• Today is: Thursday, April 25, 2024

အချိုးမညီမှု/ အချိုးညီမှု (Asymmetry/ Symmetry)

အချိုးမညီမှု/ အချိုးညီမှု (Asymmetry/ Symmetry)

ဉာဏ်ကျယ်လေးဖော်ကတော့ ကစားတာတင်မဟုတ်ဘဲ စားတာမှာလည်း အားသန်ပါသေးတယ်။ အခုလည်း ကိတ်မုန့်တွေ ကြိုက်သလောက်စားလို့ရအောင် ကျောင်းပိတ်ရက်မှာ မုန့်ဖုတ်သင်တန်းတက်နေကြပြန်ပါပြီ။

စစချင်းနေ့မှာတော့ သင်တန်းကပေးတဲ့ စာရွက်ထဲက နည်းအတိုင်း လေးယောက်လုံး ပုံစံတူကိတ်မုန့်ဖုတ်ကြရတယ်။ ပုံစံတူဖုတ်ရတာဆိုတော့ ပုံစံရော၊ အရသာပါ တူနေရမှာနော်ဆိုပြီး ရှန်တစ်ယောက် အားလုံးကို လှမ်းသတိပေးလိုက်သေးတယ်။

မုန့်ဖုတ်သင်တန်းက ရက်လေးလည်းကြာလာ၊ သူတို့လည်း အတိုင်းအဆတွေ အချိုးအဆတွေ သိပြီး အတွေ့အကြုံရင့်လာတော့ ကိုယ်နှစ်သက်တဲ့ အရသာ၊ ကိုယ်ကျွမ်းကျင်တဲ့ ပုံစံနဲ့ တစ်ယောက်တစ်မျိုး ပုံစံကွဲ ကိတ်မုန့်ဖုတ်ကြတယ်။ စိတ်ကူးရှိတဲ့အတိုင်း မတူကွဲပြားတဲ့ အပြင်အဆင်တွေနဲ့ လက်စွမ်းပြကြတာ နောက်ဆုံးတော့ပုံစံကွဲ ကိတ်လေးလုံးထွက်လာပါတယ်။ ဘယ်အရာမဆို ဆရာကျတဲ့ ဉာဏ်ကျယ်လေးဖော်ပါပဲနော်။

ဖက်ဒရယ်စနစ်မှာလည်း ဖက်ဒရေးရှင်းတစ်ခုရဲ့ ယဉ်ကျေးမှု၊ စီးပွားရေး၊ နိုင်ငံရေးနဲ့ လူမှုရေး စတဲ့ သွင်ပြင်လက္ခဏာတွေပေါ်မူတည်ပြီး ပြည်နယ်/ တိုင်းဒေသကြီးတွေနဲ့ ပြည်ထောင်စုတို့အကြား လုပ်ပိုင်ခွင့်အာဏာနဲ့ တာဝန်ခွဲဝေမှုတွေဟာ အချိုးညီတာတွေရှိသလို အချိုးမညီဖြစ်ရပ်တွေလည်း ရှိတတ်ပါတယ်။

နောက်အပတ် သောကြာနေ့ ညနေ (၃) နာရီမှာ နောက်ထပ် ဝေါဟာရအသစ်တစ်ခု ထပ်လေ့လာဖို့ ဉာဏ်ကျယ်လေးဖော်နဲ့ ပြန်ဆုံကြမယ်နော်။

ဖက်ဒရယ်ဂျာနယ်

ဧပြီ ၈၊ ၂၀၂၂