• Today is: Friday, March 29, 2024

ဗဟိုဦးစီးစနစ်မှသည် ဖက်ဒရယ်စနစ်ဆီသို့

▄  ဗဟိုဦးစီးစနစ်မှသည် ဖက်ဒရယ်စနစ်ဆီသို့

-(ပုံနှင့်တကွ အတိုချုပ်ဖော်ပြချက်)

▣ ဗဟိုဦးစီးစနစ်မှသည်

  • ဗဟိုဦးစီးစနစ်တွင် ဗဟိုအစိုးရ၏ အခန်းကဏ္ဍကြီးမားသကဲ့သို့ တင်းကျပ်၍ ရှည်လျားသောချုပ်ကိုင်ရေး လက်တံများလည်း ရှိသည်။
  • ဗဟိုဦးစီးစနစ်ကို၊ အာဏာရှင်နိုင်ငံများနှင့် စပ်ကြားအစိုးရစနစ်များတွင် တွေ့ရလေ့ရှိသည်။
  • အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် ဥပဒေပြုရေးဟူသော အာဏာခွဲဝေထားခြင်း မရှိတတ်ချေ။
  • ဗဟို၌အာဏာခွဲဝေကျင့်သုံးမှုရှင်နေလျှင်လည်း၊ များသောအားဖြင့် လူတစ်စု၊ အဖွဲ့တစ်ဖွဲ့၊ လူမျိုးတစ်မျိုး၊ ပါတီတစ်ခုတည်းက လွှမ်းမိုးချုပ်ကိုင်ထားလေ့ရှိတတ်သည်။
  • ပြည်နယ်အစိုးရအဖွဲ့ရယ်လို့ မရှိ။ အကယ်၍ ပြည်နယ်အစိုးရအဖြစ် နာမည်တပ်ဖွဲ့စည်းထားလျှင်လည်း၊ လွတ်လပ်သောလုပ်ပိုင်ခွင့် မရှိ။ အခန်းကဏ္ဍတိုင်းကို ဗဟိုအစိုးရတစ်ရပ်တည်းကသာလျှင်၊ ဦးစီးချုပ်ကိုင်ထားသည်။
  • ပြည်နယ်အစိုးရများသည်၊ ဗဟိုအစိုးရအဖွဲ့က ချမှတ်သော အထက်အမိန့်အတိုင်းသာ အုပ်ချုပ်စီမံသည့် (ထက်-အောက်စနစ်) ကို ကျင့်သုံးသည်။
  • ဗဟိုဦးစီးစနစ်ကို ကြီးနီစနစ်ဟုလည်း ခေါ်သည်။
  • မြန်မာနိုင်ငံတွင် တော်လှန်ရေးကောင်စီအစိုးရ၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအစိုးရနှင့် နဝတ ၊ နအဖ စစ်အစိုးရ လက်အောက်တွင် ဗဟိုဦးစီးချုပ်ကိုင်မှုစနစ်ကို ပီပီပြင်ပြင် ကျင့်သုံးခဲ့သည်။

▣ ဖက်ဒရယ်စနစ်ဆီသို့

  • ဖက်ဒရယ်စနစ်၌ ပြည်နယ်အစိုးရနှင့် ဗဟိုအစိုးရဟူ၍ အစိုးရနှစ်ရပ်ရှိသည်။
  • အဆိုပါ အစိုးရနှစ်ရပ်အကြား၊ အပြန်အလှန် အာဏာခွဲဝေကျင့်သုံးသည်။ ထို့ကြောင့် ပုံ၌ ဖော်ပြထားသော မျှားသည် အပြန်အလှန်သဘော ဖြစ်ကြောင်းတွေ့နိုင်သည်။ တစ်ဖက်သတ် မဟုတ်။ အတင်းအကျပ်မျိုး မဟုတ်။
  • ဖက်ဒရယ်စနစ်ဖြစ်လျှင် ဒီမိုကရေစီလည်း ဖြစ်ထွန်းပြီးဖြစ်သောကြောင့် အာဏာမဏ္ဍိုင် (၃) ရပ်ကို သီးခြား ပီပြင်စွာ ခွဲခြားထားသည်တွေကို တွေ့ရလိမ့်မည်။
  • အစိုးရနှစ်ရပ်စလုံးတွင် ဖွဲ့စည်းပုံအခြေခံဥပဒေက အာမခံထားသော သီးခြားအုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေးအာဏာနှင့် ဥပဒေပြုရေးအာဏာကိုယ်စီ ရှိနေသည်။
  • ဖက်ဒရယ်စနစ်၌ ပြည်နယ်အစိုးရနှင့် ဗဟိုအစိုးရအကြား အာဏာခွဲဝေကျင့်သုံးသော Power Sharing ရှိသလို၊ သက်ဆိုင်ရာအစိုးရအဖွဲ့အတွင်းမှာလည်း အာဏာမဏ္ဍိုင် (၃) ရပ်ကို အချင်းချင်း အပြန်အလှန် ထိန်းကျောင်းနိုင်ရန် ရေပြင်ညီအတိုင်း ခွဲခြားထားသော separation of power ရှိသည်။

မင်းသေ့ ရေးတယ်

ဖက်ဒရယ်ဂျာနယ်
ဇန်နဝါရီ ၁၈ ၊ ၂၀၂၂