• Today is: Thursday, March 28, 2024

အပတ်စဉ်စုဆောင်း တိုင်းရင်းသားသတင်းလွှာ စုစည်းတင်ပြခြင်း

Zawgyi

အပတ္စဥ္ တိုင္းရင္းသတင္းမ်ားစုစည္းတင္ျပျခင္း
(No.30 ,April 22 , 2022)
၁။ ပလန ရဲစခန္းတိုက္ခိုက္မႈ စစ္ေကာင္စီဘက္က ထိခိုက္မႈရွိ၊ လူေနအိမ္တစ္ခ်ိဳ႕ထိမွန္
၂။ ရွင္ေဗြယန္ၿမိဳ႕တြင္ ဖုန္းလိုင္းမ်ားျပတ္ေတာက္ေန
၃။ ျမစ္ႀကီးနားၿမိဳ႕တြင္ ဆီကို ကန႔္သတ္ေရာင္းခ်မႈ ရွိေနဆဲ
၄။ ဒီပဲယင္း လူေနအိမ္ ၈၀ ေက်ာ္ မီးရႈိ႕ခံရၿပီး ျပည္သူ ၃ ဦး သတ္ျဖတ္ခံရ
၅။ ေမာ္ဟန္တြင္ ေလျပင္းတိုက္ခတ္ခံရၿပီးေနာက္ အခ်ိန္ပိုင္းျဖင့္သာ မီး ရရွိ
၆။ KIO တကၠသိုလ္ ဝင္တန္း စာေမးပြဲ စတင္
၇။ ရွေဒါင္ မိဘမဲ့ေဂဟာတြင္ ကူညီေထာက္ပံ့မႈမ်ား လိုအပ္ေန
၈။ ဝိုင္းေမာ္ ေဂြ႐ြတ္ယန္သို႔ လည္ပတ္သူမ်ား အမႈိက္စနစ္တက်စြန႔္ပစ္ရန္ ေဒသခံမ်ားေတာင္းဆို
၉။ စစ္ေကာင္စီ အေျခခံပညာေရးေက်ာင္းမ်ား ဇြန္လမွာ ထပ္ဖြင့္ရန္ ျပင္ဆင္ေန
၁၀။ နယ္ေျမရွင္းလင္းေရး လုပ္ေနစဥ္ ရဲေဘာ္တစ္ဦး မိုင္းနင္းမိၿပီး ေျခႏွစ္ဖက္ဆုံးရႈံးခဲ့
၁၁။ အာဏာသိမ္းၿပီးေနာက္ အမ်ိဳးသမီးေတြအေပၚ အၾကမ္းဖက္ခံရမႈေတြပိုမ်ားလာ
၁၂။ စစ္ေကာင္စီတပ္စြဲေနထိုင္ခဲ့တဲ့ ဧရိယာအတြင္း ေထာင္ထားတဲ့ မိုင္းကို KNDF ရွင္းလင္း
၁၃။ မိုးၿဗဲၿမိဳ႕မွာ တပ္စြဲထားတဲ့ စစ္ေကာင္စီတပ္နဲ႔ ကရင္နီေဒသခံကာကြယ္ေရးပူးေပါင္းတပ္ဖြဲ႕ေတြက တိုက္ပြဲျဖစ္၊ အရပ္ သားထိခိုက္မႈရွိ
၁၄။ စစ္ေကာင္စီရဲ႕ လက္နက္ႀကီးပစ္ခတ္မႈေၾကာင့္ လမ္းသြားလမ္းလာ ျပည္သူတစ္ဦး ထိခိုက္၊ ေနအိမ္ တခ်ိဳ႕လည္းထိမွန္
၁၅။ ဒီးေမာ့ဆိုအေနာက္ဘက္ျခမ္းကို လက္နက္ႀကီးပစ္ခတ္၊ ဗုဒၶဘုန္းႀကီးေက်ာင္းတစ္ေက်ာင္း လက္နက္ႀကီးစ ထိမွန္
၁၆။ ဖလူး႐ြာတြင္ ထိေတြ႕ တိုက္ပြဲ ျဖစ္ပြားၿပီးေနာက္ ညဘက္ လက္နက္ႀကီး အဆက္မျပတ္ပစ္ခတ္
၁၇။ ေဒါန အေရွ႕ျခမ္း စစ္ေဘးေရွာင္မ်ားအတြက္ ႏိုင္ငံတကာအဖြဲ႕အစည္းမ်ား၏ ကူညီေစာင့္ေရွာက္မႈမ်ား လိုအပ္ေန
၁၈။ စစ္ေကာင္စီ၏ ႏိုင္ငံသားစိစစ္ေရးကတ္ျပားစီမံခ်က္ကို ခြင့္မျပဳေတာ့ဟု KNU အမွတ္ ၆ တပ္မဟာမႉး အသိေပး
၁၉။ ေလးေကႏွင့္ ဝင္းတာပန္စခန္းရွိ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ား ၃ရက္အတြင္း ထြက္ခြာရန္ KNDO ေျပာ
၂၀။ မိုင္းဆြဲတိုက္ခိုက္ခံရမႈ မ်ားလာၿပီးေနာက္ ေကာ့ကရိတ္ၿမိဳ႕တြင္ ပုဒ္မ ၁၄၄ ညမထြက္ရအမိန႔္ အခ်ိန္ထပ္တိုးတင္းၾကပ္
၂၁။ လက္နက္ႀကီးပစ္ခတ္ျခင္း၊ စႏိုက္ပါပစ္ခတ္ျခင္းမ်ားလုပ္ေဆာင္သည့္ စစ္ေကာင္စီတပ္အား KNLA တန္ျပန္တိုက္ခိုက္ ၍ ၅ ဦးထက္မနည္း ေသဆုံး
၂၂။ သံေတာင္တြင္ ကင္းလွည့္စစ္ေကာင္စီတပ္သား ၂ ဦး မိုင္းဆြဲတိုက္ခိုက္ခံရ၍ ေသဆုံး၊ လက္နက္ (၂)လက္ KNLA သိမ္းဆည္းရမိ
၂၃။ ဝါးဘိုးေတာလမ္းဆုံရဲဂိတ္ တိုက္ခိုက္ခံရၿပီး ရဲ(၆) ဦးေသဆုံး
၂၄။ မတူပီၿမိဳ႕နယ္ လည္မ်ိဳေခ်ာင္းဆုံတိုက္ပြဲတြင္ စစ္ေကာင္စီဗိုလ္ႀကီးအဆင့္အပါအဝင္ ၈ ဦးေသဆုံး
၂၅။ ေကာ့ကရိတ္ၿမိဳ႕နယ္ ညမထြက္ရအမိန႔္အား အခ်ိန္တိုးကန႔္သတ္
၂၆။ KNU တပ္မဟာ ၁ နယ္ေျမအတြင္းမွ တပ္မေတာ္စခန္းမ်ား ဆုတ္ခြာရန္ ထုတ္ျပန္
၂၇။ ေမာ္လၿမိဳင္ၿမိဳ႕နယ္အတြင္း စက္သုံးဆီမ်ားကို ခြဲတမ္းစနစ္ျဖင့္ မေရာင္းရေသး
၂၈။ မိုးရာသီမတိုင္ခင္ ရခိုင္စစ္ေဘးေရွာင္စခန္းမ်ားအျမန္ဆုံးျပဳျပင္ရန္ လိုအပ္ေနဟုဆို
၂၉။ ေျမာက္ဦးယူနက္စ္ကို ဝင္ႏိုင္ေရးအတြက္ ေရွးေဟာင္းနယ္ေျမအတြင္းရွိ ေစ်းဆိုင္မ်ား၊ ေနအိမ္မ်ား ဖယ္ရွားေပးရန္ ေရွး/သုကၫႊန္ၾကားထားေသာ္လည္း စစ္တပ္တပ္ရင္းမ်ားအား မေ႐ႊ႕ေျပာင္းခိုင္းျခင္း အေပၚ ေဒသခံမ်ားေဝဖန္
၃၀။ သက္အမ်ိဳးသားေန႔ ပထမဆုံးအႀကိမ္အျဖစ္ နယ္စပ္ၿမိဳ႕ ေမာင္ေတာတြင္ က်င္းပမည္
၃၁။ နမ့္စန္ၿမိဳ႕နယ္ ေက်ာက္မီးေသြးတြင္းအနီး တပ္ကင္းစခန္းသစ္ေဆာက္ရန္ ေဒသခံကိုအတင္းအဓမၼေခၚ
၃၂။ ႐ြာငံၿမိဳ႕နယ္ စစ္ေကာင္စီ မွ ျပည္သူေနအိမ္ (၂)လုံး မီးရႈိ႕ဖ်က္ဆီးခံရ
၃၃။ ေနာင္ခ်ိဳဗုံးေပါက္ကြဲမႈ ေသဆုံးသည့္လူငယ္ ၂ ဦး ေနအိမ္ ကို စကစ ၀င္ေရာက္စစ္ေဆးေန
၃၄။ ႐ြာငံ PDF စခန္းတစ္ခု စစ္ေကာင္စီတပ္ဖြဲ႕ဝင္ေရာက္စီးနင္း
******************
၁။ ပလန ရဲစခန္းတိုက္ခိုက္မႈ စစ္ေကာင္စီဘက္က ထိခိုက္မႈရွိ၊ လူေနအိမ္တစ္ခ်ိဳ႕ထိမွန္
22nd April 2022

ကခ်င္ျပည္နယ္၊ ျမစ္ႀကီးနားၿမိဳ႕၊ ပလနရပ္ကြက္ နယ္ေျမ ၃ ရွိ နယ္ေျမရဲစခန္းကို ေဒသျပည္သူ႔ကာကြယ္ေရးဖြဲ႕ PDF အဖြဲ႕မ်ားမွ သြားေရာက္တိုက္ခိုက္ခဲ့ရာ စစ္ေကာင္စီဘက္မွ အထိအခိုက္ရွိႏိုင္ၿပီး လူေနအိမ္အခ်ိဳ႕လည္းထိခိုက္ပ်က္စီးမႈမ်ားရွိခဲ့ေၾကာင္း သိရ သည္။

အဆိုပါသြားေရာက္ပစ္ခတ္မႈေၾကာင့္ ရဲစခန္းဘက္မွ ျပန္လည္ပစ္ခတ္ခဲ့ရာတြင္ အဆိုပါ ရဲစခန္းအနီးတြင္ရွိေသာ လူေနအိမ္တစ္ ခ်ိဳ႕၏ အိမ္ေခါင္မိုးမ်ား ထိခိုက္မႈရွိခဲ့ေၾကာင္း ပလနရပ္ကြက္ေနအမ်ိဳးသားတစ္ဦး ေျပာဆိုခ်က္မွသိရသည္။

ပလန နယ္ေျမရဲစခန္း တိုက္ခိုက္ခံရၿပီးေနာက္ ရဲစခန္းေရွ႕ သြားလာျဖတ္သန္းသည့္ အမ်ားျပည္သူမ်ားကို လမ္းမ်ားပိတ္ဆို႔ထား ကာ စစ္ေဆးေမးျမန္းမႈမ်ားျပဳလုပ္ခဲ့ၿပီး နံနက္ပိုင္းမွ ပုံမွန္သြားလာခြင့္ျပဳထားေၾကာင္း ဆက္သိရသည္။ ျမစ္ႀကီးနားၿမိဳ႕အတြင္းရွိ ရဲစခန္းမ်ားကို ယခင္က ဗုံးေဖာက္ခြဲမႈမ်ားသာျပဳလုပ္ခဲ့ၿပီး ၿမိဳ႕တြင္းရဲစခန္းအထိ သြားေရာက္ပစ္ခတ္မႈမွာ ယခုပထမအႀကိမ္ ျဖစ္သည္။ https://burmese.kachinnews.com/2022/04/22/apr22-az1/
********************
၂။ ရွင္ေဗြယန္ၿမိဳ႕တြင္ ဖုန္းလိုင္းမ်ားျပတ္ေတာက္ေန
22nd April 2022

ကခ်င္ျပည္နယ္၊ တႏိုင္းၿမိဳ႕နယ္ ရွင္ေဗြၿမိဳ႕တြင္ ယေန႔နံနက္ပိုင္းမွ ဖုန္းလိုင္းမ်ားျပတ္ေတာက္ေနေၾကာင္း ေဒသခံမ်ားထံမွသိရ သည္။ ရွင္ေဗြယန္ၿမိဳ႕တြင္ ျပည္တြင္းဖုန္းေအာ္ပေရတာမ်ားျဖစ္သည့္ MPT၊ Telenor၊ Mytel၊ Ooredoo မ်ားအားလုံးအသုံး ျပဳလ်က္ရွိေနၿပီး လက္ရွိတြင္ ဖုန္းလိုင္းမ်ားအားလုံး ျပတ္ေတာက္ေနေၾကာင္း ျမစ္ႀကီးနားၿမိဳ႕တြင္ေနေရာက္သည့္ ရွင္ေဗြယန္ ၿမိဳ႕ေနအမ်ိဳးသားတစ္ဦးက KNG ကိုေျပာသည္။

KNG သတင္းဌာနအေနျဖင့္လည္း ရွင္ေဗြယန္ၿမိဳ႕ရွိ သက္ဆိုင္ရာဌာနႏွင့္ ေဒသခံမ်ားထံသို႔ ဆက္သြယ္ေမးျမန္ရန္ ႀကိဳးစားခဲ့ ေသာ္လည္း ဆက္သြယ္၍မရျဖစ္ေနပါသည္။ ရွင္ေဗြယန္ၿမိဳ႕သည္ ကခ်င္ျပည္နယ္ႏွင့္စစ္ကိုင္းတိုင္းနယ္စပ္ နယ္နမိတ္ခ်င္းထိစပ္ သည့္ေနရာတြင္ရွိသည့္ၿမိဳ႕ျဖစ္ၿပီး မည္သည့္အေၾကာင္းေၾကာင့္ဖုန္းလိုင္းျပတ္ေတာက္ေနသည္ကို စုံစမ္းေနဆဲျဖစ္သည္။

ရွင္ေဗြယန္ၿမိဳ႕သည္ လီဒိုလမ္းမႀကီးေပၚတြင္ရွိသည့္ၿမိဳ႕ျဖစ္ၿပီး ဖုန္းလိုင္းမ်ားရသည္မွာ ၆ႏွစ္ခန႔္ရွိၿပီျဖစ္သည္။ အဆိုပါ တႏိုင္း-ရွင္ေဗြယန္ၿမိဳ႕ သြားသည့္ လမ္းမႀကီးေပၚတစ္ေလွ်ာက္တြင္ ကခ်င္လြတ္လပ္ေရးတပ္မေတာ္ KIA ႏွင့္ စစ္ေကာင္စီတပ္တို႔ၾကား မၾကာခဏ တိုက္ပြဲျဖစ္ပြားလ်က္ရွိေသာ ေဒသတစ္ခုလည္းျဖစ္ပါသည္။

ရှင်ဗွေယန်မြို့တွင် ဖုန်းလိုင်းများပြတ်တောက်နေ


*****************
၃။ ျမစ္ႀကီးနားၿမိဳ႕တြင္ ဆီကို ကန႔္သတ္ေရာင္းခ်မႈ ရွိေနဆဲ
21st April 2022

ကခ်င္ျပည္နယ္၊ ျမစ္ႀကီးနားၿမိဳ႕ရွိ ဆီပန္႔ဆိုင္မ်ားတြင္ ယေန႔ ဧၿပီလ ၂၁ ရက္ေန႔မွ စတင္ကာ စက္သုံးဆီမ်ား ပုံမွန္‌ေရာင္းခ်‌ေပးေန ၿပီျဖစ္ေသာ္လည္း ဆိုင္အခ်ိဳ႕မွာ ကန႔္သတ္ေရာင္းခ်ေနေသးေၾကာင္း သိရသည္။ အဆိုပါကန႔္သတ္ခ်က္မ်ားမွာ ဆိုင္ကယ္၊ ကားမ်ားတြင္ ဆီအျပည့္ဝယ္ယူခြင့္ရွိေသာ္လည္း ပုံးမ်ားျဖင့္ လာေရာက္ဝယ္ယူပါက ဝယ္ယူမည့္ ပမာဏာေပၚမူတည္ၿပီး ကန႔္သတ္ခ်က္ထားေသးေၾကာင္း သိရသည္။

ထို႔ျပင္ ေဒသခံမ်ား၏ ေျပာဆိုခ်က္အရ စက္သုံးဆီဆိုင္အခ်ိဳ႕မွ ဆီမ်ားအား ပုံမွန္ေရာင္းခ်ေပးေနၿပီျဖစ္ေသာ္လည္း ပိတ္ထား သည့္ ဆိုင္မ်ားလည္း မ်ားစြာရွိေနေသးေၾကာင္း သိရသည္။ ၿပီးခဲ့သည့္ ဧၿပီ၁၉ရက္ေန႔ႏွင့္ ၂၀ရက္ေန႔မ်ားတြင္ စက္သုံးဆီမ်ား ပ်က္လပ္ေတာ့မည္ဟူသည့္ သတင္းမ်ားေၾကာင့္ ကခ်င္ျပည္နယ္ရွိ ျမစ္ႀကီးနားၿမိဳ႕၊ ဖားကန႔္ၿမိဳ႕၊ ပူတာအိုၿမိဳ႕မ်ားတြင္ စက္သုံးဆီမ်ား အလုအယက္တန္းစီ ဝယ္ယူၾကကာ လူတစ္ဦးလွ်င္ အမ်ားဆုံးတစ္ေသာင္းဖိုးအထိ ေရာင္းခ်‌ေပးၾကၿပီး ဆီပန္႔ဆိုင္ အခ်ိဳ႕တြင္မူ ေရာင္းခ်မူ ရပ္နားခဲ့ရသည့္ အေျခေနထိ ရွိခဲ့သည္။

ယေန႔ ျမစ္ႀကီးနားၿမိဳ႕ရွိ စက္သုံးဆီေစ်းႏႈန္းသည္ ၉၂ တစ္ဂါလံကို ၁၀၂၀၀က်ပ္၊ ၉၅ တစ္ဂါလံကို ၁၁၀၀၀က်ပ္ ရွိၿပီး ယခင္က ထက္ ၂၅၀၀က်ပ္အထိ ေစ်းႏႈန္းျမႇင့္တက္လာေၾကာင္း ေတြ႕ရသည္။

မြစ်ကြီးနားမြို့တွင် ဆီကို ကန့်သတ်ရောင်းချမှု ရှိနေဆဲ


****************
၄။ ဒီပဲယင္း လူေနအိမ္ ၈၀ ေက်ာ္ မီးရႈိ႕ခံရၿပီး ျပည္သူ ၃ ဦး သတ္ျဖတ္ခံရ
21st April 2022

စစ္ကိုင္းတိုင္း ဒီပဲယင္းၿမိဳ႕နယ္ ေညာင္လွေက်း႐ြာႏွင့္ မဲအိုးေက်း႐ြာတြင္ လူေနအိမ္ ၈၁ လုံး မီးရႈိ႕ဖ်က္ဆီးခံရၿပီး ျပည္သူ ၃ ဦး သတ္ျဖတ္ခံလိုက္ရေၾကာင္း ဒီပဲယင္းျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕မွ သိရသည္။ အင္အား ၁၀၀ ေက်ာ္ရွိသည့္ စစ္ေကာင္စီ စစ္ေၾကာင္းသည္ ဧၿပီ ၁၈ ရက္ေန႔မွ စတင္ကာ ေညာင္လွ႐ြာႏွင့္ မဲအိုး ေက်း႐ြာဘက္သို႔ စစ္ေၾကာင္းထိုးဝင္ေရာက္လာၿပီး မဲအိုး႐ြာ မွ လူေနအိမ္ ၁၇ လုံးႏွင့္ ေညာင္လွ႐ြာမွ လူေနအိမ္ ၆၄လုံး မီးရႈိ႕ခဲ့သည့္အျပင္ အျပစ္မဲ့ ျပည္သူ ၄ ဦး ကိုလည္း သတ္ျဖတ္ခဲ့ ေၾကာင္း ဒီပဲယင္း PDF တပ္ဖြဲ႕ဝင္ တစ္ဦးက KNG သို႔ ေျပာသည္။

ေညာင္လွ ေက်း႐ြာမွ လူေနအိမ္ ၆၄ လုံးကို မီးရႈိ႕ဖ်က္ဆီးခဲ့သည့္ အျပင္ေက်း႐ြာတြင္းမွ အသက္ ၂၀ ေက်ာ္အ႐ြယ္ လူငယ္၁ ဦးကိုလည္း လက္ေနာက္ျပန္ႀကိဳးသုတ္၍ ပစ္သတ္ခဲ့ေၾကာင္း သိရသည္။ လတ္တေလာတြင္ ေညာင္လွေက်း႐ြာႏွင့္ မဲအိုးေက်း ႐ြာမွ မီးေဘးသင့္ျပည္သူ ၁၀၀၀ နီးပါးနဲ႔ ေဘးလြတ္ရာ ထြက္ေျပးတိန္းေရွာင္ေနသူ ၄၀၀၀ ခန႔္ရွိေၾကာင္း သိရသည္။

စစ္ကိုင္းတိုင္းတြင္ ေန႔စဥ္ဆိုသလို စစ္ေကာင္စီတပ္ႏွင့္ ေဒသကာကြယ္ေရးတပ္ဖြဲ႕မ်ားအၾကား တိုက္ပြဲ ျဖစ္ေနသည့္အျပင္ စစ္ေကာင္စီတပ္မွ ေက်း႐ြာေန ျပည္သူမ်ား၏ ေနအိမ္မ်ား မီးရႈိ႕ဖ်က္ဆီးခဲ့ရာ ၂၀၂၂ ခုႏွစ္ ေဖေဖာ္ဝါရီလမွ ဧၿပီလ ၁၃ရက္ေန႔ထိ စစ္ကိုင္းတိုင္းအတြင္း ေနအိမ္ေပါင္း ၅,၆၁၇ အိမ္ မီးရႈိ႕ခံရၿပီးျဖစ္ေၾကာင္း Data For Myanmar မွ ထုတ္ျပန္ထားသည္။ ယင္းကဲ့သို႔ မီးရႈိ႕ခံရသည့္အတြက္ စစ္ကိုင္းတိုင္း ေဒသႀကီးအတြင္း စစ္ေဘးေရွာင္၊ မီးေဘးေရွာင္ျပည္သူမ်ား တစ္ရက္ထက္ တစ္ရက္ပိုမိုတိုး လာလွ်က္ရွိေသာ္လည္း စစ္ေကာင္စီတပ္သည္ စစ္ကိုင္းတိုင္းေဒသအခ်ိဳ႕ရွိ ၿမိဳ႕နယ္အမ်ားစုတြင္ ဖုန္း၊ အင္တာနက္လိုင္းမ်ား ျဖတ္ေတာက္ထားသည့္အတြက္ အခ်က္အလက္ အေသး စိတ္ ရယူႏိုင္ရန္ ခက္ခဲေနဆဲ ျဖစ္သည္။

ဒီပဲယင်း လူနေအိမ် ၈၀ ကျော် မီးရှို့ခံရပြီး ပြည်သူ ၃ ဦး သတ်ဖြတ်ခံရ


********************
၅။ ေမာ္ဟန္တြင္ ေလျပင္းတိုက္ခတ္ခံရၿပီးေနာက္ အခ်ိန္ပိုင္းျဖင့္သာ မီး ရရွိ
21st April 2022

မိုးညႇင္းၿမိဳ႕နယ္၊ ေမာ္ဟန္ေက်း႐ြာတြင္ ေလျပင္းတိုက္ခတ္ခဲ့မႈေၾကာင့္ လွ်ပ္စစ္မီးျပတ္ေတာက္မႈျဖစ္ပြားခဲ့ၿပီးေနာက္ လက္ရွိတြင္ အခ်ိန္ပိုင္းျဖင့္သာ လွ်ပ္စစ္မီး ရရွိေနေၾကာင္း သိရသည္။ ေမာ္ဟန္ေက်း႐ြာတြင္ ဧၿပီလ ၁၆ ရက္ေန႔က ေလျပင္း တိုက္ခတ္မႈ ျဖစ္ပြားခဲ့ရာ ဓာတ္တိုင္ က်ိဳးက်ျခင္း၊ ဓာတ္ႀကိဳးျပတ္ေတာက္ျခင္း ျဖစ္ပြားခဲ့ေသာေၾကာင့္ ၄ ရက္ၾကာ လွ်ပ္စစ္မီးျပတ္ေတာက္ သြားခဲ့ၿပီး ယမန္ေန႔ ဧၿပီ ၂၀ ရက္ေန႔ ညမွသာ အခ်ိန္ပိုင္းျဖင့္ လွ်ပ္စစ္မီးျပန္ရရွိေၾကာင္း ေမာ္ဟန္ေက်း႐ြာေနအမ်ိဳးသား တစ္ဦးက KNG သတင္းဌာနသို႔ ေျပာသည္။

လတ္တေလာ ေမာဟန္ေက်း႐ြာေန ျပည္သူမ်ားက လွ်ပ္မီးျပတ္ေတာက္သည့္ ျပသာနာကိုေျဖရွင္းရန္ တစ္အိမ္ ၂၀၀ က်ပ္ႏႈန္း ေကာက္ခံကာ မီးစက္ျဖင့္လွ်ပ္စစ္မီးသုံးရန္ စီစဥ္ေနေၾကာင္းလည္း သိရသည္။ ေမာ္ဟန္ေက်း႐ြာကို ႏိုင္ငံေတာ္ မဟာဓာတ္အား လိုင္းျဖင့္ နန္မား႐ုံးခြဲမွ လွ်ပ္စစ္ မီးေပးလွ်က္ရွိၿပီး ယေန႔ နံနက္ပိုင္းမွစ၍ လွ်ပ္စစ္မီးႀကိဳးႏွင့္ဓာတ္တိုင္ မ်ားအစား ထိုးတပ္ဆင္ ျခင္းမ်ားေဆာင္႐ြက္ေနေၾကာင္း ေဒသခံ မ်ားကဆိုသည္။

စစ္ေကာင္စီသည္ ေမာ္ဟန္ေက်း႐ြာကို လွ်ပ္စစ္မီတာခမေပးေဆာင္ေသာေၾကာင့္ဟုဆိုကာ ၂၀၂၁ စက္တင္ဘာလမွ ၂၀၂၂ ခုႏွစ္ မတ္လအထိ ေျခာက္လေက်ာ္ၾကာလွ်ပ္စစ္မီးလွ်ပ္ေတာက္ခဲ့ၿပီး ေက်း႐ြာေနျပည္သူမ်ားက မီတာခေပးမည္ဟု သေဘာတူညႇိႏႈိင္း ရာမွလွ်ပ္စစ္မီးျပန္လည္းရရွိခဲ့ျခင္းျဖစ္သည္။ https://burmese.kachinnews.com/2022/04/21/apr21-ab1/
****************
၆။ KIO တကၠသိုလ္ ဝင္တန္း စာေမးပြဲ စတင္
21st April 2022

ကခ်င္လြတ္လပ္ေရးအဖြဲ႕ KIO ထိန္းခ်ဳပ္ရာ နယ္ေျမရွိ စာသင္ေက်ာင္းမ်ားတြင္ ၂၀၂၁ -၂၀၂၂ ခုႏွစ္ ပညာသင္ႏွစ္ တကၠသိုလ္ ဝင္တန္း စာေမးပြဲကို ယေန႔ စတင္စစ္ေဆးေနၿပီျဖစ္သည္။ ယေန႔ ဧၿပီလ ၂၁ ရက္ေန႔မွာ ၂၈ ရက္ေန႔အထိ ျပဳလုပ္မည့္ စာေမးပြဲ တြင္ ေက်ာင္းသူ ၊ ေက်ာင္းသား စုစုေပါင္း ၂၁၉၂ ေယာက္ထိ ေျဖဆိုေနၿပီး ယခင္ ၂၀၂၀-၂၀၂၁ ခုႏွစ္ ပညာသင္ႏွစ္တြင္ တကၠသိုလ္ဝင္တန္း စားေမးပြဲေျဖဆိုသည့္ ေက်ာင္းသူ ၊ ေက်ာင္းသား လူဦးေရ ၈၀၀ ခန႔္သာ ရွိခဲ့သည္ဟု သိရသည္။

စာေမးပြဲျပဳလုပ္ေနေသာ ေက်ာင္းမ်ားမွာ လိုင္ဇာၿမိဳ႕ ၊ အလမ့္ဘြမ္အထက္တန္းေက်ာင္း ၊ မိုင္ဂ်ာယန္ အထက္တန္းေက်ာင္း၊ အင္ဘာပါေက်ာင္း၊ မုန္မစ္ဆင္လီေက်ာင္း၊ အင္ဂြမ္းလေက်ာင္း၊ က်ိန္ေထာင္ပါေက်ာင္း၊ မုန္ေဘာ္ေက်ာင္းႏွင့္ ေလာ့ဒ္ေအာင္ ေက်ာင္း တို႔ျဖစ္သည္။ ေျဖဆိုထားသည့္ အေျဖလႊာမ်ားကို ၂၀၂၂ ခုႏွစ္ ေမလ တစ္လလုံး စစ္ေဆးသြားမည္ျဖစ္ၿပီး ၂၀၂၂ ခုႏွစ္ ဇြန္လတြင္ ေအာင္စာရင္းမ်ား ေၾကညာသြားမည္ျဖစ္သည္။

KIO ထိန္းခ်ဳပ္နယ္ေျမမ်ားတြင္ ကိုဗစ္-၁၉ ေရာဂါ ကူးစက္မႈမ်ားေၾကာင့္ ယခင္က စာသင္ေက်ာင္းမ်ား ပိတ္ပင္ထားရာမွ ယခုႏွစ္ ဇန္နဝါလမွစၿပီး ၁၀ တန္းေျဖဆိုမည့္ ေက်ာင္းသူ ၊ ေက်ာင္းသားမ်ားကို Camp အေနျဖင့္ ၄ လၾကာ တစ္ေနရာထဲ ထားကာ သင္ၾကားရမယ့္ သင္႐ိုးမ်ားကို အျပတ္သင္ၾကားၿပီးမွသာ စာေမးပြဲ စစ္ေဆးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

KIO တက္ကသိုလ် ဝင်တန်း စာမေးပွဲ စတင်


****************
၇။ ရွေဒါင္ မိဘမဲ့ေဂဟာတြင္ ကူညီေထာက္ပံ့မႈမ်ား လိုအပ္ေန
20th April 2022

ျမစ္ႀကီးနားၿမိဳ႕ျပင္ ရွေဒါင္ေက်း႐ြာတြင္ ဖြင့္လွစ္ထားေသာ ေမတၱာပ်ိဳးခင္း (Tsaw Myit Sha-It ) မိဘမဲ့ေဂဟာတြင္ အစား အေသာက္ႏွင့္အတူ အျခားကူညီေထာက္ပံ့မႈ အမ်ားအျပားလိုအပ္ေနသည္ဟု သိရသည္။ အဆိုပါ မိဘမဲ့ေဂဟာေက်ာင္းတြင္ ျပည္နယ္အတြင္း ၿမိဳ႕ႏွင့္ေဝးလံေသာေက်းလက္ေဒသမွ ပညာသင္ၾကားရန္ လာေရာက္ေနထိုင္ေသာ မိဘမဲ့ကေလးမ်ားအတြက္ ကိုယ္ထူ ကိုယ္ထစနစ္ျဖင့္ ခရစ္ယာန္ဘာသာေရးဆရာ မိသားစုက ျပဳစုေနျခင္း ျဖစ္သည္။

ေမတၱာပ်ိဳးခင္း (Tsaw Myit Sha-It )မိဘမဲ့ ေဂဟာေက်ာင္းတြင္ ကခ်င္ျပည္နယ္အတြင္းရွိ ခ်ီေဖြ၊ ေဆာ့ေလာ္၊ ဗန္းေမာ္၊ ေဂြထု၊ ဂန္ေဒါင္၊ ဆမား၊ နမၼတီး၊ ဟူးကပ္၊ သာပေဒါင္း၊ ျမစ္ႀကီးနားႏွင့္ဝိုင္းေမာ္ ေနရာေဒသမွ လူမ်ိဳးဘာသာေပါင္းစုံ ကေလးမ်ားပါဝင္ၿပီး လက္ရွိ မိဘမဲ့ကေလးငယ္မ်ား ၃၀ ဝန္းက်င္ခန႔္ေနထိုင္လ်က္ရွိေၾကာင္းသိရသည္။ အဆိုပါ မိဘမဲ့ေဂဟာေက်ာင္းသည္ သက္ဆိုင္ရာအဖြဲ႕အစည္းမွ ဖြင့္လွစ္ထားျခင္းမဟုတ္ဘဲ မိဘမဲ့မ်ား ဦးေဆာင္ၿပီးခက္ခဲေသာကေလးမ်ားကို ပညာသင္ၾကားပ်ိဳး ေထာင္ေပးျခင္းသာျဖစ္ေၾကာင္း ဆက္သိရသည္။

မိဘမဲ့ေဂဟာေက်ာင္းကို ၂၀၁၇ ခုႏွစ္ေနာက္ပိုင္း ဖြင့္လွစ္ခဲ့ျခင္းျဖစ္ၿပီး ယခင္အစိုးရလက္ထပ္တြင္ လူမႈကူညီေရး အဖြဲ႕အစည္း မ်ားထံမွ ကူညီေထာက္ပံ့မႈမ်ား အနည္းငယ္ရရွိခဲ့သည္ျဖစ္ေသာ္လည္း စစ္တပ္ အာဏာသိမ္းၿပီးေနာက္ ကူညီေထာက္ပံ့မႈမ်ား ရပ္တန႔္သြားသည့္အတြက္ေၾကာင့္ စားနပ္ရိကၡာအခက္အခဲမ်ား ႀကဳံေတြ႕ေနရေၾကာင္း ဆက္လက္သိရပါသည္။

ရှဒေါင် မိဘမဲ့ဂေဟာတွင် ကူညီထောက်ပံ့မှုများ လိုအပ်နေ


*****************
၈။ ဝိုင္းေမာ္ ေဂြ႐ြတ္ယန္သို႔ လည္ပတ္သူမ်ား အမႈိက္စနစ္တက်စြန႔္ပစ္ရန္ ေဒသခံမ်ားေတာင္းဆို
20th April 2022

ဝိုင္းေမာ္ၿမိဳ႕နယ္ ဝါးေရွာင္ေက်း႐ြာႏွင့္ တဆက္တည္းရွိေသာ ေဂြ႐ြတ္ယန္ (Gwi Rut Yang) ႀကိဳးတံတားသို႔ လာေရာက္အပန္း ေျဖသူမ်ားအေနျဖင့္ စမ္းေခ်ာင္းအတြင္း အမႈိက္မ်ားကို စြန႔္ပစ္ျခင္းမျပဳရန္ ေဂြ႐ြတ္ယန္ေဒသခံမ်ား ေတာင္းဆိုေနၾကသည္။ ႀကိဳးတံတားေပၚသို႔ လာေရာက္အပန္းေျဖေသာ ျပည္သူမ်ားသည္ အမႈိက္မ်ားကို စနစ္တက် စြန႔္ပစ္ျခင္းမျပဳဘဲ N Myen Hka ေခ်ာင္းလမ္းေၾကာင္းပိတ္ဆို႔မႈျဖစ္ေပၚသည္အထိ အမႈိက္ပိတ္ဆို႔ေနေၾကာင္း ေဂြ႐ြတ္ယန္ေဒသခံ အမ်ိဳးသားတစ္ဦးက KNG သတင္းဌာနကို ေျပာဆိုသည္။

ေဂြ႐ြတ္ယန္တြင္ ေရကစားအပန္းေျဖရန္ ေနရာမ်ားျပဳလုပ္ထားၿပီး ျပည္သူအခ်ိဳ႕လည္း ထိုေနရာသို႔ လာေရာက္ လည္ပတ္မႈမ်ား ပုံမွန္ရွိေနသည္။ ေဂြ႐ြတ္ယန္ႀကိဳးတံတားေပၚတြင္ စားဝတ္ေနေရးအတြက္ တစ္ႏိုင္တစ္ပိုင္ ဆိုင္ခန္းမ်ား ဖြင့္ထားသည့္ ဆိုင္ရွင္ မ်ားအေနျဖင့္လည္း အမႈိက္မ်ားကို တနစ္တက် စြန႔္ပစ္ေပးရန္လည္း အထူးလိုအပ္ေၾကာင္း သူက ဆက္လက္ေျပာဆိုသည္။

ယခုႏွစ္ သၾကၤန္ကာလအတြင္း ေဂြ႐ြတ္ယန္ ႀကိဳးတံတားေပၚတြင္ လာေရာက္အပန္းေျဖသူမ်ားရွိခဲ့ၿပီး ေခ်ာင္းတစ္ေလွ်ာက္ အမႈိက္စုပုံထားမႈ အမ်ားအျပား ေတြ႕ရသည္ဟု သိရပါသည္။ https://burmese.kachinnews.com/2022/04/20/apr20-y1/
******************
၉။ စစ္ေကာင္စီ အေျခခံပညာေရးေက်ာင္းမ်ား ဇြန္လမွာ ထပ္ဖြင့္ရန္ ျပင္ဆင္ေန
20th April 2022

အာဏာသိမ္း စစ္ေကာင္စီ၏ စီမံမႈျဖင့္ ၂၀၂၁-၂၀၂၂ ခုႏွစ္ စာေမးပြဲေျဖဆိုခဲ့ေသာ အေျခခံပညာေရး ေအာင္စာရင္းမ်ားကို ယခု အပတ္ စတင္ေၾကျငာေတာ့မည္ျဖစ္ၿပီး ေမလ ၂၆ ရက္ေန႔မွ စတင္ကာ ေက်ာင္းသားအသစ္ ျပန္လည္လက္ခံသြားေတာ့မည္ဟု သိရသည္။ KG မွ နဝမတန္းအထိ ေအာင္စာရင္းမ်ားကို ဧၿပီ ၂၄ ရက္ေန႔မွ စတင္ကာ သက္ဆိုင္ရာေက်ာင္းမ်ားတြင္ ထုတ္ျပန္ ေတာ့မည္ဟု ျပည္နယ္ပညာေရးမႉး႐ုံး တာဝန္ရွိသူတစ္ဦးက ေျပာသည္။

အလားတူ ယခုႏွစ္စစ္ေကာင္စီဖြင့္လွစ္မည့္ အေျခခံပညာေက်ာင္းမ်ားအတြက္ ေက်ာင္းသား/သူမ်ား အမည္စာရင္းကို ေမလ ၂၆ ရက္ေန႔မွ ဇြန္လ ၁ ရက္ေန႔အထိ လက္ခံသြားမည္ျဖစ္ေၾကာင္း သိရသည္။ ေက်ာင္းအပ္ႏွံေရးကာလတြင္ကိုဗစ္ကပ္ေရာဂါထိန္း ခ်ဳပ္ကာကြယ္ေရး စည္းကမ္းသတ္မွတ္ခ်က္မ်ားအတိုင္း လုပ္ေဆာင္သြားရန္လည္း အထက္ကၫြန္ၾကားလာေၾကာင္း သိရသည္။

စစ္ေကာင္စီ ဖြင့္လွစ္ခဲ့သည္ ၂၀၂၁-၂၂ ပညာသင္ႏွစ္တြင္ ကခ်င္ျပည္နယ္ရွိ အေျခခံပညာ စာသင္ေက်ာင္းမ်ား၌ ေက်ာင္းသား ေက်ာင္းသူ စုစုေပါင္း တစ္သိန္းေက်ာ္သာ တက္ေရာက္ခဲ့ၿပီး အထက္တန္းအဆင့္ ၅၈၀၀၀ ေက်ာ္ပါဝင္သည္။ အာဏာသိမ္းၿပီး ေနာက္ပိုင္း စစ္ေကာင္စီက သင္ၾကားေနေသာ အေျခခံပညာအထက္တန္းေက်ာင္းမွ ေအာင္ျမင္လာေသာ မည္သူကိုမဆို ကခ်င္ေဒသ အဆင့္ျမင့္ တကၠသိုလ္မ်ားတြင္ အသိအမွတ္ျပဳ လက္ခံမည္မဟုတ္ေၾကာင္း စစ္ေကာင္စီကို ဆန႔္က်င္ေသာ ကခ်င္ ပညာေရး တကၠသိုလ္ေကာင္စီအဖြဲ႕က အသိေပး ထုတ္ျပန္ထားပါသည္။

စစ်ကောင်စီ အခြေခံပညာရေးကျောင်းများ ဇွန်လမှာ ထပ်ဖွင့်ရန် ပြင်ဆင်နေ


*********************
၁၀။ နယ္ေျမရွင္းလင္းေရး လုပ္ေနစဥ္ ရဲေဘာ္တစ္ဦး မိုင္းနင္းမိၿပီး ေျခႏွစ္ဖက္ဆုံးရႈံးခဲ့
April 22, 2022

ဒီကေန႔ (ဧၿပီ ၂၂ရက္) နံနက္ ၇နာရီဝန္းက်င္မွာ KNDF B-09နဲ႔ ပူးေပါင္းတပ္တို႔ နယ္ေျမရွင္းလင္းေရး လုပ္ေနစဥ္မွာ KNDF B-09က ရဲေဘာ္တစ္ဦး မိုင္းနင္းမိၿပီး ေျခႏွစ္ဖက္ ဆုံးရႈံးသြားခဲ့ရတယ္လို႔ KNDF B-09က ဒီကေန႔ သတင္းထုတ္ျပန္ပါတယ္။ ကရင္နီျပည္နယ္မွာဆိုရင္ တိုက္ပြဲျဖစ္ပြားၿပီးေနာက္ စစ္ေကာင္စီတပ္စြဲခဲ့တဲ့ေနရာေတြမွာ စစ္ေကာင္စီက မိုင္းေထာင္ထားတာ ေတြရွိၿပီး KNDFက လိုက္လံရွင္းလင္းမႈေတြ လုပ္ေဆာင္ေနတာေတြရွိပါတယ္။

စစ္ေကာင္စီကေနၿပီး ျပည္သူလူထုေနထိုင္တဲ့ ေက်း႐ြာအနီးတစ္ဝိုက္ေတြမွာ မိုင္းေထာင္ေလ့ရွိတဲ့အတြက္ ျပည္သူေတြအေနနဲ႔ သတိထားသြားလာၾကဖို႔ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ေတြက တိုက္တြန္းထားတာရွိပါတယ္။ အထူးသျဖင့္ ဒီးေမာ့ဆို၊ ဖ႐ူဆို၊ လြိဳင္ေကာ္ စတဲ့ တိုက္ပြဲျဖစ္ပြားေလ့ရွိတဲ့ ေနရာေတြမွာ မိုင္းေထာင္ေလ့ရွိပါတယ္။ ၿပီးခဲ့တဲ့ ဧၿပီ ၂၀ရက္ေန႔မွာဆိုရင္လည္း ဒီးေမာ့ဆို ၿမိဳ႕နယ္ တိုက္ပြဲျဖစ္ပြားခဲ့တဲ့ ဧရိယာအတြင္း ျပည္သူလူထုေနအိမ္ၾကား ေထာင္ထားတဲ့ နင္းမိုင္း၊ ေရွာ့တိုက္မိုင္း နဲ႔ လက္နက္ႀကီးပို႔ယမ္း တခ်ိဳ႕ကို KNDF B-06က လိုက္လံရွင္းလင္းတာေတြရွိခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ရက္ပိုင္းေတြမွာလည္း မိုင္းေၾကာင့္ KNDF B-06က ရဲေဘာ္တစ္ဦး က်ဆုံးခဲ့ရသလို ႏွစ္ဦး ေျခေထာက္ဆုံးရႈံးၿပီး ႏွစ္ဦး ထိခိုက္ဒဏ္ရာရတာေတြလည္း ရွိခဲ့တယ္လို႔ သိရပါတယ္။
https://www.kantarawaddytimes.org/category/kantarawaddy-times/news/
******************
၁၁။ အာဏာသိမ္းၿပီးေနာက္ အမ်ိဳးသမီးေတြအေပၚ အၾကမ္းဖက္ခံရမႈေတြပိုမ်ားလာ
April 21, 2022

အာဏာသိမ္းၿပီးေနာက္ပိုင္း အမ်ိဳးသမီးေတြအေပၚ အိမ္တြင္း အၾကမ္းဖက္မႈ ၊ ၿခိမ္းေျခာက္ခံရမႈ၊ မလုံၿခဳံမႈေတြ ေတြ ပိုမ်ားလာ ေနတယ္လို႔ အမ်ိဳးသမီးအေရး ေဆာင္႐ြက္ေနသူ လူးမူဖိုး ကေျပာပါတယ္။ စစ္ေရွာင္ေနၾကရတာေၾကာင့္ စိတ္ဖိစီးမႈကေတြကေန ျဖစ္ေပၚလာတဲ့ မိသားစုျပႆနာေတြေၾကာင့္ အိမ္တြင္းအၾကမ္းဖက္မႈေတြတိုးလာသလို၊ သက္ငယ္အမ်ိဳးသမီးေတြကို အဓမၼျပဳ က်င့္တဲ့ ကိစၥေတြလည္း ရွိေနတယ္လို႔ လူးမူဖိုးက ေျပာပါတယ္။

ကရင္နီျပည္မွာ စစ္ေကာင္စီနဲ႔ ကရင္နီေဒသခံကာကြယ္ေရးပူးေပါင္းတပ္ဖြဲ႕တို႔ တိုက္ပြဲျဖစ္ပြားတာ တစ္ႏွစ္နီးပါးရွိသြားၿပီျဖစ္ၿပီး စစ္ေဘးေရွာင္လည္း ႏွစ္သိန္းနီးပါးရွိေနပါတယ္။ စစ္ေဘးေရွာင္တစ္ဝက္ေက်ာ္ဟာ အမ်ိဳးသမီး၊ ကေလး နဲ႔ သက္ႀကီး႐ြယ္အိုေတြ ျဖစ္ၾကပါတယ္။ စစ္ေရွာင္ရတဲ့အတြက္ ဝင္ရွာဖို႔ အခက္အခဲေတြရွိလာတာေၾကာင့္ မိသားစုအတြင္းမွာ ျပႆနာေတြျဖစ္ၾကတဲ့ မိသားစုေတြလည္း ရွိတယ္လို႔ ကရင္နီေဒသခံ အမ်ိဳးသမီးတစ္ဦးက ေျပာပါတယ္။

အာဏာသိမ္းၿပီးေနာက္ ဧၿပီလ ၄ရက္ေန႔အထိ စစ္ေကာင္စီ လက္ခ်က္ေၾကာင့္ ေသဆုံးသြားတဲ့ ၁၈ႏွစ္ေအာက္ ကေလးငယ္ ၁၃၂ဦး အထိရွိေနတယ္လို႔ အမ်ိဳးသားညီၫႊတ္ေရးအစိုးရ ( NUG ) က ထုတ္ျပန္ထားပါတယ္။ အာဏာသိမ္းၿပီးတဲ့ တစ္ႏွစ္နဲ႔ တစ္လေက်ာ္အတြင္း တစ္ႏိုင္ငံလုံးအတိုင္းအတာအရ စစ္ေကာင္စီတပ္ဖြဲ႕ေတြရဲ႕ လက္ခ်က္နဲ႔ေသဆုံးသြားတဲ့ အမ်ိဳးသမီး ၁၅၀ ခန႔္ ရွိတယ္လို႔ NUG ရဲ႕ အမ်ိဳးသမီး၊ လူငယ္နဲ႔ ကေလးသူငယ္ေရးရာ ဝန္ႀကီးဌာနရဲ႕ အဆိုအရ သိရပါတယ္။
https://www.kantarawaddytimes.org/category/kantarawaddy-times/news/
******************
၁၂။ စစ္ေကာင္စီတပ္စြဲေနထိုင္ခဲ့တဲ့ ဧရိယာအတြင္း ေထာင္ထားတဲ့ မိုင္းကို KNDF ရွင္းလင္း
April 21, 2022

ကရင္နီျပည္ ဒီးေမာ့ဆို၊ ဖ႐ူဆိုၿမိဳ႕နယ္အတြင္း တိုက္ပြဲျဖစ္ပြားၿပီးေနာက္ စစ္ေကာင္စီတပ္စြဲေနထိုင္ခဲ့တဲ့ ဧရိယာနဲ႔ ျပည္သူ လူထုေနထိုင္ရာ ေက်း႐ြာအနီးတစ္ဝိုက္ေတြမွာ ေထာင္ထားတဲ့ မိုင္းေတြကို ျပည္သူလူထုေဘးကင္းဖို႔အတြက္ KNDF တပ္ရင္း အလိုက္ကေနၿပီး လိုက္လံရွင္းလင္းမႈ လုပ္ေဆာင္ခဲ့ပါတယ္။ ယမန္ေန႔(ဧၿပီလ ၂၀ရက္) က ဒီးေမာ့ဆိုၿမိဳ႕နယ္ တိုက္ပြဲျဖစ္ပြားခဲ့တဲ့ ဧရိယာအတြင္း ျပည္သူလူထုေနအိမ္အၾကား ေထာင္ထားတဲ့ နင္းမိုင္း၊ ေရွာ့တိုက္မိုင္း နဲ႔ လက္နက္ႀကီးပို႔ယမ္း တခ်ိဳ႕ကို KNDF B-06 မွ ျဖဳတ္ယူသိမ္းဆည္းခဲ့တယ္လို႔ KNDF B-06 ျပန္ၾကားေရးတာဝန္ရွိသူ ကိုေဇာ္ထက္က ေျပာပါတယ္။

မိုင္းရွင္းလင္းေရးဟာ အသက္အႏၲာရာယ္မ်ားၿပီး မေတာ္တဆ ထိခိုက္မႈကလည္း ရွိေနတဲ့အတြက္ ရဲေဘာ္ေတြနဲ႔ ျပည္သူလူထု ထိခိုက္မႈမရွိေရးအတြက္ မိုင္းရွာစက္လိုအပ္ေနတယ္လို႔လည္း သူက ဆက္ေျပာပါတယ္။ ၿပီးခဲ့တဲ့ ရက္ပိုင္း မိုင္းေၾကာင့္ KNDF တပ္ရင္း (၆) က ရဲေဘာ္တစ္ဦးက်ဆုံးခဲ့ရသလို၊ ႏွစ္ဦးေျခေထာက္ဆုံးရႈံးၿပီး၊ ႏွစ္ဦး ထိခိုက္ဒဏ္ရာရရွိခဲ့တာေၾကာင့္ တပ္ရင္း အလိုက္ လိုအပ္ခ်က္ကို ျဖည့္ဆည္းေပးၾကဖို႔ KNDF တပ္ရင္းအလိုက္က ေတာင္းဆိုထားၾကပါတယ္။

တိုက္ပြဲျဖစ္ပြားကာလအတြင္း စစ္ေကာင္စီတပ္မွ ေက်း႐ြာထဲေနထိုင္ၿပီး မိုင္းေထာင္ခဲ့တဲ့အတြက္ ျပည္သူလူထုအေနနဲ႔ ေက်း႐ြာ ကို အေရးႀကီးကိစၥမရွိဘဲ သြားလာျခင္းမျပဳလုပ္ဖို႔ ၊ အေရးႀကီးသြားလာဖို႔လိုအပ္ပါက ေျမျပင္အေျခအေနနဲ႔ ခ်ိတ္ဆက္သြားလာဖို႔ KNDF တပ္ရင္းအလိုက္က ေမတၱာရပ္ခံထားပါတယ္။ ကရင္နီျပည္နယ္မွာ တိုက္ပြဲျဖစ္ပြားတဲ့ေနာက္ စစ္ေကာင္စီဟာ တပ္စြဲခဲ့တဲ့ ေနရာေတြ၊ ေက်း႐ြာေတြမွာ မိုင္းေတြကို ေထာင္ထားတာေတြ ျပဳလုပ္ပါတယ္။ ေက်း႐ြာမွာ မိုင္းေတြေထာင္ထားခဲ့တာေၾကာင့္ ေဒသခံေတြ မိုင္းနင္းမိၿပီး ေသဆုံးတာေတြ ဒဏ္ရာရတာေတြလည္း ရွိေနပါတယ္။ https://www.kantarawaddytimes.org/
*****************
၁၃။ မိုးၿဗဲၿမိဳ႕မွာ တပ္စြဲထားတဲ့ စစ္ေကာင္စီတပ္နဲ႔ ကရင္နီေဒသခံကာကြယ္ေရးပူးေပါင္းတပ္ဖြဲ႕ေတြက တိုက္ပြဲျဖစ္၊ အရပ္ သားထိခိုက္မႈရွိ
April 20, 2022

ဒီကေန႔ ( ဧၿပီလ ၂၀ရက္) မနက္ပိုင္းမွာ မိုးၿဗဲၿမိဳ႕မွာ တပ္စြဲထားတဲ့ စစ္ေကာင္စီတပ္နဲ႔ ကရင္နီေဒသခံကာကြယ္ေရးပူးေပါင္း တပ္ဖြဲ႕ေတြ တိုက္ပြဲျဖစ္ပြားခဲ့ပါတယ္။ တိုက္ပြဲအတြင္းမွာ အရပ္သားျပည္သူေတြ ထိခိုက္တာေတြလည္းရွိသလို စစ္ေကာင္စီရဲ႕ လက္နက္ႀကီးပစ္ခတ္မႈေၾကာင့္ ေဒသခံေနအိမ္သုံးလုံးထက္မနည္း ထိခိုက္ပ်က္စီးခဲ့တယ္လို႔ မိုးၿဗဲျပည္သူ႔ကာကြယ္ေရးတပ္ တာဝန္ရွိသူ တစ္ဦးက ေျပာပါတယ္။ ေဒသခံျပည္သူေတြကေတာ့ ေဘးလႊတ္ရာ ထြက္ေျပးတိမ္းေရွာင္ေနရတယ္လို႔လည္း သူက ဆက္ေျပာပါတယ္။

လက္ရွိအေနအထားအရ နယ္ေျမအေျခအေနနဲ႔ပတ္သက္ၿပီး တိတိက်က်မေျပာႏိုင္ေသးတဲ့အတြက္ သတိနဲ႔ ေနၾကဖို႔ အရပ္သား ျပည္သူေတြကို မိုးၿဗဲ ျပည္သူ႔ကာကြယ္ေရးတပ္က တိုက္တြန္းထားပါတယ္။

ကရင္နီျပည္မွာ အာဏာသိမ္းၿပီးေနာက္ တိုက္ပြဲျဖစ္ပြားတဲ့အခ်ိန္နဲ႔ တိုက္ပြဲမျဖစ္ပြားတဲ့အခ်ိန္ေတြပါ စစ္ေကာင္စီက လက္နက္ ႀကီးေတြ အသုံးျပဳပစ္ခတ္ေနတဲ့အတြက္ အရပ္သားေနအိမ္ တစ္ေထာင္နီးပါး ပ်က္စီးသြားတယ္လို႔ PKPF က ဒီကေန႔ ဧၿပီလ ၂၀ ရက္ေန႔မွာ ထုတ္ျပန္ထားပါတယ္။ ဒါ့အျပင္ လက္နက္ႀကီးေတြေၾကာင့္ ထိခိုက္ဒဏ္ရာရတဲ့ အရပ္သားေတြရွိသလို႔ ေသဆုံးသြား တဲ့ အရပ္သားျပည္သူေတြလည္း အမ်ားအျပားရွိေနပါတယ္။ https://www.kantarawaddytimes.org/
*****************
၁၄။ စစ္ေကာင္စီရဲ႕ လက္နက္ႀကီးပစ္ခတ္မႈေၾကာင့္ လမ္းသြားလမ္းလာ ျပည္သူတစ္ဦး ထိခိုက္၊ ေနအိမ္ တခ်ိဳ႕လည္းထိမွန္
April 20, 2022

ယမန္ေန႔ (ဧၿပီ ၁၉ရက္) နံနက္ပိုင္းအခ်ိန္ ဒီးေမာ့ဆို အေနာက္ဖက္ျခမ္းဖက္ လက္နက္ႀကီး ပစ္ခတ္ခဲ့သလို ညေနပိုင္း (၃)နာရီခြဲ အခ်ိန္မွာလည္း ဒီးေမာ့ဆို အေရွ႕ဖက္ျခမ္းက ေက်း႐ြာေတြဆီ လက္နက္ႀကီး ပစ္ခတ္ခဲ့ပါတယ္။ ဒီးေမာ့ဆို အေရွ႕ဖက္ျခမ္း၊ ကရင္နီတပ္မေတာ္ (KA) ထိန္းခ်ဳပ္နယ္ေျမ၊ အမွတ္(၁)ခ႐ိုင္ ဖက္က ေက်း႐ြာတစ္႐ြာမွာ လက္နက္ႀကီး ၁၂လုံး က်ေရာက္ခဲ့ၿပီး ေနအိမ္တခ်ိဳ႕ ထိမွန္တာေတြရွိသလို လမ္းသြားလမ္းလာ ျပည္သူတစ္ဦးကို လက္နက္ႀကီးစ ထိမွန္ခဲ့တယ္လို႔ ေဒသခံေတြဆီက ေန သိရပါတယ္။

လက္နက္ႀကီး ပစ္ခတ္မႈဒဏ္ကို ေၾကာက္ေနရၿပီး ျပည္သူေတြအေနနဲ႔ သြားလာဖို႔ အခက္အခဲေတြ စိတ္မလုံၿခဳံမႈေတြ ရင္ဆိုင္ ႀကဳံေတြ႕ေနရတယ္လို႔ ဒီးေမာ့ဆို အေရွ႕ဖက္ျခမ္း ေက်း႐ြာတစ္႐ြာက ေဒသခံအမ်ိဳးသားတစ္ဦးကေျပာပါတယ္။ လက္ရွိ ကရင္နီ ျပည္မွာ ေန႔စဥ္ရက္ဆက္ စစ္ေကာင္စီက လက္နက္ႀကီး ပစ္ခတ္တာေတြရွိေနပါတယ္။ အထူးသျဖင့္ ဒီးေမာ့ဆို မွာ ပစ္ခတ္မႈ ျပဳလုပ္ေနၿပီး ျပည္သူေတြကို ရည္႐ြယ္ခ်က္ရွိရွိ ပစ္မွတ္ထား တိုက္ခိုက္လာတာျဖစ္တယ္လို႔ ကရင္နီေဒသခံ ျပည္သူ႔ကာကြယ္ ေရးတပ္ဖြဲ႕ အသီးသီးက ထုတ္ျပန္ ေဖာ္ျပထားပါတယ္။

ယမန္ေန႔ လက္နက္ႀကီး ပစ္ခတ္မႈမွာ ေငြေတာင္အေျခစိုက္ ခလရ(၁၀၂)တပ္ကေန ပစ္ခတ္ခဲ့တာျဖစ္ပါတယ္။ ပစ္ခတ္မႈေၾကာင့္ ဒီးေမာ့ဆိုအေနာက္ျခမ္းဖက္၊ ေလးမိုင္ယပ္ခူေက်း႐ြာ ဗုဒၶဘုန္းႀကီးေက်ာင္း တစ္ေက်ာင္းလည္း ထိမွန္ပ်က္စီးခဲ့တယ္လို႔ DMO PDFက ဧၿပီလ ၁၉ရက္ေန႔က သတင္းထုတ္ျပန္ထားပါတယ္။ တိုးတက္ေသာကရင္နီျပည္သူ႔အင္အားစု (PKPF)မွ လက္လွမ္းမွီ သေလာက္ျပဳစုထားတဲ့ အခ်က္အလက္အရ လြိဳင္ေကာ္ၿမိဳ႕နယ္မွာ ပ်က္စီးသြားတဲ့ အေရအတြက္ (၁၀၈)လုံး၊ ဒီးေမာ့ဆိုၿမိဳ႕နယ္မွာ (၅၆၄)လုံး၊ ဖ႐ူဆိုၿမိဳ႕နယ္မွာ (၃၉)လုံး၊ ဖယ္ခုံၿမိဳ႕နယ္မွာ (၂၅၆)လုံး ျဖစ္ပါတယ္။ https://www.kantarawaddytimes.org/
*****************
၁၅။ ဒီးေမာ့ဆိုအေနာက္ဘက္ျခမ္းကို လက္နက္ႀကီးပစ္ခတ္၊ ဗုဒၶဘုန္းႀကီးေက်ာင္းတစ္ေက်ာင္း လက္နက္ႀကီးစ ထိမွန္
April 19, 2022

ဒီကေန႔ ( ဧၿပီလ ၁၉ )မနက္ ၃နာရီအခ်ိန္မွာ လက္နက္ႀကီး ပစ္ခတ္မႈေၾကာင့္ ဒီးေမာ့ဆို အေနာက္ဖက္ျခမ္း ေနာင္ပုလဲေက်း႐ြာ အုပ္စု၊ ေလးမိုင္ယပ္ခူ ေက်း႐ြာ ဗုဒၶဘုန္းႀကီးေက်ာင္း (၁)ေက်ာင္းကို လက္နက္က်ည္စထိမွန္ခဲ့တယ္လို႔ သိရပါတယ္။ ေငြေတာင္ အေျခစိုက္ ခလရ(၁၀၂)တပ္ကေနၿပီး ဒီကေန႔ မနက္မွာ တာေဝးပစ္လက္နက္ႀကီး ၁၅လုံးထက္မနည္း ပစ္ခတ္ခဲ့တယ္လို႔ ဒီးေမာ့ဆို ျပည္သူ႔ကာကြယ္ေရးတပ္ (DMO-PDF) က ဒီကေန႔ သတင္းထုတ္ျပန္ထားတာရွိပါတယ္။

ကရင္နီျပည္ ဒီးေမာ့ဆိုမွာ စစ္ေကာင္စီကေနၿပီး ေန႔စဥ္ လက္နက္ႀကီး ပစ္ခတ္တာေတြ ျပဳလုပ္ေနၿပီး လူထုေတြ ရွိတဲ့ ေက်း႐ြာထဲ က်ေရာက္တာေတြရွိသလို အေဆာက္အဦးေတြ ထိခိုက္ပ်က္စီးတာေတြလည္း ရွိေနတာျဖစ္ပါတယ္။ မေန႔က(ဧၿပီ ၁၈) နံနက္ (၃)နာရီအခ်ိန္မွာလည္း ဒီးေမာ့ဆို အေနာက္ဖက္ျခမ္း ေဒါေတာ္ကူးေက်း႐ြာအုပ္စုထဲက ေက်း႐ြာတစ္႐ြာမွာ လက္နက္ႀကီး က်ေရာက္ခဲ့တယ္လို႔ သိရပါတယ္။

လက္နက္ႀကီး ရမ္းသန္းပစ္ခတ္တာေတြ ျပဳလုပ္ေနတဲ့အတြက္ ျပည္သူေတြအေနနဲ႔ စိုးရိမ္ထိတ္လန႔္မႈေတြရွိေနၿပီး ေက်း႐ြာကေန တိမ္းေရွာင္ေနၾကရတာေတြလည္း ရွိေနတာျဖစ္ပါတယ္။ ဒီးေမာ့ဆို ၿမိဳ႕နယ္အတြင္းမွာဆိုရင္ စစ္ေကာင္စီေၾကာင့္ ဘာသာေရး အေဆာက္အဦး (၁၆)လုံး ပ်က္စီးတာေတြရွိခဲ့တယ္လို႔ DMO-PDF က ေဖာ္ျပထားပါတယ္။ အာဏာသိမ္းကာလအတြင္း ဒီးေမာ့ဆို ၿမိဳ႕နယ္မွာ အေဆာက္အဦး ထိခိုက္ပ်က္စီးမႈ ၃၇၆ လုံးအထိ ရွိေနတယ္လို႔ ကရင္နီလူမႈ အသင္းအဖြဲ႕မ်ား ကြန္ယက္ (KCSN)က ဧၿပီ ၁၃ရက္ေန႔က ထုတ္ျပန္ထားပါတယ္။ https://www.kantarawaddytimes.org/
*****************
၁၆။ ဖလူး႐ြာတြင္ ထိေတြ႕ တိုက္ပြဲ ျဖစ္ပြားၿပီးေနာက္ ညဘက္ လက္နက္ႀကီး အဆက္မျပတ္ပစ္ခတ္
April 22, 2022

KNU-ကရင္အမ်ိဳးသားအစည္းအ႐ုံး တပ္မဟာ ၆ နယ္ေျမ၊ ေလးေကေကာ္ေဒသ ဖလူး႐ြာဘက္သို႔ စစ္ေၾကာင္းထိုးလာသည့္ စစ္ေကာင္စီတပ္မ်ားႏွင့္ KNLA ပူးေပါင္းတပ္မ်ားအၾကား ထိေတြ႕ပစ္ခတ္တိုက္ပြဲျဖစ္ၿပီးေနာက္ စစ္ေကာင္စီဘက္က ညဘက္ လက္နက္ႀကီးမ်ား အဆက္မျပတ္ပစ္ခတ္တိုက္ခိုက္ခဲ့ေၾကာင္း စစ္ေရးနယ္ေျမ သတင္းအရင္းအျမစ္က ေျပာသည္။

ဧၿပီလအတြင္း ေလးေကေကာ္၊ ေသ့ေဘာဘိုး၊ ေဝါေလ၊ ကနဲေလး ၊ေမာ္ခီး ၊ ထီး သဲပလယ္ေဒသမ်ားအတြင္း စစ္ေကာင္စီဘက္မွ စစ္ဆင္ေရးအသြင္ျဖင့္ တိုက္ခိုက္ေနရာတြင္ ၎တို႔ဘက္မွ အက်အဆုံးမ်ားလ်က္ရွိသည္ဟု KNLA ပူးေပါင္းတပ္ဖြဲ႕ဘက္က ေျပာသည္။

ဆက္လက္၍ ထိုးစစ္ဆင္တိုက္ခိုက္ရန္ စစ္သည္အင္အား ၊ လက္နက္အင္အားျဖည့္တင္းကာ ေျမျပင္စစ္ေၾကာင္းထိုး တိုက္ ခိုက္မႈမ်ားေန႔စဥ္ လုပ္ေဆာင္ေနသည့္အတြက္ ေဒသတြင္း KNLA ပူးေပါင္းတပ္မ်ားဘက္မွ နယ္ေျမအတြင္းရွိ စစ္ေကာင္စီ အေျခခ်ထားသည့္ စစ္စခန္းမ်ား၊ ကင္းကတုတ္မ်ား၊ အေျမႇာက္ကုန္းမ်ား ၊ လႈပ္ရွား စစ္ေၾကာင္းမ်ားအား ေပ်ာက္ၾကား တိုက္ခိုက္ သည့္ တိုက္ပြဲမ်ား ဆက္လက္ ျဖစ္ပြားေနဆဲျဖစ္ေၾကာင္း သိရသည္။ https://kicnews.org/2022/04/
*****************
၁၇။ ေဒါန အေရွ႕ျခမ္း စစ္ေဘးေရွာင္မ်ားအတြက္ ႏိုင္ငံတကာအဖြဲ႕အစည္းမ်ား၏ ကူညီေစာင့္ေရွာက္မႈမ်ား လိုအပ္ေန
April 21, 2022

KNU-ကရင္အမ်ိဳးသားအစည္းအ႐ုံး ဒူးပလာယာခ႐ိုင္ ေဒါနေရွ႕ျခမ္းေဒသ စစ္ေဘးေရွာင္မ်ားအေနျဖင့္ တစ္ပိုင္တစ္ႏိုင္ ကူညီသူ မ်ား၏ ရိကၡာပို႔ေပးမႈကိုသာ အားထားစားေသာက္ေနရသည့္အတြက္ ေရရွည္တြင္ ႏိုင္ငံတကာ အဖြဲ႕အစည္းမ်ား၏ ကူညီေစာင့္ ေရွာက္မႈ လိုအပ္ေနေၾကာင္း စစ္ေဘးေရွာင္အစုအဖြဲ႕အလိုက္ ကူညီေစာင့္ေရွာက္ေပးေနသူမ်ားက ေျပာသည္။

ေဒါနအေရွ႕ျခမ္း ေလးေကေကာ္မွ ေဝါေလ၊ ကနဲေလးေဒသအထိ ထိုးစစ္ဆင္လာသည့္ စစ္ေကာင္စီ တပ္ႏွင့္ KNLA ပူးေပါင္းတပ္ ျဖစ္ပြားေနသည့္ တိုက္ပြဲမ်ား ၄လေက်ာ္ ၾကာျမင့္လာသည့္အခ်ိန္တြင္ ေဒသတြင္း ေက်း႐ြာေပါင္း ၂၀ ခန္႔မွ စစ္ေဘးေရွာင္မ်ား အေနျဖင့္ ကာလရွည္ၾကာစြာ အဆင္ေျပသည့္ ေနရာမ်ားတြင္ စုဖြဲ႕၍ စစ္ေဘးေရွာင္ေနၾကရဆဲျဖစ္သည္။

ထိုင္း-ျမန္မာနယ္စပ္ ေသာင္ရင္းျမစ္ေဘးတစ္ေလွ်ာက္ ဖလူးႀကီး၊ ဖလူးေလး ျမစ္ကမ္းေဘး မွ ေက်ာက္ခက္၊ ေသ့ေဘာဘိုး၊ ထီးကပလယ္၊ ေမာ္ခီးႏွင့္ ကနဲေလး ေဒသဘက္အထိ စစ္ေဘးေရွာင္မ်ားအေနျဖင့္ ဝါးေတာမ်ား၊ ၿခဳံပုတ္ကိုင္းပင္မ်ားထူထပ္ၿပီး အရိပ္ရေနရာမ်ားတြင္ ယာယီ အမိုးအကာမ်ားျဖင့္သာ မိသားစုအလိုက္စုဖြဲ႕ေနထိုင္ေနၾကရသည့္ လူဦးေရ ေပါင္း ၁၂,၀၀၀ ေက်ာ္ ရွိ သည္ဟု စစ္ေရွာင္ကူညီေရးလုပ္ေဆာင္ေနသူမ်ား၏ ေကာက္ခံထားသည့္ စာရင္းအရ သိရသည္။
https://kicnews.org/2022/04/
*****************
၁၈။ စစ္ေကာင္စီ၏ ႏိုင္ငံသားစိစစ္ေရးကတ္ျပားစီမံခ်က္ကို ခြင့္မျပဳေတာ့ဟု KNU အမွတ္ ၆ တပ္မဟာမႉး အသိေပး
April 20, 2022

KNU-ကရင္အမ်ိဳးသားအစည္းအ႐ုံး ဒူးပလာယာခ႐ိုင္၊ တပ္မဟာ ၆ နယ္ေျမတြင္ စစ္ေကာင္စီမွ ႏိုင္ငံသား စိစစ္ေရးလုပ္ငန္း ေဆာင္႐ြက္ေနသည့္ ပန္းခင္းစီမံခ်က္ကို နယ္ေျမအတြင္း ေဆာင္႐ြက္ခြင့္မျပဳေတာ့ဟု တပ္မဟာမႉးျဖစ္သူ ဗိုလ္မႉးခ်ဳပ္ ေစာဆာမိေစးဖိုးက ယေန႔ ဧၿပီလ ၂ဝ ရက္ေန႔စြဲျဖင့္ အသိေပးစာ ထုတ္ျပန္လိုက္သည္။ ျပည္သူလူထုမ်ား၏ အသက္အိုးအိမ္ စည္းစိမ္လုံၿခဳံမႈႏွင့္ စားဝတ္ေနေရးအတြက္ လုံၿခဳံစိတ္ခ်စြာေနထိုင္ လုပ္ကိုင္ႏိုင္ေရး ႏိုင္ငံသားစိစစ္ေရးကတ္ေဆာင္႐ြက္ရန္ ပန္းခင္းစီမံခ်က္လုပ္ငန္းကို နယ္ေျမအတြင္း ရည္႐ြယ္ခြင့္ျပဳခဲ့ၿပီးေနာက္ စစ္တပ္ဘက္က ေဒသအတြင္း အင္အားတိုးခ်ဲ႕လႈပ္ရွား လာကာ ျပည္သူ၏ အသက္အိုးအိမ္ပါ ထိခိုက္ပ်က္စီးမႈ ျဖစ္ေပၚလာသည့္အတြက္ ၎တို႔၏လုပ္ငန္းစီမံခ်က္ ခြင့္ျပဳထားမႈကို ျပန္လည္႐ုပ္သိမ္းေၾကာင္း အမွတ္ ၆ တပ္မဟာမႉး၏ အသိေပးစာတြင္ ေဖာ္ျပထားသည္။

အာဏာသိမ္းစစ္ေကာင္စီ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဝန္ႀကီးဌာန၏ ပန္းခင္းစီမံခ်က္ျဖင့္ ၾကာအင္းဆိပ္ႀကီး၊ က်ိဳက္ဒုံႏွင့္ ဘုရားသုံးဆူၿမိဳ႕ရွိ ျပည္သူလူထုမ်ားကို ႏိုင္ငံသားမွတ္ပုံတင္ကတ္ျပား လုပ္ေပးႏိုင္ရန္ KNU အမွတ္ ၆ တပ္မဟာမႉး ဗိုလ္မႉးခ်ဳပ္ ေစာဆာမိေစးဖိုးထံ ၿပီးခဲ့သည့္ မတ္လက ခြင့္ျပဳခ်က္ရယူခဲ့ျခင္းျဖစ္သည္။ KNU ဒူးပလာယာခ႐ိုင္ရွိ ၿမိဳ႕နယ္ အသီးသီးတြင္ ၿပီခဲ့သည့္ ၂ဝ၂၁ ခုႏွစ္၊ ေအာက္တိုဘာလမွစၿပီး စစ္ေကာင္စီမွ ေက်း႐ြာမ်ားတြင္ တပ္စခန္းခ် ထိုးစစ္ဆင္လာခဲ့ သည့္အတြက္ ေတာ္လွန္ေရးပူးေပါင္းတပ္ဖြဲ႕ႏွင့္ ႏွစ္ဖက္ ထိေတြ႕တိုက္ပြဲျဖစ္ပြားၿပီး ေဒသခံ႐ြာသား ေသာင္းႏွင့္ခ်ီ၍ စစ္ေဘးတိမ္း ေရွာင္ေနၾကရသည္ဟု စစ္ေရွာင္ကူညီကယ္ဆယ္ေရးအဖြဲ႕မ်ားထံမွ သိရသည္။

အဆိုပါ စစ္ေကာင္စီ၏ ပန္းခင္းစီမံခ်က္လုပ္ငန္းသည္ လာမည့္ ၂ဝ၂၃ ခုႏွစ္၊ စစ္ေကာင္စီ ဦးစီးက်င္းပမည့္ ေ႐ြးေကာက္ပြဲ လုပ္ငန္းအတြက္ ျပည္သူမ်ား မဲထည့္ခြင့္ရရန္ ရည္႐ြယ္ေဆာင္႐ြက္ေနျခင္းသာျဖစ္သည္ဟု လႊတ္ေတာ္ကိုယ္စားလွယ္ေဟာင္း မ်ားက ေထာက္ျပေျပာဆိုၾကသည္။ စစ္ေကာင္စီ၏ လဝက ျပည္ေထာင္စုဝန္ႀကီးဦးခင္ရီကမူ ျပည္သူမ်ား ခရီးသြားတည္းခိုမႈႏွင့္ လုပ္ငန္း ေဆာင္႐ြက္ ရာတြင္ ေထာက္ခံစာျဖင့္ ခြင့္မျပဳေတာ့ဘဲ ႏိုင္ငံသားကတ္ျဖင့္သာ ခြင့္ျပဳေဆာင္႐ြက္လာသည့္အတြက္ ယခုလို မွတ္ပုံတင္ျပဳလုပ္ေပးရျခင္းျဖစ္သည္ဟု ႏိုင္ငံသားမွတ္ပုံတင္ေပးအပ္ပြဲအခမ္းအနားမ်ားတြင္ ထည့္သြင္း ေျပာဆိုထား သည္။ https://kicnews.org/2022/04/
**************
၁၉။ ေလးေကႏွင့္ ဝင္းတာပန္စခန္းရွိ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ား ၃ရက္အတြင္း ထြက္ခြာရန္ KNDO ေျပာ
April 20, 2022

ေကအဲန္ယူ-ကရင္အမ်ိဳးသားအစည္းအ႐ုံး သထုံခ႐ိုင္ တပ္မဟာ(၁) နယ္ေျမ၊ ဘီးလင္းၿမိဳ႕နယ္ ေလးေကႏွင့္ ဝင္းတာပန္ စခန္းရွိ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားအေနျဖင့္ စခန္းမွ ၃ရက္အတြင္း ဆုတ္ခြာေပးရန္ ကရင္အမ်ိဳးသား ကာကြယ္ေရးတပ္ -KNDO တပ္ရင္း(၂)က ယေန႔ ဧၿပီလ ၂၀ရက္ေန႔တြင္ ေၾကညာခ်က္ထုတ္ ေျပာဆိုလိုက္သည္။ နယ္ေျမအတြင္း က်ဴးေက်ာ္ ေနထိုင္သည့္ စခန္းမ်ားအေနျဖင့္ ဧၿပီလ ၂၃ရက္ေန႔ ဆုံးထားဆုတ္ခြာေပးရမည္ျဖစ္ၿပီး သတ္မွတ္ရက္အတြင္း ဆုတ္ခြာျခင္း မျပဳလုပ္ပါက စစ္ေရးအရ ထိေရာက္စြာ အေရးယူ ေဆာင္႐ြက္သြားရ မည္ျဖစ္ေၾကာင္းလည္း KNDOက ထုတ္ျပန္ေျပာဆိုထားသည္။

စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားသည္ ျမန္မာႏိုင္ငံအႏွံ႔အျပားရွိ တိုင္းရင္းသား ျပည္သူလူထုအေပၚ ဖမ္းဆီး သတ္ျဖတ္ျခင္း၊ ညႇင္းပန္းႏွိပ္စက္ျခင္း၊ အသက္အိုးအိမ္စည္းစိမ္မ်ားကိုလည္း မီးရႈိ႕ဖ်က္ဆီးသည့္အျပင္ အိမ္ေထာင္သည္ႏွင့္ ကေလးငယ္မ်ား မက်န္ မုဒိမ္းက်င့္ျခင္း စသည့္ လူသားမဆန္စြာ ျပဳမူဆက္ဆံေနသည့္အတြက္ ၎တို႔၏နယ္ေျမထဲတြင္ စစ္ေကာင္စီတပ္ကို လုံးဝေနထိုင္ခြင့္ မျပဳႏိုင္ေၾကာင္း KNDO ထုတ္ျပန္ေၾကညာခ်က္တြင္ ေဖာ္ျပထားသည္။ ထို႔အျပင္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ မ်ားအေနျဖင့္ KNDO ႏွင့္ ပူးေပါင္းလိုပါက သတ္မွတ္ရက္မတိုင္မွီ ဆက္သြယ္ရန္၊ ထြက္ခြာမည့္ လမ္းေၾကာင္းႏွင့္အခ်ိန္ကိုလည္း ႀကိဳတင္ ညႇိႏႈိင္းရန္ႏွင့္ နယ္ေျမအတြင္း ထုတ္ျပန္ထားၿပီးျဖစ္သည့္ နံနက္ ၆နာရီမွ ညေန ၆ နာရီအတြင္း သြားလာခြင့္ အထူးဂ႐ု စိုက္ရန္လည္း KNDO က သတိေပးေျပာဆိုထားသည္။

ေလးေကႏွင့္ ဝင္းတာပန္ စစ္ေကာင္စီတပ္စခန္းတြင္ စစ္ေကာင္စီႏွင့္ နယ္ျခားေစာင့္တပ္ -BGF ပူးေပါင္းတပ္ ေရာေႏွာေနထိုင္ လ်က္ရွိၿပီး အဆိုပါအနီးနားေက်း႐ြာရွိ လူထုမ်ားကို အတင္းအဓမၼခိုင္းေစမႈမ်ားလုပ္ေဆာင္ျခင္းႏွင့္ လူထုမ်ားေနထိုင္သည့္ ေက်း႐ြာထဲသို႔ လက္နက္ႀကီး ပစ္ခတ္မႈမ်ား မၾကာခဏလုပ္ေဆာင္ေလ့ရွိသည္ဟု ေဒသခံမ်ားထံမွ သိရသည္။
https://kicnews.org/2022/04/
**************
၂၀။ မိုင္းဆြဲတိုက္ခိုက္ခံရမႈ မ်ားလာၿပီးေနာက္ ေကာ့ကရိတ္ၿမိဳ႕တြင္ ပုဒ္မ ၁၄၄ ညမထြက္ရအမိန႔္ အခ်ိန္ထပ္တိုးတင္းၾကပ္
April 20, 2022

ကရင္ျပည္နယ္၊ ေကာ့ကရိတ္ၿမိဳ႕ႏွင့္ ၿမိဳ႕အနီးတြင္ မိုင္းဆြဲတိုက္ခိုက္မႈျဖစ္စဥ္မ်ားလာသည့္ေနာက္ အာဏာသိမ္း စစ္ေကာင္စီ၏ ေကာ့ကရိတ္ၿမိဳ႕ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနက ဧၿပီလ ၁၉ ရက္ေန႔စြဲျဖင့္ ရာဇဝတ္ထုံး ဥပေဒ ပုဒ္မ ၁၄၄ ညမထြက္ရအမိန႔္ ကို အခ်ိန္ထပ္တိုးလိုက္ေၾကာင္း ထုတ္ျပန္ခဲ့သည္။ ေကာ့ကရိတ္ၿမိဳ႕နယ္ စစ္ေကာင္စီေထြအုပ္၏ မတ္လ ၃၀ရက္ေန႔တြင္ ထုတ္ ျပန္ခဲ့ေသာ ည ၁၀နာရီမွ နံနက္ ၄ နာရီအခ်ိန္အတြင္း လမ္းေပၚမထြက္ရဟု ရာဇဝတ္ထုံး ဥပေဒ ပုဒ္မ ၁၄၄ ညမထြက္ရအမိန႔္အား ၿမိဳ႕နယ္၏ လုံၿခဳံေရးအေျခအေနအရဟုဆိုကာ ည ၈ နာရီမွ နံနက္ ၄ နာရီအခ်ိန္ထိ အခ်ိန္ထပ္တိုးထုတ္ျပန္လိုက္ျခင္းျဖစ္သည္။

အဆိုပါ ၿမိဳ႕နယ္စစ္ေကာင္စီေထြအုပ္ အမိန႔္ထုတ္ျပန္ခ်က္၏ သတ္မွတ္ကာလသည္ ဧၿပီ ၁၉ ရက္ေန႔မွစတင္ကာ ဇြန္လ ၁၉ ရက္အထိျဖစ္ၿပီး ညအခ်ိန္ လမ္းမေပၚမထြက္ရထုတ္ျပန္သည့္အျပင္ သတ္မွတ္ထားသည့္ ၿမိဳ႕နယ္တားျမစ္ဧရိယာထဲတြင္ လူစုေဝးျခင္း၊ ေဟာေျပာျခင္း၊ စီတန္းလမ္းေလွ်ာက္ျခင္း၊ လႈံ႕ေဆာ္ျခင္း၊ တိုက္တြန္းျခင္း၊ ဆႏၵျပျခင္း၊ ဆူပူျခင္းႏွင့္ ႐ုန္းရင္း ဆန္ခတ္ျပဳလုပ္ျခင္းမ်ားမလုပ္ရဟုလည္း ပါရွိသည္။ ေကာ့ကရိတ္ၿမိဳ႕ထဲတြင္ ၿပီးခဲ့သည့္ ၂၀၂၁ ခုႏွစ္က ၿမိဳ႕အတြင္း ဗုံးေပါက္ကြဲမႈ၊ စစ္ေကာင္စီယာဥ္ တန္းမိုင္းဆြဲတိုက္ခိုက္ခံရမႈျဖစ္စဥ္မ်ားရွိသလို ယခုႏွစ္ သၾကၤန္ကာလတြင္လည္း စစ္ေကာင္စီဦးစီးက်င္းပ သည့္ သၾကၤန္မ႑ပ္အနီးတြင္ ဒ႐ုန္းယာဥ္ျဖင့္ဗုံးႀကဲတိုက္ခိုက္ခံရမႈလည္း ရွိခဲ့သည္။

ၿမိဳ႕နယ္စစ္ေကာင္စီေထြအုပ္၏ ထုတ္ျပန္ခ်က္အရ သတ္မွတ္ထားသည့္ တားျမစ္နယ္ေျမထဲတြင္ အေရွ႕ဘက္ ျမဝတီၿမိဳ႕နယ္၊ အေနာက္ဘက္ က်ိဳက္မေရာၿမိဳ႕နယ္၊ ေတာင္ဘက္ၾကာအင္းဆိပ္ႀကီးၿမိဳ႕နယ္၊ ေျမာက္ဘက္ ဖားအံႏွင့္ လႈိင္းဘြဲၿမိဳ႕နယ္အထိ ပါဝင္သည္ကို ေတြ႕ရွိရသည္။ သတ္မွတ္ထားသည့္ တားျမစ္နယ္ေျမေနရာအမ်ားစုမွာ ေကအဲန္ယူ တပ္မဟာ(၆)ႏွင့္ တပ္မဟာ (၇) ထိန္ခ်ဳပ္နယ္ေျမဧရိယာထဲတြင္ရွိၿပီး စစ္ေကာင္စီဘက္မွ ေကာ့ကရိတ္ၿမိဳ႕အတြင္းႏွင့္ ေကာ့ကရိတ္-ဖားအံ လမ္းမႀကီးေပၚရွိ အခ်ိဳ႕ေနရာတြင္သာ ထိန္းခ်ဳပ္ထားႏိုင္သည္ဟု ေျမျပင္သတင္းအရင္းအျမစ္မ်ား၏ ေျပာဆိုခ်က္အရ သိရသည္။
https://kicnews.org/2022/04/
**************
၂၁။ လက္နက္ႀကီးပစ္ခတ္ျခင္း၊ စႏိုက္ပါပစ္ခတ္ျခင္းမ်ားလုပ္ေဆာင္သည့္ စစ္ေကာင္စီတပ္အား KNLA တန္ျပန္တိုက္ခိုက္ ၍ ၅ ဦးထက္မနည္း ေသဆုံး
April 20, 2022

ျမဝတီၿမိဳ႕ေတာင္ဘက္ ေလးေကေကာ္ေဒသတြင္ ဝင္ေရာက္လႈပ္ရွားၿပီး လက္နက္ႀကီးပစ္ခတ္ျခင္း၊ စႏိုက္ပါ ေခ်ာင္ေျမာင္း ပစ္ခတ္ျခင္းမ်ားေန႔စဥ္လိုလိုလုပ္ေဆာင္သည့္ စစ္ေကာင္စီတပ္အား ကရင္အမ်ိဳးသားလြတ္ေျမာက္ေရး တပ္မေတာ္-KNLA ပူးေပါင္းတပ္ဖြဲ႕မွ ေျပာက္က်ားျဖင့္ တန္ျပန္တိုက္ခိုက္သည့္အတြက္ စစ္ေကာင္စီတပ္သား ၅ ဦးထက္မနည္း ေသဆုံးခဲ့သည္ဟု KNLA ပူးေပါင္းတပ္ဘက္က ေျပာသည္။ ေလးေကေကာ္ေဒသတြင္ ဝင္ေရာက္လႈပ္ရွားသည့္ စစ္ေကာင္စီတပ္မ်ားသည္ KNLA ပူးေပါင္းတပ္ဖြဲ႕မ်ားရွိမည္ဟု ယူဆသည့္ေနရာမ်ားဘက္သို႔ ဧၿပီ ၁၈ ညမွ ၂၀ရက္ေန႔အထိ လက္နက္ႀကီးမ်ားျဖင့္ ပစ္ခတ္ျခင္း၊ ေလယာဥ္ျဖင့္ ဗုံးႀကဲတိုက္ခိုက္ျခင္းႏွင့္ စႏိုက္ပါေသနတ္သမားျဖင့္ ေခ်ာင္းေျမာင္း ပစ္ခတ္ျခင္းမ်ား ေန႔ေရာ၊ ညပါ လုပ္ေဆာင္ေနသည့္အတြက္ KNLA ပူးေပါင္းတပ္မ်ားမွ ေျပာက္က်ားတန္ျပန္ တိုက္ခိုက္မႈမ်ားလုပ္ေဆာင္ခဲ့ရာတြင္ ထိုသို႔ ထိခိုက္ က်ဆုံးခဲ့ျခင္းျဖစ္သည္ဟု KNLA ပူးေပါင္းတပ္ဖြဲ႕ သတင္းအရင္းအျမစ္က ေျပာသည္။

KNU တပ္မဟာ ၆ နယ္ေျမ၊ ဒူးပလာယာ ခ႐ိုင္အတြင္းရွိ ေလးေကေကာ္၊ ထီးကပလယ္ ၊ သဃၤန္းညီေနာင္ ထီးမူးထ့၊ ႏို႔ဖိုး၊ ေကာ့ကရိတ္ ႐ြာသစ္ကုန္း၊ ေတာင္ၾကာအင္း ေဒသေက်း႐ြာမ်ား KNLA ပူးေပါင္းအဖြဲ႕ စစ္ေရးလႈပ္ရွားရာေနရာမ်ားအား မတ္လ ႏွင့္ ဧၿပီလအတြင္း စစ္ေကာင္စီတပ္က တိုက္ေလယာဥ္မ်ား၊ စစ္ရဟတ္ယာဥ္မ်ားျဖင့္ ေပါင္ ၅၀၀ ပေဒသာ ဗုံးႀကီးမ်ား ႀကဲခ်ျခင္း၊ ဒုံးပစ္ဗုံးသီးမ်ားျဖင့္ ပစ္ခတ္ျခင္း၊ ေလယာဥ္ပစ္စက္ ေသနတ္မ်ားျဖင့္ ပစ္ခတ္တိုက္ခိုက္ျခင္း၊ နယ္ေျမအတြင္း လက္နက္ႀကီး ကုန္းမ်ားမွ လက္နက္ႀကီးျဖင့္ ပစ္ခတ္တိုက္ခိုက္မႈတို႔ေၾကာင့္ အရပ္သား ၅ ဦး ထက္မနည္းေသဆုံးၿပီး ၁၀ ခန္႔ ထိခိုက္ဒဏ္ရာ ရရွိခဲ့ရသည္ဟု ေဒသတြင္း သတင္းအရင္းအျမစ္မ်ားထံမွ သိရသည္။

ထို႔အျပင္ ေဒသတြင္း လူေနအိမ္၊ ေတာင္ယာစိုက္ခင္း၊ စာသင္ေက်ာင္း၊ ခရစ္ယန္ဘုရားေက်ာင္း၊ ဘုန္းႀကီးေက်ာင္း သာသနိက အေဆာက္အအုံမ်ားလည္း စစ္ေကာင္စီတပ္၏ လက္နက္ႀကီးေၾကာင့္ ပ်က္စီးဆုံးရႈံးခဲ့ၿပီး စစ္ေဘးေရွာင္ ျပည္သူ ၃၀,၀၀၀ ခန္႔အထိ တိုက္ပြဲလြတ္ရာ ေနရာမ်ားတြင္ ဆက္လက္ စစ္ေဘးေရွာင္ေနရဆဲ ျဖစ္သည္ဟု စစ္ေရွာင္ကူညီေရး လုပ္ေဆာင္ေန သူမ်ားက ေျပာသည္။ အဆိုပါ ႏွစ္ဖက္ တိုက္ခိုက္မႈမ်ားအတြင္း စစ္ေကာင္စီဘက္မွ ေလးေကေကာ္၊ သဃၤန္းညီေနာင္၊ ထီးမူးထ ႏွင့္ ေဝါေလ၊ ကနဲေလး၊ ေမာခီးေနရာမ်ားဘက္သို႔ စစ္အင္အား ဆက္လက္ ျဖည့္တင္း ပို႔ေဆာင္ကာ ေန႔ေရာ၊ ညပါ လက္နက္ႀကီးျဖင့္ တိုက္ခိုက္ျခင္း၊ ေလေၾကာင္းမွ တိုက္ခိုက္ျခင္း ေျမျပင္ စစ္ဆင္ေရးအသြင္ျဖင့္ တိုက္ခိုက္ျခင္းမ်ားေၾကာင့္ KNLA ပူးေပါင္း အဖြဲ႕ မ်ားႏွင့္ တိုက္ပြဲမ်ား ဆက္လက္ ျဖစ္ပြားေနဆဲျဖစ္ေၾကာင္း သိရသည္။ https://kicnews.org/2022/04/
**************
၂၂။ သံေတာင္တြင္ ကင္းလွည့္စစ္ေကာင္စီတပ္သား ၂ ဦး မိုင္းဆြဲတိုက္ခိုက္ခံရ၍ ေသဆုံး၊ လက္နက္ (၂)လက္ KNLA သိမ္းဆည္းရမိ
April 20, 2022

သံေတာင္ႀကီးၿမိဳ႕နယ္ ၊ သံေတာင္ၿမိဳ႕ႏွင့္ပ်ားစခန္း႐ြာအၾကားရွိ ၁၁ မိုင္ကုန္းအနားတြင္ ယေန႔ ဧၿပီလ ၂၀ရက္ေန႔ နံနက္ ၆နာရီခြဲ ခန႔္က ေျခလ်င္ျဖင့္ကင္းလွည့္ေနသည့္ စစ္ေကာင္စီတပ္သား (၂) ဦးအား ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္မေတာ္ -KNLA ပူးေပါင္းတပ္ဖြဲ႕က မိုင္းဆြဲတိုက္ခိုက္ခဲ့ရာ ၂ ဦးလုံးေသဆုံးသြားခဲ့သည္ဟု သိရသည္။

မိုင္းဆြဲတိုက္ခိုက္ခံရၿပီး ေသဆုံးသြားသည့္ ကင္းလွည့္စစ္ေကာင္စီတပ္သား (၂)ဦးထံမွ လက္နက္ (၂) လက္ပါ KNLA တပ္ဖြဲ႕က သိမ္းဆည္းရမိသည္ဟု ေဒသအေျခစိုက္ Taw Oo Karen News ေဖ့ဘြတ္လူမႈကြန္ရက္စာမ်က္ႏွာတြင္ ေဖာ္ျပထားသည္။

အဆိုပါ မိုင္းဆြဲတိုက္ခိုက္မႈ ျဖစ္စဥ္ျဖစ္ပြားၿပီးေနာက္ ၁၃ မိုင္ရွိ စစ္ေကာင္စီတပ္မ်ားသည္ ေမာ္ေတာ္ယာဥ္တစ္စီးျဖင့္ ေရာက္ရွိ လာၿပီး မိနစ္ ၃၀ေက်ာ္ၾကာ လမ္းပိတ္ စစ္ေဆးမႈမ်ား လုပ္ေဆာင္ခဲ့ၿပီးေနာက္ ကားလမ္းကို ျပန္လည္ဖြင့္ေပးခဲ့ေၾကာင္းလည္း ၎ေဒသခံက ဆက္ေျပာသည္။ ၎ ၁၁ မိုင္ကုန္းေနရာတြင္ ၿပီးခဲ့သည့္ ၂၀၂၁ခုႏွစ္ ၊ ႏိုဝင္ဘာလတုန္းကလည္း စစ္ေကာင္စီ တပ္သားမ်ား အလားတူ မိုင္းဆြဲတိုက္ခိုက္ခံရဖူးသည္ဟု Taw Oo Karen News ၏ ေဖာ္ျပခ်က္အရ သိရသည္။
https://kicnews.org/2022/04/
**************
၂၃။ ဝါးဘိုးေတာလမ္းဆုံရဲဂိတ္ တိုက္ခိုက္ခံရၿပီး ရဲ(၆) ဦးေသဆုံး
April 19, 2022

ကရင္ျပည္နယ္၊ ဖားအံၿမိဳ႕နယ္ ေကအဲန္ယူ-ကရင္အမ်ိဳးသားအစည္းအ႐ုံး သထုံခ႐ိုင္ (တပ္မဟာ-၁ နယ္ေျမ)ရွိ ဝါးဘိုးေတာ လမ္းဆုံ ရဲဂိတ္ကို ယေန႔ ဧၿပီလ ၁၉ ရက္ေန႔နံနက္တြင္ တိုက္ခိုက္ခံရၿပီး ရဲတပ္ဖြဲ႕ဝင္ ၆ ဦးေသဆုံးခဲ့သည္ဟု သိရသည္။ ဖားအံ-သထုံ-ကမေမာင္းသြားသည့္ လမ္းဆုံျဖစ္သည့္ အဆိုပါ ဝါးဘိုးေတာလမ္းဆုံရွိ ရဲစစ္ေဆးေရးဂိတ္အား နံနက္ ယေန႔ နံနက္၈ နာရီခြဲတြင္ နယ္ေျမခံ ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္မေတာ္- KNLA ႏွင့္ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ (PDF) ပူးေပါင္း တပ္ဖြဲ႕က ဝင္ေရာက္ ပစ္ခတ္တိုက္ခိုက္ခဲ့ျခင္းျဖစ္သည္ဟု KNU ဘက္က ေျပာသည္။

အဆိုပါ ရဲဂိတ္ ဝင္ေရာက္ပစ္ခတ္မႈတြင္ လက္နက္ငယ္ (၃)ႏွင့္ က်ည္ ၁၅ ေတာင့္ သိမ္းဆည္းရမိသည္ဟုလည္း KNU တပ္မဟာ -၁ က ေျပာသည္။ ၎လမ္းဆုံရဲဂိတ္တြင္ နယ္ေျမခံ KNLA ႏွင့္ PDF ပူးေပါင္းတပ္ဖြဲ႕မွ ကားႏွင့္ဝင္ေရာက္ပစ္ခတ္တိုက္ခိုက္ သြားျခင္းျဖစ္ၿပီး ပစ္ခတ္မႈျဖစ္ၿပီးသည့္ေနာက္ ထိုဂိတ္အနီးတြင္ မိုင္း ၂ လုံး ထပ္မံေပါက္ကြဲခဲ့သည္ဟုလည္း ေဒသခံမ်ားထံမွ သိရွိ ရသည္။

အဆိုပါ ရဲဂိတ္တိုက္ခိုက္ခံရသည့္အတြက္ စစ္ေကာင္စီတပ္မ်ား ေရာက္လာၿပီး ေသနတ္ရမ္းသမ္း ပစ္ခတ္ျခင္းမ်ားလုပ္ေဆာင္ခဲ့ သလို လမ္းပိတ္စစ္ေဆးမႈမ်ားလည္း မိုမိုလုပ္ေဆာင္လ်က္ရွိသည္ဟု ေဒသခံမ်ားက ေျပာသည္။
https://kicnews.org/2022/04/
**************
၂၄။ မတူပီၿမိဳ႕နယ္ လည္မ်ိဳေခ်ာင္းဆုံတိုက္ပြဲတြင္ စစ္ေကာင္စီဗိုလ္ႀကီးအဆင့္အပါအဝင္ ၈ ဦးေသဆုံး
APRIL 22, 2022

မတူပီၿမိဳ႕နယ္ မင္းတပ္-မတူပီလမ္းမေပၚရွိ လည္မ်ိဳေခ်ာင္းဆုံတြင္ CDF-Matupi ႏွင့္ စစ္ေကာင္စီတပ္ဖြဲ႕တို႔ ဧၿပီလ ၂၀ ရက္ ယမန္ေန႔က တိုက္ပြဲျဖစ္ပြားခဲ့ၿပီး စစ္ေကာင္စီဘက္မွ ဗိုလ္ႀကီးအဆင့္အပါအဝင္ ၈ ဦးေသဆုံးခဲ့သည္ဟု CDF-Matupi ျပန္ၾကား ေရးတာဝန္ရွိသူ တစ္ဦးက ေျပာသည္။

မတူပီၿမိဳ႕အေျခစိုက္ စစ္ေကာင္စီတပ္ ခမရ ၃၀၄ တပ္ရင္းသည္ နယ္ေျမရွင္းလင္းေရးျပဳလုပ္သည္ဟုဆိုကာ CDF-Matupi တပ္ရင္း ထိန္းခ်ဳပ္နယ္ေျမဧရိယာအတြင္းသို႔ ဝင္ေရာက္လာျခင္းေၾကာင့္ ႏွစ္ဘက္တိုက္ပြဲျဖစ္ပြားခဲ့ျခင္းျဖစ္သည္ဟု သိရသည္။ စစ္ေကာင္စီတပ္ဘက္မွ ယမန္ေန႔တိုက္ပြဲျဖစ္ပြားၿပီးေနာက္ပိုင္းတြင္လည္း စစ္အင္အား ၁၀၀ ဝန္းက်င္ထပ္မံ ျဖည့္တင္းလာ သည္ဟု သိရသည္။

CDF-Matupi ႏွင္ စစ္ေကာင္စီတပ္ဖြဲ႕တို႔ ယေန႔မနက္ပို္င္းတြင္ ထိေတြ႕မႈထပ္မံမရွိေသးေသာ္လည္း စစ္ေကာင္စီ ဘက္မွ ဖုန္းလိုင္းမ်ားျဖတ္ေတာက္ၿပီး မၾကာမွီအခ်ိန္တြင္းမွာလည္း တိုက္ပြဲမ်ားဆက္လက္ ျပင္းထန္းလာႏိုင္ဖြယ္ရွိသည္ဟု CDF-Matupi က ျပန္ၾကားေရးတာဝန္ရွိသူက ေျပာသည္။ https://kicnews.org/2022/04/
**************
၂၅။ ေကာ့ကရိတ္ၿမိဳ႕နယ္ ညမထြက္ရအမိန႔္အား အခ်ိန္တိုးကန႔္သတ္
(၂၀၂၂ ဧၿပီ ၂၀)

ကရင္ျပည္နယ္၊ ေကာ့ကရိတ္ၿမိဳ႕နယ္ကို ညမထြက္ရ အမိန႔္ ရာဇသတ္ထုံး ဥပေဒ ပုဒ္မ ၁၄၄ အား အခ်ိန္တိုး ကန႔္သတ္လိုက္ ေၾကာင္း ေကာ့ကရိတ္ခ႐ိုင္၊ ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနမွ ထုတ္ျပန္ခဲ့သည္။ ယခင္ ညမထြက္ရ အမိန႔္ျဖစ္သည့္ ည(၁၀:၀၀)နာရီမွ နံနက္ (၄:၀၀) နာရီအတြင္း မထြက္ရဟူသည့္ ယခင္အမိန႔္အား ပယ္ဖ်က္ၿပီး ယေန႔ (ဧၿပီ ၂၀ ရက္)မွ စတင္ကာ ည(၈:၀၀နာရီမွ နံနက္(၄:၀၀) နာရီ အတြင္း အျပင္မထြက္ရဟူ၍ အခ်ိန္တိုး ထုတ္ျပန္ခဲ့သည္။

ယင္းတို႔ ျပဳလုပ္ရျခင္းမွာလည္း ၿငိမ္ဝပ္ပိျပားေရးႏွင့္ လုံၿခဳံေရးကို ထိခိုက္ေစႏိုင္သည့္ ပဋိပကၡ႐ုန္းရင္းဆန္ခတ္မႈမ်ား ျဖစ္ေပၚ ေစသည္ဟု ယူဆသည့္အတြက္ေၾကာင့္ သတ္မွတ္ နယ္နိမိတ္အတြင္း စုေဝးျခင္း၊ ေဟာေျပာျခင္း၊ စီတန္းလမ္းေလွ်ာက္ျခင္း၊ လႈံေဆာ္ျခင္း၊ တိုက္တြန္းျခင္း၊ ဆႏၵျပျခင္း၊ ဆူပူျခင္း၊ ႐ုန္းရင္းဆန္ခတ္ျပဳလုပ္ျခင္းမ်ား မျပဳလုပ္ရေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။ ၿမိဳ႕နယ္ေကာင္စီ၏ ထုတ္ျပန္ခ်က္အရ သတ္မွတ္ထားသည့္ အေရွ႕ဘက္တြင္ ျမဝတီၿမိဳ႕နယ္၊ အေနာက္ဘက္ တြင္ က်ိဳက္မေရာၿမိဳ႕နယ္၊ ေတာင္ဘက္တြင္ ၾကာအင္းဆိပ္ႀကီးၿမိဳ႕နယ္၊ ေျမာက္ဘက္တြင္ ဖားအံႏွင့္ လႈိင္းဘြဲၿမိဳ႕နယ္အထိ ပါဝင္ သည္။

ေကာ့ကရိတ္ၿမိဳ႕နယ္ႏွင့္ အနီးတစ္ဝိုက္တြင္ မၾကာခဏ မိုင္းဆြဲတိုက္ခိုက္မႈမ်ား၊ ထိေတြ႕မႈမ်ား ျဖစ္ပြားလ်က္ရွိသလို၊ ျမဝတီ – ေကာ့ကရိတ္လမ္းမႀကီးေပၚမွာလည္း မၾကာခဏ မိုင္းဆြဲတိုက္ခိုက္မႈမ်ား ျဖစ္ပြားလ်က္ရွိသည္။ ထို႔အတူ ဧၿပီ ၁၈ ရက္က ကရင္အမ်ိဳးသားအစည္းအ႐ုံး (KNU) ၏ တပ္မဟာ ၆ ဒူးပလာယာခ႐ိုင္အတြင္း ခရီးသြားလာခြင့္ စည္းကမ္းခ်က္မ်ားကို လိုက္နာ ရန္ ထုတ္ျပန္ခဲ့ၿပီး ခရီးသြားလာခြင့္ကို ေန႔စဥ္ နံနက္ ၆ နာရီမွ ည ၇ နာရီအတြင္းသာ သြားလာခြင့္ ျပဳေတာ့မည္ျဖစ္ေၾကာင္း ည ၇ နာရီမွ နံနက္ ၆ နာရီအတြင္း ျဖတ္သန္းသြားလာခြင့္ မျပဳေၾကာင္း ထုတ္ျပန္ခဲ့သည္။
https://burmese.monnews.org/2022/04/21/
*******************
၂၆။ KNU တပ္မဟာ ၁ နယ္ေျမအတြင္းမွ တပ္မေတာ္စခန္းမ်ား ဆုတ္ခြာရန္ ထုတ္ျပန္
(၂၀၂၂ ဧၿပီ ၂၀)

ကရင္အမ်ိဳးသားအစည္းအ႐ုံး (KNU) ၏ တပ္မဟာ ၁ နယ္ေျမ သထုံခ႐ိုင္ အတြင္းရွိ တပ္မေတာ္စခန္းမ်ား မိမိတို႔ နယ္ေျမမွ ဆုတ္ခြာရန္ KNDO မွ ယေန႔ (ဧၿပီ ၂၀ ရက္) တြင္ ထုတ္ျပန္ခဲ့သည္။ တပ္မဟာ ၁ KNDO တပ္ရင္း (၂) နယ္ေျမအတြင္းတြင္ တပ္စြဲ ထားသည့္ တပ္မေတာ္မ်ား၏ (ေလးေက)စခန္းႏွင့္ (ဝင္းတာပန္) စခန္းတို႔သည္ ၂၃-၄-၂၀၂၂ ရက္ ည ၆ နာရီ ေနာက္ဆုံးထားၿပီး စခန္းဆုတ္ခြာရမည္ဟု ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။ ထို႔အတူ မိမိတို႔ နယ္ေျမအတြင္း စခန္းမ်ား ဆုတ္ခြာျခင္းမရွိပါက စစ္ေရးအရ ထိေရာက္စြာ အေရးယူမည္ျဖစ္ေၾကာင္းလည္း ေဖာ္ျပထားသည္။

တပ္မေတာ္အေနျဖင့္ ႏိုင္ငံအႏွံအျပားရွိ တိုင္းရင္းသားျပည္သူမ်ားအေပၚ ဖမ္းဆီးသတ္ျဖတ္ျခင္း၊ ညႇင္းပန္ႏွိပ္စက္ျခင္း၊ အိမ္ ေထာင္သည္ႏွင့္ ကေလးသူငယ္မ်ားပါမက်န္ မုဒိမ္းက်င့္ျခင္း၊ အိုးအိမ္စည္းစိမ္မ်ားအား မထင္ရင္ မထင္လ်င္ မထင္သလို မီးရႈိ႕ ဖ်က္စီးျခင္း အစရွိသျဖင့္ ျပဳမူဆက္ဆံေနျခင္းမ်ား ရွိေနျခင္းေၾကာင့္ မိမိတို႔နယ္ေျမအတြင္း ေနထိုင္ခြင့္ မျပဳႏိုင္ေၾကာင့္ ေဖာ္ျပ ထားသည္။

ကရင္အမ်ိဳးသားကာကြယ္ေရးအဖြဲ႕ KNDO ႏွင့္ ပူးေပါင္းလိုပါက သတ္မွတ္ရက္ မတိုင္မီ ဆက္သြယ္ရန္ႏွင့္ ထြက္ခြာရန္ လမ္း ေၾကာင္းႏွင့္ အခ်ိန္အား တိက်စြာ ႀကိဳတင္ညႇိႏႈိင္းရန္လည္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
https://burmese.monnews.org/2022/04/21/
*******************
၂၇။ ေမာ္လၿမိဳင္ၿမိဳ႕နယ္အတြင္း စက္သုံးဆီမ်ားကို ခြဲတမ္းစနစ္ျဖင့္ မေရာင္းရေသး
(၂၀၂၂ ဧၿပီ ၁၉)

ေမာ္လၿမိဳင္ၿမိဳ႕နယ္အတြင္းရွိ စက္သုံးဆီဆိုင္မ်ားတြင္ စက္သုံးဆီကို ခြဲတမ္းစနစ္ျဖင့္ မေရာင္းခ်ရေသးေၾကာင္း စက္သုံးဆီ အေရာင္းဆိုင္ရွင္မ်ားထံက သိရသည္။ လက္လီစနစ္ လာ‌ေရာက္ဝယ္ယူ ဆီျဖည့္သည့္ ကားႏွင့္ ဆိုင္ကယ္မ်ားကို လိုသေလာက္ ေရာင္းခ်ေပးေနေၾကာင္း ေမာ္လၿမိဳင္ၿမိဳ႕မွ စက္သုံးဆီအေရာင္းဆိုင္တာဝန္ရွိသူက ေျပာသည္။

လကၠားစနစ္ျဖင့္ ဆီတိုင္ကီမ်ားျဖင့္ လာေရာက္ဝယ္ယူမႈမ်ားကိုသာ အကန႔္အသတ္ျဖင့္ ေရာင္းခ်ေပးေနရျခင္း ျဖစ္ေၾကာင္း ၎က ဆက္ေျပာသည္။ လက္ရွိတြင္ ၿမိဳ႕အတြင္း စက္သုံးဆီဆိုင္မ်ားတြင္ ကား၊ ဆိုင္ကယ္မ်ား တိုးေနၿပီး ျပည္သူမ်ားအေနျဖင့္ မစိုးရိမ္ၾကရန္ ျဖည့္စြက္ေျပာသည္။ စက္သုံးဆီမ်ား ဝယ္ယူရ ခက္ခဲေနေသာ္လည္း ျပတ္လပ္မႈ မရွိႏိုင္‌ေသးေၾကာင္း စက္သုံးဆီ အေရာင္းအဝယ္ဆိုင္မ်ားထံက သိရသည္။

တစ္ခ်ိဳ႕ စက္သုံးဆီ ဆိုင္အေသးမ်ားသည္ ဆီက်န္ရွိေနသည့္ အေနအထားေပၚမူတည္ၿပီး ေန႔စဥ္ ေန႔တစ္ဝက္သာ ဖြင့္လွစ္ ေရာင္း ခ်ေပးသြားမည္ျဖစ္ေၾကာင္း စက္သုံးဆီေရာင္းဝယ္ေနသူ တစ္ဦးက ေျပာသည္။ လက္ရွိတြင္ က်န္ရွိေနသည့္ စက္သုံးဆီမ်ား ကုန္သြားပါက ခဏရပ္နားထားမည္ ျဖစ္ေၾကာင္း ၎က ဆက္ေျပာသည္။ စက္သုံးဆီ ေဈးႏႈန္းမ်ား ျပန္လည္ျမင့္တက္လာေနၿပီး ထပ္မံ ျမင့္တက္လာႏိုင္ေၾကာင္း စက္သုံးဆီအေရာင္းဆိုင္ရွင္မ်ားက သုံးသပ္ေျပာသည္။
https://burmese.monnews.org/2022/04/21/
*******************
၂၈။ မိုးရာသီမတိုင္ခင္ ရခိုင္စစ္ေဘးေရွာင္စခန္းမ်ားအျမန္ဆုံးျပဳျပင္ရန္ လိုအပ္ေနဟုဆို
21 Apr, 2022

မိုးသက္ေလျပင္းတိုက္ခတ္မႈေၾကာင့္ ရခိုင္က စစ္ေဘေရွာင္စခန္းမ်ားရွိ အေဆာင္မ်ား၊ ေနအိမ္မ်ား ၿပိဳပ်က္သြားခဲ့သျဖင့္ မိုးရာသီ မတိုင္ခင္ ၎ေနအိမ္မ်ားကို အျမန္ဆုံးျပဳျပင္ရန္လိုအပ္ေနသည္ဟု စစ္ေဘးေရွာင္မ်ားက ေျပာသည္။ ေက်ာက္ေတာ္ၿမိဳ႕နယ္၊ ေတာင္မင္းကုလားစစ္ေဘးေရွာင္စခန္းရွိ ေနအိမ္ ၁၀၀ ေက်ာ္အနက္ ၁၀ လုံးမွာ လုံးဝၿပိဳပ်က္ေနၿပီး က်န္ေနအိမ္မ်ားမွာလည္း တစ္ပိုင္းတစ္ ယိုင္လဲၿပိဳပ်က္ေနၿပီျဖစ္သျဖင့္ အျမန္ဆုံး ျပဳျပင္ရန္ လိုအပ္ေနသည့္အထဲတြင္ပါဝင္ေၾကာင္း ေတာင္မင္းကုလား စစ္ေဘးေရွာင္စခန္းမွ အမ်ိဳးသမီးႏွင့္ ကေလးတာဝန္ခံ ေဒၚမေအးခိုင္က နိရၪၥရာ သတင္းဌာနကို ေျပာသည္။

အဆိုပါေတာင္မင္းကုလားစစ္ေဘးေရွာင္စခန္းတြင္ မသန္စြမ္းဦးေရ ၁၇ ဦးရွိကာ သဘာဝေဘး အႏၲရာယ္တစ္ခုခုႏွင့္ ႀကဳံလာပါ ကလည္း ေဘးလႊတ္ရာကိုေရွာင္ေျပးရန္အတြက္ အခက္အခဲမ်ား ရွိေနေၾကာင္း ေဒၚမေအးခိုင္ကဆက္ေျပာသည္။ ရခိုင္ရွိစစ္ေဘး ေရွာင္စခန္းမ်ားရွိ ေနအိမ္မ်ားမွာ ဝါးႏွင့္ ဓနိအုန္းလက္အမိုးအကာမ်ားကို အသုံးျပဳ၍ ေဆာက္လုပ္ထားေသာေနအိမ္မ်ား ျဖစ္ သျဖင့္ ရာသီဥတုဆိုး႐ြားသည့္ဒဏ္ကို ခံႏိုင္ရည္မရွိသျဖင့္ ေနအိမ္မ်ား ပ်က္စီးမႈမ်ားျပားေနၿပီး အျမန္ျပဳျပဳရန္လိုအပ္ေနသည္ဟု စစ္ေဘးေရွာင္မ်ားက ေျပာၾကသည္။

ရခိုင္ျပည္နယ္မွ ၿမိဳ႕အခ်ိဳ႕တြင္ ယမန္ေန႔ ဧၿပီလ ၂၀ ရက္ တိုက္ခတ္သြားသည့္ မိုးသက္ေလျပင္းေၾကာင့္ စစ္ေဘးေရွာင္စခန္းမ်ားရွိ ေနအိမ္အမ်ားစုမွာ ေနထိုင္လို႔မရေအာင္အထိ ၿပိဳပ်က္စီးသြားမႈမ်ားလည္း ရွိခဲ့ၿပီး လက္ရွိတြင္ လူမႈအဖြဲ႕အစည္းမ်ားက အပ်က္ အစီးစာရင္းကို ေကာက္ခံေနေၾကာင္း သိရသည္။ ရခိုင္တြင္ ေနရပ္မျပန္ႏိုင္သည့္ စစ္ေဘးေရွာင္ဦးေရ ၆ ေသာင္းခန႔္ ရွိၿပီး အဓိက ေနရပ္ မျပန္ႏိုင္ၾကသည့္ အေၾကာင္းအရင္းမ်ားမွာ ၎တို႔၏ေနရပ္တြင္ သက္ဆိုင္ရာမွ မိုင္းရွင္းလင္း ေပးမႈမ်ားမွ ယခုအခ်ိန္ထိ မရွိေသးသျဖင့္ အသက္အႏၲရာယ္ကိုစိုးရိမ္၍ ေနရပ္ျပန္ႏိုင္ျခင္းျဖစ္ေၾကာင္း စစ္ေဘးေရွာင္မ်ားကေျပာသည္။
https://burmese.narinjara.com/news/detail/6260e3830e719f232cb3184a
********************
၂၉။ ေျမာက္ဦးယူနက္စ္ကို ဝင္ႏိုင္ေရးအတြက္ ေရွးေဟာင္းနယ္ေျမအတြင္းရွိ ေစ်းဆိုင္မ်ား၊ ေနအိမ္မ်ား ဖယ္ရွားေပးရန္ ေရွး/သုကၫႊန္ၾကားထားေသာ္လည္း စစ္တပ္တပ္ရင္းမ်ားအား မေ႐ႊ႕ေျပာင္းခိုင္းျခင္း အေပၚ ေဒသခံမ်ားေဝဖန္
21 Apr, 2022

ေျမာက္ဦးယဥ္ေက်းမႈနယ္ေျမကို UNESO ကမာၻအေမြအႏွစ္ စာရင္း ဝင္ႏိုင္ေရးအတြက္ ေရွးေဟာင္း နယ္ေျမအတြင္းရွိ ေစ်းဆိုင္ မ်ား၊ ေနအိမ္မ်ားအား ဖယ္ရွားေပးရန္ ေရွး/သုက ၫႊန္ၾကားထားေသာ္လည္း ေရွးသုနယ္ေျမအတြင္းတပ္စြဲထားေသာ စစ္တပ္တပ္ ရင္းမ်ား၊ ရဲစခန္းမ်ားအား မေ႐ႊ႕ေျပာင္းခိုင္းအေပၚ ေဒသခံမ်ားေဝဖန္ေျပာဆိုမႈမ်ား ရွိေနသည္။ ေျမာက္ဦးတြင္ စစ္တပ္တပ္ရင္း အမွတ္ ၅၄၀၊ ၃၇၇၊ ၃၇၈ ႏွင့္ ရဲတပ္ရင္းတစ္ခုအျပင္ တျခား တပ္ျဖန႔္ထားသည့္ ေနရာ အနည္းဆုံး ၈ ေနရာမွ ေနရာ ၁၀ ခုထိရွိေန ေၾကာင္းေဒသခံမ်ားက ေျပာသည္။

လက္ရွိ ေျမာက္ဦးေဒသေရွးေဟာင္းအေမြအႏွစ္စာရင္းဝင္ႏိုင္ေရး ေျမာက္ဦး ယဥ္ေက်းမႈဇုန္နယ္ေျမ အတြင္းရွိ က်ဴးေက်ာ္မ်ားကို ဖယ္ရွားရန္ စီစဥ္လ်က္ရွိၿပီး နန္းေတာ္ရာကုန္း ပတ္ဝန္းက်င္တြင္ ဖြင့္လွစ္ထားေသာ ေစ်းဆိုင္ခန္းမ်ားအား ဧၿပီလ ၂၀ ရက္ေန႔ ေနာက္ဆုံးထားဖယ္ရွားေပးရန္ႏွင့္ မလိုက္နာပါကတည္ဆဲဥပေဒျဖင့္ အေရးယူမည္ဟု ဧၿပီလ ၁၈ ရက္ေန႔ ရက္စြဲျဖင့္ ေရွး/သုဌာနက ထုတ္ျပန္ထားသည္။ ယခုကဲ့သို႔ ေရွးေဟာင္းနယ္ေျမ၊ ဘုရားပုထိုးဝန္းက်င္တို႔တြင္ စစ္တပ္ တပ္စြဲေနထိုင္ျခင္းမွာ ဥပေဒကို မေလးစားရာ၊ က်ဴးေက်ာ္ရာေရာက္ေၾကာင္းႏွင့္ တည္ဆဲဥပေဒမ်ားႏွင့္ မညီၫြတ္ေၾကာင့္ ေျမပုံၿမိဳ႕နယ္ျပည္သူ႔ လႊတ္ေတာ္ ကိုယ္စားလွယ္ေဟာင္း ဦးေဖသန္းက နိရၪၥရာသတင္းဌာနကို ေျပာသည္။

အဆိုပါ ကိစၥႏွင့္ ပတ္သက္ၿပီး ေျမာက္ဦးေရွး/သုဌာနကို ဧၿပီ ၂၀ ရက္ေန႔က ဖုန္းျဖင့္ ဆက္သြယ္ရာ တစ္စုံတစ္ရာ လက္ခံ ေျဖဆိုျခင္း မရွိပါ။ ေျမာက္ဦးကို ယူနက္စ္ကို ကမာၻ႔ေရွးေဟာင္းအေမြအႏွစ္စာရင္းဝင္ႏိုင္ေရး အဆိုျပဳလႊာမူေခ်ာကို ၂၀၂၁ခုႏွစ္ ဒီဇင္ဘာလ ၃၀ ရက္ေန႔ကတင္သြင္းခဲ့ၿပီး လာမည့္ ၂၀၂၃ ခုႏွစ္တြင္ ယူနက္စကိုမွ ပညာရွင္မ်ားက လာေရာက္ ကြင္းဆင္းေလ့လာ မည္ဟု သိရသည္။ https://burmese.narinjara.com/news/detail/6260cc8e0e719f232cb31848
******************
၃၀။ သက္အမ်ိဳးသားေန႔ ပထမဆုံးအႀကိမ္အျဖစ္ နယ္စပ္ၿမိဳ႕ ေမာင္ေတာတြင္ က်င္းပမည္
20 Apr, 2022

ရခိုင္ျပည္နယ္တြင္ လူဦးေရ ၃၀၀၀ ခန႔္သာ က်န္ရွိေတာ့သည့္ သက္လူမ်ိဳးတို႔၏ အမ်ိဳးသားေန႔ကို အေနာက္ဘက္နယ္စပ္ ေမာင္ေတာၿမိဳ႕နယ္တြင္ လာမည့္ ေမလ ၁ ရက္ေန႔၌ ပထမဆုံးအႀကိမ္ က်င္းပျပဳလုပ္မည္ျဖစ္ေၾကာင္း သက္အမ်ိဳးသားေန႔ က်င္းပေရးေကာ္မတီမွ နယက ဦးလွထြန္းေက်ာ္က နိရၪၨရာကို ေျပာသည္။ အမ်ိဳးသားေန႔ အခမ္းအနားတြင္ လူထုေဟာေျပာ ပြဲမ်ား၊ ႐ိုးရာအကၿပိဳင္ပြဲမ်ား၊ အျခား အားကစားၿပိဳင္ပြဲမ်ားကိုလည္း ထည့္သြင္း က်င္းပ ျပဳလုပ္သြားမည္ျဖစ္ျဖစ္ေၾကာင္း၊ ေမလ ၁ ရက္ေန႔တြင္ ဆုမ်ားကို ခ်ီးျမႇင့္သြားမည္ျဖစ္ေၾကာင္း၊ သက္လူမ်ိဳး ႐ိုးရာ အသုံးအေဆာင္မ်ား၊ ႐ိုးရာဝတ္စားဆင္ယင္ပုံမ်ားအား ျပသေရာင္းခ်သြားမည္ျဖစ္ေၾကာင္း ၎က ဆက္လက္ ေျပာသည္။

သက္အမ်ိဳးသားေန႔မွ တဆင့္ သက္လူမ်ိဳးမ်ား ကမာၻေပၚမွာ ရွိေနေသးေၾကာင့္ ျပသျခင္းရသည့္ အတြက္ ဝမ္းသာမိေၾကာင္း ေျမာက္ဦးၿမိဳ႕နယ္ ေအာင္သီရီေက်း႐ြာမွ သက္အမ်ိဳးသမီး မခိုင္ေက်ာ့ရီက ေျပာသည္။ ရခိုင္မ်ိဳးႏြယ္စုထဲတြင္ ရခိုင္အပါအဝင္ ၿမိဳ၊ ခမီ၊သက္၊ မရမာ၊ သကၠမ(ခ) ဒိုင္းနက္ႏွင့္ ကမန္ စသည့္မ်ိဳးႏြယ္စုမ်ားရွိရာ သက္လူမ်ိဳးသည္ လူဦးေရအနည္းဆုံးျဖင့္ က်န္ရွိေန သည့္ ရခိုင္မ်ိဳးႏြယ္စု တစ္ခုျဖစ္သည္။

သက္လူမ်ိဳးမ်ားသည္ ေတာင္ယာႏွင့္ လယ္လုပ္ငန္းမ်ားကို အမ်ားဆုံး လုပ္ကိုင္လ်က္ရွိၿပီး ရခိုင္ျပည္နယ္ တြင္ လူဦးေရ ၃၀၀၀ ခန႔္သာ က်န္ရွိေတာ့ၿပီး ေမာင္ေတာၿမိဳ႕နယ္တြင္ အမ်ားဆုံးေနထိုင္ကာ ဒုတိယအမ်ာဆုံးအျဖစ္ ေျမာက္ဦးၿမိဳ႕နယ္၊ ဘူးသီးေတာင္၊ ရေသ့ေတာင္၊ ပုဏၰားကြၽန္း၊စစ္ေတြႏွင့္ အမ္ၿမိဳ႕နယ္ စသည့္ ၿမိဳ႕နယ္မ်ားတြင္ အသီးသီး ပ်ံ႕ႏွံ႔ ေနထိုင္လ်က္ရွိသည္။ ျမန္မာႏိုင္ငံသို႔ ပထမဆုံး အေျခခ် ေနထိုင္လာသည့္ ပ်ဴ၊ ကမ္းယံ၊ သက္ အထဲတြင္ ပါဝင္သည့္ သက္လူမ်ိဳးမ်ားသည္ ျမန္မာတစ္ႏိုင္ငံလုံးတြင္ လူဦးေရ ၆၀၀၀ ခန႔္သာ က်န္ရွိေတာ့ေၾကာင္း သိရၿပီး ဘဂၤလားေဒ့ရွ္ ႏိုင္ငံတြင္လည္း ေနထိုင္ၾကသည္ဟု သိရသည္။
https://burmese.narinjara.com/news/detail/625f68b10e719f232cb3183c
******************
၃၁။ နမ့္စန္ၿမိဳ႕နယ္ ေက်ာက္မီးေသြးတြင္းအနီး တပ္ကင္းစခန္းသစ္ေဆာက္ရန္ ေဒသခံကိုအတင္းအဓမၼေခၚ
April 21, 2022

သွ်မ္းျပည္ေတာင္ပိုင္း နမ့္စန္ၿမိဳ႕နယ္အတြင္း ေက်ာက္မီးေသြးတြင္းအနီး စစ္ေကာင္စီတပ္မွ ေဒသခံ (၁၀၀) ေက်ာ္ ေခၚယူၿပီး ကင္းတပ္စခန္းအသစ္ တည္ေဆာက္ရန္ အတင္းအဓမၼေစခိုင္းေၾကာင္း စုံစမ္းသိရွိရသည္။ ၿပီးခဲ့သည့္ မတ္လ (၂၉-၃၀) ရက္တြင္ နမ့္စန္ၿမိဳ႕နယ္ ေနာင္ဟီးေက်း႐ြာအုပ္စု ေနာင္မိုေက်း႐ြာမွ ေဒသခံ (၁၀၆) ဦးကို ၎တို႔၏ ကင္းတပ္စခန္း အသစ္တည္ ေဆာက္ရန္အတြက္ ေစခိုင္းခဲ့ၿပီး အသစ္တူးေဖာ္မည့္ ေက်ာက္မီးေသြးတြင္းႏွင့္ (၁) မိုင္ခန႔္သာ ကြာေဝးေၾကာင္း သိရသည္။

ထိုအသစ္တည္ေဆာက္မည့္ တပ္ကင္းစခန္းသည္ နမ့္မိုေက်း႐ြာ ေဒသခံ လုံးဆာ၏ လယ္ယာေျမေပၚမွာ သြားေရာက္ တည္ေဆာက္ထားၿပီး စစ္ေကာင္စီဘက္မွ ပိုင္ရွင္ထံ အေၾကာင္းတစ္စုံတစ္ရာ အသိေပး အေၾကာင္းၾကားျခင္း မရွိေၾကာင္း၊ ႐ြာသားမ်ားကို ကတုတ္က်င္းတူးခိုင္းျခင္း၊ သစ္ဝါးမ်ား ခုတ္ရျခင္း ႏွင့္ ၿခံစည္း႐ိုးမ်ား ကာရျခင္းမ်ား ျပဳလုပ္ေပးရေၾကာင္း ၎ကထပ္ေလာင္းေျပာသည္။ ၂၀၂၁ ခုႏွစ္ ႏိုဝင္ဘာလတြင္ စစ္ေကာင္စီ လက္ေအာက္ခံ သယံဇာတ ႏွင့္ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရး ဝန္ႀကီးဌာနမွ ထုတ္ျပန္ေသာ တစ္ႏိုင္ငံလုံး သယံဇာတတူးေဖာ္ခြင့္ျပဳသည့္စာရင္းသည္ နမ့္စန္ၿမိဳ႕နယ္ ေနာင္ဟီး ေက်း႐ြာအုပ္စုတြင္ တူးေဖာ္ရန္ စီစဥ္ေနသည့္ စုစုေပါင္း ဧက (၅၀၀) ေက်ာ္ က်ယ္ဝန္းသည့္ ေက်ာက္မီးေသြးတြင္း (၅) ခုလည္း ပါဝင္သည္။

အဆိုပါ ေက်ာက္မီးေသြးတြင္း အားလုံးသည္ ေငြရည္ပုလဲ ကုမၸဏီ၏ လက္ေအာက္ခံ မႏၲေလး ျဖန႔္ခ်ီေရး ႏွင့္ သတၱဳတူးေဖာ္ေရး ကုမၸဏီမွ တူးေဖာ္ခြင့္ျပဳခ်က္ ရရွိထားသည္ဟု သွ်မ္းလူ႔အခြင့္အေရး မ႑ိဳင္မွ ထုတ္ျပန္ထားသည္။
https://burmese.shannews.org/archives/27805
******************
၃၂။ ႐ြာငံၿမိဳ႕နယ္ စစ္ေကာင္စီ မွ ျပည္သူေနအိမ္ (၂)လုံး မီးရႈိ႕ဖ်က္ဆီးခံရ
April 21, 2022

သွ်မ္းျပည္ေတာင္ပိုင္း ႐ြာငံၿမိဳ႕နယ္အတြင္း အေျခစိုက္လႈပ္ရွားေနသည့္ ေဒသခံျပည္သူ႔ကာကြယ္ေရး ပူးေပါင္း တပ္ဖြဲ႕တို႔၏ စခန္းေနရာ ထိုးစစ္ဆင္ခံရၿပီးေနာက္ စစ္ေကာင္စီမွ ေဒသခံ ေနအိမ္ (၂) လုံးကို မီးရႈိ႕ဖ်က္ဆီး ခဲ့ေၾကာင္း သတင္းသိရသည္။ ယမန္ေန႔ (ဧၿပီ ၂၀) ရက္ ႐ြာငံၿမိဳ႕ရွိ နဘန္းႀကီးေက်း႐ြာ၏ ေျမာက္ဘက္တြင္ စစ္ေကာင္စီတပ္ဖြဲ႕ႏွင့္ ေဒသခံျပည္သူ႔ကာ ကြယ္ေရးပူးေပါင္းတပ္ဖြဲ႕တို႔က ျပင္းထန္စြာတိုက္ပြဲျဖစ္ပြားခဲ့ၿပီးေနာက္ စစ္ေကာင္စီတို႔က ေက်း႐ြာအတြင္းသို႔ စစ္ေၾကာင္းထိုးကာ ေနအိမ္မ်ားကို ဖ်က္ဆီးလိုက္ေၾကာင္း ေဒသခံ အမ်ိဳးသမီးတစ္ဦးက သွ်မ္းသံေတာ္ဆင့္ကို ေျပာသည္။

စစ္ေကာင္စီတို႔သည္ နဘန္းႀကီးေက်း႐ြာအျပင္ ပဲရင္ေတာင္ေက်း႐ြာႏွင့္ ေဗြးႏွခါးတို႔မွ ျပည္သူပိုင္ေနအိမ္မ်ားလည္း ဖ်က္ဆီးခံ လိုက္ရၿပီး အသက္ ၁၈ ႏွစ္ေအာက္ ကေလးငယ္မ်ားႏွင့္ အမ်ိဳးသမီးမ်ားအပါအဝင္ ေဒသခံမ်ား ဖမ္းဆီးခံရမႈ ရွိေနေၾကာင္းလည္း သိရသည္။ ထြက္ေျပးတိမ္းေရွာင္ျခင္း မျပဳႏိုင္ဘဲ ႐ြာထဲ က်န္ရွိေနသည့္ ေဒသခံမ်ားအေနျဖင့္လည္း စစ္ေကာင္စီတပ္သား တို႔ကို ေၾကာက္႐ြံ႕သျဖင့္ အိမ္အျပင္မထြက္ရဲေၾကာင္း၊ အိမ္ထဲေနထိုင္ေသာ္လည္း လုံၿခဳံမႈမရွိသလို ခံစားရေၾကာင္း ေဒသခံမ်ားက ေျပာ သည္။

လက္ရွိတြင္ ႐ြာငံၿမိဳ႕အတြင္း၌ စစ္ေကာင္စီတပ္ဖြဲ႕တို႔ တပ္စြဲလႈပ္ရွားေနလ်က္ရွိၿပီး ႐ြာသားမ်ားကို ဓားစာခံအျဖစ္ ဖမ္းဆီးထား ျခင္း၊ ၎တို႔စားေသာက္ဖို႔အတြက္ ေဒသခံမ်ားကို ဖမ္းဆီးကာ ခ်က္ျပဳတ္ေကြၽးေမြးခိုင္းျခင္းႏွင့္ ေနအိမ္အေဆာက္အအုံမ်ားကို ဖ်က္စီးျခင္း၊ ပစၥည္းမ်ားကို ယူေဆာင္ျခင္းစသည့္ အၾကမ္းဖက္ လုပ္ရပ္မ်ား က်ဴးလြန္ေနေၾကာင္း ေဒသခံမ်ားက ေျပာသည္။
https://burmese.shannews.org/archives/27803
**********************
၃၃။ ေနာင္ခ်ိဳဗုံးေပါက္ကြဲမႈ ေသဆုံးသည့္လူငယ္ ၂ ဦး ေနအိမ္ ကို စကစ ၀င္ေရာက္စစ္ေဆးေန
April 20, 2022

သွ်မ္းျပည္ေျမာက္ပိုင္း ေနာင္ခ်ိဳၿမိဳ႕နယ္တြင္ ယေန႔(ဧၿပီ ၂၀)ရက္ မနက္ပိုင္းတြင္ ဗုံးေပါက္ကြဲမႈႏွင့္ အတူ ေသဆုံးခဲ့ရေသာ လူငယ္ႏွစ္ဦး၏ ေနအိမ္မ်ားကို စစ္ေကာင္စီတပ္သားမ်ားက ဝိုင္းဝန္းပိတ္ဆို႔ကာ ရွာေဖြ စစ္ေဆးေနေၾကာင္း သတင္းသိရသည္။ ေနာင္ခ်ိဳုေဒသခံျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ဝင္ႏွစ္ဦး (NH PDF) သည္ စစ္ေကာင္စီတပ္ဖြဲ႕ႏွင့္ ဆက္စပ္ပက္သက္ သူမ်ားကို သတိေပးမစ္ရွင္ေဆာင္႐ြက္မႈမွ လက္က်န္ဗုံးမ်ားကို ဆိုင္ကယ္ႏွင့္အတူသယ္ေဆာင္လာစဥ္ ဗုံးေပါက္ ကြဲမႈႏွင့္ႀကဳံေတြ႕ရေၾကာင္း NH PDF အဖြဲ႕ဝင္တစ္ဦးက သွ်မ္းသံေတာ္ဆင့္ကို ေျပာသည္။

အဆိုပါ က်ဆုံးသူ ႏွစ္ဦးအနက္ တစ္ဦးသည္ ေနာင္ခ်ိဳၿမိဳ႕ ပန္ဟတ္ရပ္ကြက္တြင္ ေနထိုင္သည့္ CDM မွ လက္နက္ကိုင္ ေတာ္လွန္ ေရးတပ္သား PDF ျဖစ္လာသူ တစ္ဦးျဖစ္ၿပီး တျခားတစ္ဦးကို အတည္ျပဳေျပာဆိုရန္အတြက္ စုံစမ္းေနေသးေၾကာင္းလည္း ၎က ေျပာသည္။

လက္ရွိတြင္ ပန္ဟတ္ရပ္ကြက္တြင္ ေနထိုင္ခဲ့ဖူးသသည့္ က်ဆုံးသြားခဲ့သူ ေျမစာရင္းဦးစီးဌာနမွ CDM သမား၏ ေနအိမ္ ႏွင့္ အနီးပတ္ဝန္းက်င္ကို စစ္ေကာင္စီတပ္သားတို႔ ရွာေဖြစစ္ေဆးခဲ့ၿပီး ကင္းပုန္းမ်ားခ်ထား လ်က္ရွိသည့္ အတြက္ က်န္ရစ္သူ မိသားစုမ်ား၏ အေျခအေနကိုလည္း စိုးရိမ္ရေၾကာင္း သတင္းသိရသည္။ ေနာင္ခ်ိဳျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ဝင္မွ အဖြဲ႕ဝင္ တစ္ဦးသည္ ၿပီးခဲ့သည့္ မတ္လ ၈ ရက္ေန႔တြင္ စစ္ေကာင္စီတို႔ ၏ ဖမ္းဆီးျခင္းကို ခံရၿပီး ယေန႔အခ်ိန္အထိ သတင္းအစအန ႏွင့္ အဆက္အသြယ္မရရွိေသးေၾကာင္းလည္း သိရသည္။ https://burmese.shannews.org/archives/27798
******************
၃၄။ ႐ြာငံ PDF စခန္းတစ္ခု စစ္ေကာင္စီတပ္ဖြဲ႕ဝင္ေရာက္စီးနင္း
April 20, 2022

သွ်မ္းျပည္ေတာင္ပိုင္း ႐ြာငံၿမိဳ႕နယ္အတြင္းရွိ PDF စခန္းတစ္ခုကို စစ္ေကာင္စီမွ ရွာေဖြေတြ႕ရွိသြားၿပီး အင္အားအလုံးအရင္းျဖင့္ ဝင္ေရာက္စီးနင္းတိုက္ခိုက္ခဲ့ေၾကာင္း သတင္းသိရသည္။ ယေန႔( ဧၿပီလ ၂၀ )ရက္ မြန္းလြဲပိုင္း ၁ နာရီေက်ာ္တြင္ ႐ြာငံၿမိဳ႕နယ္ နဘန္းႀကီးေက်း႐ြာ အေနာက္ဘက္ရွိ ေတာင္ၾကားအတြင္းရွိေနသည့္ ေဒသခံျပည္သူ႔ကာကြယ္ေရးတပ္စခန္းတစ္ခု တိုက္ခိုက္ခံ ရျခင္း ျဖစ္ေၾကာင္း ေဒသခံအမ်ိဳးသားတစ္ဦးက သွ်မ္းသံေတာ္ဆင့္ကို ေျပာသည္။

ယင္းတိုက္ခိုက္မႈမ်ားႏွင့္ ပက္သက္ၿပီး ထိခိုက္က်ဆုံးမႈႏွင့္ ဖမ္းဆီးခံရသည့္ စာရင္းမ်ား မသိရေသးေၾကာင္းႏွင့္ လက္ရွိတြင္ အဆိုပါ ေတာင္ေၾကာတစ္ဝိုက္၌ စစ္ေကာင္စီ၏ တိုက္ေလယာဥ္မ်ား ဝဲပ်ံေနေၾကာင္းလည္း သိရသည္။ ၂၀၂၁ ခုႏွစ္ ႏွစ္ကုန္ပိုင္း ကစၿပီး စစ္တပ္အေျခစိုက္လႈပ္ရွားမႈ မရွိေသာ္လည္း စစ္ေကာင္စီအာဏာသိမ္းမႈကို လက္မခံသည့္ ေဒသခံမ်ား၏ တုံ႔ျပန္ခ်က္ ေၾကာင့္ စစ္ေကာင္စီတပ္ဖြဲ႕တို႔က ႐ြာငံၿမိဳ႕နယ္အတြင္းသို႔ စစ္ေၾကာင္းခ်ီ ထိုးစစ္ဆင္ေနခဲ့သည္။

လက္ရွိတြင္ ႐ြာငံၿမိဳ႕၏ ေနရာေတာ္ေတာ္မ်ားမ်ားႏွင့္ ေက်း႐ြာမ်ားတခ်ိဳ႕တြင္လည္း စစ္ေကာင္စီတပ္ဖြဲ႕တို႔က စခန္းခ် တပ္စြဲထား ၿပီး႐ြာသားမ်ားကို ဓားစာခံအျဖစ္ ဖမ္းဆီး႐ိုက္နက္ ႏွိပ္စက္ျခင္း၊ သံသယမႈျဖင့္ လူငယ္မ်ားကို သတ္ျဖတ္ျခင္းမ်ား ျပဳလုပ္ေန လ်က္ရွိၿပီး ေနအိမ္အေဆာက္အအုံမ်ားကိုလည္း ဖ်က္စီးမႈမ်ား ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။
https://burmese.shannews.org/archives/27801
****************
မွတ္ခ်က္။ သက္ဆိုင္ရာ သတင္းမီဒီယာအသီးသီးမွ ေကာက္ႏုတ္ေဖာ္ျပျခင္းျဖစ္ပါသည္။

** ၿပီး **

Unicode

အပတ်စဉ် တိုင်းရင်းသတင်းများစုစည်းတင်ပြခြင်း
(No.30 ,April 22 , 2022)
၁။ ပလန ရဲစခန်းတိုက်ခိုက်မှု စစ်ကောင်စီဘက်က ထိခိုက်မှုရှိ၊ လူနေအိမ်တစ်ချို့ထိမှန်
၂။ ရှင်ဗွေယန်မြို့တွင် ဖုန်းလိုင်းများပြတ်တောက်နေ
၃။ မြစ်ကြီးနားမြို့တွင် ဆီကို ကန့်သတ်ရောင်းချမှု ရှိနေဆဲ
၄။ ဒီပဲယင်း လူနေအိမ် ၈၀ ကျော် မီးရှို့ခံရပြီး ပြည်သူ ၃ ဦး သတ်ဖြတ်ခံရ
၅။ မော်ဟန်တွင် လေပြင်းတိုက်ခတ်ခံရပြီးနောက် အချိန်ပိုင်းဖြင့်သာ မီး ရရှိ
၆။ KIO တက္ကသိုလ် ဝင်တန်း စာမေးပွဲ စတင်
၇။ ရှဒေါင် မိဘမဲ့ဂေဟာတွင် ကူညီထောက်ပံ့မှုများ လိုအပ်နေ
၈။ ဝိုင်းမော် ဂွေရွတ်ယန်သို့ လည်ပတ်သူများ အမှိုက်စနစ်တကျစွန့်ပစ်ရန် ဒေသခံများတောင်းဆို
၉။ စစ်ကောင်စီ အခြေခံပညာရေးကျောင်းများ ဇွန်လမှာ ထပ်ဖွင့်ရန် ပြင်ဆင်နေ
၁၀။ နယ်မြေရှင်းလင်းရေး လုပ်နေစဉ် ရဲဘော်တစ်ဦး မိုင်းနင်းမိပြီး ခြေနှစ်ဖက်ဆုံးရှုံးခဲ့
၁၁။ အာဏာသိမ်းပြီးနောက် အမျိုးသမီးတွေအပေါ် အကြမ်းဖက်ခံရမှုတွေပိုများလာ
၁၂။ စစ်ကောင်စီတပ်စွဲနေထိုင်ခဲ့တဲ့ ဧရိယာအတွင်း ထောင်ထားတဲ့ မိုင်းကို KNDF ရှင်းလင်း
၁၃။ မိုးဗြဲမြို့မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်နီဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ပွဲဖြစ်၊ အရပ် သားထိခိုက်မှုရှိ
၁၄။ စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် လမ်းသွားလမ်းလာ ပြည်သူတစ်ဦး ထိခိုက်၊ နေအိမ် တချို့လည်းထိမှန်
၁၅။ ဒီးမော့ဆိုအနောက်ဘက်ခြမ်းကို လက်နက်ကြီးပစ်ခတ်၊ ဗုဒ္ဓဘုန်းကြီးကျောင်းတစ်ကျောင်း လက်နက်ကြီးစ ထိမှန်
၁၆။ ဖလူးရွာတွင် ထိတွေ့ တိုက်ပွဲ ဖြစ်ပွားပြီးနောက် ညဘက် လက်နက်ကြီး အဆက်မပြတ်ပစ်ခတ်
၁၇။ ဒေါန အရှေ့ခြမ်း စစ်ဘေးရှောင်များအတွက် နိုင်ငံတကာအဖွဲ့အစည်းများ၏ ကူညီစောင့်ရှောက်မှုများ လိုအပ်နေ
၁၈။ စစ်ကောင်စီ၏ နိုင်ငံသားစိစစ်ရေးကတ်ပြားစီမံချက်ကို ခွင့်မပြုတော့ဟု KNU အမှတ် ၆ တပ်မဟာမှူး အသိပေး
၁၉။ လေးကေနှင့် ဝင်းတာပန်စခန်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ၃ရက်အတွင်း ထွက်ခွာရန် KNDO ပြော
၂၀။ မိုင်းဆွဲတိုက်ခိုက်ခံရမှု များလာပြီးနောက် ကော့ကရိတ်မြို့တွင် ပုဒ်မ ၁၄၄ ညမထွက်ရအမိန့် အချိန်ထပ်တိုးတင်းကြပ်
၂၁။ လက်နက်ကြီးပစ်ခတ်ခြင်း၊ စနိုက်ပါပစ်ခတ်ခြင်းများလုပ်ဆောင်သည့် စစ်ကောင်စီတပ်အား KNLA တန်ပြန်တိုက်ခိုက် ၍ ၅ ဦးထက်မနည်း သေဆုံး
၂၂။ သံတောင်တွင် ကင်းလှည့်စစ်ကောင်စီတပ်သား ၂ ဦး မိုင်းဆွဲတိုက်ခိုက်ခံရ၍ သေဆုံး၊ လက်နက် (၂)လက် KNLA သိမ်းဆည်းရမိ
၂၃။ ဝါးဘိုးတောလမ်းဆုံရဲဂိတ် တိုက်ခိုက်ခံရပြီး ရဲ(၆) ဦးသေဆုံး
၂၄။ မတူပီမြို့နယ် လည်မျိုချောင်းဆုံတိုက်ပွဲတွင် စစ်ကောင်စီဗိုလ်ကြီးအဆင့်အပါအဝင် ၈ ဦးသေဆုံး
၂၅။ ကော့ကရိတ်မြို့နယ် ညမထွက်ရအမိန့်အား အချိန်တိုးကန့်သတ်
၂၆။ KNU တပ်မဟာ ၁ နယ်မြေအတွင်းမှ တပ်မတော်စခန်းများ ဆုတ်ခွာရန် ထုတ်ပြန်
၂၇။ မော်လမြိုင်မြို့နယ်အတွင်း စက်သုံးဆီများကို ခွဲတမ်းစနစ်ဖြင့် မရောင်းရသေး
၂၈။ မိုးရာသီမတိုင်ခင် ရခိုင်စစ်ဘေးရှောင်စခန်းများအမြန်ဆုံးပြုပြင်ရန် လိုအပ်နေဟုဆို
၂၉။ မြောက်ဦးယူနက်စ်ကို ဝင်နိုင်ရေးအတွက် ရှေးဟောင်းနယ်မြေအတွင်းရှိ စျေးဆိုင်များ၊ နေအိမ်များ ဖယ်ရှားပေးရန် ရှေး/သုကညွှန်ကြားထားသော်လည်း စစ်တပ်တပ်ရင်းများအား မရွှေ့ပြောင်းခိုင်းခြင်း အပေါ် ဒေသခံများဝေဖန်
၃၀။ သက်အမျိုးသားနေ့ ပထမဆုံးအကြိမ်အဖြစ် နယ်စပ်မြို့ မောင်တောတွင် ကျင်းပမည်
၃၁။ နမ့်စန်မြို့နယ် ကျောက်မီးသွေးတွင်းအနီး တပ်ကင်းစခန်းသစ်ဆောက်ရန် ဒေသခံကိုအတင်းအဓမ္မခေါ်
၃၂။ ရွာငံမြို့နယ် စစ်ကောင်စီ မှ ပြည်သူနေအိမ် (၂)လုံး မီးရှို့ဖျက်ဆီးခံရ
၃၃။ နောင်ချိုဗုံးပေါက်ကွဲမှု သေဆုံးသည့်လူငယ် ၂ ဦး နေအိမ် ကို စကစ ၀င်ရောက်စစ်ဆေးနေ
၃၄။ ရွာငံ PDF စခန်းတစ်ခု စစ်ကောင်စီတပ်ဖွဲ့ဝင်ရောက်စီးနင်း
******************
၁။ ပလန ရဲစခန်းတိုက်ခိုက်မှု စစ်ကောင်စီဘက်က ထိခိုက်မှုရှိ၊ လူနေအိမ်တစ်ချို့ထိမှန်
22nd April 2022

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ပလနရပ်ကွက် နယ်မြေ ၃ ရှိ နယ်မြေရဲစခန်းကို ဒေသပြည်သူ့ကာကွယ်ရေးဖွဲ့ PDF အဖွဲ့များမှ သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ အထိအခိုက်ရှိနိုင်ပြီး လူနေအိမ်အချို့လည်းထိခိုက်ပျက်စီးမှုများရှိခဲ့ကြောင်း သိရ သည်။

အဆိုပါသွားရောက်ပစ်ခတ်မှုကြောင့် ရဲစခန်းဘက်မှ ပြန်လည်ပစ်ခတ်ခဲ့ရာတွင် အဆိုပါ ရဲစခန်းအနီးတွင်ရှိသော လူနေအိမ်တစ် ချို့၏ အိမ်ခေါင်မိုးများ ထိခိုက်မှုရှိခဲ့ကြောင်း ပလနရပ်ကွက်နေအမျိုးသားတစ်ဦး ပြောဆိုချက်မှသိရသည်။

ပလန နယ်မြေရဲစခန်း တိုက်ခိုက်ခံရပြီးနောက် ရဲစခန်းရှေ့ သွားလာဖြတ်သန်းသည့် အများပြည်သူများကို လမ်းများပိတ်ဆို့ထား ကာ စစ်ဆေးမေးမြန်းမှုများပြုလုပ်ခဲ့ပြီး နံနက်ပိုင်းမှ ပုံမှန်သွားလာခွင့်ပြုထားကြောင်း ဆက်သိရသည်။ မြစ်ကြီးနားမြို့အတွင်းရှိ ရဲစခန်းများကို ယခင်က ဗုံးဖောက်ခွဲမှုများသာပြုလုပ်ခဲ့ပြီး မြို့တွင်းရဲစခန်းအထိ သွားရောက်ပစ်ခတ်မှုမှာ ယခုပထမအကြိမ် ဖြစ်သည်။ https://burmese.kachinnews.com/2022/04/22/apr22-az1/
********************
၂။ ရှင်ဗွေယန်မြို့တွင် ဖုန်းလိုင်းများပြတ်တောက်နေ
22nd April 2022

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ် ရှင်ဗွေမြို့တွင် ယနေ့နံနက်ပိုင်းမှ ဖုန်းလိုင်းများပြတ်တောက်နေကြောင်း ဒေသခံများထံမှသိရ သည်။ ရှင်ဗွေယန်မြို့တွင် ပြည်တွင်းဖုန်းအော်ပရေတာများဖြစ်သည့် MPT၊ Telenor၊ Mytel၊ Ooredoo များအားလုံးအသုံး ပြုလျက်ရှိနေပြီး လက်ရှိတွင် ဖုန်းလိုင်းများအားလုံး ပြတ်တောက်နေကြောင်း မြစ်ကြီးနားမြို့တွင်နေရောက်သည့် ရှင်ဗွေယန် မြို့နေအမျိုးသားတစ်ဦးက KNG ကိုပြောသည်။

KNG သတင်းဌာနအနေဖြင့်လည်း ရှင်ဗွေယန်မြို့ရှိ သက်ဆိုင်ရာဌာနနှင့် ဒေသခံများထံသို့ ဆက်သွယ်မေးမြန်ရန် ကြိုးစားခဲ့ သော်လည်း ဆက်သွယ်၍မရဖြစ်နေပါသည်။ ရှင်ဗွေယန်မြို့သည် ကချင်ပြည်နယ်နှင့်စစ်ကိုင်းတိုင်းနယ်စပ် နယ်နမိတ်ချင်းထိစပ် သည့်နေရာတွင်ရှိသည့်မြို့ဖြစ်ပြီး မည်သည့်အကြောင်းကြောင့်ဖုန်းလိုင်းပြတ်တောက်နေသည်ကို စုံစမ်းနေဆဲဖြစ်သည်။

ရှင်ဗွေယန်မြို့သည် လီဒိုလမ်းမကြီးပေါ်တွင်ရှိသည့်မြို့ဖြစ်ပြီး ဖုန်းလိုင်းများရသည်မှာ ၆နှစ်ခန့်ရှိပြီဖြစ်သည်။ အဆိုပါ တနိုင်း-ရှင်ဗွေယန်မြို့ သွားသည့် လမ်းမကြီးပေါ်တစ်လျှောက်တွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် စစ်ကောင်စီတပ်တို့ကြား မကြာခဏ တိုက်ပွဲဖြစ်ပွားလျက်ရှိသော ဒေသတစ်ခုလည်းဖြစ်ပါသည်။

ရှင်ဗွေယန်မြို့တွင် ဖုန်းလိုင်းများပြတ်တောက်နေ


*****************
၃။ မြစ်ကြီးနားမြို့တွင် ဆီကို ကန့်သတ်ရောင်းချမှု ရှိနေဆဲ
21st April 2022

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ဆီပန့်ဆိုင်များတွင် ယနေ့ ဧပြီလ ၂၁ ရက်နေ့မှ စတင်ကာ စက်သုံးဆီများ ပုံမှန်‌ရောင်းချ‌ပေးနေ ပြီဖြစ်သော်လည်း ဆိုင်အချို့မှာ ကန့်သတ်ရောင်းချနေသေးကြောင်း သိရသည်။ အဆိုပါကန့်သတ်ချက်များမှာ ဆိုင်ကယ်၊ ကားများတွင် ဆီအပြည့်ဝယ်ယူခွင့်ရှိသော်လည်း ပုံးများဖြင့် လာရောက်ဝယ်ယူပါက ဝယ်ယူမည့် ပမာဏာပေါ်မူတည်ပြီး ကန့်သတ်ချက်ထားသေးကြောင်း သိရသည်။

ထို့ပြင် ဒေသခံများ၏ ပြောဆိုချက်အရ စက်သုံးဆီဆိုင်အချို့မှ ဆီများအား ပုံမှန်ရောင်းချပေးနေပြီဖြစ်သော်လည်း ပိတ်ထား သည့် ဆိုင်များလည်း များစွာရှိနေသေးကြောင်း သိရသည်။ ပြီးခဲ့သည့် ဧပြီ၁၉ရက်နေ့နှင့် ၂၀ရက်နေ့များတွင် စက်သုံးဆီများ ပျက်လပ်တော့မည်ဟူသည့် သတင်းများကြောင့် ကချင်ပြည်နယ်ရှိ မြစ်ကြီးနားမြို့၊ ဖားကန့်မြို့၊ ပူတာအိုမြို့များတွင် စက်သုံးဆီများ အလုအယက်တန်းစီ ဝယ်ယူကြကာ လူတစ်ဦးလျှင် အများဆုံးတစ်သောင်းဖိုးအထိ ရောင်းချ‌ပေးကြပြီး ဆီပန့်ဆိုင် အချို့တွင်မူ ရောင်းချမူ ရပ်နားခဲ့ရသည့် အခြေနေထိ ရှိခဲ့သည်။

ယနေ့ မြစ်ကြီးနားမြို့ရှိ စက်သုံးဆီစျေးနှုန်းသည် ၉၂ တစ်ဂါလံကို ၁၀၂၀၀ကျပ်၊ ၉၅ တစ်ဂါလံကို ၁၁၀၀၀ကျပ် ရှိပြီး ယခင်က ထက် ၂၅၀၀ကျပ်အထိ စျေးနှုန်းမြှင့်တက်လာကြောင်း တွေ့ရသည်။

မြစ်ကြီးနားမြို့တွင် ဆီကို ကန့်သတ်ရောင်းချမှု ရှိနေဆဲ


****************
၄။ ဒီပဲယင်း လူနေအိမ် ၈၀ ကျော် မီးရှို့ခံရပြီး ပြည်သူ ၃ ဦး သတ်ဖြတ်ခံရ
21st April 2022

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် ညောင်လှကျေးရွာနှင့် မဲအိုးကျေးရွာတွင် လူနေအိမ် ၈၁ လုံး မီးရှို့ဖျက်ဆီးခံရပြီး ပြည်သူ ၃ ဦး သတ်ဖြတ်ခံလိုက်ရကြောင်း ဒီပဲယင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ သိရသည်။ အင်အား ၁၀၀ ကျော်ရှိသည့် စစ်ကောင်စီ စစ်ကြောင်းသည် ဧပြီ ၁၈ ရက်နေ့မှ စတင်ကာ ညောင်လှရွာနှင့် မဲအိုး ကျေးရွာဘက်သို့ စစ်ကြောင်းထိုးဝင်ရောက်လာပြီး မဲအိုးရွာ မှ လူနေအိမ် ၁၇ လုံးနှင့် ညောင်လှရွာမှ လူနေအိမ် ၆၄လုံး မီးရှို့ခဲ့သည့်အပြင် အပြစ်မဲ့ ပြည်သူ ၄ ဦး ကိုလည်း သတ်ဖြတ်ခဲ့ ကြောင်း ဒီပဲယင်း PDF တပ်ဖွဲ့ဝင် တစ်ဦးက KNG သို့ ပြောသည်။

ညောင်လှ ကျေးရွာမှ လူနေအိမ် ၆၄ လုံးကို မီးရှို့ဖျက်ဆီးခဲ့သည့် အပြင်ကျေးရွာတွင်းမှ အသက် ၂၀ ကျော်အရွယ် လူငယ်၁ ဦးကိုလည်း လက်နောက်ပြန်ကြိုးသုတ်၍ ပစ်သတ်ခဲ့ကြောင်း သိရသည်။ လတ်တလောတွင် ညောင်လှကျေးရွာနှင့် မဲအိုးကျေး ရွာမှ မီးဘေးသင့်ပြည်သူ ၁၀၀၀ နီးပါးနဲ့ ဘေးလွတ်ရာ ထွက်ပြေးတိန်းရှောင်နေသူ ၄၀၀၀ ခန့်ရှိကြောင်း သိရသည်။

စစ်ကိုင်းတိုင်းတွင် နေ့စဉ်ဆိုသလို စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲ ဖြစ်နေသည့်အပြင် စစ်ကောင်စီတပ်မှ ကျေးရွာနေ ပြည်သူများ၏ နေအိမ်များ မီးရှို့ဖျက်ဆီးခဲ့ရာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှ ဧပြီလ ၁၃ရက်နေ့ထိ စစ်ကိုင်းတိုင်းအတွင်း နေအိမ်ပေါင်း ၅,၆၁၇ အိမ် မီးရှို့ခံရပြီးဖြစ်ကြောင်း Data For Myanmar မှ ထုတ်ပြန်ထားသည်။ ယင်းကဲ့သို့ မီးရှို့ခံရသည့်အတွက် စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း စစ်ဘေးရှောင်၊ မီးဘေးရှောင်ပြည်သူများ တစ်ရက်ထက် တစ်ရက်ပိုမိုတိုး လာလျှက်ရှိသော်လည်း စစ်ကောင်စီတပ်သည် စစ်ကိုင်းတိုင်းဒေသအချို့ရှိ မြို့နယ်အများစုတွင် ဖုန်း၊ အင်တာနက်လိုင်းများ ဖြတ်တောက်ထားသည့်အတွက် အချက်အလက် အသေး စိတ် ရယူနိုင်ရန် ခက်ခဲနေဆဲ ဖြစ်သည်။

ဒီပဲယင်း လူနေအိမ် ၈၀ ကျော် မီးရှို့ခံရပြီး ပြည်သူ ၃ ဦး သတ်ဖြတ်ခံရ


********************
၅။ မော်ဟန်တွင် လေပြင်းတိုက်ခတ်ခံရပြီးနောက် အချိန်ပိုင်းဖြင့်သာ မီး ရရှိ
21st April 2022

မိုးညှင်းမြို့နယ်၊ မော်ဟန်ကျေးရွာတွင် လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် လျှပ်စစ်မီးပြတ်တောက်မှုဖြစ်ပွားခဲ့ပြီးနောက် လက်ရှိတွင် အချိန်ပိုင်းဖြင့်သာ လျှပ်စစ်မီး ရရှိနေကြောင်း သိရသည်။ မော်ဟန်ကျေးရွာတွင် ဧပြီလ ၁၆ ရက်နေ့က လေပြင်း တိုက်ခတ်မှု ဖြစ်ပွားခဲ့ရာ ဓာတ်တိုင် ကျိုးကျခြင်း၊ ဓာတ်ကြိုးပြတ်တောက်ခြင်း ဖြစ်ပွားခဲ့သောကြောင့် ၄ ရက်ကြာ လျှပ်စစ်မီးပြတ်တောက် သွားခဲ့ပြီး ယမန်နေ့ ဧပြီ ၂၀ ရက်နေ့ ညမှသာ အချိန်ပိုင်းဖြင့် လျှပ်စစ်မီးပြန်ရရှိကြောင်း မော်ဟန်ကျေးရွာနေအမျိုးသား တစ်ဦးက KNG သတင်းဌာနသို့ ပြောသည်။

လတ်တလော မောဟန်ကျေးရွာနေ ပြည်သူများက လျှပ်မီးပြတ်တောက်သည့် ပြသာနာကိုဖြေရှင်းရန် တစ်အိမ် ၂၀၀ ကျပ်နှုန်း ကောက်ခံကာ မီးစက်ဖြင့်လျှပ်စစ်မီးသုံးရန် စီစဉ်နေကြောင်းလည်း သိရသည်။ မော်ဟန်ကျေးရွာကို နိုင်ငံတော် မဟာဓာတ်အား လိုင်းဖြင့် နန်မားရုံးခွဲမှ လျှပ်စစ် မီးပေးလျှက်ရှိပြီး ယနေ့ နံနက်ပိုင်းမှစ၍ လျှပ်စစ်မီးကြိုးနှင့်ဓာတ်တိုင် များအစား ထိုးတပ်ဆင် ခြင်းများဆောင်ရွက်နေကြောင်း ဒေသခံ များကဆိုသည်။

စစ်ကောင်စီသည် မော်ဟန်ကျေးရွာကို လျှပ်စစ်မီတာခမပေးဆောင်သောကြောင့်ဟုဆိုကာ ၂၀၂၁ စက်တင်ဘာလမှ ၂၀၂၂ ခုနှစ် မတ်လအထိ ခြောက်လကျော်ကြာလျှပ်စစ်မီးလျှပ်တောက်ခဲ့ပြီး ကျေးရွာနေပြည်သူများက မီတာခပေးမည်ဟု သဘောတူညှိနှိုင်း ရာမှလျှပ်စစ်မီးပြန်လည်းရရှိခဲ့ခြင်းဖြစ်သည်။ https://burmese.kachinnews.com/2022/04/21/apr21-ab1/
****************
၆။ KIO တက္ကသိုလ် ဝင်တန်း စာမေးပွဲ စတင်
21st April 2022

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်ရာ နယ်မြေရှိ စာသင်ကျောင်းများတွင် ၂၀၂၁ -၂၀၂၂ ခုနှစ် ပညာသင်နှစ် တက္ကသိုလ် ဝင်တန်း စာမေးပွဲကို ယနေ့ စတင်စစ်ဆေးနေပြီဖြစ်သည်။ ယနေ့ ဧပြီလ ၂၁ ရက်နေ့မှာ ၂၈ ရက်နေ့အထိ ပြုလုပ်မည့် စာမေးပွဲ တွင် ကျောင်းသူ ၊ ကျောင်းသား စုစုပေါင်း ၂၁၉၂ ယောက်ထိ ဖြေဆိုနေပြီး ယခင် ၂၀၂၀-၂၀၂၁ ခုနှစ် ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း စားမေးပွဲဖြေဆိုသည့် ကျောင်းသူ ၊ ကျောင်းသား လူဦးရေ ၈၀၀ ခန့်သာ ရှိခဲ့သည်ဟု သိရသည်။

စာမေးပွဲပြုလုပ်နေသော ကျောင်းများမှာ လိုင်ဇာမြို့ ၊ အလမ့်ဘွမ်အထက်တန်းကျောင်း ၊ မိုင်ဂျာယန် အထက်တန်းကျောင်း၊ အင်ဘာပါကျောင်း၊ မုန်မစ်ဆင်လီကျောင်း၊ အင်ဂွမ်းလကျောင်း၊ ကျိန်ထောင်ပါကျောင်း၊ မုန်ဘော်ကျောင်းနှင့် လော့ဒ်အောင် ကျောင်း တို့ဖြစ်သည်။ ဖြေဆိုထားသည့် အဖြေလွှာများကို ၂၀၂၂ ခုနှစ် မေလ တစ်လလုံး စစ်ဆေးသွားမည်ဖြစ်ပြီး ၂၀၂၂ ခုနှစ် ဇွန်လတွင် အောင်စာရင်းများ ကြေညာသွားမည်ဖြစ်သည်။

KIO ထိန်းချုပ်နယ်မြေများတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများကြောင့် ယခင်က စာသင်ကျောင်းများ ပိတ်ပင်ထားရာမှ ယခုနှစ် ဇန်နဝါလမှစပြီး ၁၀ တန်းဖြေဆိုမည့် ကျောင်းသူ ၊ ကျောင်းသားများကို Camp အနေဖြင့် ၄ လကြာ တစ်နေရာထဲ ထားကာ သင်ကြားရမယ့် သင်ရိုးများကို အပြတ်သင်ကြားပြီးမှသာ စာမေးပွဲ စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

KIO တက္ကသိုလ် ဝင်တန်း စာမေးပွဲ စတင်


****************
၇။ ရှဒေါင် မိဘမဲ့ဂေဟာတွင် ကူညီထောက်ပံ့မှုများ လိုအပ်နေ
20th April 2022

မြစ်ကြီးနားမြို့ပြင် ရှဒေါင်ကျေးရွာတွင် ဖွင့်လှစ်ထားသော မေတ္တာပျိုးခင်း (Tsaw Myit Sha-It ) မိဘမဲ့ဂေဟာတွင် အစား အသောက်နှင့်အတူ အခြားကူညီထောက်ပံ့မှု အများအပြားလိုအပ်နေသည်ဟု သိရသည်။ အဆိုပါ မိဘမဲ့ဂေဟာကျောင်းတွင် ပြည်နယ်အတွင်း မြို့နှင့်ဝေးလံသောကျေးလက်ဒေသမှ ပညာသင်ကြားရန် လာရောက်နေထိုင်သော မိဘမဲ့ကလေးများအတွက် ကိုယ်ထူ ကိုယ်ထစနစ်ဖြင့် ခရစ်ယာန်ဘာသာရေးဆရာ မိသားစုက ပြုစုနေခြင်း ဖြစ်သည်။

မေတ္တာပျိုးခင်း (Tsaw Myit Sha-It )မိဘမဲ့ ဂေဟာကျောင်းတွင် ကချင်ပြည်နယ်အတွင်းရှိ ချီဖွေ၊ ဆော့လော်၊ ဗန်းမော်၊ ဂွေထု၊ ဂန်ဒေါင်၊ ဆမား၊ နမ္မတီး၊ ဟူးကပ်၊ သာပဒေါင်း၊ မြစ်ကြီးနားနှင့်ဝိုင်းမော် နေရာဒေသမှ လူမျိုးဘာသာပေါင်းစုံ ကလေးများပါဝင်ပြီး လက်ရှိ မိဘမဲ့ကလေးငယ်များ ၃၀ ဝန်းကျင်ခန့်နေထိုင်လျက်ရှိကြောင်းသိရသည်။ အဆိုပါ မိဘမဲ့ဂေဟာကျောင်းသည် သက်ဆိုင်ရာအဖွဲ့အစည်းမှ ဖွင့်လှစ်ထားခြင်းမဟုတ်ဘဲ မိဘမဲ့များ ဦးဆောင်ပြီးခက်ခဲသောကလေးများကို ပညာသင်ကြားပျိုး ထောင်ပေးခြင်းသာဖြစ်ကြောင်း ဆက်သိရသည်။

မိဘမဲ့ဂေဟာကျောင်းကို ၂၀၁၇ ခုနှစ်နောက်ပိုင်း ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ယခင်အစိုးရလက်ထပ်တွင် လူမှုကူညီရေး အဖွဲ့အစည်း များထံမှ ကူညီထောက်ပံ့မှုများ အနည်းငယ်ရရှိခဲ့သည်ဖြစ်သော်လည်း စစ်တပ် အာဏာသိမ်းပြီးနောက် ကူညီထောက်ပံ့မှုများ ရပ်တန့်သွားသည့်အတွက်ကြောင့် စားနပ်ရိက္ခာအခက်အခဲများ ကြုံတွေ့နေရကြောင်း ဆက်လက်သိရပါသည်။

ရှဒေါင် မိဘမဲ့ဂေဟာတွင် ကူညီထောက်ပံ့မှုများ လိုအပ်နေ


*****************
၈။ ဝိုင်းမော် ဂွေရွတ်ယန်သို့ လည်ပတ်သူများ အမှိုက်စနစ်တကျစွန့်ပစ်ရန် ဒေသခံများတောင်းဆို
20th April 2022

ဝိုင်းမော်မြို့နယ် ဝါးရှောင်ကျေးရွာနှင့် တဆက်တည်းရှိသော ဂွေရွတ်ယန် (Gwi Rut Yang) ကြိုးတံတားသို့ လာရောက်အပန်း ဖြေသူများအနေဖြင့် စမ်းချောင်းအတွင်း အမှိုက်များကို စွန့်ပစ်ခြင်းမပြုရန် ဂွေရွတ်ယန်ဒေသခံများ တောင်းဆိုနေကြသည်။ ကြိုးတံတားပေါ်သို့ လာရောက်အပန်းဖြေသော ပြည်သူများသည် အမှိုက်များကို စနစ်တကျ စွန့်ပစ်ခြင်းမပြုဘဲ N Myen Hka ချောင်းလမ်းကြောင်းပိတ်ဆို့မှုဖြစ်ပေါ်သည်အထိ အမှိုက်ပိတ်ဆို့နေကြောင်း ဂွေရွတ်ယန်ဒေသခံ အမျိုးသားတစ်ဦးက KNG သတင်းဌာနကို ပြောဆိုသည်။

ဂွေရွတ်ယန်တွင် ရေကစားအပန်းဖြေရန် နေရာများပြုလုပ်ထားပြီး ပြည်သူအချို့လည်း ထိုနေရာသို့ လာရောက် လည်ပတ်မှုများ ပုံမှန်ရှိနေသည်။ ဂွေရွတ်ယန်ကြိုးတံတားပေါ်တွင် စားဝတ်နေရေးအတွက် တစ်နိုင်တစ်ပိုင် ဆိုင်ခန်းများ ဖွင့်ထားသည့် ဆိုင်ရှင် များအနေဖြင့်လည်း အမှိုက်များကို တနစ်တကျ စွန့်ပစ်ပေးရန်လည်း အထူးလိုအပ်ကြောင်း သူက ဆက်လက်ပြောဆိုသည်။

ယခုနှစ် သင်္ကြန်ကာလအတွင်း ဂွေရွတ်ယန် ကြိုးတံတားပေါ်တွင် လာရောက်အပန်းဖြေသူများရှိခဲ့ပြီး ချောင်းတစ်လျှောက် အမှိုက်စုပုံထားမှု အများအပြား တွေ့ရသည်ဟု သိရပါသည်။ https://burmese.kachinnews.com/2022/04/20/apr20-y1/
******************
၉။ စစ်ကောင်စီ အခြေခံပညာရေးကျောင်းများ ဇွန်လမှာ ထပ်ဖွင့်ရန် ပြင်ဆင်နေ
20th April 2022

အာဏာသိမ်း စစ်ကောင်စီ၏ စီမံမှုဖြင့် ၂၀၂၁-၂၀၂၂ ခုနှစ် စာမေးပွဲဖြေဆိုခဲ့သော အခြေခံပညာရေး အောင်စာရင်းများကို ယခု အပတ် စတင်ကြေငြာတော့မည်ဖြစ်ပြီး မေလ ၂၆ ရက်နေ့မှ စတင်ကာ ကျောင်းသားအသစ် ပြန်လည်လက်ခံသွားတော့မည်ဟု သိရသည်။ KG မှ နဝမတန်းအထိ အောင်စာရင်းများကို ဧပြီ ၂၄ ရက်နေ့မှ စတင်ကာ သက်ဆိုင်ရာကျောင်းများတွင် ထုတ်ပြန် တော့မည်ဟု ပြည်နယ်ပညာရေးမှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောသည်။

အလားတူ ယခုနှစ်စစ်ကောင်စီဖွင့်လှစ်မည့် အခြေခံပညာကျောင်းများအတွက် ကျောင်းသား/သူများ အမည်စာရင်းကို မေလ ၂၆ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိ လက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။ ကျောင်းအပ်နှံရေးကာလတွင်ကိုဗစ်ကပ်ရောဂါထိန်း ချုပ်ကာကွယ်ရေး စည်းကမ်းသတ်မှတ်ချက်များအတိုင်း လုပ်ဆောင်သွားရန်လည်း အထက်ကညွန်ကြားလာကြောင်း သိရသည်။

စစ်ကောင်စီ ဖွင့်လှစ်ခဲ့သည် ၂၀၂၁-၂၂ ပညာသင်နှစ်တွင် ကချင်ပြည်နယ်ရှိ အခြေခံပညာ စာသင်ကျောင်းများ၌ ကျောင်းသား ကျောင်းသူ စုစုပေါင်း တစ်သိန်းကျော်သာ တက်ရောက်ခဲ့ပြီး အထက်တန်းအဆင့် ၅၈၀၀၀ ကျော်ပါဝင်သည်။ အာဏာသိမ်းပြီး နောက်ပိုင်း စစ်ကောင်စီက သင်ကြားနေသော အခြေခံပညာအထက်တန်းကျောင်းမှ အောင်မြင်လာသော မည်သူကိုမဆို ကချင်ဒေသ အဆင့်မြင့် တက္ကသိုလ်များတွင် အသိအမှတ်ပြု လက်ခံမည်မဟုတ်ကြောင်း စစ်ကောင်စီကို ဆန့်ကျင်သော ကချင် ပညာရေး တက္ကသိုလ်ကောင်စီအဖွဲ့က အသိပေး ထုတ်ပြန်ထားပါသည်။

စစ်ကောင်စီ အခြေခံပညာရေးကျောင်းများ ဇွန်လမှာ ထပ်ဖွင့်ရန် ပြင်ဆင်နေ


*********************
၁၀။ နယ်မြေရှင်းလင်းရေး လုပ်နေစဉ် ရဲဘော်တစ်ဦး မိုင်းနင်းမိပြီး ခြေနှစ်ဖက်ဆုံးရှုံးခဲ့
April 22, 2022

ဒီကနေ့ (ဧပြီ ၂၂ရက်) နံနက် ၇နာရီဝန်းကျင်မှာ KNDF B-09နဲ့ ပူးပေါင်းတပ်တို့ နယ်မြေရှင်းလင်းရေး လုပ်နေစဉ်မှာ KNDF B-09က ရဲဘော်တစ်ဦး မိုင်းနင်းမိပြီး ခြေနှစ်ဖက် ဆုံးရှုံးသွားခဲ့ရတယ်လို့ KNDF B-09က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။ ကရင်နီပြည်နယ်မှာဆိုရင် တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်စွဲခဲ့တဲ့နေရာတွေမှာ စစ်ကောင်စီက မိုင်းထောင်ထားတာ တွေရှိပြီး KNDFက လိုက်လံရှင်းလင်းမှုတွေ လုပ်ဆောင်နေတာတွေရှိပါတယ်။

စစ်ကောင်စီကနေပြီး ပြည်သူလူထုနေထိုင်တဲ့ ကျေးရွာအနီးတစ်ဝိုက်တွေမှာ မိုင်းထောင်လေ့ရှိတဲ့အတွက် ပြည်သူတွေအနေနဲ့ သတိထားသွားလာကြဖို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်တွန်းထားတာရှိပါတယ်။ အထူးသဖြင့် ဒီးမော့ဆို၊ ဖရူဆို၊ လွိုင်ကော် စတဲ့ တိုက်ပွဲဖြစ်ပွားလေ့ရှိတဲ့ နေရာတွေမှာ မိုင်းထောင်လေ့ရှိပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၂၀ရက်နေ့မှာဆိုရင်လည်း ဒီးမော့ဆို မြို့နယ် တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ဧရိယာအတွင်း ပြည်သူလူထုနေအိမ်ကြား ထောင်ထားတဲ့ နင်းမိုင်း၊ ရှော့တိုက်မိုင်း နဲ့ လက်နက်ကြီးပို့ယမ်း တချို့ကို KNDF B-06က လိုက်လံရှင်းလင်းတာတွေရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေမှာလည်း မိုင်းကြောင့် KNDF B-06က ရဲဘော်တစ်ဦး ကျဆုံးခဲ့ရသလို နှစ်ဦး ခြေထောက်ဆုံးရှုံးပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရတာတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။
https://www.kantarawaddytimes.org/category/kantarawaddy-times/news/
******************
၁၁။ အာဏာသိမ်းပြီးနောက် အမျိုးသမီးတွေအပေါ် အကြမ်းဖက်ခံရမှုတွေပိုများလာ
April 21, 2022

အာဏာသိမ်းပြီးနောက်ပိုင်း အမျိုးသမီးတွေအပေါ် အိမ်တွင်း အကြမ်းဖက်မှု ၊ ခြိမ်းခြောက်ခံရမှု၊ မလုံခြုံမှုတွေ တွေ ပိုများလာ နေတယ်လို့ အမျိုးသမီးအရေး ဆောင်ရွက်နေသူ လူးမူဖိုး ကပြောပါတယ်။ စစ်ရှောင်နေကြရတာကြောင့် စိတ်ဖိစီးမှုကတွေကနေ ဖြစ်ပေါ်လာတဲ့ မိသားစုပြဿနာတွေကြောင့် အိမ်တွင်းအကြမ်းဖက်မှုတွေတိုးလာသလို၊ သက်ငယ်အမျိုးသမီးတွေကို အဓမ္မပြု ကျင့်တဲ့ ကိစ္စတွေလည်း ရှိနေတယ်လို့ လူးမူဖိုးက ပြောပါတယ်။

ကရင်နီပြည်မှာ စစ်ကောင်စီနဲ့ ကရင်နီဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားတာ တစ်နှစ်နီးပါးရှိသွားပြီဖြစ်ပြီး စစ်ဘေးရှောင်လည်း နှစ်သိန်းနီးပါးရှိနေပါတယ်။ စစ်ဘေးရှောင်တစ်ဝက်ကျော်ဟာ အမျိုးသမီး၊ ကလေး နဲ့ သက်ကြီးရွယ်အိုတွေ ဖြစ်ကြပါတယ်။ စစ်ရှောင်ရတဲ့အတွက် ဝင်ရှာဖို့ အခက်အခဲတွေရှိလာတာကြောင့် မိသားစုအတွင်းမှာ ပြဿနာတွေဖြစ်ကြတဲ့ မိသားစုတွေလည်း ရှိတယ်လို့ ကရင်နီဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

အာဏာသိမ်းပြီးနောက် ဧပြီလ ၄ရက်နေ့အထိ စစ်ကောင်စီ လက်ချက်ကြောင့် သေဆုံးသွားတဲ့ ၁၈နှစ်အောက် ကလေးငယ် ၁၃၂ဦး အထိရှိနေတယ်လို့ အမျိုးသားညီညွှတ်ရေးအစိုးရ ( NUG ) က ထုတ်ပြန်ထားပါတယ်။ အာဏာသိမ်းပြီးတဲ့ တစ်နှစ်နဲ့ တစ်လကျော်အတွင်း တစ်နိုင်ငံလုံးအတိုင်းအတာအရ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ လက်ချက်နဲ့သေဆုံးသွားတဲ့ အမျိုးသမီး ၁၅၀ ခန့် ရှိတယ်လို့ NUG ရဲ့ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနရဲ့ အဆိုအရ သိရပါတယ်။
https://www.kantarawaddytimes.org/category/kantarawaddy-times/news/
******************
၁၂။ စစ်ကောင်စီတပ်စွဲနေထိုင်ခဲ့တဲ့ ဧရိယာအတွင်း ထောင်ထားတဲ့ မိုင်းကို KNDF ရှင်းလင်း
April 21, 2022

ကရင်နီပြည် ဒီးမော့ဆို၊ ဖရူဆိုမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်စွဲနေထိုင်ခဲ့တဲ့ ဧရိယာနဲ့ ပြည်သူ လူထုနေထိုင်ရာ ကျေးရွာအနီးတစ်ဝိုက်တွေမှာ ထောင်ထားတဲ့ မိုင်းတွေကို ပြည်သူလူထုဘေးကင်းဖို့အတွက် KNDF တပ်ရင်း အလိုက်ကနေပြီး လိုက်လံရှင်းလင်းမှု လုပ်ဆောင်ခဲ့ပါတယ်။ ယမန်နေ့(ဧပြီလ ၂၀ရက်) က ဒီးမော့ဆိုမြို့နယ် တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ဧရိယာအတွင်း ပြည်သူလူထုနေအိမ်အကြား ထောင်ထားတဲ့ နင်းမိုင်း၊ ရှော့တိုက်မိုင်း နဲ့ လက်နက်ကြီးပို့ယမ်း တချို့ကို KNDF B-06 မှ ဖြုတ်ယူသိမ်းဆည်းခဲ့တယ်လို့ KNDF B-06 ပြန်ကြားရေးတာဝန်ရှိသူ ကိုဇော်ထက်က ပြောပါတယ်။

မိုင်းရှင်းလင်းရေးဟာ အသက်အန္တာရာယ်များပြီး မတော်တဆ ထိခိုက်မှုကလည်း ရှိနေတဲ့အတွက် ရဲဘော်တွေနဲ့ ပြည်သူလူထု ထိခိုက်မှုမရှိရေးအတွက် မိုင်းရှာစက်လိုအပ်နေတယ်လို့လည်း သူက ဆက်ပြောပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်း မိုင်းကြောင့် KNDF တပ်ရင်း (၆) က ရဲဘော်တစ်ဦးကျဆုံးခဲ့ရသလို၊ နှစ်ဦးခြေထောက်ဆုံးရှုံးပြီး၊ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာကြောင့် တပ်ရင်း အလိုက် လိုအပ်ချက်ကို ဖြည့်ဆည်းပေးကြဖို့ KNDF တပ်ရင်းအလိုက်က တောင်းဆိုထားကြပါတယ်။

တိုက်ပွဲဖြစ်ပွားကာလအတွင်း စစ်ကောင်စီတပ်မှ ကျေးရွာထဲနေထိုင်ပြီး မိုင်းထောင်ခဲ့တဲ့အတွက် ပြည်သူလူထုအနေနဲ့ ကျေးရွာ ကို အရေးကြီးကိစ္စမရှိဘဲ သွားလာခြင်းမပြုလုပ်ဖို့ ၊ အရေးကြီးသွားလာဖို့လိုအပ်ပါက မြေပြင်အခြေအနေနဲ့ ချိတ်ဆက်သွားလာဖို့ KNDF တပ်ရင်းအလိုက်က မေတ္တာရပ်ခံထားပါတယ်။ ကရင်နီပြည်နယ်မှာ တိုက်ပွဲဖြစ်ပွားတဲ့နောက် စစ်ကောင်စီဟာ တပ်စွဲခဲ့တဲ့ နေရာတွေ၊ ကျေးရွာတွေမှာ မိုင်းတွေကို ထောင်ထားတာတွေ ပြုလုပ်ပါတယ်။ ကျေးရွာမှာ မိုင်းတွေထောင်ထားခဲ့တာကြောင့် ဒေသခံတွေ မိုင်းနင်းမိပြီး သေဆုံးတာတွေ ဒဏ်ရာရတာတွေလည်း ရှိနေပါတယ်။ https://www.kantarawaddytimes.org/
*****************
၁၃။ မိုးဗြဲမြို့မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်နီဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ပွဲဖြစ်၊ အရပ် သားထိခိုက်မှုရှိ
April 20, 2022

ဒီကနေ့ ( ဧပြီလ ၂၀ရက်) မနက်ပိုင်းမှာ မိုးဗြဲမြို့မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်နီဒေသခံကာကွယ်ရေးပူးပေါင်း တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ တိုက်ပွဲအတွင်းမှာ အရပ်သားပြည်သူတွေ ထိခိုက်တာတွေလည်းရှိသလို စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံနေအိမ်သုံးလုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။ ဒေသခံပြည်သူတွေကတော့ ဘေးလွှတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်း သူက ဆက်ပြောပါတယ်။

လက်ရှိအနေအထားအရ နယ်မြေအခြေအနေနဲ့ပတ်သက်ပြီး တိတိကျကျမပြောနိုင်သေးတဲ့အတွက် သတိနဲ့ နေကြဖို့ အရပ်သား ပြည်သူတွေကို မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ်က တိုက်တွန်းထားပါတယ်။

ကရင်နီပြည်မှာ အာဏာသိမ်းပြီးနောက် တိုက်ပွဲဖြစ်ပွားတဲ့အချိန်နဲ့ တိုက်ပွဲမဖြစ်ပွားတဲ့အချိန်တွေပါ စစ်ကောင်စီက လက်နက် ကြီးတွေ အသုံးပြုပစ်ခတ်နေတဲ့အတွက် အရပ်သားနေအိမ် တစ်ထောင်နီးပါး ပျက်စီးသွားတယ်လို့ PKPF က ဒီကနေ့ ဧပြီလ ၂၀ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် လက်နက်ကြီးတွေကြောင့် ထိခိုက်ဒဏ်ရာရတဲ့ အရပ်သားတွေရှိသလို့ သေဆုံးသွား တဲ့ အရပ်သားပြည်သူတွေလည်း အများအပြားရှိနေပါတယ်။ https://www.kantarawaddytimes.org/
*****************
၁၄။ စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် လမ်းသွားလမ်းလာ ပြည်သူတစ်ဦး ထိခိုက်၊ နေအိမ် တချို့လည်းထိမှန်
April 20, 2022

ယမန်နေ့ (ဧပြီ ၁၉ရက်) နံနက်ပိုင်းအချိန် ဒီးမော့ဆို အနောက်ဖက်ခြမ်းဖက် လက်နက်ကြီး ပစ်ခတ်ခဲ့သလို ညနေပိုင်း (၃)နာရီခွဲ အချိန်မှာလည်း ဒီးမော့ဆို အရှေ့ဖက်ခြမ်းက ကျေးရွာတွေဆီ လက်နက်ကြီး ပစ်ခတ်ခဲ့ပါတယ်။ ဒီးမော့ဆို အရှေ့ဖက်ခြမ်း၊ ကရင်နီတပ်မတော် (KA) ထိန်းချုပ်နယ်မြေ၊ အမှတ်(၁)ခရိုင် ဖက်က ကျေးရွာတစ်ရွာမှာ လက်နက်ကြီး ၁၂လုံး ကျရောက်ခဲ့ပြီး နေအိမ်တချို့ ထိမှန်တာတွေရှိသလို လမ်းသွားလမ်းလာ ပြည်သူတစ်ဦးကို လက်နက်ကြီးစ ထိမှန်ခဲ့တယ်လို့ ဒေသခံတွေဆီက နေ သိရပါတယ်။

လက်နက်ကြီး ပစ်ခတ်မှုဒဏ်ကို ကြောက်နေရပြီး ပြည်သူတွေအနေနဲ့ သွားလာဖို့ အခက်အခဲတွေ စိတ်မလုံခြုံမှုတွေ ရင်ဆိုင် ကြုံတွေ့နေရတယ်လို့ ဒီးမော့ဆို အရှေ့ဖက်ခြမ်း ကျေးရွာတစ်ရွာက ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။ လက်ရှိ ကရင်နီ ပြည်မှာ နေ့စဉ်ရက်ဆက် စစ်ကောင်စီက လက်နက်ကြီး ပစ်ခတ်တာတွေရှိနေပါတယ်။ အထူးသဖြင့် ဒီးမော့ဆို မှာ ပစ်ခတ်မှု ပြုလုပ်နေပြီး ပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်လာတာဖြစ်တယ်လို့ ကရင်နီဒေသခံ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ အသီးသီးက ထုတ်ပြန် ဖော်ပြထားပါတယ်။

ယမန်နေ့ လက်နက်ကြီး ပစ်ခတ်မှုမှာ ငွေတောင်အခြေစိုက် ခလရ(၁၀၂)တပ်ကနေ ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။ ပစ်ခတ်မှုကြောင့် ဒီးမော့ဆိုအနောက်ခြမ်းဖက်၊ လေးမိုင်ယပ်ခူကျေးရွာ ဗုဒ္ဓဘုန်းကြီးကျောင်း တစ်ကျောင်းလည်း ထိမှန်ပျက်စီးခဲ့တယ်လို့ DMO PDFက ဧပြီလ ၁၉ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။ တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF)မှ လက်လှမ်းမှီ သလောက်ပြုစုထားတဲ့ အချက်အလက်အရ လွိုင်ကော်မြို့နယ်မှာ ပျက်စီးသွားတဲ့ အရေအတွက် (၁၀၈)လုံး၊ ဒီးမော့ဆိုမြို့နယ်မှာ (၅၆၄)လုံး၊ ဖရူဆိုမြို့နယ်မှာ (၃၉)လုံး၊ ဖယ်ခုံမြို့နယ်မှာ (၂၅၆)လုံး ဖြစ်ပါတယ်။ https://www.kantarawaddytimes.org/
*****************
၁၅။ ဒီးမော့ဆိုအနောက်ဘက်ခြမ်းကို လက်နက်ကြီးပစ်ခတ်၊ ဗုဒ္ဓဘုန်းကြီးကျောင်းတစ်ကျောင်း လက်နက်ကြီးစ ထိမှန်
April 19, 2022

ဒီကနေ့ ( ဧပြီလ ၁၉ )မနက် ၃နာရီအချိန်မှာ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒီးမော့ဆို အနောက်ဖက်ခြမ်း နောင်ပုလဲကျေးရွာ အုပ်စု၊ လေးမိုင်ယပ်ခူ ကျေးရွာ ဗုဒ္ဓဘုန်းကြီးကျောင်း (၁)ကျောင်းကို လက်နက်ကျည်စထိမှန်ခဲ့တယ်လို့ သိရပါတယ်။ ငွေတောင် အခြေစိုက် ခလရ(၁၀၂)တပ်ကနေပြီး ဒီကနေ့ မနက်မှာ တာဝေးပစ်လက်နက်ကြီး ၁၅လုံးထက်မနည်း ပစ်ခတ်ခဲ့တယ်လို့ ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ် (DMO-PDF) က ဒီကနေ့ သတင်းထုတ်ပြန်ထားတာရှိပါတယ်။

ကရင်နီပြည် ဒီးမော့ဆိုမှာ စစ်ကောင်စီကနေပြီး နေ့စဉ် လက်နက်ကြီး ပစ်ခတ်တာတွေ ပြုလုပ်နေပြီး လူထုတွေ ရှိတဲ့ ကျေးရွာထဲ ကျရောက်တာတွေရှိသလို အဆောက်အဦးတွေ ထိခိုက်ပျက်စီးတာတွေလည်း ရှိနေတာဖြစ်ပါတယ်။ မနေ့က(ဧပြီ ၁၈) နံနက် (၃)နာရီအချိန်မှာလည်း ဒီးမော့ဆို အနောက်ဖက်ခြမ်း ဒေါတော်ကူးကျေးရွာအုပ်စုထဲက ကျေးရွာတစ်ရွာမှာ လက်နက်ကြီး ကျရောက်ခဲ့တယ်လို့ သိရပါတယ်။

လက်နက်ကြီး ရမ်းသန်းပစ်ခတ်တာတွေ ပြုလုပ်နေတဲ့အတွက် ပြည်သူတွေအနေနဲ့ စိုးရိမ်ထိတ်လန့်မှုတွေရှိနေပြီး ကျေးရွာကနေ တိမ်းရှောင်နေကြရတာတွေလည်း ရှိနေတာဖြစ်ပါတယ်။ ဒီးမော့ဆို မြို့နယ်အတွင်းမှာဆိုရင် စစ်ကောင်စီကြောင့် ဘာသာရေး အဆောက်အဦး (၁၆)လုံး ပျက်စီးတာတွေရှိခဲ့တယ်လို့ DMO-PDF က ဖော်ပြထားပါတယ်။ အာဏာသိမ်းကာလအတွင်း ဒီးမော့ဆို မြို့နယ်မှာ အဆောက်အဦး ထိခိုက်ပျက်စီးမှု ၃၇၆ လုံးအထိ ရှိနေတယ်လို့ ကရင်နီလူမှု အသင်းအဖွဲ့များ ကွန်ယက် (KCSN)က ဧပြီ ၁၃ရက်နေ့က ထုတ်ပြန်ထားပါတယ်။ https://www.kantarawaddytimes.org/
*****************
၁၆။ ဖလူးရွာတွင် ထိတွေ့ တိုက်ပွဲ ဖြစ်ပွားပြီးနောက် ညဘက် လက်နက်ကြီး အဆက်မပြတ်ပစ်ခတ်
April 22, 2022

KNU-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၆ နယ်မြေ၊ လေးကေကော်ဒေသ ဖလူးရွာဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်များနှင့် KNLA ပူးပေါင်းတပ်များအကြား ထိတွေ့ပစ်ခတ်တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီဘက်က ညဘက် လက်နက်ကြီးများ အဆက်မပြတ်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း စစ်ရေးနယ်မြေ သတင်းအရင်းအမြစ်က ပြောသည်။

ဧပြီလအတွင်း လေးကေကော်၊ သေ့ဘောဘိုး၊ ဝေါလေ၊ ကနဲလေး ၊မော်ခီး ၊ ထီး သဲပလယ်ဒေသများအတွင်း စစ်ကောင်စီဘက်မှ စစ်ဆင်ရေးအသွင်ဖြင့် တိုက်ခိုက်နေရာတွင် ၎င်းတို့ဘက်မှ အကျအဆုံးများလျက်ရှိသည်ဟု KNLA ပူးပေါင်းတပ်ဖွဲ့ဘက်က ပြောသည်။

ဆက်လက်၍ ထိုးစစ်ဆင်တိုက်ခိုက်ရန် စစ်သည်အင်အား ၊ လက်နက်အင်အားဖြည့်တင်းကာ မြေပြင်စစ်ကြောင်းထိုး တိုက် ခိုက်မှုများနေ့စဉ် လုပ်ဆောင်နေသည့်အတွက် ဒေသတွင်း KNLA ပူးပေါင်းတပ်များဘက်မှ နယ်မြေအတွင်းရှိ စစ်ကောင်စီ အခြေချထားသည့် စစ်စခန်းများ၊ ကင်းကတုတ်များ၊ အမြှောက်ကုန်းများ ၊ လှုပ်ရှား စစ်ကြောင်းများအား ပျောက်ကြား တိုက်ခိုက် သည့် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရသည်။ https://kicnews.org/2022/04/
*****************
၁၇။ ဒေါန အရှေ့ခြမ်း စစ်ဘေးရှောင်များအတွက် နိုင်ငံတကာအဖွဲ့အစည်းများ၏ ကူညီစောင့်ရှောက်မှုများ လိုအပ်နေ
April 21, 2022

KNU-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် ဒေါနရှေ့ခြမ်းဒေသ စစ်ဘေးရှောင်များအနေဖြင့် တစ်ပိုင်တစ်နိုင် ကူညီသူ များ၏ ရိက္ခာပို့ပေးမှုကိုသာ အားထားစားသောက်နေရသည့်အတွက် ရေရှည်တွင် နိုင်ငံတကာ အဖွဲ့အစည်းများ၏ ကူညီစောင့် ရှောက်မှု လိုအပ်နေကြောင်း စစ်ဘေးရှောင်အစုအဖွဲ့အလိုက် ကူညီစောင့်ရှောက်ပေးနေသူများက ပြောသည်။

ဒေါနအရှေ့ခြမ်း လေးကေကော်မှ ဝေါလေ၊ ကနဲလေးဒေသအထိ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီ တပ်နှင့် KNLA ပူးပေါင်းတပ် ဖြစ်ပွားနေသည့် တိုက်ပွဲများ ၄လကျော် ကြာမြင့်လာသည့်အချိန်တွင် ဒေသတွင်း ကျေးရွာပေါင်း ၂၀ ခန့်မှ စစ်ဘေးရှောင်များ အနေဖြင့် ကာလရှည်ကြာစွာ အဆင်ပြေသည့် နေရာများတွင် စုဖွဲ့၍ စစ်ဘေးရှောင်နေကြရဆဲဖြစ်သည်။

ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်ဘေးတစ်လျှောက် ဖလူးကြီး၊ ဖလူးလေး မြစ်ကမ်းဘေး မှ ကျောက်ခက်၊ သေ့ဘောဘိုး၊ ထီးကပလယ်၊ မော်ခီးနှင့် ကနဲလေး ဒေသဘက်အထိ စစ်ဘေးရှောင်များအနေဖြင့် ဝါးတောများ၊ ခြုံပုတ်ကိုင်းပင်များထူထပ်ပြီး အရိပ်ရနေရာများတွင် ယာယီ အမိုးအကာများဖြင့်သာ မိသားစုအလိုက်စုဖွဲ့နေထိုင်နေကြရသည့် လူဦးရေ ပေါင်း ၁၂,၀၀၀ ကျော် ရှိ သည်ဟု စစ်ရှောင်ကူညီရေးလုပ်ဆောင်နေသူများ၏ ကောက်ခံထားသည့် စာရင်းအရ သိရသည်။
https://kicnews.org/2022/04/
*****************
၁၈။ စစ်ကောင်စီ၏ နိုင်ငံသားစိစစ်ရေးကတ်ပြားစီမံချက်ကို ခွင့်မပြုတော့ဟု KNU အမှတ် ၆ တပ်မဟာမှူး အသိပေး
April 20, 2022

KNU-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်၊ တပ်မဟာ ၆ နယ်မြေတွင် စစ်ကောင်စီမှ နိုင်ငံသား စိစစ်ရေးလုပ်ငန်း ဆောင်ရွက်နေသည့် ပန်းခင်းစီမံချက်ကို နယ်မြေအတွင်း ဆောင်ရွက်ခွင့်မပြုတော့ဟု တပ်မဟာမှူးဖြစ်သူ ဗိုလ်မှူးချုပ် စောဆာမိစေးဖိုးက ယနေ့ ဧပြီလ ၂ဝ ရက်နေ့စွဲဖြင့် အသိပေးစာ ထုတ်ပြန်လိုက်သည်။ ပြည်သူလူထုများ၏ အသက်အိုးအိမ် စည်းစိမ်လုံခြုံမှုနှင့် စားဝတ်နေရေးအတွက် လုံခြုံစိတ်ချစွာနေထိုင် လုပ်ကိုင်နိုင်ရေး နိုင်ငံသားစိစစ်ရေးကတ်ဆောင်ရွက်ရန် ပန်းခင်းစီမံချက်လုပ်ငန်းကို နယ်မြေအတွင်း ရည်ရွယ်ခွင့်ပြုခဲ့ပြီးနောက် စစ်တပ်ဘက်က ဒေသအတွင်း အင်အားတိုးချဲ့လှုပ်ရှား လာကာ ပြည်သူ၏ အသက်အိုးအိမ်ပါ ထိခိုက်ပျက်စီးမှု ဖြစ်ပေါ်လာသည့်အတွက် ၎င်းတို့၏လုပ်ငန်းစီမံချက် ခွင့်ပြုထားမှုကို ပြန်လည်ရုပ်သိမ်းကြောင်း အမှတ် ၆ တပ်မဟာမှူး၏ အသိပေးစာတွင် ဖော်ပြထားသည်။

အာဏာသိမ်းစစ်ကောင်စီ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ပန်းခင်းစီမံချက်ဖြင့် ကြာအင်းဆိပ်ကြီး၊ ကျိုက်ဒုံနှင့် ဘုရားသုံးဆူမြို့ရှိ ပြည်သူလူထုများကို နိုင်ငံသားမှတ်ပုံတင်ကတ်ပြား လုပ်ပေးနိုင်ရန် KNU အမှတ် ၆ တပ်မဟာမှူး ဗိုလ်မှူးချုပ် စောဆာမိစေးဖိုးထံ ပြီးခဲ့သည့် မတ်လက ခွင့်ပြုချက်ရယူခဲ့ခြင်းဖြစ်သည်။ KNU ဒူးပလာယာခရိုင်ရှိ မြို့နယ် အသီးသီးတွင် ပြီခဲ့သည့် ၂ဝ၂၁ ခုနှစ်၊ အောက်တိုဘာလမှစပြီး စစ်ကောင်စီမှ ကျေးရွာများတွင် တပ်စခန်းချ ထိုးစစ်ဆင်လာခဲ့ သည့်အတွက် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့နှင့် နှစ်ဖက် ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး ဒေသခံရွာသား သောင်းနှင့်ချီ၍ စစ်ဘေးတိမ်း ရှောင်နေကြရသည်ဟု စစ်ရှောင်ကူညီကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။

အဆိုပါ စစ်ကောင်စီ၏ ပန်းခင်းစီမံချက်လုပ်ငန်းသည် လာမည့် ၂ဝ၂၃ ခုနှစ်၊ စစ်ကောင်စီ ဦးစီးကျင်းပမည့် ရွေးကောက်ပွဲ လုပ်ငန်းအတွက် ပြည်သူများ မဲထည့်ခွင့်ရရန် ရည်ရွယ်ဆောင်ရွက်နေခြင်းသာဖြစ်သည်ဟု လွှတ်တော်ကိုယ်စားလှယ်ဟောင်း များက ထောက်ပြပြောဆိုကြသည်။ စစ်ကောင်စီ၏ လဝက ပြည်ထောင်စုဝန်ကြီးဦးခင်ရီကမူ ပြည်သူများ ခရီးသွားတည်းခိုမှုနှင့် လုပ်ငန်း ဆောင်ရွက် ရာတွင် ထောက်ခံစာဖြင့် ခွင့်မပြုတော့ဘဲ နိုင်ငံသားကတ်ဖြင့်သာ ခွင့်ပြုဆောင်ရွက်လာသည့်အတွက် ယခုလို မှတ်ပုံတင်ပြုလုပ်ပေးရခြင်းဖြစ်သည်ဟု နိုင်ငံသားမှတ်ပုံတင်ပေးအပ်ပွဲအခမ်းအနားများတွင် ထည့်သွင်း ပြောဆိုထား သည်။ https://kicnews.org/2022/04/
**************
၁၉။ လေးကေနှင့် ဝင်းတာပန်စခန်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ၃ရက်အတွင်း ထွက်ခွာရန် KNDO ပြော
April 20, 2022

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး သထုံခရိုင် တပ်မဟာ(၁) နယ်မြေ၊ ဘီးလင်းမြို့နယ် လေးကေနှင့် ဝင်းတာပန် စခန်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် စခန်းမှ ၃ရက်အတွင်း ဆုတ်ခွာပေးရန် ကရင်အမျိုးသား ကာကွယ်ရေးတပ် -KNDO တပ်ရင်း(၂)က ယနေ့ ဧပြီလ ၂၀ရက်နေ့တွင် ကြေညာချက်ထုတ် ပြောဆိုလိုက်သည်။ နယ်မြေအတွင်း ကျူးကျော် နေထိုင်သည့် စခန်းများအနေဖြင့် ဧပြီလ ၂၃ရက်နေ့ ဆုံးထားဆုတ်ခွာပေးရမည်ဖြစ်ပြီး သတ်မှတ်ရက်အတွင်း ဆုတ်ခွာခြင်း မပြုလုပ်ပါက စစ်ရေးအရ ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားရ မည်ဖြစ်ကြောင်းလည်း KNDOက ထုတ်ပြန်ပြောဆိုထားသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မြန်မာနိုင်ငံအနှံ့အပြားရှိ တိုင်းရင်းသား ပြည်သူလူထုအပေါ် ဖမ်းဆီး သတ်ဖြတ်ခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်း၊ အသက်အိုးအိမ်စည်းစိမ်များကိုလည်း မီးရှို့ဖျက်ဆီးသည့်အပြင် အိမ်ထောင်သည်နှင့် ကလေးငယ်များ မကျန် မုဒိမ်းကျင့်ခြင်း စသည့် လူသားမဆန်စွာ ပြုမူဆက်ဆံနေသည့်အတွက် ၎င်းတို့၏နယ်မြေထဲတွင် စစ်ကောင်စီတပ်ကို လုံးဝနေထိုင်ခွင့် မပြုနိုင်ကြောင်း KNDO ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။ ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင် များအနေဖြင့် KNDO နှင့် ပူးပေါင်းလိုပါက သတ်မှတ်ရက်မတိုင်မှီ ဆက်သွယ်ရန်၊ ထွက်ခွာမည့် လမ်းကြောင်းနှင့်အချိန်ကိုလည်း ကြိုတင် ညှိနှိုင်းရန်နှင့် နယ်မြေအတွင်း ထုတ်ပြန်ထားပြီးဖြစ်သည့် နံနက် ၆နာရီမှ ညနေ ၆ နာရီအတွင်း သွားလာခွင့် အထူးဂရု စိုက်ရန်လည်း KNDO က သတိပေးပြောဆိုထားသည်။

လေးကေနှင့် ဝင်းတာပန် စစ်ကောင်စီတပ်စခန်းတွင် စစ်ကောင်စီနှင့် နယ်ခြားစောင့်တပ် -BGF ပူးပေါင်းတပ် ရောနှောနေထိုင် လျက်ရှိပြီး အဆိုပါအနီးနားကျေးရွာရှိ လူထုများကို အတင်းအဓမ္မခိုင်းစေမှုများလုပ်ဆောင်ခြင်းနှင့် လူထုများနေထိုင်သည့် ကျေးရွာထဲသို့ လက်နက်ကြီး ပစ်ခတ်မှုများ မကြာခဏလုပ်ဆောင်လေ့ရှိသည်ဟု ဒေသခံများထံမှ သိရသည်။
https://kicnews.org/2022/04/
**************
၂၀။ မိုင်းဆွဲတိုက်ခိုက်ခံရမှု များလာပြီးနောက် ကော့ကရိတ်မြို့တွင် ပုဒ်မ ၁၄၄ ညမထွက်ရအမိန့် အချိန်ထပ်တိုးတင်းကြပ်
April 20, 2022

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နှင့် မြို့အနီးတွင် မိုင်းဆွဲတိုက်ခိုက်မှုဖြစ်စဉ်များလာသည့်နောက် အာဏာသိမ်း စစ်ကောင်စီ၏ ကော့ကရိတ်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဧပြီလ ၁၉ ရက်နေ့စွဲဖြင့် ရာဇဝတ်ထုံး ဥပဒေ ပုဒ်မ ၁၄၄ ညမထွက်ရအမိန့် ကို အချိန်ထပ်တိုးလိုက်ကြောင်း ထုတ်ပြန်ခဲ့သည်။ ကော့ကရိတ်မြို့နယ် စစ်ကောင်စီထွေအုပ်၏ မတ်လ ၃၀ရက်နေ့တွင် ထုတ် ပြန်ခဲ့သော ည ၁၀နာရီမှ နံနက် ၄ နာရီအချိန်အတွင်း လမ်းပေါ်မထွက်ရဟု ရာဇဝတ်ထုံး ဥပဒေ ပုဒ်မ ၁၄၄ ညမထွက်ရအမိန့်အား မြို့နယ်၏ လုံခြုံရေးအခြေအနေအရဟုဆိုကာ ည ၈ နာရီမှ နံနက် ၄ နာရီအချိန်ထိ အချိန်ထပ်တိုးထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

အဆိုပါ မြို့နယ်စစ်ကောင်စီထွေအုပ် အမိန့်ထုတ်ပြန်ချက်၏ သတ်မှတ်ကာလသည် ဧပြီ ၁၉ ရက်နေ့မှစတင်ကာ ဇွန်လ ၁၉ ရက်အထိဖြစ်ပြီး ညအချိန် လမ်းမပေါ်မထွက်ရထုတ်ပြန်သည့်အပြင် သတ်မှတ်ထားသည့် မြို့နယ်တားမြစ်ဧရိယာထဲတွင် လူစုဝေးခြင်း၊ ဟောပြောခြင်း၊ စီတန်းလမ်းလျှောက်ခြင်း၊ လှုံ့ဆော်ခြင်း၊ တိုက်တွန်းခြင်း၊ ဆန္ဒပြခြင်း၊ ဆူပူခြင်းနှင့် ရုန်းရင်း ဆန်ခတ်ပြုလုပ်ခြင်းများမလုပ်ရဟုလည်း ပါရှိသည်။ ကော့ကရိတ်မြို့ထဲတွင် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်က မြို့အတွင်း ဗုံးပေါက်ကွဲမှု၊ စစ်ကောင်စီယာဉ် တန်းမိုင်းဆွဲတိုက်ခိုက်ခံရမှုဖြစ်စဉ်များရှိသလို ယခုနှစ် သင်္ကြန်ကာလတွင်လည်း စစ်ကောင်စီဦးစီးကျင်းပ သည့် သင်္ကြန်မဏ္ဍပ်အနီးတွင် ဒရုန်းယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်ခံရမှုလည်း ရှိခဲ့သည်။

မြို့နယ်စစ်ကောင်စီထွေအုပ်၏ ထုတ်ပြန်ချက်အရ သတ်မှတ်ထားသည့် တားမြစ်နယ်မြေထဲတွင် အရှေ့ဘက် မြဝတီမြို့နယ်၊ အနောက်ဘက် ကျိုက်မရောမြို့နယ်၊ တောင်ဘက်ကြာအင်းဆိပ်ကြီးမြို့နယ်၊ မြောက်ဘက် ဖားအံနှင့် လှိုင်းဘွဲမြို့နယ်အထိ ပါဝင်သည်ကို တွေ့ရှိရသည်။ သတ်မှတ်ထားသည့် တားမြစ်နယ်မြေနေရာအများစုမှာ ကေအဲန်ယူ တပ်မဟာ(၆)နှင့် တပ်မဟာ (၇) ထိန်ချုပ်နယ်မြေဧရိယာထဲတွင်ရှိပြီး စစ်ကောင်စီဘက်မှ ကော့ကရိတ်မြို့အတွင်းနှင့် ကော့ကရိတ်-ဖားအံ လမ်းမကြီးပေါ်ရှိ အချို့နေရာတွင်သာ ထိန်းချုပ်ထားနိုင်သည်ဟု မြေပြင်သတင်းအရင်းအမြစ်များ၏ ပြောဆိုချက်အရ သိရသည်။
https://kicnews.org/2022/04/
**************
၂၁။ လက်နက်ကြီးပစ်ခတ်ခြင်း၊ စနိုက်ပါပစ်ခတ်ခြင်းများလုပ်ဆောင်သည့် စစ်ကောင်စီတပ်အား KNLA တန်ပြန်တိုက်ခိုက် ၍ ၅ ဦးထက်မနည်း သေဆုံး
April 20, 2022

မြဝတီမြို့တောင်ဘက် လေးကေကော်ဒေသတွင် ဝင်ရောက်လှုပ်ရှားပြီး လက်နက်ကြီးပစ်ခတ်ခြင်း၊ စနိုက်ပါ ချောင်မြောင်း ပစ်ခတ်ခြင်းများနေ့စဉ်လိုလိုလုပ်ဆောင်သည့် စစ်ကောင်စီတပ်အား ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA ပူးပေါင်းတပ်ဖွဲ့မှ ပြောက်ကျားဖြင့် တန်ပြန်တိုက်ခိုက်သည့်အတွက် စစ်ကောင်စီတပ်သား ၅ ဦးထက်မနည်း သေဆုံးခဲ့သည်ဟု KNLA ပူးပေါင်းတပ်ဘက်က ပြောသည်။ လေးကေကော်ဒေသတွင် ဝင်ရောက်လှုပ်ရှားသည့် စစ်ကောင်စီတပ်များသည် KNLA ပူးပေါင်းတပ်ဖွဲ့များရှိမည်ဟု ယူဆသည့်နေရာများဘက်သို့ ဧပြီ ၁၈ ညမှ ၂၀ရက်နေ့အထိ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းနှင့် စနိုက်ပါသေနတ်သမားဖြင့် ချောင်းမြောင်း ပစ်ခတ်ခြင်းများ နေ့ရော၊ ညပါ လုပ်ဆောင်နေသည့်အတွက် KNLA ပူးပေါင်းတပ်များမှ ပြောက်ကျားတန်ပြန် တိုက်ခိုက်မှုများလုပ်ဆောင်ခဲ့ရာတွင် ထိုသို့ ထိခိုက် ကျဆုံးခဲ့ခြင်းဖြစ်သည်ဟု KNLA ပူးပေါင်းတပ်ဖွဲ့ သတင်းအရင်းအမြစ်က ပြောသည်။

KNU တပ်မဟာ ၆ နယ်မြေ၊ ဒူးပလာယာ ခရိုင်အတွင်းရှိ လေးကေကော်၊ ထီးကပလယ် ၊ သင်္ဃန်းညီနောင် ထီးမူးထ့၊ နို့ဖိုး၊ ကော့ကရိတ် ရွာသစ်ကုန်း၊ တောင်ကြာအင်း ဒေသကျေးရွာများ KNLA ပူးပေါင်းအဖွဲ့ စစ်ရေးလှုပ်ရှားရာနေရာများအား မတ်လ နှင့် ဧပြီလအတွင်း စစ်ကောင်စီတပ်က တိုက်လေယာဉ်များ၊ စစ်ရဟတ်ယာဉ်များဖြင့် ပေါင် ၅၀၀ ပဒေသာ ဗုံးကြီးများ ကြဲချခြင်း၊ ဒုံးပစ်ဗုံးသီးများဖြင့် ပစ်ခတ်ခြင်း၊ လေယာဉ်ပစ်စက် သေနတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ နယ်မြေအတွင်း လက်နက်ကြီး ကုန်းများမှ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုတို့ကြောင့် အရပ်သား ၅ ဦး ထက်မနည်းသေဆုံးပြီး ၁၀ ခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ရသည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်များထံမှ သိရသည်။

ထို့အပြင် ဒေသတွင်း လူနေအိမ်၊ တောင်ယာစိုက်ခင်း၊ စာသင်ကျောင်း၊ ခရစ်ယန်ဘုရားကျောင်း၊ ဘုန်းကြီးကျောင်း သာသနိက အဆောက်အအုံများလည်း စစ်ကောင်စီတပ်၏ လက်နက်ကြီးကြောင့် ပျက်စီးဆုံးရှုံးခဲ့ပြီး စစ်ဘေးရှောင် ပြည်သူ ၃၀,၀၀၀ ခန့်အထိ တိုက်ပွဲလွတ်ရာ နေရာများတွင် ဆက်လက် စစ်ဘေးရှောင်နေရဆဲ ဖြစ်သည်ဟု စစ်ရှောင်ကူညီရေး လုပ်ဆောင်နေ သူများက ပြောသည်။ အဆိုပါ နှစ်ဖက် တိုက်ခိုက်မှုများအတွင်း စစ်ကောင်စီဘက်မှ လေးကေကော်၊ သင်္ဃန်းညီနောင်၊ ထီးမူးထ နှင့် ဝေါလေ၊ ကနဲလေး၊ မောခီးနေရာများဘက်သို့ စစ်အင်အား ဆက်လက် ဖြည့်တင်း ပို့ဆောင်ကာ နေ့ရော၊ ညပါ လက်နက်ကြီးဖြင့် တိုက်ခိုက်ခြင်း၊ လေကြောင်းမှ တိုက်ခိုက်ခြင်း မြေပြင် စစ်ဆင်ရေးအသွင်ဖြင့် တိုက်ခိုက်ခြင်းများကြောင့် KNLA ပူးပေါင်း အဖွဲ့ များနှင့် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရသည်။ https://kicnews.org/2022/04/
**************
၂၂။ သံတောင်တွင် ကင်းလှည့်စစ်ကောင်စီတပ်သား ၂ ဦး မိုင်းဆွဲတိုက်ခိုက်ခံရ၍ သေဆုံး၊ လက်နက် (၂)လက် KNLA သိမ်းဆည်းရမိ
April 20, 2022

သံတောင်ကြီးမြို့နယ် ၊ သံတောင်မြို့နှင့်ပျားစခန်းရွာအကြားရှိ ၁၁ မိုင်ကုန်းအနားတွင် ယနေ့ ဧပြီလ ၂၀ရက်နေ့ နံနက် ၆နာရီခွဲ ခန့်က ခြေလျင်ဖြင့်ကင်းလှည့်နေသည့် စစ်ကောင်စီတပ်သား (၂) ဦးအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA ပူးပေါင်းတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၂ ဦးလုံးသေဆုံးသွားခဲ့သည်ဟု သိရသည်။

မိုင်းဆွဲတိုက်ခိုက်ခံရပြီး သေဆုံးသွားသည့် ကင်းလှည့်စစ်ကောင်စီတပ်သား (၂)ဦးထံမှ လက်နက် (၂) လက်ပါ KNLA တပ်ဖွဲ့က သိမ်းဆည်းရမိသည်ဟု ဒေသအခြေစိုက် Taw Oo Karen News ဖေ့ဘွတ်လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှု ဖြစ်စဉ်ဖြစ်ပွားပြီးနောက် ၁၃ မိုင်ရှိ စစ်ကောင်စီတပ်များသည် မော်တော်ယာဉ်တစ်စီးဖြင့် ရောက်ရှိ လာပြီး မိနစ် ၃၀ကျော်ကြာ လမ်းပိတ် စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ပြီးနောက် ကားလမ်းကို ပြန်လည်ဖွင့်ပေးခဲ့ကြောင်းလည်း ၎င်းဒေသခံက ဆက်ပြောသည်။ ၎င်း ၁၁ မိုင်ကုန်းနေရာတွင် ပြီးခဲ့သည့် ၂၀၂၁ခုနှစ် ၊ နိုဝင်ဘာလတုန်းကလည်း စစ်ကောင်စီ တပ်သားများ အလားတူ မိုင်းဆွဲတိုက်ခိုက်ခံရဖူးသည်ဟု Taw Oo Karen News ၏ ဖော်ပြချက်အရ သိရသည်။
https://kicnews.org/2022/04/
**************
၂၃။ ဝါးဘိုးတောလမ်းဆုံရဲဂိတ် တိုက်ခိုက်ခံရပြီး ရဲ(၆) ဦးသေဆုံး
April 19, 2022

ကရင်ပြည်နယ်၊ ဖားအံမြို့နယ် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး သထုံခရိုင် (တပ်မဟာ-၁ နယ်မြေ)ရှိ ဝါးဘိုးတော လမ်းဆုံ ရဲဂိတ်ကို ယနေ့ ဧပြီလ ၁၉ ရက်နေ့နံနက်တွင် တိုက်ခိုက်ခံရပြီး ရဲတပ်ဖွဲ့ဝင် ၆ ဦးသေဆုံးခဲ့သည်ဟု သိရသည်။ ဖားအံ-သထုံ-ကမမောင်းသွားသည့် လမ်းဆုံဖြစ်သည့် အဆိုပါ ဝါးဘိုးတောလမ်းဆုံရှိ ရဲစစ်ဆေးရေးဂိတ်အား နံနက် ယနေ့ နံနက်၈ နာရီခွဲတွင် နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်- KNLA နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူးပေါင်း တပ်ဖွဲ့က ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု KNU ဘက်က ပြောသည်။

အဆိုပါ ရဲဂိတ် ဝင်ရောက်ပစ်ခတ်မှုတွင် လက်နက်ငယ် (၃)နှင့် ကျည် ၁၅ တောင့် သိမ်းဆည်းရမိသည်ဟုလည်း KNU တပ်မဟာ -၁ က ပြောသည်။ ၎င်းလမ်းဆုံရဲဂိတ်တွင် နယ်မြေခံ KNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့မှ ကားနှင့်ဝင်ရောက်ပစ်ခတ်တိုက်ခိုက် သွားခြင်းဖြစ်ပြီး ပစ်ခတ်မှုဖြစ်ပြီးသည့်နောက် ထိုဂိတ်အနီးတွင် မိုင်း ၂ လုံး ထပ်မံပေါက်ကွဲခဲ့သည်ဟုလည်း ဒေသခံများထံမှ သိရှိ ရသည်။

အဆိုပါ ရဲဂိတ်တိုက်ခိုက်ခံရသည့်အတွက် စစ်ကောင်စီတပ်များ ရောက်လာပြီး သေနတ်ရမ်းသမ်း ပစ်ခတ်ခြင်းများလုပ်ဆောင်ခဲ့ သလို လမ်းပိတ်စစ်ဆေးမှုများလည်း မိုမိုလုပ်ဆောင်လျက်ရှိသည်ဟု ဒေသခံများက ပြောသည်။
https://kicnews.org/2022/04/
**************
၂၄။ မတူပီမြို့နယ် လည်မျိုချောင်းဆုံတိုက်ပွဲတွင် စစ်ကောင်စီဗိုလ်ကြီးအဆင့်အပါအဝင် ၈ ဦးသေဆုံး
APRIL 22, 2022

မတူပီမြို့နယ် မင်းတပ်-မတူပီလမ်းမပေါ်ရှိ လည်မျိုချောင်းဆုံတွင် CDF-Matupi နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ ဧပြီလ ၂၀ ရက် ယမန်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ဗိုလ်ကြီးအဆင့်အပါအဝင် ၈ ဦးသေဆုံးခဲ့သည်ဟု CDF-Matupi ပြန်ကြား ရေးတာဝန်ရှိသူ တစ်ဦးက ပြောသည်။

မတူပီမြို့အခြေစိုက် စစ်ကောင်စီတပ် ခမရ ၃၀၄ တပ်ရင်းသည် နယ်မြေရှင်းလင်းရေးပြုလုပ်သည်ဟုဆိုကာ CDF-Matupi တပ်ရင်း ထိန်းချုပ်နယ်မြေဧရိယာအတွင်းသို့ ဝင်ရောက်လာခြင်းကြောင့် နှစ်ဘက်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ စစ်ကောင်စီတပ်ဘက်မှ ယမန်နေ့တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်းတွင်လည်း စစ်အင်အား ၁၀၀ ဝန်းကျင်ထပ်မံ ဖြည့်တင်းလာ သည်ဟု သိရသည်။

CDF-Matupi နှင် စစ်ကောင်စီတပ်ဖွဲ့တို့ ယနေ့မနက်ပို်င်းတွင် ထိတွေ့မှုထပ်မံမရှိသေးသော်လည်း စစ်ကောင်စီ ဘက်မှ ဖုန်းလိုင်းများဖြတ်တောက်ပြီး မကြာမှီအချိန်တွင်းမှာလည်း တိုက်ပွဲများဆက်လက် ပြင်းထန်းလာနိုင်ဖွယ်ရှိသည်ဟု CDF-Matupi က ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။ https://kicnews.org/2022/04/
**************
၂၅။ ကော့ကရိတ်မြို့နယ် ညမထွက်ရအမိန့်အား အချိန်တိုးကန့်သတ်
(၂၀၂၂ ဧပြီ ၂၀)

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ကို ညမထွက်ရ အမိန့် ရာဇသတ်ထုံး ဥပဒေ ပုဒ်မ ၁၄၄ အား အချိန်တိုး ကန့်သတ်လိုက် ကြောင်း ကော့ကရိတ်ခရိုင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ထုတ်ပြန်ခဲ့သည်။ ယခင် ညမထွက်ရ အမိန့်ဖြစ်သည့် ည(၁၀:၀၀)နာရီမှ နံနက် (၄:၀၀) နာရီအတွင်း မထွက်ရဟူသည့် ယခင်အမိန့်အား ပယ်ဖျက်ပြီး ယနေ့ (ဧပြီ ၂၀ ရက်)မှ စတင်ကာ ည(၈:၀၀နာရီမှ နံနက်(၄:၀၀) နာရီ အတွင်း အပြင်မထွက်ရဟူ၍ အချိန်တိုး ထုတ်ပြန်ခဲ့သည်။

ယင်းတို့ ပြုလုပ်ရခြင်းမှာလည်း ငြိမ်ဝပ်ပိပြားရေးနှင့် လုံခြုံရေးကို ထိခိုက်စေနိုင်သည့် ပဋိပက္ခရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပေါ် စေသည်ဟု ယူဆသည့်အတွက်ကြောင့် သတ်မှတ် နယ်နိမိတ်အတွင်း စုဝေးခြင်း၊ ဟောပြောခြင်း၊ စီတန်းလမ်းလျှောက်ခြင်း၊ လှုံဆော်ခြင်း၊ တိုက်တွန်းခြင်း၊ ဆန္ဒပြခြင်း၊ ဆူပူခြင်း၊ ရုန်းရင်းဆန်ခတ်ပြုလုပ်ခြင်းများ မပြုလုပ်ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ မြို့နယ်ကောင်စီ၏ ထုတ်ပြန်ချက်အရ သတ်မှတ်ထားသည့် အရှေ့ဘက်တွင် မြဝတီမြို့နယ်၊ အနောက်ဘက် တွင် ကျိုက်မရောမြို့နယ်၊ တောင်ဘက်တွင် ကြာအင်းဆိပ်ကြီးမြို့နယ်၊ မြောက်ဘက်တွင် ဖားအံနှင့် လှိုင်းဘွဲမြို့နယ်အထိ ပါဝင် သည်။

ကော့ကရိတ်မြို့နယ်နှင့် အနီးတစ်ဝိုက်တွင် မကြာခဏ မိုင်းဆွဲတိုက်ခိုက်မှုများ၊ ထိတွေ့မှုများ ဖြစ်ပွားလျက်ရှိသလို၊ မြဝတီ – ကော့ကရိတ်လမ်းမကြီးပေါ်မှာလည်း မကြာခဏ မိုင်းဆွဲတိုက်ခိုက်မှုများ ဖြစ်ပွားလျက်ရှိသည်။ ထို့အတူ ဧပြီ ၁၈ ရက်က ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ တပ်မဟာ ၆ ဒူးပလာယာခရိုင်အတွင်း ခရီးသွားလာခွင့် စည်းကမ်းချက်များကို လိုက်နာ ရန် ထုတ်ပြန်ခဲ့ပြီး ခရီးသွားလာခွင့်ကို နေ့စဥ် နံနက် ၆ နာရီမှ ည ၇ နာရီအတွင်းသာ သွားလာခွင့် ပြုတော့မည်ဖြစ်ကြောင်း ည ၇ နာရီမှ နံနက် ၆ နာရီအတွင်း ဖြတ်သန်းသွားလာခွင့် မပြုကြောင်း ထုတ်ပြန်ခဲ့သည်။
https://burmese.monnews.org/2022/04/21/
*******************
၂၆။ KNU တပ်မဟာ ၁ နယ်မြေအတွင်းမှ တပ်မတော်စခန်းများ ဆုတ်ခွာရန် ထုတ်ပြန်
(၂၀၂၂ ဧပြီ ၂၀)

ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ တပ်မဟာ ၁ နယ်မြေ သထုံခရိုင် အတွင်းရှိ တပ်မတော်စခန်းများ မိမိတို့ နယ်မြေမှ ဆုတ်ခွာရန် KNDO မှ ယနေ့ (ဧပြီ ၂၀ ရက်) တွင် ထုတ်ပြန်ခဲ့သည်။ တပ်မဟာ ၁ KNDO တပ်ရင်း (၂) နယ်မြေအတွင်းတွင် တပ်စွဲ ထားသည့် တပ်မတော်များ၏ (လေးကေ)စခန်းနှင့် (ဝင်းတာပန်) စခန်းတို့သည် ၂၃-၄-၂၀၂၂ ရက် ည ၆ နာရီ နောက်ဆုံးထားပြီး စခန်းဆုတ်ခွာရမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့အတူ မိမိတို့ နယ်မြေအတွင်း စခန်းများ ဆုတ်ခွာခြင်းမရှိပါက စစ်ရေးအရ ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

တပ်မတော်အနေဖြင့် နိုင်ငံအနှံအပြားရှိ တိုင်းရင်းသားပြည်သူများအပေါ် ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ညှင်းပန်နှိပ်စက်ခြင်း၊ အိမ် ထောင်သည်နှင့် ကလေးသူငယ်များပါမကျန် မုဒိမ်းကျင့်ခြင်း၊ အိုးအိမ်စည်းစိမ်များအား မထင်ရင် မထင်လျင် မထင်သလို မီးရှို့ ဖျက်စီးခြင်း အစရှိသဖြင့် ပြုမူဆက်ဆံနေခြင်းများ ရှိနေခြင်းကြောင့် မိမိတို့နယ်မြေအတွင်း နေထိုင်ခွင့် မပြုနိုင်ကြောင့် ဖော်ပြ ထားသည်။

ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့ KNDO နှင့် ပူးပေါင်းလိုပါက သတ်မှတ်ရက် မတိုင်မီ ဆက်သွယ်ရန်နှင့် ထွက်ခွာရန် လမ်း ကြောင်းနှင့် အချိန်အား တိကျစွာ ကြိုတင်ညှိနှိုင်းရန်လည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
https://burmese.monnews.org/2022/04/21/
*******************
၂၇။ မော်လမြိုင်မြို့နယ်အတွင်း စက်သုံးဆီများကို ခွဲတမ်းစနစ်ဖြင့် မရောင်းရသေး
(၂၀၂၂ ဧပြီ ၁၉)

မော်လမြိုင်မြို့နယ်အတွင်းရှိ စက်သုံးဆီဆိုင်များတွင် စက်သုံးဆီကို ခွဲတမ်းစနစ်ဖြင့် မရောင်းချရသေးကြောင်း စက်သုံးဆီ အရောင်းဆိုင်ရှင်များထံက သိရသည်။ လက်လီစနစ် လာ‌ရောက်ဝယ်ယူ ဆီဖြည့်သည့် ကားနှင့် ဆိုင်ကယ်များကို လိုသလောက် ရောင်းချပေးနေကြောင်း မော်လမြိုင်မြို့မှ စက်သုံးဆီအရောင်းဆိုင်တာဝန်ရှိသူက ပြောသည်။

လက္ကားစနစ်ဖြင့် ဆီတိုင်ကီများဖြင့် လာရောက်ဝယ်ယူမှုများကိုသာ အကန့်အသတ်ဖြင့် ရောင်းချပေးနေရခြင်း ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။ လက်ရှိတွင် မြို့အတွင်း စက်သုံးဆီဆိုင်များတွင် ကား၊ ဆိုင်ကယ်များ တိုးနေပြီး ပြည်သူများအနေဖြင့် မစိုးရိမ်ကြရန် ဖြည့်စွက်ပြောသည်။ စက်သုံးဆီများ ဝယ်ယူရ ခက်ခဲနေသော်လည်း ပြတ်လပ်မှု မရှိနိုင်‌သေးကြောင်း စက်သုံးဆီ အရောင်းအဝယ်ဆိုင်များထံက သိရသည်။

တစ်ချို့ စက်သုံးဆီ ဆိုင်အသေးများသည် ဆီကျန်ရှိနေသည့် အနေအထားပေါ်မူတည်ပြီး နေ့စဉ် နေ့တစ်ဝက်သာ ဖွင့်လှစ် ရောင်း ချပေးသွားမည်ဖြစ်ကြောင်း စက်သုံးဆီရောင်းဝယ်နေသူ တစ်ဦးက ပြောသည်။ လက်ရှိတွင် ကျန်ရှိနေသည့် စက်သုံးဆီများ ကုန်သွားပါက ခဏရပ်နားထားမည် ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။ စက်သုံးဆီ ဈေးနှုန်းများ ပြန်လည်မြင့်တက်လာနေပြီး ထပ်မံ မြင့်တက်လာနိုင်ကြောင်း စက်သုံးဆီအရောင်းဆိုင်ရှင်များက သုံးသပ်ပြောသည်။
https://burmese.monnews.org/2022/04/21/
*******************
၂၈။ မိုးရာသီမတိုင်ခင် ရခိုင်စစ်ဘေးရှောင်စခန်းများအမြန်ဆုံးပြုပြင်ရန် လိုအပ်နေဟုဆို
21 Apr, 2022

မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ရခိုင်က စစ်ဘေရှောင်စခန်းများရှိ အဆောင်များ၊ နေအိမ်များ ပြိုပျက်သွားခဲ့သဖြင့် မိုးရာသီ မတိုင်ခင် ၎င်းနေအိမ်များကို အမြန်ဆုံးပြုပြင်ရန်လိုအပ်နေသည်ဟု စစ်ဘေးရှောင်များက ပြောသည်။ ကျောက်တော်မြို့နယ်၊ တောင်မင်းကုလားစစ်ဘေးရှောင်စခန်းရှိ နေအိမ် ၁၀၀ ကျော်အနက် ၁၀ လုံးမှာ လုံးဝပြိုပျက်နေပြီး ကျန်နေအိမ်များမှာလည်း တစ်ပိုင်းတစ် ယိုင်လဲပြိုပျက်နေပြီဖြစ်သဖြင့် အမြန်ဆုံး ပြုပြင်ရန် လိုအပ်နေသည့်အထဲတွင်ပါဝင်ကြောင်း တောင်မင်းကုလား စစ်ဘေးရှောင်စခန်းမှ အမျိုးသမီးနှင့် ကလေးတာဝန်ခံ ဒေါ်မအေးခိုင်က နိရဉ္စရာ သတင်းဌာနကို ပြောသည်။

အဆိုပါတောင်မင်းကုလားစစ်ဘေးရှောင်စခန်းတွင် မသန်စွမ်းဦးရေ ၁၇ ဦးရှိကာ သဘာဝဘေး အန္တရာယ်တစ်ခုခုနှင့် ကြုံလာပါ ကလည်း ဘေးလွှတ်ရာကိုရှောင်ပြေးရန်အတွက် အခက်အခဲများ ရှိနေကြောင်း ဒေါ်မအေးခိုင်ကဆက်ပြောသည်။ ရခိုင်ရှိစစ်ဘေး ရှောင်စခန်းများရှိ နေအိမ်များမှာ ဝါးနှင့် ဓနိအုန်းလက်အမိုးအကာများကို အသုံးပြု၍ ဆောက်လုပ်ထားသောနေအိမ်များ ဖြစ် သဖြင့် ရာသီဥတုဆိုးရွားသည့်ဒဏ်ကို ခံနိုင်ရည်မရှိသဖြင့် နေအိမ်များ ပျက်စီးမှုများပြားနေပြီး အမြန်ပြုပြုရန်လိုအပ်နေသည်ဟု စစ်ဘေးရှောင်များက ပြောကြသည်။

ရခိုင်ပြည်နယ်မှ မြို့အချို့တွင် ယမန်နေ့ ဧပြီလ ၂၀ ရက် တိုက်ခတ်သွားသည့် မိုးသက်လေပြင်းကြောင့် စစ်ဘေးရှောင်စခန်းများရှိ နေအိမ်အများစုမှာ နေထိုင်လို့မရအောင်အထိ ပြိုပျက်စီးသွားမှုများလည်း ရှိခဲ့ပြီး လက်ရှိတွင် လူမှုအဖွဲ့အစည်းများက အပျက် အစီးစာရင်းကို ကောက်ခံနေကြောင်း သိရသည်။ ရခိုင်တွင် နေရပ်မပြန်နိုင်သည့် စစ်ဘေးရှောင်ဦးရေ ၆ သောင်းခန့် ရှိပြီး အဓိက နေရပ် မပြန်နိုင်ကြသည့် အကြောင်းအရင်းများမှာ ၎င်းတို့၏နေရပ်တွင် သက်ဆိုင်ရာမှ မိုင်းရှင်းလင်း ပေးမှုများမှ ယခုအချိန်ထိ မရှိသေးသဖြင့် အသက်အန္တရာယ်ကိုစိုးရိမ်၍ နေရပ်ပြန်နိုင်ခြင်းဖြစ်ကြောင်း စစ်ဘေးရှောင်များကပြောသည်။
https://burmese.narinjara.com/news/detail/6260e3830e719f232cb3184a
********************
၂၉။ မြောက်ဦးယူနက်စ်ကို ဝင်နိုင်ရေးအတွက် ရှေးဟောင်းနယ်မြေအတွင်းရှိ စျေးဆိုင်များ၊ နေအိမ်များ ဖယ်ရှားပေးရန် ရှေး/သုကညွှန်ကြားထားသော်လည်း စစ်တပ်တပ်ရင်းများအား မရွှေ့ပြောင်းခိုင်းခြင်း အပေါ် ဒေသခံများဝေဖန်
21 Apr, 2022

မြောက်ဦးယဉ်ကျေးမှုနယ်မြေကို UNESO ကမ္ဘာအမွေအနှစ် စာရင်း ဝင်နိုင်ရေးအတွက် ရှေးဟောင်း နယ်မြေအတွင်းရှိ စျေးဆိုင် များ၊ နေအိမ်များအား ဖယ်ရှားပေးရန် ရှေး/သုက ညွှန်ကြားထားသော်လည်း ရှေးသုနယ်မြေအတွင်းတပ်စွဲထားသော စစ်တပ်တပ် ရင်းများ၊ ရဲစခန်းများအား မရွှေ့ပြောင်းခိုင်းအပေါ် ဒေသခံများဝေဖန်ပြောဆိုမှုများ ရှိနေသည်။ မြောက်ဦးတွင် စစ်တပ်တပ်ရင်း အမှတ် ၅၄၀၊ ၃၇၇၊ ၃၇၈ နှင့် ရဲတပ်ရင်းတစ်ခုအပြင် တခြား တပ်ဖြန့်ထားသည့် နေရာ အနည်းဆုံး ၈ နေရာမှ နေရာ ၁၀ ခုထိရှိနေ ကြောင်းဒေသခံများက ပြောသည်။

လက်ရှိ မြောက်ဦးဒေသရှေးဟောင်းအမွေအနှစ်စာရင်းဝင်နိုင်ရေး မြောက်ဦး ယဉ်ကျေးမှုဇုန်နယ်မြေ အတွင်းရှိ ကျူးကျော်များကို ဖယ်ရှားရန် စီစဉ်လျက်ရှိပြီး နန်းတော်ရာကုန်း ပတ်ဝန်းကျင်တွင် ဖွင့်လှစ်ထားသော စျေးဆိုင်ခန်းများအား ဧပြီလ ၂၀ ရက်နေ့ နောက်ဆုံးထားဖယ်ရှားပေးရန်နှင့် မလိုက်နာပါကတည်ဆဲဥပဒေဖြင့် အရေးယူမည်ဟု ဧပြီလ ၁၈ ရက်နေ့ ရက်စွဲဖြင့် ရှေး/သုဌာနက ထုတ်ပြန်ထားသည်။ ယခုကဲ့သို့ ရှေးဟောင်းနယ်မြေ၊ ဘုရားပုထိုးဝန်းကျင်တို့တွင် စစ်တပ် တပ်စွဲနေထိုင်ခြင်းမှာ ဥပဒေကို မလေးစားရာ၊ ကျူးကျော်ရာရောက်ကြောင်းနှင့် တည်ဆဲဥပဒေများနှင့် မညီညွတ်ကြောင့် မြေပုံမြို့နယ်ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းက နိရဉ္စရာသတင်းဌာနကို ပြောသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး မြောက်ဦးရှေး/သုဌာနကို ဧပြီ ၂၀ ရက်နေ့က ဖုန်းဖြင့် ဆက်သွယ်ရာ တစ်စုံတစ်ရာ လက်ခံ ဖြေဆိုခြင်း မရှိပါ။ မြောက်ဦးကို ယူနက်စ်ကို ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်းဝင်နိုင်ရေး အဆိုပြုလွှာမူချောကို ၂၀၂၁ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့ကတင်သွင်းခဲ့ပြီး လာမည့် ၂၀၂၃ ခုနှစ်တွင် ယူနက်စကိုမှ ပညာရှင်များက လာရောက် ကွင်းဆင်းလေ့လာ မည်ဟု သိရသည်။ https://burmese.narinjara.com/news/detail/6260cc8e0e719f232cb31848
******************
၃၀။ သက်အမျိုးသားနေ့ ပထမဆုံးအကြိမ်အဖြစ် နယ်စပ်မြို့ မောင်တောတွင် ကျင်းပမည်
20 Apr, 2022

ရခိုင်ပြည်နယ်တွင် လူဦးရေ ၃၀၀၀ ခန့်သာ ကျန်ရှိတော့သည့် သက်လူမျိုးတို့၏ အမျိုးသားနေ့ကို အနောက်ဘက်နယ်စပ် မောင်တောမြို့နယ်တွင် လာမည့် မေလ ၁ ရက်နေ့၌ ပထမဆုံးအကြိမ် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သက်အမျိုးသားနေ့ ကျင်းပရေးကော်မတီမှ နယက ဦးလှထွန်းကျော်က နိရဉ္ဇရာကို ပြောသည်။ အမျိုးသားနေ့ အခမ်းအနားတွင် လူထုဟောပြော ပွဲများ၊ ရိုးရာအကပြိုင်ပွဲများ၊ အခြား အားကစားပြိုင်ပွဲများကိုလည်း ထည့်သွင်း ကျင်းပ ပြုလုပ်သွားမည်ဖြစ်ဖြစ်ကြောင်း၊ မေလ ၁ ရက်နေ့တွင် ဆုများကို ချီးမြှင့်သွားမည်ဖြစ်ကြောင်း၊ သက်လူမျိုး ရိုးရာ အသုံးအဆောင်များ၊ ရိုးရာဝတ်စားဆင်ယင်ပုံများအား ပြသရောင်းချသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောသည်။

သက်အမျိုးသားနေ့မှ တဆင့် သက်လူမျိုးများ ကမ္ဘာပေါ်မှာ ရှိနေသေးကြောင့် ပြသခြင်းရသည့် အတွက် ဝမ်းသာမိကြောင်း မြောက်ဦးမြို့နယ် အောင်သီရီကျေးရွာမှ သက်အမျိုးသမီး မခိုင်ကျော့ရီက ပြောသည်။ ရခိုင်မျိုးနွယ်စုထဲတွင် ရခိုင်အပါအဝင် မြို၊ ခမီ၊သက်၊ မရမာ၊ သက္ကမ(ခ) ဒိုင်းနက်နှင့် ကမန် စသည့်မျိုးနွယ်စုများရှိရာ သက်လူမျိုးသည် လူဦးရေအနည်းဆုံးဖြင့် ကျန်ရှိနေ သည့် ရခိုင်မျိုးနွယ်စု တစ်ခုဖြစ်သည်။

သက်လူမျိုးများသည် တောင်ယာနှင့် လယ်လုပ်ငန်းများကို အများဆုံး လုပ်ကိုင်လျက်ရှိပြီး ရခိုင်ပြည်နယ် တွင် လူဦးရေ ၃၀၀၀ ခန့်သာ ကျန်ရှိတော့ပြီး မောင်တောမြို့နယ်တွင် အများဆုံးနေထိုင်ကာ ဒုတိယအမျာဆုံးအဖြစ် မြောက်ဦးမြို့နယ်၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊စစ်တွေနှင့် အမ်မြို့နယ် စသည့် မြို့နယ်များတွင် အသီးသီး ပျံ့နှံ့ နေထိုင်လျက်ရှိသည်။ မြန်မာနိုင်ငံသို့ ပထမဆုံး အခြေချ နေထိုင်လာသည့် ပျူ၊ ကမ်းယံ၊ သက် အထဲတွင် ပါဝင်သည့် သက်လူမျိုးများသည် မြန်မာတစ်နိုင်ငံလုံးတွင် လူဦးရေ ၆၀၀၀ ခန့်သာ ကျန်ရှိတော့ကြောင်း သိရပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင်လည်း နေထိုင်ကြသည်ဟု သိရသည်။
https://burmese.narinjara.com/news/detail/625f68b10e719f232cb3183c
******************
၃၁။ နမ့်စန်မြို့နယ် ကျောက်မီးသွေးတွင်းအနီး တပ်ကင်းစခန်းသစ်ဆောက်ရန် ဒေသခံကိုအတင်းအဓမ္မခေါ်
April 21, 2022

သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့နယ်အတွင်း ကျောက်မီးသွေးတွင်းအနီး စစ်ကောင်စီတပ်မှ ဒေသခံ (၁၀၀) ကျော် ခေါ်ယူပြီး ကင်းတပ်စခန်းအသစ် တည်ဆောက်ရန် အတင်းအဓမ္မစေခိုင်းကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် မတ်လ (၂၉-၃၀) ရက်တွင် နမ့်စန်မြို့နယ် နောင်ဟီးကျေးရွာအုပ်စု နောင်မိုကျေးရွာမှ ဒေသခံ (၁၀၆) ဦးကို ၎င်းတို့၏ ကင်းတပ်စခန်း အသစ်တည် ဆောက်ရန်အတွက် စေခိုင်းခဲ့ပြီး အသစ်တူးဖော်မည့် ကျောက်မီးသွေးတွင်းနှင့် (၁) မိုင်ခန့်သာ ကွာဝေးကြောင်း သိရသည်။

ထိုအသစ်တည်ဆောက်မည့် တပ်ကင်းစခန်းသည် နမ့်မိုကျေးရွာ ဒေသခံ လုံးဆာ၏ လယ်ယာမြေပေါ်မှာ သွားရောက် တည်ဆောက်ထားပြီး စစ်ကောင်စီဘက်မှ ပိုင်ရှင်ထံ အကြောင်းတစ်စုံတစ်ရာ အသိပေး အကြောင်းကြားခြင်း မရှိကြောင်း၊ ရွာသားများကို ကတုတ်ကျင်းတူးခိုင်းခြင်း၊ သစ်ဝါးများ ခုတ်ရခြင်း နှင့် ခြံစည်းရိုးများ ကာရခြင်းများ ပြုလုပ်ပေးရကြောင်း ၎င်းကထပ်လောင်းပြောသည်။ ၂၀၂၁ ခုနှစ် နိုဝင်ဘာလတွင် စစ်ကောင်စီ လက်အောက်ခံ သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ ထုတ်ပြန်သော တစ်နိုင်ငံလုံး သယံဇာတတူးဖော်ခွင့်ပြုသည့်စာရင်းသည် နမ့်စန်မြို့နယ် နောင်ဟီး ကျေးရွာအုပ်စုတွင် တူးဖော်ရန် စီစဉ်နေသည့် စုစုပေါင်း ဧက (၅၀၀) ကျော် ကျယ်ဝန်းသည့် ကျောက်မီးသွေးတွင်း (၅) ခုလည်း ပါဝင်သည်။

အဆိုပါ ကျောက်မီးသွေးတွင်း အားလုံးသည် ငွေရည်ပုလဲ ကုမ္ပဏီ၏ လက်အောက်ခံ မန္တလေး ဖြန့်ချီရေး နှင့် သတ္တုတူးဖော်ရေး ကုမ္ပဏီမှ တူးဖော်ခွင့်ပြုချက် ရရှိထားသည်ဟု သျှမ်းလူ့အခွင့်အရေး မဏ္ဍိုင်မှ ထုတ်ပြန်ထားသည်။
https://burmese.shannews.org/archives/27805
******************
၃၂။ ရွာငံမြို့နယ် စစ်ကောင်စီ မှ ပြည်သူနေအိမ် (၂)လုံး မီးရှို့ဖျက်ဆီးခံရ
April 21, 2022

သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်အတွင်း အခြေစိုက်လှုပ်ရှားနေသည့် ဒေသခံပြည်သူ့ကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့တို့၏ စခန်းနေရာ ထိုးစစ်ဆင်ခံရပြီးနောက် စစ်ကောင်စီမှ ဒေသခံ နေအိမ် (၂) လုံးကို မီးရှို့ဖျက်ဆီး ခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဧပြီ ၂၀) ရက် ရွာငံမြို့ရှိ နဘန်းကြီးကျေးရွာ၏ မြောက်ဘက်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ဒေသခံပြည်သူ့ကာ ကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့က ပြင်းထန်စွာတိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတို့က ကျေးရွာအတွင်းသို့ စစ်ကြောင်းထိုးကာ နေအိမ်များကို ဖျက်ဆီးလိုက်ကြောင်း ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ကောင်စီတို့သည် နဘန်းကြီးကျေးရွာအပြင် ပဲရင်တောင်ကျေးရွာနှင့် ဗွေးနှခါးတို့မှ ပြည်သူပိုင်နေအိမ်များလည်း ဖျက်ဆီးခံ လိုက်ရပြီး အသက် ၁၈ နှစ်အောက် ကလေးငယ်များနှင့် အမျိုးသမီးများအပါအဝင် ဒေသခံများ ဖမ်းဆီးခံရမှု ရှိနေကြောင်းလည်း သိရသည်။ ထွက်ပြေးတိမ်းရှောင်ခြင်း မပြုနိုင်ဘဲ ရွာထဲ ကျန်ရှိနေသည့် ဒေသခံများအနေဖြင့်လည်း စစ်ကောင်စီတပ်သား တို့ကို ကြောက်ရွံ့သဖြင့် အိမ်အပြင်မထွက်ရဲကြောင်း၊ အိမ်ထဲနေထိုင်သော်လည်း လုံခြုံမှုမရှိသလို ခံစားရကြောင်း ဒေသခံများက ပြော သည်။

လက်ရှိတွင် ရွာငံမြို့အတွင်း၌ စစ်ကောင်စီတပ်ဖွဲ့တို့ တပ်စွဲလှုပ်ရှားနေလျက်ရှိပြီး ရွာသားများကို ဓားစာခံအဖြစ် ဖမ်းဆီးထား ခြင်း၊ ၎င်းတို့စားသောက်ဖို့အတွက် ဒေသခံများကို ဖမ်းဆီးကာ ချက်ပြုတ်ကျွေးမွေးခိုင်းခြင်းနှင့် နေအိမ်အဆောက်အအုံများကို ဖျက်စီးခြင်း၊ ပစ္စည်းများကို ယူဆောင်ခြင်းစသည့် အကြမ်းဖက် လုပ်ရပ်များ ကျူးလွန်နေကြောင်း ဒေသခံများက ပြောသည်။
https://burmese.shannews.org/archives/27803
**********************
၃၃။ နောင်ချိုဗုံးပေါက်ကွဲမှု သေဆုံးသည့်လူငယ် ၂ ဦး နေအိမ် ကို စကစ ၀င်ရောက်စစ်ဆေးနေ
April 20, 2022

သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ်တွင် ယနေ့(ဧပြီ ၂၀)ရက် မနက်ပိုင်းတွင် ဗုံးပေါက်ကွဲမှုနှင့် အတူ သေဆုံးခဲ့ရသော လူငယ်နှစ်ဦး၏ နေအိမ်များကို စစ်ကောင်စီတပ်သားများက ဝိုင်းဝန်းပိတ်ဆို့ကာ ရှာဖွေ စစ်ဆေးနေကြောင်း သတင်းသိရသည်။ နောင်ချိုုဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦး (NH PDF) သည် စစ်ကောင်စီတပ်ဖွဲ့နှင့် ဆက်စပ်ပက်သက် သူများကို သတိပေးမစ်ရှင်ဆောင်ရွက်မှုမှ လက်ကျန်ဗုံးများကို ဆိုင်ကယ်နှင့်အတူသယ်ဆောင်လာစဥ် ဗုံးပေါက် ကွဲမှုနှင့်ကြုံတွေ့ရကြောင်း NH PDF အဖွဲ့ဝင်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ ကျဆုံးသူ နှစ်ဦးအနက် တစ်ဦးသည် နောင်ချိုမြို့ ပန်ဟတ်ရပ်ကွက်တွင် နေထိုင်သည့် CDM မှ လက်နက်ကိုင် တော်လှန် ရေးတပ်သား PDF ဖြစ်လာသူ တစ်ဦးဖြစ်ပြီး တခြားတစ်ဦးကို အတည်ပြုပြောဆိုရန်အတွက် စုံစမ်းနေသေးကြောင်းလည်း ၎င်းက ပြောသည်။

လက်ရှိတွင် ပန်ဟတ်ရပ်ကွက်တွင် နေထိုင်ခဲ့ဖူးသသည့် ကျဆုံးသွားခဲ့သူ မြေစာရင်းဦးစီးဌာနမှ CDM သမား၏ နေအိမ် နှင့် အနီးပတ်ဝန်းကျင်ကို စစ်ကောင်စီတပ်သားတို့ ရှာဖွေစစ်ဆေးခဲ့ပြီး ကင်းပုန်းများချထား လျက်ရှိသည့် အတွက် ကျန်ရစ်သူ မိသားစုများ၏ အခြေအနေကိုလည်း စိုးရိမ်ရကြောင်း သတင်းသိရသည်။ နောင်ချိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်မှ အဖွဲ့ဝင် တစ်ဦးသည် ပြီးခဲ့သည့် မတ်လ ၈ ရက်နေ့တွင် စစ်ကောင်စီတို့ ၏ ဖမ်းဆီးခြင်းကို ခံရပြီး ယနေ့အချိန်အထိ သတင်းအစအန နှင့် အဆက်အသွယ်မရရှိသေးကြောင်းလည်း သိရသည်။ https://burmese.shannews.org/archives/27798
******************
၃၄။ ရွာငံ PDF စခန်းတစ်ခု စစ်ကောင်စီတပ်ဖွဲ့ဝင်ရောက်စီးနင်း
April 20, 2022

သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်အတွင်းရှိ PDF စခန်းတစ်ခုကို စစ်ကောင်စီမှ ရှာဖွေတွေ့ရှိသွားပြီး အင်အားအလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြောင်း သတင်းသိရသည်။ ယနေ့( ဧပြီလ ၂၀ )ရက် မွန်းလွဲပိုင်း ၁ နာရီကျော်တွင် ရွာငံမြို့နယ် နဘန်းကြီးကျေးရွာ အနောက်ဘက်ရှိ တောင်ကြားအတွင်းရှိနေသည့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်စခန်းတစ်ခု တိုက်ခိုက်ခံ ရခြင်း ဖြစ်ကြောင်း ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယင်းတိုက်ခိုက်မှုများနှင့် ပက်သက်ပြီး ထိခိုက်ကျဆုံးမှုနှင့် ဖမ်းဆီးခံရသည့် စာရင်းများ မသိရသေးကြောင်းနှင့် လက်ရှိတွင် အဆိုပါ တောင်ကြောတစ်ဝိုက်၌ စစ်ကောင်စီ၏ တိုက်လေယာဥ်များ ဝဲပျံနေကြောင်းလည်း သိရသည်။ ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်း ကစပြီး စစ်တပ်အခြေစိုက်လှုပ်ရှားမှု မရှိသော်လည်း စစ်ကောင်စီအာဏာသိမ်းမှုကို လက်မခံသည့် ဒေသခံများ၏ တုံ့ပြန်ချက် ကြောင့် စစ်ကောင်စီတပ်ဖွဲ့တို့က ရွာငံမြို့နယ်အတွင်းသို့ စစ်ကြောင်းချီ ထိုးစစ်ဆင်နေခဲ့သည်။

လက်ရှိတွင် ရွာငံမြို့၏ နေရာတော်တော်များများနှင့် ကျေးရွာများတချို့တွင်လည်း စစ်ကောင်စီတပ်ဖွဲ့တို့က စခန်းချ တပ်စွဲထား ပြီးရွာသားများကို ဓားစာခံအဖြစ် ဖမ်းဆီးရိုက်နက် နှိပ်စက်ခြင်း၊ သံသယမှုဖြင့် လူငယ်များကို သတ်ဖြတ်ခြင်းများ ပြုလုပ်နေ လျက်ရှိပြီး နေအိမ်အဆောက်အအုံများကိုလည်း ဖျက်စီးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
https://burmese.shannews.org/archives/27801
****************
မှတ်ချက်။ သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။

** ပြီး **