• Today is: Wednesday, December 7, 2022

အာဏာသိမ်း စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေရန် အစီအစဉ်မရှိကြောင်း ကရင်နီတပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ချုပ် စောဘီထူး ပြော

အာဏာသိမ်း စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေရန် အစီအစဉ်မရှိကြောင်း ကရင်နီတပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ချုပ် စောဘီထူး ပြော

ဖက်ဒရယ်ဂျာနယ် ( ၉-​အောက်တိုဘာ)

လက်ရှိအချိန်တွင် အာဏာသိမ်း စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးရန် အစီအစဉ်မရှိကြောင်း ကရင်နီတပ်မတော် KA စစ်ဦးစီးချုပ် ဗိုလ်ချုပ် စောဘီထူးက ယနေ့ အောက်တို ဘာလ ၉ ရက်တွင် ပြောကြားလိုက်သည်။

ကရင်နီတပ်မတော် KA ထိန်း ချုပ်ရာဒေသတွင် ကရင်နီတပ်မတော် အခြေခံအပတ် စဉ် ၇၁ စစ်သင်တန်းဆင်းပွဲသို့ တက်ရောက်အမှာစကား ပြောစဉ် ထည့်သွင်း ပြောကြားလိုက်ခြင်းဖြစ်သည်။

လက်ရှိ ကယား (ကရင်နီ) ပြည်နယ်အတွင်း အကြမ်း ဖက်စစ်ကောင်စီ၏ ထိုးစစ်ဆင်တိုက်ခိုက်မှုများအား ကရင်နီတပ်မတော်၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့များမှ ပူးပေါင်းခုခံတိုက်ခိုက်လျှက်ရှိသည်။