• Today is: Thursday, March 28, 2024

ရဲရဲတောက်ငှက် ဇာမဏီ

“ရဲရဲတောက်ငှက် ဇာမဏီ”

တောတွင်းနေရာ စခန်းသာတွင်

ခန္ဓာပေးဆပ် တိုင်းပြည်တွက်နှင့်

နေ့ရက်တိုင်းမှာ စစ်ပညာတွေ

လေ့လာသင်ကြား နေမနားဘဲ

ကြိုးစားလုံ့လ ဥဿ     ဟဖြင့်

ဘဝအပ်နှင်း သူငယ်ချင်းရာ

မင်းခံယူချက် ရပ်တည်ချက်နှင့်

ဆုံးဖြတ်ချက်ဟာ မှန်ကန်ပါပေါ့

ပြည့်အာဇာနည် မောင်စစ်သည်ကြီး

ဒီတော်လှန်ရေး ဒီအရေးမှာ

စတေးပေးဆပ် နိုင်ငံတွက်နှင့်

အသက်စွန့်မှု ရဲဝံ့မှုကို

ဂုဏ်ပြုနေဆဲ ဂုဏ်ယူမြဲပါ

ရဲရဲတောက်ငှက် ဇာမဏီ။

နွေဦးအာကာ