• Today is: Friday, March 29, 2024

2020 James Foley Freedom Awards Humanitarian Awardee

Free Burma Rangers ဦးဆောင်သူ David Eubank
“2020 James Foley Freedom Awards Humanitarian Awardee” ဆုကို ရရှိ

ဖက်ဒရယ် ဂျာနယ်

စက်တင်ဘာ ၁၈ ရက်၊ ၂၀၂၁

James W. Foley Legacy Foundation က ချီးမြှင့်ပေးအပ်သည့် James W. Foley Award များတည်းက ၂၀၂၀ လွတ်လပ်ခွင့် လူသားချင်း စာနာမှုဆိုင်ရာဆု (Freedom Awards Humanitarian Awardee) ကို Free Burma Rangers  ဦးဆောင်သူ David Eubank ရရှိခဲ့သည်။

Free Burma Rangers သည် အန္တရာယ်အမျိုးမျိုးကြားမှ တိုင်းရင်းသားနယ်မြေများတွင် မြန်မာပြည်သူများကို နှစ်ပေါင်းများစွာ အရေးပေါ် ကူညီ ကယ်ဆယ်ရေးဆိုင်ရာ၊ အခြေခံ ကျန်းမာရေးဆိုင်ရာ စသည့် လူသားချင်း စာနာမှု ဆိုင်ရာ ကူညီကယ်ဆယ်ရေး လုပ်ငန်းကဏ္ဍများကို အကူအညီပေးနေသောအဖွဲ့ ဖြစ်သည်။

ယခု ပေးအပ်သည့် ဆုများသည် ၆ ကြိမ်မြောက်ဂျိမ်းစ် W.FOLEY လွတ်လပ်ခွင့်ဆုများဖြစ်ပြီး

အခြားသော ဆုများအနေဖြစ်

၂၀၂၀ အမွေအနှစ် ထိန်းသိမ်းနိုင်ခြင်း အောင်မြင်မှုဆု

၂၀၂၀ အမေရိကန်ဓားစာခံ လွတ်မြောက်ရေးဆု

၂၀၂၀ ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်ဆု တို့အသီးသီး ပါဝင်ကြောင်း သိရှိရသည်။