• Today is: Friday, March 29, 2024

အရေးတော်ပုံ အောင်ရမည်

“အရေးတော်ပုံ အောင်ရမည်”

အာဏာရှင်အောက် မကျရောက်ဖို့

မကြောက်မရွံ့ ရဲရဲဝံ့လျက်

သက်စွန့်ဆံဖျား ရဲစိတ်များဖြင့်

ကျောင်းသားလူထု တပ်ပေါင်းစုကာ

ခွေးပုကောင်စုတ် အမျိုးယုတ်ကို

သုတ်သင်ချေမှုန်း အမြစ်တုံးအောင်

အားလုံးလက်တွဲ သပိတ်နွှဲ၍

တိုက်ပွဲကိုဝင် အာဏာရှင်အား

ဆန့်ကျင်တွန်းလှန် ရဲစိတ်မာန်နှင့်

ဧကန်တိုက်ထုတ် စုပေါင်းလုပ်မှ

ပြုတ်ကျအစဉ် အာဏာရှင်တွေ

နောင်တွင်စဉ်မြဲ မပေါ်ရဲအောင်

ဒီပွဲသည်သာ နောက်ဆုံးပါဟ

စိတ်မှာရည်မှတ် ဒို့မျိုးဆက်တွေ

လက်တွဲညီညာ စုပေါင်းကာဖြင့်

အာဏာရှင်ခွေး ပြုတ်ကျရေးတွက်

အရေးတော်ပုံ အောင်ရမည်။

နွေဦးအာကာ