• Today is: Friday, March 29, 2024

ရခိုင်မှာ တကျော့ပြန်တိုက်ပွဲ ပြန်စပြီလား

ရခိုင္မွာ တေက်ာ့ျပန္တုိက္ပဲြ ျပန္စၿပီလား

 

ရခုိင္ျပည္သူေတြ မၾကားခ်င္တဲ့သတင္းတစ္ပုဒ္ကုိ ႏိုဝင္ဘာလ ၉ ရက္မွာ ၾကားလိုက္ရပါတယ္။ အဲဒီသတင္းကုိ အဲဒီေန႔ညေနပုိင္းမွာ မီဒီယာေတြကေနတဆင့္ စၾကားသိခဲ့ရတာျဖစ္ပါတယ္။ သတင္းဆုိးလို႔ပဲ ဆုိရမလား။ သတင္းေကာင္းလို႔ပဲဆုိရမလား။ ေသခ်ာတာကေတာ့ ဘယ္သူမွ ဒီလုိသတင္းမ်ဳိးကုိ ၾကားခ်င္မွာမဟုတ္ပါဘူး။ ဒါေပမဲ့ သတင္းကေတာ့ အမွန္ျဖစ္ခဲ့တာပါ။ အဲဒီသတင္းကေတာ့ ရခိုင္ျပည္နယ္ ေမာင္ေတာၿမိဳ႕နယ္မွာ ရကၡိဳင့္တပ္ေတာ္(AA)နဲ႔ စစ္တပ္တုိ႔ အျပန္အလွန္တုိက္ပဲြေတြစျဖစ္တယ္ဆုိတဲ့သတင္းပါပဲ။

 

ေမာင္ေတာၿမိဳ႕နယ္ ေျမာက္ပိုင္း ေရေနာက္ငါးသားေက်းရြာနဲ႔ ငါးမိုင္ေလာက္ေဝးတဲ့ ေတာင္တန္းမွာ ႏုိဝင္ဘာလ ၉ ရက္ မနက္ ၁၁ နာရီေလာက္က ရကၡိဳင့္တပ္ေတာ္ (AA)နဲ႔ စစ္တပ္တုိ႔ တုိက္ပဲြျဖစ္ခဲ့တာပါ။ ေဒသခံေတြကေတာ့ တုိက္ပြဲျဖစ္တဲ့အခ်ိန္ လက္နက္ႀကီးပစ္သံတခ်ဳိ႕ကုိၾကားခဲ့ရတယ္လုိ႔ ဆုိပါတယ္။ လက္နက္သံေတြေၾကာင့္ ေဒသခံေတြအၾကား စုိးရိမ္မႈေတြလည္း ျမင့္တက္ခဲ့ေပမဲ့ ရပ္ရြာအနီး လက္နက္ေတြက်ေရာက္ေပါက္ကဲြလို႔ ထိခိုက္တာေတြေတာ့ မရွိခဲ့ပါဘူး။

 

ဒီကိစၥနဲ႔ပတ္သက္ၿပီး စစ္ေကာင္စီရဲ႕ ေျပာခြင့္ရသူ ဗုိလ္ခ်ဳပ္ေဇာ္မင္းထြန္းကေတာ့ AA နဲ႔ တုိက္ပဲြျဖစ္ခဲ့တာမဟုတ္ဘဲ ARSA အဖဲြ႕ အင္အား ၃ဝ ေလာက္နဲ႔ ၁ဝ မိနစ္ေလာက္ပဲျဖစ္ခဲ့တာလုိ႔ ႏိုဝင္ဘာလ ၁ဝ ရက္ေန႔မွာ RFA သတင္းဌာနကုိ ေျပာထားပါတယ္။ ၿပီးေတာ့ ေမာင္ေတာနယ္ေျမဘက္ျခမ္းမွာ AA က လႈပ္ရွားတာမ်ိဳး မရွိဘူးလို႔လည္း ဆုိပါတယ္။

 

AA ရဲ႕ေျပာခြင့္ရသူ ခုိင္သုခကေတာ့ AA ထိန္းခ်ဳပ္ထားတဲ့နယ္ေျမထဲကို စစ္တပ္က ဝင္လာတာေၾကာင့္ တိုက္ပြဲစတင္ျဖစ္ပြားခဲ့တာလို႔ မီဒီယာေတြမွာ အတိအလင္းေျပာဆုိထားပါတယ္။ တုိက္ပဲြျဖစ္ခ်ိန္ မိနစ္နည္းနည္းေလာက္ပဲ ၾကာျမင့္ခဲ့ၿပီးတဲ့ေနာက္ ၾကားခံအဖဲြဲ႕အစည္းေတြကေနတဆင့္ ႏွစ္ဘက္ညႇိႏႈိင္းခဲ့ရၿပီး အေျခအေနကေတာ့ ႏုိဝင္ဘာလ ၁ဝ ရက္ ညေနပိုင္းအထိ တင္းမာေနဆဲျဖစ္တယ္လို႔ မီဒီယာတခ်ဳိ႕ကို ေျဖထားတာေတြ႕ရပါတယ္။

 

အခုျဖစ္ပြားခဲ့တဲ့ တိုက္ပြဲအတြင္း စစ္တပ္ဘက္က စစ္သား ၄ ေယာက္ေသဆုံးၿပီး ၇ ေယာက္ ဒဏ္ရာရတယ္လုိ႔ သတင္းရင္းျမစ္ေတြက ေျပာပါတယ္။ ေဒသခံေတြကလည္း စစ္သားေတြဟာ အေရးေပၚေဆးကုသရာမွာ အသံုးျပဳတဲ့ေဆးဝါးပစၥည္းေတြကုိ တုိက္ပဲြျဖစ္တဲ့အနီးတဝုိက္က်န္းမာေရးဌာနေတြဆီကေန ေတာင္းယူသြားတယ္လုိ႔လည္း ေျပာၾကပါတယ္။ စစ္တပ္နဲ႔ AA ဘက္ေတြက အထိအခုိက္အက်အဆံုးရွိ/မရွိဆုိတာကိုေတာ့ ႏွစ္ဘက္စလံုးက ထုတ္မေျပာၾကပါဘူး။ ဒါေပမဲ့ တုိက္ပဲြျဖစ္ၿပီးတဲ့ေနာက္ မၾကာခင္မွာေတာ့ ကင္းေထာက္ေလယာဥ္ေတြပ်ံဝဲေနတာေတြကုိေတာင္ ထူးထူးျခားျခား ျမင္ရတယ္လုိ႔ ေဒသခံေတြက ေျပာပါတယ္။

 

ေျပာရမယ္ဆုိလို႔ရွိရင္ ရခုိင္မွာ ၂ဝ၂ဝ ျပည့္ႏွစ္၊ ႏုိဝင္ဘာလ ၇ ရက္ေလာက္ကေန AA နဲ႔ စစ္တပ္တုိ႔ တုိက္ပဲြေတြရပ္စဲခဲ့တာပါ။ တုိက္ပဲြမျဖစ္ဘဲရွိေနခဲ့တာ တစ္ႏွစ္တင္းတင္းျပည့္ေျမာက္ၿပီးလုိ႔ ရက္ပုိင္းအစြန္းမွာ အခုလို ထိေတြ႕တုိက္ပဲြ ျပန္လည္ စတင္ျဖစ္ပြားလာတာလည္းျဖစ္ပါတယ္။

 

တုိက္ပြဲေတြရပ္စဲထားခ်ိန္မွာ တစ္ဘက္နဲ႔တစ္ဘက္ ဘယ္လုိ သေဘာတူညီခ်က္ေတြရယူထားၾကတယ္္ဆုိတာကိုေတာ့ ႏွစ္ဘက္စလံုးက ျပည္သူေတြကို တိတိက်က်ထုတ္ေဖာ္ေျပာထားတာမရွိပါဘူး။ ေသခ်ာတာကေတာ့ ၾကားခံအဖဲြဲ႕အစည္းေတြကေနဆင့္  အလြတ္သေဘာ နားလည္မႈရယူထားၾကတဲ့သေဘာပဲ ေဆာင္ပါတယ္။ ဒါေၾကာင့္ အခုျပန္လည္ျဖစ္ပြားလာတဲ့တုိက္ပဲြမွာလည္း တကယ္လုိ႔ တစ္ဘက္နဲ႔တစ္ဘက္ညိႇႏႈိင္းလုိ႔ မရရင္ အခ်ိန္မေရြး ျပင္းထန္တဲ့ တုိက္ပဲြေတြျဖစ္ေပၚလာႏုိင္ပါတယ္။

 

AA ဆုိတာကလည္း အရင္တုန္းကလုိမဟုတ္ေတာ့ပါဘူး။ ရခုိင္ျပည္ရဲ႕ ေနရာတုိင္းလိုလုိမွာ ျဖန္႔ၾကက္ေျခကုပ္ရယူႏုိင္ထားၿပီဆုိေတာ့ AA မလႈပ္ရွားတဲ့နယ္ေျမဆုိလို႔ ေခၚျပစရာမရွိေလာက္ေအာင္အထိကို ျဖစ္ေနပါၿပီ။ ဒါေၾကာင့္ စစ္တပ္က တပ္စဲြထားတဲ့ေနရာလို၊ စစ္တပ္က စစ္ေရးလႈပ္ရွားတတ္တဲ့ေနရာေတြလုိမ်ဳိးေတြမွာ AA က အသင့္အေနအထားမွာရွိေနမွာပါ။ ထိန္းခ်ဳပ္ထားတဲ့ေနရာကို က်ဴးေက်ာ္ဝင္လာၿပီး ညိႇမရတဲ့အေနအထားဆုိရင္ တစ္ေနရာတည္းမွာ ျဖစ္မွာမဟုတ္ဘဲ တစ္ျပည္လံုးအတုိင္းအတာနဲ႔ တုိက္ပဲြေတြျပန္ျဖစ္လာႏုိင္တဲ့အေနအထားမွာရွိေနပါတယ္။ ႏွစ္ဘက္စလံုးကလည္း ေသြးဆာေနၾကတ့ဲအခ်ိန္ဆုိေတာ့ ဘယ္ေလာက္ထိ ျပင္းထန္ၾကမလဲဆုိတာ ေတြးၾကည့္ရင္ သိႏုိင္ပါတယ္။

 

ေျပာရမယ္ဆုိရင္ ရခိုင္မွာ ၂ဝ၁၈ ခုႏွစ္၊ ႏုိဝင္ဘာလကစၿပီး ၂ဝ၂ဝ ျပည့္ႏွစ္၊ ႏုိဝင္ဘာလ ၇ ရက္မတိုင္ခင္အထိ ၂ ႏွစ္ၾကာ တုိက္ပဲြေတြ ျပင္းျပင္းထန္ထန္ျဖစ္ပြားခဲ့ပါတယ္။ ဒီတုိက္ပဲြေတြေၾကာင့္ အျပစ္မဲ့အရပ္သား ရခုိင္ျပည္သူ ၃ဝဝ ေက်ာ္ေသဆံုးၿပီး ထိခိုက္ဒဏ္ရာရသူ ၇ဝဝ ေက်ာ္အထိ ရွိခဲ့ပါတယ္။ AA နဲ႔ပတ္သက္တယ္ဆုိၿပီး သံသယနဲ႔ဖမ္းဆီးခံရၿပီးတဲ့ေနာက္ အၾကမ္းဖက္မႈပုဒ္မေတြနဲ႔ တရားစဲြခံခဲ့ရသူေတြဟာလည္း ၂ဝဝ ေက်ာ္အထိ ရွိခဲ့ပါတယ္။ ေနာက္ၿပီး ေနရပ္စြန္႔ခြာထြက္ေျပးခဲ့ရတဲ့ စစ္ေဘးေရွာင္ ၂ သိန္းေလာက္အထိ ရွိခဲ့ပါတယ္။ အဲဒီစစ္ေဘးေရွာင္ေတြဟာ ရပ္ရြာအနီးတုိက္ပဲြေတြျဖစ္ပြားမႈေၾကာင့္ ေနအိမ္ေတြမီးေလာင္ပ်က္စီးသြားခဲ့သူေတြပါဝင္သလုိ ရပ္ရြာအထဲ လက္နက္ႀကီး၊ လက္နက္ငယ္ေတြက်ေရာက္ေပါက္ကဲြမႈေၾကာင့္ မိသားစုေတြေသဆံုးၿပီး ရြာလံုးကၽြတ္ထြက္ေျပးခဲ့ရသူေတြလည္း ပါဝင္ပါတယ္။ လက္နက္ေတြရြာထဲက်ေရာက္ေပါက္ကဲြလုိ႔ မိဘေတြေသဆံုး၊ ဇနီးမယားေတြေသဆံုး၊ လင္ေယာက္်ားေတြေသဆံုး၊ သားသမီးေတြေသဆံုးနဲ႔ ဘဝေတြပ်က္စီးသြားခဲ့တဲ့ အရပ္သားေတြလည္း ဒုနဲ႔ေဒးရွိခဲ့ပါတယ္။ တစ္ခါ ရပ္ရြာအနီး၊ ေတာေတာင္ေတြမွာ မုိင္းေပါက္ကဲြမႈေတြေၾကာင့္ ေသဆံုး၊ ဒဏ္ရာသူေတြလည္း အမ်ားအျပားရွိခဲ့ပါေသးတယ္။

 

ရခုိင္မွာ တစ္ႏွစ္ေလာက္ တုိက္ပဲြေတြမျဖစ္ဘဲ တည္ၿငိမ္ေနခ်ိန္မွာ စစ္ေဘးေရွာင္အမ်ားအျပားဟာ ရပ္ရြာအနီးရွိေနေသးတဲ့ မုိင္းနဲ႔ စစ္လက္နက္အၾကြင္းအက်န္ေတြကုိ ဂ႐ုမစုိက္ႏုိင္ဘဲ ေနရပ္ျပန္သြားၾကၿပီပါမယ္။ ဒါေပမဲ့ ရပ္ရြာအနီး မုိင္းနဲ႔ စစ္လက္နက္အၾကြင္းအက်န္ပစၥည္းေတြကုိ အစိုးရက ရွင္းလင္းမေပးေသးတာေၾကာင့္ ေနရပ္မျပန္ႏုိင္ေသးတဲ့ စစ္ေဘးေရွာင္ ၈ ေသာင္းေလာက္ လက္ရွိအခ်ိန္အထိ စစ္ေဘးေရွာင္စခန္းေတြမွာရွိေနဆဲပါ။ အစားဆင္းရဲ၊ အေနဆင္းရဲနဲ႔ ဒုကၡမ်ဳိးစံုကုိ ခံစားေနၾကရဆဲျဖစ္ပါတယ္။

 

ဒီလိုအခ်ိန္မွာ တုိက္ပြဲျပန္ျဖစ္မွာကုိ ဘယ္စစ္ေဘးေရွာင္ေတြကမွ လုိလားမွာမဟုတ္ပါဘူး။ သူတုိ႔ေတြ ဘဝ ပ်က္စီးသြားခ့ဲရလုိ႔ သူတုိ႔ခံစားေနၾကရတာကို သူတုိ႔ေတြကပဲ အသိဆံုးျဖစ္ပါတယ္။ အခု ေမာင္ေတာမွာျဖစ္ခဲ့တဲ့တုိက္ပဲြကုိ ၿမိဳ႕ေပၚကျပည္သူေတြကေတာ့ အားရတဲ့အေၾကာင္း၊ ဆက္လက္တုိက္ၾကဖုိ႔နဲ႔ ေနာက္မဆုတ္ဘဲ ရခိုင္ျပည္လြတ္လပ္ေရးကုိ ရေအာင္ယူၾကေတာ့ ဘာညာနဲ႔ အြန္လုိင္းေတြမွာေလွ်ာက္ေရးေနၾကတာကို ျမင္ရပါတယ္။ သူတုိ႔ေတြကေတာ့ ၿမိဳ႕ေပၚမွာ အခန္႔သားေနၾကရတာဆုိေတာ့ တုိက္ပဲြအရသာကို သူတုိ႔မသိၾကပါဘူး။ တကယ့္တကယ္ တုိက္ပဲြဒဏ္ကုိ အလူးအလဲခံစားၾကရတာက ေက်းလက္ေန ျပည္သူေတြပါ။ အထူးသျဖင့္ ေတာေတာင္နားေတြမွာရွိတဲ့ ေတာေတာင္ေတြကုိ အမွီျပဳလုပ္ကုိင္စားေသာက္ၾကတဲ့ ျပည္သူေတြပါပဲ။ တုိက္ပဲြေၾကာင့္ တစ္ခါေျပးၿပီးၿပီ။ ေနာက္တစ္ခါ ထပ္မေျပးခ်င္ေတာ့ပါဘူး။ တုိက္ပဲြေၾကာင့္ ပ်က္စီးသြားတဲ့ မိသားစုဘဝကို ျပန္လည္တည္ေဆာက္ဖုိ႔ျပင္ခါစပဲရွိေသး။ ေနာက္ထပ္ေျပးရမယ္ဆုိရင္ သူတုိ႔ေတြရဲ႕ဘဝက ဘယ္လုိျဖစ္သြားမလဲ။ ကုိယ္ခ်င္းစာတတ္ဖုိ႔လိုပါတယ္။

 

ဒါေပမဲ့ ႏွစ္ဘက္ လံုးဝညိႇမရလို႔ တုိက္ပဲြေတြထပ္ျဖစ္ရင္ေတာ့ ျပည္သူေတြ ျပန္ၿပီး စစ္ေဘးေရွာင္ေတြ ျပန္ျဖစ္ၾကရမွာပါပဲ။ အသက္လုထြက္ေျပးၾကရမယ္။ အျပစ္မဲ့ျပည္သူေတြ ေသေၾကၾကမယ္။ စီးပြားဘဝေတြ ပ်က္စီးမယ္။ စစ္ေဘးေရွာင္စခန္းေတြ ျပန္လည္စည္ကားလာမယ္။ စစ္ေဘးေရွာင္ဦးေရေတြ တစ္ေန႔တျခား ထုိးလာမယ္။ ဆင္းရဲတြင္း နက္သထက္နက္လာမယ္။ ပညာေရး၊ စီးပြားေရး၊ လူမႈေရး ဆံုး႐ႈံးနစ္နာမယ္။

 

တကယ္လုိ႔သာ ဒီအခ်ိန္မွာ တုိက္ပဲြေတြျပန္ျဖစ္လာမယ္ဆုိရင္ အေျခအေနက အရင္ကနဲ႔ မတူေတာ့ပါဘူး။ အရင္က တုိက္ပဲြၾကားထဲ ဒုကၡေရာက္ေနၾကတဲ့ ျပည္သူေတြကို ျပည္သူကုိယ္စားျပဳလႊတ္ေတာ္ကုိယ္စားလွယ္ေတြနဲ႔ လူမႈအဖဲြ႕ေတြက သြားေရာက္ကယ္တင္ခဲ့ၾကေပမဲ့ အခုေတာ့ လႊတ္ေတာ္ကိုယ္စားလွယ္ေတြလည္း မရွိေတာ့ဘူး။ ဘယ္သူေတြက ကယ္ထုတ္မလဲ။ လူမႈအဖဲြ႕အစည္းေတြကေကာ သြားရဲၾကပါေတာ့မလား။ အရင္တုန္းက လႊတ္ေတာ္ကုိယ္စားလွယ္ေတြေတာင္ ခက္ခက္ခဲခဲ ခြင့္ေတာင္းၿပီးမွ သြားကယ္ခြင့္ရခဲ့တာ။ အခု စစ္အုပ္ခ်ဳပ္ေရးေခတ္ျပန္ေရာက္ေနခ်ိန္မွာ လူမႈအဖဲြ႕အစည္းေတြကုိ စစ္သားေတြက ဘယ္နည္းနဲ႔မွ သြားကယ္ခြင့္ေပးမွာမဟုတ္ပါဘူး။

 

ေနာက္ၿပီး တုိက္ပဲြေတြျပန္ျဖစ္ရင္ တုိးပြားလာၾကမဲ့စစ္ေဘးေရွာင္ေတြကုိ ဘယ္သူေတြက ကူညီၾကမလဲ။ သူတုိ႔ စားဝတ္ေနေရးအတြက္ ဘယ္သူေတြ တာဝန္ယူၾကမလဲ။ အခုလုိ ေခတ္မေကာင္းလုိ႔ စီးပြားေရးက်ပ္တည္း၊ ကုန္ေစ်းႏႈန္းေတြက ျမင့္တက္ေနတဲ့အတြက္ ျပည္သူတစ္ေယာက္ခ်င္းစီ ကုိယ့္ဒုကၡနဲ႔ကုိယ္လံုးပန္းေနရခ်ိန္မွာ စစ္ေဘးေရွာင္စခန္းေတြကို ဂ႐ုစုိက္ႏုိင္ပါ့မလား။ ေနာက္ၿပီး ဘယ္လႊတ္ေတာ္ကုိယ္စားလွယ္ေတြက တုိက္ပဲြေတြရပ္တန္႔ဖို႔နဲ႔ စစ္ေဘးေရွာင္ေတြကုိ စားနပ္ရိကၡာေတြေထာက္ပံ့ေပးဖို႔ ဘယ္လႊတ္ေတာ္မွာေတာင္းဆုိၾကမလဲ။ လႊတ္ေတာ္ကိုယ္စားလွယ္ေတြလည္းမရွိေတာ့ဘူး။ လႊတ္ေတာ္လည္း မရွိၾကေတာ့ဘူး။

 

တစ္ခါ တုိက္ပဲြေတြ ျပန္ျဖစ္လာမယ္ဆုိရင္ AA နဲ႔ပတ္သက္တယ္ဆုိၿပီး အရပ္သားျပည္သူေတြကုိ အဖမ္းအဆီးေတြလည္း အရင္ထက္ ပိုၾကမ္းလာႏုိင္ပါတယ္။ ဖမ္းၿပီးရင္လည္း တရားစဲြေထာင္ခ်မႈေတြကုိ စစ္ေကာင္စီက ခပ္ၾကမ္းၾကမ္းကိုင္တြယ္ၾကမွာျဖစ္ပါတယ္။ တုိက္ပြဲေတြေၾကာင့္ လူ႔အခြင့္အေရးခ်ဳိးေဖာက္ခံရတဲ့ ရခိုင္ျပည္သူေတြအတြက္ေကာ ဘယ္သူေတြက တာဝန္ယူေျပာရဲၾကမလဲ။

 

အားလံုးက စစ္တပ္ရဲ႕ထိန္းခ်ဳပ္မႈေအာက္ကုိ ေရာက္ေနခ်ိန္ျဖစ္ေနတဲ့အတြက္ တုိက္ပဲြသာ ျပန္ျဖစ္ရင္ အရင္က အေျခအေနထက္ အခုအေျခအေနက အစစအရာရာ ပုိဆုိးသြားႏုိင္ပါတယ္။ ဒါေတြကုိ အားလံုးက ေတြးဆဆင္ျခင္ၾကည့္ၾကဖို႔လိုပါတယ္။

ဆြာကု

 

 

ရခိုင်မှာ တကျော့ပြန်တိုက်ပွဲ ပြန်စပြီလား

 

ရခိုင်ပြည်သူတွေ မကြားချင်တဲ့သတင်းတစ်ပုဒ်ကို နိုဝင်ဘာလ ၉ ရက်မှာ ကြားလိုက်ရပါတယ်။ အဲဒီသတင်းကို အဲဒီနေ့ညနေပိုင်းမှာ မီဒီယာတွေကနေတဆင့် စကြားသိခဲ့ရတာဖြစ်ပါတယ်။ သတင်းဆိုးလို့ပဲ ဆိုရမလား။ သတင်းကောင်းလို့ပဲဆိုရမလား။ သေချာတာကတော့ ဘယ်သူမှ ဒီလိုသတင်းမျိုးကို ကြားချင်မှာမဟုတ်ပါဘူး။ ဒါပေမဲ့ သတင်းကတော့ အမှန်ဖြစ်ခဲ့တာပါ။ အဲဒီသတင်းကတော့ ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ ရက္ခိုင့်တပ်တော်(AA)နဲ့ စစ်တပ်တို့ အပြန်အလှန်တိုက်ပွဲတွေစဖြစ်တယ်ဆိုတဲ့သတင်းပါပဲ။

 

မောင်တောမြို့နယ် မြောက်ပိုင်း ရေနောက်ငါးသားကျေးရွာနဲ့ ငါးမိုင်လောက်ဝေးတဲ့ တောင်တန်းမှာ နိုဝင်ဘာလ ၉ ရက် မနက် ၁၁ နာရီလောက်က ရက္ခိုင့်တပ်တော် (AA)နဲ့ စစ်တပ်တို့ တိုက်ပွဲဖြစ်ခဲ့တာပါ။ ဒေသခံတွေကတော့ တိုက်ပွဲဖြစ်တဲ့အချိန် လက်နက်ကြီးပစ်သံတချို့ကိုကြားခဲ့ရတယ်လို့ ဆိုပါတယ်။ လက်နက်သံတွေကြောင့် ဒေသခံတွေအကြား စိုးရိမ်မှုတွေလည်း မြင့်တက်ခဲ့ပေမဲ့ ရပ်ရွာအနီး လက်နက်တွေကျရောက်ပေါက်ကွဲလို့ ထိခိုက်တာတွေတော့ မရှိခဲ့ပါဘူး။

 

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ AA နဲ့ တိုက်ပွဲဖြစ်ခဲ့တာမဟုတ်ဘဲ ARSA အဖွဲ့ အင်အား ၃ဝ လောက်နဲ့ ၁ဝ မိနစ်လောက်ပဲဖြစ်ခဲ့တာလို့ နိုဝင်ဘာလ ၁ဝ ရက်နေ့မှာ RFA သတင်းဌာနကို ပြောထားပါတယ်။ ပြီးတော့ မောင်တောနယ်မြေဘက်ခြမ်းမှာ AA က လှုပ်ရှားတာမျိုး မရှိဘူးလို့လည်း ဆိုပါတယ်။

 

AA ရဲ့ပြောခွင့်ရသူ ခိုင်သုခကတော့ AA ထိန်းချုပ်ထားတဲ့နယ်မြေထဲကို စစ်တပ်က ဝင်လာတာကြောင့် တိုက်ပွဲစတင်ဖြစ်ပွားခဲ့တာလို့ မီဒီယာတွေမှာ အတိအလင်းပြောဆိုထားပါတယ်။ တိုက်ပွဲဖြစ်ချိန် မိနစ်နည်းနည်းလောက်ပဲ ကြာမြင့်ခဲ့ပြီးတဲ့နောက် ကြားခံအဖွဲ့အစည်းတွေကနေတဆင့် နှစ်ဘက်ညှိနှိုင်းခဲ့ရပြီး အခြေအနေကတော့ နိုဝင်ဘာလ ၁ဝ ရက် ညနေပိုင်းအထိ တင်းမာနေဆဲဖြစ်တယ်လို့ မီဒီယာတချို့ကို ဖြေထားတာတွေ့ရပါတယ်။

 

အခုဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်ဘက်က စစ်သား ၄ ယောက်သေဆုံးပြီး ၇ ယောက် ဒဏ်ရာရတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ ဒေသခံတွေကလည်း စစ်သားတွေဟာ အရေးပေါ်ဆေးကုသရာမှာ အသုံးပြုတဲ့ဆေးဝါးပစ္စည်းတွေကို တိုက်ပွဲဖြစ်တဲ့အနီးတဝိုက်ကျန်းမာရေးဌာနတွေဆီကနေ တောင်းယူသွားတယ်လို့လည်း ပြောကြပါတယ်။ စစ်တပ်နဲ့ AA ဘက်တွေက အထိအခိုက်အကျအဆုံးရှိ/မရှိဆိုတာကိုတော့ နှစ်ဘက်စလုံးက ထုတ်မပြောကြပါဘူး။ ဒါပေမဲ့ တိုက်ပွဲဖြစ်ပြီးတဲ့နောက် မကြာခင်မှာတော့ ကင်းထောက်လေယာဉ်တွေပျံဝဲနေတာတွေကိုတောင် ထူးထူးခြားခြား မြင်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

 

ပြောရမယ်ဆိုလို့ရှိရင် ရခိုင်မှာ ၂ဝ၂ဝ ပြည့်နှစ်၊ နိုဝင်ဘာလ ၇ ရက်လောက်ကနေ AA နဲ့ စစ်တပ်တို့ တိုက်ပွဲတွေရပ်စဲခဲ့တာပါ။ တိုက်ပွဲမဖြစ်ဘဲရှိနေခဲ့တာ တစ်နှစ်တင်းတင်းပြည့်မြောက်ပြီးလို့ ရက်ပိုင်းအစွန်းမှာ အခုလို ထိတွေ့တိုက်ပွဲ ပြန်လည် စတင်ဖြစ်ပွားလာတာလည်းဖြစ်ပါတယ်။

 

တိုက်ပွဲတွေရပ်စဲထားချိန်မှာ တစ်ဘက်နဲ့တစ်ဘက် ဘယ်လို သဘောတူညီချက်တွေရယူထားကြတယ်ဆိုတာကိုတော့ နှစ်ဘက်စလုံးက ပြည်သူတွေကို တိတိကျကျထုတ်ဖော်ပြောထားတာမရှိပါဘူး။ သေချာတာကတော့ ကြားခံအဖွဲ့အစည်းတွေကနေဆင့်  အလွတ်သဘော နားလည်မှုရယူထားကြတဲ့သဘောပဲ ဆောင်ပါတယ်။ ဒါကြောင့် အခုပြန်လည်ဖြစ်ပွားလာတဲ့တိုက်ပွဲမှာလည်း တကယ်လို့ တစ်ဘက်နဲ့တစ်ဘက်ညှိနှိုင်းလို့ မရရင် အချိန်မရွေး ပြင်းထန်တဲ့ တိုက်ပွဲတွေဖြစ်ပေါ်လာနိုင်ပါတယ်။

 

AA ဆိုတာကလည်း အရင်တုန်းကလိုမဟုတ်တော့ပါဘူး။ ရခိုင်ပြည်ရဲ့ နေရာတိုင်းလိုလိုမှာ ဖြန့်ကြက်ခြေကုပ်ရယူနိုင်ထားပြီဆိုတော့ AA မလှုပ်ရှားတဲ့နယ်မြေဆိုလို့ ခေါ်ပြစရာမရှိလောက်အောင်အထိကို ဖြစ်နေပါပြီ။ ဒါကြောင့် စစ်တပ်က တပ်စွဲထားတဲ့နေရာလို၊ စစ်တပ်က စစ်ရေးလှုပ်ရှားတတ်တဲ့နေရာတွေလိုမျိုးတွေမှာ AA က အသင့်အနေအထားမှာရှိနေမှာပါ။ ထိန်းချုပ်ထားတဲ့နေရာကို ကျူးကျော်ဝင်လာပြီး ညှိမရတဲ့အနေအထားဆိုရင် တစ်နေရာတည်းမှာ ဖြစ်မှာမဟုတ်ဘဲ တစ်ပြည်လုံးအတိုင်းအတာနဲ့ တိုက်ပွဲတွေပြန်ဖြစ်လာနိုင်တဲ့အနေအထားမှာရှိနေပါတယ်။ နှစ်ဘက်စလုံးကလည်း သွေးဆာနေကြတဲ့အချိန်ဆိုတော့ ဘယ်လောက်ထိ ပြင်းထန်ကြမလဲဆိုတာ တွေးကြည့်ရင် သိနိုင်ပါတယ်။

 

ပြောရမယ်ဆိုရင် ရခိုင်မှာ ၂ဝ၁၈ ခုနှစ်၊ နိုဝင်ဘာလကစပြီး ၂ဝ၂ဝ ပြည့်နှစ်၊ နိုဝင်ဘာလ ၇ ရက်မတိုင်ခင်အထိ ၂ နှစ်ကြာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ပါတယ်။ ဒီတိုက်ပွဲတွေကြောင့် အပြစ်မဲ့အရပ်သား ရခိုင်ပြည်သူ ၃ဝဝ ကျော်သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၇ဝဝ ကျော်အထိ ရှိခဲ့ပါတယ်။ AA နဲ့ပတ်သက်တယ်ဆိုပြီး သံသယနဲ့ဖမ်းဆီးခံရပြီးတဲ့နောက် အကြမ်းဖက်မှုပုဒ်မတွေနဲ့ တရားစွဲခံခဲ့ရသူတွေဟာလည်း ၂ဝဝ ကျော်အထိ ရှိခဲ့ပါတယ်။ နောက်ပြီး နေရပ်စွန့်ခွာထွက်ပြေးခဲ့ရတဲ့ စစ်ဘေးရှောင် ၂ သိန်းလောက်အထိ ရှိခဲ့ပါတယ်။ အဲဒီစစ်ဘေးရှောင်တွေဟာ ရပ်ရွာအနီးတိုက်ပွဲတွေဖြစ်ပွားမှုကြောင့် နေအိမ်တွေမီးလောင်ပျက်စီးသွားခဲ့သူတွေပါဝင်သလို ရပ်ရွာအထဲ လက်နက်ကြီး၊ လက်နက်ငယ်တွေကျရောက်ပေါက်ကွဲမှုကြောင့် မိသားစုတွေသေဆုံးပြီး ရွာလုံးကျွတ်ထွက်ပြေးခဲ့ရသူတွေလည်း ပါဝင်ပါတယ်။ လက်နက်တွေရွာထဲကျရောက်ပေါက်ကွဲလို့ မိဘတွေသေဆုံး၊ ဇနီးမယားတွေသေဆုံး၊ လင်ယောက်ျားတွေသေဆုံး၊ သားသမီးတွေသေဆုံးနဲ့ ဘဝတွေပျက်စီးသွားခဲ့တဲ့ အရပ်သားတွေလည်း ဒုနဲ့ဒေးရှိခဲ့ပါတယ်။ တစ်ခါ ရပ်ရွာအနီး၊ တောတောင်တွေမှာ မိုင်းပေါက်ကွဲမှုတွေကြောင့် သေဆုံး၊ ဒဏ်ရာသူတွေလည်း အများအပြားရှိခဲ့ပါသေးတယ်။

 

ရခိုင်မှာ တစ်နှစ်လောက် တိုက်ပွဲတွေမဖြစ်ဘဲ တည်ငြိမ်နေချိန်မှာ စစ်ဘေးရှောင်အများအပြားဟာ ရပ်ရွာအနီးရှိနေသေးတဲ့ မိုင်းနဲ့ စစ်လက်နက်အကြွင်းအကျန်တွေကို ဂရုမစိုက်နိုင်ဘဲ နေရပ်ပြန်သွားကြပြီပါမယ်။ ဒါပေမဲ့ ရပ်ရွာအနီး မိုင်းနဲ့ စစ်လက်နက်အကြွင်းအကျန်ပစ္စည်းတွေကို အစိုးရက ရှင်းလင်းမပေးသေးတာကြောင့် နေရပ်မပြန်နိုင်သေးတဲ့ စစ်ဘေးရှောင် ၈ သောင်းလောက် လက်ရှိအချိန်အထိ စစ်ဘေးရှောင်စခန်းတွေမှာရှိနေဆဲပါ။ အစားဆင်းရဲ၊ အနေဆင်းရဲနဲ့ ဒုက္ခမျိုးစုံကို ခံစားနေကြရဆဲဖြစ်ပါတယ်။

 

ဒီလိုအချိန်မှာ တိုက်ပွဲပြန်ဖြစ်မှာကို ဘယ်စစ်ဘေးရှောင်တွေကမှ လိုလားမှာမဟုတ်ပါဘူး။ သူတို့တွေ ဘဝ ပျက်စီးသွားခဲ့ရလို့ သူတို့ခံစားနေကြရတာကို သူတို့တွေကပဲ အသိဆုံးဖြစ်ပါတယ်။ အခု မောင်တောမှာဖြစ်ခဲ့တဲ့တိုက်ပွဲကို မြို့ပေါ်ကပြည်သူတွေကတော့ အားရတဲ့အကြောင်း၊ ဆက်လက်တိုက်ကြဖို့နဲ့ နောက်မဆုတ်ဘဲ ရခိုင်ပြည်လွတ်လပ်ရေးကို ရအောင်ယူကြတော့ ဘာညာနဲ့ အွန်လိုင်းတွေမှာလျှောက်ရေးနေကြတာကို မြင်ရပါတယ်။ သူတို့တွေကတော့ မြို့ပေါ်မှာ အခန့်သားနေကြရတာဆိုတော့ တိုက်ပွဲအရသာကို သူတို့မသိကြပါဘူး။ တကယ့်တကယ် တိုက်ပွဲဒဏ်ကို အလူးအလဲခံစားကြရတာက ကျေးလက်နေ ပြည်သူတွေပါ။ အထူးသဖြင့် တောတောင်နားတွေမှာရှိတဲ့ တောတောင်တွေကို အမှီပြုလုပ်ကိုင်စားသောက်ကြတဲ့ ပြည်သူတွေပါပဲ။ တိုက်ပွဲကြောင့် တစ်ခါပြေးပြီးပြီ။ နောက်တစ်ခါ ထပ်မပြေးချင်တော့ပါဘူး။ တိုက်ပွဲကြောင့် ပျက်စီးသွားတဲ့ မိသားစုဘဝကို ပြန်လည်တည်ဆောက်ဖို့ပြင်ခါစပဲရှိသေး။ နောက်ထပ်ပြေးရမယ်ဆိုရင် သူတို့တွေရဲ့ဘဝက ဘယ်လိုဖြစ်သွားမလဲ။ ကိုယ်ချင်းစာတတ်ဖို့လိုပါတယ်။

 

ဒါပေမဲ့ နှစ်ဘက် လုံးဝညှိမရလို့ တိုက်ပွဲတွေထပ်ဖြစ်ရင်တော့ ပြည်သူတွေ ပြန်ပြီး စစ်ဘေးရှောင်တွေ ပြန်ဖြစ်ကြရမှာပါပဲ။ အသက်လုထွက်ပြေးကြရမယ်။ အပြစ်မဲ့ပြည်သူတွေ သေကြေကြမယ်။ စီးပွားဘဝတွေ ပျက်စီးမယ်။ စစ်ဘေးရှောင်စခန်းတွေ ပြန်လည်စည်ကားလာမယ်။ စစ်ဘေးရှောင်ဦးရေတွေ တစ်နေ့တခြား ထိုးလာမယ်။ ဆင်းရဲတွင်း နက်သထက်နက်လာမယ်။ ပညာရေး၊ စီးပွားရေး၊ လူမှုရေး ဆုံးရှုံးနစ်နာမယ်။

 

တကယ်လို့သာ ဒီအချိန်မှာ တိုက်ပွဲတွေပြန်ဖြစ်လာမယ်ဆိုရင် အခြေအနေက အရင်ကနဲ့ မတူတော့ပါဘူး။ အရင်က တိုက်ပွဲကြားထဲ ဒုက္ခရောက်နေကြတဲ့ ပြည်သူတွေကို ပြည်သူကိုယ်စားပြုလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ လူမှုအဖွဲ့တွေက သွားရောက်ကယ်တင်ခဲ့ကြပေမဲ့ အခုတော့ လွှတ်တော်ကိုယ်စားလှယ်တွေလည်း မရှိတော့ဘူး။ ဘယ်သူတွေက ကယ်ထုတ်မလဲ။ လူမှုအဖွဲ့အစည်းတွေကကော သွားရဲကြပါတော့မလား။ အရင်တုန်းက လွှတ်တော်ကိုယ်စားလှယ်တွေတောင် ခက်ခက်ခဲခဲ ခွင့်တောင်းပြီးမှ သွားကယ်ခွင့်ရခဲ့တာ။ အခု စစ်အုပ်ချုပ်ရေးခေတ်ပြန်ရောက်နေချိန်မှာ လူမှုအဖွဲ့အစည်းတွေကို စစ်သားတွေက ဘယ်နည်းနဲ့မှ သွားကယ်ခွင့်ပေးမှာမဟုတ်ပါဘူး။

 

နောက်ပြီး တိုက်ပွဲတွေပြန်ဖြစ်ရင် တိုးပွားလာကြမဲ့စစ်ဘေးရှောင်တွေကို ဘယ်သူတွေက ကူညီကြမလဲ။ သူတို့ စားဝတ်နေရေးအတွက် ဘယ်သူတွေ တာဝန်ယူကြမလဲ။ အခုလို ခေတ်မကောင်းလို့ စီးပွားရေးကျပ်တည်း၊ ကုန်ဈေးနှုန်းတွေက မြင့်တက်နေတဲ့အတွက် ပြည်သူတစ်ယောက်ချင်းစီ ကိုယ့်ဒုက္ခနဲ့ကိုယ်လုံးပန်းနေရချိန်မှာ စစ်ဘေးရှောင်စခန်းတွေကို ဂရုစိုက်နိုင်ပါ့မလား။ နောက်ပြီး ဘယ်လွှတ်တော်ကိုယ်စားလှယ်တွေက တိုက်ပွဲတွေရပ်တန့်ဖို့နဲ့ စစ်ဘေးရှောင်တွေကို စားနပ်ရိက္ခာတွေထောက်ပံ့ပေးဖို့ ဘယ်လွှတ်တော်မှာတောင်းဆိုကြမလဲ။ လွှတ်တော်ကိုယ်စားလှယ်တွေလည်းမရှိတော့ဘူး။ လွှတ်တော်လည်း မရှိကြတော့ဘူး။

 

တစ်ခါ တိုက်ပွဲတွေ ပြန်ဖြစ်လာမယ်ဆိုရင် AA နဲ့ပတ်သက်တယ်ဆိုပြီး အရပ်သားပြည်သူတွေကို အဖမ်းအဆီးတွေလည်း အရင်ထက် ပိုကြမ်းလာနိုင်ပါတယ်။ ဖမ်းပြီးရင်လည်း တရားစွဲထောင်ချမှုတွေကို စစ်ကောင်စီက ခပ်ကြမ်းကြမ်းကိုင်တွယ်ကြမှာဖြစ်ပါတယ်။ တိုက်ပွဲတွေကြောင့် လူ့အခွင့်အရေးချိုးဖောက်ခံရတဲ့ ရခိုင်ပြည်သူတွေအတွက်ကော ဘယ်သူတွေက တာဝန်ယူပြောရဲကြမလဲ။

 

အားလုံးက စစ်တပ်ရဲ့ထိန်းချုပ်မှုအောက်ကို ရောက်နေချိန်ဖြစ်နေတဲ့အတွက် တိုက်ပွဲသာ ပြန်ဖြစ်ရင် အရင်က အခြေအနေထက် အခုအခြေအနေက အစစအရာရာ ပိုဆိုးသွားနိုင်ပါတယ်။ ဒါတွေကို အားလုံးက တွေးဆဆင်ခြင်ကြည့်ကြဖို့လိုပါတယ်။

ဆြာကု