• Today is: Friday, April 26, 2024

ကုလသမဂၢညီလာခံႏွင့္ ျမန္မာ့အလားအလာ

ကုလသမဂၢညီလာခံႏွင့္ ျမန္မာ့အလားအလာ

မောဂ္ဂလိ (ဆောင်းပါး)

ဖက်ဒရယ် ဂျာနယ်

စက်တင်ဘာ ၁၀ ရက်၊ ၂၀၂၁

၇၆ ႀကိမ္ေျမာက္ ကုလသမဂၢ အေထြေထြညီလာခံကို စက္တင္ဘာလ ၁၄ ရက္ေန႔တြင္ စတင္က်င္းပေတာ့မည္ျဖစ္သည္။ ထိုညီလာခံတြင္ အမ်ဳိးသားညီညြတ္ေရးအစိုးရႏွင့္ အာဏာသိမ္းစစ္ေကာင္စီတို႔ ကိုယ္စားလွယ္ေနရာရရွိေရး အႀကိတ္အနယ္ ႀကိဳးစားၾကရေတာ့မည္ ျဖစ္သည္။

အမ်ဳိးသားညီညြတ္ေရးအစိုးရက ခန္႔အပ္ေသာ သံအမတ္ႀကီးကိုသာ ကုလသမဂၢက အတည္ျပဳမည္လား၊ စစ္ေကာင္စီက ခန္႔အပ္ေသာ သံအမတ္ႀကီးကိုသာ အတည္ျပဳမည္လား ဆိုသည္မွာ ကုလသမဂၢစင္ျမင့္တြင္ အားစမ္းပြဲတစ္ခု ျဖစ္ေနသည္။

လက္ရွိ ကုလသမဂၢဆိုင္ရာ ျမန္မာသံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းသည္ ျမန္မာႏုိင္ငံအေရး ကုလသမဂၢတြင္ စတင္ေဆြးေႏြးစဥ္ကပင္ အာဏာသိမ္းအဖြဲ႕အား ႐ႈတ္ခ်ေၾကာင္း ထုတ္ေဖာ္ေျပာၾကားထားၿပီး ျဖစ္၏။ လက္ရွိတြင္ ဦးေက်ာ္မိုးထြန္းအား ကုလသံအမတ္ႀကီးအျဖစ္ အတည္ျပဳထားၿပီး ျဖစ္သည္။

ကုလသမဂၢတြင္ ကုလသံအမတ္ႀကီး ခံုေနရာရရွိေရးအတြက္ အမ်ဳိးသားညီညြတ္ေရးအစိုးရႏွင့္ အာဏာသိမ္းစစ္ေကာင္စီတို႔ အားၿပိဳင္မႈ ပိုမိုျပင္းထန္လာစဥ္တြင္ ျမန္မာႏုိင္ငံသို႔ တ႐ုတ္ႏိုင္ငံ၏ အထူးသံတမန္တစ္ဦး ေရာက္ရွိလာခဲ့သည္။ တ႐ုတ္အထူးကိုယ္စားလွယ္သည္ ၾသဂုတ္လ ၂၁ ရက္ေန႔မွ ၂၈ ရက္ေန႔ လာေရာက္ခဲ့ၿပီး ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ႏွင့္ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ရာျပည့္ႏွင့္ ႏိုင္ငံေရး၀န္ႀကီး ဦး၀ဏၰေမာင္လြင္တို႔ႏွင့္ ေတြ႕ဆံုေဆြးေႏြးခဲ့သည္။

အဆိုပါခရီးစဥ္ႏွင့္ ပတ္သက္၍ စစ္ေကာင္စီက သတင္းထုတ္ျပန္ျခင္း မရွိခဲ့ေသာ္လည္း တ႐ုတ္ကိုယ္စားလွယ္သည္ ျမန္မာႏိုင္ငံ၏ ႏိုင္ငံေရးအဖြဲ႕အစည္းမ်ားသည္ သင့္ျမတ္သည့္ အေျဖတစ္ခုကိုရွာရန္ လိုအပ္ေၾကာင္းႏွင့္ ေတြ႕ဆံုေဆြးေႏြးျခင္းအေပၚ အေျခခံသည့္ အာဆီယံတြင္ သေဘာတူညီထားသည့္ အခ်က္ ၅ ခ်က္ကို တ႐ုတ္ႏို္င္ငံအေနျဖင့္ ေထာက္ခံေၾကာင္း ေဆြးေႏြးခဲ့သည္ဟု ႏုိင္ငံတကာ သတင္းဌာနမ်ားက ေဖာ္ျပခဲ့ၾကသည္။

ထုိ႔အျပင္ တ႐ုတ္ႏိုင္ငံအေနျဖင့္ ႏုိင္ငံတကာႏွင့္ လက္တြဲလုပ္ေဆာင္ၿပီး ျမန္မာႏုိင္ငံ တည္ၿငိမ္ေရးႏွင့္ ဒီမိုကေရစီ အသြင္ကူးေျပာင္းေရးကို ျပန္လည္ေဖာ္ေဆာင္ရန္ လိုလားေၾကာင္းလည္း ေျပာၾကားခဲ့သည္ဟု သိရွိရသည္။ ျမန္မာႏုိင္ငံတြင္ ျဖစ္ေပၚေနေသာ ကူးစက္ျမန္ COVID-19 ကပ္ေရာဂါ ျပန္႔ပြားမႈႏွင့္ ပတ္သက္ၿပီး တ႐ုတ္ႏုိင္ငံက ကူညီပံ့ပိုးမႈမ်ား ဆက္လက္ျပဳလုပ္သြားမည္ဟုလည္း ဆိုခဲ့သည္။

တ႐ုတ္ႏုိင္ငံ၏ အထူးကိုယ္စားလွယ္ လာေရာက္ျခင္းႏွင့္ ပတ္သက္၍ စစ္ေကာင္စီက သတင္းထုတ္ျပန္မႈ မျပဳလုပ္ခဲ့ျခင္းမွာ တ႐ုတ္ႏိုင္ငံ၏ သေဘာထားျဖစ္ေသာ ႏုိင္ငံေရးအဖြဲ႕အစည္းမ်ား ပါ၀င္သည့္ သင့္ျမတ္ေသာ အေျဖတစ္ခုကိုရွာရန္ ဆိုသည္။ ေတြ႕ဆံုေဆြးေႏြးေရး အစီအစဥ္ကို စစ္ေကာင္စီက လက္ခံလိုျခင္းမရွိသည့္ သေဘာဟု ယူဆရမည္ျဖစ္သည္။ သို႔ေသာ္ အာဆီယံ ဘံုသေဘာတူညီခ်က္ ၅ ရပ္တြင္လည္း ေတြ႕ဆံုေဆြးေႏြးျခင္းအေပၚ အေျခခံသည့္ အခ်က္ ပါ၀င္ေနရာ စစ္ေကာင္စီအေနျဖင့္ ေတြ႕ဆံုေဆြးေႏြးျခင္းဆီသို႔ မလႊဲမေသြ သြားေရာက္ရမည္ ျဖစ္ေနသည္။

ထိုအေတာအတြင္း အာဏာသိမ္းစစ္ေကာင္စီသည္ ႐ုရွားႏိုင္ငံသို႔ ကိုယ္စားလွယ္အဖြဲ႕တစ္ဖြဲ႕ကို ေစလႊတ္လိုက္ျပန္သည္။ ထိုအဖြဲ႕အား ဒု-တပ္ခ်ဳပ္ ဗိုလ္ခ်ဳပ္ႀကီး စိုး၀င္းေခါင္းေဆာင္ၿပီး စစ္တပ္အရာရွိႀကီးအခ်ဳိ႕ လိုက္ပါသြားခဲ့သည္။ ႐ုရွားႏုိင္ငံ ကာကြယ္ေရး၀န္ႀကီးဌာနက ဖိတ္ၾကားျခင္းဆိုေသာ္လည္း ကုလသမဂၢစင္ျမင့္တြင္ စစ္ေကာင္စီ၏ သံအမတ္ႀကိီးေနရာရရွိေရးအတြက္လည္း အကူအညီေတာင္းခံဖြယ္ရာ ရွိေနသည္။

စစ္ေကာင္စီသည္ ျပည္တြင္း၌ အမ်ဳိးသားညီညြတ္ေရးအစိုးရအား အၾကမ္းဖက္အဖြဲ႕အစည္းအျဖစ္ ေၾကညာထားၿပီး ျပည္တြင္း၌ ျဖစ္ေပၚလ်က္ရွိသည့္ ေတာ္လွန္ေရးအင္အားစုမ်ား၏ လုပ္ေဆာင္ခ်က္မ်ားအားလံုးကို ေနာက္ကြယ္က အမ်ဳိးသားညီညြတ္ေရးအစိုးရက လုပ္ေဆာင္ေနသေယာင္ ျပည္သူလူထုႏွင့္ ႏုိင္ငံတကာအသိုင္းအ၀ိုင္းက ထင္ျမင္လာေစရန္ ပံုေဖာ္လ်က္ရွိသည္။ အထူးသျဖင့္ ကုလသမဂၢတြင္ အမ်ဳိးသားညီညြတ္ေရးအစိုးရ ေနရာမရရွိေစရန္ ရည္ရြယ္လုပ္ေဆာင္ေနျခင္းပင္ ျဖစ္သည္။

ထိုသို႔ ကုလသမဂၢေနရာအတြက္ စစ္ေကာင္စီႏွင့္ အမ်ဳိးသားညီညြတ္ေရးအစိုးရတို႔ အားၿပိဳင္ေနခိုက္တြင္ ျမန္မာႏုိင္ငံဆိုင္ရာ အာဆီယံအထူးကိုယ္စားလွယ္ Erywan Yusof ျမန္မာႏုိင္ငံသို႔ သြားလာခြင့္ရရန္ ႀကိဳးစားေနဆဲျဖစ္ေၾကာင္း သတင္းမ်ားက ေဖာ္ျပလာၾကသည္။ အာဆီယံအထူးကိုယ္စားလွယ္ ဘ႐ူႏိုင္းႏုိင္ငံျခားေရး၀န္ႀကီး (၂) သည္ ျမန္မာႏုိင္ငံသို႔ ေရာက္သည့္အခါ အာဆီယံဘံုသေဘာတူညီခ်က္ နံပါတ္ (၅)အရ ျမန္မာႏိုင္ငံရွိ အဖြဲ႕အစည္းအသီးသီးႏွင့္ ေတြ႕ဆံုခြင့္ရဖို႔လိုေၾကာင္းကိုလည္း မေလးရွားႏိုင္ငံျခားေရး၀န္ႀကီးက အာဆီယံအထူးကိုယ္စားလွယ္ႏွင့္ ေတြ႕ဆံုစဥ္ ေျပာၾကားခဲ့ေၾကာင္း သိရွိရသည္။ ထို႔အျပင္ ေနာက္လထဲ၌ ျပဳလုပ္မည့္ အာဆီယံ ထိပ္သီးအစည္းအေ၀းမတိုင္မီ မစၥတာ Yousof အေနျဖင့္ ျမန္မာႏိုင္ငံသို႔ သြားေရာက္သင့္ေၾကာင္းလည္း ေျပာခဲ့သည္ဟု ဆိုသည္။

အေျခအေနအရပ္ရပ္ကို သံုးသပ္ရမည္ဆိုလွ်င္ ျမန္မာ့ႏုိင္ငံေရး ဇာတ္ရွိန္သည္ ျမင့္သထက္ ျမင့္လာၿပီဟု ဆိုရမည္ျဖစ္သည္။ တ႐ုတ္ႏွင့္ အာဆီယံႏိုင္ငံမ်ားသည္ ျမန္မာႏုိင္ငံ၏ တည္ၿငိမ္မႈ၊ ေအးခ်မ္းမႈကို ျမင္လိုသည္ဆိုသည္ထက္ ျမန္မာႏုိင္ငံအတြင္း ရင္းႏွီးျမႇဳပ္ႏွံထားေသာ ၎တို႔၏ အက်ဳိးစီးပြားမ်ား မထိခိုက္ေစေရးႏွင့္ ေဒသအတြင္း တည္ၿငိမ္မႈရွိေစေရးတို႔ကို ပိုမို ဂ႐ုစိုက္ေနၾကသည္။ ျမန္မာႏုိင္ငံ တည္ၿငိမ္ေအးခ်မ္းမွသာ အိမ္နီးခ်င္းႏွင့္ ေဒသတြင္းႏိုင္ငံမ်ားအေပၚ ဆိုးက်ဳိး႐ိုက္ခတ္မည္မဟုတ္သျဖင့္ ကိုင္းကၽြန္းမွီ ကၽြန္းကိုင္းမွီ ျဖစ္ခ်င္ပံုရသည္။

ထို႔ေၾကာင့္လည္း ေတြ႕ဆံုေဆြးေႏြးေရးလမ္းျဖင့္ ႏုိင္ငံေရးအေျဖရွာၾကရန္ တိုက္တြန္းေနျခင္းပင္ ျဖစ္သည္။ သို႔ေသာ္လည္း အာဏာသိမ္းမႈၿပီးကတည္းက ႏုိင္ငံေရးအခက္အခဲ၊ စီးပြားေရးျပႆနာ၊ က်န္းမာေရးဒုကၡမ်ားႏွင့္ ရင္ဆိုင္႐ုန္းကန္ေနရသည့္ ျမန္မာျပည္သူလူထုအေနျဖင့္ ေတြ႕ဆံုေဆြးေႏြးေရးဆိုသည့္ ကိစၥသည္ စစ္ေကာင္စီ အာဏာၿမဲေစရန္ အခ်ိန္ဆြဲေနေသာ လုပ္ရပ္အျဖစ္သာ ႐ႈျမင္ထားၾကၿပီး စစ္ေကာင္စီ အာဏာမွ စြန္႔ခြာရန္ကိုသာ တစိုက္မတ္မတ္ ႀကိဳးစားအားထုတ္ေနၾကသည္။ အလားတူ ကုလသမဂၢစင္ျမင့္တြင္ ေနရာရျခင္း၊ မရျခင္းကိုလည္း သူတို႔က ေမွ်ာ္လင့္ေစာင့္စားေနၾကမည္ မဟုတ္ေပ။

ေမာဂၢလိ

 

ကုလသမဂ္ဂညီလာခံနှင့် မြန်မာ့အလားအလာ

 

၇၆ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကို စက်တင်ဘာလ ၁၄ ရက်နေ့တွင် စတင်ကျင်းပတော့မည်ဖြစ်သည်။ ထိုညီလာခံတွင် အမျိုးသားညီညွတ်ရေးအစိုးရနှင့် အာဏာသိမ်းစစ်ကောင်စီတို့ ကိုယ်စားလှယ်နေရာရရှိရေး အကြိတ်အနယ် ကြိုးစားကြရတော့မည် ဖြစ်သည်။

အမျိုးသားညီညွတ်ရေးအစိုးရက ခန့်အပ်သော သံအမတ်ကြီးကိုသာ ကုလသမဂ္ဂက အတည်ပြုမည်လား၊ စစ်ကောင်စီက ခန့်အပ်သော သံအမတ်ကြီးကိုသာ အတည်ပြုမည်လား ဆိုသည်မှာ ကုလသမဂ္ဂစင်မြင့်တွင် အားစမ်းပွဲတစ်ခု ဖြစ်နေသည်။

လက်ရှိ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းသည် မြန်မာနိုင်ငံအရေး ကုလသမဂ္ဂတွင် စတင်ဆွေးနွေးစဉ်ကပင် အာဏာသိမ်းအဖွဲ့အား ရှုတ်ချကြောင်း ထုတ်ဖော်ပြောကြားထားပြီး ဖြစ်၏။ လက်ရှိတွင် ဦးကျော်မိုးထွန်းအား ကုလသံအမတ်ကြီးအဖြစ် အတည်ပြုထားပြီး ဖြစ်သည်။

ကုလသမဂ္ဂတွင် ကုလသံအမတ်ကြီး ခုံနေရာရရှိရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရနှင့် အာဏာသိမ်းစစ်ကောင်စီတို့ အားပြိုင်မှု ပိုမိုပြင်းထန်လာစဉ်တွင် မြန်မာနိုင်ငံသို့ တရုတ်နိုင်ငံ၏ အထူးသံတမန်တစ်ဦး ရောက်ရှိလာခဲ့သည်။ တရုတ်အထူးကိုယ်စားလှယ်သည် သြဂုတ်လ ၂၁ ရက်နေ့မှ ၂၈ ရက်နေ့ လာရောက်ခဲ့ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် နိုင်ငံရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

အဆိုပါခရီးစဉ်နှင့် ပတ်သက်၍ စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိခဲ့သော်လည်း တရုတ်ကိုယ်စားလှယ်သည် မြန်မာနိုင်ငံ၏ နိုင်ငံရေးအဖွဲ့အစည်းများသည် သင့်မြတ်သည့် အဖြေတစ်ခုကိုရှာရန် လိုအပ်ကြောင်းနှင့် တွေ့ဆုံဆွေးနွေးခြင်းအပေါ် အခြေခံသည့် အာဆီယံတွင် သဘောတူညီထားသည့် အချက် ၅ ချက်ကို တရုတ်နိုင်ငံအနေဖြင့် ထောက်ခံကြောင်း ဆွေးနွေးခဲ့သည်ဟု နိုင်ငံတကာ သတင်းဌာနများက ဖော်ပြခဲ့ကြသည်။

ထို့အပြင် တရုတ်နိုင်ငံအနေဖြင့် နိုင်ငံတကာနှင့် လက်တွဲလုပ်ဆောင်ပြီး မြန်မာနိုင်ငံ တည်ငြိမ်ရေးနှင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ပြန်လည်ဖော်ဆောင်ရန် လိုလားကြောင်းလည်း ပြောကြားခဲ့သည်ဟု သိရှိရသည်။ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော ကူးစက်မြန် COVID-19 ကပ်ရောဂါ ပြန့်ပွားမှုနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံက ကူညီပံ့ပိုးမှုများ ဆက်လက်ပြုလုပ်သွားမည်ဟုလည်း ဆိုခဲ့သည်။

တရုတ်နိုင်ငံ၏ အထူးကိုယ်စားလှယ် လာရောက်ခြင်းနှင့် ပတ်သက်၍ စစ်ကောင်စီက သတင်းထုတ်ပြန်မှု မပြုလုပ်ခဲ့ခြင်းမှာ တရုတ်နိုင်ငံ၏ သဘောထားဖြစ်သော နိုင်ငံရေးအဖွဲ့အစည်းများ ပါဝင်သည့် သင့်မြတ်သော အဖြေတစ်ခုကိုရှာရန် ဆိုသည်။ တွေ့ဆုံဆွေးနွေးရေး အစီအစဉ်ကို စစ်ကောင်စီက လက်ခံလိုခြင်းမရှိသည့် သဘောဟု ယူဆရမည်ဖြစ်သည်။ သို့သော် အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်တွင်လည်း တွေ့ဆုံဆွေးနွေးခြင်းအပေါ် အခြေခံသည့် အချက် ပါဝင်နေရာ စစ်ကောင်စီအနေဖြင့် တွေ့ဆုံဆွေးနွေးခြင်းဆီသို့ မလွှဲမသွေ သွားရောက်ရမည် ဖြစ်နေသည်။

ထိုအတောအတွင်း အာဏာသိမ်းစစ်ကောင်စီသည် ရုရှားနိုင်ငံသို့ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကို စေလွှတ်လိုက်ပြန်သည်။ ထိုအဖွဲ့အား ဒု-တပ်ချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်းခေါင်းဆောင်ပြီး စစ်တပ်အရာရှိကြီးအချို့ လိုက်ပါသွားခဲ့သည်။ ရုရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက ဖိတ်ကြားခြင်းဆိုသော်လည်း ကုလသမဂ္ဂစင်မြင့်တွင် စစ်ကောင်စီ၏ သံအမတ်ကြီးနေရာရရှိရေးအတွက်လည်း အကူအညီတောင်းခံဖွယ်ရာ ရှိနေသည်။

စစ်ကောင်စီသည် ပြည်တွင်း၌ အမျိုးသားညီညွတ်ရေးအစိုးရအား အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာထားပြီး ပြည်တွင်း၌ ဖြစ်ပေါ်လျက်ရှိသည့် တော်လှန်ရေးအင်အားစုများ၏ လုပ်ဆောင်ချက်များအားလုံးကို နောက်ကွယ်က အမျိုးသားညီညွတ်ရေးအစိုးရက လုပ်ဆောင်နေသယောင် ပြည်သူလူထုနှင့် နိုင်ငံတကာအသိုင်းအဝိုင်းက ထင်မြင်လာစေရန် ပုံဖော်လျက်ရှိသည်။ အထူးသဖြင့် ကုလသမဂ္ဂတွင် အမျိုးသားညီညွတ်ရေးအစိုးရ နေရာမရရှိစေရန် ရည်ရွယ်လုပ်ဆောင်နေခြင်းပင် ဖြစ်သည်။

ထိုသို့ ကုလသမဂ္ဂနေရာအတွက် စစ်ကောင်စီနှင့် အမျိုးသားညီညွတ်ရေးအစိုးရတို့ အားပြိုင်နေခိုက်တွင် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် Erywan Yusof မြန်မာနိုင်ငံသို့ သွားလာခွင့်ရရန် ကြိုးစားနေဆဲဖြစ်ကြောင်း သတင်းများက ဖော်ပြလာကြသည်။ အာဆီယံအထူးကိုယ်စားလှယ် ဘရူနိုင်းနိုင်ငံခြားရေးဝန်ကြီး (၂) သည် မြန်မာနိုင်ငံသို့ ရောက်သည့်အခါ အာဆီယံဘုံသဘောတူညီချက် နံပါတ် (၅)အရ မြန်မာနိုင်ငံရှိ အဖွဲ့အစည်းအသီးသီးနှင့် တွေ့ဆုံခွင့်ရဖို့လိုကြောင်းကိုလည်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးက အာဆီယံအထူးကိုယ်စားလှယ်နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ကြောင်း သိရှိရသည်။ ထို့အပြင် နောက်လထဲ၌ ပြုလုပ်မည့် အာဆီယံ ထိပ်သီးအစည်းအဝေးမတိုင်မီ မစ္စတာ Yousof အနေဖြင့် မြန်မာနိုင်ငံသို့ သွားရောက်သင့်ကြောင်းလည်း ပြောခဲ့သည်ဟု ဆိုသည်။

အခြေအနေအရပ်ရပ်ကို သုံးသပ်ရမည်ဆိုလျှင် မြန်မာ့နိုင်ငံရေး ဇာတ်ရှိန်သည် မြင့်သထက် မြင့်လာပြီဟု ဆိုရမည်ဖြစ်သည်။ တရုတ်နှင့် အာဆီယံနိုင်ငံများသည် မြန်မာနိုင်ငံ၏ တည်ငြိမ်မှု၊ အေးချမ်းမှုကို မြင်လိုသည်ဆိုသည်ထက် မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံထားသော ၎င်းတို့၏ အကျိုးစီးပွားများ မထိခိုက်စေရေးနှင့် ဒေသအတွင်း တည်ငြိမ်မှုရှိစေရေးတို့ကို ပိုမို ဂရုစိုက်နေကြသည်။ မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းမှသာ အိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံများအပေါ် ဆိုးကျိုးရိုက်ခတ်မည်မဟုတ်သဖြင့် ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ ဖြစ်ချင်ပုံရသည်။

ထို့ကြောင့်လည်း တွေ့ဆုံဆွေးနွေးရေးလမ်းဖြင့် နိုင်ငံရေးအဖြေရှာကြရန် တိုက်တွန်းနေခြင်းပင် ဖြစ်သည်။ သို့သော်လည်း အာဏာသိမ်းမှုပြီးကတည်းက နိုင်ငံရေးအခက်အခဲ၊ စီးပွားရေးပြဿနာ၊ ကျန်းမာရေးဒုက္ခများနှင့် ရင်ဆိုင်ရုန်းကန်နေရသည့် မြန်မာပြည်သူလူထုအနေဖြင့် တွေ့ဆုံဆွေးနွေးရေးဆိုသည့် ကိစ္စသည် စစ်ကောင်စီ အာဏာမြဲစေရန် အချိန်ဆွဲနေသော လုပ်ရပ်အဖြစ်သာ ရှုမြင်ထားကြပြီး စစ်ကောင်စီ အာဏာမှ စွန့်ခွာရန်ကိုသာ တစိုက်မတ်မတ် ကြိုးစားအားထုတ်နေကြသည်။ အလားတူ ကုလသမဂ္ဂစင်မြင့်တွင် နေရာရခြင်း၊ မရခြင်းကိုလည်း သူတို့က မျှော်လင့်စောင့်စားနေကြမည် မဟုတ်ပေ။

 

မောဂ္ဂလိ (ဆောင်းပါး)

ဖက်ဒရယ် ဂျာနယ်

စက်တင်ဘာ ၁၀ ရက်၊ ၂၀၂၁