• Today is: Friday, March 29, 2024

အပတ်စဉ်စုဆောင်း တိုင်းရင်းသားသတင်းလွှာ စုစည်းတင်ပြခြင်း

Zawgyi

အပတ္စဥ္ တိုင္းရင္းသတင္းမ်ားစုစည္းတင္ျပျခင္း
(No. 27,April 12 , 2022)
၁။ စစ္ေကာင္စီ တပ္ရိကၡာပို႔ေဆာင္ရာတြင္ အသုံးျပဳသည့္ ေနာင္ကၿမိဳင္ႏွင့္ တဝန္ဖန္ရေက်း႐ြာၾကား တံတား ေဖာက္ခြဲခံရ
၂။ စစ္ေကာင္စီ ေလေၾကာင္းႏွင့္ လက္နက္ႀကီးေၾကာင့္ ေလးေကေကာ္ရွိ နိပြန္ေဖာင္ေဒးရွင္း၏ စာသင္ေက်ာင္းေဆာင္ ပ်က္စီး
၃။ ထိခိုက္က်ဆုံးမႈ မ်ားေနသည့္ ေလးေကေကာ္တိုက္ပြဲအတြင္း စစ္ေကာင္စီဘက္မွ ေလေၾကာင္းပစ္ကူျဖင့္ ဆက္လာ ေရာက္ ပစ္ခတ္ေန
၄။ ေလးေကေကာ္ ၿမိဳ႕သစ္တြင္ KNLA ပူးေပါင္းတပ္ႏွင့္ စစ္ေကာင္စီတပ္ ၾကား တိုက္ပြဲ ျပင္းထန္ေန
၅။ ေမာခီးစခန္းအနီးတြင္ ေဒသခံအရပ္သားႏွစ္ဦးအား စစ္ေကာင္စီတပ္ အေၾကာင္းမဲ့ပစ္သတ္
၆။ ေကာ့ကရိတ္ေတာင္ပိုင္းရွိ ေသာင္းႏွင့္ခ်ီေသာ စစ္ေရွာင္မ်ား စားေသာက္စရာလုံေလာက္မႈမရွိ၍ အခက္ေတြ႕ေန
၇။ စစ္ေကာင္စီတပ္ဖြဲ႕က နတ္ေခ်ာင္းေက်း႐ြာရွိ လူေနအိမ္ ၂၀ လုံးခန႔္ ထပ္မံမီးရႈိ႕
၈။ ပလက္ဝၿမိဳ႕နယ္အတြင္း AA တပ္ဖြဲ႕၏ လႈပ္ရွားမႈအေပၚ ေဒသခံျပည္သူမ်ားစိုးရိမ္
၉။ ကေလးၿမိဳ႕တြင္း ပစ္ခတ္မႈ ေဒသခံတစ္ဦးေသဆုံး တစ္ဦးဒဏ္ရာရ
၁၀။ ပလက္ဝၿမိဳ႕နယ္မွ ခ်င္းလူငယ္ ၄ ဦးအပါအဝင္ ျပစ္ဒဏ္ခ်မွတ္ခံရသူ ၂၇ ဦးကို စစ္ေတြေထာင္ပို႔
၁၁။ ကေလးၿမိဳ႕တာဟန္းရပ္ကြက္လူေနအိမ္ေရွ႕တြင္ လက္နက္ႀကီးက်ေရာက္ေပါက္ကြဲ
၁၂။ ၂ ရက္ၾကာေပ်ာက္ဆုံးသည့္ ခ်င္းလူငယ္တစ္ဦး စစ္ေဆး႐ုံတြင္ ႐ုပ္အေလာင္းျပန္ေတြ႕
၁၃။ ကေလးၿမိဳ႕တြင္းတိုက္ပြဲ ေနအိမ္တစ္လုံးေပၚလက္နက္ႀကီးက်ေရာက္ေပါက္ကြဲ ၂ ဦးဒဏ္ရာရ၊
၁၄။ မီဇိုရမ္တြင္ ႐ူပီး ၁၈ သိန္းေက်ာ္တန္ဖိုးရွိ မူးယစ္ေဆးဝါး ဖမ္းဆီးရမိ
၁၅။ မြန္အမ်ိဳးသားဝတ္စုံ ႏွစ္ ၅၀ ျပည့္ ေ႐ႊရတုအခမ္းအနားက်င္းပ
၁၆။ ပုဒ္မ ၂၆၁ ကို လႊတ္ေတာ္ႏွင့္သာ ျပင္ဆင္၍ရဟု ေဒါက္တာ ေအးေမာင္ေျပာ
၁၇။ ေမာ္လၿမိဳင္တြင္ မိုးသက္ေလျပင္းတိုက္ခတ္မႈေၾကာင့္ ေနအိမ္ ၁၇လုံးေက်ာ္ ၿပိဳက် ပ်က္စီး
၁၈။ NSPNC ႏွင့္ UPDJC ႏိုင္ငံေရးပါတီမ်ားအစုအဖြဲ႕တို႔ ပုဒ္မ ၂၆၁ ျပင္ဆင္ရန္သေဘာတူ
၁၉။ ကယန္းအမ်ိဳးသားေန႔အထိမ္းအမွတ္အျဖစ္ ေဘာလုံးၿပိဳင္ပြဲက်င္းပၿပီး ရရွိလာတဲ့အလႉေငြကို စစ္ေရွာင္ကိုလႉဒါန္း
၂၀။ အာဏာသိမ္းၿပီးေနာက္ပိုင္း ကရင္နီျပည္တြင္းက ေထာင္ဒဏ္ခ် ခံရသူ ၉၄ဦးရွိေန
၂၁။ (၁၃)ႏွစ္ေျမာက္ ရကၡိဳင့္တပ္ေတာ္ေန႔မွာ KNDF က ဝမ္းေျမာက္ေၾကာင္း သဝဏ္လႊာေပးပို႔
၂၂။ ကယန္းအမ်ိဳးသားေန႔အခမ္းအနား အက်ဥ္းခ်ဳပ္က်င္းပ
၂၃။ ကရင္နီျပည္သူ႔ေတာ္လွန္ေရးတပ္ေပါင္းစု (KRU) ကို ေတာ္လွန္ေရးတပ္ဖြဲ႕(၆)ဖြဲ႕ နဲ႔ ဖြဲ႕စည္းခဲ့
၂၄။ KNDF B-10 ရဲေဘာ္တစ္ဦး လက္နက္ႀကီးထိမွန္ၿပီး က်ဆုံး
၂၅။ စစ္ေရွာင္ ရိကၡာသြားပို႔စဥ္ စစ္ေကာင္စီပစ္ခတ္မႈခံရတဲ့ လူငယ္တစ္ဦးကို ေသဆုံးလ်က္ေတြ႕ရွိ
၂၆။ လြိဳင္ေကာ္ၿမိဳ႕နယ္ ဝန္ႀကီးအိမ္ယာေထာင့္မွာ အမ်ိဳးသားတစ္ဦးပစ္သတ္ခံရၿပီး ေသဆုံးသြား
၂၇။ တပ္ေျပးတစ္ဦးကို KNDF ဖမ္းဆီးမိၿပီး KSP ထံလႊဲေျပာင္းထား
၂၈။ စစ္ေတြၿမိဳ႕နယ္၊ ေတာကန္ေက်း႐ြာရွိ ေနအိမ္တစ္အိမ္ကို ျမန္မာစစ္တပ္ကစစ္ေဆးမႈေၾကာင့္ ေဒသခံမ်ားစိုးရိမ္ေန
၂၉။ ရကၡိဳင့္တပ္ေတာ္ေန႔တြင္ စစ္သုံ႔ပန္းတခ်ိဳ႕ကို AA က ျပန္လႊတ္ေပး
၃၀။ ေျမာက္ဦးေရွးေဟာင္းနယ္ေျမအတြင္းမွ က်ဴးမ်ားကို ၆ လအတြင္း အၿပီးဖယ္ရွားမည္
၃၁။ ရကၡိဳင့္တပ္ေတာ္(AA)ေန႔ကို အဖြဲ႕အစည္းအသီးသီးမွ သဝဏ္လႊာေပးပို႔
၃၂။ မိုးညႇင္းၿမိဳ႕ ႏွင့္ ေမာ္ဟန္ ၾကား ရက္ပိုင္းအတြင္း စစ္တပ္ဂိတ္ ၄ ခု တိုးလာ
၃၃။ ကြတ္ခိုင္၊ ဟူေနာင္ အနီးမွာ စစ္ေကာင္စီနဲ႔ KIA တို႔ တိုက္ပြဲ ျဖစ္ပြား
၃၄။ NLD ကခ်င္ဝန္ႀကီးခ်ဳပ္အပါ ဝန္ႀကီးမ်ားကို စြဲဆိုေသာ အဂတိအမႈ အမိန႔္ခ်မည့္ရက္ ေ႐ႊ႕ဆိုင္း
၃၅။ KIO ၏ စစ္တပ္ထုတ္ကုန္ တားျမစ္ခ်က္ ထိေရာက္ေၾကာင္း ေဒသခံအခ်ိဳ႕ေျပာဆို
၃၆။ မဂ်ီဂုန္ (Maji Gung) ဘက္သို႔ စစ္အင္အားပို႔ေဆာင္ေသာ စစ္ေကာင္စီတပ္ကို KIA တိုက္ခိုက္
၃၇။ စစ္ေကာင္စီေအာက္ တကၠသိုလ္ဝင္တန္း ရလဒ္ကို ကခ်င္ေဒသအဆင့္ျမင့္ ပညာေရးအဖြဲ႕မ်ား လက္မခံ
၃၈။ ႐ြာငံ ပစ္ခတ္မႈ စစ္သား ၄ ဦး ေသဆုံး၊ စစ္ေကာင္စီ ျပည္သူမ်ားကိုလိုက္လံဖမ္းေန
၃၉။ ေတာင္ႀကီးၿမိဳ႕ ဝင္/ထြက္ ဂိတ္မ်ား စစ္ေဆး တင္းၾကပ္ေန
၄၀။ ဖယ္ခုံၿမိဳ႕နယ္အတြင္း လဝက ႐ုံးပိတ္ မွတ္ပုံတင္လုပ္ရန္ျပည္သူမ်ားခက္ခဲ
******************
၁။ စစ္ေကာင္စီ တပ္ရိကၡာပို႔ေဆာင္ရာတြင္ အသုံးျပဳသည့္ ေနာင္ကၿမိဳင္ႏွင့္ တဝန္ဖန္ရေက်း႐ြာၾကား တံတား ေဖာက္ခြဲခံရ
April 11, 2022

KNU-ကရင္အမ်ိဳးသားအစည္းအ႐ုံး တပ္မဟာ(၅) နယ္ေျမရွိ စစ္ေကာင္စီ တပ္ဖြဲ႕ဝင္မ်ားအတြက္ ရိကၡာပို႔ေဆာင္ရာတြင္ အသုံးျပဳ သည့္ ဖားအံ-ၿမိဳင္ႀကီးငူကား လမ္းမႀကီးေပၚရွိ ေနာင္ကၿမိဳင္ႏွင့္ တဝန္ဖန္ရေက်း႐ြာၾကား တံတားတစ္စင္း ယေန႔ ဧၿပီလ ၁၁ ရက္ေန႔၊ ညေန ၅ နာရီတြင္ ေဖာက္ခြဲခံရၿပီး တံတားၿပိဳ က်ပ်က္စီးသြားခဲ့ေၾကာင္း သိရသည္။

ဗုံးေပါက္ကြဲမႈႏွင့္ ဆက္စပ္၍ အနီးအနားရွိ႐ြာသူ႐ြာသားမ်ားအေနျဖင့္ အသြားအလာပို၍ခက္ခဲလာႏိုင္မည္ကို စိုးရိမ္ေၾကာင္း လည္း အျခားေဒသခံ႐ြာသား တစ္ဦးက ယခုလို ေျပာသည္။

ဖားအံ-ၿမိဳင္ႀကီးငူကားလမ္းမႀကီးကို စစ္ေကာင္စီတပ္ ရိကၡာသယ္ယူပို႔ေဆာင္ၾကရာတြင္ ေန႔စဥ္လိုလို အသုံးျပဳေနသည့္လမ္း ေၾကာင္းျဖစ္ၿပီး ၿမိဳင္ႀကီးငူမွတဆင့္ KNU တပ္မဟာ (၅) နယ္ေျမ ဖာပြန္ဘက္သို႔ တပ္ရိကၡာမ်ား ပို႔ေဆာင္ေပးလ်က္ရွိသည္ဟု သိရသည္။ ၿပီးခဲ့သည့္ ဧၿပီလ ( ၉)ရက္ေန႔တြင္လည္း ၿမိဳင္ႀကီးငူဘက္သို႔ စစ္ေကာင္စီ ကားအလုံပိတ္ (၅)စီးတက္သြားေသးသည္ ဟု ေဒသခံမ်ားထံမွ သိရွိရသည္။ https://kicnews.org/2022/04
***************
၂။ စစ္ေကာင္စီ ေလေၾကာင္းႏွင့္ လက္နက္ႀကီးေၾကာင့္ ေလးေကေကာ္ရွိ နိပြန္ေဖာင္ေဒးရွင္း၏ စာသင္ေက်ာင္းေဆာင္ ပ်က္စီး
April 11, 2022

ယမန္ေန႔ ဧၿပီလ ၁၀ ရက္က တိုက္ပြဲအျပင္းအထန္ ျဖစ္ပြားခဲ့သည့္ KNU တပ္မဟာ ၆နယ္ေျမ၊ ေလးေကေကာ္ ၿမိဳ႕သစ္ ဧရိယာတြင္ စစ္ေကာင္စီ၏ ေလေၾကာင္းမွ ဗုံးသီးႀကဲခ်တိုက္ခိုက္မႈႏွင့္ လက္နက္ႀကီး ပစ္ခတ္မႈေၾကာင့္ ဂ်ပန္ႏိုင္ငံနိပြန္ေဖာင္ေဒး ရွင္းမွ ေဆာက္လုပ္လႉဒါန္းထားသည့္ စာသင္ေက်ာင္းေဆာင္ႏွင့္ ျပည္တြင္း စစ္ေရွာင္-IDPs ေနရပ္ျပန္ ေဒသခံေနအိမ္အမ်ား အျပား ၿပိဳက်ပ်က္စီးမႈမ်ားရွိခဲ့ေၾကာင္း ေဒသအတြင္း သတင္းအရင္းအျမစ္က ေျပာသည္။

ယမန္ေန႔ ေလးေကေကာ္တြင္ ျဖစ္ပြားသည့္ KNLA ပူးေပါင္းတပ္ဖြဲ႕ႏွင့္ စစ္ေကာင္စီတပ္မ ၄၄ လက္ေအာက္ခံ ခမရ ၂၀၇ တပ္ရင္း စစ္ေၾကာင္းတို႔အၾကား တိုက္ပြဲတြင္ စစ္ေကာင္စီတပ္ဖြဲ႕၏ အေလာင္း ၁၂ ေလာင္းေတြ႕ရွိၿပီး လက္နက္ (၉)လက္ အပါအဝင္ စစ္သုံးပစၥည္းမ်ား သိမ္းဆည္းရမိခဲ့သလို ၎တို႔ဘက္မွ (၂)ဦး က်ဆုံးကာ (၄) ဦး ထိခိုက္ဒဏ္ရာရရွိခဲ့သည္ဟု KNLA ပူးေပါင္း တပ္ဖြဲ႕မွ Cobra စစ္ေၾကာင္းက သတင္းထုတ္ျပန္ထားသည္။

ထို႔အျပင္ စစ္ေၾကာင္းထိုးလာေသာ ခမရ (၂၀၇)မွ တပ္ခြဲမႉးဗိုလ္ႀကီး တင္လင္းႏိုင္ဆိုသူကိုလည္း အရွင္ဖမ္းဆီးရမိခဲ့သည္ဟု Cobra စစ္ေၾကာင္းက သတင္းထုတ္ျပန္ထားသည္။ ယမန္ေန႔တိုက္ပြဲတြင္ စစ္ေကာင္ဘက္မွ ေလေၾကာင္းတိုက္ခိုက္မႈအေနျဖင့္ နံနက္ (၁၀) နာရီခန္႔မွ စတင္ကာ တိုက္ခိုက္ေရး ေလယာဥ္ (၂)စီးႏွင့္ (၂၂) ႀကိမ္ ဝဲပ်ံ ပစ္ခတ္ ဗုံးႀကဲခဲ့ကာ ၅ ႀကိမ္ လာေရာက္ခဲ့ ေၾကာင္း၊ ေလေၾကာင္း တိုက္ခိုက္မႈေၾကာင့္ ေလ့ေကေကာ္ ေဒသရွိ ျပည္သူပိုင္ေနအိမ္အလုံး ( ၃၀ ) ခန္႔ ပ်က္စီးခဲ့ၿပီး ေနအိမ္ (၅) လုံး မီးေလာင္ပ်က္စီးခဲ့သည္ဟု Cobra စစ္ေၾကာင္းက ထုတ္ျပန္ထားသည္။ https://kicnews.org/2022/04
******************
၃။ ထိခိုက္က်ဆုံးမႈ မ်ားေနသည့္ ေလးေကေကာ္တိုက္ပြဲအတြင္း စစ္ေကာင္စီဘက္မွ ေလေၾကာင္းပစ္ကူျဖင့္ ဆက္လာ ေရာက္ ပစ္ခတ္ေန
April 10, 2022

ယေန႔ နံနက္ ၂နာရီမွ စတင္ျဖစ္ပြားေနသည့္ ေလးေကေကာ္တိုက္ပြဲတြင္ ကရင္အမ်ိဳးသားလြတ္ေျမာက္ေရး တပ္မေတာ္-KNLA ပူးေပါင္းတပ္ဖြဲ႕ျဖစ္သည့္ ေကာ္ပရာစစ္ေၾကာင္း၏ ပိတ္ဆို႔ တိုက္ခိုက္မႈတြင္ စစ္ေကာင္စီဘက္မွ အထိအခိုက္ အက်အဆုံးမ်ား လာသည့္အေပၚ ေလေၾကာင္းပစ္ကူ ေခၚယူ၍ ဆက္တိုက္ဝင္ေရာက္ပစ္ခတ္ေနေၾကာင္း ေျမျပင္ KNLA တပ္မႉးမ်ားထံမွ သိရ သည္။

ထိုသို႔ေလေၾကာင္းပစ္ကူျဖင့္ ဝင္ေရာက္တိုက္ခိုက္မႈမ်ားေၾကာင့္ ေလးေကေကာ္ၿမိဳ႕သစ္ ရပ္ကြက္တခ်ိဳ႕ရွိ ေနအိမ္မ်ား ထိခိုက္ ပ်က္စီး မီးေလာင္မႈ တခ်ိဳ႕ရွိေနေၾကာင္းႏွင့္ တိုက္ပြဲအတြင္း စစ္ေကာင္စီဘက္ အေယာက္ ၂၀ ေက်ာ္ ထိခိုက္က်ဆုံးၿပီး တပ္မ (၄၄)မွ ဗိုလ္ႀကီး အဆင့္တစ္ဦးကိုလည္း အရွင္ဖမ္းဆီးရမိထားေၾကာင္း ေျမျပင္းသတင္း အခ်က္အလက္မ်ားအရ သိရသည္။

စစ္ေကာင္စီဘက္၏ ေလေၾကာင္းပစ္ကူျဖင့္ ဝင္ေရာက္ တိုက္ခိုက္ရာတြင္ KNLA ပူးေပါင္းတပ္ဖြဲ႕မ်ားရွိရာ ေနရာမ်ားကို က် ေရာက္ ထိခိုက္ျခင္းမရွိဘဲ မယ္ေထာ္သေလးႏွင့္ ေမတၱာလင္းၿမိဳင္၊ ေ႐ႊေညာင္ပင္ဘက္ရွိ နယ္ျခားေစာင့္တပ္ (BGF)တပ္ တပ္နယ္ (၄) တပ္နယ္မႉး ဗိုလ္မႉး ေစာမုတ္သုန္၏ တပ္စခန္းအေပၚ က်ေရာက္ ေပါက္ကြဲခဲ့ေၾကာင္း ႏွင့္ BGF တပ္ဖြဲ႕ဝင္ အခ်ိဳ႕ ထိခိုက္ေသ ဆုံးမႈရွိေၾကာင့္ KNLA ဘက္က ေျပာဆိုေသာ္လည္း ေကအိုင္စီအေနျဖင့္ သီးျခား အတည္ျပဳႏိုင္ျခင္းမရွိေသးေပ။ ယခုျဖစ္ပြားေန ေသာ ေလးေကေကာ္တိုက္ပြဲတြင္ ၿပီးခဲ့သည့္ မတ္လ ၂၅ ရက္ေန႔က KNLA ပူးေပါင္းတပ္ဖြဲ႕ထံ လာေရာက္ပူးေပါင္းခဲ့သူ ခမရ ၅၈၅ ဒုတပ္ရင္းမႉး ဗိုလ္မႉးတင္လင္းေအာင္ အပါအဝင္ CDM တပ္မေတာ္သား အခ်ိဳ႕လည္း KNLA ပူးေပါင္းတပ္ဖြဲ႕ဘက္က စစ္ကူတိုက္ ေပးေနသည္ဟု သိရသည္။ https://kicnews.org/2022/04
******************
၄။ ေလးေကေကာ္ ၿမိဳ႕သစ္တြင္ KNLA ပူးေပါင္းတပ္ႏွင့္ စစ္ေကာင္စီတပ္ ၾကား တိုက္ပြဲ ျပင္းထန္ေန
April 10, 2022

KNU-ကရင္အမ်ိဳးသားအစည္းအ႐ုံး တပ္မဟာ ၆ နယ္ေျမ ေလးေကေကာ္ေဒသရပ္ကြက္မ်ားတြင္ နယ္ေျမခံ ကရင္အမ်ိဳးသား လြတ္ေျမာက္ေရးတပ္မေတာ္-KNLA ပူးေပါင္းတပ္ဖြဲ႕ႏွင့္ စစ္ေကာင္စီတပ္တို႔အၾကား ယေန႔ နံနက္ ၂ နာရီမွ စတင္ကာ ေန႔လည္ ပိုင္းအခ်ိန္ထိ တိုက္ပြဲျပင္းထန္စြာျဖစ္ပြားေနေၾကာင္း ေျမျပင္သတင္းအရ သိရသည္။

ဧၿပီလ ၁၀ ရက္၊ နံနက္ ၂ နာရီခန္႔တြင္ စစ္ေကာင္စီတပ္က ဗ်ဴးပြိဳင့္အေျမႇာက္ကုန္းႏွင့္ မဲ့ေထာ္သေလးဘက္တို႔မွ စစ္ေၾကာင္း ၂ခု ျဖင့္ ေလးေကေကာ္ ေဒသခံမ်ားေနထိုင္သည့္ ရပ္ကြက္မ်ားအတြင္း စစ္ေၾကာင္းထိုးကာ လက္နက္ႀကီး၊ လက္နက္ငယ္မ်ား ပစ္ခတ္တိုက္ခိုက္လာသည့္အတြက္ နယ္ေျမခံ KNLA ပူးေပါင္းတပ္မ်ားႏွင့္ လက္ရွိအခ်ိန္ထိ တိုက္ပြဲ အျပင္းအထန္ ဆက္လက္ ျဖစ္ပြားေနေၾကာင္း စစ္ေရးနယ္ေျမ သတင္းအရင္းအျမစ္က ေကအိုင္စီသို႔ ေျပာသည္။

အဆိုပါ ေလးေကေကာ္ေဒသတြင္ ယခုရက္ပိုင္းအတြင္း စစ္ေကာင္စီ ကင္းစခန္းမ်ားအား KNLA ပူးေပါင္းအဖြဲ႕မ်ားႏွင့္ ေျပာက္ ၾကား တိုက္ခိုက္မႈမ်ားေၾကာင့္ စစ္ေကာင္စီဘက္မွ ထိခိုက္ေသဆုံးမႈမ်ားရွိေနေၾကာင္း KNLAဘက္က ေျပာသည္။ ယမန္ေန႔ ဧၿပီ ၉ ရက္၊ ညပိုင္းတြင္လည္း ေလးေကေကာ္ ရပ္ကြက္မ်ား ၊ ထီးမယ္ဝါးခီးေက်း႐ြာအတြင္း စစ္ေရးလႈပ္ရွားေနသည့္ KNLA ပူးေပါင္း အဖြဲ႕မ်ားအား နယ္ေျမ ရွင္းလင္းေရးအသြင္ျဖင့္ စစ္ေကာင္စီဘက္မွ တပ္မ ၂၂ လက္ေအာက္ခံ တပ္မ်ား၊ ကမ္း႐ိုးတန္းတိုင္းတပ္ ရင္းမ်ား၊ တပ္မ ၄၄ လက္ေအာက္ခံတပ္ရင္းမ်ား၊ စစ္ေကာင္စီ၏ နယ္ျခားေစာင့္တပ္ -BGF တပ္မ်ား ပူးေပါင္းအင္အား၂၀၀ ခန္႔ စစ္ေၾကာင္း ၂ ခုမွ ဝင္ေရာက္တိုက္ခိုက္မႈ လုပ္ေဆာင္ခဲ့သည့္အတြက္ ႏွစ္ဘက္ထိေတြ႕တိုက္ပြဲျဖစ္ပြားခဲ့ေသးသည္။
https://kicnews.org/2022/04
******************
၅။ ေမာခီးစခန္းအနီးတြင္ ေဒသခံအရပ္သားႏွစ္ဦးအား စစ္ေကာင္စီတပ္ အေၾကာင္းမဲ့ပစ္သတ္
April 8, 2022

ကရင္ျပည္နယ္၊ ျမဝတီခ႐ိုင္၊ ေဝၚေလၿမိဳ႕နယ္ခြဲ၊ ေမာခီးေက်း႐ြာအုပ္စု၊ စစ္ေကာင္စီ၏ ေမာခီးစခန္းအနီးရွိ ကြီးဆဲေဖာေက်း႐ြာ တြင္ ယေန႔ နံနက္ (၁၀) နာရီခြဲ အခ်ိန္ခန႔္တြင္ လုံၿခဳံေရးရယူေနေသာ စစ္ေကာင္စီတပ္ဖြဲ႕ ဝင္မ်ားက အျပစ္မဲ့အရပ္သားႏွစ္ဦးကို အေၾကာင္းမဲ့ ပစ္သတ္လိုက္ေၾကာင္း နယ္ေျမခံ ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္မေတာ္-KNLA မွ တပ္မႉးတစ္ဦးက အ တည္ျပဳေျပာဆိုသည္။

အပစ္သတ္ခံရသူမ်ားမွာ ေမာ္ဖိုးကလိုး ေဒသခံ အသက္ (၅၀) ႏွစ္အ႐ြယ္ ေစာဖားလီေနာ္ႏွင့္ အသက္ (၃၅) ႏွစ္အ႐ြယ္ ေစာတာသူးတို႔ျဖစ္ၾကၿပီး ပစ္သတ္သြားသည့္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားမွာ လက္ရွိ ေမာခီးစခန္းကို ျပန္လည္ဝင္ေရာက္လာ သည့္ အမွတ္ (၁၃) စစ္ဆင္ေရးကြပ္မႈဌာနခ်ဳပ္ လက္ေအာက္ခံ နည္းဗ်ဴဟာစစ္ဆင္ေရး ကြပ္ကဲမႈအဖြဲ႕(နဗဟ-၁) မွ ျမင့္ေက်ာ္ ဦးစီးသည့္ ေျချမန္တပ္ရင္း (ခမရ-၅၆၀)(ခမရ-၅၆၁) (ခမရ-၅၈၅) (ခမရ-၅၅၉) ပူးေပါင္းတပ္ဖြဲ႕ဝင္မ်ားျဖစ္ေၾကာင္းလည္း ထို KNLA တပ္မႉးက ဆက္ေျပာသည္။ အဆိုပါ ပစ္သတ္ခံလိုက္ရသည့္ ေဒသခံ ႐ြာသားႏွစ္ဦး၏ ႐ုပ္အေလာင္းကို ၎တို႔ေက်း႐ြာရွိ ရာ ေမာ္ဖိုးကလိုး ေက်း႐ြာသို႔ ေဒသခံ႐ြာသားမ်ားမွ ျပန္လည္သယ္ယူ ပို႔ေဆာင္ေပးလိုက္ၿပီး ခ်က္ခ်င္းေျမျမႇဳပ္သၿဂႋဳဟ္ ေပးလိုက္ ေၾကာင္း သိရသည္။

ယခုလို အရပ္သား အပစ္သတ္ခံရမႈျဖစ္စဥ္မွာ စစ္အာဏာသိမ္းၿပီးေနာက္ ပထမဦးဆုံးအႀကိမ္ျဖစ္ပြားျခင္းျဖစ္ၿပီး လက္ရွိေမာခီး စခန္းသို႔ ဝင္ေရာက္လာသည့္ စစ္ေကာင္စီ တပ္ဖြဲ႕ဝင္မ်ားသည္လည္း ေဒသခံ ေက်း႐ြာမ်ားသို႔ လိုက္လံသြားလာ၍ ႀကိမ္းေမာင္း ေျပာဆိုမႈမ်ား ျပဳလုပ္ေနေၾကာင္းလည္း ေဒသခံမ်ားက ဆိုသည္။ ၿပီးခဲ့သည့္ မတ္လ ၂၁ ရက္ေန႔က ေမာခီးအေျခစိုက္ စစ္ေကာင္ စီခံစစ္စခန္းကို KNLA ပူးေပါင္းတပ္ဖြဲ႕ဝင္မ်ားမွ ဝင္ေရာက္ တိုက္ခိုက္သိမ္းယူလိုက္ၿပီး လက္နက္ခဲယမ္းအေျမာက္အမ်ား သိမ္း ဆည္းရမိခဲ့သည္။ https://kicnews.org/2022/04
******************
၆။ ေကာ့ကရိတ္ေတာင္ပိုင္းရွိ ေသာင္းႏွင့္ခ်ီေသာ စစ္ေရွာင္မ်ား စားေသာက္စရာလုံေလာက္မႈမရွိ၍ အခက္ေတြ႕ေန
April 7, 2022

KNU-ကရင္အမ်ိဳးသားအစည္းအ႐ုံး ဒူးပလာယာခ႐ိုင္(တပ္မဟာ ၆) ေကာ့ကရိတ္ေတာင္ပိုင္း ေဒသတြင္း စစ္ေကာင္စီတပ္ အင္အားတိုးခ်ဲ႕ကာ ထိုးစစ္ဆင္မႈမ်ားေၾကာင့္ ေက်း႐ြာ ၂၁ ႐ြာမွ စစ္ေရွာင္ျပည္သူ တစ္ေသာင္းေက်ာ္သည္ စစ္ေရွာင္ကာလၾကာ ျမင့္လာၿပီး စားေသာက္စရာလုံေလာက္မႈမရွိ၍ အခက္ေတြ႕လာေနေၾကာင္း စစ္ေဘးေရွာင္မ်ားက ေျပာသည္။ စစ္ေဘးေရွာင္ ေနၾကရသည့္ သက္ႀကီးဘိုးဘြား၊ မိခင္ႏွင့္ ကေလးအပါအဝင္ ေဒသခံ ၁၂,၀၀၀ေက်ာ္သည္ စစ္ေဘး ေရွာင္ေနထိုင္ေနၾကရသည့္ ကာလတစ္လေက်ာ္ၾကာျမင့္လာခ်ိန္တြင္ စားေသာက္စရာအခက္အခဲရွိလာၿပီး ကူညီအေထာက္အပံ့လမ္းေၾကာင္းမ်ား ျပတ္ ေတာက္ေနသည့္အတြက္ ပို၍အခက္ေတြ႕လာေနေၾကာင္း စစ္ေဘးေရွာင္ ေဒသခံမ်ားက ေကအိုင္စီသို႔ ေျပာသည္။

ထို႔အျပင္ စစ္ေရွာင္ေနသည့္ေဒသတြင္ တိုက္ပြဲမ်ား ေန႔စဥ္လိုလိုျဖစ္ပြားေနသလို စစ္ေကာင္စီတပ္က ေက်း႐ြာထဲသို႔ လက္နက္ ႀကီးျဖင့္ ဦးတည္ပစ္ခတ္တိုက္ခိုက္မႈမ်ားရွိသည့္အတြက္ ညဘက္တြင္လုံျခဳမည့္ဟု ယူဆသည့္ေနရာကို ရွာၿပီးလိုက္အိပ္ေနရ ေၾကာင္းလည္း ေျပာသည္။ အဆိုပါ ေကာ့ကရိတ္ ေတာင္ပိုင္းေဒသအတြင္း ေကာ့ကရိတ္-က်ိဳက္ဒုံ လမ္းပိုင္း၊ ေတာင္ၾကာအင္း- ၾကာအင္း ဆိပ္ႀကီးလမ္းပိုင္း ၂ ခု ေဒသတစ္ေလွ်ာက္ စစ္မ်ားထိုးဝင္လာသည့္ စစ္ေကာင္စီစစ္ေၾကာင္းမ်ားႏွင့္ ကရင္အမ်ိဳးသား လြတ္ေျမာက္ေရးတပ္မေတာ္ -KNLA ပူးေပါင္းတပ္မ်ားျဖင့္ ေန႔စဥ္လိုလို တိုက္ပြဲျဖစ္ပြားလ်က္ရွိသည္ဟု ေဒသခံမ်ားက ေျပာ သည္။

ထိုသို႔ တိုက္ပြဲမ်ား ျဖစ္ပြားစဥ္ စစ္ေကာင္စီတပ္ဘက္ကမွ ေဒသေက်း႐ြာမ်ားဘက္သို႔ လက္နက္ႀကီးျဖင့္ေန႔စဥ္ ပစ္ခတ္ျခင္း၊ ေလယာဥ္ျဖင့္ လာေရာက္ ပစ္ခတ္ျခင္းမ်ားေၾကာင့္ ေဒသခံေနအိမ္မ်ား၊ သာသနိကအေဆာက္ အအုံမ်ားႏွင့္ ေစတီပုထိုးမ်ား ထိခိုက္ပ်က္စီးမႈမ်ားရွိေနေၾကာင္း ေဒသခံမ်ား၏ ေျပာျပခ်က္အရ သိရသည္။ လတ္တေလာျဖစ္ပြားေနေသာ စစ္ေရးပဋိပကၡ အေျခအေနေၾကာင့္ ေကာ့ကရိတ္ ၿမိဳ႕ႏွင့္သြားလာဆက္သြယ္ေရး လမ္းပိုင္းမ်ားတြင္ စစ္ေကာင္စီတပ္မ်ား တပ္စြဲပိတ္ဆို႔ စစ္ေဆး မႈမ်ားရွိေနသျဖင့္ ေနရပ္စြန္ခြာစစ္ေရွာင္ေနရသူမ်ားထံ အကူအညီေပးႏိုင္ရန္ အခက္အခဲရွိေနေၾကာင္း စစ္ေရွာင္ကူညီေဆာင္ ႐ြက္သူမ်ားက ေျပာသည္။ https://kicnews.org/2022/04
******************
၇။ စစ္ေကာင္စီတပ္ဖြဲ႕က နတ္ေခ်ာင္းေက်း႐ြာရွိ လူေနအိမ္ ၂၀ လုံးခန႔္ ထပ္မံမီးရႈိ႕
APRIL 12, 2022

စစ္ကိုင္းတိုင္း၊ ကေလးၿမိဳ႕နယ္ေတာင္ပိုင္း ေကလး-ဂန႔္ေဂါလမ္းမေပၚရွိ နတ္ေခ်ာင္းေက်း႐ြာကို စစ္ေကာင္စီတပ္ဖြဲ႕က ယမန္ေန႔ ဧ်ပီလ ၁၀ ရက္ညႏွင့္ ယေန႔မနက္ပိုင္းတြင္ ထပ္မံမီးရႈိ႕ကာ ပညာ့ဗိမာန္ ကိုယ္ပိုင္အထက္တန္းေက်ာင္း (၃) ထပ္အေဆာက္အအုံ အပါအဝင္ လူေနအိမ္ အလုံး ၂၀ ခန႔္ ပ်က္စီးသြားသည္ဟုသိရသည္။

ကေလးၿမိဳ႕နယ္၊ ရန္ႀကီးေအာင္ေက်း႐ြာမွ ကေလးၿမိဳ႕သို႔တက္လာသည့္ စစ္ေကာင္စီတပ္ဖြဲ႕ကို ေဒသကာကြယ္ေရးတပ္ဖြဲ႕မွ ၾကားျဖတ္ခ်ဳံခိုအနီးကပ္ပစ္ခတ္တိုက္ခိုက္ၿပီးတြင္ စစ္ေကာင္စီတပ္မွ နတ္ေခ်ာင္း၊ ေခ်ာင္းခြ႐ြာအတြင္း ဝင္ေရာက္ခဲ့ၾကၿပီး လူေန အိမ္မ်ား ေဖာက္ထြင္း မီးရႈိခဲ့ျခင္းျဖစ္သည္။ အဆိုပါတိုက္ပြဲတြင္ စစ္ေကာင္စီတပ္ဖြဲ႕ဖက္က ဟဲ့လုပ္႐ြာအနီးတြင္ ၄ ဦး၊ ပန္းမြန္ ေခ်ာင္းအနီးတြင္ ၂ ဦး၊ နတ္ေခ်ာင္း႐ြာအနီးတြင္ ၄ ဦးေသဆုံးခဲ့ၿပီး ဧၿပီလ ၁၁ ရက္ ယေန႔ မနက္ပိုင္းတြင္လည္း စစ္ေကာင္စီတပ္ဖြဲ႕ ႏွင့္ PDF-Kalay/ CNDF/ CDF- KKG/ ပ.က.ဖ ပူးေပါင္းတပ္တို႔အၾကား တိုက္ပြဲထပ္မံျဖစ္ပြားခဲ့သည္။

စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားအတြက္ စစ္ကားအပါအဝင္ ရိကၡာတင္ေဆာင္သည့္ကား ၃၀ စီးသည္ ယမန္ေန႔ည နတ္ေခ်ာင္း ေက်း႐ြာတြင္ ညအိပ္ခဲ့ၿပီး ယေန႔တြင္ ကေလးၿမိဳ႕သို႔ ဆက္လက္ဦးတည္ထြက္ခြာႏိုင္သည္ဟု သိရသည္။ PDF-Kalay/ RKDF ႏွင့္ CDF-KKG တပ္ဖြဲ႕မွ စစ္ေရးတင္းမာမႈမ်ားေၾကာင့္ ဧ်ပီလ ၉ ရက္ေန႔ကစတင္ၿပီး ရက္သတၱပတ္အတြင္း ေကလး-ဂန႔္ေဂါလမ္းပိုင္း အား အသုံးမျပဳၾကရန္ ျပည္သူမ်ားထံ ေမတၱာရပ္ခံထားသည္။ https://khonumthung.org/
******************
၈။ ပလက္ဝၿမိဳ႕နယ္အတြင္း AA တပ္ဖြဲ႕၏ လႈပ္ရွားမႈအေပၚ ေဒသခံျပည္သူမ်ားစိုးရိမ္
APRIL 12, 2022

ခ်င္းျပည္နယ္ေတာင္ပိုင္း ပလက္ဝၿမိဳ႕နယ္တြင္ ရကၡိဳင့္တပ္ေတာ္ (AA) ၏ လိုအပ္ခ်က္မ်ားကို ေဆာင္႐ြက္ေပးရန္ ေက်း႐ြာတစ္ ႐ြာတြင္ လူဦးေရေလးဦးႏႈန္းျဖင့္ တာဝန္ေပးကာ အုပ္ခ်ဳပ္ေရးယႏၲရားတည္ေဆာက္ေနမႈအေပၚ ေဒသခံခ်င္းလူထုမ်ားၾကား စိုးရိမ္ေၾကာက္႐ြံ႕မႈမ်ားရွိေနသညဟု သိရသည္။

ရခိုင္တပ္ေတာ္ (AA) ၏ လိုအပ္ခ်က္မ်ားေဆာင္႐ြက္ေပးရန္ တာဝန္ေပးထားသည့္ ေက်း႐ြာျပည္သူမ်ားသည္ ၎တို႔ေခၚသည့္ အခ်ိန္တြင္ သြားေရာက္ရသည့္အျပင္ လက္ရွိတြင္လည္း ေက်း႐ြာတခ်ိဳ႕မွ ျပည္သူမ်ား (AA) တပ္စခန္းသို႔ သြားေရာက္ေနၾက ေၾကာင္း သိရသည္။

ပလက္ဝၿမိဳ႕နယ္တြင္ အုပ္စု (၁၉၆) အုပ္စု၊ ေက်း႐ြာေပါင္း (၄၀၀) ခန႔္ရွိၿပီး AA တပ္ဖြဲ႕သည္ ၂၀၁၅ ခုႏွစ္ကစ၍ ပလက္ဝ ၿမိဳ႕နယ္တြင္ ေျခကုတ္ယူလႈပ္ရွားလာခဲ့ျခင္းျဖစ္သည္။ ယခုအခါ ပလက္ဝၿမိဳ႕ေပၚ အထက္ပိုင္း အေနာက္ကြမ္းဘုတ္၊ ေက်ာက္ပ်ဥ္ ေထာင့္၊ ပိန္နဲတပင္၊ တဲမေခ်ာင္း၊ ေႂကြေသာင္၊ က်ီးေလ၊ ေမာင္ႏွမ၊ ေၾကာင္ေခ်ာင္း၊ ခ်င္းေဒါက္ေက်း႐ြာမ်ားတြင္ ရခိုင္တပ္ေတာ္ (AA) မွ ေနရာယူထားေၾကာင္း သိရသည္။ https://khonumthung.org/
******************
၉။ ကေလးၿမိဳ႕တြင္း ပစ္ခတ္မႈ ေဒသခံတစ္ဦးေသဆုံး တစ္ဦးဒဏ္ရာရ
APRIL 11, 2022

ကေလးၿမိဳ႕တြင္ ယမန္ေန႔ (ဧၿပီလ ၁၀ ရက္) ညေနပိုင္းက ေသနတ္ပစ္ခတ္သံ၊ ဗုံးေပါက္ကြဲသံမ်ားထြက္ေပၚခဲ့ၿပီး ေအာက္သ စၥာရပ္ကြက္မွ ေဒသခံျပည္သူတစ္ဦးက်ည္ဆံမွန္ေသဆုံးကာ တစ္ဦးက်ည္ဆံထိမွန္ဒဏ္ရာရရွိေၾကာင္း ေဒသခံမ်ားထံမွသိရ သည္။ ေသဆုံးသြားသူမွာ အသက္ ၄၀ ခန႔္ရွိသည့္ ဦးလင္းထက္စိုးဟု သိရၿပီး ေအာက္သစၥာရပ္ကြက္က ရာအိမ္မႉးဟုသိရသည္။

အလားတူ ယမန္ေန႔ညက ပစ္ခတ္မႈေၾကာင့္ ေအာင္ေဇယ်ရပ္ကြက္တြင္လည္း အိမ္ထဲမွာေနထိုင္သည့္ ေဒသခံတစ္ဦး ဝမ္းဗိုက္သို႔ က်ည္ဆံထိမွန္ခဲ့သည္ဟု သိရသည္။ ေအာင္သစၥာႏွင့္ ေအာင္ေဇယ်ရပ္ကြက္သည္ ေဒသကြက္ကဲေရးစစ္ဌာနခ်ဳပ္ (ဒကစ)၊ ေဆးတပ္ ႏွင့္ ၈၉ တပ္ရင္းတို႔ႏွင့္ကပ္ရပ္ရွိသည့္ ရပ္ကြက္မ်ားျဖစ္ၾကၿပီး စစ္တပ္ဝန္းထဲမွ ေသနတ္ပစ္ခတ္သံမ်ားညတိုင္းၾကား ေနရသည္ဟု ေဒသခံမ်ားကေျပာသည္။

ယမန္ေန႔ညပိုင္းက ေအာင္သစၥာရပ္ကြက္၊ ေအာင္ေဇယ်ရပ္ကြက္တို႔အျပင္ တံတားဦးဘက္တြင္ ည ၈ နာရီခန႔္အထိ ေသနတ္ ပစ္ခတ္သံျပင္းျပင္းထန္ထန္ထြက္ေပၚခဲ့ၿပီး ယင္းမနက္ပိုင္းကလည္း ကေလးၿမိဳ႕ ေတာင္ဖီလာရပ္ကြက္တြင္ စစ္ေကာင္စီတပ္ဖြဲ႕ မ်ားေရာက္ရွိလာကာ အ.ထ.က (၂) ေက်ာင္းႏွင့္ ႏွစ္ျခင္းဘုရားေက်ာင္းအနီးတြင္ ေသနတ္ရမ္းသမ္း ပစ္ခတ္မႈရွိခဲ့သည္။ ၿပီးခဲ့ သည့္ ဧၿပီလ ၇ ရက္ေန႔ကစ၍ ကေလးၿမိဳ႕တြင္ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ႏွင့္ စစ္ေကာင္စီတပ္ဖြဲ႕အၾကား ၿမိဳ႕တြင္း ပစ္ခတ္ တိုက္ခိုက္မႈ ေန႔စဥ္ျဖစ္ပြားလွ်က္ရွိကာ ေသနတ္သံ ဗုံးေပါက္ကြဲသံမ်ား ေန႔စဥ္ႏွင့္အမွ်ၾကားေနရသည္ဟု ေဒသခံမ်ားထံမွသိ ရသည္။ https://khonumthung.org/
******************
၁၀။ ပလက္ဝၿမိဳ႕နယ္မွ ခ်င္းလူငယ္ ၄ ဦးအပါအဝင္ ျပစ္ဒဏ္ခ်မွတ္ခံရသူ ၂၇ ဦးကို စစ္ေတြေထာင္ပို႔
APRIL 11, 2022

ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္တြင္ စစ္ေကာင္စီက မတရားျပစ္ဒဏ္ခ်မွတ္ခဲ့ေသာ ခ်င္းလူငယ္ (၄) ဦးအပါအဝင္ (၂၇) ဦးကို ရခိုင္ျပည္နယ္ စစ္ေတြၿမိဳ႕ အက်ဥ္းေထာင္သို႔ ပို႔ေဆာင္ခဲ့ၾကသည္ဟု သိရသည္။ ပလက္ဝၿမိဳ႕နယ္တရား႐ုံးတြင္ ဧၿပီလ ၅ ရက္ေန႔ အထိ ျပစ္ဒဏ္အသီးသီးခ်မွတ္ခံရသူ ၂၇ ဦးအထိရွိခဲ့ၿပီး ယင္းတို႔အနက္ အမ်ားစုမွာ မတရားစြပ္စြဲျပစ္ဒဏ္ခ်မွတ္ခံရသူမ်ား ျဖစ္ၾကကာ ဧၿပီလ ၇ ရက္ေန႔က စစ္ေတြအက်ဥ္းေထာင္ကိုေရာက္ရွိသြားၾကၿပီဟု အက်ဥ္းေထာင္ပို႔ခံရသည့္မိသားစုဝင္တစ္ဦး ကေျပာသည္။

စစ္ေတြၿမိဳ႕အက်ဥ္းေထာင္သို႔ပို႔ေဆာင္ခံရသူမ်ားမွာ ၂၀၂၁ ခုႏွစ္ေမလ (၂၈) ရက္ေန႔က ပလက္ဝၿမိဳ႕ေပၚဗုံးေပါက္ကြဲႏွင့္ပတ္ သက္၍ မတရားဖမ္းဆီးခံရသည့္ ခ်င္းလူငယ္ (၄) ဦး၊ ပလက္ဝၿမိဳ႕ ၂၈၉ တပ္ရင္းတြင္ အလံျဖဴေထာင္ထားသည့္ကိစၥအား မီဒီယာ ႏွင့္အင္တာဗ်ဴးေျဖၾကားသူတစ္ဦး၊ ခ်င္းေဒသကာကြယ္ေရးတပ္ဖြဲ႕ CDF အား ေထာက္ပံ့သည္ဟု စြပ္စြဲခံရသူ ၁၉ ဦး၊ ေငြေၾကးလိမ္ လည္မႈေၾကာင့္ ၂ ဦးႏွင့္ ၿမိဳ႕ေပၚသို႔စစ္ေဘးေရွာင္ရင္း မေတာ္တဆလူသတ္မႈေၾကာင့္ တစ္ဦး စုစုေပါင္း (၂ရ) ဦး တို႔ျဖစ္သည္။

ခ်င္းေဒသကာကြယ္ေရးတပ္ဖြဲ႕ CDF အားေထာက္ပံ့သည္ဟု စြပ္စြဲခံရသူ ၁၉ ဦးမွာ ပလက္ဝၿမိဳ႕နယ္ ပါးဝေက်း႐ြာကျဖစ္ၾကၿပီး ယင္းတို႔အနက္ ၁၆ ဦးကို ေထာင္ဒဏ္ (၄) ႏွစ္ ႏွင့္ က်န္ (၃) ဦးကို ေထာင္ဒဏ္ (၇) စီျပစ္ဒဏ္ခ်မွတ္ခံရျခင္းျဖစ္သည္။ စစ္ေတြ ေထာင္သို႔ ပို႔ခံရသည့္ (၂၄) ဦးမွာ ၅၀၅ (က) ပုဒ္မျဖင့္ အမိန႔္ခ်ခံရသူျဖစ္ၿပီး က်န္(၃)ဦးမွာ အျခားအမႈျဖစ္ကာ စုစုေပါင္း က်ား (၂၅)၊ မ (၂) ဦ္းဟု သိရသည္။ https://khonumthung.org/
******************
၁၁။ ကေလးၿမိဳ႕တာဟန္းရပ္ကြက္လူေနအိမ္ေရွ႕တြင္ လက္နက္ႀကီးက်ေရာက္ေပါက္ကြဲ
APRIL 12, 2022

ကေလးၿမိဳ႕ တာဟန္းရပ္ကြက္ နယ္ေျမ (၁၂) The Methodist (Mission Veng) ဘုရားေက်ာင္းအနီး လူေနအိမ္မ်က္ႏွာစာတြင္ ယေန႔နံနက္ပိုင္း ၃ နာရီခြဲခန႔္က စစ္ေကာင္စီတပ္မွ ပစ္ခတ္ေသာ လက္နက္ႀကီးက်ည္ က်ေရာက္ေပါက္ကြဲကာ လူတစ္ဦး ဒဏ္ရာ ရရွိၿပီး ေနအိမ္မွန္တံခါးမ်ားလည္း အေတာ္မ်ားမ်ား ပ်က္စီးခဲ့သည္။

ယေန႔နံနက္ပိုင္း ၂ နာရီခြဲခန႔္ကစ၍ ၄ နာရီခန႔္အထိ ကေလးၿမိဳ႕ေပၚရွိ ေနရာအေတာ္မ်ားမ်ားတြင္ ေသနတ္ပစ္ခတ္မႈမ်ား တရစပ္ ထြက္ေပၚခဲ့ၿပီးေနာက္ လက္နက္ႀကီးပစ္ခတ္သံ ၃ ႀကိမ္ က်ယ္က်ယ္ေလာင္ေလာင္ ၾကားခဲ့ရသည္ဟု ေဒသခံမ်ားထံမွ သိရသည္။

ကေလးၿမိဳ႕တြင္ ဧၿပီလ ၇ ရက္ေန႔ကစ၍ စစ္ေကာင္စီတပ္ႏွင့္ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕မ်ားအၾကား ၿမိဳ႕ေပၚတိုက္ပြဲမ်ား ခပ္စိတ္စိတ္ျဖစ္ပြားလာၿပီး လုံၿခဳံေရးလည္း ယခင္ထက္ တင္းၾကပ္ထားသည္။ ယေန႔နံနက္ပိုင္းကစ၍ စစ္ေကာင္စီတပ္ဖြဲ႕မ်ား ေနရာယူထားသည့္ ဗိုလ္ခ်ဳပ္လမ္းမေပၚရွိ ေနၾကာတိုက္ႏွင့္ ေတာင္ဖီလာလမ္းခြဲအၾကားကိုလည္းျဖတ္သန္းသြားလာခြင့္ ပိတ္ပင္ ထားသည္။ https://khonumthung.org/
******************
၁၂။ ၂ ရက္ၾကာေပ်ာက္ဆုံးသည့္ ခ်င္းလူငယ္တစ္ဦး စစ္ေဆး႐ုံတြင္ ႐ုပ္အေလာင္းျပန္ေတြ႕
APRIL 12, 2022

ကေလးၿမိဳ႕တြင္ ၂ ရက္ၾကာေပ်ာက္ဆုံးသည့္ ခ်င္းလူငယ္တစ္ဦးကို ေဒသကြက္ကဲေရးစစ္ဌာနခ်ဳပ္ (ဒကစ) ဝန္းထဲက စစ္ေဆး႐ုံ တြင္ အေလာင္းျပန္ေတြ႕ၿပီး ယေန႔နံနက္ပိုင္း ၁၀ နာရီက သၿဂိဳလ္ခဲ့ၾကသည္ဟု သိရသည္။ ကေလးၿမိဳ႕တာဟန္းရပ္ကြက္ နယ္ေျမ (၁၀) တြင္ေနထိုင္သည့္ အသက္(၂၃)ႏွစ္အ႐ြယ္ လ်န္ေခၚရွန္းသည္ ဧၿပီ ၈ ရက္ ေသာၾကာေန႔ညေနပိုင္းက ေဆးဝယ္သြားရန္ ဆိုင္ကယ္ျဖင့္ထြက္ခြါကာ ေနအိမ္သို႔ျပန္မေရာက္လာေတာ့သည့္အတြက္ မိသားစုဝင္မ်ားက ရွာေဖြရာတြင္ ဧၿပီလ ၁၀ ရက္ေန႔ တြင္ စစ္ေဆး႐ုံသို႔ ေသဆုံးလွ်က္ရွိေနသည့္ သူ၏႐ုပ္အေလာင္းကို ေတြ႕ရွိခဲ့ၾကသည္ဟု ၎ႏွင့္နီးစပ္သူတစ္ဦးထံမွ သိရသည္။

ေသဆုံးသူ လ်န္ေခါရွန္းသည္ ေျခေထာက္တြင္ က်ည္ထိဒဏ္ရာ၊ မ်က္နာႏွင့္ခႏၶာမ်ားတြင္ ဖူးေရာင္ဒဏ္ရာမ်ား ရရွိထားေၾကာင္း သိရၿပီး ေသနတ္ဒဏ္ရာရရွိကာ ဖမ္းဆီးေခၚေဆာင္ျခင္းခံရၿပီး ႏွိပ္စက္မႈဒဏ္ရာေၾကာင့္ ေသဆုံးသြားျခင္းျဖစ္ႏိုင္သည္ဟု ခန႔္မွန္း ၾကသည္။

၎တို႔သည္ ခ်င္းျပည္နယ္ တီးတိန္ၿမိဳ႕နယ္ ဆဲဇန္႐ြာမွ ကေလးၿမိဳ႕သို႔ ေျပာင္းေ႐ြ႕ေနထိုင္လာသည္မွာ (၂) လမွ်သာရွိေသး ေၾကာင္း သိရသည္။ ကေလးၿမိဳ႕တြင္ ၿပီးခဲ့သည့္ဧၿပီလ ၇ ရက္ေန႔ကစ၍ စစ္ေကာင္စီတပ္ႏွင့္ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ မ်ားအၾကား ေန႔စဥ္ရက္ဆက္ တိုက္ပြဲမ်ား ျဖစ္ပြားလွ်က္ရွိသည္။ https://khonumthung.org/
******************
၁၃။ ကေလးၿမိဳ႕တြင္းတိုက္ပြဲ ေနအိမ္တစ္လုံးေပၚလက္နက္ႀကီးက်ေရာက္ေပါက္ကြဲ ၂ ဦးဒဏ္ရာရ၊
APRIL 11, 2022

ကေလးၿမိဳ႕ အင္ဒိုင္းကုန္းႏွင့္ ၿမိဳ႕လွရပ္ကြက္ဘက္တြင္ ယေန႔မနက္ပိုင္း ၁၀ ဝန္းက်င္ေလာက္ကစ၍ ေဒသခံ ကာကြယ္ေရးတပ္ဖြဲ႕ ႏွင့္ စစ္ေကာင္စီတပ္ဖြဲ႕တို႔ တိုက္ပြဲျဖစ္ပြားခဲ့ၿပီး စစ္ေကာင္စီတပ္ဖြဲ႕၏ လက္နက္ႀကီးပစ္ခတ္မႈေၾကာင့္ အင္ဒိုင္းကုန္း(ယခင္မႊန္ထာ ႐ြာ)ရပ္ကြပ္ရွိလူေနအိမ္တစ္လုံးေပၚက်ေရာက္ေပါက္ကြဲကာ အိမ္ရွင္လင္မယားထိခိုက္ဒဏ္ရာရရွိခဲ့ၾကသည္ဟု သိရသည္။

လက္နက္ႀကီးက်ေရာက္ေပါက္ကြဲမႈေၾကာင့္ အိမ္ရွင္အမ်ိဳးသား၏ ဦးေခါင္း၊ ေက်ာကုန္းႏွင့္ ဇနီးသည္၏ လက္ေမာင္း၊ ေနာက္ေက်ာဘက္ ထိခိုက္ဒဏ္ရာရရွိခဲ့သည္ဟု ေဒသခံမ်ားထံမွသိရသည္။ စစ္ေကာင္စီတပ္ဖြဲ႕သည့္ ကေလးၿမိဳ႕ ေတာင္ဖီလာ ေတာင္ကုန္းေပၚတြင္ တပ္စြဲထားၾကၿပီး ထိုေနရာမွတဆင့္ လက္နက္ႀကီး ႏွင့္ လွမ္းပစ္ေၾကာင္းယူဆရသည္။

ထို႔အျပင္ ေန႔လယ္ပိုင္း ၂ နာရီေလာက္တြင္ ၿမိဳ႕လွရပ္ကြက္အေက်ာ္ စကၠန႔္ေက်း႐ြာတြင္ အသုဘအိမ္သို႔ေရာက္ရွိေနၾကေသာ ေဒသခံ႐ြာသား အေယာက္ ၅၀ ခန႔္ကိုလည္း စစ္ေကာင္စီတပ္ဖြဲ႕က ဖမ္းဆီးေခၚေဆာင္သြားသည္ဟု သိရသည္။ ညေနပိုင္း ၄ နာရီဝန္းက်င္ခန႔္ကလည္း ကေလးၿမိဳ႕ စန္းၿမိဳ႕ရပ္ကြက္ရဲစခန္းအနီးတြင္ ေပါက္ကြဲသံႏွင့္ ပစ္ခတ္သံမ်ား ထပ္မံ ထြက္ေပၚခဲ့ၿပီး အေသးစိတ္အေျခေနကိုမူ မသိရေသးေပ။ ကေလးၿမိဳ႕တြင္ ဧၿပီလ ၇ ရက္ေန႔ကစ၍ ေန႔စဥ္ဆက္တိုက္ ၿမိဳ႕တြင္းစစ္ဆင္တိုက္ခိုက္ မႈမ်ားျဖစ္ပြားလွ်က္ရွိကာ စစ္ေကာင္စီ ဘက္ကလည္း လုံၿခဳံေရးတင္းၾကပ္ထားသည္။ https://khonumthung.org/
******************
၁၄။ မီဇိုရမ္တြင္ ႐ူပီး ၁၈ သိန္းေက်ာ္တန္ဖိုးရွိ မူးယစ္ေဆးဝါး ဖမ္းဆီးရမိ
APRIL 11, 2022

အိႏၵိယ-ျမန္မာနယ္စပ္ မီဇိုရမ္ျပည္နယ္ က်န္ဖိုင္းခ႐ိုင္တြင္ ျမန္မာႏိုင္ငံသားတစ္းဦးထံ ႐ူပီး ၁၈ သိန္းေက်ာ္တန္ဖိုးရွိ Methamphetamine ေဆးျပားကို ဧၿပီလ ၇ ရက္ေန႔ညက ဖမ္းဆီးခဲ့ေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံမွ သယ္ေဆာင္လာေသာ Methamphetamine ေဆးျပား ဂရမ္ ၆၅၇ အေလးခ်ိန္ရွိ အလုံးေရ ၆၀၀၀ ရွိေသာ ေဆးျပားကို က်န္ဖိုင္းၿမိဳ႕ Bethel ရပ္ကြက္တြင္ က်န္ဖိုင္းခ႐ိုင္ ရဲတပ္ဖြဲ႕မ်ားက ဖမ္းဆီးခဲ့ၿပီး အဆိုပါ ေဆးျပားနဲ႔အတူ ပိုင္ရွင္ဟု ယူရသူ က်န္ဖိုင္း Bethel ရပ္ကြက္တြင္ စစ္ေဘးေရွာင္အျဖစ္ ေနထိုင္သူဟု ဝန္ခံထားသူ Rawthing ေက်း႐ြာမွ အသက္ ၄၈ ႏွစ္အ႐ြယ္ Thiausawmthanga ကို ဖမ္းဆီးခဲ့ၿပီး အမႈဖြင့္ဆိုခဲ့ၾကသည္။ https://khonumthung.org/
******************
၁၅။ မြန္အမ်ိဳးသားဝတ္စုံ ႏွစ္ ၅၀ ျပည့္ ေ႐ႊရတုအခမ္းအနားက်င္းပ
(၂၀၂၂ ၊ ဧၿပီ ၁၀)

မြန္အမ်ိဳးသားဝတ္စုံ ႏွစ္ (၅၀) ျပည့္ ေ႐ႊရတုအခမ္းအနားကို မြန္ျပည္နယ္၊ ေမာ္လၿမိဳင္ၿမိဳ႕ရွိ ဆန္းရႈိင္းဟိုတယ္တြင္ ယေန႔ (ဧၿပီ ၁၀ရက္)တြင္ စည္ကားစြာက်င္းပခဲ့ေၾကာင္း ပြဲက်င္းပေရးေကာ္မတီထံမွ သိရသည္။ အဆိုပါပြဲတြင္ ေခတ္အလိုက္ဝတ္စား ဆင္ယင္မႈမ်ားကို တင္ဆက္ျပသခဲ့ၿပီး မြန္ျပည္နယ္အစိုးရအဖြဲ႕မွ တာဝန္ရွိသူမ်ား တက္ေရာက္ခဲ့ေၾကာင္း ပြဲက်င္းပေရးေကာ္မတီ အတြင္းေရးမႉး ႏိုင္ေကာင္းလဝီက ဆိုသည္။

ၿပီးခဲ့သည့္ ၂၀၂၁ ခုႏွစ္ စက္တင္ဘာလက ႏွစ္ ၅၀ျပည့္ခဲ့ကာ ကိုဗစ္ေရာဂါမ်ားေၾကာင့္ မက်င္းပႏိုင္ခဲ့သည့္ မြန္အမ်ိဳးသားဝတ္ စုံႏွစ္ ၅၀ျပည့္အခမ္းအနားအား ေနာင္တြင္က်င္းပရန္ မေသခ်ာေသးေၾကာင္း ႏိုင္ေကာင္းလဝီက မြန္သတင္းေအဂ်င္စီကို ေျပာ သည္။ မြန္အမ်ိဳးသားဝတ္စုံ ေ႐ႊရတုပြဲအခမ္းအနား က်င္းပရျခင္းရည္႐ြယ္ခ်က္ ၄ ခ်က္ရွိၿပီး မြန္ဝတ္စုံျဖစ္ေပၚလာရသည့္ အေၾကာင္းရင္းႏွင့္ ဝတ္စုံကို မ်ိဳးခ်စ္စိတ္ ရွင္သန္ထက္ျမက္ေရး ဝတ္ဆင္သြားၾကရန္ ရည္႐ြယ္ရျခင္းျဖစ္ေၾကာင္း သိရသည္။

လြန္ခဲ့သည့္ ႏွစ္ ၅၀ က တကၠသိုလ္ေက်ာင္းသားမ်ား စုစည္းစစ္တမ္းေကာက္ခဲ့သည့္ မြန္ဝတ္စားဆင္ယင္မႈကို ေနာင္လာေနာင္ သားမ်ားသိေစရန္၊ မြန္ဝတ္စားဆင္ယင္မႈကို ေနာင္လာေနာင္သားမ်ား ေရရွည္တည္တံ့ေအာင္ ထိန္းသိမ္းသြားေစရန္ မြန္ဝတ္စား ဆင္ယင္မႈကို အေကာင္အထည္ေဖာ္ခဲ့သည့္ နာယကအဖြဲ႕မ်ားကို အသိအမွတ္ျပဳဂုဏ္ျပဳရန္ႏွင့္ မြန္ဝတ္စားဆင္ယင္မႈကို ပြဲလမ္း သ‌ဘင္ အခမ္းအနားမ်ားတြင္ စံနာမူနာအျဖစ္သတ္မွတ္ၿပီး မ်ိဳးခ်စ္စိတ္ဇာတိမာန္ ရွင္သန္ထက္ျမက္ေစရန္ရည္႐ြယ္ၿပီး က်င္းပ ျခင္းျဖစ္ေၾကာင္း ႏိုင္ေကာင္းလဝီက ရွင္းျပသည္။ မြန္အမ်ိဳးသားဝတ္စုံ ႏွစ္ (၄၀) ျပည့္ အခမ္းအနားအား ၂၀၁၃ ခုႏွစ္က မြန္ျပည္နယ္၊ ေမာ္လၿမိဳင္ၿမိဳ႕၌ က်င္းပခဲ့ေသးသည္။ https://burmese.monnews.org/
******************
၁၆။ ပုဒ္မ ၂၆၁ ကို လႊတ္ေတာ္ႏွင့္သာ ျပင္ဆင္၍ရဟု ေဒါက္တာ ေအးေမာင္ေျပာ
(ဧၿပီ ၈ ၂၀၂၂)

၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒ ပုဒ္မ ၂၆၁ ကို ျပည္ေထာင္စုလႊတ္ေတာ္ကသာ ျပင္ဆင္၍ရေၾကာင္း ရခိုင့္ဦးေဆာင္ပါတီဥကၠ႒ ေဒါက္တာေအးေမာင္က ေျပာသည္။ ၿပီးခဲ့သည့္ ဧၿပီ ၆ ရက္က ေနျပည္ေတာ္တြင္ အမ်ိဳးသားစည္းလုံးညီၫြတ္ေရးႏွင့္ ၿငိမ္းခ်မ္း ေရး ေဖာ္ေဆာ္မႈညႇိႏႈိင္းေရးေကာ္မတီ (NSPNC) ႏွင့္ ျပည္ေထာင္စု ၿငိမ္းခ်မ္းေရးေဆြးေႏြးမႈပူးတြဲေကာ္မတီ (UPDJC) ႏိုင္ငံေရး ပါတီမ်ား အစုအဖြဲ႕တို႔ ပုဒ္မ ၂၆၁ ကို ျပင္ဆင္ရန္ သေဘာတူခဲ့ေၾကာင္း သိရသည္။

NSPNC ဥကၠ႒ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ရာျပည့္ ဦးေဆာင္သည့္ကိုယ္စားလွယ္အဖြဲ႕ႏွင့္ ႏိုင္ငံေရးပါတီမ်ား အစုအဖြဲ႕၏ အလုပ္ အဖြဲ႕ေခါင္းေဆာင္ စိုင္းအိုက္ေပါင္း ဦးေဆာင္သည့္အလုပ္အဖြဲ႕ကိုယ္စားလွယ္တို႔ ေတြ႕ဆုံေဆြးေႏြး၍ သေဘာတူခဲ့ျခင္းျဖစ္ ေၾကာင္း သိရသည္။ ထို႔ေနာက္ တခ်ိဳ႕ေသာ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားမွ အသက္အ႐ြယ္ ငယ္ႏိုင္ေၾကာင္း၊ အေတြ႕အႀကဳံ နည္းႏိုင္သည့္အတြက္ ျပည္နယ္လႊတ္ေတာ္ ၁၄ ေယာက္ထဲက မေ႐ြးခ်ယ္ႏိုင္ပါက ယင္းေနရာကို ျပည္နယ္ထဲမွ ပုဂၢိဳလ္ တစ္ဦးဦးကို ေ႐ြးခ်ယ္ႏိုင္ရန္ အခ်က္တစ္ခ်က္ ထည့္ထားျခင္းျဖစ္ေၾကာင္း ၎က ေျပာသည္။ တိုင္းရင္းသားပါတီ အမ်ားစုက ပုဒ္မ ၂၆၁ ကို ျပင္ဆင္ရန္ ဆႏၵရွိၾကေၾကာင္း၊ သို႔ေသာ္လည္း လက္ရွိအေနအထားအရ မည္သို႔ျပင္ဆင္မည္ကို သဲသဲကြဲကြဲ မသိရွိရေသးေၾကာင္း မြန္ညီၫြတ္ေရးပါတီ (MUP) မွ ေျပာေရးဆိုခြင့္ရွိသူ ႏိုင္တလညီက ေျပာသည္။

ပုဒ္မ ၂၆၁ ကို ယခင္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (NLD) အစိုးရလက္ထက္ ဒုတိယအႀကိမ္ လႊတ္ေတာ္မွာ ျပင္ဆင္ရန္ တပ္မေတာ္သားမ်ား အဆိုတင္သြင္းခဲ့ေၾကာင္း၊ NLD က ကန႔္ကြက္၍ ပ်က္သြားခဲ့ေၾကာင္း ေဒါက္တာ ေအးေမာင္က ေျပာသည္။ ၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒ ပုဒ္မ ၂၆၁ အရ ႏိုင္ငံေတာ္သမၼတသည္ ေဒသဆိုင္ရာ လႊတ္ေတာ္အမတ္မ်ားထဲမွ ၎လိုလား သူကို ေ႐ြးခ်ယ္ၿပီး တိုင္းေဒသႀကီးႏွင့္ ျပည္နယ္ဝန္ႀကီးခ်ဳပ္အျဖစ္ ခန႔္အပ္သည္။ https://burmese.monnews.org/
******************
၁၇။ ေမာ္လၿမိဳင္တြင္ မိုးသက္ေလျပင္းတိုက္ခတ္မႈေၾကာင့္ ေနအိမ္ ၁၇လုံးေက်ာ္ ၿပိဳက် ပ်က္စီး
(၂၀၂၂ ဧၿပီ ၈)

မြန္ျပည္နယ္၊ ေမာ္လၿမိဳင္ၿမိဳ႕နယ္တြင္ ဧၿပီ ၇ ရက္ ညေနက မိုးသက္ေလျပင္း တိုက္ခတ္မႈေၾကာင့္ ေနအိမ္ ၁၇ လုံး ေက်ာ္ ၿပိဳက် ပ်က္စီးခဲ့ၿပီး လူ ၁၅၀ ေက်ာ္ ေလေဘးသင့္ခဲ့ေၾကာင္း လူမႈကယ္ဆယ္ေရး အဖြဲ႕ထံက သိရသည္။ ေမာ္လၿမိဳင္ၿမိဳ႕ေပၚတြင္ သာယာေအးရပ္ကြက္တြင္ အမ်ားဆုံး ၿပိဳက်ပ်က္စီးမႈျဖစ္ခဲ့ၿပီး က်န္သည့္ရပ္ကြက္မ်ားတြင္ သစ္ပင္လဲက်ျခင္းမ်ားသာ ျဖစ္ေပၚခဲ့ ေၾကာင္း ေမာ္လၿမိဳင္ၿမိဳ႕က အေရးေပၚ ကယ္ဆယ္ေရးအဖြဲ႕ ဥကၠဌ ကိုဘိုဘိုဝင္းက ေျပာသည္။

ၿမိဳင္သာယာ ၁၁ လမ္းတြင္လည္း သစ္ပင္က်ိဳးက်ေသာေၾကာင့္ အိမ္ မ်က္ႏွာစာ ထိခိုက္ ပ်က္စီးခဲ့ေၾကာင္း ၎က ေျပာသည္။ တကၠသိုလ္လမ္းအပါအဝင္ ၿမိဳင္သာယာရပ္ကြက္လမ္းမ်ားတြင္ သစ္ပင္မ်ား က်ိဳးက်ခဲ့ေသာေၾကာင့္ သက္ဆိုင္ရာ မီးသတ္တပ္ဖြဲ႕ ဝင္မ်ားႏွင့္ ပူးေပါင္းကာ လမ္းရွင္းလင္းေရးမ်ား ျပဳလုပ္ေနေၾကာင္း ထပ္ေျပာသည္။

ၿပိဳက်ပ်က္စီးခဲ့သည့္ ေနအိမ္မ်ားကို လူမႈကယ္ဆယ္ေရးအဖြဲ႕မ်ားက သြားေရာက္ကူညီခဲ့ၾကၿပီး လူထိခိုက္ဒဏ္ရာျခင္း မရွိ ေၾကာင္း သိရသည္။ လက္ရွိအခ်ိန္ထိ သက္ဆိုင္ရာဌာနမ်ားမွ ေလေဘးသင့္ျပည္သူမ်ားဆီ လာေရာက္ကူညီေပးျခင္း မရွိေသး ေၾကာင္း သိရသည္။ ေလေဘးသင့္ျပည္သူ ၁၅၀ ေက်ာ္ကို လူမႈကယ္ဆယ္ေရးအဖြဲ႕မ်ား၏ အကူအညီျဖင့္ နီးစပ္ရာေဆြမ်ိဳး ေနအိမ္မ်ားကို ပို႔ေဆာင္ခဲ့ေၾကာင္း သိရသည္။ https://burmese.monnews.org/
******************
၁၈။ NSPNC ႏွင့္ UPDJC ႏိုင္ငံေရးပါတီမ်ားအစုအဖြဲ႕တို႔ ပုဒ္မ ၂၆၁ ျပင္ဆင္ရန္သေဘာတူ
(ဧၿပီ ၈ ၂၀၂၂)

အမ်ိဳးသားစည္းလုံးညီၫြတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရးေဖာ္ေဆာ္မႈ ညႇိႏႈိင္းေရးေကာ္မတီ NSPNC ႏွင့္ ျပည္ေထာင္စု ၿငိမ္းခ်မ္းေရး ေဆြးေႏြးမႈ ပူးတြဲေကာ္မတီ UPDJC ႏိုင္ငံေရးပါတီမ်ား အစုအဖြဲ႕တို႔ ပုဒ္မ ၂၆၁ ကို ျပင္ဆင္ရန္ ၿပီးခဲ့သည့္ ဧၿပီ ၆ ရက္က ေနျပည္ေတာ္တြင္ သေဘာတူခဲ့ေၾကာင္း သိရသည္။ NSPNC ဥကၠ႒ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ရာျပည့္ ဦးေဆာင္သည့္ ကိုယ္စားလွယ္ အဖြဲ႕ႏွင့္ UPDJC ႏိုင္ငံေရးပါတီမ်ား အစုအဖြဲ႕၏ အလုပ္အဖြဲ႕ေခါင္းေဆာင္ စိုင္းအိုက္ေပါင္း ဦးေဆာင္သည့္ အလုပ္အဖြဲ႕ကိုယ္စား လွယ္တို႔ ေတြ႕ဆုံ ေဆြးေႏြး၍ သေဘာတူခဲ့ျခင္းျဖစ္သည္။

တိုင္းရင္းသားပါတီ အမ်ားစုက ပုဒ္မ ၂၆၁ ကို ျပင္ဆင္ရန္ ဆႏၵရွိၾကေသာ္လည္း လက္ရွိ အေနအထားအရ မည္သို႔ျပင္ဆင္မည္ကို သဲသဲကြဲကြဲမသိရွိရေသးေၾကာင္း မြန္ညီၫြတ္ေရးပါတီ (MUP) ဒုတိယဥကၠဌ (၂) ႏိုင္တလညီက ေျပာသည္။ ထို႔အတူ ၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒ ပုဒ္မ ၂၆၁ ကို ျပည္ေထာင္စုလႊတ္ေတာ္ကသာ ျပင္ဆင္၍ရေၾကာင္း ရခိုင့္ဦးေဆာင္ပါတီဥကၠ႒ ေဒါက္တာ ေအးေမာင္က ေျပာသည္။

၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒ ပုဒ္မ ၂၆၁ အရ ႏိုင္ငံေတာ္သမၼတသည္ ေဒသဆိုင္ရာ လႊတ္ေတာ္အမတ္မ်ားထဲမွ ၎လိုလား သူကို ေ႐ြးခ်ယ္ၿပီး တိုင္းေဒသႀကီးႏွင့္ ျပည္နယ္ဝန္ႀကီးခ်ဳပ္အျဖစ္ ခန႔္အပ္ခြင့္ရွိသည္။ ပုဒ္မ ၂၆၁ ကို ယခင္ အမ်ိဳးသားဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ (NLD) အစိုးရလက္ထက္ ဒုတိယအႀကိမ္ လႊတ္ေတာ္တြင္ ျပင္ဆင္ရန္ တပ္မေတာ္သားမ်ား အဆိုတင္သြင္းခဲ့ရာ NLD လႊတ္ေတာ္ကိုယ္စားလွယ္မ်ား ကန႔္ကြက္၍ ပ်က္သြားခဲ့ေၾကာင္း သိရသည္။ https://burmese.monnews.org/
******************
၁၉။ ကယန္းအမ်ိဳးသားေန႔အထိမ္းအမွတ္အျဖစ္ ေဘာလုံးၿပိဳင္ပြဲက်င္းပၿပီး ရရွိလာတဲ့အလႉေငြကို စစ္ေရွာင္ကိုလႉဒါန္း
April 11, 2022

၂၀၂၂ခုႏွစ္ ဧၿပီလ (၁၀)ရက္ေန႔မွာ က်ေရာက္တဲ့ (၂၂)ႀကိမ္ေျမာက္ ကယန္းအမ်ိဳးသားေန႔အထိမ္းအမွတ္အျဖစ္ ကယန္းေဒသ စလင္းေက်း႐ြာအုပ္စုမွာ ေဘာလုံးၿပိဳင္ပြဲက်င္းပခဲ့ၿပီး ရရွိလာတဲ့ အလႉေငြကို ကယန္းေဒသလူမႈကယ္ဆယ္ေရးေကာ္မတီ(KRC) မွတဆင့္ စစ္ေရွာင္ေတြထံ လႉဒါန္းသြားမယ္လို႔ သိရပါတယ္။

ကယန္းအမ်ိဳးသားေန႔အထိမ္းအမွတ္နဲ႔ လူငယ္အတြက္ အားကစားျမႇင့္တင္ေရးအပိုင္းကို ကယန္းေဒသလူမႈကယ္ဆယ္ေရး ေကာ္မတီမွ ဦးေဆာင္ခဲ့ၿပီး လက္ရွိႏိုင္ငံေရးအေျခအေနအရ နယ္ေျမမတည္မႈၾကားက ေဘာလုံးပြဲျပဳလုပ္ရတဲ့အတြက္ ေဒသခံ အခ်ိဳ႕ စိုးရိမ္ပူပန္မႈေတြရွိခဲ့တယ္လို႔ ဆိုပါတယ္။ ေဘာလုံးပြဲၿပိဳင္ပြဲကို ႐ြာေပါင္း ၁၅႐ြာက ေဘာလုံးအသင္း ၂၃သင္းပါဝင္ယွဥ္ၿပိဳင္ ကစားခဲ့ၿပီး ၿပိဳင္ပြဲက်င္းပေရးေကာ္မတီနဲ႔ လာေရာက္အားေပးတဲ့ပရိသတ္တို႔ထံမွ စစ္ေရွာင္အလႉေငြ (၉၁၄၆၅၀)က်ပ္ ရရွိခဲ့တယ္ လို႔ သိရပါတယ္။

ယမန္ေန႔ ဧၿပီလ ၁၀ ရက္ေန႔မွာ က်ေရာက္တဲ့ ကယန္းအမ်ိဳးသားေန႔ အခမ္းအနားကို ကယန္းျပည္သစ္ပါတီဌာနခ်ဳပ္အပါအဝင္ ရွမ္း/ေတာင္၊ ဖယ္ခုံၿမိဳ႕နယ္နဲ႔ ကရင္နီ(ကယား)ျပည္နယ္ရွိ ေနရာေဒသအခ်ိဳ႕ေတြမွာ အက်ဥ္းခ်ဳံးက်င္းပျပဳလုပ္ခဲ့ပါတယ္။ ေနရာ ေဒသအသီးသီးမွာ က်င္းပျပဳလုပ္သြားတဲ့ ကယန္းအမ်ိဳးသားေန႔အခမ္းအနားေတြမွာ ကယန္းမ်ိဳးသားအလံတင္တာ၊ အလံေလး ျပဳတာ၊ မိန႔္ခြန္းေျပာၾကားတာေတြနဲ႔ ကယန္းအသင္းအဖြဲ႕အသီးသီးက ေပးပို႔တဲ့ သဝဏ္လႊာဖတ္ၾကားတာေတြ ျပဳလုပ္ခဲ့ၾက ပါတယ္။ https://www.kantarawaddytimes.org/
*******************
၂၀။ အာဏာသိမ္းၿပီးေနာက္ပိုင္း ကရင္နီျပည္တြင္းက ေထာင္ဒဏ္ခ် ခံရသူ ၉၄ဦးရွိေန
April 11, 2022

ကရင္နီျပည္မွာ အာဏာသိမ္းၿပီးေနာက္ပိုင္း စစ္ေကာင္စီက ပုဒ္မအမ်ိဳးမ်ိဳးနဲ႔ ဖမ္းဆီးတရားစြဲဆိုခံရသူ ၂၂၁ ဦးရွိၿပီး ေထာင္ဒဏ္ အမိန႔္ခ်ခံထားတဲ့သူ ၉၄ဦးအထိရွိေနတယ္လို႔ တိုးတက္ေသာကရင္နီျပည္သူ႔အင္အားစု ( PKPF ) ကထုတ္ျပန္ထားပါတယ္။ ေထာင္ဒဏ္ အမိန႔္ခ်ခံထားရသူေတြဟာ PDF နဲ႔ ဆက္ႏြယ္တယ္ဆိုတဲ့အေၾကာင္းျပခ်က္ ၊ CDM ျပဳလုပ္တယ္ဆိုတဲ့ အေၾကာင္းျပ ခ်က္ေတြအျပင္ စစ္သား၊ တပ္သား၊ အရာရွိေတြကို သတ္ျဖတ္တယ္ဆိုတဲ့ အေၾကာင္းျပခ်က္ေတြနဲ႔ ဖမ္းဆီးခံထားရသူေတြ ျဖစ္တယ္လို႔ PKPF တာဝန္ရွိသူတစ္ဦးက ေျပာပါတယ္။

အမိန႔္ခ်ခံရတဲ့အထဲ ပညာေရးေကာလိပ္ေက်ာင္းဆင္း CDM ေက်ာင္းဆရာ ခူးလယ္ဝါးလည္း ပါဝင္ၿပီး သူ႔ကို အၾကမ္းဖက္မႈတိုက္ ဖ်က္ေရးဥပေဒ ဆိုင္ရာ ပုဒ္မ ၅၂ ( က )နဲ႔ တရားစြဲဆိုခဲ့ၿပီး ေထာင္ဒဏ္ ၅ႏွစ္ခ်မွတ္ခံခဲ့ရပါတယ္။ ဆရာခူးလယ္ဝါးဟာ စစ္ေဘး ေရွာင္ကူညီဖို႔အတြက္ ဆန္သြားသယ္ရင္း ဖမ္းဆီးခံခဲ့ရတာျဖစ္ၿပီး ဒီလိုအမိန႔္ခ်မွတ္ခံရတဲ့အေပၚ စိတ္မေကာင္းျဖစ္မိတယ္လို႔ ေဆြမ်ိဳးနီးစပ္သူ တစ္ဦးက ေျပာပါတယ္။

ကရင္နီျပည္မွာ အာဏာသိမ္းၿပီးေနာက္ပိုင္း ပုဒ္မ ၅၀၅( က )နဲ႔ တရားစြဲခံရၿပီး ေထာင္ဒဏ္သုံးႏွစ္ အမိန႔္ခ်ခံရသူ ၇၆ဦး၊ ပုဒ္မ ၅၀၅( က )နဲ႔ တရားစြဲခံရၿပီး ေထာင္ဒဏ္ႏွစ္ႏွစ္ အမိန႔္ခ်ခံရသူ ၅ဦး၊ ၅၀၅( ခ )နဲ႔တရားစြဲခံရၿပီး ေထာင္ဒဏ္ႏွစ္ႏွစ္ခ်ခံရသူ ၁ဦး၊ ပုဒ္မ ၁၇/၁ နဲ႔ တရားစြဲခံရၿပီး ေထာင္ဒဏ္ ၃ႏွစ္ အမိန႔္ခ်မွတ္ခံရသူ ၇ဦး၊ ပုဒ္မ ၅၂ ( က ) နဲ႔ တရားစြဲခံရၿပီး ေထာင္ဒဏ္ ၅ႏွစ္ အမိန႔္ခ်ခံရသူ ၁ဦး၊ ပုဒ္မ ၅၀၅၊ ၁၂၄၊ ၅၀၊၅၂၊ ၃၀၂ နဲ႔ တရားစြဲခံရၿပီး ေထာင္ဒဏ္ တစ္သက္တစ္ကြၽန္းခ်ခံရသူ ၄ဦး အထိရွိေနတယ္လို႔ PKPF ထုတ္ျပန္ထားပါတယ္။ ကရင္နီျပည္မွာ စစ္ေကာင္စီ ဖမ္းဆီးတရားစြဲဆိုခံရသူ ၂၂၁ဦးအထိရွိေနၿပီး ၁၂၇ ဦးကေတာ့ တရားစြဲဆိုေနဆဲျဖစ္တယ္လို႔ PKPF ထုတ္ျပန္ခ်က္အရ သိရပါတယ္။
https://www.kantarawaddytimes.org/
*******************
၂၁။ (၁၃)ႏွစ္ေျမာက္ ရကၡိဳင့္တပ္ေတာ္ေန႔မွာ KNDF က ဝမ္းေျမာက္ေၾကာင္း သဝဏ္လႊာေပးပို႔
April 10, 2022

ဒီကေန႔ (ဧၿပီလ ၁၀ရက္) မွာ က်ေရာက္တဲ့ (၁၃)ႏွစ္ေျမာက္ ရကၡိဳင့္တပ္ေတာ္ေန႔မွာ ကရင္နီအမ်ိဳးသားမ်ား ကာကြယ္ေရးတပ္ (KNDF) ကေနၿပီး ရကၡိဳင့္တပ္ေတာ္(AA) ကို ဝမ္းေျမာက္ေၾကာင္း သဝဏ္လႊာေပးပို႔ခဲ့ပါတယ္။

ရခိုင္အမ်ိဳးသားလႊတ္ေျမာက္ေရးအတြက္ ရကၡိတလမ္းစဥ္နဲ႔ ေတာ္လွန္ေရးခရီးကို တစိုက္မတ္မတ္ ေလွ်ာက္လွမ္းေနတဲ့ ရကၡိဳင့္ တပ္ေတာ္(AA)ဟာ ေတာ္လွန္ေရးအင္အားစုေတြအတြက္ ေလးစားဖြယ္ စံနမူနာ ေကာင္းျဖစ္တယ္လို႔ ေဖာ္ျပထားပါတယ္။ KNDF အေနနဲ႔လည္း ေႏွာင္အနာဂတ္မွာ (AA)နဲ႔အတူ စစ္ေရး၊ ႏိုင္ငံေရးက႑ေတြ လက္တြဲလုပ္ေဆာင္ႏိုင္မယ္လို႔ ယုံၾကည္ ေၾကာင္း ဆိုထားပါတယ္။

ဒါ့အျပင္ KNDFဟာဆိုရင္ ရကၡိဳင့္တပ္ေတာ္(AA)မွ ေဖာ္ေဆာင္ေနတဲ့ ႏိုင္ငံေရးနဲ႔ စစ္ေရးလမ္းစဥ္ေတြအတိုင္း ရပ္တည္ေထာက္ခံ ေၾကာင္း၊ ရခိုင္အမ်ိဳးသားေတြ ေမွ်ာ္မွန္းေနတဲ့ ႏိုင္ငံေရးရည္မွန္းခ်က္ကို အျမန္ဆုံးေရာက္ရွိ အေကာင္အထည္ေဖာ္ႏိုင္ပါေစ ေၾကာင္း သဝဏ္လႊာမွာ ေဖာ္ျပပါရွိပါတယ္။ https://www.kantarawaddytimes.org/
*******************
၂၂။ ကယန္းအမ်ိဳးသားေန႔အခမ္းအနား အက်ဥ္းခ်ဳပ္က်င္းပ
April 10, 2022

ဒီကေန႔ ဧၿပီလ ၁၀ ရက္ေန႔မွာ က်ေရာက္တဲ့ ကယန္းအမ်ိဳးသားေန႔ အခမ္းအနားကို ရွမ္း/ေတာင္၊ ဖယ္ခုံၿမိဳ႕နယ္နဲ႔ ကရင္နီ (ကယား)ျပည္နယ္ရွိ ေနရာေဒသအခ်ိဳ႕မွာ အက်ဥ္းခ်ဳပ္က်င္းပျပဳလုပ္ခဲ့ပါတယ္။ ခုလိုအက်ဥ္းခ်ဳံးက်င္းပတဲ့ ကယန္းအမ်ိဳး သားေန႔အခမ္းအနားကို ရွမ္း/ေတာင္၊ ဖယ္ခုံၿမိဳ႕နယ္၊ အေနာက္ကယန္းေဒ၊ လြယ္ယင္းေက်း႐ြာနဲ႔ အလယ္ကယန္းေဒသ၊ ဆီးဘူးေက်း႐ြာရွိ ကယန္းျပည္သစ္ပါတီဌာနခ်ဳပ္နဲ႔ ကရင္နီ(ကယား)ျပည္နယ္၊ ဒီးေမာ့ဆိုၿမိဳ႕နယ္၊ လြိဳင္နန္းဖေဒသေတြမွာ အသီးသီးက်င္းပျပဳလုပ္ခဲ့ၾကတာပါ။

အဆိုပါ အခမ္းအနားေတြမွာ ကယန္းမ်ိဳးသားအလံတင္ျခင္း ၊ အလံေလးျပဳျခင္း ၊ မိန္႔ခြန္းေျပာၾကားျခင္း စတာ ေတြနဲ႔ ကယန္း အသင္းအဖြဲ႕အသီးသီးက ေပးပို႔တဲ့ သဝဏ္လႊာဖတ္ၾကားတာေတြ ျပဳလုပ္ခဲ့ၾကပါတယ္။ ဒါ့အျပင္ အြန္လိုင္းမွာလည္း Kayan International Network က ဦးစီးၿပီးေတာ့ ကယန္းအမ်ိဳးသားေန႔အခမ္းအနားကို က်င္းပျပဳလုပ္ခဲ့ပါတယ္။

ကယန္းအမ်ိဳးသားေန႔အခမ္းအနားကို ကိုဗစ္အေျခအေနနဲ႔ ႏိုင္ငံေရးအေျခအေနေတြေၾကာင့္ စည္စည္ကားကားမက်င္းပႏိုင္ခဲ့ တာ ၃ ႏွစ္ရွိသြားၿပီျဖစ္ၿပီး အခမ္းအနားအက်ဥ္းခ်ဳပ္သာ က်င္းပႏိုင္ခဲ့ပါတယ္။ https://www.kantarawaddytimes.org/
*******************
၂၃။ ကရင္နီျပည္သူ႔ေတာ္လွန္ေရးတပ္ေပါင္းစု (KRU) ကို ေတာ္လွန္ေရးတပ္ဖြဲ႕(၆)ဖြဲ႕ နဲ႔ ဖြဲ႕စည္းခဲ့
April 10, 2022

ကရင္နီျပည္တြင္းက စစ္ေကာင္စီကို ေတာ္လွန္ေနတဲ့ တပ္ဖြဲ႕(၆)ဖြဲ႕နဲ႔ ကရင္နီျပည္သူ႔ေတာ္လွန္ေရးတပ္ေပါင္းစု( Karenni Revolution Union – KRU ) ကို ၿပီးခဲ့တဲ့ ဧၿပီလ(၆)ရက္ေန႔မွာ ဖြဲ႕စည္းေၾကာင္း KRUမွာ ပါဝင္တဲ့ အဖြဲ႕အသီးသီးက ေၾကညာခဲ့ ပါတယ္။

လူအင္အား၊ လက္နက္အင္အား ပိုေတာင့္တင္းလာဖို႔နဲ႔ စစ္ဆင္ေရးကိစၥေတြမွာ စနစ္တက် အခ်ိတ္အဆက္မိစြာ ပူးေပါင္းေဆာင္ ႐ြက္ႏိုင္ဖို႔ အတြက္ ရည္႐ြယ္ၿပီး ဖြဲ႕စည္းခဲ့တာျဖစ္တယ္လို႔ ထုတ္ျပန္ေၾကညာထားပါတယ္။

KRUမွာပါဝင္ စုဖြဲ႕တဲ့ တပ္ဖြဲ႕(၆)ဖြဲ႕ကေတာ့ Karenni Generation-Z(KGZ), Karenni Democratic Front(KDF) , Fight for Justice(JPDF) , GZ-21(Loikaw) , Medic Unit , Southern Shan People Defense Force(SSPDF) စတဲ့ အဖြဲ႕ေတြနဲ႔ ဖြဲ႕စည္းခဲ့တာျဖစ္ပါတယ္။ (SSPDF) အဖြဲ႕ကေတာ့ အေထာက္အကူျပဳ မဟာမိတ္အဖြဲ႕အေနနဲ႔သာ ပါဝင္တယ္လို႔ ေဖာ္ျပထား ပါတယ္။ https://www.kantarawaddytimes.org/
*******************
၂၄။ KNDF B-10 ရဲေဘာ္တစ္ဦး လက္နက္ႀကီးထိမွန္ၿပီး က်ဆုံး
April 10, 2022

ကရင္နီအမ်ိဳးသားမ်ား ကာကြယ္ေရးတပ္ ( KNDF ) တပ္ရင္း ၁၀မွ ရဲေဘာ္တစ္ဦး လက္နက္ႀကီးထိမွန္ၿပီး ဒီေန႔ ( ဧၿပီလ ၁၀ ရက္ေန႔ ) မနက္ ၂နာရီအခ်ိန္မွာ က်ဆုံးသြားတယ္လို႔ KNDF B-10 က ထုတ္ျပန္ထားပါတယ္။

ေရွ႕တန္းတစ္ေနရာမွာ တာဝန္ထမ္းေဆာင္ရင္း ယမန္ေန႔ ဧၿပီလ ၉ရက္ေန႔ နံနက္ ၉နာရီဝန္းက်င္အခ်ိန္ စစ္ေကာင္စီက ပစ္ခတ္ လိုက္တဲ့ လက္နက္ႀကီး ထိမိခဲ့တာျဖစ္ပါတယ္။ က်ဆုံးသြားသူမွာ KNDF B-10က ခြဲ ၁ ၊ စု ၃ ၊ စုမႉးအျဖစ္ တာဝန္ထမ္း ေဆာင္းေနတဲ့ ရဲေဘာ္သ်ားရယ္ျဖစ္တယ္လို႔ ေဖာ္ျပထားပါတယ္။ ၿပီးခဲ့တဲ့ ဧၿပီလ ၄ရက္ေန႔မွာလည္း ဒီးေမာ့ဆိုၿမိဳ႕နယ္ ထူးလြီးဘီလာေက်း႐ြာတိုက္ပြဲအတြင္း KNDF B-01 က ရဲေဘာ္ မိုင္ကယ္ က်ဆုံးသြားခဲ့ပါတယ္။

ကရင္နီျပည္မွာ အာဏာသိမ္းၿပီးေနာက္ စစ္ေကာင္စီကို ေတာ္လွန္တဲ့ တိုက္ပြဲေတြမွာ ကရင္နီေဒသခံကာကြယ္ေရးတပ္ဖြဲ႕ က ၁၀၁ဦးက်ဆုံးၿပီး KNDF တစ္ဖြဲ႕ထဲကို ၃၆ဦးက်ဆုံးတယ္လို႔ တိုးတက္ေသာကရင္နီျပည္သူ႔အင္အားစု ( PKPF ) ကဧၿပီလ ၃ရက္ ေန႔မွာ ထုတ္ျပန္ထားပါတယ္။ https://www.kantarawaddytimes.org/
*******************
၂၅။ စစ္ေရွာင္ ရိကၡာသြားပို႔စဥ္ စစ္ေကာင္စီပစ္ခတ္မႈခံရတဲ့ လူငယ္တစ္ဦးကို ေသဆုံးလ်က္ေတြ႕ရွိ
April 9, 2022

ကရင္နီျပည္ ဖ႐ူဆိုၿမိဳ႕ ေဒါေညးခူေက်း႐ြာမွာ စစ္ေရွာင္ရိကၡာသြားပို႔တဲ့ အသက္ ၂၅ႏွစ္အ႐ြယ္ ေမာင္ပါစကြားလယ္ကို စစ္ေကာင္စီက သတ္ျဖတ္ထားတဲ့႐ုပ္အေလာင္းကို ျပည္သူ႔ကာကြယ္ေရးတပ္-ဒီးေမာ့ဆို (DMO-Local PDF)ႏွင့္ မဟာမိတ္တပ္ ေပါင္းစုတို႔မွ ဒီကေန႔ ဧၿပီလ ၉ရက္ေန႔ နံနက္ပိုင္းမွာ နယ္ေျမရွင္းလင္းေရးလုပ္ေနစဥ္ ေတြ႕ရွိခဲ့တယ္လို႔ DMO-PDF က သတင္း ထုတ္ျပန္ထားပါတယ္။

သတ္ျဖတ္ခံရတဲ့လူငယ္က မိုးၿဗဲၿမိဳ႕မွာေနထိုင္သူျဖစ္ၿပီး ၿပီးခဲ့တဲ့ ဧၿပီလ ၅ရက္ေန႔ မနက္ ၈နာရီအခ်ိန္မွာ အေဖာ္ျဖစ္သူနဲ႔ ရိကၡာသြားပို႔စဥ္ ေဒါေညးခူေက်း႐ြာအေရာက္ စစ္ေကာင္စီရဲ႕ပစ္ခတ္ျခင္းခံခဲ့ရတာျဖစ္ပါတယ္။ ပစ္ခတ္မႈေၾကာင့္ ေမာင္ပါစကြား လယ္မွာ ဆိုင္ကယ္ေပၚကက်ခဲ့ၿပီး က်န္တစ္ဦးမွာ ေပါင္နားထိရွိဒဏ္ရာရခဲ့တယ္လို႔ DMO-PDF က ထုတ္ျပန္ထားပါတယ္။ ရိကၡာသြားေရာက္ပို႔ေဆာင္စဥ္ အရပ္ဝတ္ျဖင့္သြားတာျဖစ္ၿပီး ေသဆုံးသူ႐ုပ္အေလာင္းျပန္ရခ်ိန္မွာ ေပ်ာက္ၾကားယူနီေဖာင္းနဲ႔ ျဖစ္ေနတယ္လို႔ ပစ္ခတ္စဥ္ထြက္ေျပးလြတ္ေျမာက္လာသူက DMO-PDFကိုေျပာၾကားခဲ့ပါတယ္။

ေသဆုံးသူ႐ုပ္အေလာင္းကို ေန႔ခင္း ၂နာရီမွာ သက္ဆိုင္ရာေဆြမ်ိဳးထံ ျပန္လည္အပ္ႏွံထားတယ္လို႔ သိရပါတယ္။ စစ္ေကာင္စီမွ အာဏာသိမ္းၿပီးေနာက္ ဖ႐ူဆိုၿမိဳ႕နဲ႔ ဒီးေမာ့ဆိုၿမိဳ႕နယ္အတြင္း အရပ္သားသတ္ျဖတ္ခံရသူ (၁၀၆)ဦးရွိသြားၿပီလို႔ DMO-PDF ရဲ႕ အခ်က္အလက္စုေဆာင္ေရးအဖြဲ႕ထံမွ သိရပါတယ္။ ဒါ့အျပင္ ဖ႐ူဆိုၿမိဳ႕မွ ဒီးေမာ့ဆိုလမ္းအတိုင္း သြားလာတဲ့ အမ်ိဳးသားႏွစ္ဦးကို စစ္ေကာင္စီတပ္က ပစ္ခတ္ခဲ့ၿပီး ဒီကေန႔အခ်ိန္ထိ မေတြ႕ရွိရေသးဘူးလို႔ DMO-PDF ကေျပာပါတယ္။
https://www.kantarawaddytimes.org/
*******************
၂၆။ လြိဳင္ေကာ္ၿမိဳ႕နယ္ ဝန္ႀကီးအိမ္ယာေထာင့္မွာ အမ်ိဳးသားတစ္ဦးပစ္သတ္ခံရၿပီး ေသဆုံးသြား
April 9, 2022

လြိဳင္ေကာ္ၿမိဳ႕နယ္ ေနာင္ယား(က) ရပ္ကြက္ ဝန္ႀကီးအိမ္ယာေထာင့္မွာ ယမန္ေန႔ ဧၿပီလ ၇ရက္ေန႔ ညေန၄နာရီဝန္းက်င္အခ်ိန္ အမ်ိဳးသားတစ္ဦးက ပစ္သတ္ခံရၿပီး ပြဲခ်င္းၿပီး ေသဆုံးသြားတယ္လို႔ ေဒသခံတစ္ဦးကေျပာပါတယ္။

ေသဆုံးသြားသူမွာ မည္သူျဖစ္တယ္ဆိုတာကိုေတာ့ တိတိက်က်မသိရသလို က်န္တစ္ဦးရဲ႕ အေျခအေနကိုလည္း မသိရဘူးလို႔ ၎က ဆက္ေျပာပါတယ္။ လြိဳင္ေကာ္ၿမိဳ႕ေပၚမွာ ေန႔စဥ္စစ္ေဆးေမးျမန္းတာေတြရွိေနတယ္လို႔ အမည္မေဖာ္လိုတဲ့ ေဒသခံ တစ္ဦးက‌ ေျပာပါတယ္။

ကရင္နီျပည္ရဲ႕ တခ်ိဳ႕ေနရာေတြမွာ တိုက္ပြဲေတြ စတင္ျဖစ္ပြားတဲ့ေနာက္ပိုင္း လြိဳင္ေကာ္ၿမိဳ႕မွာ စစ္ေကာင္စီရဲ႕ စစ္ေဆးေမးျမန္း မႈေတြ ဖမ္းဆီးမႈေတြကို လြိဳင္ေကာ္ၿမိဳ႕မွာ ေနထိုင္သူေတြက ႀကဳံေတြ႕ေနရပါတယ္။ ကရင္နီျပည္မွာ အာဏာသိမ္းၿပီးေနာက္ပိုင္း စစ္ေကာင္စီက ဖမ္းဆီးထားတဲ့ အရပ္သားျပည္သူ ၂၉၁ဦးရွိတယ္လို႔ ကရင္နီလူမႈအသင္းအဖြဲ႕မ်ားကြန္ယက္ ( KCSN ) က မတ္လ ၃၁ရက္ေန႔မွာ ထုတ္ျပန္ထားပါတယ္။ https://www.kantarawaddytimes.org/
*******************
၂၇။ တပ္ေျပးတစ္ဦးကို KNDF ဖမ္းဆီးမိၿပီး KSP ထံလႊဲေျပာင္းထား
April 8, 2022

ဧၿပီလ ၆ရက္ေန႔ ညပိုင္းမွာ တပ္ကေန ထြက္ေျပးလာခဲ့တဲ့ လြိဳင္ေကာ္ၿမိဳ႕ ၃၆၂အေျမာက္တပ္ရင္းမွ တပ္သားတစ္ဦးကို ေတြ႕ရွိတဲ့ ေဒသခံေတြက KNDF B-10 ကိုအေၾကာင္းၾကားတာေၾကာင့္ သြားေရာက္ ဖမ္းဆီးေခၚေဆာင္ခဲ့ၿပီး ကရင္နီျပည္ရဲဌာန (KSP) ထံလႊဲေျပာင္းလိုက္ၿပီလို႔ သိရပါတယ္။

ကိုယ္ပိုင္နံပါတ္ (၅၃၀၀၈၂)၊ အသက္၂၅ႏွစ္အ႐ြယ္ရွိသူ တပ္သား ကိုေအာင္ဆန္းလင္းမွာ ဧရာဝတီတိုင္း ေညာင္တုံးၿမိဳ႕နယ္ ဇာတိျဖစ္ၿပီး ၃၆၂အေျမာက္တပ္ရင္းမွာ တာဝန္ထမ္းေဆာင္တာ ၆ႏွစ္ရွိၿပီျဖစ္ေၾကာင္း သူ႔ရဲ႕ ေျပာၾကားခ်က္အရသိရပါတယ္။ တပ္ထဲမွာတာဝန္ထမ္းေဆာင္တဲ့အခ်ိန္ တပ္ၾကပ္ႀကီး ဦးေမာင္မိုးလက္ေအာက္မွာေနရၿပီး လစာ ၉ေသာင္းခြဲရရွိတယ္လို႔ ဆိုပါ တယ္။

ထြက္ေျပးလာတဲ့အခ်ိန္ လက္နက္မယူခဲ့ဘဲ အျခားတပ္သား ၄ဦးနဲ႔အတူ ထြက္ေျပးလာခဲ့ေပမယ့္ လူစုကြဲသြားတယ္လို႔ အဆိုပါ တပ္သားက ေျပာပါတယ္။ ကရင္နီျပည္သူ႔ရင္ခြင္ကလည္း စစ္ေကာင္စီတပ္သားေတြ CDM လုပ္ၿပီး ျပည္သူနဲ႔အတူ လာေရာက္ ပူးေပါင္းဖို႔ ဖိတ္ေခၚထားၿပီး သူတို႔ကို ကရင္နီျပည္ အရပ္ေလးမ်က္ႏွာလုံးမွာရွိတဲ့ KNDF ၊ PDF တို႔ႀကိဳဆိုရွိေနတယ္လို႔ အသိ ေပးထားပါတယ္။ https://www.kantarawaddytimes.org/
*******************
၂၈။ စစ္ေတြၿမိဳ႕နယ္၊ ေတာကန္ေက်း႐ြာရွိ ေနအိမ္တစ္အိမ္ကို ျမန္မာစစ္တပ္ကစစ္ေဆးမႈေၾကာင့္ ေဒသခံမ်ားစိုးရိမ္ေန
2022 Apr 11

စစ္ေတြၿမိဳ႕နယ္၊ ေတာကန္ေက်း႐ြာရွိ ေနအိမ္တစ္အိမ္ကို ဧၿပီလ ၉ ရက္ေန႔ မြန္းလြဲ ၁၁ နာရီခန႔္က ရဲတပ္ဖြဲ႕ဝင္ေလးဦးႏွင့္ စစ္တပ္ အင္အား ၂၀ ဦးခန႔္တို႔က စစ္ေဆးမႈျပဳလုပ္ခဲ့ေသာေၾကာင့္ ေဒသခံ႐ြာသားမ်ားမွာ စိုးရိမ္ထိတ္လန႔္ေနၾကေၾကာင္း သိရသည္။ ေတာကန္ေက်း႐ြာရွိ ေဒသခံတစ္ဦး၏ေနအိမ္ကို တပ္ဖြဲ႕ဝင္မ်ား လာေရာက္စစ္ေဆးခဲ့ေၾကာင္း၊ သို႔ေသာ္ အိမ္ပိုင္ရွင္ကို ေနအိမ္ တြင္မေတြ႕ရွိခဲ့ေသာေၾကာင့္ အိမ္ပတ္ဝန္းက်င္ကို ဓာတ္ပုံ႐ိုက္ယူသြားေၾကာင္း လုံၿခဳံေရးအရအမည္မေဖာ္လိုသည့္ ေဒသခံတစ္ဦး ကေျပာသည္။

လက္ရွိတြင္ ျမန္မာစစ္တပ္၏တပ္ဖြဲ႕ဝင္မ်ားသည္ ဝါဘိုႏွင့္ ေတာကန္ကူးတို႔ဆိပ္တြင္ တပ္စြဲေနထိုင္ေနၾကၿပီး အထက္မွအမိန႔္ မရရွိေသးေသာေၾကာင့္ အဆိုပါေနရာမွမျပန္ရေသးဟု တုန႔္ျပန္ထားေၾကာင္း ေတာကန္အုပ္ခ်ဳပ္ေရးမႉး ဦးဝင္းေမာင္က ေျပာသည္။ သို႔ေသာ္လည္း ေတာကန္ေဒသခံအမ်ားစုမွာ စစ္တပ္က ေက်း႐ြာသို႔ေရာက္ရွိလာေသာေၾကာင့္ စိုးရိမ္ေၾကာက္လန႔္၍ အနီးပတ္ဝန္းက်င္ရွိေက်း႐ြာမ်ားသို႔ ထြက္ေျပးတိမ္းေရွာင္ခဲ့ရသည္။ လက္ရွိတြင္ ေဒသခံမ်ားမွာ မိမိေက်း႐ြာသို႔ျပန္လည္ေရာက္ရွိ ေနၾကၿပီဟု အုပ္ခ်ဳပ္ေရးမႉးက ဆက္လက္ေျပာသည္။

ယခုကဲ့သို႔စစ္ေဆးေနမႈမ်ားအေပၚ ျပည္နယ္လုံၿခဳံေရးႏွင့္ နယ္စပ္ေရးရာဝန္ႀကီး ဗိုလ္မႉးႀကီး ေက်ာ္သူရကို တယ္လီဖုန္းျဖင့္ အႀကိမ္ႀကိမ္ဆက္သြယ္ခဲ့ေသာ္လည္း ဖုန္းလက္ခံေျဖၾကားျခင္း မရွိေသးေပ။ ရခိုင္ျပည္အတြင္းတြင္ ရကၡိဳင့္တပ္ေတာ္(AA)၏ အုပ္ခ်ဳပ္ေရး၊ တရားစီရင္ေရးကိစၥမ်ားကို စစ္ေကာင္စီဘက္မွ အေႏွာက္အယွက္ေပးလာေနေသာေၾကာင့္ သည္းမခံႏိုင္သည့္ အေနအထားရွိလာလွ်င္ တိုက္ပြဲဆက္တိုက္ျဖစ္လာႏိုင္ေၾကာင္း AA ေျပာေရးဆိုခြင့္ရွိသူ ဦးခိုင္သုခက ဧၿပီလ ၅ ရက္ေန႔တြင္ျပဳ လုပ္ခဲ့သည့္ သတင္းစာရွင္းလင္းပြဲ၌ ေျပာၾကားထားသည္။ https://www.dmgburmese.com/
*******************
၂၉။ ရကၡိဳင့္တပ္ေတာ္ေန႔တြင္ စစ္သုံ႔ပန္းတခ်ိဳ႕ကို AA က ျပန္လႊတ္ေပး
Apr 11, 2022

တိုက္ပြဲကာလ၌ဖမ္းဆီးရမိထားသည့္ စစ္သုံ႔ပန္း(၃)ဦးကို ရကၡိဳင့္တပ္ေတာ္(AA)၏ (၁၃)ႏွစ္ေျမာက္ေမြးေန႔တြင္ ပုဏၰားကြၽန္းၿမိဳ႕ နယ္၊ ဆင္အင္းႀကီးေက်း႐ြာအနီး၌ AA က ျပန္လႊတ္ေပးခဲ့ေၾကာင္း ေဒသခံမ်ားေျပာျပခ်က္အရ သိရသည္။ အဆိုပါစစ္သုံ႔ပန္း ၃ ဦးကို ယမန္ေန႔(ဧၿပီလ ၁၀ ရက္) ညေန ၃ နာရီခန႔္တြင္ ဆင္အင္းႀကီးေက်း႐ြာ၏ေတာင္ဖက္ ေပ ၁၀၀ ေက်ာ္ခန႔္အကြာ စာသင္ ေက်ာင္းမွေန၍ လႊတ္ေပးျခင္းလိုက္ျခင္းျဖစ္ေၾကာင္း ဆင္အင္းႀကီးေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးေဟာင္း ဦးစံသာေက်ာ္က DMG သို႔ ေျပာသည္။

ျပန္လႊတ္ေပးလိုက္သည့္ စစ္သုံ႔ပန္းတို႔၏ ရာထူး၊ တာဝန္အပါအဝင္ ဖမ္းဆီးရမိသည့္ေနရာႏွင့္ မည့္သည့္ေဒသမွ စစ္သားမ်ား ျဖစ္သည္ကိုမသိရေၾကာင္းလည္း ေက်း႐ြာသားမ်ားကေျပာသည္။ စစ္သုံ႔ပန္း ၃ ဦးကို ရကၡိဳင့္တပ္ေတာ္(AA)မွ တပ္ဖြဲ႕ဝင္ ၁၀ ေက်ာ္ခန႔္ကလာေရာက္ပို႔ေဆာင္ခဲ့ျခင္းျဖစ္ၿပီး ပုဏၰားကြၽန္းၿမိဳ႕ေပၚရွိ (၅၅၀)တပ္ရင္းမွ တာဝန္ရွိသူမ်ားက လာေရာက္လက္ခံခဲ့ ျခင္းျဖစ္ေၾကာင္း အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ေဟာင္း ဦးခင္ေမာင္လတ္က DMG သို႔ အတည္ျပဳေျပာဆိုသည္။

ထိုသို႔စစ္သုံ႔ပန္းမ်ားကိုလႊတ္ေပးရျခင္းမွာ ဧၿပီလ ၁၀ ရက္ေန႔တြင္က်ေရာက္ေသာ ရကၡိဳင့္တပ္ေတာ္(AA)၏(၁၃)ႏွစ္ေျမာက္ ေမြးေန႔ကို ဂုဏ္ျပဳေသာအားျဖင့္ႏွင့္ စစ္ေရးတည္ၿငိမ္ေနမႈ၊ ႏွစ္ဦးႏွစ္ဘက္နားလည္မႈျဖင့္ အပစ္ခတ္ရပ္စဲႏိုင္ျခင္းကို အေလးထား သည့္အေနျဖင့္ လႊတ္ေပးျခင္းျဖစ္ႏိုင္ေၾကာင္း ဦးခင္ေမာင္လတ္ကသုံးသပ္သည္။ စစ္သုံ႔ပန္းမ်ားလႊတ္ေပးသည့္ကိစၥႏွင့္ ပတ္သက္ၿပီး AA ႏွင့္ ျမန္မာစစ္တပ္ဘက္မွ ေျပာေရးဆိုခြင့္ရွိသူတို႔ထံ DMG က ဆက္သြယ္ေမးျမန္းခဲ့ေသာ္လည္း ဖုန္းလက္ခံ ေျဖၾကားျခင္း မရွိခဲ့ေပ။ https://www.dmgburmese.com/
*******************
၃၀။ ေျမာက္ဦးေရွးေဟာင္းနယ္ေျမအတြင္းမွ က်ဴးမ်ားကို ၆ လအတြင္း အၿပီးဖယ္ရွားမည္
Apr 11, 2022

ယူနက္စကိုပညာရွင္မ်ား လာေရာက္မစစ္ေဆးမီ ၆ လအတြင္း ေျမာက္ဦးၿမိဳ႕ရွိ က်ဴးေက်ာ္အေဆာက္အအုံမ်ားကို အၿပီးဖယ္ရွား သြားမည္ျဖစ္ေၾကာင္း ေရွးေဟာင္းသုေတသနႏွင့္အမ်ိဳးသားျပတိုက္ဦးစီးဌာန တာဝန္ရွိသူမ်ားထံမွသိရသည္။ ေျမာက္ဦးၿမိဳ႕ ေရွးေဟာင္းနယ္ေျမအတြင္း က်ဴးေက်ာ္ေနအိမ္မ်ားႏွင့္ အေဆာက္အအုံ စုစုေပါင္း(၆၀၀)ခန႔္ရွိသည့္အနက္ က်ဳံးပတ္ဝန္းက်င္ရွိ က်ဴးမ်ားႏွင့္ ေရအရင္းျမစ္တည္ရွိရာပတ္ဝန္းက်င္ရွိ က်ဴးမ်ားကို ဦးစားေပးဖယ္ရွားသြားမည္ဟု ေရွးေဟာင္းသုေတသနႏွင့္ အမ်ိဳးသားျပတိုက္ဦးစီးဌာန(ေျမာက္ဦးဌာနခြဲ)မွ ၫႊန္ၾကားေရးမႉး ဦးၾကည္ခင္ DMG ကိုေျပာသည္။

ေျမာက္ဦးၿမိဳ႕တြင္ သိမ္ကုန္းေပါင္၊ ေငြေတာင္ေပါက္စသည့္ က်ဳံးစုစုေပါင္း ၄၀ ေက်ာ္ရွိၿပီး ယင္းပတ္ဝန္းက်င္ရွိ က်ဴးေက်ာ္မ်ားကို ဖယ္ရွားသြားမည္ျဖစ္သည္။ ထို႔ေနာက္ သက်မာန္ေအာင္၊ ရတနာ့မာန္ေအာင္အနီးအနားရွိ က်ဴးေက်ာ္မ်ားကို တဆင့္ခ်င္းဖယ္ ရွားသြားမည္ျဖစ္ေၾကာင္းလည္း ေရွးေဟာင္းသုေတသနႏွင့္ အမ်ိဳးသားျပတိုက္ဦးစီးဌာနမွ သိရသည္။ က်ဴးေက်ာ္ေနထိုင္သူမ်ားမွ ေငြေၾကးအဆင္မေျပသူမ်ားအတြက္ နစ္နာမႈမရွိရေအာင္ ေျမေနရာအစားထိုးေပးရန္ စီစဥ္ထားသည္ဟုလည္း ဦးၾကည္ခင္က ေျပာသည္။

ယခုကဲ့သို႔ က်ဴးေက်ာ္မ်ားကို တစ္ႏွစ္အတြင္းဖယ္ရွားမည္ဟုေသာေျပာဆိုခ်က္ႏွင့္ပတ္သက္ၿပီး ေျမာက္ဦးၿမိဳ႕နယ္ လႊတ္ေတာ္ အမတ္ေဟာင္း ဦးထြန္းသာစိန္က လက္ရွိေျမျပင္တြင္ တစုံတရာေဆာင္႐ြက္ျခင္းမရွိေသးေၾကာင္း ေျပာသည္။ ေျမာက္ဦးတြင္ အေရးယူေဆာင္႐ြက္မႈအားနည္းခဲ့ျခင္း၊ တရားဥပေဒစိုးမိုးမႈအားနည္းခဲ့ျခင္းတို႔ေၾကာင့္ က်ဴးေက်ာ္မ်ားမွာ တစ္ႏွစ္ထက္တစ္ႏွစ္ ပိုမ်ားလာခဲ့ျခင္းျဖစ္ေၾကာင္းႏွင့္ က်ဴးေက်ာ္ကိစၥအား ထိေရာက္စြာကိုင္တြယ္မႈမရွိပါက ေရွးေဟာင္းနယ္ေျမမ်ား ေပ်ာက္ကြယ္ သြားႏိုင္သည္ဟုလည္း ဦးထြန္းသာစိန္ကဆက္ေျပာသည္။ https://www.dmgburmese.com/
*******************
၃၁။ ရကၡိဳင့္တပ္ေတာ္(AA)ေန႔ကို အဖြဲ႕အစည္းအသီးသီးမွ သဝဏ္လႊာေပးပို႔
Apr 10, 2022

ယေန႔က်ေရာက္သည့္ (၁၃)ႏွစ္ေျမာက္ ရကၡိဳင့္တပ္ေတာ္(AA)ေန႔အခမ္းအနားသို႔ အမ်ိဳးသားညီၫြတ္ေရးအစိုးရ (NUG)အပါ အဝင္ လက္နက္ကိုင္တပ္ဖြဲ႕မ်ားႏွင့္ အဖြဲ႕အစည္းအသီးသီးတို႔မွ ဂုဏ္ျပဳသဝဏ္လႊာမ်ား ေပးပို႔ၾကသည္။ အမ်ိဳးသားတန္းတူေရး၊ ကိုယ္ပိုင္ျပ႒ာန္းခြင့္ရရွိေရး၊ ကိုယ့္ၾကမၼာကိုယ္ဖန္တီးခြင့္ရရွိေရးႏွင့္ စစ္အာဏာရွင္စနစ္ ျဖဳတ္ခ်ႏိုင္ေရးအတြက္ ရခိုင္ျပည္သူလူ ထုကိုဦးေဆာင္ၿပီး ေတာ္လွန္ေရးတိုက္ပြဲမ်ားဆင္ႏြဲႏိုင္ရန္အတြက္ ထူေထာင္ခဲ့သည့္ ရကၡိဳင့္တပ္ေတာ္(AA)၏ (၁၃)ႏွစ္ျပည့္အ ခမ္းအနားသို႔ ဂုဏ္ျပဳအသိအမွတ္ျပဳသည္ဟု NUG ၏ သဝဏ္လႊာတြင္ ေဖာ္ျပထားသည္။

NUG အေနျဖင့္ အာဏာရွင္မ်ား ေခတ္အဆက္ဆက္က်င့္သုံးခဲ့သည့္ လူမ်ိဳးႀကီးဝါဒႏွင့္ တျပည္ေထာင္ အုပ္ခ်ဳပ္ေရးစနစ္ကို အၿပီး တိုင္ဖ်က္သိမ္းၿပီး တိုင္းရင္းသားလူမ်ိဳးအားလုံး၏ တန္းတူညီမွ်ေရး၊ ကိုယ္ပိုင္ျပ႒ာန္းခြင့္ႏွင့္ ကိုယ့္ၾကမၼာကိုယ္ဖန္တီးပိုင္ခြင့္ကို အာမခံသည့္ ႏိုင္ငံေရးစနစ္သစ္ဖန္တီးႏိုင္ေရး ႀကိဳးပမ္းေဆာင္႐ြက္လ်က္ရွိေၾကာင္းလည္း ဆက္လက္ေရးသားထားသည္။ NUG သည္ အာဏာရွင္စနစ္အၿပီးတိုင္ဖ်က္သိမ္းေရး၊ ဖက္ဒရယ္ဒီမိုကေရစီျပည္ေထာင္စု ေဖာ္ေဆာင္ေရး လုပ္ငန္းစဥ္မ်ားကို ႀကိဳးပမ္း ေဆာင္႐ြက္ရန္အတြက္ AA ႏွင့္ အလြတ္သေဘာေတြ႕ဆုံလိုေၾကာင္း မတ္လ ၂၄ ရက္ေန႔က ကမ္းလွမ္းထားသည္။

(၁၃)ႏွစ္ျပည့္ ရကၡိဳင့္တပ္ေတာ္ေန႔ကို ညီေနာင္မဟာမိတ္အဖြဲ႕ဝင္မ်ားျဖစ္သည့္ ကိုးကန႔္(MNDAA)၊ တအာင္း(TNLA)ႏွင့္ ျပည္သူ႔ လြတ္လပ္ေရးတပ္ေတာ္(PLA)၊ လူထုေတာ္လွန္ေရးမဟာမိတ္(Magway)၊ ေက်ာင္းသားလက္႐ုံးတပ္ေတာ္(ကလတ) စသည့္အ ဖြဲ႕အစည္းမ်ားက သဝဏ္လႊာေပးပို႔ထားၾကသည္။ ကိုးကန႔္(MNDAA)၊ တအာင္း(TNLA)ေပးပို႔သည့္ သဝဏ္လႊာတြင္ မိမိတို႔ညီ ေနာင္မဟာမိတ္အဖြဲ႕အေနျဖင့္ မိမိတို႔အၾကား အားေကာင္းစြာရရွိထားၿပီးျဖစ္သည့္ ႏိုင္ငံေရး၊ စစ္ေရးအရ ပူးေပါင္းေဆာင္႐ြက္မႈ တို႔ကို အႏၲိမပန္းတိုင္မေရာက္မခ်င္း လက္တြဲေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ေရးသားထားသည္။
https://www.dmgburmese.com/
*******************
၃၂။ မိုးညႇင္းၿမိဳ႕ ႏွင့္ ေမာ္ဟန္ ၾကား ရက္ပိုင္းအတြင္း စစ္တပ္ဂိတ္ ၄ ခု တိုးလာ
11th April 2022

ကခ်င္ျပည္နယ္ မိုးညႇင္းၿမိဳ႕ႏွင့္ ေမာ္ဟန္ေက်း႐ြာၾကား ကားလမ္းပိုင္း၌ ယခုရက္ပိုင္းအတြင္း စစ္ေကာင္စီတပ္၏ စစ္ေဆးေရး ဂိတ္အသစ္ ၄ ခု ထပ္တိုးလာၿပီး ခရီးသြားျပည္သူမ်ားကို စစ္ေဆးမႈ ပိုမ်ားလာေၾကာင္း သိရသည္။ အဆိုပါ စစ္ေရးဂိတ္ ၄ ခုကို ယခုလ ဧၿပီလ ၅ ရက္ေန႔ ေနာက္ပိုင္းတြင္ တည္ေဆာက္လာျခင္းျဖစ္သည္ဟု ေမာ္ဟန္ေက်း႐ြာေနအမ်ိဳးသားတစ္ဦး က KNG သတင္းဌာနသို႔ ေျပာသည္။

အဆိုပါ စစ္ေဆးေရးဂိတ္မ်ားကို မိုးညႇင္း ေမာ္ဟန္ေက်း႐ြာၾကားရွိ စစ္တပ္စခန္းႏွင့္ နီးသည့္ေနရာမ်ားတြင္ အေျခခ်ထားၿပီး စစ္ေကာင္စီစစ္သားမ်ား ေနရာယူကာ ျဖတ္သန္းသြားလာေသာ ျပည္သူမ်ားကို စစ္ေဆးေမးျမန္းမႈမ်ား ျပဳလုပ္ေနျခင္း ျဖစ္သည္။

ကခ်င္ျပည္နယ္တြင္ စစ္အာဏာသိမ္းၿပီးေနာက္ စစ္ေကာင္စီတပ္၏ စစ္ေဆးေရးဂိတ္မ်ား မၾကာခဏ တိုက္ခိုက္ခံရၿပီး လြန္ခဲ့ သည့္ လတြင္လည္း နန႔္စီးေအာင္စစ္ေဆးေရးဂိတ္ႏွင့္ ျမစ္ႀကီးနားၿမိဳ႕ အထြက္ ၂၁ မိုင္ ဂိတ္တို႔ တိုက္ခိုက္ခံရကာ စစ္ေကာင္စီ တပ္သားမ်ား ေသဆုံးမႈရွိခဲ့သည္။ သို႔ေသာ္လည္း စစ္ေကာင္စီတပ္မ်ားႏွင့္ ၎လက္ေအာက္ခံ ျပည္သူ႔စစ္မ်ားသည္ ျပည္နယ္ အတြင္း ေနရာအခ်ိဳ႕တြင္ စစ္အင္အားတိုးခ်ဲ႕ကာ စစ္ေဆးေရးဂိတ္မ်ားျဖင့္ တင္းၾကပ္လာေၾကာင္း ေနရာအသီးသီးမွ စုံစမ္းသိရွိရ ပါသည္။ https://burmese.kachinnews.com/2022/04/11/apr11-ab1-2/
******************
၃၃။ ကြတ္ခိုင္၊ ဟူေနာင္ အနီးမွာ စစ္ေကာင္စီနဲ႔ KIA တို႔ တိုက္ပြဲ ျဖစ္ပြား
11th April 2022

ကြတ္ခိုင္ၿမိဳ႕နယ္ ဟူေနာင္႐ြာအနီးမွာ ဧၿပီလ ၁၀ ရက္ညေနပိုင္း ၆ နာရီခြဲ ဝန္းက်င္ခန႔္ကစ စစ္ေကာင္စီနဲ႔ KIA တို႔ ထိေတြ႕ တိုက္ပြဲ ျဖစ္ပြားခဲ့ေၾကာင္း ေဒသခံေတြက ေျပာပါတယ္။ ကြတ္ခိုင္ကေန ၉ မိုင္ေလာက္အကြာမွာ ရွိတဲ့ ဟူေနာင္မွာ စစ္ေကာင္စီနဲ႔ ကခ်င္လြတ္လပ္ေရးတပ္မေတာ္ KIA တို႔ တိုက္ပြဲ ျဖစ္ပြားခဲ့တာျဖစ္ပါတယ္။

ကြတ္ခိုင္ မူဆယ္ ျပည္ေထာင္စုလမ္းမေပၚမွာလည္း ဧၿပီလ ၁၀ ရက္ေန႔ မြန္းလြဲ ၂ နာရီ ဝန္းက်င္ကတည္းက စစ္ေကာင္စီတပ္ အင္အား ၆၀ ဝန္းက်င္ခန႔္ ေျခလ်င္ လႈပ္ရွားသြားလာေနၾကတယ္လို႔ ခရီးသြား ျပည္သူေတြဆီက သိရပါတယ္။

ကြတ္ခိုင္ၿမိဳ႕နယ္မွာ စစ္ေကာင္စီ နဲ႔အတူ ျပည္သူ႔စစ္တပ္မ်ား၊ တိုင္းရင္းသားေတာ္လွန္ေရးတပ္မ်ား လႈပ္ရွားသြားလာၿပီး ပုံမွန္ ထိေတြ႕ တိုက္ပြဲ ျဖစ္ပြားေနတာျဖစ္ပါတယ္။ https://burmese.kachinnews.com/2022/04/11/apr11-cj1/
**************
၃၄။ NLD ကခ်င္ဝန္ႀကီးခ်ဳပ္အပါ ဝန္ႀကီးမ်ားကို စြဲဆိုေသာ အဂတိအမႈ အမိန႔္ခ်မည့္ရက္ ေ႐ႊ႕ဆိုင္း
9th April 2022

ဖမ္းဆီးခံ NLD အစိုးရ၏ ကခ်င္ျပည္နယ္ ဝန္ႀကီးခ်ဳပ္ ေဒါက္တာခက္ေအာင္အပါအဝင္ ျပည္နယ္ ဝန္ႀကီး‌ ၇ ဦး ကို စြဲဆိုထားသည့္ ပုဒ္မ ၅၅ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရး ဥပေဒပုဒ္မအတြက္ အမိန႔္ခ်မည့္ရက္ကို ထပ္မံေ႐ႊ႕ဆိုင္းလိုက္ေၾကာင္း NLD ပါတီ ျပည္နယ္အလုပ္အမူေဆာင္ထံမွ သိရသည္။ ဝန္ႀကီးခ်ဳပ္အပါ ဝန္ႀကီးမ်ားကို ဧၿပီလ ၈ရက္ေန႔ အမိန႔္ခ်မွတ္မည္ဟု စစ္ေကာင္စီ ဘက္မွ ခ်ိန္းဆိုခဲ့ေသာ္လည္း ဧၿပီလ ၂၂ ရက္ေန႔သို႔ ထပ္မံေျပာင္းေ႐ႊ႕လိုက္ေၾကာင္း သိရသည္။

ေဒါက္တာခက္ေအာင္ႏွင့္အတူ ျပည္နယ္ဝန္ႀကီးမ်ားကို ၂၀၂၁ ခုႏွစ္ စစ္တပ္ အာဏာစသိမ္းသည့္ ေဖေဖာ္ဝါရီလ ၁ ရက္ ေန႔ နံနက္ပိုင္းတြင္ ဖမ္းဆီးထားၿပီး ယေန႔အထိ အဂတိတိုက္ဖ်က္ေရးပုဒ္မ ၅၅ အပါအဝင္ ပုဒ္မအမ်ိဳးမ်ိဳးျဖင့္ စစ္ေကာင္စီမွ တရားစြဲ ဆိုထားသည္။ အဂတိတိုက္ဖ်က္ေရးပုဒ္မ ၅၅ ျဖင့္ စြပ္စြဲခံထားရျခင္းမွာ ကခ်င္ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာခက္ေအာင္ႏွင့္ ျပည္နယ္ဝန္ႀကီးမ်ားသည္ တာဝန္ထမ္းေဆာင္ေနစဥ္အတြင္း ႏိုင္ငံေတာ္ရန္ပုံေငြမ်ားအား အလႊဲသုံးစားလုပ္၍ အသုံးျပဳျခင္း၊ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္၏ ႐ုံးမ်ားတည္ေဆာက္ရန္ စီးပြားေရးလုပ္ငန္းရွင္မ်ားထံ ေငြေၾကးေတာင္းခံမႈမ်ား ျပဳလုပ္ျခင္းတို႔ ေၾကာင့္ျဖစ္ေၾကာင္း စစ္ေကာင္စီ၏ အဂတိတိုက္ဖ်က္ေရးေကာ္မရွင္မွ ၿပီးခဲ့သည့္ ဩဂုတ္လ ၂၃ ရက္ေန႔ ရက္စြဲျဖင့္ ထုတ္ျပန္ ခဲ့သည္။

ဝန္ႀကီးခ်ဳပ္ ေဒါက္တာခက္ေအာင္ သည္လည္း ရာထူးတာဝန္ထမ္းေဆာင္စဥ္ တရားမဝင္သိမ္းဆည္းရမိသည့္ သလင္းေက်ာက္ မ်ားအား ကာလေပါက္ေဈးအတိုင္း ေရာင္းခ်ျခင္းမျပဳဘဲ ေဈးေလွ်ာ့ေရာင္းခ်မႈ၊ ေရာင္းခ်သည့္ေငြမ်ားထဲမွ ၂၀ရာခိုင္ႏူန္းအား ျပည္ေထာင္စုဘ႑ရန္ပုံေငြထဲသို႔ ေပးသြင္းျခင္းမရွိသည့္အမူ၊ ကခ်င္ျပည္နယ္အစိုးရအဖြဲ႕၏ ဧည့္ေဂဟာ႐ုံး တည္ေဆာက္ရန္ ၁၄၉ ၂.၄ အသုံးျပဳျခင္းအမူ၊ ျမစ္ႀကီးနားၿမိဳ႕ေပၚ လမ္းလုပ္ခ်ိန္တြင္ လုပ္ထုံးလုပ္နည္းအတိုင္း တင္ဒါေခၚယူျခင္းမရွိဘဲ ပုဂၢလိက ကုမၸဏီတစ္ခုကိုသာ လုပ္ပိုင္ခြင့္ေပးျခင္းတို႔ ပါဝင္သည္။ https://burmese.kachinnews.com/2022/04/09/apr9-cj1-4/
******************
၃၅။ KIO ၏ စစ္တပ္ထုတ္ကုန္ တားျမစ္ခ်က္ ထိေရာက္ေၾကာင္း ေဒသခံအခ်ိဳ႕ေျပာဆို
9th April 2022

ဖားကန႔္ၿမိဳ႕နယ္တြင္ စစ္တပ္၏ ေက်ာေထာက္ေနာက္ခံ အက်ိဳးတူ စစ္တပ္ထုတ္ကုန္မ်ားကို ေရာင္းဝယ္ေဖာက္ကားမႈ မျပဳလုပ္ ရန္ ေဖေဖာ္ဝါရီလကုန္ပိုင္းအတြင္း ကခ်င္လြတ္လပ္ေရးအဖြဲ႕ KIO သတိေပးတားျမစ္တားျမစ္ခ်က္သည္ ထိေရာက္မႈရွိေၾကာင္း ဖားကန႔္ေဒသခံမ်ား ေျပာဆိုခ်က္မွ သိရသည္။ KIO ၏ တားျမစ္ခ်က္ ထုတ္ျပန္သတိေပးလိုက္သည့္ေနာက္ပိုင္း ဖားကန႔္ေဒသ တြင္ ေရာင္းဝယ္ေဖာက္ကား မႈမ်ား ေလ်ာ့နည္းသြားသည္ကို ျမင္ေတြ႕ရသည့္ ဖားကန႔္ၿမိဳ႕ေပၚ ေဒသခံတစ္ဦးက KNG သတင္း ဌာနကို ေျပာဆိုထားသည္။

၂၀၂၂ ခုႏွစ္ မတ္လ ၂၂ ရက္ေန႔ ေနာက္ဆုံးထား၍ ဖားကန႔္တြင္ Myanmar Beer ၊ Dagon Beer ၊ Andaman Beer ၊ Rum ၊ Mandalay Beer ၊ Black Shied ႏွင့္ ေဆာက္လုပ္ေရးသုံး ဆင္မင္းဘိလပ္ေျမမ်ားကို သုံးစြဲျခင္းမျပဳရန္ ထုတ္ျပန္ေၾက ညာခဲ့ျခင္းျဖစ္သည္။ KIO ဘက္က ေစ်းကြက္အတြင္း လိုက္လံအေရးယူမႈမ်ား ျပဳလုပ္ျခင္းမရွိေသးေသာ္လည္း ဖားကန႔္ေဒသခံ ျပည္သူမ်ားအေနျဖင့္ KIO ၏ လုပ္ရပ္အေပၚ ေထာက္ခံမႈမ်ားလည္းရွိေနေၾကာင္း သူကဆက္ဆိုသည္။

သို႔ေသာ္ ၿမိဳ႕ေပၚတစ္ခ်ိဳ႕ႏွင့္ ေက်း႐ြာတစ္ခ်ိဳ႕မွာ ေရာင္းဝယ္ေဖာက္ကားမႈမ်ား ရွိေနေသးသည့္အတြက္ တာဝန္ရွိသည့္ KIO အေန ျဖင့္ လိုက္လံ အေရးယူမႈမ်ား ျပဳလုပ္ေပးေစလိုသည္ဟု ေဒသခံတခ်ိဳ႕ KNG သတင္းဌာနကို ေျပာဆိုမႈမ်ားရွိပါသည္။ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ ျမန္မာတစ္ႏိုင္ငံလုံး စစ္အာဏာရွင္စနစ္ကို ဆန႔္က်င္ေတာ္လွန္သည့္အေနျဖင့္ ဖားကန႔္ေဒသသာမက ကခ်င္ျပည္နယ္အတြင္းရွိ ၿမိဳ႕နယ္တစ္ခ်ိဳ႕မွာလည္း စစ္တပ္ႏွင့္ သက္ဆိုင္ေသာ ထုတ္ကုန္မ်ားကို ေရာင္းဝယ္ေဖာက္ကားမႈ မ်ားမျပဳလုပ္ရန္ KIO ကတရားဝင္ လိုက္လံအေရးယူသည့္ လုပ္ေဆာင္ခ်က္မ်ားလည္း ရွိေနသည္။

KIO ၏ စစ်တပ်ထုတ်ကုန် တားမြစ်ချက် ထိရောက်ကြောင်း ဒေသခံအချို့ပြောဆို

၃၆။ မဂ်ီဂုန္ (Maji Gung) ဘက္သို႔ စစ္အင္အားပို႔ေဆာင္ေသာ စစ္ေကာင္စီတပ္ကို KIA တိုက္ခိုက္
9th April 2022

ဗန္းေမာ္ခ႐ိုင္ မံစီၿမိဳ႕နယ္ (Man Je) မွ မဂ်ီဂုန္ (Maji Gung) ေတာင္ စစ္တပ္စခန္းသို႔ စစ္အင္အားပို႔ေဆာင္ေနေသာ စစ္ေကာင္စီ တပ္ႏွင့္ ကခ်င္လြတ္လပ္ေရးတပ္မေတာ္ KIA တို႔ၾကား ယခုလဆန္းပိုင္းကစတင္ၿပီး တိုက္ပြဲ ၄ႀကိမ္ထက္မနည္း ျဖစ္ပြားခဲ့ ေၾကာင္း သိရသည္။ ယခုအပတ္ ဧၿပီလ ၇ ရက္ေန႔ နံနက္ပိုင္း ၈ နာရီ ဝန္းက်င္ခန႔္တြင္ ဗန္းေမာ္(Man Maw) ဘက္မွ မဂ်ီဂုန္ (Maji Gung) ဘက္သို႔ စစ္ရိကၡာသယ္ေဆာင္လာေသာ စစ္ကား ၂ စီးကို KIA က မိုင္းေခါင္ ႏွင့္ လိုင္ကာဇြပ္ဂ်ာ ေက်း႐ြာ ၂ ခု ၾကားတြင္ ၾကားျဖတ္ မိုင္းခြဲတိုက္ခိုက္ခဲ့သည္ဟု မိုင္းေခါင္ (Mung Hkawng) ေဒသခံတစ္ဦးက KNG သတင္းဌာနကို အတည္ျပဳေျပာဆိုထားသည္။

ထို႔ေနာက္ ဧၿပီ ၆ ရက္ေန႔ နံနက္ ၁၁ နာရီအခ်ိန္ဝန္းက်င္ခန႔္တြင္လည္း လိုင္ကာဇြပ္ဂ်ာေက်း႐ြာအနီးမွာပင္ စစ္ေကာင္စီ တပ္မ ၈၈၊ စကခ ၁၅ ႏွင့္ ခလရ ၁၂၁ ပူးေပါင္းတပ္ စစ္အင္အား ၂၀၀ ခန႔္သည္ မိုင္းေခါင္ မွ ကား ၄ စီးျဖင့္ တက္လာစဥ္ KIA မွ ၾကားျဖတ္ပစ္ခတ္တိုက္ခိုက္မႈမ်ား ရွိခဲ့ေၾကာင္း သိရသည္။ အဆိုပါ တိုက္ပြဲမ်ားတြင္ စစ္ေကာင္စီဘက္မွ ထိခိုက္က်ဆုံးမႈ ရွိခဲ့ေၾကာင္း ေဒသခံမ်ား ေျပာဆိုေသာ္လည္း ေျမျပင္အေျခအေနကို အတည္ျပဳႏိုင္ျခင္း မရွိေသးပါ။

မိုင္းေခါင္အနီး တိုက္ပြဲျဖစ္ပြားမႈတြင္ မိုင္းေခါင္ စစ္ေရွာင္စခန္းအနီးတြင္ရွိေသာ စစ္တပ္မွ တိုက္ပြဲျဖစ္ပြားသည့္ဘက္သို႔ လက္နက္ ႀကီးမ်ားျဖင့္ ရမ္းသမ္းပစ္ခတ္ခဲ့ေသာေၾကာင့္ စိုးရိမ္မႈမ်ားရွိခဲ့ေၾကာင္း မိုင္းေခါင္စစ္ေရွာင္တစ္ဦးက ေျပာဆိုထားသည္။ မံစီ (Man Je) ၿမိဳ႕နယ္ မဂ်ီဂုန္(Maji Gung) စစ္တပ္ဗ်ဴဟာကုန္းသို႔ ေထာက္ပို႔သြားလာေနေသာ စစ္ေကာင္စီတပ္မ်ားကို မိုင္းေခါင္း ႏွင့္ မဂ်ီဂုန္ၾကားတြင္ ကခ်င္လြတ္လပ္ေရးတပ္မေတာ္ KIA တပ္ရင္း ၂၇ မွ ၾကားျဖတ္တိုက္ခိုက္မႈမ်ားရွိေနေၾကာင္း KIO သတင္းျပန္ ၾကားေရးစာမ်က္ႏွာတြင္လည္း ေဖာ္ျပထားသည္ကို ေတြ႕ရပါသည္။

မဂျီဂုန် (Maji Gung) ဘက်သို့ စစ်အင်အားပို့ဆောင်သော စစ်ကောင်စီတပ်ကို KIA တိုက်ခိုက်


******************
၃၇။ စစ္ေကာင္စီေအာက္ တကၠသိုလ္ဝင္တန္း ရလဒ္ကို ကခ်င္ေဒသအဆင့္ျမင့္ ပညာေရးအဖြဲ႕မ်ား လက္မခံ
9th April 2022

အာဏာသိမ္း စစ္ေကာင္စီေအာက္ တကၠသိုလ္ဝင္တန္း စာေမးပြဲရလဒ္ျဖင့္ ကခ်င္ေဒသတြင္း အဆင့္ျမင့္ပညာအဖြဲ႕အစည္းမ်ား တြင္ တက္ေရာက္ခြင့္ လုံးဝ လက္မခံေၾကာင္း စစ္ေကာင္စီကို ဆန႔္က်င္ေသာ ကခ်င္ေဒသ တကၠသိုလ္ႏွင့္ ေကာလိပ္ေက်ာင္း စုေပါင္းထုတ္ျပန္ထားေၾကာင္း သိရသည္။ လက္ရွိ စစ္ေကာင္စီေအာက္ တကၠသိုလ္ဝင္တန္း စာေမးပြဲေျဖဆိုေနမႈႏွင့္ ပတ္သက္ ၿပီး ဧၿပီ ၅ ရက္ေန႔ ကခ်င္ေဒသမွ NUG အစိုးရေအာက္ တကၠသိုလ္ႏွင့္ ေကာလိပ္ေက်ာင္းအားလုံး စုေပါင္းၿပီး ယခုလို ထုတ္ျပန္ခဲ့ ျခင္း ျဖစ္သည္။

လက္ရွိႏိုင္ငံေရးအေျခအေနၾကား ျပည္သူမ်ားအေနျဖင့္ မည္သည့္အေၾကာင္းေၾကာင့္ျဖစ္ေစ အာဏာသိမ္းစစ္တပ္ေအာက္ တကၠသိုလ္ဝင္တန္းေျဖဆိုလာသူမ်ားကို ကခ်င္ေဒသတကၠသိုလ္ေက်ာင္းမွ အသိအမွတ္ျပဳမည္မဟုတ္ေၾကာင္းႏွင့္ လုံး၀ လက္ခံမည္မဟုတ္ေၾကာင္း ေျပာဆိုသည္။ ကခ်င္ျပည္နယ္တြင္ စစ္ေကာင္စီမွ တကၠသိုလ္ဝင္တန္း စာေမးပြဲကို ၿပီးခဲ့သည့္ အပတ္ကစတင္ၿပီး ျပဳလုပ္ခဲ့ရာ ကခ်င္ျပည္နယ္တြင္ တကၠသိုလ္ဝင္တန္းဝင္ေရာက္ေျဖဆိုသူ လူဦးေရ ၁ ေသာင္းေက်ာ္ရွိခဲ့ ေၾကာင္း လက္ရွိ စစ္ေကာင္စီေအာက္ ပညာေရးဌာနမွ သိရသည္။

ထိုပမာဏမွာ လြန္ခဲ့သည့္ ၂၀၁၉ ခုႏွစ္ ကခ်င္ျပည္နယ္အတြင္း တကၠသိုလ္ဝင္တန္းစာေမးပြဲ ေျဖဆိုသူ ေက်ာင္းသား ၃ ေသာင္း ပမာဏ၏ ၄ ပုံ ၁ ပုံရွိေၾကာင္း သိရသည္။ ထုတ္ျပန္ခ်က္တြင္ပါဝင္ေသာ တကၠသိုလ္ေက်ာင္းမ်ားမွာ ျမစ္ႀကီးနား တကၠသိုလ္ ေကာင္စီ၊ ျမစ္ႀကီးနား နည္းပညာတကၠသိုလ္၊ ၾကားကာလ ျမစ္ႀကီးနား ကြန္ပ်ဴတာတကၠသိုလ္ေကာင္စီ၊ ျမစ္ႀကီးနား ပညာေရး ဒီဂရီေကာလိပ္၊ ကခ်င္ျပည္နယ္ သူနာျပဳႏွင့္ သားဖြားသင္တန္းေက်ာင္း၊ ျမစ္ႀကီးနား စိုက္ပ်ိဳးေရးသိပၸံသင္တန္းေက်ာင္း၊ ဗန္းေမာ္တကၠသိုလ္ေကာင္စီ၊ ၾကားကာလ ဗန္းေမာ္နည္းပညာတကၠသိုလ္၊ ဗန္းေမာ္ကြန္ပ်ဴတာတကၠသိုလ္ ႏွင့္ မိုးညႇင္းတကၠ သိုလ္ေကာင္စီ တို႔ျဖစ္သည္။ https://burmese.kachinnews.com/2022/04/09/apr8-cj1/
******************
၃၈။ ႐ြာငံ ပစ္ခတ္မႈ စစ္သား ၄ ဦး ေသဆုံး၊ စစ္ေကာင္စီ ျပည္သူမ်ားကိုလိုက္လံဖမ္းေန
April 11, 2022

သွ်မ္းျပည္ေတာင္ပိုင္း ႐ြာငံၿမိဳ႕နယ္ လႊစင္ေက်း႐ြာတြင္ စစ္ေကာင္စီ ႏွင့္ ႐ြာငံ PDF တို႔ တိုက္ခိုက္ပစ္ခတ္မႈ ျဖစ္ပြားခဲ့ၿပီး စစ္ေကာင္စီဘက္မွ တပ္သား (၄)ဦး ေသဆုံးကာ ေဒသခံလူငယ္မ်ားကို လိုက္လံဖမ္းဆီးေနေၾကာင္း စုံစမ္းသိရသည္။ ၿပီးခဲ့သည့္ ဧၿပီလ ၉ ရက္ေန႔ ညေနပိုင္း ၄ နာရီဝန္းက်င္ ႐ြာငံၿမိဳ႕နယ္ လႊစင္ေက်း႐ြာအနီးတြင္ ပစ္ခတ္တိုက္ခိုက္မႈ ျဖစ္ပြားရာ စစ္သား ၄ ဦး က်ဆုံးခဲ့ရၿပီး ျပည္သူ႔ကာကြယ္ေရး ပူးေပါင္းတပ္ဖြဲ႕မ်ားအေနျဖင့္ အထိခိုက္မရွိ ျပန္လည္ဆုတ္ႏိုင္ခဲ့ေၾကာင္း သိရသည္။

ထိုပစ္ခတ္မႈမ်ားျဖစ္ပြားၿပီး ခဏအၾကာတြင္ ႐ြာငံၿမိဳ႕နယ္မွ ျမင္းက်ဒိုး ေက်း႐ြာအနီးတြင္လည္း ပစ္ခတ္သံ ၁၅ ခ်က္ထက္မနည္း ၾကားရေၾကာင္းလည္း ေဒသခံမ်ားက ေျပာသည္။ ပစ္ခတ္မႈမ်ားျဖစ္ပြားၿပီးေနာက္ တဲ့လုေက်း႐ြာသို႔ စစ္ေကာင္စီ ကား ၃ စီးႏွင့္ အင္အား ၆၀ ဝန္းက်င္ခန႔္ ေရာက္ရွိလာၿပီး လႊစင္ေက်း႐ြာ၊ ျမင္းက်ဒိုးေက်း႐ြာႏွင့္ အနီးပတ္ဝန္းက်င္မွ ေက်း႐ြာမ်ားသို႔ အင္အားျဖန႔္က်က္ကာ ေဒသခံလူငယ္မ်ားကို ဖမ္းဆီးမႈမ်ားရွိေနေၾကာင္း သတင္းသိရသည္။

ဧၿပီလ ၉ ႏွင့္ ၁၀ ရက္ေန႔ အတြင္း စစ္ေကာင္စီတပ္သားတို႔၏ ဖမ္းဆီးမႈကို ခံရသူမ်ားတြင္ ႏို႔စို႔အ႐ြယ္ ကေလးငယ္ အပါအဝင္ ႏြားဘန္းႀကီးေက်း႐ြာမွ ၈ ဦး၊ လယ္ကိုင္းေက်း႐ြာမွ ၂ ဦးႏွင့္ လႊစင္ေက်း႐ြာမွ လူငယ္ ၂ ဦးတို႔ျဖစ္ေၾကာင္း သိရသည္။ လက္ရွိတြင္ ႐ြာငံၿမိဳ႕နယ္အတြင္းရွိ ေက်း႐ြာႏွင့္ ေနရာေတာ္ေတာ္မ်ားမ်ားတြင္ စစ္ေကာင္စီတပ္သားတို႔မွျဖန႔္က်က္ ေနရာယူထားၿပီး ျပည္သူမ်ားႏွင့္ လူငယ္လူ႐ြယ္မ်ားကို သံသယမႈျဖင့္ဖမ္းဆီးမႈမ်ား၊ ေနအိမ္မ်ားကိုေဖာက္ထြင္း ဝင္ေရာက္ျခင္း၊ ခ်ိတ္ပိတ္ျခင္းမ်ား ေန႔စဥ္ရက္ဆက္ရွိေနေၾကာင္းလည္း သိရသည္။ https://burmese.shannews.org/archives/27722
******************
၃၉။ ေတာင္ႀကီးၿမိဳ႕ ဝင္/ထြက္ ဂိတ္မ်ား စစ္ေဆး တင္းၾကပ္ေန
April 11, 2022

သွ်မ္းျပည္ေတာင္ပိုင္း ေတာင္ႀကီးၿမိဳ႕ အဝင္အထြက္တြင္ ယခုရက္ပိုင္း စစ္ေကာင္စီလက္ေအာက္ခံ တပ္သားမ်ားသည္ ခရီးသြား ျပည္သူမ်ား၏ ကားမ်ား၊ ဆိုင္ကယ္မ်ားကို စစ္ေဆးေမးျမန္းမႈ ပိုမိုတင္းၾကပ္လာေၾကာင္း စုံစမ္းသိရွိရသည္။ အဆိုပါ‌ ေတာင္ႀကီး ၿမိဳ႕ဝင္ ၿမိဳ႕ထြက္မ်ားျဖစ္သည့္ ေတာင္ႀကီး (၄)မိုင္ ဂိတ္တြင္ စစ္ေကာင္စီ အာဏာသိမ္းၿပီးေနာက္ပိုင္း ခရီးသြား ကားမ်ားကို ပုံမွန္စစ္ေသာ္လည္း သၾကၤန္ က်င္းပရန္ ရက္နီးလာသည့္အတြက္ စစ္ေဆးေမးျမန္းမႈ ပိုမို တင္းၾကပ္လာေၾကာင္း ခရီးသြားတစ္ ဦးက ေျပာသည္။

ယခုလို စစ္ေဆးေမးျမန္းမႈ တင္းၾကပ္ေသာေၾကာင့္ ခရီးသြားလာမႈ ၾကန႔္ၾကာမႈရွိေၾကာင္း ခရီးသြား ျပည္သူတစ္ဦးက ေျပာသည္။ သၾကၤန္ကာလအတြင္း ျပည္သူမ်ား စစ္ေကာင္စီမွ က်င္းပျပဳလုပ္မည့္ သၾကၤန္ မပါဝင္ရန္အတြက္ NUG အစိုးရမွလည္း တိုက္ တြန္းထားမႈရွိေၾကာင္း သိရွိရသည္။

စစ္တပ္မွ ႏိုင္ငံေတာ္ အာဏာသိမ္းၿပီးေနာက္ ၿမိဳ႕ဝင္ၿမိဳ႕ထြက္မ်ားတြင္ လူငယ္မ်ားကို အဓိကထားၿပီး စစ္ေဆး ေမးျမန္းမႈရွိျခင္း၊ စစ္ေကာင္စီကို ဆန႔္က်င္ေရးသားထားေသာ အသုံးအႏႈန္းမ်ားရွိလွ်င္ ဖမ္းဆီးမႈရွိျခင္း၊ မွတ္ပုံတင္ စစ္ေဆးျခင္းမ်ားကို စစ္ေကာင္ စီလက္ေအာက္ခံ တပ္သားမ်ားက စစ္ေဆးၾကေၾကာင္း သိရသည္။ https://burmese.shannews.org/archives/27712
***************
၄၀။ ဖယ္ခုံၿမိဳ႕နယ္အတြင္း လဝက ႐ုံးပိတ္ မွတ္ပုံတင္လုပ္ရန္ျပည္သူမ်ားခက္ခဲ
April 11, 2022

သွ်မ္းျပည္ေတာင္ပိုင္း ဖယ္ခုံၿမိဳ႕တြင္ လဝက ႐ုံးမ်ားပိတ္ထားၿပီး ျပည္သူမ်ား မွတ္ပုံတင္လုပ္ရန္ အခက္ခဲရွိေနေၾကာင္း စုံစမ္းသိ ရွိရသည္။ ဖယ္ခုံၿမိဳ႕ ဌာနဆိုင္ရာ႐ုံးမ်ားသည္ စစ္ေကာင္စီ ႏွင့္ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ PDF တို႔ တိုက္ပြဲျဖစ္ပြားခ်ိန္က စၿပီး ပင္ေလာင္းၿမိဳ႕သို႔ ေျပာင္းေ႐ႊ႕သြားေၾကာင္း သိရသည္။

ဖယ္ခုံၿမိဳ႕နယ္အတြင္း တိုက္ပြဲမၾကာခဏ ျဖစ္ပြားေနသည့္အတြက္ ဌာနဆိုင္ရာ ႐ုံးမ်ား လုံၿခဳံေရးအရေၾကာင့္ ပင္ေလာင္းၿမိဳ႕ ဘက္သို႔ ထြက္ေျပးသြားေၾကာင္း သိရသည္။ ထို႔အျပင္ လဝက႐ုံးပါ ေျပာင္းသြားေသာေၾကာင့္ ျပည္သူမ်ားအေနျဖင့္ မွတ္ပုံတင္ လုပ္လိုပါက ပင္ေလာင္းၿမိဳ႕သို႔ ဆင္းသြားရေၾကာင္း သိရသည္။

လက္ရွိတြင္ စစ္ေကာင္စီကလည္း ခရီးသြားျပည္သူမ်ားကို မွတ္ပုံတင္စစ္ေဆးေနၿပီး မရွိပါက ေငြေၾကးေတာင္းခံမႈ မ်ားလည္းရွိ ေနေၾကာင္း သိရသည္။ ဖယ္ခုံၿမိဳ႕နယ္သည္ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ PDF တို႔ အမ်ားအျပားရွိၿပီး သြားလာလႈပ္ရွားေနသည့္ ေဒသတစ္ခု ျဖစ္သည္။ https://burmese.shannews.org/archives/27706
****************
မွတ္ခ်က္။ သက္ဆိုင္ရာ သတင္းမီဒီယာအသီးသီးမွ ေကာက္ႏုတ္ေဖာ္ျပျခင္းျဖစ္ပါသည္။

** ၿပီး **

Unicode

အပတ်စဉ် တိုင်းရင်းသတင်းများစုစည်းတင်ပြခြင်း
(No. 27,April 12 , 2022)
၁။ စစ်ကောင်စီ တပ်ရိက္ခာပို့ဆောင်ရာတွင် အသုံးပြုသည့် နောင်ကမြိုင်နှင့် တဝန်ဖန်ရကျေးရွာကြား တံတား ဖောက်ခွဲခံရ
၂။ စစ်ကောင်စီ လေကြောင်းနှင့် လက်နက်ကြီးကြောင့် လေးကေကော်ရှိ နိပွန်ဖောင်ဒေးရှင်း၏ စာသင်ကျောင်းဆောင် ပျက်စီး
၃။ ထိခိုက်ကျဆုံးမှု များနေသည့် လေးကေကော်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ လေကြောင်းပစ်ကူဖြင့် ဆက်လာ ရောက် ပစ်ခတ်နေ
၄။ လေးကေကော် မြို့သစ်တွင် KNLA ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ် ကြား တိုက်ပွဲ ပြင်းထန်နေ
၅။ မောခီးစခန်းအနီးတွင် ဒေသခံအရပ်သားနှစ်ဦးအား စစ်ကောင်စီတပ် အကြောင်းမဲ့ပစ်သတ်
၆။ ကော့ကရိတ်တောင်ပိုင်းရှိ သောင်းနှင့်ချီသော စစ်ရှောင်များ စားသောက်စရာလုံလောက်မှုမရှိ၍ အခက်တွေ့နေ
၇။ စစ်ကောင်စီတပ်ဖွဲ့က နတ်ချောင်းကျေးရွာရှိ လူနေအိမ် ၂၀ လုံးခန့် ထပ်မံမီးရှို့
၈။ ပလက်ဝမြို့နယ်အတွင်း AA တပ်ဖွဲ့၏ လှုပ်ရှားမှုအပေါ် ဒေသခံပြည်သူများစိုးရိမ်
၉။ ကလေးမြို့တွင်း ပစ်ခတ်မှု ဒေသခံတစ်ဦးသေဆုံး တစ်ဦးဒဏ်ရာရ
၁၀။ ပလက်ဝမြို့နယ်မှ ချင်းလူငယ် ၄ ဦးအပါအဝင် ပြစ်ဒဏ်ချမှတ်ခံရသူ ၂၇ ဦးကို စစ်တွေထောင်ပို့
၁၁။ ကလေးမြို့တာဟန်းရပ်ကွက်လူနေအိမ်ရှေ့တွင် လက်နက်ကြီးကျရောက်ပေါက်ကွဲ
၁၂။ ၂ ရက်ကြာပျောက်ဆုံးသည့် ချင်းလူငယ်တစ်ဦး စစ်ဆေးရုံတွင် ရုပ်အလောင်းပြန်တွေ့
၁၃။ ကလေးမြို့တွင်းတိုက်ပွဲ နေအိမ်တစ်လုံးပေါ်လက်နက်ကြီးကျရောက်ပေါက်ကွဲ ၂ ဦးဒဏ်ရာရ၊
၁၄။ မီဇိုရမ်တွင် ရူပီး ၁၈ သိန်းကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါး ဖမ်းဆီးရမိ
၁၅။ မွန်အမျိုးသားဝတ်စုံ နှစ် ၅၀ ပြည့် ရွှေရတုအခမ်းအနားကျင်းပ
၁၆။ ပုဒ်မ ၂၆၁ ကို လွှတ်တော်နှင့်သာ ပြင်ဆင်၍ရဟု ဒေါက်တာ အေးမောင်ပြော
၁၇။ မော်လမြိုင်တွင် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၁၇လုံးကျော် ပြိုကျ ပျက်စီး
၁၈။ NSPNC နှင့် UPDJC နိုင်ငံရေးပါတီများအစုအဖွဲ့တို့ ပုဒ်မ ၂၆၁ ပြင်ဆင်ရန်သဘောတူ
၁၉။ ကယန်းအမျိုးသားနေ့အထိမ်းအမှတ်အဖြစ် ဘောလုံးပြိုင်ပွဲကျင်းပပြီး ရရှိလာတဲ့အလှူငွေကို စစ်ရှောင်ကိုလှူဒါန်း
၂၀။ အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်တွင်းက ထောင်ဒဏ်ချ ခံရသူ ၉၄ဦးရှိနေ
၂၁။ (၁၃)နှစ်မြောက် ရက္ခိုင့်တပ်တော်နေ့မှာ KNDF က ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့
၂၂။ ကယန်းအမျိုးသားနေ့အခမ်းအနား အကျဥ်းချုပ်ကျင်းပ
၂၃။ ကရင်နီပြည်သူ့တော်လှန်ရေးတပ်ပေါင်းစု (KRU) ကို တော်လှန်ရေးတပ်ဖွဲ့(၆)ဖွဲ့ နဲ့ ဖွဲ့စည်းခဲ့
၂၄။ KNDF B-10 ရဲဘော်တစ်ဦး လက်နက်ကြီးထိမှန်ပြီး ကျဆုံး
၂၅။ စစ်ရှောင် ရိက္ခာသွားပို့စဉ် စစ်ကောင်စီပစ်ခတ်မှုခံရတဲ့ လူငယ်တစ်ဦးကို သေဆုံးလျက်တွေ့ရှိ
၂၆။ လွိုင်ကော်မြို့နယ် ဝန်ကြီးအိမ်ယာထောင့်မှာ အမျိုးသားတစ်ဦးပစ်သတ်ခံရပြီး သေဆုံးသွား
၂၇။ တပ်ပြေးတစ်ဦးကို KNDF ဖမ်းဆီးမိပြီး KSP ထံလွှဲပြောင်းထား
၂၈။ စစ်တွေမြို့နယ်၊ တောကန်ကျေးရွာရှိ နေအိမ်တစ်အိမ်ကို မြန်မာစစ်တပ်ကစစ်ဆေးမှုကြောင့် ဒေသခံများစိုးရိမ်နေ
၂၉။ ရက္ခိုင့်တပ်တော်နေ့တွင် စစ်သုံ့ပန်းတချို့ကို AA က ပြန်လွှတ်ပေး
၃၀။ မြောက်ဦးရှေးဟောင်းနယ်မြေအတွင်းမှ ကျူးများကို ၆ လအတွင်း အပြီးဖယ်ရှားမည်
၃၁။ ရက္ခိုင့်တပ်တော်(AA)နေ့ကို အဖွဲ့အစည်းအသီးသီးမှ သဝဏ်လွှာပေးပို့
၃၂။ မိုးညှင်းမြို့ နှင့် မော်ဟန် ကြား ရက်ပိုင်းအတွင်း စစ်တပ်ဂိတ် ၄ ခု တိုးလာ
၃၃။ ကွတ်ခိုင်၊ ဟူနောင် အနီးမှာ စစ်ကောင်စီနဲ့ KIA တို့ တိုက်ပွဲ ဖြစ်ပွား
၃၄။ NLD ကချင်ဝန်ကြီးချုပ်အပါ ဝန်ကြီးများကို စွဲဆိုသော အဂတိအမှု အမိန့်ချမည့်ရက် ရွှေ့ဆိုင်း
၃၅။ KIO ၏ စစ်တပ်ထုတ်ကုန် တားမြစ်ချက် ထိရောက်ကြောင်း ဒေသခံအချို့ပြောဆို
၃၆။ မဂျီဂုန် (Maji Gung) ဘက်သို့ စစ်အင်အားပို့ဆောင်သော စစ်ကောင်စီတပ်ကို KIA တိုက်ခိုက်
၃၇။ စစ်ကောင်စီအောက် တက္ကသိုလ်ဝင်တန်း ရလဒ်ကို ကချင်ဒေသအဆင့်မြင့် ပညာရေးအဖွဲ့များ လက်မခံ
၃၈။ ရွာငံ ပစ်ခတ်မှု စစ်သား ၄ ဦး သေဆုံး၊ စစ်ကောင်စီ ပြည်သူများကိုလိုက်လံဖမ်းနေ
၃၉။ တောင်ကြီးမြို့ ဝင်/ထွက် ဂိတ်များ စစ်ဆေး တင်းကြပ်နေ
၄၀။ ဖယ်ခုံမြို့နယ်အတွင်း လဝက ရုံးပိတ် မှတ်ပုံတင်လုပ်ရန်ပြည်သူများခက်ခဲ
******************
၁။ စစ်ကောင်စီ တပ်ရိက္ခာပို့ဆောင်ရာတွင် အသုံးပြုသည့် နောင်ကမြိုင်နှင့် တဝန်ဖန်ရကျေးရွာကြား တံတား ဖောက်ခွဲခံရ
April 11, 2022

KNU-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၅) နယ်မြေရှိ စစ်ကောင်စီ တပ်ဖွဲ့ဝင်များအတွက် ရိက္ခာပို့ဆောင်ရာတွင် အသုံးပြု သည့် ဖားအံ-မြိုင်ကြီးငူကား လမ်းမကြီးပေါ်ရှိ နောင်ကမြိုင်နှင့် တဝန်ဖန်ရကျေးရွာကြား တံတားတစ်စင်း ယနေ့ ဧပြီလ ၁၁ ရက်နေ့၊ ညနေ ၅ နာရီတွင် ဖောက်ခွဲခံရပြီး တံတားပြို ကျပျက်စီးသွားခဲ့ကြောင်း သိရသည်။

ဗုံးပေါက်ကွဲမှုနှင့် ဆက်စပ်၍ အနီးအနားရှိရွာသူရွာသားများအနေဖြင့် အသွားအလာပို၍ခက်ခဲလာနိုင်မည်ကို စိုးရိမ်ကြောင်း လည်း အခြားဒေသခံရွာသား တစ်ဦးက ယခုလို ပြောသည်။

ဖားအံ-မြိုင်ကြီးငူကားလမ်းမကြီးကို စစ်ကောင်စီတပ် ရိက္ခာသယ်ယူပို့ဆောင်ကြရာတွင် နေ့စဉ်လိုလို အသုံးပြုနေသည့်လမ်း ကြောင်းဖြစ်ပြီး မြိုင်ကြီးငူမှတဆင့် KNU တပ်မဟာ (၅) နယ်မြေ ဖာပွန်ဘက်သို့ တပ်ရိက္ခာများ ပို့ဆောင်ပေးလျက်ရှိသည်ဟု သိရသည်။ ပြီးခဲ့သည့် ဧပြီလ ( ၉)ရက်နေ့တွင်လည်း မြိုင်ကြီးငူဘက်သို့ စစ်ကောင်စီ ကားအလုံပိတ် (၅)စီးတက်သွားသေးသည် ဟု ဒေသခံများထံမှ သိရှိရသည်။ https://kicnews.org/2022/04
***************
၂။ စစ်ကောင်စီ လေကြောင်းနှင့် လက်နက်ကြီးကြောင့် လေးကေကော်ရှိ နိပွန်ဖောင်ဒေးရှင်း၏ စာသင်ကျောင်းဆောင် ပျက်စီး
April 11, 2022

ယမန်နေ့ ဧပြီလ ၁၀ ရက်က တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့သည့် KNU တပ်မဟာ ၆နယ်မြေ၊ လေးကေကော် မြို့သစ် ဧရိယာတွင် စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးသီးကြဲချတိုက်ခိုက်မှုနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဂျပန်နိုင်ငံနိပွန်ဖောင်ဒေး ရှင်းမှ ဆောက်လုပ်လှူဒါန်းထားသည့် စာသင်ကျောင်းဆောင်နှင့် ပြည်တွင်း စစ်ရှောင်-IDPs နေရပ်ပြန် ဒေသခံနေအိမ်အများ အပြား ပြိုကျပျက်စီးမှုများရှိခဲ့ကြောင်း ဒေသအတွင်း သတင်းအရင်းအမြစ်က ပြောသည်။

ယမန်နေ့ လေးကေကော်တွင် ဖြစ်ပွားသည့် KNLA ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်မ ၄၄ လက်အောက်ခံ ခမရ ၂၀၇ တပ်ရင်း စစ်ကြောင်းတို့အကြား တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့၏ အလောင်း ၁၂ လောင်းတွေ့ရှိပြီး လက်နက် (၉)လက် အပါအဝင် စစ်သုံးပစ္စည်းများ သိမ်းဆည်းရမိခဲ့သလို ၎င်းတို့ဘက်မှ (၂)ဦး ကျဆုံးကာ (၄) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု KNLA ပူးပေါင်း တပ်ဖွဲ့မှ Cobra စစ်ကြောင်းက သတင်းထုတ်ပြန်ထားသည်။

ထို့အပြင် စစ်ကြောင်းထိုးလာသော ခမရ (၂၀၇)မှ တပ်ခွဲမှူးဗိုလ်ကြီး တင်လင်းနိုင်ဆိုသူကိုလည်း အရှင်ဖမ်းဆီးရမိခဲ့သည်ဟု Cobra စစ်ကြောင်းက သတင်းထုတ်ပြန်ထားသည်။ ယမန်နေ့တိုက်ပွဲတွင် စစ်ကောင်ဘက်မှ လေကြောင်းတိုက်ခိုက်မှုအနေဖြင့် နံနက် (၁၀) နာရီခန့်မှ စတင်ကာ တိုက်ခိုက်ရေး လေယာဥ် (၂)စီးနှင့် (၂၂) ကြိမ် ဝဲပျံ ပစ်ခတ် ဗုံးကြဲခဲ့ကာ ၅ ကြိမ် လာရောက်ခဲ့ ကြောင်း၊ လေကြောင်း တိုက်ခိုက်မှုကြောင့် လေ့ကေကော် ဒေသရှိ ပြည်သူပိုင်နေအိမ်အလုံး ( ၃၀ ) ခန့် ပျက်စီးခဲ့ပြီး နေအိမ် (၅) လုံး မီးလောင်ပျက်စီးခဲ့သည်ဟု Cobra စစ်ကြောင်းက ထုတ်ပြန်ထားသည်။ https://kicnews.org/2022/04
******************
၃။ ထိခိုက်ကျဆုံးမှု များနေသည့် လေးကေကော်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ လေကြောင်းပစ်ကူဖြင့် ဆက်လာ ရောက် ပစ်ခတ်နေ
April 10, 2022

ယနေ့ နံနက် ၂နာရီမှ စတင်ဖြစ်ပွားနေသည့် လေးကေကော်တိုက်ပွဲတွင် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA ပူးပေါင်းတပ်ဖွဲ့ဖြစ်သည့် ကော်ပရာစစ်ကြောင်း၏ ပိတ်ဆို့ တိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်မှ အထိအခိုက် အကျအဆုံးများ လာသည့်အပေါ် လေကြောင်းပစ်ကူ ခေါ်ယူ၍ ဆက်တိုက်ဝင်ရောက်ပစ်ခတ်နေကြောင်း မြေပြင် KNLA တပ်မှူးများထံမှ သိရ သည်။

ထိုသို့လေကြောင်းပစ်ကူဖြင့် ဝင်ရောက်တိုက်ခိုက်မှုများကြောင့် လေးကေကော်မြို့သစ် ရပ်ကွက်တချို့ရှိ နေအိမ်များ ထိခိုက် ပျက်စီး မီးလောင်မှု တချို့ရှိနေကြောင်းနှင့် တိုက်ပွဲအတွင်း စစ်ကောင်စီဘက် အယောက် ၂၀ ကျော် ထိခိုက်ကျဆုံးပြီး တပ်မ (၄၄)မှ ဗိုလ်ကြီး အဆင့်တစ်ဦးကိုလည်း အရှင်ဖမ်းဆီးရမိထားကြောင်း မြေပြင်းသတင်း အချက်အလက်များအရ သိရသည်။

စစ်ကောင်စီဘက်၏ လေကြောင်းပစ်ကူဖြင့် ဝင်ရောက် တိုက်ခိုက်ရာတွင် KNLA ပူးပေါင်းတပ်ဖွဲ့များရှိရာ နေရာများကို ကျ ရောက် ထိခိုက်ခြင်းမရှိဘဲ မယ်ထော်သလေးနှင့် မေတ္တာလင်းမြိုင်၊ ရွှေညောင်ပင်ဘက်ရှိ နယ်ခြားစောင့်တပ် (BGF)တပ် တပ်နယ် (၄) တပ်နယ်မှူး ဗိုလ်မှူး စောမုတ်သုန်၏ တပ်စခန်းအပေါ် ကျရောက် ပေါက်ကွဲခဲ့ကြောင်း နှင့် BGF တပ်ဖွဲ့ဝင် အချို့ ထိခိုက်သေ ဆုံးမှုရှိကြောင့် KNLA ဘက်က ပြောဆိုသော်လည်း ကေအိုင်စီအနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်းမရှိသေးပေ။ ယခုဖြစ်ပွားနေ သော လေးကေကော်တိုက်ပွဲတွင် ပြီးခဲ့သည့် မတ်လ ၂၅ ရက်နေ့က KNLA ပူးပေါင်းတပ်ဖွဲ့ထံ လာရောက်ပူးပေါင်းခဲ့သူ ခမရ ၅၈၅ ဒုတပ်ရင်းမှူး ဗိုလ်မှူးတင်လင်းအောင် အပါအဝင် CDM တပ်မတော်သား အချို့လည်း KNLA ပူးပေါင်းတပ်ဖွဲ့ဘက်က စစ်ကူတိုက် ပေးနေသည်ဟု သိရသည်။ https://kicnews.org/2022/04
******************
၄။ လေးကေကော် မြို့သစ်တွင် KNLA ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ် ကြား တိုက်ပွဲ ပြင်းထန်နေ
April 10, 2022

KNU-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၆ နယ်မြေ လေးကေကော်ဒေသရပ်ကွက်များတွင် နယ်မြေခံ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့အကြား ယနေ့ နံနက် ၂ နာရီမှ စတင်ကာ နေ့လည် ပိုင်းအချိန်ထိ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေကြောင်း မြေပြင်သတင်းအရ သိရသည်။

ဧပြီလ ၁၀ ရက်၊ နံနက် ၂ နာရီခန့်တွင် စစ်ကောင်စီတပ်က ဗျူးပွိုင့်အမြှောက်ကုန်းနှင့် မဲ့ထော်သလေးဘက်တို့မှ စစ်ကြောင်း ၂ခု ဖြင့် လေးကေကော် ဒေသခံများနေထိုင်သည့် ရပ်ကွက်များအတွင်း စစ်ကြောင်းထိုးကာ လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်တိုက်ခိုက်လာသည့်အတွက် နယ်မြေခံ KNLA ပူးပေါင်းတပ်များနှင့် လက်ရှိအချိန်ထိ တိုက်ပွဲ အပြင်းအထန် ဆက်လက် ဖြစ်ပွားနေကြောင်း စစ်ရေးနယ်မြေ သတင်းအရင်းအမြစ်က ကေအိုင်စီသို့ ပြောသည်။

အဆိုပါ လေးကေကော်ဒေသတွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီ ကင်းစခန်းများအား KNLA ပူးပေါင်းအဖွဲ့များနှင့် ပြောက် ကြား တိုက်ခိုက်မှုများကြောင့် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိနေကြောင်း KNLAဘက်က ပြောသည်။ ယမန်နေ့ ဧပြီ ၉ ရက်၊ ညပိုင်းတွင်လည်း လေးကေကော် ရပ်ကွက်များ ၊ ထီးမယ်ဝါးခီးကျေးရွာအတွင်း စစ်ရေးလှုပ်ရှားနေသည့် KNLA ပူးပေါင်း အဖွဲ့များအား နယ်မြေ ရှင်းလင်းရေးအသွင်ဖြင့် စစ်ကောင်စီဘက်မှ တပ်မ ၂၂ လက်အောက်ခံ တပ်များ၊ ကမ်းရိုးတန်းတိုင်းတပ် ရင်းများ၊ တပ်မ ၄၄ လက်အောက်ခံတပ်ရင်းများ၊ စစ်ကောင်စီ၏ နယ်ခြားစောင့်တပ် -BGF တပ်များ ပူးပေါင်းအင်အား၂၀၀ ခန့် စစ်ကြောင်း ၂ ခုမှ ဝင်ရောက်တိုက်ခိုက်မှု လုပ်ဆောင်ခဲ့သည့်အတွက် နှစ်ဘက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။
https://kicnews.org/2022/04
******************
၅။ မောခီးစခန်းအနီးတွင် ဒေသခံအရပ်သားနှစ်ဦးအား စစ်ကောင်စီတပ် အကြောင်းမဲ့ပစ်သတ်
April 8, 2022

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါ်လေမြို့နယ်ခွဲ၊ မောခီးကျေးရွာအုပ်စု၊ စစ်ကောင်စီ၏ မောခီးစခန်းအနီးရှိ ကွီးဆဲဖောကျေးရွာ တွင် ယနေ့ နံနက် (၁၀) နာရီခွဲ အချိန်ခန့်တွင် လုံခြုံရေးရယူနေသော စစ်ကောင်စီတပ်ဖွဲ့ ဝင်များက အပြစ်မဲ့အရပ်သားနှစ်ဦးကို အကြောင်းမဲ့ ပစ်သတ်လိုက်ကြောင်း နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA မှ တပ်မှူးတစ်ဦးက အ တည်ပြုပြောဆိုသည်။

အပစ်သတ်ခံရသူများမှာ မော်ဖိုးကလိုး ဒေသခံ အသက် (၅၀) နှစ်အရွယ် စောဖားလီနော်နှင့် အသက် (၃၅) နှစ်အရွယ် စောတာသူးတို့ဖြစ်ကြပြီး ပစ်သတ်သွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ လက်ရှိ မောခီးစခန်းကို ပြန်လည်ဝင်ရောက်လာ သည့် အမှတ် (၁၃) စစ်ဆင်ရေးကွပ်မှုဌာနချုပ် လက်အောက်ခံ နည်းဗျူဟာစစ်ဆင်ရေး ကွပ်ကဲမှုအဖွဲ့(နဗဟ-၁) မှ မြင့်ကျော် ဦးစီးသည့် ခြေမြန်တပ်ရင်း (ခမရ-၅၆၀)(ခမရ-၅၆၁) (ခမရ-၅၈၅) (ခမရ-၅၅၉) ပူးပေါင်းတပ်ဖွဲ့ဝင်များဖြစ်ကြောင်းလည်း ထို KNLA တပ်မှူးက ဆက်ပြောသည်။ အဆိုပါ ပစ်သတ်ခံလိုက်ရသည့် ဒေသခံ ရွာသားနှစ်ဦး၏ ရုပ်အလောင်းကို ၎င်းတို့ကျေးရွာရှိ ရာ မော်ဖိုးကလိုး ကျေးရွာသို့ ဒေသခံရွာသားများမှ ပြန်လည်သယ်ယူ ပို့ဆောင်ပေးလိုက်ပြီး ချက်ချင်းမြေမြှုပ်သင်္ဂြိုဟ် ပေးလိုက် ကြောင်း သိရသည်။

ယခုလို အရပ်သား အပစ်သတ်ခံရမှုဖြစ်စဉ်မှာ စစ်အာဏာသိမ်းပြီးနောက် ပထမဦးဆုံးအကြိမ်ဖြစ်ပွားခြင်းဖြစ်ပြီး လက်ရှိမောခီး စခန်းသို့ ဝင်ရောက်လာသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည်လည်း ဒေသခံ ကျေးရွာများသို့ လိုက်လံသွားလာ၍ ကြိမ်းမောင်း ပြောဆိုမှုများ ပြုလုပ်နေကြောင်းလည်း ဒေသခံများက ဆိုသည်။ ပြီးခဲ့သည့် မတ်လ ၂၁ ရက်နေ့က မောခီးအခြေစိုက် စစ်ကောင် စီခံစစ်စခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့ဝင်များမှ ဝင်ရောက် တိုက်ခိုက်သိမ်းယူလိုက်ပြီး လက်နက်ခဲယမ်းအမြောက်အများ သိမ်း ဆည်းရမိခဲ့သည်။ https://kicnews.org/2022/04
******************
၆။ ကော့ကရိတ်တောင်ပိုင်းရှိ သောင်းနှင့်ချီသော စစ်ရှောင်များ စားသောက်စရာလုံလောက်မှုမရှိ၍ အခက်တွေ့နေ
April 7, 2022

KNU-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်(တပ်မဟာ ၆) ကော့ကရိတ်တောင်ပိုင်း ဒေသတွင်း စစ်ကောင်စီတပ် အင်အားတိုးချဲ့ကာ ထိုးစစ်ဆင်မှုများကြောင့် ကျေးရွာ ၂၁ ရွာမှ စစ်ရှောင်ပြည်သူ တစ်သောင်းကျော်သည် စစ်ရှောင်ကာလကြာ မြင့်လာပြီး စားသောက်စရာလုံလောက်မှုမရှိ၍ အခက်တွေ့လာနေကြောင်း စစ်ဘေးရှောင်များက ပြောသည်။ စစ်ဘေးရှောင် နေကြရသည့် သက်ကြီးဘိုးဘွား၊ မိခင်နှင့် ကလေးအပါအဝင် ဒေသခံ ၁၂,၀၀၀ကျော်သည် စစ်ဘေး ရှောင်နေထိုင်နေကြရသည့် ကာလတစ်လကျော်ကြာမြင့်လာချိန်တွင် စားသောက်စရာအခက်အခဲရှိလာပြီး ကူညီအထောက်အပံ့လမ်းကြောင်းများ ပြတ် တောက်နေသည့်အတွက် ပို၍အခက်တွေ့လာနေကြောင်း စစ်ဘေးရှောင် ဒေသခံများက ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် စစ်ရှောင်နေသည့်ဒေသတွင် တိုက်ပွဲများ နေ့စဉ်လိုလိုဖြစ်ပွားနေသလို စစ်ကောင်စီတပ်က ကျေးရွာထဲသို့ လက်နက် ကြီးဖြင့် ဦးတည်ပစ်ခတ်တိုက်ခိုက်မှုများရှိသည့်အတွက် ညဘက်တွင်လုံခြုမည့်ဟု ယူဆသည့်နေရာကို ရှာပြီးလိုက်အိပ်နေရ ကြောင်းလည်း ပြောသည်။ အဆိုပါ ကော့ကရိတ် တောင်ပိုင်းဒေသအတွင်း ကော့ကရိတ်-ကျိုက်ဒုံ လမ်းပိုင်း၊ တောင်ကြာအင်း- ကြာအင်း ဆိပ်ကြီးလမ်းပိုင်း ၂ ခု ဒေသတစ်လျှောက် စစ်များထိုးဝင်လာသည့် စစ်ကောင်စီစစ်ကြောင်းများနှင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် -KNLA ပူးပေါင်းတပ်များဖြင့် နေ့စဉ်လိုလို တိုက်ပွဲဖြစ်ပွားလျက်ရှိသည်ဟု ဒေသခံများက ပြော သည်။

ထိုသို့ တိုက်ပွဲများ ဖြစ်ပွားစဉ် စစ်ကောင်စီတပ်ဘက်ကမှ ဒေသကျေးရွာများဘက်သို့ လက်နက်ကြီးဖြင့်နေ့စဥ် ပစ်ခတ်ခြင်း၊ လေယာဥ်ဖြင့် လာရောက် ပစ်ခတ်ခြင်းများကြောင့် ဒေသခံနေအိမ်များ၊ သာသနိကအဆောက် အအုံများနှင့် စေတီပုထိုးများ ထိခိုက်ပျက်စီးမှုများရှိနေကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။ လတ်တလောဖြစ်ပွားနေသော စစ်ရေးပဋိပက္ခ အခြေအနေကြောင့် ကော့ကရိတ် မြို့နှင့်သွားလာဆက်သွယ်ရေး လမ်းပိုင်းများတွင် စစ်ကောင်စီတပ်များ တပ်စွဲပိတ်ဆို့ စစ်ဆေး မှုများရှိနေသဖြင့် နေရပ်စွန်ခွာစစ်ရှောင်နေရသူများထံ အကူအညီပေးနိုင်ရန် အခက်အခဲရှိနေကြောင်း စစ်ရှောင်ကူညီဆောင် ရွက်သူများက ပြောသည်။ https://kicnews.org/2022/04
******************
၇။ စစ်ကောင်စီတပ်ဖွဲ့က နတ်ချောင်းကျေးရွာရှိ လူနေအိမ် ၂၀ လုံးခန့် ထပ်မံမီးရှို့
APRIL 12, 2022

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း ကေလး-ဂန့်ဂေါလမ်းမပေါ်ရှိ နတ်ချောင်းကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့က ယမန်နေ့ ဧျပီလ ၁၀ ရက်ညနှင့် ယနေ့မနက်ပိုင်းတွင် ထပ်မံမီးရှို့ကာ ပညာ့ဗိမာန် ကိုယ်ပိုင်အထက်တန်းကျောင်း (၃) ထပ်အဆောက်အအုံ အပါအဝင် လူနေအိမ် အလုံး ၂၀ ခန့် ပျက်စီးသွားသည်ဟုသိရသည်။

ကလေးမြို့နယ်၊ ရန်ကြီးအောင်ကျေးရွာမှ ကလေးမြို့သို့တက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ကို ဒေသကာကွယ်ရေးတပ်ဖွဲ့မှ ကြားဖြတ်ချုံခိုအနီးကပ်ပစ်ခတ်တိုက်ခိုက်ပြီးတွင် စစ်ကောင်စီတပ်မှ နတ်ချောင်း၊ ချောင်းခွရွာအတွင်း ဝင်ရောက်ခဲ့ကြပြီး လူနေ အိမ်များ ဖောက်ထွင်း မီးရှိုခဲ့ခြင်းဖြစ်သည်။ အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဖက်က ဟဲ့လုပ်ရွာအနီးတွင် ၄ ဦး၊ ပန်းမွန် ချောင်းအနီးတွင် ၂ ဦး၊ နတ်ချောင်းရွာအနီးတွင် ၄ ဦးသေဆုံးခဲ့ပြီး ဧပြီလ ၁၁ ရက် ယနေ့ မနက်ပိုင်းတွင်လည်း စစ်ကောင်စီတပ်ဖွဲ့ နှင့် PDF-Kalay/ CNDF/ CDF- KKG/ ပ.က.ဖ ပူးပေါင်းတပ်တို့အကြား တိုက်ပွဲထပ်မံဖြစ်ပွားခဲ့သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များအတွက် စစ်ကားအပါအဝင် ရိက္ခာတင်ဆောင်သည့်ကား ၃၀ စီးသည် ယမန်နေ့ည နတ်ချောင်း ကျေးရွာတွင် ညအိပ်ခဲ့ပြီး ယနေ့တွင် ကလေးမြို့သို့ ဆက်လက်ဦးတည်ထွက်ခွာနိုင်သည်ဟု သိရသည်။ PDF-Kalay/ RKDF နှင့် CDF-KKG တပ်ဖွဲ့မှ စစ်ရေးတင်းမာမှုများကြောင့် ဧျပီလ ၉ ရက်နေ့ကစတင်ပြီး ရက်သတ္တပတ်အတွင်း ကေလး-ဂန့်ဂေါလမ်းပိုင်း အား အသုံးမပြုကြရန် ပြည်သူများထံ မေတ္တာရပ်ခံထားသည်။ https://khonumthung.org/
******************
၈။ ပလက်ဝမြို့နယ်အတွင်း AA တပ်ဖွဲ့၏ လှုပ်ရှားမှုအပေါ် ဒေသခံပြည်သူများစိုးရိမ်
APRIL 12, 2022

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တွင် ရက္ခိုင့်တပ်တော် (AA) ၏ လိုအပ်ချက်များကို ဆောင်ရွက်ပေးရန် ကျေးရွာတစ် ရွာတွင် လူဦးရေလေးဦးနှုန်းဖြင့် တာဝန်ပေးကာ အုပ်ချုပ်ရေးယန္တရားတည်ဆောက်နေမှုအပေါ် ဒေသခံချင်းလူထုများကြား စိုးရိမ်ကြောက်ရွံ့မှုများရှိနေသညဟု သိရသည်။

ရခိုင်တပ်တော် (AA) ၏ လိုအပ်ချက်များဆောင်ရွက်ပေးရန် တာဝန်ပေးထားသည့် ကျေးရွာပြည်သူများသည် ၎င်းတို့ခေါ်သည့် အချိန်တွင် သွားရောက်ရသည့်အပြင် လက်ရှိတွင်လည်း ကျေးရွာတချို့မှ ပြည်သူများ (AA) တပ်စခန်းသို့ သွားရောက်နေကြ ကြောင်း သိရသည်။

ပလက်ဝမြို့နယ်တွင် အုပ်စု (၁၉၆) အုပ်စု၊ ကျေးရွာပေါင်း (၄၀၀) ခန့်ရှိပြီး AA တပ်ဖွဲ့သည် ၂၀၁၅ ခုနှစ်ကစ၍ ပလက်ဝ မြို့နယ်တွင် ခြေကုတ်ယူလှုပ်ရှားလာခဲ့ခြင်းဖြစ်သည်။ ယခုအခါ ပလက်ဝမြို့ပေါ် အထက်ပိုင်း အနောက်ကွမ်းဘုတ်၊ ကျောက်ပျဉ် ထောင့်၊ ပိန်နဲတပင်၊ တဲမချောင်း၊ ကြွေသောင်၊ ကျီးလေ၊ မောင်နှမ၊ ကြောင်ချောင်း၊ ချင်းဒေါက်ကျေးရွာများတွင် ရခိုင်တပ်တော် (AA) မှ နေရာယူထားကြောင်း သိရသည်။ https://khonumthung.org/
******************
၉။ ကလေးမြို့တွင်း ပစ်ခတ်မှု ဒေသခံတစ်ဦးသေဆုံး တစ်ဦးဒဏ်ရာရ
APRIL 11, 2022

ကလေးမြို့တွင် ယမန်နေ့ (ဧပြီလ ၁၀ ရက်) ညနေပိုင်းက သေနတ်ပစ်ခတ်သံ၊ ဗုံးပေါက်ကွဲသံများထွက်ပေါ်ခဲ့ပြီး အောက်သ စ္စာရပ်ကွက်မှ ဒေသခံပြည်သူတစ်ဦးကျည်ဆံမှန်သေဆုံးကာ တစ်ဦးကျည်ဆံထိမှန်ဒဏ်ရာရရှိကြောင်း ဒေသခံများထံမှသိရ သည်။ သေဆုံးသွားသူမှာ အသက် ၄၀ ခန့်ရှိသည့် ဦးလင်းထက်စိုးဟု သိရပြီး အောက်သစ္စာရပ်ကွက်က ရာအိမ်မှူးဟုသိရသည်။

အလားတူ ယမန်နေ့ညက ပစ်ခတ်မှုကြောင့် အောင်ဇေယျရပ်ကွက်တွင်လည်း အိမ်ထဲမှာနေထိုင်သည့် ဒေသခံတစ်ဦး ဝမ်းဗိုက်သို့ ကျည်ဆံထိမှန်ခဲ့သည်ဟု သိရသည်။ အောင်သစ္စာနှင့် အောင်ဇေယျရပ်ကွက်သည် ဒေသကွက်ကဲရေးစစ်ဌာနချုပ် (ဒကစ)၊ ဆေးတပ် နှင့် ၈၉ တပ်ရင်းတို့နှင့်ကပ်ရပ်ရှိသည့် ရပ်ကွက်များဖြစ်ကြပြီး စစ်တပ်ဝန်းထဲမှ သေနတ်ပစ်ခတ်သံများညတိုင်းကြား နေရသည်ဟု ဒေသခံများကပြောသည်။

ယမန်နေ့ညပိုင်းက အောင်သစ္စာရပ်ကွက်၊ အောင်ဇေယျရပ်ကွက်တို့အပြင် တံတားဦးဘက်တွင် ည ၈ နာရီခန့်အထိ သေနတ် ပစ်ခတ်သံပြင်းပြင်းထန်ထန်ထွက်ပေါ်ခဲ့ပြီး ယင်းမနက်ပိုင်းကလည်း ကလေးမြို့ တောင်ဖီလာရပ်ကွက်တွင် စစ်ကောင်စီတပ်ဖွဲ့ များရောက်ရှိလာကာ အ.ထ.က (၂) ကျောင်းနှင့် နှစ်ခြင်းဘုရားကျောင်းအနီးတွင် သေနတ်ရမ်းသမ်း ပစ်ခတ်မှုရှိခဲ့သည်။ ပြီးခဲ့ သည့် ဧပြီလ ၇ ရက်နေ့ကစ၍ ကလေးမြို့တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့အကြား မြို့တွင်း ပစ်ခတ် တိုက်ခိုက်မှု နေ့စဉ်ဖြစ်ပွားလျှက်ရှိကာ သေနတ်သံ ဗုံးပေါက်ကွဲသံများ နေ့စဉ်နှင့်အမျှကြားနေရသည်ဟု ဒေသခံများထံမှသိ ရသည်။ https://khonumthung.org/
******************
၁၀။ ပလက်ဝမြို့နယ်မှ ချင်းလူငယ် ၄ ဦးအပါအဝင် ပြစ်ဒဏ်ချမှတ်ခံရသူ ၂၇ ဦးကို စစ်တွေထောင်ပို့
APRIL 11, 2022

ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် စစ်ကောင်စီက မတရားပြစ်ဒဏ်ချမှတ်ခဲ့သော ချင်းလူငယ် (၄) ဦးအပါအဝင် (၂၇) ဦးကို ရခိုင်ပြည်နယ် စစ်တွေမြို့ အကျဉ်းထောင်သို့ ပို့ဆောင်ခဲ့ကြသည်ဟု သိရသည်။ ပလက်ဝမြို့နယ်တရားရုံးတွင် ဧပြီလ ၅ ရက်နေ့ အထိ ပြစ်ဒဏ်အသီးသီးချမှတ်ခံရသူ ၂၇ ဦးအထိရှိခဲ့ပြီး ယင်းတို့အနက် အများစုမှာ မတရားစွပ်စွဲပြစ်ဒဏ်ချမှတ်ခံရသူများ ဖြစ်ကြကာ ဧပြီလ ၇ ရက်နေ့က စစ်တွေအကျဉ်းထောင်ကိုရောက်ရှိသွားကြပြီဟု အကျဉ်းထောင်ပို့ခံရသည့်မိသားစုဝင်တစ်ဦး ကပြောသည်။

စစ်တွေမြို့အကျဉ်းထောင်သို့ပို့ဆောင်ခံရသူများမှာ ၂၀၂၁ ခုနှစ်မေလ (၂၈) ရက်နေ့က ပလက်ဝမြို့ပေါ်ဗုံးပေါက်ကွဲနှင့်ပတ် သက်၍ မတရားဖမ်းဆီးခံရသည့် ချင်းလူငယ် (၄) ဦး၊ ပလက်ဝမြို့ ၂၈၉ တပ်ရင်းတွင် အလံဖြူထောင်ထားသည့်ကိစ္စအား မီဒီယာ နှင့်အင်တာဗျူးဖြေကြားသူတစ်ဦး၊ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ CDF အား ထောက်ပံ့သည်ဟု စွပ်စွဲခံရသူ ၁၉ ဦး၊ ငွေကြေးလိမ် လည်မှုကြောင့် ၂ ဦးနှင့် မြို့ပေါ်သို့စစ်ဘေးရှောင်ရင်း မတော်တဆလူသတ်မှုကြောင့် တစ်ဦး စုစုပေါင်း (၂ရ) ဦး တို့ဖြစ်သည်။

ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ CDF အားထောက်ပံ့သည်ဟု စွပ်စွဲခံရသူ ၁၉ ဦးမှာ ပလက်ဝမြို့နယ် ပါးဝကျေးရွာကဖြစ်ကြပြီး ယင်းတို့အနက် ၁၆ ဦးကို ထောင်ဒဏ် (၄) နှစ် နှင့် ကျန် (၃) ဦးကို ထောင်ဒဏ် (၇) စီပြစ်ဒဏ်ချမှတ်ခံရခြင်းဖြစ်သည်။ စစ်တွေ ထောင်သို့ ပို့ခံရသည့် (၂၄) ဦးမှာ ၅၀၅ (က) ပုဒ်မဖြင့် အမိန့်ချခံရသူဖြစ်ပြီး ကျန်(၃)ဦးမှာ အခြားအမှုဖြစ်ကာ စုစုပေါင်း ကျား (၂၅)၊ မ (၂) ဦ်းဟု သိရသည်။ https://khonumthung.org/
******************
၁၁။ ကလေးမြို့တာဟန်းရပ်ကွက်လူနေအိမ်ရှေ့တွင် လက်နက်ကြီးကျရောက်ပေါက်ကွဲ
APRIL 12, 2022

ကလေးမြို့ တာဟန်းရပ်ကွက် နယ်မြေ (၁၂) The Methodist (Mission Veng) ဘုရားကျောင်းအနီး လူနေအိမ်မျက်နှာစာတွင် ယနေ့နံနက်ပိုင်း ၃ နာရီခွဲခန့်က စစ်ကောင်စီတပ်မှ ပစ်ခတ်သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲကာ လူတစ်ဦး ဒဏ်ရာ ရရှိပြီး နေအိမ်မှန်တံခါးများလည်း အတော်များများ ပျက်စီးခဲ့သည်။

ယနေ့နံနက်ပိုင်း ၂ နာရီခွဲခန့်ကစ၍ ၄ နာရီခန့်အထိ ကလေးမြို့ပေါ်ရှိ နေရာအတော်များများတွင် သေနတ်ပစ်ခတ်မှုများ တရစပ် ထွက်ပေါ်ခဲ့ပြီးနောက် လက်နက်ကြီးပစ်ခတ်သံ ၃ ကြိမ် ကျယ်ကျယ်လောင်လောင် ကြားခဲ့ရသည်ဟု ဒေသခံများထံမှ သိရသည်။

ကလေးမြို့တွင် ဧပြီလ ၇ ရက်နေ့ကစ၍ စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအကြား မြို့ပေါ်တိုက်ပွဲများ ခပ်စိတ်စိတ်ဖြစ်ပွားလာပြီး လုံခြုံရေးလည်း ယခင်ထက် တင်းကြပ်ထားသည်။ ယနေ့နံနက်ပိုင်းကစ၍ စစ်ကောင်စီတပ်ဖွဲ့များ နေရာယူထားသည့် ဗိုလ်ချုပ်လမ်းမပေါ်ရှိ နေကြာတိုက်နှင့် တောင်ဖီလာလမ်းခွဲအကြားကိုလည်းဖြတ်သန်းသွားလာခွင့် ပိတ်ပင် ထားသည်။ https://khonumthung.org/
******************
၁၂။ ၂ ရက်ကြာပျောက်ဆုံးသည့် ချင်းလူငယ်တစ်ဦး စစ်ဆေးရုံတွင် ရုပ်အလောင်းပြန်တွေ့
APRIL 12, 2022

ကလေးမြို့တွင် ၂ ရက်ကြာပျောက်ဆုံးသည့် ချင်းလူငယ်တစ်ဦးကို ဒေသကွက်ကဲရေးစစ်ဌာနချုပ် (ဒကစ) ဝန်းထဲက စစ်ဆေးရုံ တွင် အလောင်းပြန်တွေ့ပြီး ယနေ့နံနက်ပိုင်း ၁၀ နာရီက သဂြိုလ်ခဲ့ကြသည်ဟု သိရသည်။ ကလေးမြို့တာဟန်းရပ်ကွက် နယ်မြေ (၁၀) တွင်နေထိုင်သည့် အသက်(၂၃)နှစ်အရွယ် လျန်ခေါ်ရှန်းသည် ဧပြီ ၈ ရက် သောကြာနေ့ညနေပိုင်းက ဆေးဝယ်သွားရန် ဆိုင်ကယ်ဖြင့်ထွက်ခွါကာ နေအိမ်သို့ပြန်မရောက်လာတော့သည့်အတွက် မိသားစုဝင်များက ရှာဖွေရာတွင် ဧပြီလ ၁၀ ရက်နေ့ တွင် စစ်ဆေးရုံသို့ သေဆုံးလျှက်ရှိနေသည့် သူ၏ရုပ်အလောင်းကို တွေ့ရှိခဲ့ကြသည်ဟု ၎င်းနှင့်နီးစပ်သူတစ်ဦးထံမှ သိရသည်။

သေဆုံးသူ လျန်ခေါရှန်းသည် ခြေထောက်တွင် ကျည်ထိဒဏ်ရာ၊ မျက်နာနှင့်ခန္ဓာများတွင် ဖူးရောင်ဒဏ်ရာများ ရရှိထားကြောင်း သိရပြီး သေနတ်ဒဏ်ရာရရှိကာ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရပြီး နှိပ်စက်မှုဒဏ်ရာကြောင့် သေဆုံးသွားခြင်းဖြစ်နိုင်သည်ဟု ခန့်မှန်း ကြသည်။

၎င်းတို့သည် ချင်းပြည်နယ် တီးတိန်မြို့နယ် ဆဲဇန်ရွာမှ ကလေးမြို့သို့ ပြောင်းရွေ့နေထိုင်လာသည်မှာ (၂) လမျှသာရှိသေး ကြောင်း သိရသည်။ ကလေးမြို့တွင် ပြီးခဲ့သည့်ဧပြီလ ၇ ရက်နေ့ကစ၍ စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များအကြား နေ့စဉ်ရက်ဆက် တိုက်ပွဲများ ဖြစ်ပွားလျှက်ရှိသည်။ https://khonumthung.org/
******************
၁၃။ ကလေးမြို့တွင်းတိုက်ပွဲ နေအိမ်တစ်လုံးပေါ်လက်နက်ကြီးကျရောက်ပေါက်ကွဲ ၂ ဦးဒဏ်ရာရ၊
APRIL 11, 2022

ကလေးမြို့ အင်ဒိုင်းကုန်းနှင့် မြို့လှရပ်ကွက်ဘက်တွင် ယနေ့မနက်ပိုင်း ၁၀ ဝန်းကျင်လောက်ကစ၍ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အင်ဒိုင်းကုန်း(ယခင်မွှန်ထာ ရွာ)ရပ်ကွပ်ရှိလူနေအိမ်တစ်လုံးပေါ်ကျရောက်ပေါက်ကွဲကာ အိမ်ရှင်လင်မယားထိခိုက်ဒဏ်ရာရရှိခဲ့ကြသည်ဟု သိရသည်။

လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အိမ်ရှင်အမျိုးသား၏ ဦးခေါင်း၊ ကျောကုန်းနှင့် ဇနီးသည်၏ လက်မောင်း၊ နောက်ကျောဘက် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများထံမှသိရသည်။ စစ်ကောင်စီတပ်ဖွဲ့သည့် ကလေးမြို့ တောင်ဖီလာ တောင်ကုန်းပေါ်တွင် တပ်စွဲထားကြပြီး ထိုနေရာမှတဆင့် လက်နက်ကြီး နှင့် လှမ်းပစ်ကြောင်းယူဆရသည်။

ထို့အပြင် နေ့လယ်ပိုင်း ၂ နာရီလောက်တွင် မြို့လှရပ်ကွက်အကျော် စက္ကန့်ကျေးရွာတွင် အသုဘအိမ်သို့ရောက်ရှိနေကြသော ဒေသခံရွာသား အယောက် ၅၀ ခန့်ကိုလည်း စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သိရသည်။ ညနေပိုင်း ၄ နာရီဝန်းကျင်ခန့်ကလည်း ကလေးမြို့ စန်းမြို့ရပ်ကွက်ရဲစခန်းအနီးတွင် ပေါက်ကွဲသံနှင့် ပစ်ခတ်သံများ ထပ်မံ ထွက်ပေါ်ခဲ့ပြီး အသေးစိတ်အခြေနေကိုမူ မသိရသေးပေ။ ကလေးမြို့တွင် ဧပြီလ ၇ ရက်နေ့ကစ၍ နေ့စဉ်ဆက်တိုက် မြို့တွင်းစစ်ဆင်တိုက်ခိုက် မှုများဖြစ်ပွားလျှက်ရှိကာ စစ်ကောင်စီ ဘက်ကလည်း လုံခြုံရေးတင်းကြပ်ထားသည်။ https://khonumthung.org/
******************
၁၄။ မီဇိုရမ်တွင် ရူပီး ၁၈ သိန်းကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါး ဖမ်းဆီးရမိ
APRIL 11, 2022

အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင်တွင် မြန်မာနိုင်ငံသားတစ်းဦးထံ ရူပီး ၁၈ သိန်းကျော်တန်ဖိုးရှိ Methamphetamine ဆေးပြားကို ဧပြီလ ၇ ရက်နေ့ညက ဖမ်းဆီးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံမှ သယ်ဆောင်လာသော Methamphetamine ဆေးပြား ဂရမ် ၆၅၇ အလေးချိန်ရှိ အလုံးရေ ၆၀၀၀ ရှိသော ဆေးပြားကို ကျန်ဖိုင်းမြို့ Bethel ရပ်ကွက်တွင် ကျန်ဖိုင်းခရိုင် ရဲတပ်ဖွဲ့များက ဖမ်းဆီးခဲ့ပြီး အဆိုပါ ဆေးပြားနဲ့အတူ ပိုင်ရှင်ဟု ယူရသူ ကျန်ဖိုင်း Bethel ရပ်ကွက်တွင် စစ်ဘေးရှောင်အဖြစ် နေထိုင်သူဟု ဝန်ခံထားသူ Rawthing ကျေးရွာမှ အသက် ၄၈ နှစ်အရွယ် Thiausawmthanga ကို ဖမ်းဆီးခဲ့ပြီး အမှုဖွင့်ဆိုခဲ့ကြသည်။ https://khonumthung.org/
******************
၁၅။ မွန်အမျိုးသားဝတ်စုံ နှစ် ၅၀ ပြည့် ရွှေရတုအခမ်းအနားကျင်းပ
(၂၀၂၂ ၊ ဧပြီ ၁၀)

မွန်အမျိုးသားဝတ်စုံ နှစ် (၅၀) ပြည့် ရွှေရတုအခမ်းအနားကို မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ ဆန်းရှိုင်းဟိုတယ်တွင် ယနေ့ (ဧပြီ ၁၀ရက်)တွင် စည်ကားစွာကျင်းပခဲ့ကြောင်း ပွဲကျင်းပရေးကော်မတီထံမှ သိရသည်။ အဆိုပါပွဲတွင် ခေတ်အလိုက်ဝတ်စား ဆင်ယင်မှုများကို တင်ဆက်ပြသခဲ့ပြီး မွန်ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း ပွဲကျင်းပရေးကော်မတီ အတွင်းရေးမှူး နိုင်ကောင်းလဝီက ဆိုသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် စက်တင်ဘာလက နှစ် ၅၀ပြည့်ခဲ့ကာ ကိုဗစ်ရောဂါများကြောင့် မကျင်းပနိုင်ခဲ့သည့် မွန်အမျိုးသားဝတ် စုံနှစ် ၅၀ပြည့်အခမ်းအနားအား နောင်တွင်ကျင်းပရန် မသေချာသေးကြောင်း နိုင်ကောင်းလဝီက မွန်သတင်းအေဂျင်စီကို ပြော သည်။ မွန်အမျိုးသားဝတ်စုံ ရွှေရတုပွဲအခမ်းအနား ကျင်းပရခြင်းရည်ရွယ်ချက် ၄ ချက်ရှိပြီး မွန်ဝတ်စုံဖြစ်ပေါ်လာရသည့် အကြောင်းရင်းနှင့် ဝတ်စုံကို မျိုးချစ်စိတ် ရှင်သန်ထက်မြက်ရေး ဝတ်ဆင်သွားကြရန် ရည်ရွယ်ရခြင်းဖြစ်ကြောင်း သိရသည်။

လွန်ခဲ့သည့် နှစ် ၅၀ က တက္ကသိုလ်ကျောင်းသားများ စုစည်းစစ်တမ်းကောက်ခဲ့သည့် မွန်ဝတ်စားဆင်ယင်မှုကို နောင်လာနောင် သားများသိစေရန်၊ မွန်ဝတ်စားဆင်ယင်မှုကို နောင်လာနောင်သားများ ရေရှည်တည်တံ့အောင် ထိန်းသိမ်းသွားစေရန် မွန်ဝတ်စား ဆင်ယင်မှုကို အကောင်အထည်ဖော်ခဲ့သည့် နာယကအဖွဲ့များကို အသိအမှတ်ပြုဂုဏ်ပြုရန်နှင့် မွန်ဝတ်စားဆင်ယင်မှုကို ပွဲလမ်း သ‌ဘင် အခမ်းအနားများတွင် စံနာမူနာအဖြစ်သတ်မှတ်ပြီး မျိုးချစ်စိတ်ဇာတိမာန် ရှင်သန်ထက်မြက်စေရန်ရည်ရွယ်ပြီး ကျင်းပ ခြင်းဖြစ်ကြောင်း နိုင်ကောင်းလဝီက ရှင်းပြသည်။ မွန်အမျိုးသားဝတ်စုံ နှစ် (၄၀) ပြည့် အခမ်းအနားအား ၂၀၁၃ ခုနှစ်က မွန်ပြည်နယ်၊ မော်လမြိုင်မြို့၌ ကျင်းပခဲ့သေးသည်။ https://burmese.monnews.org/
******************
၁၆။ ပုဒ်မ ၂၆၁ ကို လွှတ်တော်နှင့်သာ ပြင်ဆင်၍ရဟု ဒေါက်တာ အေးမောင်ပြော
(ဧပြီ ၈ ၂၀၂၂)

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆၁ ကို ပြည်ထောင်စုလွှတ်တော်ကသာ ပြင်ဆင်၍ရကြောင်း ရခိုင့်ဦးဆောင်ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြောသည်။ ပြီးခဲ့သည့် ဧပြီ ၆ ရက်က နေပြည်တော်တွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်း ရေး ဖော်ဆော်မှုညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) နိုင်ငံရေး ပါတီများ အစုအဖွဲ့တို့ ပုဒ်မ ၂၆၁ ကို ပြင်ဆင်ရန် သဘောတူခဲ့ကြောင်း သိရသည်။

NSPNC ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့နှင့် နိုင်ငံရေးပါတီများ အစုအဖွဲ့၏ အလုပ် အဖွဲ့ခေါင်းဆောင် စိုင်းအိုက်ပေါင်း ဦးဆောင်သည့်အလုပ်အဖွဲ့ကိုယ်စားလှယ်တို့ တွေ့ဆုံဆွေးနွေး၍ သဘောတူခဲ့ခြင်းဖြစ် ကြောင်း သိရသည်။ ထို့နောက် တချို့သော လွှတ်တော်ကိုယ်စားလှယ်များမှ အသက်အရွယ် ငယ်နိုင်ကြောင်း၊ အတွေ့အကြုံ နည်းနိုင်သည့်အတွက် ပြည်နယ်လွှတ်တော် ၁၄ ယောက်ထဲက မရွေးချယ်နိုင်ပါက ယင်းနေရာကို ပြည်နယ်ထဲမှ ပုဂ္ဂိုလ် တစ်ဦးဦးကို ရွေးချယ်နိုင်ရန် အချက်တစ်ချက် ထည့်ထားခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။ တိုင်းရင်းသားပါတီ အများစုက ပုဒ်မ ၂၆၁ ကို ပြင်ဆင်ရန် ဆန္ဒရှိကြကြောင်း၊ သို့သော်လည်း လက်ရှိအနေအထားအရ မည်သို့ပြင်ဆင်မည်ကို သဲသဲကွဲကွဲ မသိရှိရသေးကြောင်း မွန်ညီညွတ်ရေးပါတီ (MUP) မှ ပြောရေးဆိုခွင့်ရှိသူ နိုင်တလညီက ပြောသည်။

ပုဒ်မ ၂၆၁ ကို ယခင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ဒုတိယအကြိမ် လွှတ်တော်မှာ ပြင်ဆင်ရန် တပ်မတော်သားများ အဆိုတင်သွင်းခဲ့ကြောင်း၊ NLD က ကန့်ကွက်၍ ပျက်သွားခဲ့ကြောင်း ဒေါက်တာ အေးမောင်က ပြောသည်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၆၁ အရ နိုင်ငံတော်သမ္မတသည် ဒေသဆိုင်ရာ လွှတ်တော်အမတ်များထဲမှ ၎င်းလိုလား သူကို ရွေးချယ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်သည်။ https://burmese.monnews.org/
******************
၁၇။ မော်လမြိုင်တွင် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၁၇လုံးကျော် ပြိုကျ ပျက်စီး
(၂၀၂၂ ဧပြီ ၈)

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်တွင် ဧပြီ ၇ ရက် ညနေက မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် နေအိမ် ၁၇ လုံး ကျော် ပြိုကျ ပျက်စီးခဲ့ပြီး လူ ၁၅၀ ကျော် လေဘေးသင့်ခဲ့ကြောင်း လူမှုကယ်ဆယ်ရေး အဖွဲ့ထံက သိရသည်။ မော်လမြိုင်မြို့ပေါ်တွင် သာယာအေးရပ်ကွက်တွင် အများဆုံး ပြိုကျပျက်စီးမှုဖြစ်ခဲ့ပြီး ကျန်သည့်ရပ်ကွက်များတွင် သစ်ပင်လဲကျခြင်းများသာ ဖြစ်ပေါ်ခဲ့ ကြောင်း မော်လမြိုင်မြို့က အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့ ဥက္ကဌ ကိုဘိုဘိုဝင်းက ပြောသည်။

မြိုင်သာယာ ၁၁ လမ်းတွင်လည်း သစ်ပင်ကျိုးကျသောကြောင့် အိမ် မျက်နှာစာ ထိခိုက် ပျက်စီးခဲ့ကြောင်း ၎င်းက ပြောသည်။ တက္ကသိုလ်လမ်းအပါအဝင် မြိုင်သာယာရပ်ကွက်လမ်းများတွင် သစ်ပင်များ ကျိုးကျခဲ့သောကြောင့် သက်ဆိုင်ရာ မီးသတ်တပ်ဖွဲ့ ဝင်များနှင့် ပူးပေါင်းကာ လမ်းရှင်းလင်းရေးများ ပြုလုပ်နေကြောင်း ထပ်ပြောသည်။

ပြိုကျပျက်စီးခဲ့သည့် နေအိမ်များကို လူမှုကယ်ဆယ်ရေးအဖွဲ့များက သွားရောက်ကူညီခဲ့ကြပြီး လူထိခိုက်ဒဏ်ရာခြင်း မရှိ ကြောင်း သိရသည်။ လက်ရှိအချိန်ထိ သက်ဆိုင်ရာဌာနများမှ လေဘေးသင့်ပြည်သူများဆီ လာရောက်ကူညီပေးခြင်း မရှိသေး ကြောင်း သိရသည်။ လေဘေးသင့်ပြည်သူ ၁၅၀ ကျော်ကို လူမှုကယ်ဆယ်ရေးအဖွဲ့များ၏ အကူအညီဖြင့် နီးစပ်ရာဆွေမျိုး နေအိမ်များကို ပို့ဆောင်ခဲ့ကြောင်း သိရသည်။ https://burmese.monnews.org/
******************
၁၈။ NSPNC နှင့် UPDJC နိုင်ငံရေးပါတီများအစုအဖွဲ့တို့ ပုဒ်မ ၂၆၁ ပြင်ဆင်ရန်သဘောတူ
(ဧပြီ ၈ ၂၀၂၂)

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆော်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC နိုင်ငံရေးပါတီများ အစုအဖွဲ့တို့ ပုဒ်မ ၂၆၁ ကို ပြင်ဆင်ရန် ပြီးခဲ့သည့် ဧပြီ ၆ ရက်က နေပြည်တော်တွင် သဘောတူခဲ့ကြောင်း သိရသည်။ NSPNC ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့နှင့် UPDJC နိုင်ငံရေးပါတီများ အစုအဖွဲ့၏ အလုပ်အဖွဲ့ခေါင်းဆောင် စိုင်းအိုက်ပေါင်း ဦးဆောင်သည့် အလုပ်အဖွဲ့ကိုယ်စား လှယ်တို့ တွေ့ဆုံ ဆွေးနွေး၍ သဘောတူခဲ့ခြင်းဖြစ်သည်။

တိုင်းရင်းသားပါတီ အများစုက ပုဒ်မ ၂၆၁ ကို ပြင်ဆင်ရန် ဆန္ဒရှိကြသော်လည်း လက်ရှိ အနေအထားအရ မည်သို့ပြင်ဆင်မည်ကို သဲသဲကွဲကွဲမသိရှိရသေးကြောင်း မွန်ညီညွတ်ရေးပါတီ (MUP) ဒုတိယဥက္ကဌ (၂) နိုင်တလညီက ပြောသည်။ ထို့အတူ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆၁ ကို ပြည်ထောင်စုလွှတ်တော်ကသာ ပြင်ဆင်၍ရကြောင်း ရခိုင့်ဦးဆောင်ပါတီဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၆၁ အရ နိုင်ငံတော်သမ္မတသည် ဒေသဆိုင်ရာ လွှတ်တော်အမတ်များထဲမှ ၎င်းလိုလား သူကို ရွေးချယ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခွင့်ရှိသည်။ ပုဒ်မ ၂၆၁ ကို ယခင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ဒုတိယအကြိမ် လွှတ်တော်တွင် ပြင်ဆင်ရန် တပ်မတော်သားများ အဆိုတင်သွင်းခဲ့ရာ NLD လွှတ်တော်ကိုယ်စားလှယ်များ ကန့်ကွက်၍ ပျက်သွားခဲ့ကြောင်း သိရသည်။ https://burmese.monnews.org/
******************
၁၉။ ကယန်းအမျိုးသားနေ့အထိမ်းအမှတ်အဖြစ် ဘောလုံးပြိုင်ပွဲကျင်းပပြီး ရရှိလာတဲ့အလှူငွေကို စစ်ရှောင်ကိုလှူဒါန်း
April 11, 2022

၂၀၂၂ခုနှစ် ဧပြီလ (၁၀)ရက်နေ့မှာ ကျရောက်တဲ့ (၂၂)ကြိမ်မြောက် ကယန်းအမျိုးသားနေ့အထိမ်းအမှတ်အဖြစ် ကယန်းဒေသ စလင်းကျေးရွာအုပ်စုမှာ ဘောလုံးပြိုင်ပွဲကျင်းပခဲ့ပြီး ရရှိလာတဲ့ အလှူငွေကို ကယန်းဒေသလူမှုကယ်ဆယ်ရေးကော်မတီ(KRC) မှတဆင့် စစ်ရှောင်တွေထံ လှူဒါန်းသွားမယ်လို့ သိရပါတယ်။

ကယန်းအမျိုးသားနေ့အထိမ်းအမှတ်နဲ့ လူငယ်အတွက် အားကစားမြှင့်တင်ရေးအပိုင်းကို ကယန်းဒေသလူမှုကယ်ဆယ်ရေး ကော်မတီမှ ဦးဆောင်ခဲ့ပြီး လက်ရှိနိုင်ငံရေးအခြေအနေအရ နယ်မြေမတည်မှုကြားက ဘောလုံးပွဲပြုလုပ်ရတဲ့အတွက် ဒေသခံ အချို့ စိုးရိမ်ပူပန်မှုတွေရှိခဲ့တယ်လို့ ဆိုပါတယ်။ ဘောလုံးပွဲပြိုင်ပွဲကို ရွာပေါင်း ၁၅ရွာက ဘောလုံးအသင်း ၂၃သင်းပါဝင်ယှဉ်ပြိုင် ကစားခဲ့ပြီး ပြိုင်ပွဲကျင်းပရေးကော်မတီနဲ့ လာရောက်အားပေးတဲ့ပရိသတ်တို့ထံမှ စစ်ရှောင်အလှူငွေ (၉၁၄၆၅၀)ကျပ် ရရှိခဲ့တယ် လို့ သိရပါတယ်။

ယမန်နေ့ ဧပြီလ ၁၀ ရက်နေ့မှာ ကျရောက်တဲ့ ကယန်းအမျိုးသားနေ့ အခမ်းအနားကို ကယန်းပြည်သစ်ပါတီဌာနချုပ်အပါအဝင် ရှမ်း/တောင်၊ ဖယ်ခုံမြို့နယ်နဲ့ ကရင်နီ(ကယား)ပြည်နယ်ရှိ နေရာဒေသအချို့တွေမှာ အကျဥ်းချုံးကျင်းပပြုလုပ်ခဲ့ပါတယ်။ နေရာ ဒေသအသီးသီးမှာ ကျင်းပပြုလုပ်သွားတဲ့ ကယန်းအမျိုးသားနေ့အခမ်းအနားတွေမှာ ကယန်းမျိုးသားအလံတင်တာ၊ အလံလေး ပြုတာ၊ မိန့်ခွန်းပြောကြားတာတွေနဲ့ ကယန်းအသင်းအဖွဲ့အသီးသီးက ပေးပို့တဲ့ သဝဏ်လွှာဖတ်ကြားတာတွေ ပြုလုပ်ခဲ့ကြ ပါတယ်။ https://www.kantarawaddytimes.org/
*******************
၂၀။ အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်တွင်းက ထောင်ဒဏ်ချ ခံရသူ ၉၄ဦးရှိနေ
April 11, 2022

ကရင်နီပြည်မှာ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက ပုဒ်မအမျိုးမျိုးနဲ့ ဖမ်းဆီးတရားစွဲဆိုခံရသူ ၂၂၁ ဦးရှိပြီး ထောင်ဒဏ် အမိန့်ချခံထားတဲ့သူ ၉၄ဦးအထိရှိနေတယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု ( PKPF ) ကထုတ်ပြန်ထားပါတယ်။ ထောင်ဒဏ် အမိန့်ချခံထားရသူတွေဟာ PDF နဲ့ ဆက်နွယ်တယ်ဆိုတဲ့အကြောင်းပြချက် ၊ CDM ပြုလုပ်တယ်ဆိုတဲ့ အကြောင်းပြ ချက်တွေအပြင် စစ်သား၊ တပ်သား၊ အရာရှိတွေကို သတ်ဖြတ်တယ်ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ဖမ်းဆီးခံထားရသူတွေ ဖြစ်တယ်လို့ PKPF တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အမိန့်ချခံရတဲ့အထဲ ပညာရေးကောလိပ်ကျောင်းဆင်း CDM ကျောင်းဆရာ ခူးလယ်ဝါးလည်း ပါဝင်ပြီး သူ့ကို အကြမ်းဖက်မှုတိုက် ဖျက်ရေးဥပဒေ ဆိုင်ရာ ပုဒ်မ ၅၂ ( က )နဲ့ တရားစွဲဆိုခဲ့ပြီး ထောင်ဒဏ် ၅နှစ်ချမှတ်ခံခဲ့ရပါတယ်။ ဆရာခူးလယ်ဝါးဟာ စစ်ဘေး ရှောင်ကူညီဖို့အတွက် ဆန်သွားသယ်ရင်း ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ဒီလိုအမိန့်ချမှတ်ခံရတဲ့အပေါ် စိတ်မကောင်းဖြစ်မိတယ်လို့ ဆွေမျိုးနီးစပ်သူ တစ်ဦးက ပြောပါတယ်။

ကရင်နီပြည်မှာ အာဏာသိမ်းပြီးနောက်ပိုင်း ပုဒ်မ ၅၀၅( က )နဲ့ တရားစွဲခံရပြီး ထောင်ဒဏ်သုံးနှစ် အမိန့်ချခံရသူ ၇၆ဦး၊ ပုဒ်မ ၅၀၅( က )နဲ့ တရားစွဲခံရပြီး ထောင်ဒဏ်နှစ်နှစ် အမိန့်ချခံရသူ ၅ဦး၊ ၅၀၅( ခ )နဲ့တရားစွဲခံရပြီး ထောင်ဒဏ်နှစ်နှစ်ချခံရသူ ၁ဦး၊ ပုဒ်မ ၁၇/၁ နဲ့ တရားစွဲခံရပြီး ထောင်ဒဏ် ၃နှစ် အမိန့်ချမှတ်ခံရသူ ၇ဦး၊ ပုဒ်မ ၅၂ ( က ) နဲ့ တရားစွဲခံရပြီး ထောင်ဒဏ် ၅နှစ် အမိန့်ချခံရသူ ၁ဦး၊ ပုဒ်မ ၅၀၅၊ ၁၂၄၊ ၅၀၊၅၂၊ ၃၀၂ နဲ့ တရားစွဲခံရပြီး ထောင်ဒဏ် တစ်သက်တစ်ကျွန်းချခံရသူ ၄ဦး အထိရှိနေတယ်လို့ PKPF ထုတ်ပြန်ထားပါတယ်။ ကရင်နီပြည်မှာ စစ်ကောင်စီ ဖမ်းဆီးတရားစွဲဆိုခံရသူ ၂၂၁ဦးအထိရှိနေပြီး ၁၂၇ ဦးကတော့ တရားစွဲဆိုနေဆဲဖြစ်တယ်လို့ PKPF ထုတ်ပြန်ချက်အရ သိရပါတယ်။
https://www.kantarawaddytimes.org/
*******************
၂၁။ (၁၃)နှစ်မြောက် ရက္ခိုင့်တပ်တော်နေ့မှာ KNDF က ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့
April 10, 2022

ဒီကနေ့ (ဧပြီလ ၁၀ရက်) မှာ ကျရောက်တဲ့ (၁၃)နှစ်မြောက် ရက္ခိုင့်တပ်တော်နေ့မှာ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ကနေပြီး ရက္ခိုင့်တပ်တော်(AA) ကို ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ခဲ့ပါတယ်။

ရခိုင်အမျိုးသားလွှတ်မြောက်ရေးအတွက် ရက္ခိတလမ်းစဉ်နဲ့ တော်လှန်ရေးခရီးကို တစိုက်မတ်မတ် လျှောက်လှမ်းနေတဲ့ ရက္ခိုင့် တပ်တော်(AA)ဟာ တော်လှန်ရေးအင်အားစုတွေအတွက် လေးစားဖွယ် စံနမူနာ ကောင်းဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ KNDF အနေနဲ့လည်း နှောင်အနာဂတ်မှာ (AA)နဲ့အတူ စစ်ရေး၊ နိုင်ငံရေးကဏ္ဍတွေ လက်တွဲလုပ်ဆောင်နိုင်မယ်လို့ ယုံကြည် ကြောင်း ဆိုထားပါတယ်။

ဒါ့အပြင် KNDFဟာဆိုရင် ရက္ခိုင့်တပ်တော်(AA)မှ ဖော်ဆောင်နေတဲ့ နိုင်ငံရေးနဲ့ စစ်ရေးလမ်းစဉ်တွေအတိုင်း ရပ်တည်ထောက်ခံ ကြောင်း၊ ရခိုင်အမျိုးသားတွေ မျှော်မှန်းနေတဲ့ နိုင်ငံရေးရည်မှန်းချက်ကို အမြန်ဆုံးရောက်ရှိ အကောင်အထည်ဖော်နိုင်ပါစေ ကြောင်း သဝဏ်လွှာမှာ ဖော်ပြပါရှိပါတယ်။ https://www.kantarawaddytimes.org/
*******************
၂၂။ ကယန်းအမျိုးသားနေ့အခမ်းအနား အကျဥ်းချုပ်ကျင်းပ
April 10, 2022

ဒီကနေ့ ဧပြီလ ၁၀ ရက်နေ့မှာ ကျရောက်တဲ့ ကယန်းအမျိုးသားနေ့ အခမ်းအနားကို ရှမ်း/တောင်၊ ဖယ်ခုံမြို့နယ်နဲ့ ကရင်နီ (ကယား)ပြည်နယ်ရှိ နေရာဒေသအချို့မှာ အကျဥ်းချုပ်ကျင်းပပြုလုပ်ခဲ့ပါတယ်။ ခုလိုအကျဥ်းချုံးကျင်းပတဲ့ ကယန်းအမျိုး သားနေ့အခမ်းအနားကို ရှမ်း/တောင်၊ ဖယ်ခုံမြို့နယ်၊ အနောက်ကယန်းဒေ၊ လွယ်ယင်းကျေးရွာနဲ့ အလယ်ကယန်းဒေသ၊ ဆီးဘူးကျေးရွာရှိ ကယန်းပြည်သစ်ပါတီဌာနချုပ်နဲ့ ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ လွိုင်နန်းဖဒေသတွေမှာ အသီးသီးကျင်းပပြုလုပ်ခဲ့ကြတာပါ။

အဆိုပါ အခမ်းအနားတွေမှာ ကယန်းမျိုးသားအလံတင်ခြင်း ၊ အလံလေးပြုခြင်း ၊ မိန့်ခွန်းပြောကြားခြင်း စတာ တွေနဲ့ ကယန်း အသင်းအဖွဲ့အသီးသီးက ပေးပို့တဲ့ သဝဏ်လွှာဖတ်ကြားတာတွေ ပြုလုပ်ခဲ့ကြပါတယ်။ ဒါ့အပြင် အွန်လိုင်းမှာလည်း Kayan International Network က ဦးစီးပြီးတော့ ကယန်းအမျိုးသားနေ့အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါတယ်။

ကယန်းအမျိုးသားနေ့အခမ်းအနားကို ကိုဗစ်အခြေအနေနဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် စည်စည်ကားကားမကျင်းပနိုင်ခဲ့ တာ ၃ နှစ်ရှိသွားပြီဖြစ်ပြီး အခမ်းအနားအကျဥ်းချုပ်သာ ကျင်းပနိုင်ခဲ့ပါတယ်။ https://www.kantarawaddytimes.org/
*******************
၂၃။ ကရင်နီပြည်သူ့တော်လှန်ရေးတပ်ပေါင်းစု (KRU) ကို တော်လှန်ရေးတပ်ဖွဲ့(၆)ဖွဲ့ နဲ့ ဖွဲ့စည်းခဲ့
April 10, 2022

ကရင်နီပြည်တွင်းက စစ်ကောင်စီကို တော်လှန်နေတဲ့ တပ်ဖွဲ့(၆)ဖွဲ့နဲ့ ကရင်နီပြည်သူ့တော်လှန်ရေးတပ်ပေါင်းစု( Karenni Revolution Union – KRU ) ကို ပြီးခဲ့တဲ့ ဧပြီလ(၆)ရက်နေ့မှာ ဖွဲ့စည်းကြောင်း KRUမှာ ပါဝင်တဲ့ အဖွဲ့အသီးသီးက ကြေညာခဲ့ ပါတယ်။

လူအင်အား၊ လက်နက်အင်အား ပိုတောင့်တင်းလာဖို့နဲ့ စစ်ဆင်ရေးကိစ္စတွေမှာ စနစ်တကျ အချိတ်အဆက်မိစွာ ပူးပေါင်းဆောင် ရွက်နိုင်ဖို့ အတွက် ရည်ရွယ်ပြီး ဖွဲ့စည်းခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။

KRUမှာပါဝင် စုဖွဲ့တဲ့ တပ်ဖွဲ့(၆)ဖွဲ့ကတော့ Karenni Generation-Z(KGZ), Karenni Democratic Front(KDF) , Fight for Justice(JPDF) , GZ-21(Loikaw) , Medic Unit , Southern Shan People Defense Force(SSPDF) စတဲ့ အဖွဲ့တွေနဲ့ ဖွဲ့စည်းခဲ့တာြဖစ်ပါတယ်။ (SSPDF) အဖွဲ့ကတော့ အထောက်အကူပြု မဟာမိတ်အဖွဲ့အနေနဲ့သာ ပါဝင်တယ်လို့ ဖော်ပြထား ပါတယ်။ https://www.kantarawaddytimes.org/
*******************
၂၄။ KNDF B-10 ရဲဘော်တစ်ဦး လက်နက်ကြီးထိမှန်ပြီး ကျဆုံး
April 10, 2022

ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် ( KNDF ) တပ်ရင်း ၁၀မှ ရဲဘော်တစ်ဦး လက်နက်ကြီးထိမှန်ပြီး ဒီနေ့ ( ဧပြီလ ၁၀ ရက်နေ့ ) မနက် ၂နာရီအချိန်မှာ ကျဆုံးသွားတယ်လို့ KNDF B-10 က ထုတ်ပြန်ထားပါတယ်။

ရှေ့တန်းတစ်နေရာမှာ တာဝန်ထမ်းဆောင်ရင်း ယမန်နေ့ ဧပြီလ ၉ရက်နေ့ နံနက် ၉နာရီဝန်းကျင်အချိန် စစ်ကောင်စီက ပစ်ခတ် လိုက်တဲ့ လက်နက်ကြီး ထိမိခဲ့တာဖြစ်ပါတယ်။ ကျဆုံးသွားသူမှာ KNDF B-10က ခွဲ ၁ ၊ စု ၃ ၊ စုမှူးအဖြစ် တာဝန်ထမ်း ဆောင်းနေတဲ့ ရဲဘော်သျားရယ်ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၄ရက်နေ့မှာလည်း ဒီးမော့ဆိုမြို့နယ် ထူးလွီးဘီလာကျေးရွာတိုက်ပွဲအတွင်း KNDF B-01 က ရဲဘော် မိုင်ကယ် ကျဆုံးသွားခဲ့ပါတယ်။

ကရင်နီပြည်မှာ အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို တော်လှန်တဲ့ တိုက်ပွဲတွေမှာ ကရင်နီဒေသခံကာကွယ်ရေးတပ်ဖွဲ့ က ၁၀၁ဦးကျဆုံးပြီး KNDF တစ်ဖွဲ့ထဲကို ၃၆ဦးကျဆုံးတယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု ( PKPF ) ကဧပြီလ ၃ရက် နေ့မှာ ထုတ်ပြန်ထားပါတယ်။ https://www.kantarawaddytimes.org/
*******************
၂၅။ စစ်ရှောင် ရိက္ခာသွားပို့စဉ် စစ်ကောင်စီပစ်ခတ်မှုခံရတဲ့ လူငယ်တစ်ဦးကို သေဆုံးလျက်တွေ့ရှိ
April 9, 2022

ကရင်နီပြည် ဖရူဆိုမြို့ ဒေါညေးခူကျေးရွာမှာ စစ်ရှောင်ရိက္ခာသွားပို့တဲ့ အသက် ၂၅နှစ်အရွယ် မောင်ပါစကွားလယ်ကို စစ်ကောင်စီက သတ်ဖြတ်ထားတဲ့ရုပ်အလောင်းကို ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို (DMO-Local PDF)နှင့် မဟာမိတ်တပ် ပေါင်းစုတို့မှ ဒီကနေ့ ဧပြီလ ၉ရက်နေ့ နံနက်ပိုင်းမှာ နယ်မြေရှင်းလင်းရေးလုပ်နေစဉ် တွေ့ရှိခဲ့တယ်လို့ DMO-PDF က သတင်း ထုတ်ပြန်ထားပါတယ်။

သတ်ဖြတ်ခံရတဲ့လူငယ်က မိုးဗြဲမြို့မှာနေထိုင်သူဖြစ်ပြီး ပြီးခဲ့တဲ့ ဧပြီလ ၅ရက်နေ့ မနက် ၈နာရီအချိန်မှာ အဖော်ဖြစ်သူနဲ့ ရိက္ခာသွားပို့စဉ် ဒေါညေးခူကျေးရွာအရောက် စစ်ကောင်စီရဲ့ပစ်ခတ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။ ပစ်ခတ်မှုကြောင့် မောင်ပါစကွား လယ်မှာ ဆိုင်ကယ်ပေါ်ကကျခဲ့ပြီး ကျန်တစ်ဦးမှာ ပေါင်နားထိရှိဒဏ်ရာရခဲ့တယ်လို့ DMO-PDF က ထုတ်ပြန်ထားပါတယ်။ ရိက္ခာသွားရောက်ပို့ဆောင်စဉ် အရပ်ဝတ်ဖြင့်သွားတာဖြစ်ပြီး သေဆုံးသူရုပ်အလောင်းပြန်ရချိန်မှာ ပျောက်ကြားယူနီဖောင်းနဲ့ ဖြစ်နေတယ်လို့ ပစ်ခတ်စဉ်ထွက်ပြေးလွတ်မြောက်လာသူက DMO-PDFကိုပြောကြားခဲ့ပါတယ်။

သေဆုံးသူရုပ်အလောင်းကို နေ့ခင်း ၂နာရီမှာ သက်ဆိုင်ရာဆွေမျိုးထံ ပြန်လည်အပ်နှံထားတယ်လို့ သိရပါတယ်။ စစ်ကောင်စီမှ အာဏာသိမ်းပြီးနောက် ဖရူဆိုမြို့နဲ့ ဒီးမော့ဆိုမြို့နယ်အတွင်း အရပ်သားသတ်ဖြတ်ခံရသူ (၁၀၆)ဦးရှိသွားပြီလို့ DMO-PDF ရဲ့ အချက်အလက်စုဆောင်ရေးအဖွဲ့ထံမှ သိရပါတယ်။ ဒါ့အပြင် ဖရူဆိုမြို့မှ ဒီးမော့ဆိုလမ်းအတိုင်း သွားလာတဲ့ အမျိုးသားနှစ်ဦးကို စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့ပြီး ဒီကနေ့အချိန်ထိ မတွေ့ရှိရသေးဘူးလို့ DMO-PDF ကပြောပါတယ်။
https://www.kantarawaddytimes.org/
*******************
၂၆။ လွိုင်ကော်မြို့နယ် ဝန်ကြီးအိမ်ယာထောင့်မှာ အမျိုးသားတစ်ဦးပစ်သတ်ခံရပြီး သေဆုံးသွား
April 9, 2022

လွိုင်ကော်မြို့နယ် နောင်ယား(က) ရပ်ကွက် ဝန်ကြီးအိမ်ယာထောင့်မှာ ယမန်နေ့ ဧပြီလ ၇ရက်နေ့ ညနေ၄နာရီဝန်းကျင်အချိန် အမျိုးသားတစ်ဦးက ပစ်သတ်ခံရပြီး ပွဲချင်းပြီး သေဆုံးသွားတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။

သေဆုံးသွားသူမှာ မည်သူဖြစ်တယ်ဆိုတာကိုတော့ တိတိကျကျမသိရသလို ကျန်တစ်ဦးရဲ့ အခြေအနေကိုလည်း မသိရဘူးလို့ ၎င်းက ဆက်ပြောပါတယ်။ လွိုင်ကော်မြို့ပေါ်မှာ နေ့စဉ်စစ်ဆေးမေးမြန်းတာတွေရှိနေတယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံ တစ်ဦးက‌ ပြောပါတယ်။

ကရင်နီပြည်ရဲ့ တချို့နေရာတွေမှာ တိုက်ပွဲတွေ စတင်ဖြစ်ပွားတဲ့နောက်ပိုင်း လွိုင်ကော်မြို့မှာ စစ်ကောင်စီရဲ့ စစ်ဆေးမေးမြန်း မှုတွေ ဖမ်းဆီးမှုတွေကို လွိုင်ကော်မြို့မှာ နေထိုင်သူတွေက ကြုံတွေ့နေရပါတယ်။ ကရင်နီပြည်မှာ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက ဖမ်းဆီးထားတဲ့ အရပ်သားပြည်သူ ၂၉၁ဦးရှိတယ်လို့ ကရင်နီလူမှုအသင်းအဖွဲ့များကွန်ယက် ( KCSN ) က မတ်လ ၃၁ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ https://www.kantarawaddytimes.org/
*******************
၂၇။ တပ်ပြေးတစ်ဦးကို KNDF ဖမ်းဆီးမိပြီး KSP ထံလွှဲပြောင်းထား
April 8, 2022

ဧပြီလ ၆ရက်နေ့ ညပိုင်းမှာ တပ်ကနေ ထွက်ပြေးလာခဲ့တဲ့ လွိုင်ကော်မြို့ ၃၆၂အမြောက်တပ်ရင်းမှ တပ်သားတစ်ဦးကို တွေ့ရှိတဲ့ ဒေသခံတွေက KNDF B-10 ကိုအကြောင်းကြားတာကြောင့် သွားရောက် ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး ကရင်နီပြည်ရဲဌာန (KSP) ထံလွှဲပြောင်းလိုက်ပြီလို့ သိရပါတယ်။

ကိုယ်ပိုင်နံပါတ် (၅၃၀၀၈၂)၊ အသက်၂၅နှစ်အရွယ်ရှိသူ တပ်သား ကိုအောင်ဆန်းလင်းမှာ ဧရာဝတီတိုင်း ညောင်တုံးမြို့နယ် ဇာတိဖြစ်ပြီး ၃၆၂အမြောက်တပ်ရင်းမှာ တာဝန်ထမ်းဆောင်တာ ၆နှစ်ရှိပြီဖြစ်ကြောင်း သူ့ရဲ့ ပြောကြားချက်အရသိရပါတယ်။ တပ်ထဲမှာတာဝန်ထမ်းဆောင်တဲ့အချိန် တပ်ကြပ်ကြီး ဦးမောင်မိုးလက်အောက်မှာနေရပြီး လစာ ၉သောင်းခွဲရရှိတယ်လို့ ဆိုပါ တယ်။

ထွက်ပြေးလာတဲ့အချိန် လက်နက်မယူခဲ့ဘဲ အခြားတပ်သား ၄ဦးနဲ့အတူ ထွက်ပြေးလာခဲ့ပေမယ့် လူစုကွဲသွားတယ်လို့ အဆိုပါ တပ်သားက ပြောပါတယ်။ ကရင်နီပြည်သူ့ရင်ခွင်ကလည်း စစ်ကောင်စီတပ်သားတွေ CDM လုပ်ပြီး ပြည်သူနဲ့အတူ လာရောက် ပူးပေါင်းဖို့ ဖိတ်ခေါ်ထားပြီး သူတို့ကို ကရင်နီပြည် အရပ်လေးမျက်နှာလုံးမှာရှိတဲ့ KNDF ၊ PDF တို့ကြိုဆိုရှိနေတယ်လို့ အသိ ပေးထားပါတယ်။ https://www.kantarawaddytimes.org/
*******************
၂၈။ စစ်တွေမြို့နယ်၊ တောကန်ကျေးရွာရှိ နေအိမ်တစ်အိမ်ကို မြန်မာစစ်တပ်ကစစ်ဆေးမှုကြောင့် ဒေသခံများစိုးရိမ်နေ
2022 Apr 11

စစ်တွေမြို့နယ်၊ တောကန်ကျေးရွာရှိ နေအိမ်တစ်အိမ်ကို ဧပြီလ ၉ ရက်နေ့ မွန်းလွဲ ၁၁ နာရီခန့်က ရဲတပ်ဖွဲ့ဝင်လေးဦးနှင့် စစ်တပ် အင်အား ၂၀ ဦးခန့်တို့က စစ်ဆေးမှုပြုလုပ်ခဲ့သောကြောင့် ဒေသခံရွာသားများမှာ စိုးရိမ်ထိတ်လန့်နေကြကြောင်း သိရသည်။ တောကန်ကျေးရွာရှိ ဒေသခံတစ်ဦး၏နေအိမ်ကို တပ်ဖွဲ့ဝင်များ လာရောက်စစ်ဆေးခဲ့ကြောင်း၊ သို့သော် အိမ်ပိုင်ရှင်ကို နေအိမ် တွင်မတွေ့ရှိခဲ့သောကြောင့် အိမ်ပတ်ဝန်းကျင်ကို ဓာတ်ပုံရိုက်ယူသွားကြောင်း လုံခြုံရေးအရအမည်မဖော်လိုသည့် ဒေသခံတစ်ဦး ကပြောသည်။

လက်ရှိတွင် မြန်မာစစ်တပ်၏တပ်ဖွဲ့ဝင်များသည် ဝါဘိုနှင့် တောကန်ကူးတို့ဆိပ်တွင် တပ်စွဲနေထိုင်နေကြပြီး အထက်မှအမိန့် မရရှိသေးသောကြောင့် အဆိုပါနေရာမှမပြန်ရသေးဟု တုန့်ပြန်ထားကြောင်း တောကန်အုပ်ချုပ်ရေးမှူး ဦးဝင်းမောင်က ပြောသည်။ သို့သော်လည်း တောကန်ဒေသခံအများစုမှာ စစ်တပ်က ကျေးရွာသို့ရောက်ရှိလာသောကြောင့် စိုးရိမ်ကြောက်လန့်၍ အနီးပတ်ဝန်းကျင်ရှိကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ လက်ရှိတွင် ဒေသခံများမှာ မိမိကျေးရွာသို့ပြန်လည်ရောက်ရှိ နေကြပြီဟု အုပ်ချုပ်ရေးမှူးက ဆက်လက်ပြောသည်။

ယခုကဲ့သို့စစ်ဆေးနေမှုများအပေါ် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရကို တယ်လီဖုန်းဖြင့် အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိသေးပေ။ ရခိုင်ပြည်အတွင်းတွင် ရက္ခိုင့်တပ်တော်(AA)၏ အုပ်ချုပ်ရေး၊ တရားစီရင်ရေးကိစ္စများကို စစ်ကောင်စီဘက်မှ အနှောက်အယှက်ပေးလာနေသောကြောင့် သည်းမခံနိုင်သည့် အနေအထားရှိလာလျှင် တိုက်ပွဲဆက်တိုက်ဖြစ်လာနိုင်ကြောင်း AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ဧပြီလ ၅ ရက်နေ့တွင်ပြု လုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားထားသည်။ https://www.dmgburmese.com/
*******************
၂၉။ ရက္ခိုင့်တပ်တော်နေ့တွင် စစ်သုံ့ပန်းတချို့ကို AA က ပြန်လွှတ်ပေး
Apr 11, 2022

တိုက်ပွဲကာလ၌ဖမ်းဆီးရမိထားသည့် စစ်သုံ့ပန်း(၃)ဦးကို ရက္ခိုင့်တပ်တော်(AA)၏ (၁၃)နှစ်မြောက်မွေးနေ့တွင် ပုဏ္ဏားကျွန်းမြို့ နယ်၊ ဆင်အင်းကြီးကျေးရွာအနီး၌ AA က ပြန်လွှတ်ပေးခဲ့ကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။ အဆိုပါစစ်သုံ့ပန်း ၃ ဦးကို ယမန်နေ့(ဧပြီလ ၁၀ ရက်) ညနေ ၃ နာရီခန့်တွင် ဆင်အင်းကြီးကျေးရွာ၏တောင်ဖက် ပေ ၁၀၀ ကျော်ခန့်အကွာ စာသင် ကျောင်းမှနေ၍ လွှတ်ပေးခြင်းလိုက်ခြင်းဖြစ်ကြောင်း ဆင်အင်းကြီးကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ဦးစံသာကျော်က DMG သို့ ပြောသည်။

ပြန်လွှတ်ပေးလိုက်သည့် စစ်သုံ့ပန်းတို့၏ ရာထူး၊ တာဝန်အပါအဝင် ဖမ်းဆီးရမိသည့်နေရာနှင့် မည့်သည့်ဒေသမှ စစ်သားများ ဖြစ်သည်ကိုမသိရကြောင်းလည်း ကျေးရွာသားများကပြောသည်။ စစ်သုံ့ပန်း ၃ ဦးကို ရက္ခိုင့်တပ်တော်(AA)မှ တပ်ဖွဲ့ဝင် ၁၀ ကျော်ခန့်ကလာရောက်ပို့ဆောင်ခဲ့ခြင်းဖြစ်ပြီး ပုဏ္ဏားကျွန်းမြို့ပေါ်ရှိ (၅၅၀)တပ်ရင်းမှ တာဝန်ရှိသူများက လာရောက်လက်ခံခဲ့ ခြင်းဖြစ်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးခင်မောင်လတ်က DMG သို့ အတည်ပြုပြောဆိုသည်။

ထိုသို့စစ်သုံ့ပန်းများကိုလွှတ်ပေးရခြင်းမှာ ဧပြီလ ၁၀ ရက်နေ့တွင်ကျရောက်သော ရက္ခိုင့်တပ်တော်(AA)၏(၁၃)နှစ်မြောက် မွေးနေ့ကို ဂုဏ်ပြုသောအားဖြင့်နှင့် စစ်ရေးတည်ငြိမ်နေမှု၊ နှစ်ဦးနှစ်ဘက်နားလည်မှုဖြင့် အပစ်ခတ်ရပ်စဲနိုင်ခြင်းကို အလေးထား သည့်အနေဖြင့် လွှတ်ပေးခြင်းဖြစ်နိုင်ကြောင်း ဦးခင်မောင်လတ်ကသုံးသပ်သည်။ စစ်သုံ့ပန်းများလွှတ်ပေးသည့်ကိစ္စနှင့် ပတ်သက်ပြီး AA နှင့် မြန်မာစစ်တပ်ဘက်မှ ပြောရေးဆိုခွင့်ရှိသူတို့ထံ DMG က ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်း မရှိခဲ့ပေ။ https://www.dmgburmese.com/
*******************
၃၀။ မြောက်ဦးရှေးဟောင်းနယ်မြေအတွင်းမှ ကျူးများကို ၆ လအတွင်း အပြီးဖယ်ရှားမည်
Apr 11, 2022

ယူနက်စကိုပညာရှင်များ လာရောက်မစစ်ဆေးမီ ၆ လအတွင်း မြောက်ဦးမြို့ရှိ ကျူးကျော်အဆောက်အအုံများကို အပြီးဖယ်ရှား သွားမည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန တာဝန်ရှိသူများထံမှသိရသည်။ မြောက်ဦးမြို့ ရှေးဟောင်းနယ်မြေအတွင်း ကျူးကျော်နေအိမ်များနှင့် အဆောက်အအုံ စုစုပေါင်း(၆၀၀)ခန့်ရှိသည့်အနက် ကျုံးပတ်ဝန်းကျင်ရှိ ကျူးများနှင့် ရေအရင်းမြစ်တည်ရှိရာပတ်ဝန်းကျင်ရှိ ကျူးများကို ဦးစားပေးဖယ်ရှားသွားမည်ဟု ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(မြောက်ဦးဌာနခွဲ)မှ ညွှန်ကြားရေးမှူး ဦးကြည်ခင် DMG ကိုပြောသည်။

မြောက်ဦးမြို့တွင် သိမ်ကုန်းပေါင်၊ ငွေတောင်ပေါက်စသည့် ကျုံးစုစုပေါင်း ၄၀ ကျော်ရှိပြီး ယင်းပတ်ဝန်းကျင်ရှိ ကျူးကျော်များကို ဖယ်ရှားသွားမည်ဖြစ်သည်။ ထို့နောက် သကျမာန်အောင်၊ ရတနာ့မာန်အောင်အနီးအနားရှိ ကျူးကျော်များကို တဆင့်ချင်းဖယ် ရှားသွားမည်ဖြစ်ကြောင်းလည်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ သိရသည်။ ကျူးကျော်နေထိုင်သူများမှ ငွေကြေးအဆင်မပြေသူများအတွက် နစ်နာမှုမရှိရအောင် မြေနေရာအစားထိုးပေးရန် စီစဉ်ထားသည်ဟုလည်း ဦးကြည်ခင်က ပြောသည်။

ယခုကဲ့သို့ ကျူးကျော်များကို တစ်နှစ်အတွင်းဖယ်ရှားမည်ဟုသောပြောဆိုချက်နှင့်ပတ်သက်ပြီး မြောက်ဦးမြို့နယ် လွှတ်တော် အမတ်ဟောင်း ဦးထွန်းသာစိန်က လက်ရှိမြေပြင်တွင် တစုံတရာဆောင်ရွက်ခြင်းမရှိသေးကြောင်း ပြောသည်။ မြောက်ဦးတွင် အရေးယူဆောင်ရွက်မှုအားနည်းခဲ့ခြင်း၊ တရားဥပဒေစိုးမိုးမှုအားနည်းခဲ့ခြင်းတို့ကြောင့် ကျူးကျော်များမှာ တစ်နှစ်ထက်တစ်နှစ် ပိုများလာခဲ့ခြင်းဖြစ်ကြောင်းနှင့် ကျူးကျော်ကိစ္စအား ထိရောက်စွာကိုင်တွယ်မှုမရှိပါက ရှေးဟောင်းနယ်မြေများ ပျောက်ကွယ် သွားနိုင်သည်ဟုလည်း ဦးထွန်းသာစိန်ကဆက်ပြောသည်။ https://www.dmgburmese.com/
*******************
၃၁။ ရက္ခိုင့်တပ်တော်(AA)နေ့ကို အဖွဲ့အစည်းအသီးသီးမှ သဝဏ်လွှာပေးပို့
Apr 10, 2022

ယနေ့ကျရောက်သည့် (၁၃)နှစ်မြောက် ရက္ခိုင့်တပ်တော်(AA)နေ့အခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)အပါ အဝင် လက်နက်ကိုင်တပ်ဖွဲ့များနှင့် အဖွဲ့အစည်းအသီးသီးတို့မှ ဂုဏ်ပြုသဝဏ်လွှာများ ပေးပို့ကြသည်။ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေး၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရရှိရေးနှင့် စစ်အာဏာရှင်စနစ် ဖြုတ်ချနိုင်ရေးအတွက် ရခိုင်ပြည်သူလူ ထုကိုဦးဆောင်ပြီး တော်လှန်ရေးတိုက်ပွဲများဆင်နွဲနိုင်ရန်အတွက် ထူထောင်ခဲ့သည့် ရက္ခိုင့်တပ်တော်(AA)၏ (၁၃)နှစ်ပြည့်အ ခမ်းအနားသို့ ဂုဏ်ပြုအသိအမှတ်ပြုသည်ဟု NUG ၏ သဝဏ်လွှာတွင် ဖော်ပြထားသည်။

NUG အနေဖြင့် အာဏာရှင်များ ခေတ်အဆက်ဆက်ကျင့်သုံးခဲ့သည့် လူမျိုးကြီးဝါဒနှင့် တပြည်ထောင် အုပ်ချုပ်ရေးစနစ်ကို အပြီး တိုင်ဖျက်သိမ်းပြီး တိုင်းရင်းသားလူမျိုးအားလုံး၏ တန်းတူညီမျှရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ကိုယ့်ကြမ္မာကိုယ်ဖန်တီးပိုင်ခွင့်ကို အာမခံသည့် နိုင်ငံရေးစနစ်သစ်ဖန်တီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းလည်း ဆက်လက်ရေးသားထားသည်။ NUG သည် အာဏာရှင်စနစ်အပြီးတိုင်ဖျက်သိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖော်ဆောင်ရေး လုပ်ငန်းစဉ်များကို ကြိုးပမ်း ဆောင်ရွက်ရန်အတွက် AA နှင့် အလွတ်သဘောတွေ့ဆုံလိုကြောင်း မတ်လ ၂၄ ရက်နေ့က ကမ်းလှမ်းထားသည်။

(၁၃)နှစ်ပြည့် ရက္ခိုင့်တပ်တော်နေ့ကို ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် ကိုးကန့်(MNDAA)၊ တအာင်း(TNLA)နှင့် ပြည်သူ့ လွတ်လပ်ရေးတပ်တော်(PLA)၊ လူထုတော်လှန်ရေးမဟာမိတ်(Magway)၊ ကျောင်းသားလက်ရုံးတပ်တော်(ကလတ) စသည့်အ ဖွဲ့အစည်းများက သဝဏ်လွှာပေးပို့ထားကြသည်။ ကိုးကန့်(MNDAA)၊ တအာင်း(TNLA)ပေးပို့သည့် သဝဏ်လွှာတွင် မိမိတို့ညီ နောင်မဟာမိတ်အဖွဲ့အနေဖြင့် မိမိတို့အကြား အားကောင်းစွာရရှိထားပြီးဖြစ်သည့် နိုင်ငံရေး၊ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှု တို့ကို အန္တိမပန်းတိုင်မရောက်မချင်း လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရေးသားထားသည်။
https://www.dmgburmese.com/
*******************
၃၂။ မိုးညှင်းမြို့ နှင့် မော်ဟန် ကြား ရက်ပိုင်းအတွင်း စစ်တပ်ဂိတ် ၄ ခု တိုးလာ
11th April 2022

ကချင်ပြည်နယ် မိုးညှင်းမြို့နှင့် မော်ဟန်ကျေးရွာကြား ကားလမ်းပိုင်း၌ ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်၏ စစ်ဆေးရေး ဂိတ်အသစ် ၄ ခု ထပ်တိုးလာပြီး ခရီးသွားပြည်သူများကို စစ်ဆေးမှု ပိုများလာကြောင်း သိရသည်။ အဆိုပါ စစ်ရေးဂိတ် ၄ ခုကို ယခုလ ဧပြီလ ၅ ရက်နေ့ နောက်ပိုင်းတွင် တည်ဆောက်လာခြင်းဖြစ်သည်ဟု မော်ဟန်ကျေးရွာနေအမျိုးသားတစ်ဦး က KNG သတင်းဌာနသို့ ပြောသည်။

အဆိုပါ စစ်ဆေးရေးဂိတ်များကို မိုးညှင်း မော်ဟန်ကျေးရွာကြားရှိ စစ်တပ်စခန်းနှင့် နီးသည့်နေရာများတွင် အခြေချထားပြီး စစ်ကောင်စီစစ်သားများ နေရာယူကာ ဖြတ်သန်းသွားလာသော ပြည်သူများကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေခြင်း ဖြစ်သည်။

ကချင်ပြည်နယ်တွင် စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်၏ စစ်ဆေးရေးဂိတ်များ မကြာခဏ တိုက်ခိုက်ခံရပြီး လွန်ခဲ့ သည့် လတွင်လည်း နန့်စီးအောင်စစ်ဆေးရေးဂိတ်နှင့် မြစ်ကြီးနားမြို့ အထွက် ၂၁ မိုင် ဂိတ်တို့ တိုက်ခိုက်ခံရကာ စစ်ကောင်စီ တပ်သားများ သေဆုံးမှုရှိခဲ့သည်။ သို့သော်လည်း စစ်ကောင်စီတပ်များနှင့် ၎င်းလက်အောက်ခံ ပြည်သူ့စစ်များသည် ပြည်နယ် အတွင်း နေရာအချို့တွင် စစ်အင်အားတိုးချဲ့ကာ စစ်ဆေးရေးဂိတ်များဖြင့် တင်းကြပ်လာကြောင်း နေရာအသီးသီးမှ စုံစမ်းသိရှိရ ပါသည်။ https://burmese.kachinnews.com/2022/04/11/apr11-ab1-2/
******************
၃၃။ ကွတ်ခိုင်၊ ဟူနောင် အနီးမှာ စစ်ကောင်စီနဲ့ KIA တို့ တိုက်ပွဲ ဖြစ်ပွား
11th April 2022

ကွတ်ခိုင်မြို့နယ် ဟူနောင်ရွာအနီးမှာ ဧပြီလ ၁၀ ရက်ညနေပိုင်း ၆ နာရီခွဲ ဝန်းကျင်ခန့်ကစ စစ်ကောင်စီနဲ့ KIA တို့ ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ ကွတ်ခိုင်ကနေ ၉ မိုင်လောက်အကွာမှာ ရှိတဲ့ ဟူနောင်မှာ စစ်ကောင်စီနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ တိုက်ပွဲ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ကွတ်ခိုင် မူဆယ် ပြည်ထောင်စုလမ်းမပေါ်မှာလည်း ဧပြီလ ၁၀ ရက်နေ့ မွန်းလွဲ ၂ နာရီ ဝန်းကျင်ကတည်းက စစ်ကောင်စီတပ် အင်အား ၆၀ ဝန်းကျင်ခန့် ခြေလျင် လှုပ်ရှားသွားလာနေကြတယ်လို့ ခရီးသွား ပြည်သူတွေဆီက သိရပါတယ်။

ကွတ်ခိုင်မြို့နယ်မှာ စစ်ကောင်စီ နဲ့အတူ ပြည်သူ့စစ်တပ်များ၊ တိုင်းရင်းသားတော်လှန်ရေးတပ်များ လှုပ်ရှားသွားလာပြီး ပုံမှန် ထိတွေ့ တိုက်ပွဲ ဖြစ်ပွားနေတာဖြစ်ပါတယ်။ https://burmese.kachinnews.com/2022/04/11/apr11-cj1/
**************
၃၄။ NLD ကချင်ဝန်ကြီးချုပ်အပါ ဝန်ကြီးများကို စွဲဆိုသော အဂတိအမှု အမိန့်ချမည့်ရက် ရွှေ့ဆိုင်း
9th April 2022

ဖမ်းဆီးခံ NLD အစိုးရ၏ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာခက်အောင်အပါအဝင် ပြည်နယ် ဝန်ကြီး‌ ၇ ဦး ကို စွဲဆိုထားသည့် ပုဒ်မ ၅၅ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မအတွက် အမိန့်ချမည့်ရက်ကို ထပ်မံရွှေ့ဆိုင်းလိုက်ကြောင်း NLD ပါတီ ပြည်နယ်အလုပ်အမူဆောင်ထံမှ သိရသည်။ ဝန်ကြီးချုပ်အပါ ဝန်ကြီးများကို ဧပြီလ ၈ရက်နေ့ အမိန့်ချမှတ်မည်ဟု စစ်ကောင်စီ ဘက်မှ ချိန်းဆိုခဲ့သော်လည်း ဧပြီလ ၂၂ ရက်နေ့သို့ ထပ်မံပြောင်းရွှေ့လိုက်ကြောင်း သိရသည်။

ဒေါက်တာခက်အောင်နှင့်အတူ ပြည်နယ်ဝန်ကြီးများကို ၂၀၂၁ ခုနှစ် စစ်တပ် အာဏာစသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက် နေ့ နံနက်ပိုင်းတွင် ဖမ်းဆီးထားပြီး ယနေ့အထိ အဂတိတိုက်ဖျက်ရေးပုဒ်မ ၅၅ အပါအဝင် ပုဒ်မအမျိုးမျိုးဖြင့် စစ်ကောင်စီမှ တရားစွဲ ဆိုထားသည်။ အဂတိတိုက်ဖျက်ရေးပုဒ်မ ၅၅ ဖြင့် စွပ်စွဲခံထားရခြင်းမှာ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်နှင့် ပြည်နယ်ဝန်ကြီးများသည် တာဝန်ထမ်းဆောင်နေစဉ်အတွင်း နိုင်ငံတော်ရန်ပုံငွေများအား အလွှဲသုံးစားလုပ်၍ အသုံးပြုခြင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရုံးများတည်ဆောက်ရန် စီးပွားရေးလုပ်ငန်းရှင်များထံ ငွေကြေးတောင်းခံမှုများ ပြုလုပ်ခြင်းတို့ ကြောင့်ဖြစ်ကြောင်း စစ်ကောင်စီ၏ အဂတိတိုက်ဖျက်ရေးကော်မရှင်မှ ပြီးခဲ့သည့် ဩဂုတ်လ ၂၃ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန် ခဲ့သည်။

ဝန်ကြီးချုပ် ဒေါက်တာခက်အောင် သည်လည်း ရာထူးတာဝန်ထမ်းဆောင်စဉ် တရားမဝင်သိမ်းဆည်းရမိသည့် သလင်းကျောက် များအား ကာလပေါက်ဈေးအတိုင်း ရောင်းချခြင်းမပြုဘဲ ဈေးလျှော့ရောင်းချမှု၊ ရောင်းချသည့်ငွေများထဲမှ ၂၀ရာခိုင်နူန်းအား ပြည်ထောင်စုဘဏ္ဍရန်ပုံငွေထဲသို့ ပေးသွင်းခြင်းမရှိသည့်အမူ၊ ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ဧည့်ဂေဟာရုံး တည်ဆောက်ရန် ၁၄၉ ၂.၄ အသုံးပြုခြင်းအမူ၊ မြစ်ကြီးနားမြို့ပေါ် လမ်းလုပ်ချိန်တွင် လုပ်ထုံးလုပ်နည်းအတိုင်း တင်ဒါခေါ်ယူခြင်းမရှိဘဲ ပုဂ္ဂလိက ကုမ္ပဏီတစ်ခုကိုသာ လုပ်ပိုင်ခွင့်ပေးခြင်းတို့ ပါဝင်သည်။ https://burmese.kachinnews.com/2022/04/09/apr9-cj1-4/
******************
၃၅။ KIO ၏ စစ်တပ်ထုတ်ကုန် တားမြစ်ချက် ထိရောက်ကြောင်း ဒေသခံအချို့ပြောဆို
9th April 2022

ဖားကန့်မြို့နယ်တွင် စစ်တပ်၏ ကျောထောက်နောက်ခံ အကျိုးတူ စစ်တပ်ထုတ်ကုန်များကို ရောင်းဝယ်ဖောက်ကားမှု မပြုလုပ် ရန် ဖေဖော်ဝါရီလကုန်ပိုင်းအတွင်း ကချင်လွတ်လပ်ရေးအဖွဲ့ KIO သတိပေးတားမြစ်တားမြစ်ချက်သည် ထိရောက်မှုရှိကြောင်း ဖားကန့်ဒေသခံများ ပြောဆိုချက်မှ သိရသည်။ KIO ၏ တားမြစ်ချက် ထုတ်ပြန်သတိပေးလိုက်သည့်နောက်ပိုင်း ဖားကန့်ဒေသ တွင် ရောင်းဝယ်ဖောက်ကား မှုများ လျော့နည်းသွားသည်ကို မြင်တွေ့ရသည့် ဖားကန့်မြို့ပေါ် ဒေသခံတစ်ဦးက KNG သတင်း ဌာနကို ပြောဆိုထားသည်။

၂၀၂၂ ခုနှစ် မတ်လ ၂၂ ရက်နေ့ နောက်ဆုံးထား၍ ဖားကန့်တွင် Myanmar Beer ၊ Dagon Beer ၊ Andaman Beer ၊ Rum ၊ Mandalay Beer ၊ Black Shied နှင့် ဆောက်လုပ်ရေးသုံး ဆင်မင်းဘိလပ်မြေများကို သုံးစွဲခြင်းမပြုရန် ထုတ်ပြန်ကြေ ညာခဲ့ခြင်းဖြစ်သည်။ KIO ဘက်က စျေးကွက်အတွင်း လိုက်လံအရေးယူမှုများ ပြုလုပ်ခြင်းမရှိသေးသော်လည်း ဖားကန့်ဒေသခံ ပြည်သူများအနေဖြင့် KIO ၏ လုပ်ရပ်အပေါ် ထောက်ခံမှုများလည်းရှိနေကြောင်း သူကဆက်ဆိုသည်။

သို့သော် မြို့ပေါ်တစ်ချို့နှင့် ကျေးရွာတစ်ချို့မှာ ရောင်းဝယ်ဖောက်ကားမှုများ ရှိနေသေးသည့်အတွက် တာဝန်ရှိသည့် KIO အနေ ဖြင့် လိုက်လံ အရေးယူမှုများ ပြုလုပ်ပေးစေလိုသည်ဟု ဒေသခံတချို့ KNG သတင်းဌာနကို ပြောဆိုမှုများရှိပါသည်။ စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာတစ်နိုင်ငံလုံး စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်သည့်အနေဖြင့် ဖားကန့်ဒေသသာမက ကချင်ပြည်နယ်အတွင်းရှိ မြို့နယ်တစ်ချို့မှာလည်း စစ်တပ်နှင့် သက်ဆိုင်သော ထုတ်ကုန်များကို ရောင်းဝယ်ဖောက်ကားမှု များမပြုလုပ်ရန် KIO ကတရားဝင် လိုက်လံအရေးယူသည့် လုပ်ဆောင်ချက်များလည်း ရှိနေသည်။

KIO ၏ စစ်တပ်ထုတ်ကုန် တားမြစ်ချက် ထိရောက်ကြောင်း ဒေသခံအချို့ပြောဆို

၃၆။ မဂျီဂုန် (Maji Gung) ဘက်သို့ စစ်အင်အားပို့ဆောင်သော စစ်ကောင်စီတပ်ကို KIA တိုက်ခိုက်
9th April 2022

ဗန်းမော်ခရိုင် မံစီမြို့နယ် (Man Je) မှ မဂျီဂုန် (Maji Gung) တောင် စစ်တပ်စခန်းသို့ စစ်အင်အားပို့ဆောင်နေသော စစ်ကောင်စီ တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား ယခုလဆန်းပိုင်းကစတင်ပြီး တိုက်ပွဲ ၄ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ ကြောင်း သိရသည်။ ယခုအပတ် ဧပြီလ ၇ ရက်နေ့ နံနက်ပိုင်း ၈ နာရီ ဝန်းကျင်ခန့်တွင် ဗန်းမော်(Man Maw) ဘက်မှ မဂျီဂုန် (Maji Gung) ဘက်သို့ စစ်ရိက္ခာသယ်ဆောင်လာသော စစ်ကား ၂ စီးကို KIA က မိုင်းခေါင် နှင့် လိုင်ကာဇွပ်ဂျာ ကျေးရွာ ၂ ခု ကြားတွင် ကြားဖြတ် မိုင်းခွဲတိုက်ခိုက်ခဲ့သည်ဟု မိုင်းခေါင် (Mung Hkawng) ဒေသခံတစ်ဦးက KNG သတင်းဌာနကို အတည်ပြုပြောဆိုထားသည်။

ထို့နောက် ဧပြီ ၆ ရက်နေ့ နံနက် ၁၁ နာရီအချိန်ဝန်းကျင်ခန့်တွင်လည်း လိုင်ကာဇွပ်ဂျာကျေးရွာအနီးမှာပင် စစ်ကောင်စီ တပ်မ ၈၈၊ စကခ ၁၅ နှင့် ခလရ ၁၂၁ ပူးပေါင်းတပ် စစ်အင်အား ၂၀၀ ခန့်သည် မိုင်းခေါင် မှ ကား ၄ စီးဖြင့် တက်လာစဉ် KIA မှ ကြားဖြတ်ပစ်ခတ်တိုက်ခိုက်မှုများ ရှိခဲ့ကြောင်း သိရသည်။ အဆိုပါ တိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှု ရှိခဲ့ကြောင်း ဒေသခံများ ပြောဆိုသော်လည်း မြေပြင်အခြေအနေကို အတည်ပြုနိုင်ခြင်း မရှိသေးပါ။

မိုင်းခေါင်အနီး တိုက်ပွဲဖြစ်ပွားမှုတွင် မိုင်းခေါင် စစ်ရှောင်စခန်းအနီးတွင်ရှိသော စစ်တပ်မှ တိုက်ပွဲဖြစ်ပွားသည့်ဘက်သို့ လက်နက် ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သောကြောင့် စိုးရိမ်မှုများရှိခဲ့ကြောင်း မိုင်းခေါင်စစ်ရှောင်တစ်ဦးက ပြောဆိုထားသည်။ မံစီ (Man Je) မြို့နယ် မဂျီဂုန်(Maji Gung) စစ်တပ်ဗျူဟာကုန်းသို့ ထောက်ပို့သွားလာနေသော စစ်ကောင်စီတပ်များကို မိုင်းခေါင်း နှင့် မဂျီဂုန်ကြားတွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၂၇ မှ ကြားဖြတ်တိုက်ခိုက်မှုများရှိနေကြောင်း KIO သတင်းပြန် ကြားရေးစာမျက်နှာတွင်လည်း ဖော်ပြထားသည်ကို တွေ့ရပါသည်။

မဂျီဂုန် (Maji Gung) ဘက်သို့ စစ်အင်အားပို့ဆောင်သော စစ်ကောင်စီတပ်ကို KIA တိုက်ခိုက်


******************
၃၇။ စစ်ကောင်စီအောက် တက္ကသိုလ်ဝင်တန်း ရလဒ်ကို ကချင်ဒေသအဆင့်မြင့် ပညာရေးအဖွဲ့များ လက်မခံ
9th April 2022

အာဏာသိမ်း စစ်ကောင်စီအောက် တက္ကသိုလ်ဝင်တန်း စာမေးပွဲရလဒ်ဖြင့် ကချင်ဒေသတွင်း အဆင့်မြင့်ပညာအဖွဲ့အစည်းများ တွင် တက်ရောက်ခွင့် လုံးဝ လက်မခံကြောင်း စစ်ကောင်စီကို ဆန့်ကျင်သော ကချင်ဒေသ တက္ကသိုလ်နှင့် ကောလိပ်ကျောင်း စုပေါင်းထုတ်ပြန်ထားကြောင်း သိရသည်။ လက်ရှိ စစ်ကောင်စီအောက် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုနေမှုနှင့် ပတ်သက် ပြီး ဧပြီ ၅ ရက်နေ့ ကချင်ဒေသမှ NUG အစိုးရအောက် တက္ကသိုလ်နှင့် ကောလိပ်ကျောင်းအားလုံး စုပေါင်းပြီး ယခုလို ထုတ်ပြန်ခဲ့ ခြင်း ဖြစ်သည်။

လက်ရှိနိုင်ငံရေးအခြေအနေကြား ပြည်သူများအနေဖြင့် မည်သည့်အကြောင်းကြောင့်ဖြစ်စေ အာဏာသိမ်းစစ်တပ်အောက် တက္ကသိုလ်ဝင်တန်းဖြေဆိုလာသူများကို ကချင်ဒေသတက္ကသိုလ်ကျောင်းမှ အသိအမှတ်ပြုမည်မဟုတ်ကြောင်းနှင့် လုံး၀ လက်ခံမည်မဟုတ်ကြောင်း ပြောဆိုသည်။ ကချင်ပြည်နယ်တွင် စစ်ကောင်စီမှ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ပြီးခဲ့သည့် အပတ်ကစတင်ပြီး ပြုလုပ်ခဲ့ရာ ကချင်ပြည်နယ်တွင် တက္ကသိုလ်ဝင်တန်းဝင်ရောက်ဖြေဆိုသူ လူဦးရေ ၁ သောင်းကျော်ရှိခဲ့ ကြောင်း လက်ရှိ စစ်ကောင်စီအောက် ပညာရေးဌာနမှ သိရသည်။

ထိုပမာဏမှာ လွန်ခဲ့သည့် ၂၀၁၉ ခုနှစ် ကချင်ပြည်နယ်အတွင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုသူ ကျောင်းသား ၃ သောင်း ပမာဏ၏ ၄ ပုံ ၁ ပုံရှိကြောင်း သိရသည်။ ထုတ်ပြန်ချက်တွင်ပါဝင်သော တက္ကသိုလ်ကျောင်းများမှာ မြစ်ကြီးနား တက္ကသိုလ် ကောင်စီ၊ မြစ်ကြီးနား နည်းပညာတက္ကသိုလ်၊ ကြားကာလ မြစ်ကြီးနား ကွန်ပျူတာတက္ကသိုလ်ကောင်စီ၊ မြစ်ကြီးနား ပညာရေး ဒီဂရီကောလိပ်၊ ကချင်ပြည်နယ် သူနာပြုနှင့် သားဖွားသင်တန်းကျောင်း၊ မြစ်ကြီးနား စိုက်ပျိုးရေးသိပ္ပံသင်တန်းကျောင်း၊ ဗန်းမော်တက္ကသိုလ်ကောင်စီ၊ ကြားကာလ ဗန်းမော်နည်းပညာတက္ကသိုလ်၊ ဗန်းမော်ကွန်ပျူတာတက္ကသိုလ် နှင့် မိုးညှင်းတက္က သိုလ်ကောင်စီ တို့ဖြစ်သည်။ https://burmese.kachinnews.com/2022/04/09/apr8-cj1/
******************
၃၈။ ရွာငံ ပစ်ခတ်မှု စစ်သား ၄ ဦး သေဆုံး၊ စစ်ကောင်စီ ပြည်သူများကိုလိုက်လံဖမ်းနေ
April 11, 2022

သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် လွှစင်ကျေးရွာတွင် စစ်ကောင်စီ နှင့် ရွာငံ PDF တို့ တိုက်ခိုက်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ တပ်သား (၄)ဦး သေဆုံးကာ ဒေသခံလူငယ်များကို လိုက်လံဖမ်းဆီးနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဧပြီလ ၉ ရက်နေ့ ညနေပိုင်း ၄ နာရီဝန်းကျင် ရွာငံမြို့နယ် လွှစင်ကျေးရွာအနီးတွင် ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားရာ စစ်သား ၄ ဦး ကျဆုံးခဲ့ရပြီး ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များအနေဖြင့် အထိခိုက်မရှိ ပြန်လည်ဆုတ်နိုင်ခဲ့ကြောင်း သိရသည်။

ထိုပစ်ခတ်မှုများဖြစ်ပွားပြီး ခဏအကြာတွင် ရွာငံမြို့နယ်မှ မြင်းကျဒိုး ကျေးရွာအနီးတွင်လည်း ပစ်ခတ်သံ ၁၅ ချက်ထက်မနည်း ကြားရကြောင်းလည်း ဒေသခံများက ပြောသည်။ ပစ်ခတ်မှုများဖြစ်ပွားပြီးနောက် တဲ့လုကျေးရွာသို့ စစ်ကောင်စီ ကား ၃ စီးနှင့် အင်အား ၆၀ ဝန်းကျင်ခန့် ရောက်ရှိလာပြီး လွှစင်ကျေးရွာ၊ မြင်းကျဒိုးကျေးရွာနှင့် အနီးပတ်ဝန်းကျင်မှ ကျေးရွာများသို့ အင်အားဖြန့်ကျက်ကာ ဒေသခံလူငယ်များကို ဖမ်းဆီးမှုများရှိနေကြောင်း သတင်းသိရသည်။

ဧပြီလ ၉ နှင့် ၁၀ ရက်နေ့ အတွင်း စစ်ကောင်စီတပ်သားတို့၏ ဖမ်းဆီးမှုကို ခံရသူများတွင် နို့စို့အရွယ် ကလေးငယ် အပါအဝင် နွားဘန်းကြီးကျေးရွာမှ ၈ ဦး၊ လယ်ကိုင်းကျေးရွာမှ ၂ ဦးနှင့် လွှစင်ကျေးရွာမှ လူငယ် ၂ ဦးတို့ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် ရွာငံမြို့နယ်အတွင်းရှိ ကျေးရွာနှင့် နေရာတော်တော်များများတွင် စစ်ကောင်စီတပ်သားတို့မှဖြန့်ကျက် နေရာယူထားပြီး ပြည်သူများနှင့် လူငယ်လူရွယ်များကို သံသယမှုဖြင့်ဖမ်းဆီးမှုများ၊ နေအိမ်များကိုဖောက်ထွင်း ဝင်ရောက်ခြင်း၊ ချိတ်ပိတ်ခြင်းများ နေ့စဥ်ရက်ဆက်ရှိနေကြောင်းလည်း သိရသည်။ https://burmese.shannews.org/archives/27722
******************
၃၉။ တောင်ကြီးမြို့ ဝင်/ထွက် ဂိတ်များ စစ်ဆေး တင်းကြပ်နေ
April 11, 2022

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ အဝင်အထွက်တွင် ယခုရက်ပိုင်း စစ်ကောင်စီလက်အောက်ခံ တပ်သားများသည် ခရီးသွား ပြည်သူများ၏ ကားများ၊ ဆိုင်ကယ်များကို စစ်ဆေးမေးမြန်းမှု ပိုမိုတင်းကြပ်လာကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ‌ တောင်ကြီး မြို့ဝင် မြို့ထွက်များဖြစ်သည့် တောင်ကြီး (၄)မိုင် ဂိတ်တွင် စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း ခရီးသွား ကားများကို ပုံမှန်စစ်သော်လည်း သင်္ကြန် ကျင်းပရန် ရက်နီးလာသည့်အတွက် စစ်ဆေးမေးမြန်းမှု ပိုမို တင်းကြပ်လာကြောင်း ခရီးသွားတစ် ဦးက ပြောသည်။

ယခုလို စစ်ဆေးမေးမြန်းမှု တင်းကြပ်သောကြောင့် ခရီးသွားလာမှု ကြန့်ကြာမှုရှိကြောင်း ခရီးသွား ပြည်သူတစ်ဦးက ပြောသည်။ သင်္ကြန်ကာလအတွင်း ပြည်သူများ စစ်ကောင်စီမှ ကျင်းပပြုလုပ်မည့် သင်္ကြန် မပါဝင်ရန်အတွက် NUG အစိုးရမှလည်း တိုက် တွန်းထားမှုရှိကြောင်း သိရှိရသည်။

စစ်တပ်မှ နိုင်ငံတော် အာဏာသိမ်းပြီးနောက် မြို့ဝင်မြို့ထွက်များတွင် လူငယ်များကို အဓိကထားပြီး စစ်ဆေး မေးမြန်းမှုရှိခြင်း၊ စစ်ကောင်စီကို ဆန့်ကျင်ရေးသားထားသော အသုံးအနှုန်းများရှိလျှင် ဖမ်းဆီးမှုရှိခြင်း၊ မှတ်ပုံတင် စစ်ဆေးခြင်းများကို စစ်ကောင် စီလက်အောက်ခံ တပ်သားများက စစ်ဆေးကြကြောင်း သိရသည်။ https://burmese.shannews.org/archives/27712
***************
၄၀။ ဖယ်ခုံမြို့နယ်အတွင်း လဝက ရုံးပိတ် မှတ်ပုံတင်လုပ်ရန်ပြည်သူများခက်ခဲ
April 11, 2022

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့တွင် လဝက ရုံးများပိတ်ထားပြီး ပြည်သူများ မှတ်ပုံတင်လုပ်ရန် အခက်ခဲရှိနေကြောင်း စုံစမ်းသိ ရှိရသည်။ ဖယ်ခုံမြို့ ဌာနဆိုင်ရာရုံးများသည် စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ တိုက်ပွဲဖြစ်ပွားချိန်က စပြီး ပင်လောင်းမြို့သို့ ပြောင်းရွှေ့သွားကြောင်း သိရသည်။

ဖယ်ခုံမြို့နယ်အတွင်း တိုက်ပွဲမကြာခဏ ဖြစ်ပွားနေသည့်အတွက် ဌာနဆိုင်ရာ ရုံးများ လုံခြုံရေးအရကြောင့် ပင်လောင်းမြို့ ဘက်သို့ ထွက်ပြေးသွားကြောင်း သိရသည်။ ထို့အပြင် လဝကရုံးပါ ပြောင်းသွားသောကြောင့် ပြည်သူများအနေဖြင့် မှတ်ပုံတင် လုပ်လိုပါက ပင်လောင်းမြို့သို့ ဆင်းသွားရကြောင်း သိရသည်။

လက်ရှိတွင် စစ်ကောင်စီကလည်း ခရီးသွားပြည်သူများကို မှတ်ပုံတင်စစ်ဆေးနေပြီး မရှိပါက ငွေကြေးတောင်းခံမှု များလည်းရှိ နေကြောင်း သိရသည်။ ဖယ်ခုံမြို့နယ်သည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ အများအပြားရှိပြီး သွားလာလှုပ်ရှားနေသည့် ဒေသတစ်ခု ဖြစ်သည်။ https://burmese.shannews.org/archives/27706
****************
မှတ်ချက်။ သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။

** ပြီး **