• Today is: Sunday, May 29, 2022

မျှော်လင့်ခြင်းအလင်းတန်

“မျှော်လင့်ခြင်းအလင်းတန်း”

ငြိမ်းချမ်းရေးဆီ မှန်းလို့ရည်

သွေးသားနဲ့တည် ရေးခဲ့လေပြီ

သမိုင်းသက်သေ ကမ္ဘာမြေသိ

အရိုးကြေကြေ အသက်သေသေ

လွတ်လပ်တဲ့မြေ ပြည်တိုင်းမှာလေ

သွေးစိတ်မရွံ့ လက်မတွန့်ပေ

လက်သုံးချောင်းလဲ ထောင်ခဲ့ပြီ

လက်ညှိုးလေးလဲ ကွေးရပြီ

အဝတ်ဆွေးလဲ ဝတ်ခဲ့ပြီ

ထမင်းတိုးလဲ   စားခဲ့ပြီ

ရဲရဲတောက်လို့ တို့လက်ညီ

စစ်ကျွန်းမျိုးကန်းတို့ ကြွတော့မည်

ထွန်းလင်းလှတဲ့အနာဂတ်ဆီ

ငါတို့တတွေလက်တွဲညီ

စည်းလုံးခြင်းသည် အားဖြစ်သည်။

 

နေထွတ်ရှိန်