• Today is: Friday, April 19, 2024

ကရင်နီအရပ်သားပြည်သူလူထု သေဆုံးမှု(၂၅၇)ဦးထိ ရှိလာပြီဟု PKPF ပြော

ဧပြီ ၂၄၊ ၂၀၂၂ (ကရင်နီ)

စစ်တပ်အာဏာသိမ်း ပြီးနောက်ပိုင်း ကရင်နီပြည်တွင် ကျဆုံး သွားသော အရပ်သားပြည်သူလူထုသေဆုံးမှ( ၂၅၇ )ဦးထိ ရှိလာပြီဟု ကရင်နီလူငယ်များဖြင့် ဖွဲ့စည်းထားသည့် သုတေသနပြု သက်သေခံများ စုဆောင်းနေသည့် တိုးတက်သော ကရင်နီပြည်သူ့ အင်အားစု (PKPF)အဖွဲ့က ယနေ့ကထုတ်ပြန်ထားသည်။

“အရပ်သားပြည်သူသေဆုံးသူများသည် စစ်ကောင်စီ၏အကြောင်းမဲ့သတ်ဖြတ်ခြင်းနှင့် လက်နက်ကြီးများ ရမ်းတမ်းပစ်ခတ်မှုကြောင့်သေဆုံးခဲ့ကြရသလို စစ်ဘေးရှောင်နေစဥ်သေဆုံးသူမှာ ဆေးဝါးနှင့် စားနပ်ရိက္ခာ မလုံလောက်မှုတို့ကြောင့် သေဆုံးသွားခဲ့ရကြောင်း ဖြစ်သည်” ဟု ဆိုသည်။  

စစ်ကောင်စီ တပ်၏ အကြောင်းမဲ့ရက်စက်စွာ သတ်ဖြတ်မှု၊ လက်နက်ကြီးများဖြင့် ရမ်းတမ်းစွာ ပစ်ခတ်မှု ကြောင့်နှင့် စစ်ရှောင်စခန်းအတွင်းဆေးဝါးမလုံလောက်မှုတို့ကြောင့်  အသက်(၁၈)နှစ်အောက် ကလေးများ ၁၉ ဦးထက်မနည်း သေဆုံးမှုရှိခဲ့ကြောင်းလည်း သိရှိရသည်။

တိုးတက်သော ကရင်နီပြည်သူ့ အင်အားစု (PKPF)သည် မည်သည့်အဖွဲ့အစည်း၏ ငွေကြေးထောက်ပံ့မှုများ ရယူခြင်းမရှိပဲ ကိုယ့်စာရိတ်ကိုယ်စိုက်ကာ ကရင်နီအမျိုးသားရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းလာနိုင်ရေးအတွက် ကရင်နီလူငယ်များဖြင့် ဖွဲ့စည်းထားပြီး စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် ပိုမိုအားကောင်းစွာ သုတေသနပြုစု သက်သေခံ အချက်အလက်များ ကောက်ယူနေသည့် အဖွဲ့အစည်း တခုဖြစ်သည်။

PKPF ပြုစုထားသောစာရင်းများသည် မြေပြင်အခြေအနေကို အခြေခံထားသလို အဖွဲ့အစည်း အသီးသီး၏ ထုတ်ပြန်မှုအပေါ်လည်း အခြေခံ၍ စုဆောင်းထားသည့် အချက်အလက်များ ဖြစ်သောကြောင့် တချို့သော ကိန်းဂဏန်းများမှာ လွဲမှားနိုင်ကြောင်းလည်း အသိပေးထားသည်။