• Today is: Friday, March 29, 2024

(CJDC) နဲ့ ဖက်ဒရယ်ဂျာနယ် သီးသန့် အင်တာဗျူး အစီအစဉ်

ဒီတပတ်မှာတော့ Chinland Joint Defense Committee (CJDC) ရဲ့ အတွင်းရေးမှူး Timmy (CNDF/CNO) နှင့် ဖက်ဒရယ်ဂျာနယ် သီးသန့် ဆက်သွယ်မေးမြန်းချက်ကို တင်ဆက်ထားပါတယ်။

မေး။ ။ CJDC မှာ အဖွဲ့ဝင် အစုဖွဲ့ ဘယ်နှစ်ဖွဲ့ ရှိပါသလဲ။ တလောကပဲ ဖွဲ့လိုက်တဲ့ Asho Chin CDF အဖွဲ့က ကော် CJDC မှာ ပါဝင်လာဖို့ ရှိလား။ ပြီးတော့် CJDC အဖွဲ့ဝင် တပ်သားအရေတွက် ကော်ဘယ်လောက်ရှိ ပြီလဲ  ပြောပြလို့ ရမလား။

ဖြေ။ ။CJDC မှာ CNF အပါအဝင် အဖွဲ့ (၁၆) ဖွဲ့ ရှိပါတယ်. Asho CDFရဲ့ အဖွဲ့ဝင် တစ်ယောက်ထံကနေ CJDC ကိုဆက်သွယ်ဒါ ရှိပါတယ်။ Asho CDF နာမည်နှင့် တရားဝင်ဆက်သွယ်ဒါတော့မရှိသေးဘူး။ CJDC အဖွဲ့အသီးသီးကနေ ချင်းပြည်နယ်အတွင်း  ပှုးပေါင်းစစ်ဆင်ရေးအတွက် နာမည်စရင်းပေးထားတာ  ရှိပါတယ်။ မြို့နယ် ကာကွယ်ရေးတွေကနေ (၁၅)ယောက်ဆီ၊ ဒေသကာကွယ်ရေးအဖွဲ့တွေကနေ (၁၀) ယောက်နှင့် CNF က ယောက်(၃၀) အဲသလိုခွဲထားပါတယ်။  အလုံးပေါင်းရင် အယောက် (၂၀၀) လောက်ရှိမယ်။  NUG အမှတ်(၁) စစ်ဆင်ရေးအတွက်တော့ တပ်သား (၅၀၀) စာရင်း ပေးထားဒါရှိပါတယ်။ ဆိုတော့ CJDC မှာ အပိုင်းနှစ်ပိုင်းပေါ့။ ချင်းပြည်နယ်အတွင်း ပှုးပေါင်းစစ်ဆင်ရေး အတွက်ရယ်၊ အမှတ်(၁) စစ်ဒေသစစ်ဆင်ရေးဆိုပြီးတော့ ဖြစ်ပါတယ်။

မေး။ ။ CJDC ဖွဲ့စည်းရခြင်း ရည်ရွယ်ချက် ကိုပြောပြပေးပါ။

ဖြေ။ ။CJDC ဖွဲရခြင်းကတော့ စစ်ကောင်စီအမြစ်ဖြတ်ချေမှုန်းဖို့ နှင့် ချင်းပြည်ထောင်တည်ဆောက်ရေးအတွက် အားလုံးစည်းစည်းလုံးလုံး နှင့်အချိတ်ဆက်ရှိရှိ ပူပေါင်းကြဖို့ဖြစ်ပါတယ်။

မေး။ ။ CJDC က ဘယ်လို လုပ်ငန်းစဉ်မျိုးကို အဓိကထား ဆောင်ရွက် သွားမှာလဲ။ Committee ရဲ့ ဦးစီးဦးဆောင်မှု ကဏ္ဍကိုရော ဘယ်လို ပုံစံမျိုးသွားဖို့ ရည်ရွယ်ထားပါသလဲ။

ဖြေ။ ။ပြည်နယ်အတွင်း စစ်ရေးပူးပေါင်းရေး နှင့် အမှတ် (၁) စစ်ဒေသအတွက် ပူပေါင်း ဆောင်ရွက်ဖို့ နှစ်ချက် နှင့်သွားမှာပါ။ CJDC ဦးဆောင်ကော်မတီ မှာ CNF က President, CDF- Mindat  က Vice president (I) နှင့် Zoland-PDF က Vice president (II) နေရာယူထားတယ်။  General Secretary  ကို CNO/CNDF နှင့် AGS ကို CDF-KKG၊  Finance Secretary ကို Hakha က  ဦးဆောင်ပါတယ်။ ဌာန လေး ခုခွဲထားပါတယ်။ စစ်ရေးဌာန၊  စည်းရုံးရေးဌာန၊  သတင်းနှင့်ပြန်ကြားရေးဌာန နှင့် ထောက်ပို့ဌာနတွေဖြစ်တယ်။

မေး။ ။ NUG/PDF နဲ့ ဘယ်လို ချိတ်ဆက် ဆောင်ရွက် သွားမှာလဲ။ 

ဖြေ။ ။NUG ကာကွယ်ရေးဝန်ကြီးဦးရည်မွန်ကနေ သဝန်လွှာလည်းပို့ထားပြီးဖြစ်တယ်။   NUG နှင့်လည်း Zoom meeting တွေလုပ်ထားဒါတွေလည်း ရှိပါတယ်။ CJDC က စစ်ကောင်စီ ကိုတိုက်တဲ့ ဘယ်အဖွဲ့နှင့် မဆို ပူးပေါင်းမယ် ဆိုဒါရှိပါတယ်။ ဒါကြောင့် PDF နှင့်လည်း လိုအပ်သလို ပူပေါင်းဆောင်ရွက် သွားမှာပါ။

မေး။ ။ CJDC မှာ  ပါဝင်သင့်ရဲ့သားနဲ့  မပါဝင်တဲ့  လက်နက်ကိုင်တပ်ဖွဲ့တွေ  ရှိပါသလား။

ဖြေ။ ။CJDC မှု မှာအဖွဲ့သစ်လက်ခံခြင်းဆိုတဲ့အပိုင်းမှာ အဖွဲ့ဝင်အားလုံးကလက်ခံရင် အဖွဲ့ဝင်ဖြစ်နိုင်ပါတယ်။ ကိုးမြို့နယ်မှာ ကာကွယ်ရေးတပ်ဖွဲ့အလုံးပါပါတယ်။

မေး။ ။  CNF ရဲ့ ဦးစီးဦးဆောင်မှု )Command & Control)   အောက်မှာ   အားလုံးအတူတကွ  ပူးပေါင်းပါဝင်ဖို့ ကို CJDC  အဖွဲ့ဝင်တွေက  အပြည့်အဝ  လက်ခံကြပါသလား။  အထူးသဖြင့်  CNDF,  CDF-Mindat နဲ့ PDF-Zoland  တို့က  လက်ခံဖို့  အခက်ခဲရှိတယ်လို့   ကျွန်တော်တို့  ကြားရပါတယ်။  ဟုတ်ပါသလား  ခင်ဗျာ။

ဖြေ။ ။ CNF  ကလည်း CJDC ရဲ့ အဖွဲ့ဝင်  တစ်ခုဖြစ်ပါတယ်။ CJDC  ချင်းပြည်နယ် အတွင်း  ပူပေါင်းစစ်ဆင်ရေး  တွေမှာ CJDC စစ်ရေးဌာန  ဦးဆောင်းမှု  အောက်ကနေသွားပြီးတော့  NUG အမှတ်(၁)စစ်ဒေသ စစ်ဆင်ရေး  မှာတော့ CNF ရဲ့ Command and Control မှုဖြင့်  သွားမှာပါ။ ဒါကို အားလုံး သဘောတူ လက်ခံအတည်ပြု ထားပြီးဖြစ်ပါတယ်။ 

မေး။ ။ချင်းပြည်နယ်  တောင်ပိုင်းတွေမှာ  PDF  အဖွဲ့တွေ  ထူထောင်ထားတာရှိတယ်လို့  ကောလဟာလ တွေလည်း ရှိနေတယ်။ အဲ့တာကို NLD လွှတ်တော်ကိုယ်စားလှယ်တွေ ဒါမှမဟုတ် CRCH   ရဲ့ ဦးစီးဦးဆောင်မှုနဲ့ ထူထောင်ကြတာ  လို့လည်း   ကြားရပါတယ်။    အဲ့တာ   ဟုတ်ပါသလား  ခင်ဗျာ။    ဟုတ်တယ်ဆိုရင်   NUG နဲ့  သဘောတူထားချက်ထဲက   တစ်ခုဖြစ်တဲ့    ချင်းပြည်နယ်မှာ PDF ဖွဲ့စရာ  မလိုဘူး  ဆိုတဲ့  သဘောတူညီမှု နဲ့ လွဲချော်မှု  ရှိနေပြီမဟုတ်လား။ ရှင်းပြပေးပါ။

ဖြေ။ ။ ချင်းပြည်နယ်မှာ CDF,  CNO/CNDF, Zoland PDF ပဲရှိပါတယ်။

မေး။ ။ CJDC ဟာ ICNCC က ဖွဲ့တဲ့ အစိုးရအောက်မှာ ရှိလာမှာလား။ ဘာကြောင့်လဲ။ ပြီးတော့ ICNCC အပေါ်   CJDC ရဲ့သဘောထားကိုလည်း ပြောပြပေးပါ။ 

ဖြေ။ ။ ICNCC မှာ ချင်းပြည်နယ် လုံခြုံရေးနှင့်ကာကွယ်ရေးအခြေခံမှု ကိုလည်း CJDC ကဦးဆောင်းရေးဆွဲဖို့ အတည်ပြု ဆုံးဖြတ်ထား ပြီးဖြစ်ပါတယ်။ အဲဒီမှုကြမ်း first Draft လည်းထွက်လာပါပြီး။ NUG/ICNCC နှင့် အတူလက်တွဲ ဆောင်ရွတ်နိုင်တဲ့အပိုင်းတွေမှာ ဆောင်းရွတ်မှာဖြစ်တယ်။ ချင်းပြည်အစိုးရ ပေါ်ပေါက်လာဖို့ ကိုလည်း CJDC ကနေ  တက်နိုင်တဲ့ နေရာကနေ  တစ်စိုက်မတ်မတ်  ဆောင်ရွက်သွားမှာပါ။ CJDC အင်အားကြီးမှပဲ  ချင်းပြည်အစိုးရလည်း  ပေါ်ပေါက်လာမှာပါ။ ချင်းပြည်အစိုးရလို့  ပြောတဲ့နေရာမှာ မြေပြင်မှာ တစ်ကယ်အလုပ်လုပ်ပြီး  တော်လှန်ရေးလုပ်တဲ့  အစိုးရကိုဆိုလိုပါတယ်။ 

မေး။ ။အခုအခင်းကျင်းကာလထဲမှာ   ချင်းအမျိုးသားလူမျိုးစုတွေက  လူမျိုးစုအလိုက်  စုဖွဲ့မှုမှာ တော်တော်အားကောင်းနေတယ်လို့    မြင်ရတယ်။  စစ်ရေးလှုပ်ရှားမှုတွေမှာလည်း  ထိရောက်မှုပိုင်းမှာ  ထိပ်ကို ရောက်နေတဲ့  ပြည်နယ်ထဲမှာ  ပါတာပေါ့နော်။  ပြီးတော့   ချင်းဒေသကို   ၆၀   ရာခိုင်နှုန်းလောက် ထိန်းချုပ်ထားနိုင်ပြီလို့လည်း    ထုတ်ပြန်ဖူးပါတယ်။   ဒီနေ့အထိကော်  ချင်းဒေသကို  ဘယ်လောက် ရာခိုင်နှုန်းနဲ့ အတိုင်းတာထိ  ထိန်းချုပ်ထားနိုင်ပြီလဲ။  ထိန်းချုပ်ထားတယ်  ဆိုတဲ့နေရာမှာ  ဘယ်လိုမျိုးပုံစံနှင့် ထိန်းချုပ်ထားနေလဲ။

ဖြေ။ ။ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ကြိုးပမ်းဆောင်ရွတ်မှုကြောင့် အခုဆိုရင် ကျေးရွား အလုံးနီးပါး ထိန်းချုပ်နေပါပြီး။ မြို့တွေပဲကျန်တော့တယ်။ မြို့တွေမှာတောင်မှ သူတို့ စစ်ကောင်စီ စခန်းတွေပဲ သူတို့ဖက်က ထိန်းချုပ်ထားပါတယ်။ CJDC ရဲ့ လမ်းစဉ်မှာလည်း ချင်း​ပြည်နယ်တစ်ပြည်နယ်လုံး လွှတ်မြောက်နေမြေ ဖြစ်လာဖို့ကလဲ ပါပါတယ်။ ဒါမှပဲ ချင်းပြည်အစိုးရလည်း မြေပြင်မှာ ပေါ်ပေါက်လာမှာဖြစ်တယ်။ 

မေး။ ။ပြည်မဒေသတွေ  မှာလည်း  မြို့နယ်အလိုက်  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တွေကို  ဖွဲ့စည်းထားကြပေမယ့် စစ်ဆင်ရေးပိုင်းမှာ  ထိထိရောက်ရောက်မလုပ်နိုင်ကြသေးတဲ့  အပြင်  လက်တွေ့ မြေပြင်တိုက်ပွဲခေါ်တဲ့ နေရာမှာလည်း  အားရမှု မတွ့ရသေးဘူးပါဘူး။  ဒီလိုအခြေနေနဲ့  လုပ်ဆောင်မှုတွေက ဘယ်အခြေနေ နဲ့  အတိုင်းတာထိ  ထိရောက်မယ်လို့  ထင်ပါသလဲ။  အထူးသဖြင့်  ရန်ကုန်ဆိုရင်    လူငယ်တွေ ရာနဲ့ ချီပြီး  အဖမ်းခံရတယ်လို့   ကြားရတယ်။  ဒီလိုအခြေအနေတွေ  အတွက်ကော် ဘယ်လို မှတ်ချက်  ပေးလိုပါသလဲ။ 

ဖြေ။ ။ ကျွန်ပ်တို့ ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ တွေကတော့ ချင်းပြည်နယ် ကနေတစ်ဆင့် တဖြည်းဖြည်း ပြည်ပဖက်အထိ စစ်ဆင်ရေးတွေ လုပ်ဆောင်ပြီး နယ်မြေစိုးမိုးရေးတွေ လုပ်ဆောင်သွားမှာဖြစ်တယ်။ စစ်ကောင်စီရဲ့ အဓိကအသဲနှလုံးဖြစ်တဲ့ ​နေပြည်တော်အထိ ချီတက်ကြမှာပါ။ ပြည်မဘက်က PDF တွေကလည်း နည်းအမျိုးမျိုးဖြင့် စစ်ကောင်စီ အမြစ်ပြတ်သည်အထိ လုပ်ဆောင်သွားကြဖို့ ဒီကနေပြောချင်ပါတယ်။

————————————– 

https://www.facebook.com/106603818242272/posts/249643467271639/?substory_index=0

၅ ဒီဇင်ဘာလ ၂၀၂၁

၁။ Chinland Joint Defense Committee (CJDC) သည် ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၃၀ ရက်တွင် ချင်းအမျိုးသားတပ်ဦး/တပ်မတော် နှင့် ချင်းလူမျိုးများနေထိုင်ရာ မြို့နယ်/ဒေသအလိုက် ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်း၍ ဖက်ဒရယ်ဒီမိုကရေစီနှင့် ချင်းလူမျိုးများ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးအတွက် စစ်ရေးဆိုင်ရာတွင် အချိတ်ဆက်ရှိရှိ၊ ထိထိရောက်ရောက်၊ ပူးပေါင်းဆောင်ရွက်မှု လုပ်ဆောင်သွားရန် ဖွဲ့စည်းထား သော အဖွဲ့အစည်းဖြစ်သည်။

၂။ ၂၀၂၁ ခုနှစ်၊ နိုင်ဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပသော CJDC ၏ Online အစည်းအဝေးဆုံးဖြတ်ချက်အရ အရင်အသုံးပြုခဲ့သော Chinland Defense Force (CDF) Headquarters ၏ Facebook Page ကို Chinland Joint Defense Committee အမည်ဖြင့် ပြောင်းလဲရန် သဘောတူထားကြသည်နှင့်အညီ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့တွင် တရားဝင် ပြောင်းလဲလိုက်ကြောင်း ပြည်သူများကို အသိပေးအပ်ပါသည်။

Chinland Joint Defense Committee (CJDC)