• Today is: Saturday, April 20, 2024

နွေဦးထဲက မြို့ (ချစ်လှစွာသော လေးကေ့)

နွေဦးထဲက မြို့ (ချစ်လှစွာသော လေးကေ့)

လူခြေမဲ့မြို့လေးထဲ

ဝမ်းနည်းစွာနဲ့ မြင်ရတယ်။

တိတ်ဆိတ်ခြင်းမှာ မရွှင်ပြုံး

နှလုံးနာဖွယ် ။

ငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ်

လမ်းနှစ်သွယ်တွက် ကျားကန်ရုန်း။

စစ်မီးတောက်နေခြင်းမှ

နောက်တစ်နွေ ကင်းနိုင်ချင်ရဲ့ တဲ့

မောင့်ခင် ရယ် …ကြေကွဲစရာပါလား

နွေထဲမှာ ပျက်စီးခဲ့သမျှတော့

(ဘဝမှာ လေ)

စိတ်နာရဆုံး ။       ။

ရဲဘော် Scope