• Today is: Thursday, March 28, 2024

NUG အား အသိအမှတ်ပြုရေး အဆို ပြင်သစ်အထက် လွှတ်တော်တွင် အတည်ပြု

NUG အား အသိအမှတ်ပြုရေး အဆို ပြင်သစ်အထက် လွှတ်တော်တွင် အတည်ပြု

ဖက်ဒရယ်ဂျာနယ်၊ အောက်တိုဘာ ၈ ၊ ၂၀၂၁

အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) အား အသိ အမှတ်ပြုရေး အဆိုကို အောက်တိုဘာလ ၅ ရက်တွင် ကျင်းပသည့် ပြင်သစ်အထက် လွှတ်တော် အစည်း အဝေး၌ ကန့်ကွက်သူမရှိ အတည်ပြုလိုက်ကြောင်း ပြင်သစ်အထက် လွှတ်တော်နှင့် ပြင်အသစ်ခြေစိုက် ဒီမိုကရေစီရေးလှုပ်ရှားသည့်အဖွဲ့အချို့က သတင်းထုတ် ပြန် သည်။

ပြင်သစ်အထက် လွှတ်တော်ဥက္ကဌ မစ္စတာ Gérard LARCHER က အဆိုနှင့် ပတ်သက်၍ မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံရေးသမားများ၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ ၊ သတင်းသမား ၊ အရပ်ဘက်အဖွဲ့အစည်းများမှ လူပုဂ္ဂိုလ်များ၊ တတ်သိ ပညာရှင်များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ဘာသာရေးခေါင်းဆောင်များကို တရားလက်လွတ် ဖမ်းဆီးနေမှုများအား ထည့်သွင်းစဉ်းစားကြောင်း ပြောသည်။

မြန်မာနိုင်ငံတွင် အရေးပေါ် အခြေအနေကြေညာမှု အဆုံးသတ်ကာ ဖမ်းဆီးထားသူများအား ပြန်လွှတ်ပြီး ဒီမိုကရေစီလမ်းကြောင်းကို ပြန်သွားရန် အရေးကြီးသည့် ခြေလှမ်းတရပ်အနေဖြင့် ပြင်သစ်အစိုးရက NUG ကို ထောက်ခံ အသိအမှတ်ပြုရန် တိုက်တွန်းကြောင်း ၎င်းက အထက်လွှတ်တော် အစည်းအဝေးတွင် ပြောသည်။

အဆိုနှင့် ပတ်သက်၍ ပြင်သစ်နိုင်ငံခြားရေး ဝန်ကြီးဌာနကမူ ပြင်သစ်အစိုးရသည် အစိုးရများကို လက်ခံလေ့မရှိဘဲ နိုင်ငံများကိုသာ လက်ခံကြောင်း အစည်းအဝေးတွင် တုံ့ပြန်ဖြေကြားခဲ့သည်။

NUG အား အသိအမှတ်ပြုရေး အဆိုကို အထက်လွှတ် တော်တွင် အတည်ပြုလိုက်သော်လည်း ပြင်သစ်အောက် လွှတ်တော်နှင့် ပြင်သစ်အစိုးရတို့က အတည်ပြု၊ မပြု ဆက်လက် ဆွေးနွေးရဦးမည် ဖြစ်ကြောင်း ပြင်သစ်အခြေစိုက် ဒီမိုကရေစီရေးလှုပ်ရှားသည့် La Communauté Birmane de France ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

Photo Credit – SENAT ဝဘ်ဆိုက်