• Today is: Thursday, April 25, 2024

ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် (Self-determination)

ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် (Self-determination)

ဉာဏ်ကျယ်လေးဖော်မှာလည်း သူတို့ပုံဖော်ချင်တဲ့ အနာဂတ်ရည်မှန်းချက်တွေ ကိုယ်စီရှိကြပါတယ်။ ဒီနေ့တော့ အဲ့ဒီ အနာဂတ်ရည်မှန်းချက်တွေကိုပုံဖော်တဲ့အနေနဲ့ ကိုယ်ဖြစ်ချင်တာကို ကိုယ်စားပြုတဲ့ ဝတ်စုံလေးတွေနဲ့ အမှတ်တရ ဓာတ်ပုံရိုက်ကြဖို့ ချိန်းထားကြတယ်။

ချိန်းထားတဲ့နေရာကို လူစုံတက်စုံ ဝတ်စုံကိုယ်စီနဲ့ ရောက်လာကြပါပြီ။ ဘောလုံးအင်္ကျီဝတ်ပြီး ရောက်ချလာတာက ဆလိုင်းပါ။ ပရော်ဖက်ရှင်နယ် ဥယျာဉ်မှူးလုပ်မယ့် နော်နော်ကလည်း ကိရိယာအစုံအလင်နဲ့ ဝါးခမောက်ဆောင်းပြီး ရောက်ချလာပါတယ်။ ပိုပိုကလည်း တရားသူကြီး ဝတ်စုံပြည့်နဲ့ ခန့်ခန့်ကြီးပါပဲ။ ကျောင်းဆရာဖြစ်ချင်တဲ့ ရှန်ကတော့ အဖြူ၊ အစိမ်းလေး ဝတ်လာတယ်။

အဲ့လိုနဲ့ ဉာဏ်ကျယ်လေးဖော်တို့က ကိုယ်ဖြစ်ချင်တဲ့ အနာဂတ်ရည်မှန်းချက်တွေကို ကိုယ်တိုင်စိတ်ကြိုက် ပုံဖော်ပြသကြတယ်။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုတာဟာလည်း ကိုယ့်ကံကြမ္မာ ကိုယ်တိုင်ဖန်တီး ဆုံးဖြတ်နိုင်ခွင့် ရှိတာကို အဓိကရည်ညွှန်းပါတယ်။။

နောက်အပတ် သောကြာနေ့ ညနေ (၃) နာရီမှာ နောက်ထပ် ဝေါဟာရအသစ်တစ်ခု ထပ်လေ့လာဖို့ ဉာဏ်ကျယ် လေးဖော်နဲ့ ပြန်ဆုံကြမယ်နော်။

ဖက်ဒရယ်ဂျာနယ်
ဖေဖော်ဝါရီ ၁၁၊ ၂၀၂၂