• Today is: Friday, March 29, 2024

စစ်ကောင်စီကို အထီးကျန်အဖွဲ့ဖြစ်အောင် ဆန့်ကျင်တွန်းလှန်နိုင်ခဲ့ကြသည့် ပြည်သူများကို KIO ဥက္ကဌ ဂုဏ်ပြု

စစ်ကောင်စီကို အထီးကျန်အဖွဲ့ဖြစ်အောင် ဆန့်ကျင်တွန်းလှန်နိုင်ခဲ့ကြသည့် ပြည်သူများကို KIO ဥက္ကဌ ဂုဏ်ပြု

 

ဖက်ဒရယ်ဂျာနယ် (ဇန်နဝါရီ ၁၊ ၂၀၂၂ )

 

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်ကိုပြန်လည် သုံးသပ်ကြည့်သော်အခါ မြန်မာနိုင်ငံဟာနိုင်ငံရေးမတည်ငြိမ်မှုနဲ့ ကိုးဗစ် ကူးဆက်ရောဂါတို့ကြောင့် ပြည်သူလူထုများဟာ တနှစ်ပတ်လုံး ဘက်ပေါင်းစုံမှ ငြိမ်းချမ်းဖွံ့ဖြိုးတိုးတက်နိုင်ဖို့ ကြိုးစားတဲ့လုပ်ငန်းစဉ်များအားလုံးကို ရပ်ဆိုင်းလိုက်ရပြီး တနှစ်ပတ်လုံးအကျိုးမဖြစ်ထွန်းပဲ ဖြတ်ကျော်ခဲ့ရတာ ဖြစ်ပါတယ်။

 

ဒီအဖြစ်အပျက်များဟာ တိုင်းပြည်တခုလုံး လူထုများရဲ့ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဘာသာရေး၊ ယဉ်ကျေးမှုအစရှိသည့် လူမှုဆက်ဆံမှုများအားလုံးကို ရပ်နားလိုက်ရတဲ့ အခြေအနေကို ရောက်ရှိခဲ့ရကြောင်း ကေအိုင်အို ဥက္ကဌ အင်ဘန်လ က နှစ်သစ်မိန့်ခွန်းမှာ ထည့်တွင်းပြောကြားခဲ့ပါတယ်။

 

“အရေးကြီးဆုံးအချက်ကတော့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစပြီးစစ်ကောင်စီ၏ ရက်စက် ကြမ်းကြုတ်သောအပြုအမှုများနဲ့ နိုင်ငံ့အာဏာကိုမတရားသိမ်းပိုက်လိုက်တာကြောင့် မြန်မာပြည်သူလူထုများ ဟာ “အနာပေါ် တုတ်ကျ” ဆိုသလိုအကျဉ်းတန် ဆုတ်ရုပ်မှုများဖြစ်ပေါ် စေခဲ့ပါတယ်”

 

“စစ်ကောင်စီဟာ မတရားအာဏာကိုထိန်းချုပ်နိုင်ဖို့အတွက် မြေပြန့်ဒေသတွင် နေထိုင်သည့် ပြည်သူလူထုများကို ရက်စက်ကြမ်းကြုတ်တဲ့နည်းလမ်းများနဲ့ နေ့စဉ်နဲ့အမျှ နှိပ်စက်သတ်ဖြတ်နေသောကြောင့် လူထုများဟာ စစ်ကောင်စီကိုပြည်သူ့ရန်သူအဖြစ် သတ်မှတ်ကာ စစ်ကောင်စီကိုလက်မခံပဲ နည်းလမ်းပေါင်းစုံနဲ့ ရရာလက်နက် ဆွဲကိုင်ပြီးတော်လှန်နေကြသည့် အခြေအနေတို့ကြောင့် စစ်ကောင်စီဟာ ကြာရှည်မခံနိုင်ပဲပြုတ်ကျလာတော့မယ့် အချိန်အခါ နိမိတ်လကဏ္ခာမြင်တွေ့နေရပါတယ်”

 

“ကေအိုင်အိုအနေဖြင့် ယခုဖြစ်စဉ်များအပေါ် သုံးသပ်ကာ လူထုတို့နဲ့အတူတသားတည်းရှိနေပြီး “ဘယ်သူက မိတ်ဆွေ၊ ဘယ်သူကရန်သူ” ဆိုတာကို ခွဲခြားကာ နိုင်ငံရေးမဟာဗျူဟာလုပ်ငန်းစဉ်များ အမှားမခံဘဲဆက်လက် လူထုနှင့် တသားတည်း ရပ်တည်သွားမှာဖြစ်သလို ကချင်လူထုများအနေဖြင့်လည်း ခွဲခြားသိမြင်နိုင်ပြီး ပူးပေါင်းရပ်တည်နိုင်ဖို့ အရေးကြီးလှပါတယ်”

 

“စစ်ကောင်စီ၏ လုပ်ဆောင်မှုအပေါ် ကချင်လူထုများအတွင်း အမြင်မတူ သဘောထားကွဲလွဲမှုများ ရှိနေမယ်ဆိုတာကို လက်ခံပေမယ့် အဲဒီအမြင်မတူ သဘောထားကွဲလွဲမှုများကို ပြဿနာလို ဖန်တီးပြီး မိမိတို့ ကချင်လူထုများကြား စည်းလုံးညီညွတ်မှုများကွဲပြားအောင် အပြစ်မြင် ပုတ်ခတ်ပြောဆိုမှုများဟာ အားလုံးအတွက် ကျရှုံးမှုရဲ့ ရှေ့ပြေးလက္ခဏာ ဖြစ်သလို လက်တွေ့ ဦးဆောင် တိုက်ပွဲ ဝင်နေတဲ့သူများကို အနှောက်အယှက် ဖြစ်စေမယ်ဆိုတာ သတိချက်စေလိုပါတယ်”

 

“၂၀၂၁ ခုနှစ် တနှစ်ပတ်လုံးဟာ စစ်ကောင်စီပြုတ်ကျရေးအတွက် မြန်မာနိုင်ငံ နေရာအနှံ့ လူထုများအနေဖြင့် ရရာ လက်နက် ဖန်တီးဆွဲကိုင်ပြီး တွန်းလှန်တိုက်ခိုက် တိုက်ပွဲဝင်နေကြသလို ပြည်ပရောက် မြန်မာနိုင်ငံသားများဟာလည်း ရရာနည်းလမ်းပေါင်းစုံတို့ဖြင့် အားကြိုးမာန်တက် တိုက်ပွဲဝင်နေကြသာကိုတွေ့ရပါတယ်”

 

“တနိုင်ငံလုံးလူထုများ၏ စစ်ကောင်စီကို လက်မခံဘဲဆန့်ကျင် တွန်းလှန်နေသောကြောင့် စစ်ကောင်စီဟာ အထီးကျန်အဖွဲ့အနေဖြင့် ရောက်ရှိနေပြီဖြစ်ပါတယ်။ ဒီလိုစစ်ကောင်စီကို အထီးကျန်စွာဖြစ်ပေါ်အောင် ဆန့်ကျင်တွန်းလှန် တိုက်ပွဲဝင်နေကြသည့် တဦးတယောက်ချင်းသော်၎င်း၊ အဖွဲ့အစည်းများအားလုံးကိုသော်၎င်း ဂုဏ်ပြုအပ်ကြောင်း ပြောကြားလိုပါတယ်။

 

ထပ်လောင်းဖြည့်စွက် ပြောချင်တာကကမြန်မာလူထုများအားလုံးဟာ စစ်ကောင်စီကို ပြုတ်ကျအောင် တွန်းလှန် တိုက်ခိုက်နေကြသလို မဟာလူမျိုးကြီးဝါဒ၊ အာဏာရှင်ဝါဒ၊ အစွန်းရောက်ဝါဒများကို အမှန်တကယ် ပပျောက် သွားအောင် တွန်းလှန်တိုက်ခိုက် နိုင်မယ်ဆိုလျှင် အားလုံးမျှော်မှန်းနေသည့် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု ပြည့်၀သည့်အနှစ်သာရဖြစ် တည်ဆောက်နိုင်မည် မုချ ဧကန်ပင်ဖြစ်ပါတယ်” ဟုပြောကြားသည်။

 

မှတ်ချက် – ဂျိန်းဖောဘာသာမှ မြန်မာဘာသာသို့ ဘာသာပြန်ထားခြင်းဖြစ်ပြီး ဘာသာပြန်လိုအပ်ချက်ရှိပါက ဖက်ဒရယ်ဂျာနယ်၏ လိုအပ်ချက်သာဖြစ်ပါသည်။