• Today is: Friday, March 29, 2024

ဘားအံတွင် ဗုံခိုကျင်းထဲ မိသားစုလိုက် သေဆုံးမှုဖြစ်ပွား

ဘားအံတွင် ဗုံခိုကျင်းထဲ မိသားစုလိုက် သေဆုံးမှုဖြစ်ပွား

ဖက်ဒရယ်ဂျာနယ်၊ အောက်တိုဘာ ၉၊ ၂၀၂၁

ကရင်ပြည်နယ်၊ ဘားအံမြို့နယ် ကော့ရင်းအောက်ကျေးရွာအုပ်စု စိမ့်ပိုင်း(ကနစိုးကုန်း) တွင်နေထိုင်သည့် မိသားစုဝင်လေးဦးသည် ယနေ့မနက် ၉ နာရီခန့်က ဗုံးခိုကျင်းအတွင်း ပစ္စည်းများ သယ်ထုတ်စဉ် အောက်စီဂျင်ပြတ်တော့၍ သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း ဒေသသတင်းရင်းမြစ်များအရ သိရသည်။

အဆိုပါ ဗုံးခိုကျင်းမှာ ထွက်ပေါက် အဝ အကျယ် ၂ ပေ၊ အနက် ၆ ပေနှင့် အောက်တွယ် အကျယ် ၁၄ ပေ ရှိကြောင်းသိရပြီး ထိုအထဲတွင် မိသားစုဝင် ၄ ဦးလုံး သေဆုံးနေခဲ့ခြင်း ဖြစ်သည်။ ကျင်းထဲတွင် ခြင်ဆေးဖျန်းထားသဖြင့် ခြင်ဆေးငွေ့များကြောင့် သေဆုံးခြင်းလည်း ဖြစ်နိုင်ကြောင်း သုံးသပ်နေကြသည်။