့တွင်လည်း စစ်ကောင်စီတပ်မှ အင်အားအလုံး အရင်းဖြင့် စစ်ကြောင်းထိုးတက်လာ ပြီး ငြိမ်းချမ်းမြိုင်ဒေသရှိ လူနေအိမ် ၂ လုံး မီးရှို့ ဖျက်ဆီးခဲ့သည်။ ၎င်းအပြင် ခရီးသွားလာနေကြသည့် အမျိုးသား၊ အမျိုးသမီးများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ပြီး ကျေးရွာအတွင်းရှိ လူနေအိမ်များကိုလည်း ရှာဖွေမွှေနှောက်ကာ ဖျက်ဆီးမှုများ လုပ်ဆောင်ခဲ့သည်ဟု ဒေသခံရွာသားများ ထံမှ သိရသည်။ “ အရက်သောက်ဖို့ ပိုက်ဆံလိုက်တောင်းတာလည်း ရှိတယ်။ သေနတ် ပစ်ဖောက်သူနဲ့ ရွာသားတွေရဲ့ အိမ်ကို လိုက်မွှေပြီး ပစ္စည်းတွေ ဖျက်ဆီးပစ်တာလည်း ရှိတယ်။ သူတို့တက်လာပြီးဆိုရင် အားလုံး က အေးဆေးမနေရတော့ဘူး။ အခုလည်း တက်လာ နေပြန်ပြီး။ သူများ(တော်လှန်ရေးအဖွဲ့)တစ်ခုခုလုပ်ရင် ရွာထဲကို လက်နက် ကြီး ပစ်မယ်။ ရွာသားတွေ ပြန်ခြိမ်းခြောက်တယ်။ သူတို့ရှိရင် ရာဘာလည်း ဘယ်သူမှ သွားခြစ်မရဲတော့ဘူးလေးနော်။ အားလုံး ခက်ခဲနေကြတယ်” ဟု ခလယ်တံခွန်တိုင်ရွာသူ နောင်းမီးမီးက ပြောသည်။ KNU -ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ်၏ အုပ်ချုပ်မှုတွင် တည်ရှိနေသည့် ဝင်းရော်ဒေသ ကျေးရွာအုပ်စု တံခွန်တိုင်၊ လွတ်ရှမ်း၊ အနန်းကွင်း တောင်စွန်း ကျေးရွာများတွင် စစ်ကောင်စီ တပ်စခန်းများတည်ရှိပြီး ကျေးရွာထဲသို့ လက်နက်ကြီးပစ်ခတ်မှုများလုပ်ဆောင်သည့်အတွက် ဒေသခံရွာသားများ မကြာခဏ စစ်ဘေးတိမ်းရှောင်နေရကြရသည်။ https://kicnews.org/2022/12/%e1%80%81%e1%80 %9c%e1%80%9a%e1%80%ba%e1%80%90%e1%80%b6%e1

၁၂။ ၁၁ ကြိမ်မြောက် မွန်လူငယ်နေ့အခမ်းအနားကို မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေမှာ ကျင်းပပြုလုပ်သွားမည်
December 6, 2022

ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ကျရောက်မယ့် မွန်လူငယ်နေ့အခမ်းအနားကို မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေမှာရှိတဲ့ ဝယ်ဇယ်ကျေးရွာမှာ ကျင်းပပြုလုပ်သွားမယ်လို မွန်လူငယ်ဆုံရပ် MYF မှတဆင့် သိရှိရပါတယ်။ မွန်လူငယ်ဆုံရပ် MYF မှ ဦးဆောင်ကာ မွန်လူငယ်များနှင့် မွန်ရဟန်းတိုကို ဖိတ်ခေါ်ပြီး အခမ်းနားဖြစ်မြောက်ရေး ကော်မတီတရပ်ကို ဒီဇင်ဘာလ ၈ ရက် နေ့မှာ ခေါ်ယူဖွဲစည်းသွားမည်ဖြစ်ကြောင်းသိရှိရပါတယ်။ မွန်လူငယ်နေ့အခမ်းအနားကို မွန်လူငယ်တွေအကြား မျိုးချစ်စိတ်နှင့် သွေးစည်းညီညွတ်မှုတိုးမြှင့်ရန်သာမကဘဲ မွန်လူငယ်တိုရဲ့ အခန်းကဏ္ဍများကိုပါ မြှင့်တင်နိုင်ရန်အတွက် ရည်ရွယ်ပြီး နှစ်စဉ် ကျင်းပခဲ့တာဖြစ်ပါတယ်။

ယခုနှစ်မှာတော့ နိုင်ငံရေးနှင့် တိုင်းပြည်အခြေအနေအရပ်ရပ်တိုကြောင့် လုံခြုံရေးကို ထောက်ရှုပြီး မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေမှာ ကျင်းပရခြင်းဖြစ်ကြောင်းလည်း သိရှိရပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း မွန်လူငယ် တွေအကြား အမြင် သဘောထားများကွဲလွဲ နေတာမျိုးရှိနေပြီးတော့ ယခုနှစ်မွန်လူငယ်နေ့မှာ မွန်လူငယ်တိုအကြား နိုင်ငံရေး ဆွေးနွေးပွဲ ဖြစ်ပေါ်လာ ဖွယ်ရှိ မရှိကိုတော့ မသိရှိရသေးပါဘူး။ စစ်ကောင်စီမှ အာဏာမသိမ်းမီကာလနှင့် ကိုဗစ်ကပ်ရောဂါမဖြစ်ပွားသေးမီ ကာလတွေ မှာ ကျင်းပခဲ့တဲ့ မွန်လူငယ်နေ့အခမ်းအနားကို ပဲခူးတိုင်း၊ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ တနင်္သာရီတိုင်း နှင့် ကရင်ပြည်နယ် တိုမှ မွန်လူငယ်တွေအပြင် ပြည်ပရောက်မွန်လူငယ်များလည်း တက်ရောက်ခဲ့ကြပါတယ်။ https://www.facebook.com/lagoneai nbulletinmon/photos/a.107682038109836 /455192933358743/

၁၃။ ကိုးကန့်တပ်နဲ့ စစ်ကောင်စီတပ် တင်းမာပြီး လောက်ကိုင်မြို့နေထိုင်သူ အများအပြားတိမ်းရှောင်၊ ကားခ ၄ ဆခန့် ဈေးတက်
December 6, 2022

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့ကို ဒီကနေ့မှာ ကိုးကန့်တပ်က ဝင်တိုက်မယ်ဆိုတဲ့ သတင်းပျံ့နှံ့နေတာကြောင့် တိမ်းရှောင်ကြသူအများအပြား ရှိနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံ ကနေ သိရပါတယ်။ ကိုးကန့်တပ် – MNDAA နဲ့ အာဏာသိမ်းစစ်တပ်ကို့ စစ်ရေးတင်းမာနေပြီး လောက်ကိုင်မြို့ကို MNDAA က ဒီကနေ့မှာ ဝင်ရောက်တိုက်ခိုက်မယ်လို့ သတင်းထွက်ပေါ်နေတာဖြစ်ပြီး ဒေသခံအချို့က တိမ်းရှောင်ဖို့ ကြိုတင်ပြင်ဆင်နေကြ သလို ဒေသခံအချို့က တိမ်းရှောင်နေကြပြီး ဒေသခံမဟုတ်သူတွေက နေရပ်ပြန်နေကြတယ်လို့ ဆိုပါတယ်။ “သတင်းထွက်နေ တာကတော့ ရက်နည်းနည်းကြာပြီ။ တရုတ်လူမှုကွန်ရက်မှာဆို ပလူပျံနေတယ်။ ဒီနေ့တော့ တော်တော်များများ ရှောင်ကုန်ကြ ပြီ။ ကားလက်မှတ်ရဖို့တောင် တန်းစီနေရတယ်။ ခဏရှောင်ကြတာပေါ့။ တိုက်ပွဲမဖြစ်ဘူးဆို ပြန်လာကြမှာပါ”လို့ ဒေသခံတစ်ဦး က ပြောပါတယ်။

အဲဒီလို သတင်းထွက်ပေါ်နေတာကြောင့် ကားလက်မှတ်ဝယ်ယူဖို့ ဒီကနေ့ မနက်ပိုင်းကတည်းက တန်းစီစောင့်ဆိုင်းနေ ရသလို လောက်ကိုင်-လားရှိုးသွားကားလက်မှတ်ခ တစ်သိန်းခွဲကျပ်ခန့်ပေါက်ဈေးရှိနေပြီး မူလပေါက်ဈေးထက် ၄ ဆ ခန့်မြင့် တက်လာတယ်လို့ သိရပါတယ်။ လောက်ကိုင်မြို့မှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၃၀ ရက်ကစပြီး လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံ တွေကြားရပြီးနောက် တစ်ကျော့ပြန်တိုက်ပွဲတွေ ဖြစ်လာမှာစိုးတဲ့အတွက် မိမိနေရပ်ပြန်သူတွေရှိနေတာဖြစ်ပေမယ့် ဒီကနေ့မှာ ဒေသခံမဟုတ်သူအများအပြားက ကားလမ်းမတွေ ပြည့်ကျပ်‌တဲ့အထိ နေရပ်ပြန်နေကြတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါ တယ်။ လောက်ကိုင်မြို့နယ်မှာ စစ်ကောင်စီတပ်၊ ပြည်သူ့စစ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တို့ လှုပ်ရှားရာနယ်မြေဖြစ်ပြီး နိုဝင်ဘာလ ၃၀ ရက်ကစလို့ စစ်ကောင်စီက မြို့ဝင်မြို့ထွက်တွေကို ပိတ်ဆို့စစ်ဆေးနေတယ်လို့လည်း သိရပါတယ်။ https://ww w.facebook.com/MeKongNewsMM/photos/pcb.1134596240 533645/1134596130533656/

၁၄။ ချောက်ကောစိုက်ပျိုးသူများ မျောက်အန္တရာယ်ရင်ဆိုင်နေရပြီး အထွက်နှုန်းလျော့ဟုဆို
December 6, 2022

ကချင်ပြည်နယ် ချီဖွေမြို့နယ်မှ ဒေသခံများ၏ ချောက်ကောပင်များ တောရိုင်းတိရစ္ဆာန်ဖျက်ဆီးမှုကြောင့် ယခုနှစ် အထွက်နှုန်းလျော့နည်းခဲ့ကြောင်းသိရသည်။ ချောက်ကောပင်များကို မျောက်များ၏ ဖျက်ဆီးမှုကြောင့် အထွက်နှုန်းတစ်ဝက် လျော့နည်းခဲ့ကြောင်း ချောက်ကောစိုက်ပျိုးသူတစ်ဦးက ပြောသည်။ “မျောက်က ဒီနှစ်သီးတဲ့ အပင်ကိုပဲ စားတယ်။ အပွင့်ပွင့်တဲ့ အပင်ကို စားတာပေါ့။ ကျွန်တော့်အပင် ရာကျော်လောက် စားလိုက်တယ်။ မျောက်မလာရဲအောင် တစ်ခါတစ်လေ သွားမောင်း တယ်။ မောင်းလို့မရဘူး။ မောင်းရင်လည်း သုံးလေးလကြာရင် တစ်ခါပြန်လာပြီ”ဟုပြောသည်။ ချောက်ကော အထွက်နှုန်း ယခင် နှစ်တွင် ၁၆ အိတ်ခန့် ရရှိခဲ့သော်လည်း ယခုနှစ်တွင် ၉ အိတ်သာရရှိခဲ့ပြီး မျောက်အန္တရာယ်ကိုကာကွယ်ရန်အတွက် ချောက်ကော စိုက်ပျိုးထားသည့် စိုက်ခင်းသို့သွားရန်ဝေးသောကြောင့် အခက်အခဲဖြစ်နေကြောင်းသူကဆက်ပြောသည်။ အလားတူ မျောက် များ၏ ဖျက်ဆီးမှုကြောင့် အထွက်နှုန်းကျခဲ့သော်လည်း ချောက်ကောဈေးမှာ ယခင်နှစ်ထက် ဈေးအနည်းငယ် ပိုရရှိနေ ကြောင်း အခြား ချောက်ကောစိုက်ပျိုးသူတစ်ဦးကပြောသည်။ “မျောက်က ဒီနှစ်သီးမယ့် အပင်ကို အကုန်စားလိုက်တာလေ။ အပင်စား လိုက်တော့ မသီးနိုင်တော့ဘူးဖြစ်သွားတယ်။ အပင်က အရွက်နုတွေပါတယ်လေ။ (ချောက်ကော)ဈေးနှုန်းကတော့ အတည်မဖြစ် သေးဘူး။ မနှစ်ကထက် နည်းနည်းပိုရတယ်”ဟုပြောသည်။

လက်ရှိတွင် ချောက်ကောစိုက်ပျိုးသူအချို့မှာ အဝတ်စုတ်ဖြင့် စာခြောက်ရုပ်ပြုလုပ်ခြင်း၊ တူမီးများဖြင့် တစ်အိမ်တစ် ယောက် စိုက်ခင်းသွားပြီး မျောက်မောင်းခြင်းတို့ပြုလုပ်နေကြောင်းလည်း သိရသည်။ တရုတ်နယ်စပ်ဂိတ် ပိတ်ထားသောကြောင့် စစ်ဆေးရေးဂိတ်များပြားသည့်အပြင် လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် မြစ်ကြီးနားမြို့သို့ သွားရောက်ကာ ထိုမှ တစ်ဆင့် တင်ပို့ရောင်းချနေရကြောင်း ဆော့လော်မြို့ခံ အမျိုးသားတစ်ဦးက ဆက်ပြောသည်။ “တရုတ်ဂိတ်ပိတ်ထားလို့ ရောင်းဖို့ခက်ခဲနေ တယ်။ နှစ်တိုင်း စားဝတ်နေရေးက ချောက်ကော က အဓိကပဲ။ ဆော့လော်က သူတွေအတွက်ပေါ့။ အခုဈေးမရဘူးဆိုရင်က ပညာရေး၊ စားဝတ်နေရေး၊ ကျန်းမာရေးအတွက် အခက်အခဲဖြစ်လာနိုင်တယ်။ မြစ်ကြီးနားဘက်ကို သွင်းရင်လည်း ဂိတ်တွေက အရမ်းများတော့ အဆင်မပြေဘူးပေါ့”ဟုပြောသည်။ ချောက်ကောစိုက်ခင်းများကို ချီဖွေမြို့ရှိ စစ်ရှောင်စခန်းများမှ ဒေသခံများ က အများဆုံး စိုက်ပျိုးနေကြောင်းသူကပြောသည်။ ချောက်ကောစိုက်ခင်းကို ချီဖွေမြို့နယ် လန်းဂျော၊ လောခေါင်၊ လုတ်ဝမ်၊ တမူခုံးကျေးရွာအပြင် ဆော့လော်မြို့နယ်တွင်လည်း စိုက်ပျိုးကြကြောင်းသိရသည်။ ကချင်ပြည်နယ် ချီဖွေမြို့နယ်တွင် ၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ တစ်သောင်းတစ်ထောင်ကျော်၊ အိမ်ထောင်စု တစ်ထောင့်ကိုးရာကျော်ရှိပြီး မြေရှားသတ္တုလုပ်ငန်း လုပ်ကိုင်သော ဒေသတစ်ခုဖြစ်သည်။ https://www.facebook.com/The74Media/photos/pcb.698463658339825/698462

၁၅။ အပစ်ရပ်ပြီးနောက် ဇက်စစ်ရေယာဉ်က စက်လှေသမားများထံမှ သိမ်းယူကောက်ခံထားသည့် ငွေကြေးနှင့်ပစ္စည်းများ ကို ပြန်လည်ပေးအပ်
December 6, 2022

ရက္ခိုင်တပ်တော် (AA) နှင့် စစ်ကောင်စီတို့အကြား နှစ်ဖက်အပစ်ရပ်ပြီးနောက် ရသေ့တောင်မြို့နယ် မေယုမြစ်အတွင်း သွားလာနေသည့် စက်လှေများမှ ဇက်ရေယာဉ်က တောင်းယူ ကောက်ခံထားသည့် ငွေကြေးနှင့် ပစ္စည်းများကို ရက္ခိုင့်တပ်တော် တာဝန်ရှိသူများ၏ ကြားဝင်ဆောင်ရွက်ပေးမှုကြောင့် ပြန်လည်ပေးအပ်ခဲ့သည်ဟု သတင်းရရှိသည်။ ၎င်းပစ္စည်းများကို ယမန်နေ့ ဒီဇင်ဘာလ ၅ ရက်က ရသေ့တောင်မြို့နယ် အုပ်ချုပ်ရေးမှူးရုံးတွင် အခမ်းအနားနှင့် ပြန်လည်ပေးအပ်ကြောင်း စက်လှေပိုင်ရှင် တစ်ဦးက ပြောကြားသည်။ ” အပစ်ရပ်ထားပြီးတဲ့နောက် ခုလို ဒေသအတွင်းသွားလာနေတဲ့ စက်လှေတွေဆီက တောင်းယူသွား တာတွေကို အေအေက စာရင်း အတိအကျပြုစုပြီး စစ်တပ်ကို ကန့်ကွက်စာ ပို့တယ်ထင်ပါတယ်။ အဲဒီကနေဗီအရာရှိကို အရေး ယူပြီးတော့ မနေ့က ဘုတ်အစီး သုံးဆယ်ကျော်ကို အားလုံးတစ်ယောက်ချင်းစီ ပြန်ပေးပါတယ်။ အခုလို လုပ်ပေးတော့ နေဗီ၊ စစ်တပ်ကလည်း နောက်ထပ် မတောင်းရဲတော့ဘူး။ အားလုံးကတော့ အဆင်ပြေသွားပါပြီ” ဟုပြောသည်။ ရက္ခိုင့်တပ်တော် (အေအေ)နှင့် စစ်ကောင်စီတပ်တို့ အကြား အပစ်ရပ်စဲပြီးနောက် အေအေ၏ ကြားဝင်ဆောင်ရွက်ပေးမှုကြောင့် စစ်တပ် တာဝန်ရှိ သူများက ဒေသခံပြည်သူများ၏ နစ်နာမှုကို ယခုလို ဆောင်ရွက်ပေးမှုကြောင့် ဝမ်းသာရသည်ဟု ၎င်းက ပြောကြားသည်။

၎င်းဇက်စစ်ဇက်ရေယာဉ်သည် ရသေ့တောင်မြို့နယ် စေတီပြင်ချောင်းဝ အောက်ဘက်တွင် ရပ်နားထားပြီး ခုတ်မောင်း သွားလာနေသည့် စက်လှေများ၊ ခရီးသည်တင် မော်တော်ဘုတ်များက တစ်စီးလျှင် ငွေကြေး ငါးသောင်းကျပ် သို့မဟုတ် ကျပ် တစ်သိန်းနှင့် အတူ စားသုံးဆီ ၁ ဘူးကျစီ စက်လှေစီးရေ ၃၀ လောက်ထံမှ ကောက်ခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ နောက်ထပ် စက်လှေပိုင်ရှင် တစ်ဦးကလည်း “ ဒီဇင်ဘာလ ၁ ရက်နှင့် ဒီဇင်ဘာလ ၂ ရက်က လာသမျှ စက်လှေတွေဆီက ကောက်တာ။ ရသေ့တောင်မြို့အထက်ပိုင်း စေတီပြင် ချောင်းဝအောက်ဘက်မှာ ရပ်နားပြီးကောက်တာ။ စက်လှေသမား ၃၀ ကျော်က ပေးခဲ့ရ တာ။ အဲဒါကို မနေ့ကတော့ ငွေကြေးနှင့်ပစ္စည်းတွေကို သူတို့ ပြန်ပေးတာ”ဟု ပြောဆိုသည်။ လက်ရှိတွင် ဒေသခံ စက်လှေ သမားများထံမှ ငွေကြေးနှင့်ပစ္စည်းများ ကောက်ခံခဲ့သည့် ဇက်ရေယာဉ်သည် ပြီးခဲ့သည့် ဒီဇင်ဘာလ ၂ ရက်ကပင် ၎င်း နေရာက ဆုတ်ခွာသွားပြီ ဖြစ်ကြောင်း သိရသည်။ ရခိုင်တွင် ပြီးခဲ့သည့် နိုဝင်ဘာလ ၂၆ ရက်က ရက္ခိုင့်တပ်တော် (အေအေ)နှင့် စစ်ကောင်စီတို့ နှစ်ဖက်အပစ်ရပ်ပြီးနောက်ပိုင်း ရခိုင်ပြည်အတွင်း စစ်ကောင်စီက ပိတ်ဆို့ထားသည့် ကုန်းလမ်း၊ ရေလမ်းအချို့ တို့ကို ပြန်လည်ဖွင့်ပေးခဲ့ပြီး ဒေသခံပြည်သူများထံမှ ငွေကြေးတောင်းခံမှုနှင့် ပစ္စည်းများယူဆောင်မှုတို့ လျော့ကျ သွားခဲ့သည်ဟု သိရသည်။ https://burmese.narinjara.com/… /638ec0a9ee079837ab605939

၁၆။ ဒီးမော့ဆိုအနောက်ခြမ်း စစ်ရှောင်စာသင်ကျောင်းတစ်ခုရဲ့ ကျောင်းဆင်းပွဲပြုလုပ်
December 6, 2022

ကရင်နီပြည်၊ ဒီးမော့ဆိုအနောက်ဘက်ခြမ်း စစ်ရှောင်ကျောင်းတစ်ကျောင်းမှာ ဒီဇင်ဘာလ ၅ ရက်နေ့က ကျောင်းဆင်း ပွဲအခမ်းအနား ပြုလုပ်ခဲ့ပါတယ်။ အဲဒီအခမ်းအနားကို ကျောင်းသူ၊ ကျောင်းသားတွေ၊ ကျောင်းသားမိဘတွေနဲ့ ကျောင်သား သမဂ္ဂအဖွဲ့ဝင်တွေ တက်ရောက်ခဲ့ပါတယ်။ အခုလိုကျောင်းဆင်းပွဲ အခမ်းအနားကျင်းပ‌ခွင့်ရတဲ့အတွက် ဝမ်းသာပီတိဖြစ်တဲ့ အကြောင်းကို ဆရာမတစ်ဦးက အခုလိုပြောပါတယ်။ “ကျောင်းဆင်းပွဲဆိုကျွန်မ လုံးဝမမျှော်လင့်ဘူး။ အရင်နှစ် ကျမတို့ လုပ်တာမိဘ(၁၀) ယောက်တောင်မလာဖူးပါဘူး။ ဒီတစ်နှစ်ကျတော့ ကျမ ဘယ်လိုမှ ပြောမပြနိုင်တဲ့ပီတိကို ကျမခံစားရပါ တယ်။ မိဘတွေအများကြီးတက်ရောက်လာတယ် အလှူရှင်တွေလဲအများကြီးလာပေးတယ်။” လို့ ဆိုပါတယ်။

အခုလိုကျောင်းဆင်းပွဲပြုလုပ်ရတဲ့အတွက် ပျော်ရွှင်မှုရတဲ့အကြောင်းကို စတုတ္ထတန်းကျောင်းသူတစ်ဦးက အခုလိုပြော ပါတယ်။ ” ကျောင်းဆင်းပွဲလုပ်တာ သမီးကဆုယူတာလဲပျော်တယ်။ အကတွေကရတယ်။ ကယန်းဘုံအကတွေ ကရတယ်။ ပြီးလို့ရှိရင်တော့ သူများတွေကသမီးတို့ကိုလာကြည့်ပေးတဲ့အတွက်သမီးအရမ်းပျော်ပါတယ်။ ” လို့ဆိုပါတယ်။ ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၅ ရက်နေ့မှာ ကျောင်းစတင် ဖွင့်လှစ်ခဲ့တာဖြစ်ပြီး လက်ရှိမှာ ကျောင်းသား ၁၀၅ ဦးရှိတယ်လို့ ဆိုပါတယ်။ ကျောင်း ဖွင့်ခဲ့တာ တစ်နှစ်ကျော်ရှိလာပြီဖြစ်တဲ့ အဲဒီကျောင်းမှာ ကယန်းစာပေတွေကိုထည့်သွင်းသင်ကြားပေးခဲ့သလို နောက်ထပ်လည်း ကယန်းစာပေ‌တွေဆက်လက်ထည့်သွင်းသင်ကြားဖို့ ရှိမယ်လို့ဆိုပါတယ်။ www.kantarawaddytimes.org

၁၇။ စစ်ကောင်စီ ဝင်ရောက်စီးနင်းထားသည့် မှော်ဘုံတွင် ရွာသားအချို့ပိတ်ဆို့ခံထားရ
December 6, 2022

ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မှော်ဘုံကျေးရွာကို စစ်ကောင်စီတပ် ဝင်ရောက်စီးနင်းထားပြီး ကျေးရွာနေ ပြည် သူတစ်ချို့လည်း ပိတ်ဆို့ခံထားရကြောင်း ဒေသခံများပြောသည်။ ဒီဇင်ဘာလ ၅ ရက် ယမနေ့ ညနေ ၄ နာရီဝန်းကျင်မှ မှော်ဘုံ ကျေးရွာအတွင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF အဖွဲ့ ဝင်ရောက်နေထိုင်သည်ဟု စစ်ကောင်စီအဖွဲ့က စစ်အင်အား အလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းခဲ့ပြီး လက်ရှိကျေးရွာနေရာများတွင် သွားလာ၍မရအောင် ပိတ်ဆို့ထားသည့်အပြင် ဒေသခံ တစ်ချို့လည်း ဖမ်းဆီးခံထားရကြောင်း ဖားကန့်မြို့ပေါ်ရောက်ရှိနေသည့် မှော်ဘုံဒေသခံ အမျိုးသားတစ်ဦး ပြောသည်။ “ရွာရဲ့ ဘုန်းကြီးကျောင်းမှာ တစ်ချို့ ဖမ်းဆီးခံထားရတယ်။ ရွာသားတွေကိုလည်း ထွက်ခွင့်မပေးဘူး ဖမ်းထားတဲ့သူတွေ ကိုလည်း ဘုန်းကြီးကျောင်းထဲမှာ ဝိုင်းထားတယ်။ အဖမ်းမခံရပဲ ရွာထဲမှာကျန်နေတဲ့ သူတွေကိုလည်း ထွက်ခွင့်မပေးဘူး ပိတ်မိနေတာဖြစ်တယ်။ ကျန်တဲ့ တူမောင်တွေလည်း ရွာထဲမှာပိတ်မိနေတာ ဖမ်းခံရတဲ့သူတွေဘယ်လောက်ရှိလဲတောင်မသိရဘူး သူတို့ ရဲ့ အနားတောင် ကပ်လို့မရဘူးလို့ပြောတယ်”ဟုပြောဆိုသည်။ လက်ရှိတွင် စစ်ကောင်စီစစ်သားများသည် ကျေးရွာကိုဝန်းရံပိတ်ဆို့ ထားသည့်အတွက် ကျေးရွာအတွင်းဝင်ရောက်ရန်ခက်ခဲနေပြီး ရွာအတွင်းကျန်ရှိသည့် ပြည်သူများကိုလည်း ဆက်သွယ်ရန် ခက်ခဲနေကြောင်း ဆက်ဆိုသည်။ https://www.facebook.com/theKachinNews/photos/a.462901870 476228/51352699 03239378/

၁၈။ ဒီးမော့ဆိုမြို့တောင်ဘက်ကျေးရွာများသို့ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်
December 6, 2022

ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့တောင်ဘက်ရှိကျေးရွာများသို့ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် အဆက် မပြတ်ပစ်ခတ်နေကြောင်း ဒီးမော့ဆို PDF ထံမှ သိရသည်။ ဒီးမော့ဆိုမြို့တောင်ဘက် ငါးမိုင်အကွာရှိ ဒေါကမီးကျေးရွာအနီး တောင်ပေါ်တွင် စစ်ကောင်စီတပ်အင်အား ၂၀၀ ခန့်တပ်စွဲထားပြီး အနီးအနားရှိကျေးရွာများသို့ လွိုင်ကော်အခြေစိုက် ခလရ(၅၄) တပ်ရင်း၊ ငွေတောင် ခြေစိုက် ခလရ(၁၀၂)တပ်ရင်းနှင့် အမတ(၃၅၆) တပ်ရင်းတို့မှ ဒီဇင်ဘာလ ၅ ရက်နေ့ နံနက် ၄ နာရီမှ ဒီဇင်ဘာလ ၆ ရက် ယနေ့ နံနက်အစောပိုင်းအထိ လက်နက်ကြီးများဖြင့် အဆက်မပြတ်ပစ်ခတ်နေခြင်း ဖြစ်သည်။ “နန်းမယ်ခုံ အနီးနားက ရွာရဲ့တောင်ပေါ်မှာ ယာယီတပ်စွဲထားပြီး မြို့ပေါ်ကတပ်တွေကနေ လက်နက်ကြီး တွေနဲ့ အဆက်မပြတ်ပစ်နေတာ။ မနေ့မနက်ကဆိုရင် အတွဲလိုက်တွေပစ်တာ အကြိမ် ၄၀ လောက်ရှိ တယ်။ နေ့လည်ပိုင်းကျ ၁၂၀ မမ နဲ့ပစ်တယ်၊ ညပိုင်းမှာ အကြိမ်၂၀လောက် အတွဲလိုက်ထပ်ပစ်တယ်။ အဲဒီနားကရွာတွေကတော့ တော်တော်ပျက်စီးကုန်ပြီ”ဟု ဒီးမော့ဆို PDF သတင်း ပြန်ကြားရေးတာဝန်ခံက ပြောသည်။ ဒီးမော့ဆိုမြို့ တောင်ဘက်ငါးမိုင်အကွာရှိ ကုန်းသာကျေးရွာ၊ သေးဆူလဲ ကျေးရွာ၊ ကြာဖူးဒေါကျေးရွာဒေါကမီးကျေးရွာနှင့် နန်းမယ်ခုံကျေးရွာများသို့ စစ်ကောင်စီတပ်၏ လက်နက်ကြီးများကျရောက်ခဲ့ပြီး ပျက်စီး ဆုံးရှုံးမှုများရှိခဲ့သည်ဟုဆိုသည်။ စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာသည့်သတင်းရကတည်းက အဆိုပါကျေးရွာများရှိ ဒေသခံ များမှာ စစ်ဘေးရှောင်နေကြသည့်အတွက် ထိခိုက်မှုမရှိကြောင်း သိရသည်။

“သေးဆူလဲနဲ့ကုန်းသာအထိတော့ သူတို့ ရောက်မလာသေးဘူး၊ အဲ့စခန်းနှစ်ခုက သူတို့အတွက် အရေးပါတော့ ပြန်လို ချင်လို့ အခုလိုစစ်ကြောင်းထိုးလာတာလို့ ထင်တယ်။ လက်ရှိထိတွေ့မှုကတော့ ပြောလို့မရ သေးဘူး၊ ထိတွေ့တိုက်ပွဲတွေကတော့ နိုဝင်ဘာလ ၃၀ ကနေစပြီး ပြင်းထန်လာတာ၊ တောက်လျှောက်တော့ ပြင်းထန်နေတယ်” ဟု ဒီးမော့ဆို PDF သတင်းပြန်ကြား ရေးတာဝန်ခံက ပြောသည်။ ဒီး‌မော့ဆိုမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်စွဲထားသော သေးဆူလဲစခန်းကို နိုဝင်ဘာလ ၂၉ ရက်နေ့တွင် ကရင်နီပူးပေါင်းတပ်ဖွဲ့များမှဝင်ရောက်တိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့သည် သေးဆူလဲ စခန်းနှင့် ကုန်းသာ ကျေးရွာရှိ တပ်စွဲထားသောတပ်စခန်းများကို စွန့်ခွာခဲ့ပြီးနောက် နိုဝင်ဘာလ ၃၀ ရက် နေ့တွင် စစ်ကြောင်းပြန်ထိုးလာခြင်း ဖြစ်သည်။ တိုက်ပွဲများ ဆက်တိုက်ပြင်းထန်နေသည့်အတွက် ဒီးမော့ဆို PDFမှ ” အရေးပေါ်ကျည် Campaign ” ကိုလည်း ပြုလုပ် နေသည်။ ပါဝင်လှူဒါန်းလိုပါက မိမိတို့သူငယ်ချင်းအစုအဖွဲ့တို့ စုပေါင်း၍သော်လည်းကောင်း၊ မိမိတစ်ဦးချင်းဖြင့် သော်လည်း ကောင်း ပါဝင်အားဖြည့်ပေးကြပါရန် တောင်းဆိုအပ်ပါတယ်” ဟု ဆိုထားသည်။ https://www.facebook.com/MizzimaD aily/photos/pcb.6179210608780459/6179210468780473/

၁၉။ ၃ နှစ်ကြာ ရပ်နားခဲ့သည့် မော်လမြိုင်-ရန်ကုန် လေကြောင်းလိုင်း ပြန်လည်ပြေးဆွဲ
December 5, 2022

ကိုဗစ်-၁၉ ကပ်ရောဂါ စတင်ဖြစ်ပွားသည့် ၂၀၁၉ ခုနှစ်မှ ယခု ၂၀၂၂ ခုနှစ်အထိ ကိုဗစ်နှင့် နိုင်ငံရေး အခြေအနေတို့ ကြောင့် အချိန် ၃ နှစ်ကြာ ရပ်နားခဲ့သည့် မော်လမြိုင်-ရန်ကုန် လေကြောင်းခရီးစဉ်ကို (ဒီဇင်ဘာလ ၅ ရက်)မှစတင်ပြီး အသွား ခရီးစဉ်တစ်ခုအဖြစ် ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။ မော်လမြိုင်မြို့ PyanThan ပြည်တွင်းပြည်ပ လေယာဉ်လက်မှတ် အရောင်း ကိုယ်စားလှယ်တစ်ဦးက “လေယာဉ်အမျိုးအစား ATR72 နဲ့ လောလောဆယ် Economy Class တစ်မျိုးပဲရပါမယ်။ MNA လေယာဉ်ခရီးစဉ်အမှတ် UB-396 က မော်လမြိုင်မှ ရန်ကုန် တိုက်ရိုက်ခရီးစဉ်ဖြစ်ပါတယ်”ဟု ပြောသည်။ မော်လမြိုင် လေဆိပ်မှ နေ့လည် ၂ နာရီ ၅၀ မိနစ်တွင် စတင်ထွက်ခွာမည်ဖြစ်ပြီး ရန်ကုန်လေဆိပ်သို့ နေ့လည် ၃ နာရီ ၂ မိနစ်တွင် ဆိုက် ရောက်မည်ဖြစ်ကာ အသွားခရီးစဉ်တစ်ခုအနေနှင့်သာ ပြေးဆွဲမည်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။ ထိုသို့ လေယာဉ်များ ပြေးဆွဲနိုင်ရေးအတွက် ပြီးခဲ့သည့်ရက်ပိုင်းက မော်လမြိုင်လေဆိပ် လေယာဉ်ပြေးလမ်းမများကို ပြန်လည်ပြင်ဆင်ဆောင်ရွက် ခဲ့ပြီး ATR72 အမျိုးအစား လေယာဉ်များသာ ဆင်းသက်နိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။

“ခရီးစဉ်မဆွဲခင် တစ်ပတ်လောက်ထဲက ပြေးလမ်းတွေကို ပြန်ပြီးပြင်ဆင်ထားပါတယ်။ ပြေးလမ်းတွေကို ကွန်ကရစ် တွေနဲ့ ထပ်ပိုးခင်းလုပ်ထားပါတယ်။ လောလောဆယ် ATR72 အမျိုးအစား လေယာဉ်တွေပဲ ဆင်းသက်လို့ရမယ်”ဟု မော်လမြိုင် လေဆိပ်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ မော်လမြိုင်-ရန်ကုန် အသွားခရီးစဉ်ကို Bunnise Class အဖြစ် လေယာဉ်လက်မှတ် ခ (၁၄၇၀၀၀ )ကျပ် သတ်မှတ်ထားပြီး အပတ်စဉ် တနင်္လာနေ့နှင့် သောကြာနေ့တို့တွင် ပြေးဆွဲသွားမည်ဖြစ်ကြောင်းသိရသည်။ ယင်းသို့ လေယာဉ်ခရီးစဉ်ပြေးဆွဲမှုလာမှုအပါ် ဒေသခံများက လက်ခံကြသော်လည်း လက်မှတ်စျေးနှုန်းကြီးမြင့်နေသည့်အတွက် လျော့ချပေးစေလိုကြောင်း မော်လမြိုင်မြို့ခံတစ်ဦးကပြောသည်။ “အခုလို လေယာဉ်ပြန်ပြေးဆွဲတာ ညောင်ခါးရှည်စစ်ဆေးရေး ဂိတ်မှာ အချိန်ကြန့်ကြာမှုကို လျော့ချဖို့ ပြန်လည်ဆောင်ရွက်တာ ဖြစ်နိုင်ပါတယ်။ လက်မှတ်စျေးကတော့ အရမ်းများတယ်။ သာမန် လူတန်းစားတွေအတွက်တော့ အဆင်မပြေဘူး။ နှုန်းထားတွေကို သက်သာအောင်အထိ ချပေးသင့်တယ်”ဟု ၄င်းက ဆိုသည်။ https://www.facebook.com/dmgnewsagency/photos/a.46667938348447 8/2462967867188943/

၂၀။ လောက်ကိုင် အမျိုးသမီးတစ်ဦးကို သတ်ခဲ့သည့် အမျိုးသားနှစ်ဦး ဖမ်းဆီးရမိ
December 5, 2022

သျှမ်းပြည်မြောက်ပိုင်း လောက်ကိုင်မြို့ရှိ ကုမ္ပဏီတစ်ခုတွင် အလုပ်လုပ်သည့် အမျိုးသမီးတစ်ဦးကို သတ်ဖြတ်ခဲ့သည့် အမျိုးသားနှစ်ဦးကို ဖမ်းဆီးရမိကြောင်းသိရသည်။ ပြီးခဲ့သည့် ဒီဇင်ဘာ ၁ ရက်တွင် လောက်ကိုင်မြို့ ရွှေတြိဂံနယ်မြေအနီးရှိ ကုမ္ပဏီတစ်ခုတွင် အလုပ်လုပ်သည့် အမျိုးသမီးတစ်ဦးသည် လုပ်ဖော်ကိုင်ဖက် အမျိုးသားနှစ်ဦး၏ သတ်ဖြတ်ခြင်းကို ခံရ ကြောင်း ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။ “သူတို့က ကုမ္ပဏီ တစ်ခုတည်းမှာပဲ ဖဲဝိုင်းအလုပ်ကို အတူတူလုပ်ကြတာ၊ ဒါပေမဲ့ သူမကို ဘာကြောင့် အဲ့လို လုပ်ရတာလဲဆိုတာတော့ မသိဘူး၊ အခု အဲ့အမျိုးသား နှစ်ယောက်ကို အာဏာပိုင်တွေက ဖမ်းဆီးထားပြီ” ဟု အသက် ၄၀ ကျော် အမျိုးသမီးတစ်ဦးက ပြောသည်။ ထိုသေဆုံးသွားသည့် အမျိုးသမီး၏ အလောင်းတွင် လည်း မုဒိမ်းကျင့်ခံထားရသည်ဟုလည်း ဒေသခံများက ပြောဆိုသည်။ သေဆုံးသူ အမျိုးသမီးသည် အသက် ၃၀ ဝန်းကျင် အိမ်ထောင်ရှိ ကလေး နှစ်ယောက်မိခင် ဖြစ်ကြောင်း အထက်ပါ အမျိုးသမီးက ဆက်ပြောသည်။

လက်ရှိတွင် ကျူးလွန်သူ အမျိုးသား နှစ်ဦးကို ဒေသအတွင်း အာဏာပိုင်တို့မှ ဒီဇင်ဘာလ ၃ ရက်တွင် ဖမ်းဆီးရမိပြီး အရေးယူ ဆောင်ရွက်မှုများအတွက် ပြင်ဆင်နေကြောင်းလည်း သိရသည်။ “သူတို့က ဘယ်ကုမ္ပဏီကလည်းဆို တာတော့ ဘယ်သူမှ မပြောဘူး၊ အခု သူမရဲ့ မိသားစုဝင်တွေကလည်း လုပ်တဲ့သူတွေကို အရေးယူဖို့ ပြင်နေကြတယ်၊ သူမရဲ့ မိသားစုတွေက လည်း ဒီ လောက်ကိုင်မှာပဲ နေကြတယ် လေ” ဟု အထက်ပါ အသက် ၄၀ ကျော်အမျိုးသမီးက ဆက်ပြောသည်။ လောက်ကိုင်မြို့ သည် လောင်းကစားဝိုင်းများ ပေါများသည့် မြို့ဖြစ်ပြီး ရာဇဝတ်မှုများလည်း မကြာခဏ ဖြစ်ပွားလေ့ရှိသည့်ဒေသဖြစ်သည်။ https://burmese.shannews.org /archives/31848

၂၁။ ၁၁ လအတွင်း ရိုဟင်ဂျာ ၁၀ ယောက်နှင့်အထက် အစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ၃၉ ခုရှိ
December 5, 2022

ရိုဟင်ဂျာတွေကို စစ်ကောင်စီဘက်က ဖမ်းဆီးထိန်းသိမ်းမှုနဲ့ပတ်သက်ပြီး BAP က လစဥ်စုစည်းထားတဲ့ အချက်အလက် များအရ ၂၀၂၂ ခုနှစ် ဇန်နဝါရီလကနေ နိုဝင်ဘာလကုန်ထိ ၁၁ အတွင်း ရိုဟင်ဂျာ ၁၀ ယောက်နှင့်အထက် အစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ၃၉ ခုရှိ ခဲ့ပါတယ်။ အဆိုပါ ဖမ်းဆီးခံရမှု ဖြစ်စဥ် ၃၉ ခုအတွင်း ဖမ်းဆီးခံရသူ ၁,၆၀၀ ကျော်ရှိပြီး အဲဒီထဲမှာ အမျိုးသမီးနဲ့ ကလေးငယ် အနည်းဆုံး ၅၀၀ ကျော် ပါဝင်ပါတယ်။ လူ ၁၀၀ ရာနဲ့အထက် ဖမ်းဆီးခံရမှုဖြစ်စဥ် ၃ ခုရှိပြီး လူ ၅၀ မှ ၁၀၀ ကြား ဖမ်းဆီးခံရမှုဖြစ်စဥ် ၁၂ ခုရှိပါတယ်။ အစုလိုက်အပြုံလိုက် ဖမ်းဆီးခံရသူများမှာ ခေတ္တခရီးနားခိုနေတဲ့ နေအိမ်၊ ပင်လယ် ကမ်းစပ်နဲ့ တောစပ်တို့ အပြင် စစ်ဆေးရေးဂိတ်တွေမှာ ဖမ်းဆီးခံရတာဖြစ်ပါတယ်။ ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ်မှာ ဖမ်းဆီးခံရမှု အများဆုံးဖြစ်ပြီး ၁၁ ကြိမ်စီ ရှိခဲ့ပါတယ်။ ပြည်နယ်အတွင်း အလုပ်ကိုင်အခွင့်အလမ်း ရှားပါးမှုကြောင့် နေရပ်စွန်ခွာ လာတဲ့ ရိုဟင်ဂျာတွေဟာ မကြာခဏ ဆိုသလို ဖမ်းဆီးခံရနေပါတယ်။ ဒါ့ပြင် တရားမဝင်ခရီးသွားလာမှုနဲ့ ထောင်ချအရေးယူ တာကိုလည်း ခံကြရပါတယ်။ https://www.facebook.com/photo/?fbid=519271400220393&set=a.478726160941584

၂၂။ တာချီလိတ်မှာ ဆိုင်ကယ်နဲ့ကား တိုက်မိပြီး ကားသမား မောင်းပြေး
December 6, 2022

ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်မြို့မှာ ဒီကနေ့ ဒီဇင်ဘာ ၆ ရက်၊ မနက် အစောပိုင်းက ဆိုင်ကယ်နဲ့ ကား တိုက်မိပြီး ကားသမားက မောင်းပြေးသွားတယ်လို့ သိရပါတယ်။ တာချီလိတ်မြို့၊ ရှမ်းရိုးမကွင်းရှေ့မှာ ကားနဲ့ ဆိုင်ကယ်တိုက်မိရာ ဆိုင်ကယ် မောင်းနှင်လာသူ ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဦးလှမိုး လူမှုကူညီရေးအသင်း-တာချီလိတ်ထံက သိရပါတယ်။ ဆိုင်ကယ်မောင်းနှင်လာသူဟာ အသက် ၄၀ ကျော်ဖြစ်ပြီး ကားနဲ့တိုက်မိလို့ ဦးခေါင်း၊ မျက်နှာ၊ ပေါင်အရိုးတွေမှာ ဒဏ်ရာရရှိခဲ့ တယ်လို့သိရပါတယ်။ ဒဏ်ရာရရှိတဲ့ ဆိုင်ကယ်သမားကို ဦးလှမိုး လူမှုကူညီရေးအသင်း-က တာချီလိတ်ဆေးရုံကို ပို့ဆောင်ပေး ခဲ့ပါတယ်။ မနေ့ ဒီဇင်ဘာ ၅ ရက်၊ အစောပိုင်းကလည်း မြို့ရှောင်လမ်းမှာ လူမှုကူညီရေးအသင်းဝင် တစ်ဦးကို ရိုက်နှက်ပြီး ဆိုင်ကယ်လုယူမှု ဖြစ်ပွားခဲ့ပါတယ်။ တာချီလိတ်မြို့ဟာ နယ်စပ်မြို့ဖြစ်ပြီး ခိုးဆိုးလုယက်မှုတွေ၊ အနုကြမ်းစီးမှုတွေ၊ မုဒိမ်းမှုတွေ မကြာခဏ ဖြစ်ပွားနေပေမယ့် စစ်ကောင်စီ လက်အောက်ခံ အာဏာပိုင်အဖွဲ့တွေကို ထုတ်ဖော်အရေးယူမှု အားနည်းနေတယ်လို့ ဒေသခံတွေက ဝေဖန်နေပါတယ်။ https://www.facebook.com/MeKongNewsMM/photos/pcb.1134458050547464/113 4456540547615/

၂၃။ ဘူးသီးတောင်နဲ့ မောင်တောမှာ မိုင်းနင်းမိလို့ အရပ်သားနှစ်ဦး ဒဏ်ရာရ
December 5, 2022

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်နဲ့ မောင်တောမြို့နယ်မှာ ဒီဇင်ဘာ ၂ ရက် နဲ့ ၃ ရက်က မြေမြှုပ်မိုင်းနင်းမိလို့ အရပ် သားနှစ်ဦး ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဘူးသီးတောင်မြို့နယ် ဂူတာပြင်အုပ်စုတောင် ရွာ (မွတ်စလင်) ရွာက အသက် ၃၅ နှစ်အရွယ် ဦးအာဗန်ကိုနီနဲ့ မောင်တောမြို့နယ် ဝက်ကျိန်းရွာသစ်က အသက် ၁၈ နှစ် အရွယ် ကိုကိန်းပေါ်တို့ ဒဏ်ရာပြင်းထန်ရသွားခဲ့တာပါ။ ဦးအာဗန်ကိုနီဟာ ရွာအနောက်ဘက် ဘောလုံးကွင်းအနီးက တောင်တန်း မှာ နွားရှာသွားရင်း မြေမြှုပ်မိုင်းနင်းမိတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။ “သူက နွားရှာသွားတာ။ အဲဒီမှာ မိုင်းတစ်လုံး နင်းလို့ ဒဏ်ရာရသွားတာပေါ့။ ခြေထောက်နှစ်ဖက်လုံးမှာ ဒဏ်ရာ ပြင်းပြင်းထန်ထန်ရသွားတယ်။ အခုတော့ ဘူးသီးတောင်ဆေးရုံမှာ ဆေးကုသနေပါတယ်” မောင်တောမြို့နယ် ဝက်ကျိန်းရွာက ကိုကိန်းပေါ်လည်း ဒီဇင်ဘာ ၃ ရက်က တောင်ပေါ်မှာ သစ်ခုတ် သွားရင်း မြေမြှုပ်မိုင်းနင်းမိလို့ ဘယ်ခြေထောက်တစ်ဖက် ပြတ်သွားပါတယ်။

ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေရပ်စဲနေပေမယ့် မြေမြှုပ်မိုင်းနဲ့ တခြားပေါက်ကွဲစေတတ်တဲ့ စစ်ကျန်လက်နက် ပစ္စည်း တွေရဲ့ အန္တရာယ်က ဆက်ရှိနေတုန်းပဲလို့ ဒေသခံတွေက ပြောပါတယ်။ ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့အကြား လေးလကျော်ကြာတဲ့ တစ်ကျော့ပြန်တိုက်ပွဲအတွင်း လက်နက်ကြီး၊ လက်နက်ငယ်၊ မြေမြှုပ်မိုင်းနဲ့ စစ်ကျန် လက်နက်ပစ္စည်းတွေကြောင့် အရပ်သား ၄၅ ဦး သေဆုံးပြီး ၁၀၆ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ https://www.rfa.org/burm ese/ne ws/buthidaung-maungtaw-landmines-12052022071900.html

၂၄။ အသေးစား ချေးငွေယူထားသည့် ဒေသခံပြည်သူများ ချေးငွေပြန်ဆပ်ရန် ခက်ခဲနေ
December 5, 2022

စစ်အာဏာသိမ်းပြီးနောက် အလုပ်အကိုင်ရှားပါးလာပြီး နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် အသေးစားချေး ငွေယူထား သည့် ဒေသခံပြည်သူများအနေဖြင့် ချေးငွေပြန်လည်ပေးဆပ်ရန် အခက်ကြုံနေကြရသည်ဟု ဒေသခံများများက ပြောသည်။ လက်ရှိတွင် မိမိတို့ ချေးငွေယူထားသည့် အသေးစား ပုဂ္ဂလိက ချေးငွေကုမ္ပဏီမှ အကြွေးဆပ်ရန်အတွက် အခက်အခဲရှိလာပြီး အချို့ဒေသခံများက မိမိတို့ ပိုင်ဆိုင်သည့် ပစ္စည်းများထုခွဲရောင်းချကာ ချေးငွေ များကို ပြန်လည်ပေးဆပ်နေကြရသည်ဟု ချေးငွေယူထားသည့် ဖားအံမြို့ရှိ ကုန်စုံဆိုင်ပိုင်ရှင်တစ်ဉီးက ပြောသည်။ ၎င်းက ” အခုချိန်မှာ သိတဲ့အတိုင်းပါပဲ နယ်မြေ မတည် ငြိမ် မအေးချမ်းတော့ လူတွေက အလုပ်ရှားပါးလာ ကြတယ်။ နယ်စပ်တွေမှာလည်း လမ်းပိတ်၊ ဘာလုပ်လုပ် အဆင်ပြေဘူး။ စီးပွားရေးမကောင်းတော့ ချေးငွေနဲ့ အလုပ်လုပ်ကြတဲ့ သူတွေက ငွေပြန်ဆပ်ဖို့ မတတ်နိုင်ကြတော့ သူတို့တွေမှာ ရှိတဲ့ ပစ္စည်း တွေကို ရောင်းချပြီးတော့ ချေးငွေပြန်ဆပ်ရတယ်” ဟု ပြောသည်။

အလားတူ တစ်ပိုင်တစ်နိုင် နို့စားနွားမွေးမြူပြီး လုပ်ငန်းထပ်မံတိုးချဲ့ရန်အတွက် အသေးစား ပုဂ္ဂလိကချေးငွေ ကုမ္ပဏီမှ ငွေများချေးယူခဲ့ပြီး လုပ်ငန်းအခြေအနေ လည်ပတ်နိုင်ခဲ့သော်လည်း ကိုဗစ်ရောဂါကာလနှင့် စစ်အာဏာသိမ်းချိန်မှစ၍ လုပ်ငန်း အဆင်မပြေမှုအခြေအနေ ပိုမိုဆိုးဝါးလာသည့်အတွက် ချေးငွေများ ပြန်လည်ဆပ်နိုင်ရန် မွေးမြူထားသည့် နို့စားနွားအချို့ ရောင်း ချကာ ပြန်ဆပ်နေရသည်ဟု နို့စားနွားမွေးမြူသူ ဖားအံဒေသခံတစ်ဉီးကလည်း ယခုလို ပြောသည်။ ” စလုပ်တော့ အဆင်ပြေ ပါတယ်။ လုပ်ငန်းလည်ပတ်နေတော့လေ။ ကိုဗစ်ရောဂါကာလတုန်းက တချိန် အထိနာခဲ့ပြီးပြီ။ အခုတော့ အဆိုးဆုံးလို့ပြော ရမှာပဲ ဘယ်လိုမှ လှည့်လို့မရလှုပ်လို့မရ နောက်ဆုံးတော့ ရှာထားတဲ့ ငွေအချို့နဲ့ နွားအချို့ကို ရောင်းပြီးတော့ ချေးထားတဲ့ငွေတွေ ကို ပြန်ဆပ်ရတာပေါ့လေ။ ဘယ်တတ်နိုင်ပါ့မလဲ။ အားလုံးက ဒီလိုပဲ ခံစားနေကြရတာချည်းပဲ မဟုတ်လား” ဟု ၎င်းက ပြောသည်။ အဆိုပါ အသေးစား ပုဂ္ဂလိက ကုမ္ပဏီချေးငွေလုပ်ငန်းတို့သည် ပြီးခဲ့သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရလက်ထက်တွင် လုပ်ငန်းလိုင်စင်ချထားပေးသည့် လုပ်ငန်းများဖြစ်သည်။ လက်ရှိအချိန်တွင် အသေးစားနှင့် အလတ်စား ငွေရေးကြေးရေးလုပ်ငန်း ကုမ္ပဏီအစုအဖွဲ့များအနေဖြင့် လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေး မတည်ငြိမ်မှုကြောင့် မိမိတို့ ချေးပေး ထားသည့်ငွေများကို ပြန်လည် ကောက်ခံနေပြီး ဒေသခံပြည်သူများအား ချေးငွေများ ပြန်လည်ထုတ်ပေး ခြင်းလုပ်ငန်းများ မလုပ် ဆောင်နိုင် တော့ချေ။ ၎င်းအပြင် မိမိတို့ ဝန်ထမ်းအားလုံးနီးပါးကိုလည်း လျှော့ချထားသည်ဟု ချေးငွေ ဝန်ထမ်းများနှင့် နီးစပ်သူ တစ်ဉီး ပြောသည်။ https://kicnews.org/2022/12/%e1%80%a1%e1%80%9e%e1%80%b1%e1%80 %b8%e1%805%

၂၅။ တနီးလာလဲ ကျေးရွာရဲ့ လာတုံခူ ခေါ် ရိုးရာကြက်ရိုးထိုး ပူဇော်ပွဲပြုလုပ်
December 5, 2022

ကရင်နီပြည် ဒီးမော့ဆိုမြို့ အရှေ့ဘက် တနီးလာလဲကျေးရွာမှာ မနေ့က ဒီဇင်ဘာလ ၄ ရက်နေ့တွင် ကယားရိုးရာ (လာတုံခူ) နတ်ပူဇော်ပွဲ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။ နတ်ပူဇော်ပွဲ ကျင်းပ ပြုလုပ်ခဲ့တဲ့နေရာဟာ တနီးလာလဲကျေးရွာဆိုတဲ့အမည် စတင်ပေါ်ပေါက်လာခဲ့တဲ့နေရာ ဖြစ်ပြီး ဒီဇင်ဘာလ ရောက်တိုင်း တစ်နှစ်ကိုတစ်ကြိမ် ကြက်ဖြူတစ်ကောင်နဲ့ လာရောက် ပူဇော် ကြတာ ဖြစ်ပါတယ်။ အဆိုပါ ပူဇော်ပွဲဟာ တစ်ရွာလုံးရဲ့ အနာဂတ်အတွက် ရည်ရွယ်ပြီး ကြက်ရိုးထိုးပူဇော်ကြတာဖြစ်ပါတယ်။ သို့ပေမယ့်နိုင်ငံရေး မတည်ငြိမ်မူကြောင့် ရပ်ရွာတွေထဲမှာ လူတွေ နေထိုင်မရတော့တာတွေကြောင့် ကြက်ရိုးရဲ့ အဖြေဟာ အင်မတန် ဆိုးရွားမှုကို ဖော်ပြပေးတယ်လို့ ကေးထိုးဘိုးဗျာဆယ်တစ်ဦးဖြစ်တဲ့ ဦးနဲရယ်က ပြောပါတယ်။ “ကျနော်တို့ ကြက်ရိုး ထိုးတာကတော့ ကျနော်တို့ ရပ်ရွာအေးချမ်းဖို့ တည်ငြိမ်ဖို့၊ တောစောင့်နတ်၊ တောင်စောင့်နတ်၊ ရေစောင့်နတ်တို့ပေါ့။ ကျနော်တို့ ကို ကူညီဖေးမဖို့ ဆိုပြီးတော့ ကြက်ရိုးကို ထိုးတယ်။ ကြက်ရိုးရဲ့ အဖြေကတော့ တိုင်းပြည်ကလည်း ဒီလိုဖြစ်လာပြီဆို တော့လေ ကြက်ရိုးကတော့ ကျနော်တို့ မျက်နာကို မကြည့်တော့ဘူး(ကြက်ရိုးထိုးတာမအောင်မြင်) ပြောရမှာပေါ့။ တိုင်းပြည်မတည်ငြိမ်မှု နောက်ကို လိုက်တယ်ပြောရမှာပေါ့။ ခုလည်း ကျနော်တို့ ရပ်ထဲ ရွာထဲလူတွေလည်း အိမ်တွေမှာ မနေရဲကြတော့ဘူးဆိုတော့ အဲဒီအတိုင်း ကြက်ရိုးက လိုက်တာပေါ့။ အခု ကြက်ရိုးထိုးထားတဲ့ အဖြေက မကောင်းတော့ ကျနော်တို့ မျက်နာကိုမကြည့်တော့ စိတ်တော့မကောင်းဘူး။ ဝမ်းနည်းတယ်။” လို့ ကေးထိုးဘိုးဗျာဆယ် တစ်ဦးဖြစ်တဲ့ ဦးနဲရယ်က ပြောပါတယ်။

ကြက်ရိုးထိုးတာဟာ အရင်ဘိုးဘွားလက်ထက်ကတည်းက အစဥ်အလာအရ လုပ်လာခဲ့တဲ့ ရိုးရာဓလေ့ ဖြစ်တဲ့ အဲ့ဒီရိုးရာ ကို မပျောက်ပျက်အောင် ရေရှည်တည့်တံခိုင်မြဲအောင် နောက်မျိူးဆက်သစ် လူငယ်တွေကို လက်ဆင့်ကမ်းနိုင်အောင်ဆိုပြီး ပြုလုပ်ရခြင်းလည်း ဖြစ်တယ်လို့ ကျေးရွာတာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ ဦးတီရယ် ကပြောပါတယ်။ “ကျနော်တို့ အမြင်နဲ့ပေါ့နော်။ ကျနော်တို့ ဘိုးဘွား ဘေဘီ လုပ်လာခဲ့တဲ့ ဒီရိုးရာဓလေ့အမွေအနစ်လေးကို ကျနော်တို့ ဆက်ပြီးတော့ မထိန်းသိမ်းဘူးဆိုရင် နောက်လာမယ့် ကျနော်တို့ ဒီလူမျိူးတွေလည်း ပပျောက်နိင်တယ်ဆိုပြီးတော့ အတွေးအခေါလေးပေါ့နော်။ အဲတာ လူ့မျိုးဆက် သစ် အနာဂတ်လူငယ်လေးတွေ သူတို့ ရေရှည်သူတို့ဒီဟာလေးကို ဆက်ကာကွယ်ထိန်းသိမ်း စောက်ရှောက်နိင်အောင်ဆို ပြီးတော့ ကျနော်တို့ ပြုလုပ်ရခြင်း ဖြစ်တယ်”လို့ ကျေးရွာ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဦးတီရယ်က ပြောပါတယ်။ အဆိုပါပွဲကို တစ်နှစ် လျှင်တစ်ကြိမ် အသီးအနှံ ရိတ်သိမ်းပြီးတဲ့ နတ်တော်လဆန်းမှာသာ ပုံမှန် ပြုလုပ်ကြရတာ ဖြစ်ပါတယ်။ အခုလို ရွာအတွက် ရည်စူးပြီး ကြက်ရိုးထိုးခဲ့ပေမယ့် မအောင်မြင်တာ(၂)နှစ်ရှိပြီလို့ သူကဆက်ပြောပါတယ်။ https://www.kantarawaddyti mes.org/%e1%80% 90%e1%80%94%e1%80%ae%e1%80%b8%e1%80%9c%e1%80

၂၆။ မတူပီမြို့တွင် စစ်အာဏာသိမ်းပြီးနောက် စီးပွားဖြစ် ဝ ဥ အရောင်းအဝယ် ဈေးကွက် ရပ်တန့်နေ
December 6, 2022

ချင်းပြည်နယ် မတူပီမြို့တွင် လက်ရှိ အခြေအနေအရ လမ်းပန်းဆက်သွယ်ရေး ခက်ခဲနေပြီး ပြည်မဘက် အပါအဝင် ကုန်သွယ်မှု ရပ်တန့်လုနီးပါး ဖြစ်နေရာ ဝ ဥ အရောင်းအဝယ် ဈေးကွက်လည်း ရပ်တန့်နေကြောင်း ဒေသခံများက ပြောသည်။ စစ်အာဏာ မသိမ်းခင်က ဝ ဥ ကို အဓိက စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်ကာ ပြည်တွင်း ပြည်ပသို့ ပို့ဆောင် ရောင်းချလျက် ရှိကြောင်း၊ လက်ရှိမှာ မတူပီမြို့ ကုန်သည်များက ယခင်ကကဲ့သို့ ဝ ဥ အစို၊ ဝ ဥ အခြောက်များကို ဝယ်ယူမှုမရှိဘဲ ရပ်တန့် နေခြင်း ဖြစ်ကြောင်းလည်း သိရသည်။ ဒေသခံ အမျိုးသားတစ်ဦးက “စစ်ကောင်စီက အာဏာသိမ်းပြီးနောက်မှာ ပြည်မဘက်နဲ့ ကုန်သွယ် မှု ပြတ်တောက်ပြီးတော့ ဝဥဈေးကွက်က လုံးဝ ရပ်တန့် သွားပါတယ်။ ယခင် စစ်အာဏာ မသိမ်းခင်တုန်းကတော့ ဒေသခံတွေက စီးပွားရေးအဖြစ် ဝဥကို အဓိက ဦးစားပေး အနေနဲ့ ချင်းပြည်နယ် တစ်ဝန်းမှာ စိုက်ပျိုးကြတယ်။ နိုင်ငံရေး တည်ငြိမ်တုန်းကတော့ ဝ ဥ အခြောက် တစ်ပိဿာကို တစ်သောင်းကနေ နှစ်သောင်းနီးပါး အထိ ဈေးနှုန်းရနေပါတယ်။ အခုတော့ ဝ ဥ ဈေးကွက်က လုံးဝ ရပ်တန့်နေတဲ့ အခြေအနေပါ။ ဒါပေမယ့် ဒေသခံတွေကတော့ နိုင်ငံရေး ပြန်လည် တည်ငြိမ်ရင် ယခင်လိုပဲ ဈေး ကောင်း ကောင်းနဲ့ ပြန်ရောင်းလို့ ရနိုင်မယ် ဆိုတဲ့ မျှော်လင့်ချက်နဲ့ မိမိခြံဝန်းတွေမှာ ဝ ဥတွေ ဆက်လက် စိုက်ပျိုးနေကြ ပါတယ်”ဟု ပြောကြားသည်။

ယခင် စစ်ကောင်စီက အာဏာမသိမ်းခင် မတူပီမြို့တွင် ဝ ဥ အခြောက် တစ်ပိဿာလျှင် ကျပ် တစ်သောင်းမှ နှစ်သောင်း နီးပါး အထိ ဈေးပေါက်နေပြီး မတူပီမြို့မှ မန္တလေးမြို့သို့ အဓိက တင်ပို့ရောင်းချခြင်း ဖြစ်ကြောင်း ဝ ဥ ကုန်သည် တစ်ချို့ ထံမှ သိရသည်။ မတူပီမြို့နယ်က ဒေသခံပြည်သူ ၅၀၀၀ ကျော်သည် ပြည်တွင်း၊ ပြည်ပများသို့ စစ်ဘေးရှောင်နေကြရပြီး နိုင်ငံရေး အခြေအနေကြောင့် ပြည်မဘက်သို့ ဝ ဥ တင်ပို့ရန် အခက်ကြုံနေရခြင်း ဖြစ်ကြောင်း ဝ ဥ ကုန်သည် တစ်ဦးကလည်း ပြောပြ သည်။ မတူပီမြို့နယ်မှ တစ်နှစ်လျှင် ဝ ဥ အခြောက် ပိဿာ ၂ သောင်းခန့် နှစ်စဉ် တင်ပို့ရောင်းချနိုင်ကြောင်း သိရပြီး ဝယ်ယူနှုန်း အပေါ် မူတည်ကာ ဈေးကွက်သို့ တင်သွင်းကြောင်းလည်း ကုန်သည်များထံမှ သိရသည်။ “ဝ ဥ အခြောက်တွေကို ဆောင်းရာသီ နှင့် နွေရာသီတွေမှာ အဓိက အရောင်းအဝယ် ပြုလုပ်ကြပါတယ်။ ဆောင်းရာသီ အစပိုင်းမှာတော့ ဝ ဥ အခြောက် တစ်ပိဿာကို ၁၂၀၀၀ / ၁၃၀၀၀ နှုန်းနဲ့ ကုန်သည်တွေက ဝယ်ယူကြတယ်။ နွေရာသီ ကုန်ဆုံးခါနီးမှာတော့ ဝ ဥ အခြောက်တွေ ရောင်းဝယ်မှု တစ်ဖြည်းဖြည်းနည်းပါး လာတဲ့အခါမှာ တစ်ပိဿာကို ၁၈၀၀၀/ ၂၀၀၀၀ ဈေးနှုန်းအထိ ဈေးပေါက်တယ်”ဟု ဒေသခံအမျိုးသား တစ်ဦးကလည်း ရှင်းလင်း ပြောကြားသည်။ https://www.facebook.com/ayeyarwaddytimes/photos/pcb.235097703 5060284/2350976951726959/

၂၇။ ထားဝယ် – ထီးခီးလမ်းပိုင်းတွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ် ငါးဦးထက်မနည်းသေဟု ဥဩစစ်ကြောင်းပြော
December 6, 2022

ထားဝယ် – ထီးခီးလမ်းပိုင်းတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ငါးဦးထက်မနည်းသေဆုံးကြောင်း ထားဝယ်အခြေပြု ဥသြစစ်ကြောင်းက ပြောသည်။ ယမန်နေ့(ဒီဇင်ဘာ ၅) ရက်က ထားဝယ်-ထီးခီးလမ်းအ တိုင်း မေတ္တာမြို့ လျှပ်စစ်ဓာတ်အားပေးစစ်ရုံသို့လာသော စစ်ကောင်စီလူကြီး လမ်းကြောင်း လုံခြုံရေးပေးမည့် စစ်ကောင်စီတပ်နှင့် ဥသြစစ်ကြေားတို့ ရမ်းဘလူရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ “ရမ်းဘလူရွာနားမှာ ဖြစ်တာဗျ။ ကျွန်တော်တို့ ပြည်သူကို အသိပေးလိုတဲ့ သဘောလောက်ပဲ ပြောလို့ရပါသေးတယ်။ အဓိကက ဒီနေရာမှာ ဒီလိုတွေ ဖြစ် နေတယ်ဆိုတာ သိစေလိုတဲ့ဆန္ဒပါပဲ။ အားလုံးထုတ်ပြန်လို့ မရသေးပါဘူးဗျ”ဟု ဥသြစစ်ကြောင်းမှ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ကိုတေက ပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ် လူကြီးလမ်းကြောင်းနှင့်စပ်လျဥ်းပြီး ထားဝယ်-ထီးခီးလမ်းပိုင်း အရှေ့တောဒေသတွင် စစ်ကောင်စီအင်အား ၁၅၀ မှ ၂၀၀ ကြား ကင်းပုန်းချထားပြီး အချိန်မရွေး ထိတွေ့တိုက်ပွဲဖြစ်နိုင်ကြောင်း ၎င်းက အသိပေးသည်။ ထို့အပြင် အရှေ့တောဒေသသို့ စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်သည် စစ်ကြောင်း တစ်လျှောက်ရှိ ကျေးရွာများမှ ဒေသခံ ပြည်သူများအား ဖမ်းဆီးနှိပ်စက်ခြင်း၊ ဓားစာခံဖမ်းဆီးခြင်းများ ရှိနေခြင်း ကြောင့် ပြည်သူများ သတိပြုသွားလာနေထိုင်ကြရန် သတိပေးထားသည်။ အထက်ပါ ဥသြစစ်ကြောင်းသည် NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်မှ ထားဝယ် (ပကဖ)၊ PDF၊ LPDF နှင့် ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်များဖြင့် ဖွဲ့စည်းထားသည့် စစ်ကြောင်းတစ်ကြောင်း ဖြစ်သည်။ https://w ww.facebook.com/LuduNwayOo/photos/ a.104312508424877/528263079363149/

၂၈။ စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီကို အကြမ်းဖက်အဖြစ် NUG ကြေညာ
December 6, 2022

အာဏာသိမ်း စစ်ကောင်စီ သက်ဆိုးရှည်အောင် ဘဏ္ဍာငွေ ရှာဖွေပေးနေတဲ့ စစ်တပ်ရဲ့ ဦးပိုင် ကုမ္ပဏီကို အကြမ်းဖက် အဖြစ် အမျိုးသားညီညွှတ်ရေးအစိုးရ(NUG) က ဒီနေ့ ဒီဇင်ဘာလ ၆ ရက် ညနေပိုင်းမှာ သတ်မှတ်ကြေညာလိုက်ပါတယ်။ မြန်မာ့ စီးပွာရေးဦးပိုင်လီမိတက်နဲ့ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းတွေဟာ စီးပွားရေးလုပ်ငန်းပေါင်းစုံကို လက်ဝါးကြီးအုပ် ချယ်လှယ် ပြီး နှစ်စဉ်ဘဏ္ဍာငွေ အမြောက်အများ စစ်တပ်အတွက်ရှာဖွေပေးနေတယ်လို့ NUG က ဆိုထားပါတယ်။ အဲဒီဘဏ္ဍာငွေဟာ စစ်တပ်ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ အရာရှိကြီးတွေအတွက်သာ အကျိုးစီးပွားဖြစ်ထွန်းပြီးအောက်ခြေအဆင့် တွေအတွက် ခံစားခွင့်မရှိသလောက်နည်းပါးတာကိုအမြတ်ငွေ ခွဲဝေမှု စာရွက်စာတမ်းတွေကို ကိုးကားပြီး NUG က ပြောထားပါတယ်။

ဒါအပြင် အဲဒီအကျိုးအမြတ်တွေကို အသုံးပြုပြီး စစ်အုပ်စုဟာ နေ့စဉ်နဲ့အမျှ နိုင်ငံတဝှမ်းက ပြည်သူ့တွေအပေါ် သတ်ဖြတ်မှုတွေ ကျုးလွန်နေတယ်လို့လည်း NUG က ကြေညာချက်ထဲမှာထည့်သွင်းထားတာတွေ့ရပါတယ်။ ဒါကြောင့် မြန်မာ့ စီးပွားရေးဦးပိုင်လီမိတက် နဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းကို အကြမ်းဖက်အုပ်စုအဖြစ် သတ်မှတ်လိုက်ပြီး အဲဒီအဖွဲ့တွေက ပိုင်တဲ့ ပစ္စည်းတွေကို အများပြည်သူအကျိုးစီးပွားအတွက် ထိန်းချုပ် စီမံသွားမယ်လို့လည်း NUG က ကြေညာထားပါတယ်။ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်ဟာ စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းစုဖြစ်ပြီး ၁၉၉၀ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပါတယ်။ https://www.facebook.com/Lu duNwayOo/photos/a.103619935160801/528269962695794/

၂၉။ ရွှေကူ ဘုမ္မိဇေယျရွှေပေါ်ကျွန်းဘုရားအနီး ရွှေတူးဖော်သည့် စက်လှေများ ထပ်မံရောက်ရှိ
December 6, 2022

ကချင်ပြည်နယ် ရွှေကူမြို့၏ အရှေ့ဘက်ခြမ်း သင်္ဘောအင်းအနီးရှိ ဘုမ္မိဇေယျရွှေပေါ်ကျွန်းဘုရားအနီးတွင် ရွှေတူး ဖော်ရန် စက်လှေ များထပ်မံရောက်ရှိလာ၍ နေ့ည မနား ရွှေတူးဖော်မှုအများအပြားလုပ်ဆောင်လာကြောင်း ဒေသခံပြည်သူများ ထံမှသိရသည်။ ဒီဇင်ဘာလ ၂ ရက်နေ့မှ စတင်ကာ ရွှေတူးဖော်သည့် စစ်လှေများ ၁၀ စီးထက်မနည်းရောက်ရှိလာပြီး ရွှေတူးဖော် မှုများ ရှိနေသည်ဟု ရွှေကူမြို့နေ အမျိုးသမီးတစ်ဦးက ပြောသည်။ “အရင်တုန်းက လုပ်ခဲ့တဲ့ နေရာဟောင်းမှာ ပြန်လုပ်ဖို့ ရောက်လာတာ ဒီတစ်ကြိမ်က သုံးစီးလောက်နဲ့ စတင်ဝင်လာတာ အခုကများလာပြီ တူးတဲ့သူတွေက အောက်ပိုင်းကနေတက် လာတဲ့သူတွေလည်းပါတယ်။ နောက် ဒေသခံတွေလည်းပါတယ်။ နယ်ရာစုံကနေ လာလုပ်နေကြတယ်”ဟုပြောဆိုသည်။ လက်ရှိ ရွှေတူးဖော်နေသည့် ဧရာဝတီမြစ်ထဲ၌ ဘုမ္မိဇေယျရွှေပေါ်ကျွန်းဘုရားနှင့် ပေ ၅၀၀ နှင့် ၁၅၀၀ ခန့်အကွာတွင်ရှိပြီး ရွှေတူးဖော် နေသည့်နေရာသည် ယခင်တစ်ကြိမ်လာရောက်တူးဖော်မှုကြောင့် ဘုမ္မိဇေယျရွှေပေါ်ကျွန်းဘုရားရင်ပြင် ပျက်စီးမှုရှိလာသည့် အတွက် ဒေသခံပြည်သူများနှင့် သံဃာတော်များက မေတ္တာရပ်ခံပြီး ရပ်နားထားသည့်နေရာဖြစ်သည်ဟု ရွှေကူဒေသခံတစ်ဦး ပြောသည်။ https://www.facebook.com/theKachinNews/photos/pcb.5135457329887302/5135449846554717/

၃၀။ ၂၀၂၃ ရွေးကောက်ပွဲ အတွက် အဆင်သင့် ဖြစ်နေပြီဟု ကျားဖြူပါတီ ဥက္ကဌပြော
December 5, 2022

လာမည့် ၂၀၂၃ ခုနှစ် သြဂုတ်လတွင် ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲအတွက် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ (SNDP) ကျားဖြူပါတီသည် အဆင်သင့် ဖြစ်နေကြောင်း ပါတီ ဥက္ကဌ ဖြစ်သူ လုံးစိုင်းအိုက်ပေါင်းက ပြောသည်။ “ကျနော်တို့ က ဝင်ပြိုင်မှာပါ၊ ပြင်ဆင်ထားပြီးပါပြီ။ ထိုက်သင့်သလောက်လည်း အဆင်သင့် ဖြစ်နေပါပြီ၊ လာမယ့် ရွေးကောက်ပွဲမှာ ရလဒ် ကောင်းတွေ ဖော်ဆောင်နိုင်မယ်လို့လည်း ထင်ပါတယ်” ဟု လုံးစိုင်းအိုက်ပေါင်းက ပြောဆိုထားသည်။ အာဏာသိမ်း စစ်ကောင်စီ မှ ခန့်အပ်ထားသည့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် လာမည့် ၂၀၂၃ ခုနှစ်တွင် ရွေးကောက်ပွဲကို ဒီဂျစ်တယ်မဲပေး စနစ်နှင့် ကျင်းပပြုလုပ်ရန် ပြင်ဆင်နေပြီး ကျားဖြူပါတီ အနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်ရန် အဆင်သင့် ဖြစ်နေကြောင်း ၎င်းက ဆက်ပြောသည်။ ထို့အပြင် ကျားဖြူပါတီသည် နေရပ် မပြန်နိုင်သည့် တောင်ကြီးရောက် ကျောက်မဲမြို့နယ်ဘက်မှ စစ်ရှောင် ပြည်သူများကို ဟိုပုံးမြို့နယ်တွင် နေရာရရှိရေး ကြိုးစားဆောင်ရွက်ပေးမှုများလည်း ရှိသည့်အတွက် ရွေးကောက်ပွဲရလဒ် ကောင်း ဖော်ဆောင်နိုင်မည်ဟု ယုံကြည်ကြောင်း လုံးစိုင်းအိုက်ပေါင်း က ဆက်ပြောသည်။

“ကျနော်တို့ မနိုင်စဥ်မှာ ကျောက်မဲဘက်က စစ်ဘေးရှောင်တွေက တောင်ကြီးဘက်က ဘုန်းကြီးကျောင်းမှာ လ နဲ့ ချီပြီး တော့ နေနေကြရတယ်၊ နေရပ်ကိုလည်း မပြန်နိုင်ဘူး၊ ဆိုတော့ ကျနော်က သူတို့ကို ဒီ သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ်မှာပဲ အခြေချ နေထိုင်ခွင့်ပြုပါလို့ အထက်ကို စာရေးပေးလိုက်တဲ့ အခါမှာ သူတို့က အဲ့နေရာမှာပဲ ရွာသစ် တည်နိုင်ခဲ့ပြီလေ၊ ဒါတောင် ကျနော်တို့က မနိုင်ခဲ့ဘူး ၊ မနိုင်ခဲ့ပေမယ့် သျှမ်းပြည်သူ လူထုရဲ့ အခက်အခဲ ကို အတတ်နိုင်ဆုံး ကြိုးစားပေးတာပေါ့နော်” ဟု ၎င်း က ပြောသည်။ ပြီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ကျားဖြူပါတီသည် ပြည်နယ်ဝန်ကြီး ၆ ဦး နှင့် လွှတ်တော်ကိုယ်စားလှယ် ၅၈ ဦး အနိုင်ရရှိခဲ့သော်လည်း ၂၀၁၅ ရွေးကောက်ပွဲတွင် သျှမ်းပြည်တောင်ပိုင်း မိုင်းပန်မြို့နယ်ရှိ မဲဆန္ဒနယ် ၁ နေရာသာ အနိုင်ရ ခဲ့သည်။ https://burmese.shan news.org/archives/31858

 

မှတ်ချက်။ သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။