• Today is: Friday, March 29, 2024

ကွန်ဖက်ဒရေးရှင်း (Confederation)

ကွန်ဖက်ဒရေးရှင်း (Confederation)

အရင်အပတ်တွေက ဘောလုံး အဝကန်ထားပြီးပြီဆိုတော့ ဒီနေ့တော့ ဉာဏ်ကျယ်လေးဖော် ကစားနည်းပြောင်းပြီး ကြိုးခုန်ကြတယ်။ 

အမြဲလိုလို အဖွဲ့လိုက် ကစားကြတာများပေမဲ့ ဒီနေ့ အဖွဲ့လိုက်ကြိုးခုန်နေရင်း ပိုပိုက နောက်တစ်ခေါက်ခုန်ရင် သူတစ်ယောက်တည်း ခုန်ချင်ကြောင်း ပြောလာတယ်။ ကျန်တဲ့သူတွေလည်း အဖွဲ့လိုက်ခုန်တာ ပျော်စရာ ကောင်းနေရဲ့နဲ့ ဘာလို့တစ်ယောက်တည်း ခွဲပြီး ခုန်ချင်တာလဲဆိုပြီး ဇဝေဇဝါဖြစ်ကုန်ကြတာပေါ့။ အဲဒါနဲ့ ပိုပို ကလည်း အဖွဲ့လိုက်က ပျော်စရာကောင်းပေမဲ့ တစ်ခါတစ်လေမှာ ကိုယ့်ဘာသာ တစ်ယောက်တည်း ခုန်ရတာကို ပိုသဘောကျတဲ့အကြောင်း၊ တစ်ယောက်တည်းကစားပေမဲ့လည်း သူငယ်ချင်းတွေနဲ့ အတူရှိနေမှာ ဖြစ်တဲ့အတွက် အချိန်မရွေးအတူတူ ပြန်ကစားလို့ရတဲ့အကြောင်း ပြောပြတယ်။ 

ပိုပိုက အဲလို သူ့ဘာသာတစ်ယောက်တည်းကစားချင်တာကို ရိုးရိုးတန်းတန်းမတောင်းဆိုဘူးနော်။ လူတစ်ယောက် က အဖွဲ့လိုက်ဖြစ်ဖြစ်၊ တစ်ဦးတစ်ယောက်ချင်းဖြစ်ဖြစ် အချုပ်အခြာအာဏာနဲ့ ဆုံးဖြတ်ချက်ချ ပိုင်ခွင့် အပြည့်အဝ ရှိတဲ့အတွက် ဉာဏ်ကျယ်လေးဖော် အဖွဲ့ဝင်ဖြစ်တဲ့သူ့မှာလည်း သူတစ်ယောက်တည်း ကစားချင်ရင် ကစားခွင့် ရှိသင့်တဲ့အကြောင်းကို ကွန်ဖက်ဒရေးရှင်းနဲ့ ချီပြီး ဩဝါဒပေးလိုက်ပြန်ပါတယ်။ 

နောက်အပတ် သောကြာနေ့ ညနေ (၃) နာရီမှာ နောက်ထပ် ဝေါဟာရအသစ်တစ်ခု ထပ်လေ့လာဖို့ ဉာဏ်ကျယ် လေးဖော်နဲ့ ပြန်ဆုံကြမယ်နော်။

ဖက်ဒရယ်ဂျာနယ်
ဒီဇင်ဘာ ၁၀၊ ၂၀၂၁