• Today is: Friday, March 29, 2024

NUG ကို တရားဝင်ကူညီနိုင်မယ့် ပြင်ဆင်ချက်ပါဝင်တဲ့ NDAA ဥပဒေကို သမ္မတဘိုင်ဒန် လက်မှတ်ထိုး

ဖက်ဒရယ်ဂျာနယ်
ဒီဇင်ဘာ ၂၈၊ ၂၀၂၁

မြန်မာ့ဒီမိုကရေစီအရေးတွန်းအားပေးနိုင်သလို အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို တရားဝင် မဟာဗျူဟာကျ ကူညီနိုင်မယ့် ပြင်ဆင်ချက်တွေ ပါဝင် တဲ့အမေရိကန်အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့်ဥပဒေ – NDAA သမ္မတ ဂျိုးဘိုင်ဒန်က လက်မှတ်ရေးထိုးလိုက်ပြီဖြစ်ပါတယ်။

၂၀၂၂ ဘဏ္ဏာနှစ်အတွက် NDAA လို့ အတိုကောက်ခေါ်တဲ့ အမျိုးသား ကာကွယ်ရေးလုပ်ပိုင်ခွင့်ဥပဒေ မှာမြန်မာ့အရေးပြင်ဆင်ချက်ပါဝင်တာဖြစ်လို့ စစ်ကောင်စီကို အရေးယူနိုင်ဖို့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို တရားဝင်အသိအမှတ်ပြုကူညီပံ့ပိုးတာတွေ ဖြစ်လာမှာပါ။

ဒီဥပဒေက လာမယ့် ၂၀၂၂ဘဏ္ဍာနှစ်မှာ အမေရိကန်ကာကွယ်ရေးဌာနအတွက် ဒေါ်လာ ဘီလီယံ ၇၄၀ သုံးစွဲခွင့်ပြုမှာဖြစ်ပါတယ်။

အဲဒီဥပဒေကို အမေရိကန်အထတ်လွှတ်တော်အမတ် Mitch McConnell ဦးဆောင်ရေးဆွဲခဲ့တာဖြစ်ပါတယ်။ McConnell ဟာ မြန်မာ့ဒီမိုကရေစီ အရေးအတွက် တောက်လျှောက် ကြိုးစားထောက်ခံ ခဲ့သူဖြစ်ပြီး အမေရိကန် ရဲ့ အဓိကပါတီကြီးနှစ်ခုကဒီဥပဒေကိုပူးပေါင်းပြင်ဆင်ခဲ့တာကို အစောပိုင်း သတင်းတွေကဖော်ပြထားပါတယ်။

အဲဒီဥပဒေမှာ မြန်မာအပေါ် တရုတ်နဲ့ရုရှားရဲ့ မဟာဗျူဟာမြောက် အကျိုး စီးပွားနဲ့ လွှမ်းမိုးတဲ့လုပ်ရပ်တွေကြောင့် မြန်မာနိုင်ငံ လူမျိုးစုပဋိပက္ခပိုကြီးလာ တာကိုပြန်လည်သုံးသပ်ဖို့လည်းပါဝင်ပါတယ်။

ဥပဒေ ပြင်ဆင်ချက်အရ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံတကာ ဖွံ့ဖြိုးမှု အကူအညီပေးရေး အေဂျင်စီ (USAID)၊ ဘဏ္ဍာရေး ဝန်ကြီးဌာနနဲ့ ကာကွယ်ရေးဝန်ကြီးဌာနတို့က အဆင့်မြင့် တာဝန်ရှိသူတွေဟာ မြန်မာ နိုင်ငံဆိုင်ရာ အမေရိကန်အစိုးရရဲ့ မူဝါဒတွေနဲ့ လုံခြုံရေးဆိုင်ရာ ရည်မှန်း ချက်တွေကို ကွန်ဂရက်မှာ လူကိုယ်တိုင် ရှင်းလင်းတင်ပြကြဖို့လိုအပ်မှာ လည်းဖြစ်ပါတယ်။

အမေရိကန်အစိုးရတာဝန်ရှိသူတွေဟာ သက်ဆိုင်ရာလွှတ် တော် ကော်မတီ တွေကို ဥပဒေ ပြဌာန်းပြီး ရက် ၆၀ အတွင်းမြန်မာနိုင်ငံနဲ့ပတ်သက်ပြီး အစီ ရင်ခံတင်ပြရ မှာဖြစ်ပါတယ်။