• Today is: Saturday, April 20, 2024

ဗဟိုချုပ်ကိုင်မှု (Centralization)

ဗဟိုချုပ်ကိုင်မှု (Centralization)

ဒီနေ့ ကျူရှင်ကအပြန် ဆလိုင်း၊ ရှန်နဲ့ ပိုပိုတို့ နော်နော့်အိမ်ကို ကစားဖို့လိုက်လာကြတယ်။ နော်နော်က သူ့မှာအရုပ်တွေအများကြီးရှိတယ်ဆိုပြီး အိမ်ပြန်လမ်းတစ်လျှောက်လုံး ကြွားစိန်လုပ်လာတယ်။ အိမ်ရောက်တဲ့အခါ သူ့ရဲ့ အရုပ်ပုံးကြီးလည်း ယူချလာရော ကျန်တဲ့သူတွေလည်း ကိုယ်ကြိုက်တဲ့အရုပ်ကို စိတ်ကြိုက်ရွေးပြီး ဆော့ရတော့မယ်ဆိုပြီးပျော်နေကြတာပေါ့။

ပိုပိုက မိုနိုပိုလီဆော့ဖို့ သူငယ်ချင်းတွေနဲ့ အဖော်စပ်နေတုန်းမှာ အရုပ်တွေရင်းထားရတဲ့ နော်နော်က သူကစားချင်တဲ့ ဒိုးဇက်ပဲ အားလုံးဆော့ပေးရမယ်ဆိုပြီး ဗိုလ်ကျပါလေရော။ ကျန်တဲ့သုံးယောက်လည်း သူတို့ကစားချင်တာ မကစားရတဲ့အတွက် အောင့်သက်သက် ဖြစ်သွားတာပေါ့။

နော်နော်တစ်ယောက် အရုပ်ပိုင်ရှင်ဆိုပြီး  ကျန်တဲ့သူတွေ ဘာကစားရမလဲ သူကပဲ ဆုံးဖြတ်ပေးနေတာက “ဗဟိုချုပ်ကိုင်မှု”စနစ် ကျင့်သုံးနေတဲ့ အစိုးရလို ဖြစ်နေတယ်ဆိုပြီး ပိုပိုကတော့ အတင်းပြောရင်း ရှန့်ကို ဆရာကြီးလုပ်နေပါတယ်။

နောက်အပတ် သောကြာနေ့ ညနေ (၃) နာရီမှာ နောက်ထပ် ဝေါဟာရအသစ်တစ်ခု ထပ်လေ့လာဖို့ ဉာဏ်ကျယ်လေးဖော်နဲ့ ပြန်ဆုံကြမယ်နော်။

ဖက်ဒရယ်ဂျာနယ်
ဒီဇင်ဘာ ၁၇၊ ၂၀၂၁