• Today is: Friday, April 19, 2024

ဖက်ဒရေးရှင်း (Federation)

ဖက်ဒရေးရှင်း (Federation)

ဉာဏ်ကျယ်လေးတို့တစ်တွေ အခုတစ်လော ဘောလုံးနဲ့ဓာတ်ကျနေတယ်ထင်ပါတယ်။ ဒီအပတ်လည်း ဘောလုံး ထရိန်နင်ဆင်းနေကြလေရဲ့။

အရင်အပတ်က နည်းပြကြီးပိုပိုက နော်နော်တို့ကို အသင်းမှာကိုယ်ကျတဲ့နေရာအလိုက် တာဝန်ယူရမှာတွေ ပြောပြီးပြီ။ ဒီနေ့တော့ ပိုပိုက ဘောလုံးအသင်းတစ်ခုမှာလို ဂိုးသွင်းနိုင်ဖို့အရေး ရှေ့တန်းတိုက်စစ်မှူး၊ နောက်တန်းကစားသမား၊ အလယ်တန်းကစားသမားတွေ အပေးအယူမျှတပြီး ပူးပေါင်းဆောင်ရွက်ကြဖို့ အရေးကြီးကြောင်း အသင်းသားတွေကို ထပ်ရှင်းပြနေပါတယ်။

ပိုပို့ အပြောအရဆို ဖက်ဒရေးရှင်းတစ်ခုမှာလည်း မြို့နယ်အစိုးရ၊ တိုင်း/ပြည်နယ်အစိုးရနဲ့ ပြည်ထောင်စုအစိုးရတို့ဟာ မိမိတို့ လုပ်ပိုင်ခွင့်အာဏာနဲ့ တာဝန်တွေ သီးခြားစီရှိကြပေမဲ့ တချို့သောကိစ္စတွေမှာတော့ အစိုးရအဆင့်တွေ အချင်းချင်းကြား ညှိနှိုင်းပြီး ပူးပေါင်းဆောင်ရွက်ဖို့ကလည်း အရေးကြီးပါတယ်။

နောက်အပတ် သောကြာနေ့ ညနေ (၃) နာရီမှာ နောက်ထပ် ဝေါဟာရအသစ်တစ်ခု ထပ်လေ့လာဖို့ ဉာဏ်ကျယ်လေးဖော်နဲ့ ပြန်ဆုံကြမယ်နော်။ 

ဖက်ဒရယ်ဂျာနယ်

ဒီဇင်ဘာ ၃၊ ၂၀၂၁