• Today is: Tuesday, April 16, 2024

ဆောင်းဒဏ်သင့်  ‘မောင်’

ဆောင်းဒဏ်သင့်  ‘မောင်’

*********************

အအေးဒဏ်ဆိုး

ငါ့ရင်တိုး၍

အရိုးဆွေးချင် ဆွေးပါစေ။

တော၊တောင်၊ချောက်ကြား

ပူရှိန်များ၍

သွေးသားဆူချင် ဆူပါစေ။

ဆူး ၊ မြောင်၊ ချိုင့်ဝှမ်း

ခရီးကြမ်း၍

လှမ်းရခက်ချင် ခက်ပါစေ။

အစားအသောက်

ရိက္ခာခြောက်နှင့်

ဗိုက်မှောက်နေချင် နေပါစေ။

ချွေးတစ်ကိုယ်ဖုံး

မြေဖုန်လုံးနှင့်

နုန်းချိနေချင်  နေပါစေ။

(သို့သော်ငြားလည်း)

ငါ့အသက် ကား

ပြည်သူများ၏

ငြမ်းဝါး တစ်တိုင်ဖြစ်စေသတည်း။  ။

ဧရာဝဏ် (မအူပင်) 

ဖက်ဒရယ်ဂျာနယ်

ဒီဇင်ဘာ ၂၊ ၂၀၂၁