• Today is: Wednesday, April 24, 2024

အိုင်စီဂျီ အစီရင်ခံစာ(၂)

အိုင်စီဂျီ အစီရင်ခံစာ(၂)

(၂) အာဏာသိမ်းပြီးနောက် လူမျိုးစု ပဋိပက္ခများ

အာဏာသိမ်းပြီး ကိုးလ အတွင်း နိုင်ငံအတွင်း ရှိ ဖြစ်ပွားနေသော တိုင်းရင်းသား လူနည်းစုများ နှင့် ပဋိပက္ခသည် ပို၍ ရှုတ်ထွေးပြီး မြန်ဆန်လှသော အပြောင်းအလဲများ ဖြစ်‌‌ပေါ်လာသည့် အနေအထား အသစ်တခုသို တက်လှမ်းလာခဲ့ပြီ ဖြစ်သည်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အဖို့ ပိုမိုခက်ခဲသော မဟာဗျုဟာမြောက် ဆုံးဖြတ်ချက်များကို မဖြစ်မနေ ချမှတ်လာခဲ့ကြရသည်။ တခါတရံ တွင် ၎င်းတို့ ထိန်းချုပ်ရာ ဒေသများရှိ တိုင်းရင်းသားများက စစ်တပ်အား အရှိန်မြှင့် တိုက်ခိုက်ရန်ပင် ဖိအားပေးခြင်း ခံလာခဲ့ရပြန်သည်။

(က) ရှေ့သို့ လှမ်းထွက်လာသော KIO နှင့် KNU

အာဏာသိမ်းပြီး ကိုးလ အတွင်း နိုင်ငံအတွင်း ရှိ ဖြစ်ပွားနေသော တိုင်းရင်းသား လူနည်းစုများ နှင့် ပဋိပက္ခသည် ပို၍ ရှုတ်ထွေးပြီး မြန်ဆန်လှသော အပြောင်းအလဲများ ဖြစ်‌‌ပေါ်လာသည့် အနေအထား အသစ်တခုသို တက်လှမ်းလာခဲ့ပြီ ဖြစ်သည်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အဖို့ ပိုမိုခက်ခဲသော မဟာဗျုဟာမြောက် ဆုံးဖြတ်ချက်များကို မဖြစ်မနေ ချမှတ်လာခဲ့ကြရသည်။ တခါတရံ တွင် ၎င်းတို့ ထိန်းချုပ်ရာ ဒေသများရှိ တိုင်းရင်းသားများက စစ်တပ်အား အရှိန်မြှင့် တိုက်ခိုက်ရန်ပင် ဖိအားပေးခြင်း ခံလာခဲ့ရပြန်သည်။

အချို့က အသစ် ဖွဲ့စည်း ပေါ်ပေါက်လာသော လက်နက်ကိုင် အဖွဲ့များအား လေကျင့်ပေးခြင်း၊ လိုအပ်သည်များ ထောက်ပံ့ပေးခြင်း အဖြင့် အတူတွဲ၍ပင် စစ်တပ်ကို တိုက်ခိုက်ခဲ့ကြသည်။ တိုင်းရင်းသား လက်နက်ကိုင် အုပ်စုမျာသည် ၎င်းတို့ ဒေသအတွင်း ရောက်လာကြသော တော်လှန်ရေး အဖွဲ့သစ်များ နှင့် ပို၍ နီးနီးစပ်စပ် ရှိလာကြသည်။ ထိုအနေအထားကို ချင်း၊ ကယား၊ ကချင် နှင့် ကရင် ပြည်နယ်များတွင် တွေ့လာရသည်။

အဓိက မေးခွန်းတရပ် အဖြစ် ထွက်ပေါ်လာရသည်က ယခုလို အနေအထား အသစ် နှင့် ရင်ဆိုင်လာရသော တိုင်းရင်းသား လက်နက်ကိုင် အုပ်စုများသည် NUG သို့မဟုတ် နေပြည်တော်ရှိ စစ်ကောင်စီ တဖွဲ့မဟုတ် တဖွဲ့ နှင့် ပူးပေါင်းမည်လော၊ ပူးပေါင်းမည် ဆိုကလည်း မည်သည့်အတိုင်းအတာအထိ ရှိနိုင်မည်လဲ ဆိုသည်ပင် ဖြစ်သည်။

(က) ရှေ့သို့ လှမ်းထွက်လာသော KIO နှင့် KNU

KIO နှင့် KNU အဖွဲ့အစည်းများ နှင့် ၎င်းတို့၏ လက်နက်ကိုင် အဖွဲ့များ ဖြစ်သော KIA နှင့် KNLA တို့သည် နှစ်အတန်ကြာ သိသိသာသာ ငြိမ်သက်နေခဲ့ရာမှ မတ်လ မှ စ၍ စစ်တပ် အပေါ် ပို၍ တင်းမာစွာ ဆက်ဆံလာခဲ့ကြသည်၊ နိုင်ငံတွင်း အင်အားအကြီးမားဆုံး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များထဲတွင် ပါဝင်နေကြသည့် အဆိုပါ နှစ်ဖွဲ့စလုံးသည် စစ်တပ်၏ ဖမ်းဆီး နှိပ်စက်မှုများ မှ ရှောင်တိမ်းနိုင်ရန် ရောက်ရှိလာကြသည့် လွှတ်တော်အမတ်များ၊ ဆန္ဒပြ အလုပ်သမားများ အပါအဝင် ပြည်သူများအား ခိုလှုံခွင့် ပေးခဲ့ကြသည့် အပြင် ၎င်းတို့၏ တပ်ဖွဲ့ဝင်များ က စစ်စခန်း များကို တိုက်ခိုက်သိမ်းယူခြင်း နှင့် စစ်ကြောင်းများကို ပါ ခြုံခို တိုက်ခိုက်လာခဲ့ကြသည်။ မြို့ပြ မြေအောက် တော်လှန်ရေး အုပ်စုများ နှင့် PDF များကိုလေ့ကျင့် သင်ကြားပေးခဲ့ကြပြီး PDF များကို ၎င်းတို့၏ နယ်မြေများ အတွင်း စစ်ဆင်ရေး များ တွင် အသုံးပြုခဲ့ကြသည်။ သို့သော် စစ်တပ်အား မီးကုန်ယမ်းကုန် ထိုးစစ်ဆင် တိုက်ခိုက်ရန်ကိုမူ ရှောင်လျားခဲ့ကြပြီး စစ်မျက်နှာကို အကန့်အသတ် ထားကာ တိုက်ခိုက်ခဲ့ကြသည်။

ဤသည်မှာလည်း အကြောင်းများစွာ ရှိနေပြန်သည်၊ အာဏာသိမ်းမှု ဖြစ်ပွားလာပြီးနောက် တွင် ၎င်းတို့ ဩဇာလွှမ်းမိုးရာ ဒေသများရှိ တိုင်းရင်းသားများသည် နိုင်ငံတဝှမ်းရှိ အခြား ဒေသများကဲ့သို့ပင် စစ်အာဏာသိမ်း အဖွဲ့ကို ဆန့်ကျင်လာခဲ့ကြသည်။ KNU နှင့် KIA အဖွဲ့အစည်း နှစ်ခု စလုံးသည် မိမိတို့ ဒေသများ အတွင်းရှိ မြို့ပြ အဖွဲ့အစည်းများ၊ ဘာသာရေး ခေါင်းဆောင်များ နှင့် အောက်ခြေ ပြည်သူများ၏ အမြင်များကို တလေးတစား နားထောင်တတ်သည့် အစဉ်အလာများ ရှိထားခဲ့ကြပြီး ဖြစ်သည်။ ၎င်းတို့ တိုင်းရင်းသားများကို အကာအကွယ် ပေးရန် တာဝန်ရှိသည်ဟုလည်း ခံယူထားကြသူများ ဖြစ်ပြန်သည်။ ထို့အတွက် ကချင် နှင့် ကရင်ပြည်နယ်များ ရှိ ဆန္ဒပြမှုများကို စစ်တပ်မှ အကြမ်းဖက် နှိမ်နှင်းလာသည့် အခါတွင်တော့ လက်နက်ကိုင် တွန်းလှန်နိုင်မှ ဖြစ်တော့မည် ဆိုသော ခံယူချက်များ လူထု အတွင်း အရှိန်အဟုန် ပြင်းစွာ စတင် ပေါ်ပေါက်လာခဲ့တော့သည်။

ထို့အတွက် KNU နှင့် KIO အဖွဲ့များလည်း လူထု ဆန္ဒကို မဖြစ်မနေ လိုက်လျောရဖို့ ဖြစ်လာခဲ့ရသည်။ ထိုသို့ မလိုက်လျောပါက ၎င်းတို့ အပေါ် ယုံကြည် ကိုးစားနေမှုများ ထိခိုက်ခံရတော့မည် ဖြစ်သည့်အပြင် လူထု အတွင်း ၎င်းတို့ဖာသာ လက်နက်ကိုင် အဖွဲ့များ တည်ထောင်လာသည့် အဆင့်အထိ ရောက်ရှိသွားနိုင်ပေသည်။ ထို့အတွက် အဆိုပါ နှစ်ဖွဲ့ စလုံးသည် ၎င်းတို့ ပြည်နယ်များ အတွင်း အစဉ်အလာဖြင့် မားမားမတ်မတ် ရပ်တည် ပေးခဲ့သည် ဆိုသော အနေအထားကို ထိန်းသိမ်းရဖို့ ဖြစ်လာသည်၊ တဆက်တည်းမှာပင် အသစ် ဖွဲ့စည်း ပေါ်ပေါက်လာသည့် လက်နက်ကိုင် အဖွဲ့များကိုလည်း ၎င်းတို့၏ ထိန်းချုပ်မှု အောက်သို့ အခိုင်အမာ ထည့်သွင်းထားနိုင်မှ ဖြစ်မည်ဟု ခံယူလာကြသည်။

တချိန်တည်းမှာပင် အဆိုပါ အဖွဲ့အစည်း များ အတွင်း ကာလကြာမြင့်စွာက ရှိနေခဲ့သော သဘောကွဲလွဲမှု များက ဖုံးဖိ၍ မရအောင် ထွက်‌ပေါ်လာခဲ့သည်။ အထူးသဖြင့် KNU အဖွဲ့ အတွင်း ပို၍ သိသာ ထင်ရှားလာခဲ့သည်။ KNU ဥက္ကဌ မူတူး ဆေးဖိုးနှင့် KNLA စစ်ဦးစီးချုပ် စောဂျော်နီ တို့က စစ်အုပ်စုနှင့် သ‌ဘောကွဲလွဲမှုများကို NCA လုပ်ငန်း ဘောင် အတွင်း မှ ဖြေရှင်းရမည်ဟု လအတန်ကြာ တစိုက်မတ်မတ် ပြောဆိုနေခဲ့ကြသည်။ သို့မဟုတ်က တိုက်ပွဲများ အရှိန်မြင့်လာသည်နှင့် အမျှ ဒေသခံ ပြည်သူများ အတွက် အန္တရာယ် ရှိလာနိုင်သည်ဟုလည်း ထောက်ပြခဲ့ကြသည်။ သို့သော် KNU ဒုဥက္ကဌ နော်ဇစ်ပိုရာစိန် နှင့် မူထရော (ဖာပွန်) ဒေသတွင် အခြေစိုက်သည့် KNLA ၏ အင်အားအကြီးဆုံး တပ်မဟာ (၅) ခေါင်းဆောင်ပိုင်းကမူ NCA သည် ပျက်ပြယ်သွားပြီဟု ‌ကြေညာခဲ့ကြပြီး တိုင်းရင်းသား လက်နက်ကိုင် အုပ်စုများကိုလည်း NUG, PDF တို့နှင့် လက်တွဲပြီး စစ်တပ်ကို ချေမှုန်းကြရန် တိုက်တွန်းလာခဲ့သည်။

၂၀၂၁ ဒီဇင်ဘာလ ထဲတွင်တော့ စစ်တပ်နှင့် KNLA အကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလာခဲ့ရာ လေးကေ့ကော် ဒေသရှိ PDF များ မှ ဝင်ရောက်ကူညီ တိုက်ခိုက်ပေးခဲ့ကြသည်။ ဤသို့ဖြင့် စစ်တပ်ကို တိုက်ခိုက်မှ ဖြစ်တော့မည်ဟု KNU ခေါင်းဆောင်များ အားလုံး တညီတညွတ်တည်း ရပ်တည်လာခဲ့ကြပေတော့သည်။

ဇန်နဝါရီ ၂ ရက်နေ့တွင် ကျရောက်သော ကရင် နှစ်သစ်ကူးနေ့တွင် ဥက္ကဌ မူတူး ဆေးဖိုးက အာဏာသိမ်းမှုကြောင့် မိမိတို့ အဖွဲ့၏ ငြိမ်းချမ်းရေး ရရှိရန် ကြိုးပမ်းခဲ့မှုများသည် “ရေစုံမျောသွားရပြီ” ဖြစ်ကြောင်း နှင့် စစ်တပ် မှ ၎င်းတို့၏ လုပ်ရပ်များ သိသိသာသာ ပြောင်းလဲခြင်း မရှိက ထပ်မံ ဆွေးနွေးဖို့ မဖြစ်နိုင်တော့ကြောင်း ပြောဆိုသွားခဲ့သည်။

Hla Soewai (လှစိုးဝေ)

ဖက်ဒရယ်ဂျာနယ်
ဇန်နဝါရီ ၁၅၊ ၂၀၂၂