• Today is: Thursday, March 28, 2024

ကမ္ဘောဒီးယားဝန်ကြီးချုပ် မြန်မာပြည်သူတွေရဲ့ ဆန္ဒသဘောထားကို လေးစားလိုက်နာဖို့ CRPH ထုတ်ပြန်

ဖက်ဒရယ်ဂျာနယ်

ဇန်နဝါရီ ၇၊ ၂၀၂၂

အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို ပူးပေါင်းဆောင်ရွက်မှုမရှိတဲ့ အာဏာ သိမ်းခေါင်းဆောင်နဲ့တွေ့ဆုံမှုအပေါ် လူထုက အမျက်ထွက် စိတ်ပျက်နေတယ်လို့ ဆိုပါတယ်။

ကမ္ဘောဒီးယားဝန်ကြီးချုပ်အနေနဲ့ CRPH ၊ အမျိုးသားညီညွတ်ရေးအစိုးရ အပါအဝင် တရားဝင်အဖွဲ့အစည်းတွေနဲ့သာ ပူးပေါင်းဆောင်ရွက်ဖို့ တိုက်တွန်းထားပါတယ်။

က မ္ဘောဒီးယားဝန်ကြီးချုပ် ဟွမ်ဆန်အနေနဲ့ မြန်မာပြည်သူတွေရဲ့ ဆန္ဒသဘောထားနဲ့ ဒီမိုကရေစီရေးကြိုးပမ်းအားထုတ်မှုတွေကို လေးစားလိုက်နာဖို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က ဒီကနေ့ ဇန်နဝါရီ ၇ ရက်မှာ ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။

 

မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ပြသနာတွေဟာ အတ္တဆန်တဲ့ စစ်ခေါင်းဆောင် တွေကြောင့် ဖြစ်ပွားရတာဖြစ်တယ်လို့ ထုတ် ပြန်ချက်က ဖော်ပြထားပါတယ်။

 

မြန်မာပြည်သူတွေပေါ် ဥပဒေမဲ့ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်နေပြီး လူ့အခွင့် အရေးချိုးဖောက်မှုတွေ နဲ့အကြမ်းဖက်မှုတွေ ပြုလုပ်နေတဲ့ စစ်ခေါင်းဆောင်တွေကို လူ့အသိုက်အဝိုင်းမှ ဖယ်ကျဉ်ထားရမှာဖြစ်ကြောင်းနဲ့ သူတို့နဲ့တွေ့ဆုံဆွေးနွေးလို့ မြန်မာနိုင်ငံနဲ့ပြည်သူလူထုအတွက် အကျိုးတစ်စုံတစ်ရာမရှိဘူးလို့လည်း CRPH က ဆိုပါတယ်။

 

မြန်မာပြည်သူများဟာ ဟွန်ဆင်ကို မကြိုဆိုကြောင်းနဲ့ မြန်မာပြည်မလာဖို့ ဟွန်ဆင်ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ မျိုးစုံ သွားရောက် Comment တွေပေးပြီး ဆန္ဒပြနေကြတာကြောင့် မနေ့ညက ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆင်ရဲ့ လူမှုကွန်ရက် စာမျက်နှာ Comment Box ပိတ်ပစ်လိုက်ရသာ ကြုံခဲ့ရပါတယ်။