• Today is: Sunday, May 29, 2022

အပတ်စဉ်စုဆောင်း တိုင်းရင်းသားသတင်းများ စုစည်းတင်ပြခြင်း

Zawgyi

အပတ္စဥ္ တိုင္းရင္းသတင္းမ်ားစုစည္းတင္ျပျခင္း
(No.33 ,May 3 , 2022)
၁။ ရွဒူးဇြပ္ စစ္ေရွာင္မ်ား ေနရာအသစ္တြင္ ေ႐ြ႕ေျပာင္းရန္ စတင္လုပ္ေဆာင္ေန
၂။ ေမခ ျမစ္တြင္ ျမစ္ေရႀကီးမႈ သတိေပးစက္တပ္ဆင္လိုက္သျဖင့္ ျမစ္ႀကီးနားၿမိဳ႕ ေရအတက္အက် ခန္႔မွန္းႏိုင္ဟုဆို
၃။ စစ္ေကာင္စီတပ္ ႏွင့္ ABSDF ၊ ေဒသခံကာကြယ္ေရးတပ္တို႔ တိုက္ပြဲျဖစ္ၿပီး စစ္ေကာင္စီ ၁၀ ဦးထက္မနည္း ေသဆုံး
၄။ ခင္ဦး တြင္ စစ္ေကာင္စီတပ္မွ တစ္႐ြာဝင္တစ္႐ြာထြက္ ေက်း႐ြာမ်ားကို မီးတင္ရႈိ႕သြား
၅။ ထီးခ်ိဳင့္ ၿမိဳ႕မ ရဲစခန္းအနီး ေနထိုင္သူမ်ားကို အျမန္ေ႐ြ႕ေျပာင္းရန္ စစ္ေကာင္စီတပ္ သတိေပး
၆။ လိုင္ဇာၿမိဳ႕တြင္း ရက္လြန္ ကုန္ပစၥည္းမ်ားကို ဖ်က္ဆီး
၇။ အေမရိကန္ေရာက္ ကရင္နီလူမ်ိဳးစုေတြကေနၿပီး ေက့ထ်ိဳးဘိုး ပြဲေတာ္ကို ႏွစ္ရက္တာ က်င္းပခဲ့ၾက
၈။ ေရနီကန္ေက်း႐ြာက အမ်ိဳးသမီးတစ္ဦး ကင္မြန္းသီးသြားေကာက္ရင္း မိုင္းနင္းမိ
၉။ ေမလ (၁)ရက္ေန႔မွာ ဒီးေမာ့ဆို အေျခခံပညာေက်ာင္းသားမ်ား သမဂၢ တစ္ႏွစ္ျပည့္ အခမ္းအနားအက်ဥ္းခ်ဳပ္ က်င္းပခဲ့
၁၀။ ေဘာလခဲၿမိဳ႕နယ္ မိုင္ထန္းေက်း႐ြာမွာ လက္နက္ႀကီးက်ေရာက္ခဲ့ၿပီး ေနအိမ္ႏွစ္လုံးမီးေလာင္
၁၁။ ဒီးေမာ့ဆိုၿမိဳ႕နယ္ ေဒါငံခါးမွာ တိုက္ပြဲျဖစ္ပြားခဲ့ၿပီး ေနအိမ္မီးရႈိ႕ခံရတာေတြ ရွိေန
၁၂။ ဒီးေမာ့ဆိုၿမိဳ႕နယ္ ေဒါငံခါးမွာ တိုက္ပြဲျဖစ္ပြားခဲ့ၿပီး ေနအိမ္မီးရႈိ႕ခံရတာေတြ ရွိေန
၁၃။ ဒီးေမာ့ဆိုၿမိဳ႕နယ္မွာ အသတ္ခံထားရတဲ့ အသက္ ၇၃ႏွစ္အ႐ြယ္ အဘြားတစ္ဦးရဲ႕ ႐ုပ္အေလာင္းေတြ႕ရွိ
၁၄။ ေလာပီတ ေရလွ်ံထိန္း လုံၿခဳံေရးရဲကင္းကို KNDF ဝင္ေရာက္စီးႏွင္း ၊ တပ္ဖြဲ႕ဝင္မ်ားကို ဖမ္းဆီးထိန္းသိမ္းထား၊ လက္ နက္မ်ား သိမ္းဆည္းရမိ
၁၅။ မေန႔က ဒီးေမာ့ဆိုမွာ တိုက္ပြဲျဖစ္ပြားခဲ့ၿပီး စစ္ေကာင္စီ ႏွစ္ဦးေသဆုံး
၁၆။ စစ္ေကာင္စီ အင္ဂ်င္နီယာတပ္ရင္းမွ တပ္ဖြဲ႕ဝင္ ၂ ဦး လက္နက္ႏွင့္အတူ KNDO ထံ လာေရာက္ပူးေပါင္း၊ စစ္ေကာင္စီကို ျပန္လည္တိုက္ခိုက္မည္ဟုေျပာ
၁၇။ စခန္းသိမ္းခံရၿပီးေနာက္ စစ္ေကာင္စီမွ တစ္ရက္အတြင္း ေလေၾကာင္း တိုက္ခိုက္မႈ ၁၀ ႀကိမ္ခန႔္ ျပဳလုပ္ခဲ့
၁၈။ စစ္ေကာင္စီေလေၾကာင္းတိုက္ခိုက္မႈေၾကာင့္ လူေနအိမ္ ၁၀ လုံးမီးေလာင္ကြၽမ္းၿပီး အမ်ားအျပားထိခိုက္ပ်က္စီး
၁၉။ ျမ၀တီ ၿမိဳ႕အနီးေန႔စဥ္တိုက္ပြဲေၾကာင့္ ၿမိဳ႕တြင္းၿမိဳ႕ျပင္ ဘုန္းႀကီးေက်ာင္းအခ်ိဳ႕တြင္ ခိုလႈံေနရသူ ရာခ်ီရွိေန
၂၀။ ေစာဘဦးႀကီးပုံတူပန္းခ်ီကား ၁၃၀၀၀ ေဒၚလာျဖင့္ ေလလံရရွိ
၂၁။ သံလြင္ျမစ္အေနာက္ျခမ္းရွိ ေက်း႐ြာ ၈ ႐ြာခန႔္မွ ေဒသခံ႐ြာသား ၁၀၀ ဝန္းက်င္အား BGF ဖမ္းဆီးေခၚ ေဆာင္သြား
၂၂။ ခ်င္းေျမယာမူဝါဒမူၾကမ္းကို အတည္ျပဳ
၂၃။ တီးတိန္ၿမိဳ႕တြင္ စစ္ေကာင္စီတပ္ဖြဲ႕က ေသနတ္ရမ္းသမ္းပစ္ခတ္မႈေၾကာင့္ လူငယ္တစ္ဦး က်ည္ထိမွန္ေသဆုံးၿပီး ၃ ဦး ဒဏ္ရာရရွိ
၂၄။ မီဇိုရမ္တြင္ လက္နက္ခဲယမ္းအေျမာက္အမ်ား ဖမ္းဆီးရမိ
၂၅။ မီဇိုရမ္တြင္ စစ္ေဘးေရွာင္ရန္ပုံေငြအတြက္ Hope Charity Concert ျပဳလုပ္
၂၆။ က်င္းပဆဲ မြန္အမ်ိဳးသားေရးရာညီလာခံ-၂၀၂၂ မွ မြန္ျပည္နယ္ဖြဲ႕စည္းအုပ္ခ်ဳပ္ပုံအေျခခံဥပေဒ ေရးဆြဲသြားမည္
၂၇။ ဝါရင့္ႏိုင္ငံေရးေခါင္းေဆာင္ ဦးခြန္ထြန္းဦး ကြယ္လြန္ျခင္းအေပၚ ဝမ္းနည္းေၾကာင္း MUP သဝဏ္လႊာပို႔
၂၈။ ေရးၿမိဳ႕နယ္ စံျပေက်း႐ြာႏွင့္ ႏွင္းစုံေက်း႐ြာၾကား ပစ္ခတ္မႈတြင္ အမ်ိဳးသမီး ၁ ဦးေသဆုံး
၂၉။ သတင္းသမားလြတ္လပ္ခြင့္ဆုံးရႈံးေနေၾကာင္း ကမာၻ႔စာနယ္ဇင္း လြတ္လပ္ခြင့္ေန႔တြင္ ရခိုင္သတင္းသမားမ်ားေျပာဆို
၃၀။ ႏွစ္ေပါင္း ၃၀ ေက်ာ္အတြင္း ျမန္မာ့သတင္းသမားမ်ားဖိႏွိပ္ခံရမႈစံခ်ိန္တင္ဟု ISP ထုတ္ျပန္
၃၁။ စစ္တပ္က နယ္ေျမရွင္းလင္းေရးေခါင္းစဥ္ျဖင့္ေက်း႐ြာတခ်ိဳ႕သို႔ဝင္ေရာက္ၿပီး AA အေၾကာင္းကို ေမးျမန္မႈမ်ားရွိဟုဆို
၃၂။ သက္အမ်ိဳးသားေန႔ကို ေမာင္ေတာၿမိဳ႕နယ္တြင္ စည္ကားသိုက္ၿမိဳက္စြာက်င္းပ
၃၃။ ရခိုင္တြင္ ေတာင္ကုတ္ႏွင့္အမ္းခ႐ိုင္ႏွစ္ခုတိုးခ်ဲ႕ရာတြင္ အမ္းကို ၿမိဳ႕နယ္တစ္ခုတည္းျဖင့္ ခ႐ိုင္ဖြဲ႕စည္း
အစည္း ၄ ခုမွ ဝမ္းနည္းေၾကာင္း သဝဏ္လႊာပို႔
၃၅။ သွ်မ္းႏိုင္ငံေရးေခါင္းေဆာင္ SNLD ထူေထာင္သူျဖစ္တဲ့ ဦးခြန္ထြန္းဦး ကြယ္လြန္
၃၆။ သွ်မ္းလက္နက္ကိုင္မ်ား ေဒသခံမ်ားထံ အိမ္ေထာင္စုစာရင္းေကာက္ခံေန
၃၇။ လြိဳင္လင္ခ႐ိုင္အတြင္း စစ္ေကာင္စီႏွင့္ SSPP/SSA တို႔ ေနရာယူ လႈပ္ရွားမႈမ်ား ရွိေနဆဲ
၃၈။ ေက်ာက္မဲ လူငယ္တစ္ဦး ေထာင္ဝင္စာ သြားပို႔ရာမွ ေပ်ာက္ဆုံး
*****************
၁။ ရွဒူးဇြပ္ စစ္ေရွာင္မ်ား ေနရာအသစ္တြင္ ေ႐ြ႕ေျပာင္းရန္ စတင္လုပ္ေဆာင္ေန
2nd May 2022

တႏိုင္း လီဒိုလမ္းမေပၚ ရွဒူးဇြပ္ KBC စစ္ေရွာင္စခန္းျပည္သူမ်ားသည္ လက္ရွိစခန္းတြင္ ေနထိုင္ရန္ခက္ခဲလာေသာေၾကာင့္ ေနရာအသစ္တြင္ ေျပာင္းေ႐ြ႕ေနထိုင္ရန္အတြက္ ေဆာက္လုပ္ေရး လုပ္ငန္းမ်ား စတင္ေနၿပီဟု သိရသည္။ ဧၿပီလ ၂၉ ရက္ေန႔မွစ တင္ၿပီး ျပန္လည္ေ႐ြ႕ေျပာင္းေနထိုင္မည့္ ေျမေနရာတြင္ ပႏၷက္႐ိုက္ ဆုေတာင္းပြဲျပဳလုပ္ကာ အေဆာက္အဦးမ်ား စတင္ေဆာက္ လုပ္ေနၿပီျဖစ္သည္ဟု စစ္ေရွာင္တာဝန္ရွိသူတစ္ဦးက KNG သတင္းဌာနကို ေျပာဆိုသည္။

ရွဒူးဇြပ္စစ္ေရွာင္ျပည္သူမ်ား ေ႐ႊ႕ေျပာင္းေနထိုင္မည့္ ေျမေနရာသည္ ရွဒူးဇြပ္ေက်း႐ြာအနီး ေအာင္ရာေက်း႐ြာ ကခ်င္ႏွစ္ျခင္း ခရစ္ယန္ဘုရားေက်ာင္း၏ အေနာက္ျခမ္းဘက္တြင္ျဖစ္ၿပီး ေျမဧရိယာ ၆ ဧကေပၚတြင္ စစ္ေရွာင္အိမ္ေထာင္စု ၂၄ ခု ရွိသည့္ အနက္ စခန္းတြင္ပုံမွန္ေနထိုင္ေသာ အိမ္ေထာင္စု ၁၆ စုအတြက္ ဦးစားေပး ေဆာက္လုပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။ ထိုသို႔ ေနရာေ႐ြ႕ေျပာင္းေရးအတြက္ ကခ်င္ႏွစ္ျခင္းခရစ္ယာန္အသင္းခ်ဳပ္ KBC မွ အိမ္ေထာင္စုတစ္စုလွ်င္ ျမန္မာေငြ ၅ သိန္း က်ပ္ႏႈန္း ျဖင့္ အိမ္ေထာင္စု ၂၄ ခု အတြက္ သိန္း ၁၀၀ က်ပ္ ေထာက္ပံ့ေပးခဲ့ေၾကာင္း သိရသည္။

လက္ရွိ ေနထိုင္ေသာ စစ္ေရွာင္စခန္းတြင္ စစ္ေရွာင္အိမ္ေထာင္စု ၂၄ ခု ရွိသည့္အနက္ ၁၆ စုသည္ စခန္းတြင္ ေနထိုင္လ်က္ ရွိေနေသာေၾကာင့္ အဆိုပါ ၁၆ အိမ္ေထာင္စုကို ဦးစားေပးအျဖစ္ ေဆာက္လုပ္ေပးရန္ျဖစ္ၿပီး စစ္ေရွာင္မ်ား ေနထိုင္မည့္ ေျမေနရာ ကို ၂ ဖက္အစိုးရက သေဘာခ်မွတ္ေပးေသာ ေျမေနရာျဖစ္ေၾကာင္းလည္း သိရသည္။ အဆိုပါ စစ္ေရွာင္စခန္း ၂ ခုသည္ ရွဒူးဇြပ္ ေက်း႐ြာအနီး ေလာဒ္ဂ်ာဘက္မွ ထြက္ေျပးလာသူမ်ားျဖစ္ကာ KBC စစ္ေရွာင္စခန္း သည္ ရွဒူးဇြပ္ေက်း႐ြာတြင္တည္ရွိေနၿပီး မူးရင္း စစ္ေရွာင္စခန္းသည္ ေအာင္ရာေက်း႐ြာ မူႀကိဳေက်ာင္းဝင္းတြင္ ရွိသည္။ ေလာဒ္ဂ်ာ စစ္ေရွာင္ျပည္သူမ်ားသည္ ၂၀၁၇ ခုႏွစ္တြင္ စစ္တပ္က တႏိုင္းလီဒိုလမ္းေပၚရွိ ေမွာ္မ်ားတြင္ နယ္ေျမရွင္းလင္းေရး ေခါင္းစဥ္ျဖင့္ ထိုးစစ္ဆင္တိုက္ခိုက္ခဲ့ေသာ ေၾကာင့္ ထြက္ေျပးလာေသာ ေဒသခံမ်ား ျဖစ္ၾကသည္။ https://burmese.kachinnews.com/2022/05/02/may2-yl1/
**********************
၂။ ေမခ ျမစ္တြင္ ျမစ္ေရႀကီးမႈ သတိေပးစက္တပ္ဆင္လိုက္သျဖင့္ ျမစ္ႀကီးနားၿမိဳ႕ ေရအတက္အက် ခန္႔မွန္းႏိုင္ဟုဆို
2nd May 2022

ကခ်င္ျပည္နယ္၊ ျမစ္ႀကီးနားခ႐ိုင္ ခ်ီေဖြၿမိဳ႕နယ္ရွိ ေမချမစ္ေပၚတြင္ ျမစ္ေရႀကီးမႈကို သတိေပးသည့္စက္ တပ္ဆင္ ထားႏိုင္ၿပီ ျဖစ္သည့္အတြက္ ျမစ္ႀကီးနားၿမိဳ႕၏ ဧရာဝတီျမစ္ေရအတက္အက်ကို ခန႔္မွန္းႏိုင္ၿပီ ျဖစ္ေၾကာင္း ကခ်င္ျပည္နယ္ မိုးေလဝသႏွင့္ ဇလေဗသၫြန္ၾကားေရး ဦးစီးဌာနမွ သိရသည္။

ေမချမစ္ႏွင့္ မလိချမစ္တို႔‌ ေပါင္းစုံရာမွ ဧရာဝတီျမစ္အျဖစ္ ကခ်င္ျပည္နယ္၊ ျမစ္ႀကီးနားၿမိဳ႕မွ ျမန္မာျပည္ေအာက္ပိုင္းသို႔ စီးဆင္း သည့္ျမစ္ေရျဖစ္သည့္အတြက္ ဧရာဝတီျမစ္ေရအတက္အက်သည္ ေမချမစ္ႏွင့္ မလိချမစ္အေပၚတြင္ရွိသည့္ ေရစီးဆင္းမူႏွင့္ ေရကာတာ၊ မူတည္လ်က္ရွိသည္။ ဧရာဝတီျမစ္ေရ အတက္အက်အား ယခင္ မလိချမစ္ရွိေရကာတာ၂ ခု၏ ေရစီးဆင္းမႈအခ်က္ အလက္ လြယ္ကူစြာရရွိခဲ့ေသာ္လည္း ေမချမစ္ေပၚရွိ ေရကာတာ၆ခု၏ အခ်က္အလက္ကို မရရွိတာေၾကာင့္ ျမစ္ႀကီးနားၿမိဳ႕၏ ျမစ္ေရ အတက္အက်ကို ႀကိဳတင္ခန္႔မွန္းရန္ခက္ခဲခဲ့ျခင္း ျဖစ္သည္။

အဘယ့္ေၾကာင့္ဆိုေသာ္ ေမချမစ္ရွိ ေရကာတာ ၆ခုစလုံးသည္ တ႐ုတ္ျပည္ပိုင္ေရကာတာမ်ားျဖစ္ေသာေၾကာင့္ အခ်က္အလက္ ရရွိခက္ခဲရျခင္းျဖစ္ေၾကာင္း သိရသည္။ သမိုင္းတစ္ေလွ်ာက္ ကခ်င္ျပည္နယ္တြင္ ဧရာဝတီျမစ္ေရ၏ စိုးရိမ္ေရအမွတ္သည္ ၁၉၇၉ ခုနစ္တြင္ (၁၄၁၄)၊ ၂၀၀၄ ခုနစ္တြင္ (၁၄၀၈)၊ ၂၀၁၉ခုနစ္တြင္ (၁၂၂၉)၊ ၂၀၂၀ခုနစ္တြင္ (၁၂၀၀) အထိ ရွိခဲ့သည္။

မေခ မြစ်တွင် မြစ်ရေကြီးမှု သတိပေးစက်တပ်ဆင်လိုက်သဖြင့် မြစ်ကြီးနားမြို့ ရေအတက်အကျ ခန့်မှန်းနိုင် ဟုဆို


*******************
၃။ စစ္ေကာင္စီတပ္ ႏွင့္ ABSDF ၊ ေဒသခံကာကြယ္ေရးတပ္တို႔ တိုက္ပြဲျဖစ္ၿပီး စစ္ေကာင္စီ ၁၀ ဦးထက္မနည္း ေသဆုံး
2nd May 2022

ကသာၿမိဳ႕နယ္ မဂၤလာသုခ႐ြာတြင္ ယေန႔ နံနက္ ၇ နာရီ ဝန္းက်င္မွစကာ စစ္ေကာင္စီတပ္ႏွင့္ ABSDF ၊ ေဒသခံကာကြယ္ေရး ပူး‌ေပါင္းတပ္တို႔ ထိေတြ႕တိုက္ပြဲျဖစ္ပြားခဲ့ၿပီး စစ္ေကာင္စီဘက္ မွ ၁၀ ဦးထက္မနည္း ေသဆုံးခဲ့ေၾကာင္း ေျမျပင္သတင္းေပးပို႔ ခ်က္အရ သိရသည္။ အင္အား ၃၉ ဦး ဝန္းက်င္ရွိသည့္ စစ္ေကာင္စီတပ္သည္ မဂၤလာသုခ႐ြာ၊ ေအာင္ေ႐ႊၿဖိဳး သရက္ၿခံ၌ တပ္ထိုင္ ထားစဥ္ ဗိုလ္သာလိကာ ဦးေဆာင္ေသာ ေဒသကာကြယ္ေရးတပ္၊ ABSDF ပူးေပါင္းတပ္တို႔မွ မိုင္း ၂ လုံးျဖင့္ စတင္မိုင္းဆြဲ တိုက္ ခိုက္ခဲ့သည္။

ထို႔ေနာက္ အျပန္အလွန္ပစ္ခတ္မႈျဖစ္စဥ္တြင္ စစ္ေကာင္စီဘက္မွ ၁၀ဦး ထက္မနည္း ထိခိုက္ေသဆုံးေၾကာင္း သိရသည္။ နံနက္ ပိုင္း တိုက္ပြဲျဖစ္ပြားခဲ့ေသာ္လည္း စစ္ေကာင္စီတပ္သည္ ယင္းေနရာတြင္သာ ဆက္လက္ရွိေနခဲ့သည့္အတြက္ နံနက္ ၉ နာရီဝန္း က်င္တြင္ ေဒသကာကြယ္ေရးတပ္၊ ABSDF ပူးေပါင္းတပ္တို႔မွ 79 mm မ်ားျဖင့္ သြားေရာက္ပစ္ခတ္ခဲ့ၿပီး ထိေတြ႕တိုက္ပြဲ ဒုတိယ အႀကိမ္ျဖစ္ပြားခဲ့‌ေၾကာင္း သိရသည္။

ABSDF ေက်ာင္းသားတပ္မေတာ္ ၊ ေဒသကာကြယ္ေရးတပ္တို႔မွ လက္နက္ႀကီးမ်ားျဖင့္ ႏွစ္ဖက္ညႇပ္ကာ ပစ္ကူတိုက္ခိုက္ခဲ့သည့္ အတြက္ စစ္ေကာင္စီဖက္မွ ထိခိုက္က်ဆုံးမႈမ်ားကာ ကသာဖက္သို႔ ျပန္လည္ ဆုတ္ခြာသြားေၾကာင္း သိရသည္။ စစ္ေကာင္စီမွ ေမလ ၁ ရက္ ယမန္ေန႔ ညပိုင္းမွစတင္ကာ ကသာၿမိဳ႕ ေစတီကုန္းေက်း႐ြာ ဘုန္းႀကီးေက်ာင္း၌ အင္အား ၇၀ ခန္႔ တပ္စြဲခဲ့ၿပီး ေနာက္ ယေန႔နံနက္ ၄ နာရီခန္႔တြင္ မဂၤလာသုခ႐ြာဖက္သို႔ ေျခလွ်င္စစ္ေၾကာင္း ထိုးခဲ့ျခင္းျဖစ္သည္။

စစ်ကောင်စီတပ် နှင့် ABSDF ၊ ဒေသခံကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီ ၁၀ ဦးထက်မနည်း သေဆုံး


******************
၄။ ခင္ဦး တြင္ စစ္ေကာင္စီတပ္မွ တစ္႐ြာဝင္တစ္႐ြာထြက္ ေက်း႐ြာမ်ားကို မီးတင္ရႈိ႕သြား
2nd May 2022

စစ္ကိုင္းတိုင္းေဒသႀကီး ခင္ဦးၿမိဳ႕နယ္ရွိ ေက်း႐ြာမ်ားတြင္ စစ္ေကာင္စီတပ္ႏွင့္ ပ်ဴေစာထီးမ်ားက အင္အားအလုံးအရင္းျဖင့္ တစ္႐ြာဝင္တစ္႐ြာထြက္ လူေနအိမ္မ်ားကို မီးရႈိ႕ဖ်က္ဆီးေနေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။ စစ္ေကာင္စီစစ္သားႏွင့္ ပ်ဴေစာထီးအဖြဲ႕ အင္အား ၁၀၀ ခန္႔သည္ ယေန႔ ေမလ ၂ရက္ေန႔တြင္ စစ္ေၾကာင္း ၃ ေၾကာင္း ျဖန္႔ကာ ခင္ဦးၿမိဳ႕နယ္အတြင္းရွိ သရက္ကန္႐ြာ၊ အင္းပတ္႐ြာ၊ အင္းတိုင္းေလး႐ြာ၊ မူးသာေက်း႐ြာမ်ားတြင္းသို႔ ဝင္ေရာက္လာကာ ေက်း႐ြာမွေနအိမ္မ်ားကို မီးတင္ရႈိ႕သြားေၾကာင္း ခင္ဦး ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။

အလားတူ အဆိုပါစစ္ေၾကာင္းသည္ သရကန္ေက်း႐ြာရွိ သရကန္ေက်း႐ြာတံတားကိုလည္း ေဖာက္ခြဲဖ်က္ဆီးခဲ့ေၾကာင္း သိရ သည္။ ယေန႔ ေန႔လည္ပိုင္းတြင္ အင္းပတ္ေက်း႐ြာအတြင္းသို႔ ထပ္မံဝင္ေရာက္လာကာ လူေနအိမ္အမ်ားအျပားကိုလည္း မီးတင္ ရႈိ႕ခဲ့ေၾကာင္း ခင္းဦး PDF တာဝန္ရွိသူက ဆက္ေျပာသည္။

လတ္တေလာတြင္ အင္းပတ္၊ သရက္ကန္ ၊အင္းတိုင္းေလး ေက်း႐ြာမ်ားတြင္ စစ္ေၾကာင္းထိုးဝင္ေရာက္လာမႈေၾကာင့္ ယင္း ေက်း႐ြာမွ ျပည္သူ ေလးေထာင္ေက်ာ္ ေတာထဲထြက္ေျပးတိန္းေရွာင္ေနရဆဲျဖစ္ေၾကာင္းသိရသည္။ ခင္ဦးၿမိဳ႕နယ္အတြင္း တြင္ လြန္ခဲ့သည့္တစ္ပတ္အတြင္း၌ လူေနအိမ္ ၃၀၀ ေက်ာ္မီးရႈိ႕ဖ်က္ဆီးခံခဲ့ရၿပီး တိုက္ပြဲအတြင္း ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ဝင္ ၁၃ ဦးထိခိုက္ေသဆုံးခဲ့ေၾကာင္းသိရသည္။ https://burmese.kachinnews.com/2022/05/02/may2-ab2/
*******************
၅။ ထီးခ်ိဳင့္ ၿမိဳ႕မ ရဲစခန္းအနီး ေနထိုင္သူမ်ားကို အျမန္ေ႐ြ႕ေျပာင္းရန္ စစ္ေကာင္စီတပ္ သတိေပး
2nd May 2022

စစ္ကိုင္းတိုင္း ထီးခ်ိဳင့္ ၿမိဳ႕မရဲစခန္းအနီး‌ ေနထိုင္သည့္ျပည္သူမ်ားအေနျဖင့္ ၆ ရက္အတြင္း ေျပာင္းေ႐ြ႕ေပးရန္ စစ္ေကာင္စီလက္ ေအာက္ခံ ထီးခ်ိဳင့္ၿမိဳ႕မရဲစခန္းမွ သတိေပးထားေၾကာင္း ေဒသခံျပည္သူမ်ားထံမွသိရသည္။ ထီးခ်ိဳင့္ၿမိဳ႕မရဲစခန္းအနီးရွိ သရက္ ေမွာ္ရပ္ကြက္၊ ႐ြာသစ္ကုန္းရပ္ကြက္ႏွင့္ လူေနအိမ္မ်ားကို ၆ ရက္အတြင္း အၿပီးေျပာင္းေ႐ြ႕ၾကရန္ ထီးခ်ိဳင့္ ၿမိဳ႕မရဲစခန္း မွ ဧၿပီ ၃၀ ရက္ေန႔တြင္ သတိေပးလာေသာေၾကာင့္ ျပည္သူအခ်ိဳ႕ စတင္ေျပာင္းေ႐ြ႕ေနၾကၿပီဟု ထီးခ်ိဳင့္ၿမိဳ႕ေနျပည္သူတစ္ဦးက KNG သတင္းဌာနသို႔ ေျပာသည္။

အဆိုပါ ထီးခ်ိဳင့္ၿမိဳ႕မရဲစခန္းသည္ ယခင္ကျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕မွ လာေရာက္ပစ္ခတ္ခဲ့ဖူးၿပီး ယင္းျဖစ္စဥ္‌ေၾကာင့္ ေျပာင္း ေ႐ြ႕ခိုင္းျခင္း ျဖစ္ႏိုင္သည္ဟု ထီးခ်ိဳင့္ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ဝင္တစ္ဦးက KNG သတင္းဌာနသို႔ ေျပာသည္။ လတ္တေလာ ျပည္သူအခ်ိဳ႕မွာ နီးစပ္ရာ ေဆြမ်ိဳးေနအိမ္မ်ားတြင္ ခိုလႈံေနၾကေသာ္လည္း ေဆြမ်ိဳး မရွိသူမ်ားမွာ အခက္အခဲအမ်ိဳးမ်ိဳးေၾကာင့္ ေျပာင္းေ႐ြ႕ဖို႔ ခက္ခဲေနေၾကာင္း သိရသည္။

အဆိုပါ ထီးခ်ိဳင့္ၿမိဳ႕မရဲစခန္းသည္ လြန္ခဲ့သည့္ ငါးလခန႔္က ၄၀ မမ ႏွစ္လုံးျဖင့္တစ္ႀကိမ္ပစ္ခတ္ခဲ့ဖူးၿပီး ယင္းျဖစ္စဥ္တြင္ ရဲကားတစ္စီး ထိခိုက္ပ်က္စီးခဲ့ၿပီး ရဲတပ္သားႏွစ္ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ၿပီး ယင္းျဖစ္စဥ္ေၾကာင့္ ယခုကဲ့သို႔ ေျပာင္းေ႐ြ႕ခိုင္းထား ျခင္း ျဖစ္ေၾကာင္း သိရသည္။ https://burmese.kachinnews.com/2022/05/02/may2-az1/
*****************
၆။ လိုင္ဇာၿမိဳ႕တြင္း ရက္လြန္ ကုန္ပစၥည္းမ်ားကို ဖ်က္ဆီး
29th April 2022

ကခ်င္လြတ္လပ္ေရးအဖြဲ႕ KIO ဌာနခ်ဳပ္ရွိရာ လိုင္ဇာၿမိဳ႕ရွိ ေဈးဆိုင္မ်ားတြင္ ေရာင္းခ်ေနသည့္ ရက္လြန္ စားေသာက္ကုန္မ်ား ၊ အလွကုန္ႏွင့္ ေဆးဝါးမ်ားကို မီးရႈိ႕ဖ်က္စီးခဲ့ေၾကာင္း သိရသည္။ ဧၿပီလ ၁၈ ရက္ေန႔မွစတင္ၿပီး ၂၈ ရက္ေန႔အထိ လိုင္ဇာၿမိဳ႕ရွိ စားေသာက္ဆိုင္ ၊ ေဈးဆိုင္ ၊ ေဆးဆိုင္ ႏွင့္ အလွကုန္အေရာင္းဆိုင္မ်ားတြင္ စစ္ေဆး သိမ္းဆည္းခဲ့ၿပီးေနာက္ ယမန္ေန႔ ဧၿပီလ ၂၈ ရက္ေန႔က မီးရႈိ႕ဖ်က္စီးခဲ့ေၾကာင္း လိုင္ဇာ သန႔္ရွင္းမႈႏွင့္ က်န္းမာေရး ေကာ္မတီမွ သိရသည္။

ဖ်က္စီးခဲ့သည့္ ပစၥည္းမ်ားတန္ဖိုးေငြမွာ ျမန္မာက်ပ္ ၃,၂၄၁,၀၀၀ ႏွင့္ တ႐ုတ္ ယြမ္ ၆၆၆၄ ရွိေၾကာင္း သိရသည္။ ေဆးဆိုင္မ်ား တြင္ ရက္လြန္မဟုတ္ေသာ္လည္း က်န္းမာေရး ဆရာဝန္မ်ား၏ ၫြန္ၾကားခ်က္ျဖင့္သာ ေရာင္းခ်သင့္သည့္ ေဆးဝါးမ်ားကို သိမ္းဆည္းခဲ့ေၾကာင္း ဆက္ေျပာသည္။ လြန္ခဲ့သည့္ ဧၿပီလ ၁၂ ရက္-၁၃ ရက္ေန႔တြင္လည္း မိုင္ဆပ္ပါ စစ္ေဆးေရး ဂိတ္ဘက္မွ လိုင္ဇာဘက္သို႔ သယ္ယူလာသည့္ ေဆးအရက္ (ေခၚ) အရက္ျဖဴမ်ားကိုလည္း ဖမ္းဆီး ခဲ့ေၾကာင္း သိရသည္။

လိုင္ဇာၿမိဳ႕သည္ ၂၀၂၁ ခုႏွစ္ တစ္ႏွစ္ပတ္လုံး ကိုဗစ္-၁၉ ေရာဂါကူးစက္မႈျမင့္တက္လာေသာေၾကာင့္ Lockdown ခ်မွတ္ထား သည့္အတြက္ ယခုႏွစ္ ၂၀၂၂ ခုႏွစ္ ဇန္နဝါရီ လလယ္မွ စ၍ ေဈးဆိုင္မ်ား ျပန္လည္ေရာင္းခ်ခဲ့ျခင္း ျဖစ္သည္။

လိုင်ဇာမြို့တွင်း ရက်လွန် ကုန်ပစ္စည်းများကို ဖျက်ဆီး


*****************
၇။ အေမရိကန္ေရာက္ ကရင္နီလူမ်ိဳးစုေတြကေနၿပီး ေက့ထ်ိဳးဘိုး ပြဲေတာ္ကို ႏွစ္ရက္တာ က်င္းပခဲ့ၾက
May 2, 2022

အေမရိကန္ေရာက္ ကရင္နီလူမ်ိဳးစုေတြကေနၿပီး ႐ိုးရာ ေက့ထ်ိဳးဘိုး ပြဲေတာ္ကို အေမရိကန္ Austin Minnesota ျပည္နယ္မွာ ဧၿပီ(၃၀)နဲ႔ ေမ(၁)ရက္ေန႔ေတြမွာ က်င္းပ ျပဳလုပ္ခဲ့တယ္လို႔ သိရပါတယ္။ ကရင္နီလူမ်ိဳးစုေတြအေနနဲ႔ ဘယ္ေနရာပဲေရာက္ ေရာက္ ကိုယ့္ရဲ႕ ႐ိုးရာမပေပ်ာက္ေအာင္ ထိန္းသိမ္းဖို႔အတြက္ ရည္႐ြယ္ၿပီး က်င္းပျပဳလုပ္ခဲ့တာျဖစ္တယ္လို႔ ပြဲျဖစ္ေျမာက္ေရး ေကာ္မတီဝင္ လူငယ္တစ္ဦးျဖစ္တဲ့ ခူးေဆာ္ရယ္က ေျပာပါတယ္။

ေက့ထ်ိဳးဘိုး ပြဲမွာေတာ့ ႐ိုးရာအက ေဖ်ာ္ေျဖတင္ဆက္တာေတြ၊ အားကစားျဖစ္တဲ့ ေဘာလုံး၊ ေဘာလီေဘာ ၿပိဳင္ပြဲေတြ ျပဳလုပ္ခဲ့ ၾကပါတယ္။ ဒါ့အျပင္ လက္ရွိကရင္နီျပည္တြင္းမွာ အကူအညီလိုအပ္ေနတဲ့ ကိုယ့္ရဲ႕ လူမ်ိဳးေတြအတြက္ ရန္ပုံေငြ ရွာတာေတြ လည္း ျပဳလုပ္ခဲ့ၾကတယ္လို႔ သိရပါတယ္။

ေက့ထ်ိဳးဘိုးပြဲေတာ္ကို ႏွစ္စဥ္ က်င္းပလာခဲ့ၾကၿပီး အခုဆိုရင္ (၁၃) ႀကိမ္ေျမာက္ရွိသြားၿပီျဖစ္ပါတယ္။ ပြဲေတာ္မွာ အေမရိကန္ ေရာက္ အနယ္နယ္အရပ္ရပ္က ကရင္နီလူမ်ိဳးစုေတြ ပါဝင္ဆင္ႏႊဲခဲ့ၾကသလို ႐ိုးရာ ေက့ထ်ိဳးဘိုး ပြဲေတာ္ကိုလည္း မပေပ်ာက္ ေအာင္ ဆက္လက္ ထိန္း သိမ္းသြားၾကရမွာ ျဖစ္တယ္လို႔ ဆိုပါတယ္။ https://www.kantarawaddytimes.org/
******************
၈။ ေရနီကန္ေက်း႐ြာက အမ်ိဳးသမီးတစ္ဦး ကင္မြန္းသီးသြားေကာက္ရင္း မိုင္းနင္းမိ
May 2, 2022

လြိဳင္ေကာ္ၿမိဳ႕နယ္ မေထာခူအုပ္စု ေရနီကန္ေက်း႐ြာက အမ်ိဳးသမီးတစ္ဦး ေက်း႐ြာအနီးမွာ ကင္မြန္းသီးသြားေကာက္ရင္း မိုင္း နင္းမိၿပီး ဘယ္ေျခေထာက္ ေျခမ်က္စိေအာက္ပိုင္း ျပတ္ထြက္သြားတယ္လို႔ သိရပါတယ္။ ယမန႔္ေန႔ ေမလ ၁ရက္ေန႔ နံနက္၈နာရီ ခြဲဝန္းက်င္အခ်ိန္မွာ ေျမျမဳပ္မိုင္းကို နင္းမိခဲ့တာ ျဖစ္တယ္လို႔ ေဆး႐ုံကို ကူညီပို႔ေဆာင္ေပးခဲ့တဲ့ ပရဟိတ အသင္း တာဝန္ရွိသူ တစ္ဦးက ေျပာပါတယ္။

မိုင္းနင္းမိသူဟာ အသက္ ၅၂ႏွစ္အ႐ြယ္ ေဒၚႏြဲ႕မူျဖစ္ၿပီး စားဝတ္ေနေရးအတြက္ ကင္မြန္းသီးသြားေကာက္တာျဖစ္တယ္လို႔ ပရဟိ တ အသင္းတာဝန္ရွိသူ တစ္ဦးက ေျပာျပပါတယ္။ လြိဳင္ေကာ္ၿမိဳ႕မွာ စစ္ေဘးသင့္ခဲ့တဲ့ ေဒါဥခူ၊ ပန္ကန္း၊ ေရနီကန္ စတဲ့ ေက်း႐ြာ ေတြက ေဒသခံေတြ ျပန္လည္ေနထိုင္ရာမွာ မေပါက္ကြဲေသးတဲ့ မိုင္းမ်ား ၊ ဗုံးမ်ားကို ေတြ႕ရပါတယ္။

စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ကရင္နီျပည္မွာ စစ္ေကာင္စီနဲ႔ ကရင္နီေဒသခံ ကာကြယ္ေရးပူးေပါင္းတပ္ဖြဲ႕တို႔ တိုက္ပြဲျဖစ္ပြား ေနၿပီး ေဒသခံ ႏွစ္သိန္းနီးပါး စစ္ေဘးေရွာင္ေနရပါတယ္။ https://www.kantarawaddytimes.org/
******************
၉။ ေမလ (၁)ရက္ေန႔မွာ ဒီးေမာ့ဆို အေျခခံပညာေက်ာင္းသားမ်ား သမဂၢ တစ္ႏွစ္ျပည့္ အခမ္းအနားအက်ဥ္းခ်ဳပ္ က်င္းပခဲ့
May 2, 2022

အာဏာသိမ္း သပိတ္ကာလအတြင္း ေမလ (၁)ရက္ေန႔မွာ စတင္ေပၚေပါက္လာခဲ့တဲ့ ဒီးေမာ့ဆို အေျခခံပညာေက်ာင္းသားမ်ား သမဂၢ ရဲ႕ တစ္ႏွစ္ျပည့္ အခမ္းအနားတစ္ရပ္ကို ဒီးေမာ့ဆို အေနာက္ဖက္ျခမ္းတစ္ေနရာမွာ ယမန္ေန႔က (ေမလ ၁ရက္) အက်ဥ္း ခ်ဳပ္ျပဳလုပ္ခဲ့တယ္လို႔ ဒီးေမာ့ဆို (အ.က.သ) တာဝန္ရွိသူတစ္ဦးက ကႏၲာရဝတီတိုင္း(မ္)ကို ေျပာပါတယ္။

ဒီးေမာ့ဆို အေျခခံပညာေက်ာင္းသားမ်ား သမဂၢ ရဲ႕ တစ္ႏွစ္ျပည့္ အခမ္းအနားကို ကယားျပည္နယ္လုံးဆိုင္ရာ အေျခခံပညာ ဆရာမ်ား သမဂၢ ၊ ကယားျပည္နယ္ေက်ာင္းသားမ်ားသမဂၢ (KSSU) ၊ အေျခခံပညာေက်ာင္းသားမ်ားေရးရာအဖြဲ႕ခ်ဳပ္ (အ.က.ရ-ဗဟို) ၊ စစ္ကိုင္းၿမိဳ႕နယ္လုံးဆိုင္ရာ အေျခခံပညာေက်ာင္းသားမ်ား သမဂၢ နဲ႔ ေတာင္ႀကီးၿမိဳ႕နယ္ အေျခခံပညာေက်ာင္းသားမ်ား သမဂၢ ေတြကေနၿပီးေတာ့ ဂုဏ္ယူဝမ္းေျမာက္ေၾကာင္း သဝဏ္လႊာေပးပို႔ခဲ့တယ္လို႔ သိရပါတယ္။ အခမ္းအနားမွာ ဒီးေမာ့ဆို အေျခခံပညာေက်ာင္းသားမ်ား သမဂၢ ျဖစ္ေပၚလာတဲ့ရည္႐ြယ္ခ်က္ ၊ တစ္ႏွစ္ျပည့္သမိုင္းအက်ဥ္းနဲ႔ ေရွ႕ဆက္လုပ္ငန္းစဥ္ေတြကို ေဆြးေႏြးခဲ့တယ္လို႔ သိရပါတယ္။

ဒီးေမာ့ဆို အေျခခံပညာေက်ာင္းသားမ်ား သမဂၢ ဖြဲ႕စည္းတဲ့ တစ္ႏွစ္အေတာအတြင္းမွာ ျပည္သူလူထုနဲ႔အတူ သပိတ္စစ္ေၾကာင္း ထြက္တာေတြ ရွိခဲ့သလို စစ္ေရွာင္စခန္းေတြမွာ ပညာသင္ၾကားဖို႔အတြက္ သင္ေထာက္ကူပစၥည္း သြားေရာက္ ေပးအပ္ကူညီေန တာေတြလည္း ေဆာင္႐ြက္ၾကတာျဖစ္ပါတယ္။ https://www.kantarawaddytimes.org/
******************
၁၀။ ေဘာလခဲၿမိဳ႕နယ္ မိုင္ထန္းေက်း႐ြာမွာ လက္နက္ႀကီးက်ေရာက္ခဲ့ၿပီး ေနအိမ္ႏွစ္လုံးမီးေလာင္
May 2, 2022

ကရင္နီျပည္နယ္၊ ေဘာလခဲၿမိဳ႕နယ္ မိုင္ထန္းေက်း႐ြာမွာ ယမန္ေန႔ ေမလ ၁ရက္ေန႔ ည ၆ နာရီအခ်ိန္မွာ လက္နက္ႀကီးႏွစ္လုံး က်ေရာက္ခဲ့ၿပီး ေဒသခံေနအိမ္ ႏွစ္လုံး မီးေလာင္ပ်က္စီးခဲ့တယ္လို႔ KNDF သတင္းနဲ႔ ျပန္ၾကားေရး တာဝန္ရွိသူတစ္ဦးက ေျပာပါ တယ္။ ေဘာလခဲအေျခစိုက္တပ္ကေန ၁၂၀ မမနဲ႔ ပစ္ခတ္တာျဖစ္ၿပီး ဘယ္ႏွလုံးပစ္ခဲ့တယ္ ဆိုတာကိုေတာ့ တိတိက်က်မသိရ ဘူးလို႔ ဆိုပါတယ္။

ေဘာလခဲၿမိဳ႕နယ္အတြင္း ၿပီးခဲ့တဲ့ ဧၿပီလ ၃၀ ရက္ေန႔မွာ ကရင္နီတပ္မေတာ္ KA၊ ကရင္နီအမ်ိဳးသားမ်ား ကာကြယ္ေရးတပ္ KNDF၊ PDF စတဲ့ ကရင္နီေဒသခံကာကြယ္ေရး ပူးေပါင္းတပ္ဖြဲ႕ေတြနဲ႔ စစ္ေကာင္စီတပ္တို႔ ထိေတြ႕တိုက္ပြဲျဖစ္ပြားခဲ့တယ္လို႔ KNDF က ေျပာပါတယ္။ ယမန္ေန႔ ေမလ ၁ ရက္ေန႔မွာေတာ့ ေဘာလခဲၿမိဳ႕နယ္မွာ တိုက္ပြဲျဖစ္ပြားတာ မရွိေပမယ့္ စစ္ေကာင္စီက လက္နက္ႀကီးေတြနဲ႔ ရမ္းသန္းပစ္ခတ္ေနတာျဖစ္တယ္လို႔ သိရပါတယ္။

ဒီးေမာ့ဆိုအေနာက္ဘက္ျခမ္းမွာလည္း ၿပီးခဲ့တဲ့ ဧၿပီလ ၃၀ ရက္ေန႔က ေက်း႐ြာတစ္႐ြာထဲကို လက္နက္ႀကီးႏွစ္လုံး က်ေရာက္ ခဲ့ၿပီး တစ္လုံးေပါက္ကြဲခဲ့ပါတယ္။ ေနအိမ္တခ်ိဳ႕ကို ထိတာေတြရွိေနၿပီး ပ်က္စီးမႈအတိအက်ကိုေတာ့ အတည္မျပဳႏိုင္ေသးပါဘူး။

Homepage


******************
၁၁။ ဒီးေမာ့ဆိုၿမိဳ႕နယ္ ေဒါငံခါးမွာ တိုက္ပြဲျဖစ္ပြားခဲ့ၿပီး ေနအိမ္မီးရႈိ႕ခံရတာေတြ ရွိေန
May 1, 2022

ဒီးေမာ့ဆိုၿမိဳ႕နယ္ ေဒါငံခါးမွာ ယမန႔္ေန႔ ဧၿပီလ ၃၀ရက္ေန႔ ၂နာရီဝန္းက်င္အခ်ိန္မွာ တိုက္ပြဲျဖစ္ပြားခဲ့ၿပီး ညအခ်ိန္မွာ စစ္ေကာင္စီ က ေနအိမ္တခ်ိဳ႕ကို မီးရႈိ႕ခဲ့တယ္လို႔ ဒီးေမာ့ဆိုျပည္သူ႔ကာကြယ္ေရးတပ္ တာဝန္ရွိသူ တစ္ဦးက ေျပာပါတယ္။

ဒီးေမာ့ဆို ျပည္သူ႔ကာကြယ္ေရးတပ္ ( DMO-PDF ) တပ္ဖြဲ႕ ဗ်ဴဟာ ( ၁ ) A,B,F,J တပ္ရင္း၊ အလယ္ပိုင္းတိုင္း ( ၁၁၀၂ ) တပ္ခြဲတခ်ိဳ႕နဲ႔ KRU စတဲ့ တပ္ဖြဲ႕ေတြနဲ႔ စစ္ေကာင္စီတပ္ဖြဲ႕တို႔ နာရီဝက္ၾကာ ရင္ဆိုင္တိုက္ပြဲျဖစ္ပြားခဲ့တယ္လို႔ သိရပါတယ္။

တိုက္ပြဲအတြင္း စစ္ေကာင္စီတပ္ဘက္က အနည္းဆုံး သုံးေယာက္ေသဆုံးၿပီး ၅ဦးခန႔္ အျပင္းအထန္ ဒဏ္ရာရွိတယ္လို႔ DMO-PDF တာဝန္ရွိသူ တစ္ဦးက ဆက္ေျပာပါတယ္။ ဒီးေမာ့ဆိုမွာ စစ္ေကာင္စီက ေနရာတခ်ိဳ႕ကို တပ္စြဲထားတာရွိသလို တပ္စြဲခဲ့တဲ့ ေနရာေတြကိုလည္း မိုင္းေတြေထာင္ထားတာရွိပါတယ္။ ညအခ်ိန္မွာလည္း လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္တာေတြ ျပဳလုပ္ေနပါ တယ္။ https://www.kantarawaddytimes.org/
******************
၁၂။ ဒီးေမာ့ဆိုၿမိဳ႕နယ္ ေဒါငံခါးမွာ တိုက္ပြဲျဖစ္ပြားခဲ့ၿပီး ေနအိမ္မီးရႈိ႕ခံရတာေတြ ရွိေန
May 1, 2022

ဒီးေမာ့ဆိုၿမိဳ႕နယ္ ေဒါငံခါးမွာ ယမန႔္ေန႔ ဧၿပီလ ၃၀ရက္ေန႔ ၂နာရီဝန္းက်င္အခ်ိန္မွာ တိုက္ပြဲျဖစ္ပြားခဲ့ၿပီး ညအခ်ိန္မွာ စစ္ေကာင္စီ က ေနအိမ္တခ်ိဳ႕ကို မီးရႈိ႕ခဲ့တယ္လို႔ ဒီးေမာ့ဆိုျပည္သူ႔ကာကြယ္ေရးတပ္ တာဝန္ရွိသူ တစ္ဦးက ေျပာပါတယ္။

ဒီးေမာ့ဆို ျပည္သူ႔ကာကြယ္ေရးတပ္ ( DMO-PDF ) တပ္ဖြဲ႕ ဗ်ဴဟာ ( ၁ ) A,B,F,J တပ္ရင္း၊ အလယ္ပိုင္းတိုင္း ( ၁၁၀၂ ) တပ္ခြဲ တခ်ိဳ႕နဲ႔ KRU စတဲ့ တပ္ဖြဲ႕ေတြနဲ႔ စစ္ေကာင္စီတပ္ဖြဲ႕တို႔ နာရီဝက္ၾကာ ရင္ဆိုင္တိုက္ပြဲျဖစ္ပြားခဲ့တယ္လို႔ သိရပါတယ္။ တိုက္ပြဲ အတြင္း စစ္ေကာင္စီတပ္ဘက္က အနည္းဆုံး သုံးေယာက္ေသဆုံးၿပီး ၅ဦးခန႔္ အျပင္းအထန္ ဒဏ္ရာရွိတယ္လို႔ DMO-PDF တာဝန္ရွိသူ တစ္ဦးက ဆက္ေျပာပါတယ္။

ဒီးေမာ့ဆိုမွာ စစ္ေကာင္စီက ေနရာတခ်ိဳ႕ကို တပ္စြဲထားတာရွိသလို တပ္စြဲခဲ့တဲ့ေနရာေတြကိုလည္း မိုင္းေတြေထာင္ထားတာ ရွိပါတယ္။ ညအခ်ိန္မွာလည္း လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္တာေတြ ျပဳလုပ္ေနပါတယ္။

Homepage


******************
၁၃။ ဒီးေမာ့ဆိုၿမိဳ႕နယ္မွာ အသတ္ခံထားရတဲ့ အသက္ ၇၃ႏွစ္အ႐ြယ္ အဘြားတစ္ဦးရဲ႕ ႐ုပ္အေလာင္းေတြ႕ရွိ
May 1, 2022

ဒီးေမာ့ဆိုၿမိဳ႕နယ္မွာ ႏွိပ္စက္ၿပီး အသတ္ခံထားရတဲ့ အသက္၇၃ႏွစ္အ႐ြယ္ အဘြားတစ္ဦးရဲ႕ ႐ုပ္အေလာင္းကို ဧၿပီလ ၂၉ရက္ေန႔ မွာ ေတြ႕ရွိခဲ့ရတယ္လို႔ ဒီးေမာ့ဆိုျပည္သူ႔ကာကြယ္ေရးတပ္ ( DMO-PDF ) တာဝန္ရွိသူ တစ္ဦးက ေျပာပါတယ္။

ဒီးေမာ့ဆို ျပည္သူ႔ကာကြယ္ေရးတပ္ ( DMO-PDF ) တပ္နဲ႔ အလယ္ပိုင္းတိုင္း ( ၁၁၀၂ )တို႔ နယ္ေျမရွင္းလင္းေရး ျပဳလုပ္ရင္း ေတြ႕ရွိခဲ့တာျဖစ္ၿပီး အေလာင္းဟာ တစ္လနီးပါးရွိေနၿပီလို႔ ၎က ဆက္ေျပာပါတယ္။ အသတ္ခံရသူမွာ ေဒၚေရာဇာ( ခ ) မူသူး ျဖစ္ၿပီး ဧၿပီ၃၀ရက္ေန႔မွာ သၿဂႋဳလ္ေပးခဲ့တယ္လို႔ သိရပါတယ္။

ၿပီးခဲ့တဲ့ ဧၿပီလ ၂၇ရက္ေန႔မွာ ဒီးေမာ့ဆိုၿမိဳ႕ စံျပ ၆မိုင္ေက်း႐ြာအုပ္စု ဇီးျဖဴကုန္းရပ္ကြက္မွာ ေက်း႐ြာသားေတြနဲ႔အတူ နယ္ေျမရွင္း လင္းေရး ျပဳလုပ္ရင္း ေနအိမ္တစ္လုံးရဲ႕ ေရတြင္းထဲ ေသဆုံးေနတဲ့ ႐ုပ္အေလာင္းႏွစ္ခုကို KNDF B-09 က ထုတ္ျပန္ထားပါတယ္။ ကရင္နီျပည္မွာ အာဏာသိမ္းၿပီးေနာက္ပိုင္း အရပ္သားေသဆုံးမႈ ၂၅၇ဦးရွိတယ္လို႔ တိုးတက္ေသာကရင္နီျပည္သူ႔အင္အားစု ( PKPF ) က ဧၿပီလ ၂၄ရက္ေန႔မွာ ထုတ္ျပန္ထားပါတယ္။ https://www.kantarawaddytimes.org/
******************
၁၄။ ေလာပီတ ေရလွ်ံထိန္း လုံၿခဳံေရးရဲကင္းကို KNDF ဝင္ေရာက္စီးႏွင္း ၊ တပ္ဖြဲ႕ဝင္မ်ားကို ဖမ္းဆီးထိန္းသိမ္းထား၊ လက္ နက္မ်ား သိမ္းဆည္းရမိ
April 30, 2022

ကရင္နီျပည္နယ္ လြိဳင္ေကာ္ၿမိဳ႕နယ္ရွိ ေလာပီတ ေရလွ်ံထိန္း လုံၿခဳံေရးရဲကင္းကို ကရင္နီတပ္မေတာ္ KA၊ ကရင္နီအမ်ိဳးသားမ်ား ကာကြယ္ေရးတပ္ KNDF က ဧၿပီလ ၂၉ ရက္ေန႔ ညသန္းေခါင္အခ်ိန္မွာ ဝင္ေရာက္စီးႏွင္းခဲ့ၿပီး ေသနတ္မေပါက္ပဲ လုံၿခဳံေရးရဲ ( ၈ ) ဦးကို ဖမ္းဆီးထိန္းသိမ္းထားၿပီး အေရးယူေဆာင္႐ြက္ႏိုင္ဖို႔ ကရင္နီျပည္ရဲဌာန KSP ကို လႊဲအပ္ထားတယ္လို႔ သိရပါတယ္။ ဒါ့အျပင္ ေသနတ္ ( ၈ ) လက္နဲ႔ က်ည္အခ်ိဳ႕ကိုလည္း သိမ္းဆည္းရမိခဲ့တယ္လို႔ သိရပါတယ္။

ဖမ္းဆီးရမိတဲ့ လုံၿခဳံေရးရဲမ်ားမွာ ဒုရဲအုပ္၊ တပ္ၾကပ္ႀကီး၊ တပ္ၾကပ္ အပါအဝင္ ၈ ဦးျဖစ္တယ္လို႔ သိရပါတယ္။ ဖ႐ူဆိုၿမိဳ႕နယ္အတြင္းမွာေတာ့ ဧၿပီလ ၂၂ ရက္ေန႔ကေန ၃၀ ရက္ေန႔အတြင္း ထားလဲေက်း႐ြာအနီး စစ္ေၾကာင္းထိုးလာတဲ့ စစ္ေကာင္စီတပ္မ်ားကို ကရင္နီပူးေပါင္းတပ္မ်ားက ဝင္ေရာက္တိုက္ခိုက္ခဲ့ၿပီး စစ္ေၾကာင္းမ်ား တပ္ဆုတ္ခဲ့ရတယ္လို႔ ကရင္နီအမ်ိဳးသားမ်ား ကာကြယ္ေရးတပ္ KNDF က ဒီကေန႔ ေမလ ၁ ရက္ေန႔မွာ ထုတ္ျပန္တဲ့ ထုန္ျပန္ခ်က္မွာ ပါရွိပါတယ္။

ဧၿပီလ ေနာက္ဆုံးအပတ္မွာ ဒီးေမာ့ဆိုၿမိဳ႕နယ္နဲ႔ ဖ႐ူဆိုၿမိဳ႕နယ္ တိုက္ခိုက္မႈမ်ားအတြင္း စစ္ေကာင္စီတပ္ဘက္မွ ၂၄ ဦးေသဆုံးၿပီး အမ်ားအျပား ထိခိုက္ဒဏ္ရာရခဲ့တယ္လို႔ KNDF က ဆိုပါတယ္။ ဒီးေမာ့ဆိုၿမိဳ႕နယ္အတြင္းမွာေတာ့ ဧၿပီလ ၂၀ ရက္ေန႔ကစၿပီး တိုက္ပြဲမ်ား ရက္ဆက္ျဖစ္ပြားခဲ့တဲ့အတြက္ ေဒါခမီးတိုက္ပြဲအတြင္း စစ္ေကာင္စီတပ္ေတြကို ခုခံတိုက္ခိုက္ရင္း KNDF မွ တပ္ဖြဲ႕ဝင္ ႏွစ္ဦးက်ဆုံးသြားခဲ့တယ္လို႔ KNDF က ထုတ္ျပန္ထားပါတယ္။ https://www.kantarawaddytimes.org/
******************
၁၅။ မေန႔က ဒီးေမာ့ဆိုမွာ တိုက္ပြဲျဖစ္ပြားခဲ့ၿပီး စစ္ေကာင္စီ ႏွစ္ဦးေသဆုံး
April 30, 2022

ဒီးေမာ့ဆိုၿမိဳ႕ ၊ ၿမိဳ႕မရပ္ကြက္မွာ မေန႔က(ဧၿပီ ၂၉ ရက္ေန႔ ) စစ္ေၾကာင္းထိုးလာတဲ့ စစ္ေကာင္စီနဲ႔ ထိေတြ႕တိုက္ပြဲျဖစ္ပြားခဲ့ၿပီး စစ္ေကာင္စီဘက္က ႏွစ္ဦးေသဆုံး ၊ သုံးဦး ဒဏ္ရာရခဲ့တယ္လို႔ ျပည္သူ႔ကာကြယ္ေရးတပ္-ဒီးေမာ့ဆို ( DMO-PDF ) က ဒီကေန႔ ( ဧၿပီလ ၃၀ ) ရက္ေန႔မွာ သတင္းထုတ္ျပန္ပါတယ္။

မနက္ (၁၀)နာရီကေန႔ (၁၁)နာရီထိ ၁နာရီၾကာ တိုက္ပြဲျဖစ္ပြားခဲ့ၿပီး ပူးေပါင္းတပ္ဖြဲ႕ဖက္မွာ ထိခိုက္မႈမရွိ ျပန္လည္ဆုတ္ခြာ ႏိုင္ခဲ့တယ္လို႔ ဆိုပါတယ္။ တိုက္ပြဲအတြင္းမွာ ျပည္သူ႔ကာကြယ္ေရးတပ္-ဒီးေမာ့ဆို ( DMO-Local PDF)နဲ႔ အလယ္ပိုင္းတိုင္း (၁၁၀၂)တပ္ရင္းမွ တပ္ခြဲ တို႔ ပူးေပါင္းတိုက္ခိုက္ခဲ့တယ္လို႔ ထုတ္ျပန္ထားပါတယ္။

ၿပီးခဲ့တဲ့ မတ္လ ၂၆ရက္ေန႔မွာလည္း ဖ႐ူဆိုၿမိဳ႕နယ္မွာရွိတဲ့ ခမရ-၄၂၈နဲ႔ ဖ႐ူဆိုၿမိဳ႕မရဲစခန္းကို PDF-Hpruso ၊ KNDF B-04 ၊ KNDF B-15 တို႔က ဝင္ေရာက္တိုက္ခိုက္ခဲ့ၿပီး စစ္ေကာင္စီဘက္က ၄ဦးေသဆုံးခဲ့တယ္လို႔ KNDF B-04 နဲ႔ PDF-Hpruso က သတင္း ထုတ္ျပန္ထားပါတယ္။ https://www.kantarawaddytimes.org/
******************
၁၆။ စစ္ေကာင္စီ အင္ဂ်င္နီယာတပ္ရင္းမွ တပ္ဖြဲ႕ဝင္ ၂ ဦး လက္နက္ႏွင့္အတူ KNDO ထံ လာေရာက္ပူးေပါင္း၊ စစ္ေကာင္စီကို ျပန္လည္တိုက္ခိုက္မည္ဟုေျပာ
May 3, 2022

ျမဝတီၿမိဳ႕ေတာင္ဘက္ ေဝါေလအေျခစိုက္ စစ္ေကာင္စီ အင္ဂ်င္နီယာ တပ္ရင္း စရရ – ၉၀၄ မွ တပ္ၾကပ္ ႏွစ္ဦးသည္ လက္နက္ အျပည့္အစုံႏွင့္အတူ ယမန္ေန႔ ေမလ ၂ ရက္ေန႔တြင္ ကရင္အမ်ိဳးသားကာကြယ္ေရးတပ္ဖြဲ႕-KNDO ထံသို႔ လာေရာက္ပူးေပါင္းခဲ့ သည္ဟု KNDO က ေျပာသည္။ ေဝါေလ အေျခစိုက္ အင္ဂ်င္နီယာတပ္ရင္း စရရ ၄၀၉ မွ တပ္ၾကပ္ ဝင္းႏိုင္ ကိုယ္ပိုင္နံပါတ္ တ-××× ၇၄ ႏွင့္ ဒုတပ္ၾကပ္ၿပဳံးခ်ိဳ ကိုယ္ပိုင္ နံပါတ္တ-××× ၆၈တို႔ ႏွစ္ဦးသည္ MA-1 ေသနတ္ ၂ လက္၊ က်ည္ေဘာက္ ၅ခု၊ က်ည္ဆံ ၁၀၀ ေက်ာ္၊ လက္ပစ္ဗုံး ၄ လုံးႏွင့္အတူ KNDO လုံၿခဳံေရးတပ္ရင္းႏွင့္ ခ်ိတ္ဆက္ကာ လာေရာက္ပူးေပါင္းခဲ့ျခင္းျဖစ္သည္။

အဆိုပါ လာေရာက္ပူးေပါင္းသည့္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ ႏွစ္ဦးအား ေကာင္းမြန္စြာ လက္ခံႀကိဳဆိုၿပီး ၎တို႔ႏွစ္ဦး၏ ဆႏၵအတိုင္း လိုက္ေလ်ာသြားမည္ဟု တပ္ရင္းမႉး ဒုတိယဗိုလ္မႉးႀကီး ေစာအယ္ျမထူးက ေျပာသည္။

စစ္အာဏာသိမ္းမႈ ျဖစ္စဥ္ျဖစ္ပြားၿပီးေနာက္ KNU-ကရင္အမ်ိဳးသားအစည္းအ႐ုံး တပ္မဟာ ၆ နယ္ေျမ၊ ေဒါနအေရွ႕ျခမ္း ေလးေကေကာ္ႏွင့္ ေဝါေလေဒသဘက္တြင္ နယ္ေျမခံ ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္မေတာ္-KNLA ႏွင့္ ပူးေပါင္းခဲ့သည့္ စစ္ေကာင္စီ၏ ဒုတပ္ရင္းမႉးအ ဆင့္ အပါအဝင္ တပ္ဖြဲ႕ဝင္ ၂၈ဦးရွိသည္ဟု KNU ဘက္က ေျပာဆိုထားသည္။
https://kicnews.org/2022/05
*******************
၁၇။ စခန္းသိမ္းခံရၿပီးေနာက္ စစ္ေကာင္စီမွ တစ္ရက္အတြင္း ေလေၾကာင္း တိုက္ခိုက္မႈ ၁၀ ႀကိမ္ခန႔္ ျပဳလုပ္ခဲ့
May 3, 2022

ကရင္အမ်ိဳးသားအစည္းအ႐ုံး-KNU၊ မူေၾတာ္(ဖာပြန္)ခ႐ိုင္၊ တပ္မဟာ(၅) အတြင္းရွိ စစ္ေကာင္စီ၏ ဗ်ဴဟာက် ေက်ာက္ညႇပ္ စခန္း သိမ္းပိုက္ခံရၿပီးေနာက္ စစ္ေကာင္စီဘက္မွ ေလေၾကာင္း တိုက္ခိုက္မႈ ၁၀ ႀကိမ္ထက္မနည္း ျပဳလုပ္သြားခဲ့ေၾကာင္း KNU မူေၾတာ္ခ႐ိုင္သတင္းစဥ္က ယေန႔ သတင္းထုတ္ျပန္ထားသည္။ ၿပီးခဲ့သည့္ ဧၿပီလ ၂၈ ရက္ေန႔တြင္ သံလြင္ျမစ္ကမ္းနံေဘးရွိ စစ္ေကာင္စီ၏ ဗ်ဴဟာက် အေျခစိုက္စခန္းကို KNU တပ္မဟာ(၅)ႏွင့္ မဟာမိတ္တပ္ဖြဲ႕ဝင္မ်ား ဝင္ေရာက္ တိုက္ခိုက္သိမ္း ပိုက္လိုက္ၿပီးေနာက္ စစ္ေကာင္စီဘက္မွ ေလေၾကာင္းတိုက္ခိုက္မႈျဖင့္ ျပန္လည္တုန႔္ျပန္ခဲ့ၿပီး ၿပီးခဲ့သည့္ အျပည္ျပည္ဆိုင္ရာ အလုပ္သမားေန႔ ေမလ ၁ ရက္ေန႔ထဲတြင္ပင္ တိုက္ေလယာဥ္ျဖင့္ (၁၀) ႀကိမ္ခန႔္ မူေၾတာ္ခ႐ိုင္၊ လူေသာၿမိဳ႕နယ္အတြင္းရွိ ေဒဘုႏိုႏွင့္ ေသကာထာေက်း႐ြာမ်ားအေပၚ လာေရာက္ပစ္ခတ္ဗုံးႀကဲတိုက္ခိုက္ခဲ့ေၾကာင္း ၎သတင္းထုတ္ျပန္ခ်က္တြင္ ေဖာ္ျပ ထားသည္။

အဆိုပါ တိုက္ခိုက္မႈေၾကာင့္ ေနအိမ္အေဆာက္အဦး ထိခိုက္ပ်က္စီးမႈအနည္းငယ္ရွိၿပီး ေဒသခံမ်ားအေပၚ ထိခိုက္မႈတစ္စုံတစ္ရာ မရွိခဲ့ေသာ္လည္း ယေန႔အခ်ိန္ထိ စစ္ေကာင္စီဘက္မွ ဒ႐ုန္းယာဥ္မ်ားျဖင့္ ေန႔ညမပ်က္ေစလႊတ္ေထာက္လွမ္းလ်က္ရွိေၾကာင္း KNU က ဆိုသည္။ အလားတူ ေမလ (၁) ရက္ေန႔ထဲတြင္ပင္ မာေထာ႐ြာအေျခစိုက္ စစ္ေကာင္စီ၏ စစ္ကြပ္ကဲေရး ဌာန ခ်ဳပ္(စကခ-၈) လက္ေအာက္ခံ၊ ေျချမန္တပ္ရင္း(ခမရ-၄၀၈)သည္ မူေၾတာ္ခ႐ိုင္၊ ဘူးသိုၿမိဳ႕နယ္အတြင္းရွိ မယ္ညဳထာေက်း႐ြာ အုပ္စုရွိ မယ္ညဳထာေက်း႐ြာအတြင္းသို႔ ၈၁-မမ (၃)လုံးအား ပစ္ခ်ခဲ့ျခင္းေၾကာင့္ ေဒသခံ ေစာဖားကယ္၏ စပါး(၉၀)တင္းဆံ့ သိုေလွာင္ထားသည့္စပါးက်ီတစ္လုံး မီးေလာင္ျပာက်သြားကာ ယင္းအနီးရွိ ဆန္စက္တစ္လုံးပါ မီးေလာင္ပ်က္စီးသြားခဲ့ၿပီး လူသူ၊ တိရိစာၦန္မ်ား ထိခိုက္မႈတစ္စုံတစ္ရာမရွိေၾကာင္းလည္း ယေန႔ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပပါရွိသည္။

စစ္ေကာင္စီ၏ (၄၃၄) တပ္ရင္း အေျခစိုက္ရာ ေက်ာက္ညႇပ္စခန္းကို KNLA အပါအဝင္ ဗမာျပည္သူ႔ လြတ္ေျမာက္ေရးတပ္ေတာ္ (BPLA) ႏွင့္ အျခားေသာမဟာမိတ္ တပ္ေပါင္းစုမ်ားပါဝင္၍ တက္ေရာက္ သိမ္းပိုက္ခဲ့ျခင္းျဖစ္ၿပီး စစ္ေကာင္စီဘက္မွ ၎စခန္း အနီးရွိ မယ္ညဳထာေက်း႐ြာကို ေလေၾကာင္းျဖင့္ ဗုံးႀကဲတိုက္ခိုက္ခဲ့သျဖင့္ ေဒသခံမ်ား ထြက္ေျပးတိမ္းေရွာက္ခဲ့ရေၾကာင္းလည္း BPLA ၏ ထုတ္ျပန္ခ်က္အရ သိရသည္။ KNU တပ္မဟာ (၁) နယ္ေျမအတြင္းရွိ ေလးေကႏွင့္ ဝင္းတာပန္ ေက်း႐ြာမ်ားတြင္ တပ္စြဲထားေသာ နယ္ျခားေစာင့္တပ္(BGF) ႏွင့္ စစ္ေကာင္စီ တပ္စခန္းမ်ားအေနျဖင့္ ဧၿပီလ ၂၃ ရက္ေန႔ ေနာက္ဆုံးထားၿပီး နယ္ေျမအတြင္းမွ ထြက္ခြာေပးရန္ ကရင္အမ်ိဳးသားကာကြယ္ေရးအဖြဲ႕ (KNDO) တပ္ရင္း-၂ ဌာနခ်ဳပ္က သတိေပးစာထုတ္ျပန္ ခဲ့ၿပီးေနာက္ စစ္ေကာင္စီတပ္ဘက္က ထြက္ခြာသြားျခင္းမရွိသည့္အတြက္ ပစ္ခတ္တိုက္ခိုက္မႈမ်ား ျဖစ္ပြားခဲ့ရာ စစ္ေကာင္စီ ဘက္ကလည္း KNU တပ္မဟာ(၁) နယ္ေျမကို ယခုလို ပထမဦးဆုံးအႀကိမ္ ေလေၾကာင္းတိုက္ခိုက္မႈ ျပဳလုပ္ခဲ့ျခင္းျဖစ္သည္။
https://kicnews.org/2022/05
*******************
၁၈။ စစ္ေကာင္စီေလေၾကာင္းတိုက္ခိုက္မႈေၾကာင့္ လူေနအိမ္ ၁၀ လုံးမီးေလာင္ကြၽမ္းၿပီး အမ်ားအျပားထိခိုက္ပ်က္စီး
May 2, 2022

ေကအဲန္ယူ-ကရင္အမ်ိဳးသားအစည္းအ႐ုံး သထုံခ႐ိုင္(တပ္မဟာ ၁ နယ္ေျမ) ဘီးလင္းၿမိဳ႕နယ္၊ ေလးေကေက်း ႐ြာထဲသို႔ ယမန္ေန႔ ေမလ (၁)ရက္ေန႔ တစ္ရက္အတြင္း စစ္ေကာင္စီတပ္က ႏွစ္ႀကိမ္တိုင္ေလေၾကာင္းျဖင့္ တိုက္ခိုက္ခဲ့သည့္အတြက္ ေဒသခံေနအိမ္ ၁၀ လုံး မီေလာင္ကြၽမ္းခဲ့ၿပီး အျခားေနအိမ္အမ်ားအျပားလည္း ထိခိုက္ပ်က္စီးခဲ့သည္ဟု ေဒသခံမ်ားက ေျပာသည္။ ဘီးလင္း ၿမိဳ႕နယ္ရွိ စစ္ေကာင္စီ၏ ေလးေကစခန္းႏွင့္ ဝင္းတာပန္စခန္းႏွစ္ခုကို ဧၿပီလ ၂၃ရက္ေန႔ ေနာက္ဆုံး ထားဆုတ္ခြာေပးရန္ နယ္ေျမခံ ကရင္အမ်ိဳးသားကာကြယ္ေရးတပ္ဖြဲ႕ -KNDO စာထုတ္ျပန္ခဲ့ၿပီးေနာက္ စစ္ေကာင္စီတပ္ဘက္က ျပန္ဆုတ္ခြာျခင္း မရွိ၍ ႏွစ္ဖက္တိုက္ပြဲမ်ား စတင္ျဖစ္ပြားခဲ့သည္။

ထိုသို႔ တိုက္ပြဲမ်ားျဖစ္ပြားရာတြင္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားဘက္က ေက်း႐ြာထဲသို႔ လက္နက္ႀကီးႏွင့္ ျပန္လည္ပစ္ခတ္သည့္ အတြက္ ေက်း႐ြာ ၁၀ ႐ြာေက်ာ္မွ ေဒသခံ ၁၀,၀၀၀ ေက်ာ္ ထြက္ေျပးတိမ္းေရွာင္ၾကရၿပီး အဆိုပါ တိမ္းေရွာင္ေနရသည့္ စစ္ေရွာင္မ်ားသည္ ရိကၡာလိုအပ္သည့္အျပင္ ေႏြရာသီျဖစ္သည့္အတြက္ ေသာက္သုံးေရ အခက္အခဲႀကဳံေတြ႕ေနရသည္ဟုလည္း စစ္ေရွာင္ကူညီေရးလုပ္ေဆာင္ေနသူမ်ားက ေျပာသည္။

ေကအဲန္ယူ သထုံခ႐ိုင္၊ တပ္မဟာ(၁)နယ္ေျမတြင္ စစ္ေကာင္စီတပ္က ေလာယာဥ္ျဖင့္ လာေရာက္စုံစမ္း ေထာက္လွမ္းမႈ မၾကာခဏျပဳလုပ္လ်က္ရွိေသာ္လည္း ယခုလို ေလယာဥ္ျဖင့္ လာေရာက္တိုက္ခိုက္မႈမွာ ပထမဆုံးအႀကိမ္ျဖစ္သည္။ ဘီးလင္း ၿမိဳ႕နယ္ ေလးေကေက်း႐ြာအုပ္စု၊ ေလးေကေက်း႐ြာထဲသို႔ ယမန္ေန႔ နံနက္ ၁၁နာရီ ဝန္းက်င္တြင္ တစ္ႀကိမ္ႏွင့္ ေန႔လည္ ၁နာရီ ဝန္းက်င္တြင္တစ္ႀကိမ္ စစ္ေကာင္စီတပ္က ရဟတ္ယာဥ္ျဖင့္ ပစ္ခတ္တိုက္ခိုက္မႈ လုပ္ေဆာင္သကဲ့သို႔ ေကအဲန္ယူ မူေၾတာ္ခ႐ိုင္၊ တပ္မဟာ(၅) ေဒပူးႏိုဘက္တြင္လည္း ေလယာဥ္ႏွင့္ ၁၀ ႀကိမ္ထက္မနည္း အလားတူ ဗုံးႀကဲတိုက္ခိုက္မႈ လုပ္ေဆာင္ခဲ့သည္ဟု သိရသည္။ https://kicnews.org/2022/05

၁၉။ ျမ၀တီ ၿမိဳ႕အနီးေန႔စဥ္တိုက္ပြဲေၾကာင့္ ၿမိဳ႕တြင္းၿမိဳ႕ျပင္ ဘုန္းႀကီးေက်ာင္းအခ်ိဳ႕တြင္ ခိုလႈံေနရသူ ရာခ်ီရွိေန
May 2, 2022

ကရင္ျပည္နယ္ နယ္စပ္ၿမိဳ႕တစ္ၿမိဳ႕ျဖစ္သည့္ ျမ၀တီၿမိဳ႕အနီးဝန္းက်င္တြင္ ကရင္အမ်ိဳးသား လြတ္ေျမာက္ေရးတပ္မေတာ္ -KNLA ပူးေပါင္းတပ္ႏွင့္ စစ္ေကာင္စီတပ္တို႔အၾကား တိုက္ပြဲမ်ားေန႔စဥ္ ျဖစ္ပြားမႈရွိေနေသာေၾကာင့္ ရာႏွင့္ခ်ီေသာ ေဒသခံမ်ားမွာ ၿမိဳ႕တြင္း၊ ၿမိဳျပင္ဘုန္းႀကီးေက်ာင္းအခ်ိဳ႕တြင္ ခိုလႈံေနၾကရသည္ဟု သိရွိရသည္။

ျမ၀တီ ၿမိဳ႕အနီး အမွတ္ ၄ ေအာင္ေျမေ႐ႊဘုံ ရပ္ကြက္ မေခ်ာေလး ဘုရားေတာင္ ၊ စမေတာင္ ဘုရားကုန္း၊ ခလရ ၂၇၅ စစ္ေကာင္စီ တပ္အေရွ႕ဘက္ေနရာမ်ားတြင္ စစ္ေကာင္စီတပ္ ၊ BGF တပ္ အထိုင္ခ်ေနရာမ်ားတြင္ KNLA ပူးေပါင္းတပ္မ်ားႏွင့္ ဧၿပီလ ၁၉ ရက္မွ ေမလ ၁ ရက္အထိေန႔စဥ္ ပစ္ခတ္တိုက္ခိုက္မႈမ်ား ျဖစ္ပြားေနသည့္အတြက္ ေဒသတြင္းေနထိုင္သူမ်ားမွာ ျမ၀တီၿမိဳ႕တြင္း ဘုန္းႀကီးေက်ာင္းအခ်ိဳ႕ႏွင့္ ၿမိဳ႕ျပင္ေျမနီကုန္းရပ္ရွိဘုန္းႀကီးေက်ာင္း အခ်ိဳ႕တြင္ ယာယီခိုလႈံေနထိုင္ တိုက္ပြဲေရွာင္ ေနၾကရ ေၾကာင္း သိရသည္။

ကရင္ျပည္နယ္ ျမ၀တီ၊ ၾကာအင္းဆိပ္ႀကီး၊ ဖားအံဝါးဘိုးေတာ လမ္းပိုင္း၊ ဖာပြန္ကမေမာင္း-ကတိုင္ထိလမ္းပိုင္းမ်ားတြင္ KNLA ပူးေပါင္းတပ္ဖြဲ႕ႏွင့္ စစ္ေကာင္စီတပ္မ်ားအၾကား တိုက္ပြဲမ်ား ဆက္လက္ ျဖစ္ပြားေနသလို လႈိင္းဘြဲ၊ ေကာ့ကရိတ္၊ ဘုရားသုံးဆူ ေဒသဘက္တြင္ ႏွင့္ စစ္ေရး တင္းမာေနဆဲ ျဖစ္ျဖစ္သည္။ ထို႔အတူ ထိုင္း-ျမန္မာ နယ္စပ္ ျမ၀တီ -ေလးေကေကာ္- ေဝါေလ-ကနဲေလး ေဒသဘက္တြင္ ေန႔စဥ္ ေပ်ာက္က်ား တိုက္ပြဲမ်ား ျဖစ္ပြားလ်က္ရွိသည္။ https://kicnews.org/2022/05
*******************
၂၀။ ေစာဘဦးႀကီးပုံတူပန္းခ်ီကား ၁၃၀၀၀ ေဒၚလာျဖင့္ ေလလံရရွိ
May 2, 2022

ကရင္အမ်ိဳးသားေခါင္းေဆာင္ အာဇာနည္ ေစာဘဦးႀကီး၏ ပုံတူပန္းခ်ီကားကို ဧၿပီလ ၂၁ရက္ေန႔မွစတင္၍ ေလလံဖြင့္ခဲ့ ရာ အေမရိကန္ေဒၚလာ ၁၃,၀၀၀ ျဖင့္ ေနာက္ဆုံး ေလလံေအာင္ခဲ့သည္ဟု ဦးေဆာင္ေလလံတင္ ေရာင္းခ်ေပးသည့္ Myanmar Global Support Foundation – MGSF က ေကအိုင္စီသို႔ ေျပာသည္။ “ေသြးခ်င္းမ်ား၏ လမ္းျပၾကယ္”ဟု အမည္ေပးထားသည့္ ေစာဘဦးႀကီး ပုံတူပန္းခ်ီကားကို မည္သည့္အဖြဲ႕အစည္းျဖစ္ေစ၊ လူပုဂၢိဳလ္တစ္ဦးတစ္ေယာက္ျဖစ္ေစ ဆက္သြယ္ဝယ္ယူအားေပး ႏိုင္ေၾကာင္း ေၾကညာထားခဲ့သလို ေမလ ၁ရက္ (ေမေဒးေန႔)တြင္ က်င္းပသည့္ေလလံပိတ္ပြဲတြင္ KOA-Karen Organization of America က ေဒၚလာ ၁၃၀၀၀ျဖင့္ ေလလံရရွိသြားခဲ့ျခင္းျဖစ္သည္။

အဆိုပါပန္းခ်ီကားကို အေမရိကန္ႏိုင္ငံ၌ ေရာက္ရွိေနထိုင္လ်က္ရွိသူ ပန္းခ်ီဆရာေစာကေနဒီ ကိုယ္တိုင္ေရးဆြဲကာ MGSF ထံသို႔ လႉဒါန္းထားခဲ့ျခင္းျဖစ္ၿပီး ႏိုင္ငံအသီးသီးသို႔ေရာက္ရွိေနၾကသူမ်ားႏွင့္ ႏိုင္ငံတကာေရာက္ ကရင္အဖြဲ႕အ စည္းမ်ားက ဝင္ေရာက္ အားေပးၾကမႈေၾကာင့္ ရရွိလာသည့္ ေလလံတင္ေရာင္းခ်ေငြကို ကရင္ျပည္နယ္အတြင္း အကူအ ညီ လိုအပ္သည့္ေနရာမ်ားတြင္ ပံ့ပိုးကူညီသြားမည္ျဖစ္ေၾကာင္း ေလလံတင္ေရာင္းခ်ေပးသည့္ MGSF အဖြဲ႕၏ ေျပာျပခ်က္အရ သိရသည္။

ပန္းခ်ီဆရာ ေစာကေနဒီက မိမိတန္ဘိုးထားၿပီး အႏွစ္ႏွစ္အလလ သိမ္းဆည္းခဲ့သည့္ ပန္းခ်ီကားမ်ားကို MGSF ထံ ေပးလႉရသည့္ အဓိကရည္႐ြယ္ခ်က္မွာ ၎အဖြဲ႕သည္ ႏိုင္ငံတကာႏွင့္ ဆက္စပ္မႈရွိေသာ အသင္းအဖြဲ႕တစ္ခုျဖစ္သည့္ အျပင္ စစ္အာဏာရွင္ႏွင့္ စစ္အာဏာရွင္စနစ္ အျမစ္ျပတ္ေရးတိုက္ပြဲတြင္ အင္အားတစ္ခုျဖစ္ေစရန္အတြက္ ယခုကဲ့သို႔ ပံ့ပိုးမႈအစီအစဥ္ကို အေကာင္အ ထည္ေဖာ္ႀကိဳးစားရျခင္းျဖစ္ေၾကာင္းလည္း ေကအိုင္စီ၏ေမးျမန္းခ်က္ကို ျပန္လည္ေျပာဆိုခဲ့သည္။ ေစာဘဦးႀကီးပုံတူပန္းခ်ီ ကားအျပင္ MGSF ထံ ပန္းခ်ီကား ၃ကားႏွင့္ အျခားလႈပ္ရွားမႈအစီအစဥ္တြင္ ပန္းခ်ီကား ၄ကား၊ စုစုေပါင္း ၇ကား ေရးဆြဲေပးခဲ့ ေၾကာင္းလည္း ေစာကေနဒီက ထပ္ေလာင္းေျပာဆိုခဲ့သည္။ https://kicnews.org/2022/05
*******************
၂၁။ သံလြင္ျမစ္အေနာက္ျခမ္းရွိ ေက်း႐ြာ ၈ ႐ြာခန႔္မွ ေဒသခံ႐ြာသား ၁၀၀ ဝန္းက်င္အား BGF ဖမ္းဆီးေခၚ ေဆာင္သြား
May 1, 2022

ကရင္ျပည္နယ္ ဖားအံၿမိဳ႕ သံလြင္ျမစ္အေနာက္ျခမ္း KNU-ကရင္အမ်ိဳးသားအစည္းအ႐ုံး သထုံခ႐ိုင္ (တပ္မဟာ ၁) နယ္ေျမရွိ ေက်း႐ြာ ၈ ႐ြာခန႔္မွ ႐ြာသား ၁၀၀ ဝန္းက်င္ကို နယ္ျခားေစာင့္တပ္ -BGF တပ္ဖြဲ႕ဝင္မ်ားက အေၾကာင္းမဲ့ ဖမ္းဆီးေခၚေဆာင္သြား ခဲ့သည္ဟု ေဒသခံ႐ြာသားမ်ားက ေျပာသည္။

BGF တပ္ဖြဲ႕မ်ားက ေရွာင္တခင္၀င္ေရာက္လာၿပီး ေဒသခံေက်း႐ြာသားမ်ားအား ဖမ္းဆီးေခၚ ေဆာင္သြားသည့္ သတင္းေၾကာင့္ သံလြင္ျမစ္ အေရွ႕ဘက္ကမ္းေက်း႐ြာမ်ားအျပင္ လႈိင္းဘြဲၿမိဳ႕နယ္ သံလြင္ျမစ္ အေနာက္ဘက္ကမ္းေက်း႐ြာမ်ားျဖစ္ေသာ ေ႐ႊဂြန္း၊ အင္းႏို႔သိပၸံ ၊ ေကာ့လုံကြၽန္းေက်း႐ြာမ်ားဘက္မွ ေဒသခံ႐ြာသားႏွင့္ လူငယ္မ်ား ဖမ္းဆီးခံရမည့္အေရး စိုးရိမ္မႈျမင့္တက္ေန ေၾကာင္း ေဒသခံမ်ားက ေျပာသည္။

အဆိုပါ ေဒသတြင္ ၿပီးခဲ့သည့္ ဧၿပီလ ႏွင့္ မတ္လအတြင္းကလည္း ႐ြာသားအခ်ိဳ႕အား ဖမ္းဆီးကာ ေပၚတာ အထမ္းသမားအျဖစ္ ရိကၡာ ႏွင့္ ခဲယမ္းမ်ား ထမ္းပို႔ခိုင္းခံခဲ့ရသည့္ ျဖစ္စဥ္ရွိခဲ့ဖူးၿပီး စစ္အာဏာသိမ္းျဖစ္စဥ္ ေနာက္ပိုင္း BGF တပ္တြင္ စစ္သားလုပ္ရန္ လာေရာက္စည္း႐ုံးေခၚေဆာင္ခံၾကရသည့္ ႐ြာသားအခ်ိဳ႕မွာလည္း ယေန႔အထိမိသားစုမ်ားႏွင့္ အဆက္အသြယ္ မရေၾကာင္း ေဒသခံ မ်ားေျပာသည္။ ယခု ျဖစ္စဥ္ႏွင့္ပတ္သက္၍ သက္ဆိုင္ရာ BGF တာဝန္ရွိသူမ်ားကို ဆက္သြယ္ေမးျမန္း၍ မရရွိေပ။
https://kicnews.org/2022/05
*******************
၂၂။ ခ်င္းေျမယာမူဝါဒမူၾကမ္းကို အတည္ျပဳ
MAY 3, 2022

Network for Chin Community Development (NCCD) က ဦးေဆာင္က်င္းပခဲ့ေသာ ခ်င္းေျမယာမူ ၀ါဒညီလာခံကို ဧၿပီလ ၂၇ ရက္ေန႔မွ ၂၉ ရက္ေန႔အထိသုံးရက္တာအတြင္း အိႏၵိယ – ျမန္မာနယ္စပ္တစ္ေနရာတြင္က်င္းပျပဳ လုပ္ခဲ့ၾကၿပီး ေနာက္ ခ်င္းေျမယာမူဝါဒမူၾကမ္းကို အတည္ျပဳခဲ့ၾကသည္ဟု သိရသည္။ အဆိုပါ ညီလာခံတြင္ ခ်င္းအရပ္ဘက္အဖြဲ႕အစည္းေပါင္း (၂၆) ဖြဲ႕မွ ကိုယ္စားလွယ္ (၉၃) ဦးတက္ေရာက္ခဲ့ၾကၿပီး ၂၀၁၅ ခုႏွစ္မွစတင္လာခဲ့သည့္ ေျမယာအသုံးခ် မႈအလုပ္႐ုံေဆြးေႏြးပြဲမ် ားမွ ရရွိလာေသာ ခ်င္းေျမယာမူဝါဒမူၾကမ္းမ်ားကို ျပင္ဆင္ျဖည့္စြက္ခ်က္မ်ားႏွင့္အတူအတည္ျပဳႏိုင္ခဲ့ၿပီး ထြက္ေပၚလာမည့္ ခ်င္းေျမ ယာဥပေဒအတြက္ ခိုင္မာေသာအေျခခံအုတ္ျမစ္ကို တည္ေဆာက္ႏိုင္ခဲ့ၾကပါသည္ဟု NCCD ကထုတ္ျပန္သည္။

“ျမန္မာႏိုင္ငံ လြတ္လပ္ေရးရၿပီးေနာက္ ေခတ္အဆက္ဆက္ ဗဟိုအစိုးရ၏ တရားမွ်တမႈမရွိေသာ စနစ္ဆိုးမ်ားေၾကာင့္ ခ်င္းျပည္ နယ္အတြင္းရွိ ခ်င္းလူမ်ိဳးတို႔၏ ေျမယာစီမံခန႔္ခြဲေရးစနစ္မ်ား ယိုယြင္းပ်က္စီးလာၿပီး ေက်ား႐ြာနယ္နိမိတ္ ပဋၬိပကၡျပႆနာမ်ား၊ ဖြံ႕ၿဖိဳးေရးအမည္ခံ စီမံကိန္းမ်ားအတြက္ ေျမယာဆုံးရႈံးမႈမ်ား၊ စစ္တပ္စခန္းမ်ားအတြက္ ေျမယာသိမ္းဆည္းမႈမ်ားႏွင့္ အျခား ေသာ ေျမယာရႈံးဆုံးမႈမ်ား ျဖစ္ပြားခဲ့သည္” ဟု NCCD ၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပသည္။

ထို႔ေၾကာင့္ ထိုကဲ့သို႔ေျမယာရႈံးဆုံးမႈမ်ား ထပ္မံျဖစ္ပြားမႈမရွိေစေရးကိုလည္း အဆိုပါညီလာခံတြင္ အေလးထားေဆြးေႏြးခဲ့ၾက သည္ဟု သိရသည္။ ခ်င္းအမ်ိဳးသားမ်ား ေမွ်ာ္မွန္းထားေသာ ဖက္ဒရယ္ဒီမိုကေရစီျပည္ေထာင္စု ျမန္မာႏိုင္ငံတည္ေဆာက္ေရး ႏွင့္ လူ႔အခြင့္အေရး စံခ်ိန္စံႏႈန္းမ်ားႏွင့္အညီ ဆီေလွ်ာ္ေသာ ခ်င္းေျမယာဥပေဒမ်ား ေပၚေပါက္လာေရးအတြက္ အခရာက်ေသာ ေျမယာမူဝါဒေကာင္းတစ္ခု ျဖစ္ေပၚလာႏိုင္ေရးအတြက္ကိုလည္း တစိုက္မတ္မတ္ ႀကိဳးစားသြားၾကမည္ဟု အဆိုပါညီလာခံသို႔ တက္ေရာက္ၾကေသာ ကိုယ္စားလွယ္မ်ားက သေဘာတူသံဓိဌာန္ခ်မွတ္ခဲ့ၾကသည္ဟု NCCD က ထုတ္ျပန္သည္။

Main Home


******************
၂၃။ တီးတိန္ၿမိဳ႕တြင္ စစ္ေကာင္စီတပ္ဖြဲ႕က ေသနတ္ရမ္းသမ္းပစ္ခတ္မႈေၾကာင့္ လူငယ္တစ္ဦး က်ည္ထိမွန္ေသဆုံးၿပီး ၃ ဦး ဒဏ္ရာရရွိ
APRIL 29, 2022

ခ်င္းျပည္နယ္ တီးတိန္ၿမိဳ႕တြင္ ဧၿပီလ ၂၇ ရက္ ယမန္ေန႔ည ၈ နာရီခန႔္က စစ္ေကာင္စီတပ္ဖြဲ႕မ်ား ၿမိဳ႕တြင္းကင္းလွည့္ခ်ိန္တြင္ ေသနတ္ရမ္းသမ္းပစ္ခတ္မႈေၾကာင့္ လူငယ္တစ္ဦး က်ည္ထိမွန္ၿပီး ပြဲခ်င္းေသဆုံးကာ အနည္းဆုံး လူငယ္ ၃ ဦး ဒဏ္ရာရရွိခဲ့ သည္ဟု တီးတိန္ၿမိဳ႕ခံတစ္ဦးက ေျပာသည္။

အဆိုပါ ေသဆုံးသူမွာ အသက္ ၁၇ ႏွစ္အ႐ြယ္ ကိုခိုင္လ်န္ေမြာင္ျဖစ္ၿပီး တီးတိန္ၿမိဳ႕၊ ၿမိဳ႕မရပ္ကြက္ ႏွစ္ျခင္းဘုရားေက်ာင္းေရွ႕တြင္ က်ည္ထိမွန္ဒဏ္ရာျဖင့္ ေသဆုံးခဲ့သည္ဟု သိရသည္။

ယမန္ေန႔ညတြင္ ၿမိဳ႕မရပ္ကြက္ႏွင့္ လြယ္ဘြာလ္းရပ္ကြက္တြင္ ေသနတ္ပစ္ခတ္သံမ်ား ၾကားရသည့္အျပင္ ၂၆၉ တပ္ကုန္းအနီး အနားဝန္းက်င္တြင္လည္း နာရီဝက္ခန႔္ ေသနတ္ပစ္ခတ္သံႏွင့္ ေပါက္ကြဲသံမ်ား ျဖစ္ပြားခဲ့သည္ဟု သိရသည္။

Main Home


******************
၂၄။ မီဇိုရမ္တြင္ လက္နက္ခဲယမ္းအေျမာက္အမ်ား ဖမ္းဆီးရမိ
MAY 3, 2022

အိႏၵိယႏိုင္ငံ မီဇိုရမ္ျပည္နယ္တြင္ ယမန္ေန႔ (ေမလ ၁ ရက္) က အာသံ႐ိုင္ဖယ္ႏွင့္ မီဇိုရမ္ရဲပူးေပါင္းတပ္ဖြဲ႕တို႔က အိႏၵိယ-ျမန္မ္နယ္စပ္ဘက္ကိုပို႔ေဆာင္မည္ဟု ယူဆရေသာ လက္နက္ခဲယမ္းအေျမာက္အမ်ား ဖမ္းဆီးရမိခဲ့ၾကသည္ဟု သိရသည္။

အာသံ႐ိုင္ဖယ္ႏွင့္ မီဇိုရမ္ရဲပူးေပါင္းတပ္ဖြဲ႕တို႔သည္ ႀကိဳတင္သတင္းရရွိထားခ်က္အရ အိုင္ေဇာလ္ၿမိဳ႕မွ ၁၉ ကီလိုမီတာ ခန႔္ေဝး ေသာ Kelsih ေက်း႐ြာတြင္ ယာဥ္ႏွစ္စီးကို ရပ္တန႔္စစ္ေဆးရာတြင္ နယ္စပ္ကိုတင္ပို႔မည့္ အဆိုပါ လက္နက္ခဲယမ္းမ်ားကို လူ ၄ ဦးႏွင့္အတူ ဖမ္းဆီးခဲ့သည္ဟု မီဇိုရမ္ေန႔စဥ္ထုတ္သတင္းစာတြင္ ေဖာ္ျပသည္။

ဖမ္းဆီးခံရသည့္ လက္နက္ခဲယမ္းမ်ားမွာ ကီလို ၃၀၀၀ အေလးခ်ိန္ရွိေသာ gelatin (မိုင္း) အေခ်ာင္း ၂၄၀၀၀၊ safety fuse box ၄ ခု (မီတာ ၂၀၀၀)၊ .22 Rifle ၅ လက္၊ 12 gauge shotgun ၃ လက္၊ က်ည္ဆံ (.177) ဖူး ၂၀၊ ယမ္းမႈန႔္ ကီလို ၁၀၀ ႏွင့္ Telescope sight ၇ ခုအျပင္ CDF အလံလည္း ဖမ္းဆီးရမိသည္ဟု သတင္းစာတြင္ ေဖာ္ျပသည္။ ယခုျဖစ္စဥ္ႏွင့္ပတ္သက္၍ မီဇိုရမ္ျပည္နယ္ ေဒသခံအမ်ိဳးသား ၄ ဦးကိုလည္း ဖမ္းဆီးခံရၿပီး Kulikawn ရဲစခန္တြင္ ထိန္းသိမ္းထားသည္ဟု သိရသည္။

Main Home


******************
၂၅။ မီဇိုရမ္တြင္ စစ္ေဘးေရွာင္ရန္ပုံေငြအတြက္ Hope Charity Concert ျပဳလုပ္
MAY 2, 2022

Hope for Tomorrow အဖြဲ႕၏ စီစဥ္မႈျဖင့္ မီဇိုရမ္ေရာက္ စစ္ေဘးေရွာင္ျပည္သူမ်ားအတြက္ ရန္ပုံေငြေဖ်ာ္ေျဖေရး Hope Charity Concert ကို ဧၿပီလ ၃၀ ရက္ေန႔ညက အိုက္ေဇာလ္ၿမိဳ႕ရွိ Vanapa Hall ခန္းမတြင္ ျပဳလုပ္ခဲ့ၾကသည္။

Hope Charity Concert စစ္ေဘးေရွာင္ရန္ပုံေငြပြဲတြင္ ခ်င္း/မီဇိုး နာမည္ႀကီးအဆိုေတာ္မ်ားျဖစ္ၾကသည့္ Shin Bia, K.Lalthlamuankimi, Angaihte, Marina V Varte, Maruati, Francis ႏွင့္ Salai Ruatte တို႔က ေဖ်ာ္ေျဖခဲ့ၾကသည္။

Hope Charity Concert တြင္ ဝင္ေၾကးမရွိဘဲ လူတိုင္းအခမဲ့ၾကည့္ရႈေစခဲ့ၿပီး အြန္လိုင္းေငြေပးစနစ္ႏွင့္ အလႉခံပုံမ်ားအားျဖင့္ ရန္ပုံေငြထည့္ဝင္ခဲ့ၾကသည္။ https://khonumthung.org/

၂၆။ က်င္းပဆဲ မြန္အမ်ိဳးသားေရးရာညီလာခံ-၂၀၂၂ မွ မြန္ျပည္နယ္ဖြဲ႕စည္းအုပ္ခ်ဳပ္ပုံအေျခခံဥပေဒ ေရးဆြဲသြားမည္
(ေမ-၂-၂၀၂၂)

မြန္ျပည္သစ္ပါတီ NMSP ဦးစီးၿပီး မြန္ညီၫြတ္ေရးပါတီ MUP, အရပ္ဖက္မြန္လူမႈအဖြဲ႕အစည္းမ်ားႏွင့္ ပူးေပါင္းက်င္းပလ်က္ ရွိေသာ မြန္အမ်ိဳးသားေရးရာညီလာခံ-၂၀၂၂ “Mon National Conference-2022” မွ မြန္ျပည္နယ္ဖြဲ႕စည္းအုပ္ခ်ဳပ္ပုံ အေျခခံ ဥပေဒကို ေရးဆြဲသြားမည္ျဖစ္ေၾကာင္း သတင္းရရွိသည္။

မြန္တမ်ိဳးသားလုံး ညီၫြတ္ေရး၊ ဖက္ဒရယ္ျပည္ေထာင္စု အေျခခံဥပေဒေရးဆြဲေရးႏွင့္ မြန္ျပည္နယ္ဖြဲ႕စည္းအုပ္ခ်ဳပ္ပုံ အေျခခံ ဥပေဒ ေရးဆြဲေရးအတြက္ မြန္ျပည္သစ္္ပါတီထိန္းခ်ဳပ္နယ္ေျမ ေရးေခ်ာင္းဖ်ားေဒသရွိ မြန္အမ်ိဳးသားပညာေရး(ဗဟို) ႐ုံး (ညီစားစခန္း) ၌ ေမ ၂ ရက္ေန႔မွ ၅ ရက္ေန႔အထိ ၄ ရက္ၾကာ က်င္းပလ်က္ရွိသည္။ ထို႔အျပင္ ၂၀၁၉ ခုႏွစ္ကတည္းက ေရးဆြဲခဲ့ ေသာ ၁၀ ႏွစ္တာ မြန္အမ်ိဳးသားစီမံကိန္း (၂၀၂၀-၂၀၃၀) ကိုလည္း ေဆြးေႏြးသြားမည္ဟု သိရသည္။

လက္ရွိက်င္းပေနသည့္ ညီလာခံတြင္ ကိုယ္စားလွယ္မ်ားအျဖစ္ ရဟန္းသံဃာေတာ္မ်ား၊ မြန္ျပည္သစ္ပါတီ၊ မြန္ညီၫြတ္ေရးပါတီ၊ အရပ္ဖက္မြန္အဖြဲ႕အစည္းမ်ား၊ ဖိတ္ၾကားသင့္သည့္အဖြဲ႕အစည္းမ်ား၊ ဖိတ္ၾကားသင့္သည့္ပုဂၢိဳလ္မ်ားႏွင့္ အထူးဧည့္သည္မ်ား စုစု ေပါင္း ၂၂၀ ဦးေက်ာ္ တက္ေရာက္လ်က္ရွိေၾကာင္း ညီလာခံက်င္းပေရးအဖြဲ႕မွ သတင္းရရွိသည္။

Home


*****************
၂၇။ ဝါရင့္ႏိုင္ငံေရးေခါင္းေဆာင္ ဦးခြန္ထြန္းဦး ကြယ္လြန္ျခင္းအေပၚ ဝမ္းနည္းေၾကာင္း MUP သဝဏ္လႊာပို႔
(၂၀၂၂ ေမ ၁)

ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (SNLD) ဥကၠ႒ေဟာင္း ဝါရင့္ႏိုင္ငံေရးေခါင္းေဆာင္ ဦးခြန္ထြန္းဦး ကြယ္လြန္ျခင္း အေပၚ ဝမ္းနည္းေၾကာင္း မြန္ညီၫြတ္ေရးပါတီ (MUP) မွ သဝဏ္လႊာေပးပို႔ခဲ့သည္။ ဦးခြန္ထြန္းဦးသည္ ကြယ္လြန္ခ်ိန္တြင္ အသက္ ၇၉ ႏွစ္ရွိၿပီ ျဖစ္ကာ ရန္ကုန္ၿမိဳ႕ရွိ ၄င္း၏ ေနအိမ္တြင္ ဧၿပီ ၃၀ ရက္ မြန္းလြဲပိုင္းတြင္ ကြယ္လြန္ခဲ့သည္။

” SNLD ဥကၠ႒ေဟာင္း ဦးခြန္ထြန္းဦးသည္ ႏိုင္ငံ၏ ႏိုင္ငံေရး အခင္းအက်င္းတြင္ အမ်ိဳးသားအက်ိဳး၊ ဖက္ဒရယ္ျပည္ေထာင္စု တည္ေဆာက္ေရးႏွင့္ အမ်ိဳးသားတန္းတူေရးအတြက္ ကာလရွည္ၾကာ စြမ္းစြမ္းတမံ အင္တိုက္အားတိုက္ ရပ္တည္ပါဝင္ ဦးေဆာင္ဦး႐ြက္ျပဳခဲ့သည့္ ပုဂၢိဳလ္ ” ဟု MUP ၏ ေပးပို႔သည့္ သဝဏ္လႊာတြင္ ေဖာ္ျပထားသည္။ ထို႔အတူ ဝါရင့္ႏိုင္ငံေရး ေခါင္းေဆာင္ ဦးခြန္ထြန္းဦး ကြယ္လြန္သြားျခင္းသည္ တိုင္းရင္းသားမ်ားအတြက္ ႀကီးမားေသာ ဆုံးရႈံးမႈတစ္ရပ္ ျဖစ္ရပါေၾကာင္း ႏွင့္ အထူးပင္ ဝမ္းနည္းရပါေၾကာင္း မွတ္တမ္းတင္ သဝဏ္လႊာ ေပးပို႔အပ္ပါသည္ဟု ေဖာ္ျပထားသည္။

ဦးခြန္ထြန္းဦး သည္ ၁၉၈၈ ခုႏွစ္က SNLD ကို ထူေထာင္ရာမွာ ပါဝင္ခဲ့သည့္ ေခါင္းေဆာင္တစ္ဦးျဖစ္ၿပီး ႏွစ္ ေပါင္း ၃၀ တိုင္ေအာင္ SNLD ပါတီကို ဦးေဆာင္ခဲ့သူျဖစ္သလို ရွမ္းျပည္နယ္ ႏိုင္ငံေရးအတြက္လည္း ကိုယ္စြမ္း ဉာဏ္စြမ္းရွိသမွ် ေပးအပ္ခဲ့သူ ျဖစ္သည္။ ဦးခြန္ထြန္းဦးသည္ ႏိုင္ငံေရးလႈပ္ရွားမႈေၾကာင့္ ေထာင္ဒဏ္ ႏွစ္ေပါင္း ၉၀ ေက်ာ္ ခ်မွတ္ခံခဲ့ရသည္။

Home


*****************
၂၈။ ေရးၿမိဳ႕နယ္ စံျပေက်း႐ြာႏွင့္ ႏွင္းစုံေက်း႐ြာၾကား ပစ္ခတ္မႈတြင္ အမ်ိဳးသမီး ၁ ဦးေသဆုံး
(၂၀၂၂ ဧၿပီ ၂၈)

မြန္ျပည္နယ္ ေရးၿမိဳ႕နယ္ စံျပေက်း႐ြာႏွင့္ ႏွင္းစုံေက်း႐ြာအၾကားတြင္ ဧၿပီ ၂၇ ရက္ ညေန ၄ နာရီခန႔္က ပစ္ခတ္မႈေၾကာင့္ အမ်ိဳးသမီးတစ္ဦး ေသနတ္ဒဏ္ရာျဖင့္ ေသဆုံးခဲ့ေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။

အဆိုပါ အမ်ိဳးသမီးသည္ မိသားစုႏွင့္အတူ မိဘဆီ အလည္ျပန္လာစဥ္ ပစ္ခတ္မႈေၾကာင့္ ဦးေခါင္းတြင္ က်ည္ထိမွန္ ေသဆုံးခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။ ဦးေခါင္းဒဏ္ရာျဖင့္ ေသဆုံးသြားသည့္ အမ်ိဳးသမီးမွာ အသက္ ၂၁ ႏွစ္ရွိၿပီး ႏို႔တိုက္မိခင္တစ္ဦးလည္း ျဖစ္ေၾကာင္း သိရသည္။

ေသဆုံးသြားသည့္ အမ်ိဳးသမီး ႐ုပ္အေလာင္းကို ယေန႔ နံနက္ ၇ နာရီ အခ်ိန္တြင္ လမိုင္းပရဟိတအဖြဲ႕မွ လမိုင္းေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။ ယင္းေန႔ နံနက္ပိုင္းကလည္း စစ္တပ္မွ ကား (၇) စီးျဖင့္ သံျဖဴဇရပ္ၿမိဳ႕မွ ေရးၿမိဳ႕သို႔ ဆင္းလာစဥ္ ေရးၿမိဳ႕နယ္ ကနင္းကေမာ့ေက်း႐ြာအနီးသို႔ အေရာက္တြင္ ကရင္အမ်ိဳးသား လြတ္ေျမာက္ေရး တပ္မေတာ္ (KNLA) ႏွင့္ ေတာင္ညိဳ ျပည္သူေျပာက္က်ားတပ္ ပူေပါင္းၿခဳံခို ပစ္ခတ္မႈ ျဖစ္ပြားခဲ့သည္။ အဆိုပါ ပစ္ခတ္မႈတြင္ စစ္တပ္ဘက္မွ တပ္သား ၁ ဦးေသဆုံးၿပီး ၂ ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း မြန္ျပည္နယ္ ေတာင္ညိဳျပည္သူေျပာက္က်ားတပ္ဖြဲ႕မွ ထုတ္ျပန္ခဲ့သည္။

Home


*****************
၂၉။ သတင္းသမားလြတ္လပ္ခြင့္ဆုံးရႈံးေနေၾကာင္း ကမာၻ႔စာနယ္ဇင္း လြတ္လပ္ခြင့္ေန႔တြင္ ရခိုင္သတင္းသမားမ်ားေျပာဆို
03 May, 2022

ျပည္သူမ်ားကို သတင္းေရးသားတင္ျပရာတြင္ သတင္းသမားမ်ား၏ လြတ္လပ္ခြင့္မ်ားဆုံးရႈံးေနေၾကာင္း ယေန႔ ေမလ ၃ ရက္ေန႔ တြင္ က်ေရာက္သည့္ကမာၻ႔စာနယ္ဇင္းလြတ္လပ္ခြင့္ေန႔တြင္ ရခိုင္ သတင္းသမားမ်ားက ေျပာဆိုလိုက္သည္။ ရခိုင္တြင္ သတင္း ဌာနမ်ားအေနႏွင့္ သတင္းတင္ျပရာတာ သတင္း လြတ္လပ္ခြင့္မရွိဘဲ အႏၲရာယ္ၾကားမွ တင္ျပေနရၿပီး သတင္းမီဒီယာသမားမ်ား အေနျဖင့္ အစိုးရႏွင့္ ပတ္သည့္ သတင္းအပါအဝင္ မည္သည့္ အရပ္ဖက္သတင္းမဆို ပြင့္ပြင့္လင္းလင္းမွန္မွန္ကန္ကန္ လုပ္ပိုင္ခြင့္ ရေစခ်င္ေၾကာင္း ရခိုင္အေျခစိုက္ Western News သတင္းဌာနမွ လက္ေထာက္အယ္ဒီတာဦးထြန္းသာက နိရၪၥရာ ကိုေျပာသည္။

လက္နက္အဖြဲ႕အစည္းမ်ားႏွင့္ပတ္သတ္ၿပီး သတင္းေရးသားသည့္အခါ ပိုမိုခက္ခဲကာ စိုးရိမ္မႈမ်ားႏွင့္ ေရးသားေနရၿပီး အစိုးရ ဌာနဆိုင္ရာမ်ားထံမွ အခ်က္အလက္ရယူရာတြင္လည္း အခက္အခဲမ်ား ႀကဳံေတြ႕ရမႈမ်ားေၾကာင့္ သတင္းမီဒီယာလြတ္လပ္ခြင့္မွာ ဇီး႐ိုသာရွိေၾကာင္း ရခိုင္အေျခစိုက္ သတင္းဌာနတစ္ခုျဖစ္သည့္ DMG သတင္းဌာန၏ ေအာ္ပေရးရွင္းတာဝန္ခံ ဦးေဇာ္ေဇာ္က ေျပာသည္။

ျမန္မာႏိုင္ငံတြင္ စစ္ေကာင္စီက အာဏာသိမ္းၿပီးေနာက္ တစ္ႏွစ္တာ ၾကာလအတြင္ ဖမ္းဆီးခံရသည့္ သတင္းသမား ၁၄၃ ထက္မနည္းရွိခဲ့ၿပီး ႏွစ္ေပါင္း ၃၀ ေက်ာ္အတြင္း သတင္းသမားမ်ား ဖိႏွိပ္ခံရမႈ စံခ်ိန္တင္ခဲ့သည္ဟု ISP(Institute for Strategy and Policy-Myanmar) က ေမလ ၂ ရက္ေန႔တြင္ သတင္းထုတ္ျပန္ထားသည္။ အာဆီယံေဒသတြင္း သတင္းမီဒီယာ လြတ္လပ္ ခြင့္ေစာင့္ ၾကည့္ အဖြဲ႕အစည္းျဖစ္သည့္ Reporting ASEAN ၏ ၂၀၂၂ခု ႏွစ္၊ ေဖေဖာ္ဝါရီ (၁၀)ရက္ ေနာက္ဆုံးထုတ္ျပန္အရလည္း အက်ဥ္းေထာင္တြင္းထဲ ဖမ္းဆီးထိန္းသိမ္းခံရဆဲ သတင္းေထာက္ (၄၇)ဦးရွိၿပီး အမ်ိဳးသမီး ၂၁.၃ ရာခိုင္ႏႈန္းအထိ ပါဝင္ေၾကာင္း သိရသည္။ https://burmese.narinjara.com/news/detail/6270c9730e719f232cb318b8
********************
၃၀။ ႏွစ္ေပါင္း ၃၀ ေက်ာ္အတြင္း ျမန္မာ့သတင္းသမားမ်ားဖိႏွိပ္ခံရမႈစံခ်ိန္တင္ဟု ISP ထုတ္ျပန္
03 May, 2022

ျမန္မာႏိုင္ငံတြင္ စစ္ေကာင္စီက အာဏာသိမ္းၿပီးေနာက္ တစ္ႏွစ္ေက်ာ္ကာလ အတြင္း ဖမ္းဆီးခံရသည့္ သတင္းသမား ၁၄၃ ဦးထက္မနည္းရွိခဲ့ၿပီး ႏွစ္ေပါင္း ၃၀ ေက်ာ္အတြင္း သတင္းသမားမ်ား ဖိႏွိပ္ခံရမႈစံခ်ိန္တင္ခဲ့သည္ဟု ISP (Institute for Strategy and Policy- Myanmar) က ေမ ၂ ရက္ေန႔တြင္ သတင္းထုတ္ျပန္သည္။ ၿပီးခဲ့သည့္ တႏွစ္ေက်ာ္ကာလအတြင္း သတင္းသမား ၁၄၃ ဦးထက္မနည္းကို စစ္ေကာင္စီက ဖမ္းဆီးခဲ့ၿပီး သတင္း မီဒီယာလုပ္ငန္း ၁၁ ခုကို လိုင္စင္ ပိတ္သိမ္းခဲ့ေၾကာင္း၊ ၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလမွ ဒီဇင္ဘာလအထိ သတင္းသမား ၁၃၂ ဦး ဖမ္းဆီးခံခဲ့ရေၾကာင္း၊ ၎အထဲက သတင္းသမား ၂၇ ဦး ေထာင္ဒဏ္ခ် မွတ္ခံခဲ့ရေၾကာင္း ေဖာ္ျပသည္။ ၎ျပင္ ပစ္ခတ္မႈမ်ားေၾကာင့္ တဦးေသဆုံးကာ စစ္ေၾကာေရးတြင္လည္း တဦး ေသဆုံးခဲ့သည္ ဟု ဆိုသည္။

၂၀၂၂ ခုႏွစ္ ဇန္နဝါရီ ၁ ရက္မွ ဧၿပီလ ၂၁ ရက္အထိ သတင္းသမား ၁၁ ဦး ဖမ္းဆီးခံခဲ့ရၿပီး တဦး ေထာင္ဒဏ္ခ်မွတ္ခံခဲ့ရေၾကာင္း၊ သတင္းသမား တဦးမွာ စစ္ေကာင္စီတပ္ႏွင့္ ျပည္သူ႔ကာကြယ္ေရးတပ္ တိုက္ပြဲျဖစ္ပြားေနသည့္ ေဒသတြင္း ပစ္ခတ္ခံရမႈေၾကာင့္ ေသဆုံးခဲ့ေၾကာင္း၊ ၎ျပင္ စစ္ေကာင္စီက ၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီ မွ ဧၿပီလအထိ သတင္းမီဒီယာသမား ၃၄ ဦးထက္ မနည္းကို ဖမ္း၀ရမ္း ထုတ္ခဲ့ေၾကာင္း ဆက္လက္ ေဖာ္ျပထားသည္။ ဖမ္းဆီးထိန္းသိမ္းခံခဲ့ရသည့္ သတင္းသမား ၁၄၃ ဦး ထဲက ၈၂ ဦးမွာ ျပန္လည္လြတ္ေျမာက္ခဲ့ၿပီး ၅၈ ဦးမွာ ယခုအခ်ိန္ထိ ဖမ္းဆီးထိန္းသိမ္း ခံထားရေၾကာင္း၊ ယေန႔ထိ ေသဆုံးသူ သတင္းသမား ၃ ဦးရွိခဲ့ေၾကာင္း၊ ဖမ္းဆီးခံထားရသည့္ ၅၈ ဦးထဲက ၁၉ ဦးဟာ ေထာင္ဒဏ္ခ်မွတ္ ခံထားရၿပီး က်န္ ၃၉ ဦး ထဲက အမ်ားစုမွာ အက်ဥ္းေထာင္ေတြထဲမွာ ဖမ္းဆီး ခံထားရသည္မွာ တႏွစ္ေက်ာ္ ၾကာျမင့္ေနၿပီ ျဖစ္သည္ဟု ေျပာဆိုသည္။

အာဏာသိမ္းၿပီးေနာက္ ျမန္မာႏိုင္ငံသည္ ကမာၻေပၚတြင္ သတင္းမီဒီယာသမားမ်ားကို “ဖမ္းဆီး ေထာင္ခ်မႈအမ်ားဆုံး” ႏိုင္ငံ တႏိုင္ငံ ျဖစ္လာသည္ဟု သတင္းသမားမ်ား ကာကြယ္ေစာင့္ေရွာက္ေရး အဖြဲ႕ (CPJ) ၏ ၂၀၂၁ ခုႏွစ္ ဇူလိုင္တြင္ ထုတ္ျပန္ခဲ့သည့္ အထူးႏွစ္လယ္ ထုတ္ျပန္ခ်က္၌ ေရးသား ထားသည္။ နယ္စည္းမျခား သတင္းေထာက္မ်ားအဖြဲ႕က ထုတ္ျပန္သည့္ သတင္း လြတ္လပ္ခြင့္ ၫႊန္းကိန္းအရ ျမန္မာ့သတင္း လြတ္လပ္ခြင့္ ၫႊန္းကိန္းဟာ ၂၀၂၁ ခုႏွစ္မွာ အဆင့္တဆင့္ က်ဆင္းခဲ့ေၾကာင္း၊ ျမန္မာ့သတင္းမီဒီယာ လြတ္လပ္ခြင့္မွာ စစ္အာဏာသိမ္းၿပီးေနာက္ ဆယ္စုႏွစ္တစုခန႔္ ေနာက္ျပန္ ဆုတ္သြားခဲ့ေၾကာင္း နယ္စည္းမျခား သတင္းေထာက္မ်ားအဖြဲ႕က ထုတ္ျပန္ထားသည္ဟု သိရသည္။ ေမလ ၃ ရက္ေန႔သည္ ကမာၻ႔သတင္း လြတ္လပ္ခြင့္ေန႔ ( World Press Freedom Day) ျဖစ္သျဖင့္ အဆိုပါေန႔ မတိုင္မီ ISP ၏ ယခု သတင္း ထုတ္ျပန္ခ်က္ ထြက္ေပၚလာျခင္းျဖစ္သည္။ https://burmese.narinjara.com/news/detail/6270c8ff0e719f232cb318b4
**********************
၃၁။ စစ္တပ္က နယ္ေျမရွင္းလင္းေရးေခါင္းစဥ္ျဖင့္ေက်း႐ြာတခ်ိဳ႕သို႔ဝင္ေရာက္ၿပီး AA အေၾကာင္းကို ေမးျမန္မႈမ်ားရွိဟုဆို
03 May, 2022

ရခိုင္မွ ၿမိဳ႕နယ္တခ်ိဳ႕မွ ေက်း႐ြာမ်ားတြင္ နယ္ေျမရွင္းလင္းေရးေခါင္းစဥ္ျဖင့္ စစ္ေကာင္စီ စစ္ေၾကာင္းမ်ားဝင္ေရာက္မႈရွိေနၿပီး ရကၡိဳင့္တပ္ေတာ္ (AA) အေၾကာင္းကို ေမးျမန္းမႈမ်ားရွိေနသည္ဟု ေဒသခံမ်ားက ေျပာသည္။ ယမန္ေန႔ ေမလ ၁ ရက္ နံနက္ ၁၀ နာရီခန႔္က ေတာင္ကုတ္ၿမိဳ႕ နယ္၊ တဲေမာက္ေက်း႐ြာကို ဗိုလ္မႉးအဆင့္ အပါအဝင္ စစ္တပ္က အင္အား ၃၀ ေက်ာ္က နယ္ေျမရွင္း လင္းေရးေခါင္းစဥ္ျဖင့္ ဝင္ေရာက္လာၿပီး ေက်း႐ြာ လူႀကီးမ်ားကို ထိုသို႔ ေမးျမန္းသြားခဲ့သည္ဟု ေျပာဆိုသည္။

အမ္းၿမိဳ႕နယ္တြင္လည္း ေက်း႐ြာတခ်ိဳ႕ကိုစစ္ေၾကာင္းမ်ား ဝင္ေရာက္ စစ္ေဆးျခင္း၊ အင္အားအမ်ားႏွင့္ သြားလာျခင္းမ်ား ရွိေၾကာင္း အမ္းၿမိဳ႕နယ္က လူမႈေရးလႈပ္ရွားသူ ကိုမ်ိဳးလြင္က ေျပာသည္။ ယင္းအျပင္ အမ္းၿမိဳ႕ႏွင့္ မအီၾကား ကားလမ္ေပၚတြင္ ဂိတ္ဖြင့္ၿပီး AA ႏွင့္ PDF တိုႏွင့္ ဆက္စပ္မႈရွိမရွိ ေမးျမန္းကာ ဆိုင္ကယ္ႏွင့္ ကားမ်ားကို စစ္ေဆးမႈမ်ား ရွိေနေၾကာင္း ဆက္ေျပာ သည္။

ရခိုင္တြင္ စစ္တပ္က အင္အားတိုးျခင္း၊ ရိကၡာျဖည့္တင္းျခင္းႏွင့္ စစ္ေရး လႈပ္ရွားမႈမ်ားကို ေတာက္ေလွ်ာက္လုပ္ေဆာင္မႈမ်ားရွိေန ေၾကာင္း ေဒသခံမ်ားက ေျပာၾကားထားၿပီး ေျမပုံၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ေဟာင္း ဦးေဖသန္းကမူ စစ္ေကာင္စီ က ၿငိမ္းခ်မ္းေရး ဖိတ္ေခၚထားခ်ိန္တြင္ အေျခအေနတည္ၿငိမ္ေနသည့္ ရခိုင္ျပည္နယ္တြင္ စစ္ေရးလႈပ္ရွားမႈမ်ား မျပဳလုပ္သင့္ဟု နိရၪၥရာသတင္းဌာနက ေမးျမန္းသည့္ အင္တာဗ်ဴးတစ္ခုတြင္ ေျပာဆိုထားသည္။ အဆိုပါ ကိစၥရပ္မ်ားႏွင့္ ပတ္သက္ၿပီး စစ္တပ္ ဘက္ အျမင္သေဘာထားမ်ားကို သိရွိႏိုင္ရန္ ရခိုင္ျပည္နယ္ လုံၿခဳံေရးႏွင့္ နယ္စပ္ေရးရာဝန္ႀကီးကို အႀကိမ္ႀကိမ္ ဖုန္းဆက္ေသာ္ လည္း ဖုန္းလက္ခံ ေျဖဆိုျခင္း မရွိသျဖင့္ စစ္တပ္ကဘက္က သေဘာထားကိုတင္ျပႏိုင္ျခင္း မရွိပါ။
https://burmese.narinjara.com/news/detail/627099d40e719f232cb318aa
********************
၃၂။ သက္အမ်ိဳးသားေန႔ကို ေမာင္ေတာၿမိဳ႕နယ္တြင္ စည္ကားသိုက္ၿမိဳက္စြာက်င္းပ
03 May, 2022

ဘာသာစာေပတည္တံ့ေရးႏွင့္ အမ်ိဳးသားေရးလကၡဏာမ်ား မေပ်ာက္ပ်က္ေရး ရည္႐ြယ္ခ်က္ျဖင့္ သက္လူမ်ိဳးတို႔၏ အမ်ိဳးသား ေန႔ကို ရခိုင္ျပည္နယ္၊ ေမာင္ေတာၿမိဳ႕တြင္ ပထမဆုံးအႀကိမ္ ယေန႔က်င္းပခဲ့သည္ဟု သိရသည္။ အခမ္းအနားကို ေမာင္ေတာၿမိဳ႕၊ မက်ည္းကုန္းေက်း႐ြာတြင္ ယေန႔ နံနက္က စတင္က်င္းပ ျပဳလုပ္ခဲ့ရာ ရခိုင္၊ သက္၊ ဗမာတိုင္းရင္းသားမ်ား အပါအဝင္ လူေပါင္း ၄၀၀ ခန႔္ တက္ေရာက္ခဲ့ၾကသည္ဟု သက္လူငယ္တစ္ဦးျဖစ္သူ ကိုေက်ာ္ေအးသန္းကေျပာသည္။

အခမ္းအနားတြင္ လုထုေဟာေျပာပြဲမ်ား၊ ႐ိုးရာအကၿပိဳင္ပြဲမ်ားကို ထည့္သြင္းက်င္းပခဲ့ၿပီး သက္လူမ်ိဳး၏႐ိုးရာအသုံးအေဆာင္ ပစၥည္းမ်ားကိုလည္း ေရာင္းခ်ခဲ့ေၾကာင္းသိရသည္။ ရခိုင္မ်ိဳးႏြယ္စုထဲတြင္ ရခိုင္အပါအဝင္ ၿမိဳ၊ ခမီ၊သက္၊ မရမာ၊ သကၠမ(ခ) ဒိုင္းနက္ႏွင့္ ကမန္ စသည့္ မ်ိဳးႏြယ္စုမ်ားရွိရာ သက္လူမ်ိဳးသည္ လူဦးေရ အနည္းဆုံးျဖင့္ က်န္ရွိေနသည့္ ရခိုင္မ်ိဳးႏြယ္စု တစ္ခုျဖစ္ ၿပီး လက္ရွိ ရခိုင္ျပည္နယ္တြင္ လူဦးေရ ၃၀၀၀ သာက်န္ရွိေတာ့သည္ဟု သိရသည္။

သက္လူမ်ိဳးမ်ားသည္ ေတာင္ယာႏွင့္ လယ္လုပ္ငန္းမ်ားကို အမ်ားဆုံး လုပ္ကိုင္ၾကၿပီး ေမာင္ေတာ၊ ေျမာက္ဦးၿမိဳ႕နယ္၊ ဘူးသီး ေတာင္၊ ရေသ့ေတာင္၊ ပုဏၰားကြၽန္း၊စစ္ေတြႏွင့္ အမ္းၿမိဳ႕နယ္ စသည့္ ၿမိဳ႕နယ္မ်ားတြင္လည္း အနည္းငယ္စီအသီးသီး ပ်ံ႕ႏွံ႔ ေနထိုင္လ်က္ရွိသည္ဟု သိရသည္။ ျမန္မာႏိုင္ငံသို႔ ပထမဆုံး အေျခခ် ေနထိုင္လာသည့္ ပ်ဴ၊ ကမ္းယံ၊ သက္ အထဲတြင္ ပါဝင္သည့္ သက္လူမ်ိဳးမ်ားသည္ ျမန္မာတစ္ႏိုင္ငံလုံးတြင္ လူဦးေရ ၆၀၀၀ ခန႔္သာ က်န္ရွိေတာ့ေၾကာင္း သိရၿပီး ဘဂၤလားေဒ့ရွ္ ႏိုင္ငံတြင္ လည္း ေနထိုင္ၾကသည္ဟု သိရသည္။ https://burmese.narinjara.com/news/detail/627098a70e719f232cb318a2
*********************
၃၃။ ရခိုင္တြင္ ေတာင္ကုတ္ႏွင့္အမ္းခ႐ိုင္ႏွစ္ခုတိုးခ်ဲ႕ရာတြင္ အမ္းကို ၿမိဳ႕နယ္တစ္ခုတည္းျဖင့္ ခ႐ိုင္ဖြဲ႕စည္း
03 May, 2022

စစ္ေကာင္စီမွ ရခိုင္ျပည္နယ္တြင္ ေတာင္ကုတ္ႏွင့္ အမ္းခ႐ိုင္ႏွစ္ခု ထပ္တိုး လိုက္ရာ အမ္းခ႐ိုင္ကို အမ္းၿမိဳ႕နယ္ တစ္ခုတည္းျဖင့္ ဖြဲ႕စည္းေၾကာင္း ထုတ္ျပန္သည္။ ၂၀၂၂ ခုႏွစ္ ဧၿပီ ၃၀ ရက္ေန႔ျဖင့္ စစ္ေကာင္စီ ျပည္ထဲေရးဌာနက ထုတ္ျပန္ရာတြင္ ေတာင္ကုတ္ ခ႐ိုင္ကို ေတာင္ကုတ္ၿမိဳ႕နယ္ႏွင့္ မာန္ေအာင္ၿမိဳ႕နယ္တို႔ျဖင့္ ဖြဲ႕စည္းေၾကာင္း၊ အမ္းခ႐ိုင္ကို အမ္းၿမိဳ႕နယ္ တစ္ခုတည္းျဖင့္ ဖြဲ႕စည္း ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပသည္။

ယခင္က ေက်ာက္ျဖဴခ႐ိုင္တြင္ ေက်ာက္ျဖဴ၊ ရမ္းၿဗဲ၊ မာန္ေအာင္ႏွင့္ အမ္း ၄ ၿမိဳ႕နယ္ရွိရာမွ လက္ရွိဖြဲ႕စည္းရာတြင္ မာန္ေအာင္ ၿမိဳ႕နယ္ကို ေတာင္ကုတ္ ခ႐ိုင္တြင္ထည့္သြင္းလိုက္ၿပီး အမ္းမွာ ခ႐ိုင္ တစ္ခုျဖစ္လာသျဖင့္ ေက်ာက္ျဖဴ ခ႐ိုင္တြင္ ေက်ာက္ျဖဴႏွင့္ ရမ္းၿဗဲၿမိဳ႕နယ္ ၂ ခုသာ က်န္ရွိေတာ့သည္။ အလားတူ သံတြဲခ႐ိုင္တြင္လည္း သံတြဲ၊ ဂြႏွင့္ ေတာင္ကုတ္ၿမိဳ႕ နယ္ ၃ ခုရွိရာတြင္ ေတာင္ကုတ္ကို ခ႐ိုင္အဆင့္ တိုးျမႇင့္လိုက္သျဖင့္ သံတြဲခ႐ိုင္တြင္ သံတြဲၿမိဳ႕နယ္ႏွင့္ ဂြၿမိဳ႕နယ္တို႔သာက်န္ရွိေတာ့သည္။

ရခိုင္ျပည္နယ္တြင္ ယခင္က စစ္ေတြ၊ ေမာင္ေတာ၊ ေျမာက္ဦး၊ ေက်ာက္ျဖဴႏွင့္ သံတြဲခ႐ိုင္ (၅) ခုရွိရာမွ ေနာက္ထပ္ ေတာင္ကုတ္ ႏွင့္ အမ္းကို ခ႐ိုင္အျဖစ္ တိုးျမႇင့္လိုက္သျဖင့္ ခ႐ိုင္ (၇) ခုရွိသြားၿပီျဖစ္သည္။ အလားတူ ခ်င္းျပည္နယ္မွ ပလက္၀ႏွင့္ တီးတိန္ ၿမိဳ႕နယ္ကိုလည္း ခ႐ိုင္အျဖစ္ တိုးျမႇင့္လိုက္ေၾကာင္း သိရွိရသည္။ စစ္ေကာင္စီက ျမန္မာတစ္ႏိုင္ငံလုံးတြင္ ခ႐ိုင္ ၄၆ ခု တိုးခ်ဲ႕ ဖြဲ႕စည္းခဲ့ေၾကာင္း သိရသည္။ ထိုသို႔ တိုးခ်ဲ႕ ဖြဲ႕စည္းလိုက္သျဖင့္ တစ္ႏိုင္ငံလုံးအတိုင္းအတာျဖင့္ ယခင္က ခ႐ိုင္ ၇၅ ခု ရွိခဲ့ရာမွ လက္ရွိတြင္ ခ႐ိုင္ေပါင္း ၁၂၁ ခ႐ိုင္ အထိ ရွိသြားၿပီျဖစ္သည္။
https://burmese.narinjara.com/news/detail/627098440e719f232cb318a0
********************
၃၄။ ရွမ္းေခါင္းေဆာင္ဦးခြန္ထြန္းဦးကြယ္လြန္ျခင္းအေပၚ ရကၡိဳင့္အမ်ိဳးသားအဖြဲ႕ခ်ဳပ္ (ULA) အပါအဝင္ ရခိုင္ႏိုင္ငံေရး အဖြဲ႕ အစည္း ၄ ခုမွ ဝမ္းနည္းေၾကာင္း သဝဏ္လႊာပို႔
03 May, 2022

ရွမ္းတိုင္းရင္းသားေခါင္းေဆာင္ႀကီး ဦးခြန္ထြန္းဦး ကြယ္လြန္ျခင္းအတြက္ ရကၡိဳင့္အမ်ိဳးသားအဖြဲ႕ခ်ဳပ္ (ULA) အပါအဝင္ ရခိုင္ပါတီမ်ားျဖစ္ၾကသည့္ ရခိုင္အမ်ိဳးသားပါတီ (ANP)၊ ရခိုင္ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (ALD)ႏွင့္ ရခိုင့္ဦးေဆာင္ပါတီ(AFP) တို႔မွ ဝမ္းနည္းေၾကာင္းသဝဏ္လႊာ ေပးပို႔ခဲ့ၾကသည္။ ULA ၏သဝဏ္လႊာက ေပးပို႔သည့္ သဝဏ္လႊာတြင္ “ အဖိႏွိပ္ခံ ရွမ္းျပည္သူ လူထုမ်ား၏ ကိုယ့္ကံၾကမၼာ ကိုယ္ဖန္တီးပိုင္ခြင့္ ရရွိေရးအတြက္ မရွိမျဖစ္ စံထားရမည့္ လမ္းျပပုဂၢိဳလ္တစ္ဦးျဖစ္ၿပီး ယခုကဲ့သို႔ ႏိုင္ငံေရးပန္းတိုင္ မေရာက္မီ လမ္းခုလတ္၌ ဦးခြန္ထြန္းဦးအား ဆုံးရႈံးလိုက္ရျခင္းသည္ ရွမ္းျပည္သူလူထုအတြက္သာမက အဖိႏွိပ္ခံ ျမန္မာျပည္သူလူထုႀကီး တစ္ရပ္လုံး အတြက္ပါ တန္ဖိုးႀကီးမားလွေသာ အစားထိုးမရသည့္ ဆုံးရႈံးမႈႀကီးတစ္ရပ္ပင္ ျဖစ္ ေၾကာင္း” ေရးသားထားသည္။

ရခိုင္အမ်ိဳးသားပါတီ(ANP)က သဝဏ္လႊာတြင္ “ဦးခြန္ထြန္းဦး၏ အမ်ိဳးသားတန္းတူေရး ကိုယ္ပိုင္ ျပဌာန္းခြင့္ရရွိေရး ကိုယ္ပိုင္ အုပ္ခ်ဳပ္ စီမံခြင့္ရရွိေရး ႏွင့္ စစ္မွန္ေသာဖက္ဒရယ္ျပည္ေထာင္စု ေပၚေပါက္ေရးတို႔ အတြက္ကိုယ္က်ိဳးစြန႔္ ႀကိဳးပမ္းအားထုတ္ခဲ့ မႈမ်ားကို ရခိုင္အမ်ိဳးသား ပါတီအေနျဖင့္ မွတ္တမ္းတင္ ဂုဏ္ျပဳၿပီး ဦးခြန္ထြန္းဦး ကြယ္လြန္သြားသည့္ အတြက္ ဦးခြန္ထြန္းဦး၏ မိသားစု၊ ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီ အဖြဲ႕ခ်ဳပ္(SNLD) တို႔ႏွင့္ ထပ္တူထပ္မွ်ဝမ္းနည္း ေၾကကြဲရပါေၾကာင္း” သဝဏ္လႊာ ေပးပို႔ထားသည္။ ဦးခြန္ထြန္းဦးသည္ တိုင္းရင္းသားတန္းတူေရးႏွင့္ ဒီမိုကေရစီေရးတို႔အတြက္ ရွမ္းအမ်ိဳးသားမ်ားကို သာမက ႏိုင္ငံအဆင့္ဦးေဆာင္လ်က္ ၿပီးခဲ့ေသာ ဆယ္စုႏွစ္ သုံးစုလုံးလုံး စြမ္းစြမ္းတမံ ေဆာင္႐ြက္ခဲ့သည့္အတြက္ ဦးခြန္ထြန္းဦး ကြယ္လြန္သြားသည့္အေပၚ ဝမ္းနည္းရပါေၾကာင္း ရခိုင္ဦးေဆာင္ပါတီက (AFP) ကလည္း သဝဏ္လႊာေပးပို႔ထားသည္။

ရခိုင္ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (ALD )ကလည္း “ ဦးခြန္ထြန္းဦး ကြယ္လြန္ျခင္းသည္ ရွမ္းတိုင္းရင္းသားမ်ား အတြက္ သာမက ျပည္ေထာင္စုဖြား တိုင္းရင္းသား အားလုံးအတြက္ ႀကီးစြာေသာ ဆုံးရႈံးမႈျဖစ္ၿပီး ရခိုင္ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (ALD ) အတြက္ ႏွစ္ေပါင္းမ်ားစြာ မဟာမိတ္အျဖစ္ လက္တြဲၿပီး အာဏာရွင္ စနစ္ကို အတူတိုက္ဖ်က္ခဲ့သူအျဖစ္ အစားထိုးမရသည့္ ဆုံးရႈံးမႈတစ္ ရပ္ျဖစ္ေသာေၾကာင့္ ဥကၠ႒ႀကီးကြယ္လြန္ျခင္းအေပၚ အထူးဝမ္းနည္း ေၾကကြဲစြာေၾကာင္း” သဝဏ္လႊာတြင္ ေဖာ္ျပ ပါရွိသည္။ ရွမ္းတိုင္းရင္းသားမ်ားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (SNLD) ဥကၠ႒ေဟာင္း၊ ရွမ္း အမ်ိဳးသားေခါင္းေဆာင္ႀကီး ဦးခြန္ထြန္းဦး (၇၉) ႏွစ္ သည္ ၂၀၂၂ ခုႏွစ္၊ ဧၿပီလ (၃၀) ရက္နံနက္ (၁ဝးဝ၀) နာရီတြင္ ရန္ကုန္ၿမိဳ႕ ေနအိမ္၌ လူႀကီး ေရာဂါျဖင့္ ႐ုတ္တရက္ ကြယ္လြန္ သြားခဲ့သည္။ ဦးခြန္ထြန္းဦးသည့္ ၁၉၈၈ ခုႏွစ္၊ ေအာက္တိုဘာလတြင္ ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ (SNLD) ကို စတင္တည္ေထာင္ခဲ့ၿပီး ၂၀၂၀ ခုႏွစ္ ႏွစ္ကုန္ပိုင္းအထိ တာဝန္ယူခဲ့သူျဖစ္သည္။
https://burmese.narinjara.com/news/detail/627099870e719f232cb318a8
******************
၃၅။ သွ်မ္းႏိုင္ငံေရးေခါင္းေဆာင္ SNLD ထူေထာင္သူျဖစ္တဲ့ ဦးခြန္ထြန္းဦး ကြယ္လြန္
April 30, 2022

ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (SNLD) ဥကၠ႒ေဟာင္း ဦးခြန္ထြန္းဦး ယေန႔ ဧၿပီ (၃၀) ရက္ မနက္ပိုင္းမွာ ရန္ကုန္ၿမိဳ႕ရွိ ေနအိမ္မွာ ကြယ္လြန္သြားေၾကာင္း စုံစမ္းသိရွိရပါတယ္။ ရွစ္ေလးလုံး အေရးေတာ္ပုံ အၿပီး ၁၉၈၈ခုနစ္ မွာ SNLD ကိုစတင္ထူ ေထာင္သူေတြထဲမွာ ဦးခြန္ထြန္းဦး ပါ၀င္ခဲ့ၿပီး ၁၉၉၀ ေ႐ြးေကာက္ပြဲမွာ သွ်မ္းျပည္ ေျမာက္ပိုင္း သီေပါၿမိဳ႕နယ္ကေန လႊတ္ေတာ္ ကိုယ္စားလွယ္အျဖစ္ ၀င္ေရာက္ယွဥ္ၿပိဳင္ခဲ့ရာ အႏိုင္ရရွိခဲ့သူျဖစ္ပါတယ္။

စစ္အစိုးရ လက္ထက္မွာ ႏိုင္ငံေရး လႈပ္ရွားမႈေၾကာင့္ ေထာင္ဒဏ္ ၉၃ႏွစ္ ခ်မွတ္ခံခဲ့ရသူျဖစ္ၿပီး ပူတာအို ေထာင္မွာ ၆ႏွစ္ ၾကာ အက်ဥ္းက်ခံၿပီးေနာက္ ျပန္လည္လြတ္ေျမာက္လာခဲ့ပါတယ္။

ဦးခြန္ထြန္းဦးဟာ သီေပါေစာ္ဘြား စဝ္ၾကာဆိုင္ ရဲ႕ ေျမးျဖစ္ၿပီး၊ ဦးခြန္ထြန္းဦး ကြယ္လြန္သြားခ်ိန္မွာ အသက္ (၇၉) ႏွစ္ရွိၿပီး၊ ဇနီး ႏွင့္ အတူ သား၊သမီး (၂)ေယာက္ ႏွင့္ ေျမး (၂)ေယာက္ က်န္ရစ္ခဲ့ပါတယ္။ ဦးခြန္ထြန္းဦးေသဆုံးျခင္းဟာ ရွမ္းလူမ်ိဳးထု တရပ္လုံး ရဲ႕ ဆုံးရႈံးမႈတရပ္ျဖစ္ပါတယ္။ https://burmese.shannews.org/archives/27945
******************
၃၆။ သွ်မ္းလက္နက္ကိုင္မ်ား ေဒသခံမ်ားထံ အိမ္ေထာင္စုစာရင္းေကာက္ခံေန
April 30, 2022

သွ်မ္းလက္နက္ကိုင္တပ္ဖြဲ႕မ်ား ေဒသခံျပည္သူမ်ားထံ အိမ္ေထာင္စု လူဦးေရစာရင္း ေကာက္ခံမႈမ်ား ျပဳလုပ္ေနေၾကာင္း သတင္း သိရသည္။ သွ်မ္းျပည္ေတာင္ပိုင္းရွိ ပင္လုံၿမိဳ႕၊ လဲခ်ားၿမိဳ႕ ႏွင့္ တျခားေသာ ၿမိဳ႕နယ္မ်ားရွိ ေက်း႐ြာမ်ားတြင္ သွ်မ္းလက္နက္ ကိုင္ တပ္ဖြဲ႕မ်ားမွ ေဒသခံျပည္သူတို႔၏ အိမ္ေထာင္စု စာရင္းေကာက္ယူမႈမ်ား ရွိေနၿပီး လက္ရွိတြင္ ျပည္သူမ်ား က ေၾကာက္လန႔္ကာ ထြက္ေျပးေနၾကေၾကာင္း သွ်မ္းသံေတာ္ဆင့္မွ စုံစမ္းသိရွိရသည္။

ပင္လုံၿမိဳ႕ရွိေက်း႐ြာမ်ားတြင္ သွ်မ္းျပည္တိုးတက္ေရးပါတီ၊သွ်မ္းျပည္တပ္မေတာ္ (SSPP/SSA)မွ ေက်း႐ြာေဒသခံ မ်ားထံ အိမ္ေထာင္စုႏွင့္ လူဦးေရစာရင္းေကာက္ခံေတာင္းယူမႈေၾကာင့္ ေဒသခံ႐ြာသားမ်ား ႐ြာလုံးကြၽတ္ထြက္ေျပးသည့္ ေက်း႐ြာမ်ား ရွိသည့္အျပင္ တခ်ိဳ႕လည္း အိုးအိမ္လယ္ယာမ်ားစြန႔္ခြာက ေရွာင္တိမ္းေနၾကေၾကာင္း သိရွိရသည္။ ယင္းကဲ့သို႔ လုပ္ေဆာင္ခ်က္ မ်ားႏွင့္ ပက္သက္ၿပီး SSPP/SSA ၏ ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္မႉးဖုန္းဟန္ထံသို႔ ဆက္သြယ္ေမးျမန္းရာ Data collation အတြက္ ေတာင္းခံျခင္းျဖစ္ေၾကာင္း သွ်မ္းသံေတာ္ဆင့္ကို ေျပာသည္။

အဆိုပါ ျဖစ္စဥ္မ်ားႏွင့္ ပက္သက္ၿပီး ပင္လုံၿမိဳ႕နယ္မွ ေက်း႐ြာအုပ္ခ်ဳပ္ေရးတစ္ေယာက္ကို ဆက္သြယ္ေမးျမန္း ရာ ယခင္ကာလ မ်ားတြင္လည္း စာရင္းေကာက္ယူေတာင္းခံမႈမ်ားရွိေသာ္လည္း ထြက္ေျပးျခင္းမရွိေၾကာင္း ႏွင့္ယခုတြင္ ထြက္ေျပးသူမ်ားျပား ေနေၾကာင္း သွ်မ္းသံေတာ္ဆင့္ကို ေျပာသည္။ SSPP/SSA တို႔သည္ လြိဳင္လင္ခ႐ိုင္အတြင္းရွိ ပင္လုံၿမိဳ႕၊ လဲခ်ားၿမိဳ႕နယ္၊ ေက်းသီးၿမိဳ႕နယ္၊ နမ့္စန္ၿမိဳ႕နယ္ ႏွင့္ မိုင္းကိုင္ၿမိဳ႕နယ္ရွိ သွ်မ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီ၊ သွ်မ္းျပည္တပ္မေတာ္ (RCSS/SSA) တပ္မ်ားကို တိုက္ထုတ္ၿပီးလက္ရွိတြင္ အဆိုပါ ေဒသမ်ားအတြင္း၌ သြားလာလႈပ္ရွားလ်က္ရွိေၾကာင္း သိရသည္။
https://burmese.shannews.org/archives/27934
*********************
၃၇။ လြိဳင္လင္ခ႐ိုင္အတြင္း စစ္ေကာင္စီႏွင့္ SSPP/SSA တို႔ ေနရာယူ လႈပ္ရွားမႈမ်ား ရွိေနဆဲ
April 29, 2022

သွ်မ္းျပည္ေတာင္ပိုင္း ဆနင္းေတာင္ၾကာအပါအဝင္ လြိဳင္လင္ခ႐ိုင္အတြင္း စစ္ေကာင္စီတပ္ဖြဲ႕မ်ားႏွင့္ သွ်မ္းျပည္တိုးတက္ေရး ပါတီ၊ သွ်မ္းျပည္ တပ္မေတာ္ SSPP/SSA တို႔ ေနရာယူလႈပ္ရွားမႈမ်ားရွိေနေၾကာင္း စုံစမ္းသိရသည္။ လြိဳင္လင္ခ႐ိုင္ထဲတြင္ ပင္လုံၿမိဳ႕၊ လဲခ်ားၿမိဳ႕နယ္၊ ေက်းသီးၿမိဳ႕နယ္၊ နမ့္စန္ၿမိဳ႕နယ္ ႏွင့္ မိုင္းကိုင္ၿမိဳ႕နယ္တို႔ ျဖစ္ေၾကာင္းသိရသည္။

စစ္ေကာင္စီအင္အားမ်ား ေနရာတခ်ိဳ႕မွ ဆုတ္ခြာသြားေသာ္လည္း ၎တို႔ တပ္စခန္းေနရာအနီးပတ္ဝန္းက်င္တြင္ ေနရာယူထား မႈမ်ားရွိေနေသးေၾကာင္း SSPP/SSA ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္မႉးစိုင္းဖုန္းဟန္က သွ်မ္းသံေတာ္ဆင့္ကို ေျပာသည္။ စစ္ေကာင္စီ ဘက္မွ ေနရာတခ်ိဳ႕ ဆုတ္ခြာေပးမႈႏွင့္ လမ္းေၾကာင္းတခ်ိဳ႕ျပန္လည္ဖြင့္လွစ္ေပးျခင္းသည္ ၿငိမ္းခ်မ္း ေရးေဆြးေႏြးရန္ ကမ္းလွမ္းမႈ ပက္သက္ၿပီး လက္ရွိေတာ္လွန္ေရး အေနအထားမ်ားသည္ အနီအျဖဴ သဲကြဲရန္ လိုအပ္ေၾကာင္း ဗိုလ္မႉးဖုန္းဟန္က ဆက္ေျပာ သည္။

အာဏာသိမ္းစစ္ေခါင္းေဆာင္မွ တိုင္းရင္းသားလက္နက္ကိုင္တပ္ဖြဲ႕မ်ားထံ ၿငိမ္းခ်မ္းေရးေဆြးေႏြးရန္ ကမ္းလွမ္းမႈမ်ားထြက္ေပၚ လာၿပီးေနာက္ပိုင္း ဆနင္းေဒသမွ စစ္ေၾကာင္းတခ်ိဳ႕ဆုတ္ခြာမႈမ်ားရွိသည့္အျပင္ သွ်မ္းေတာင္အတြင္းမွ ပိတ္ထားသည့္ လမ္း တခ်ိဳ႕လည္းျပန္ဖြင့္ေပးေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။ ၿပီးခဲ့သည့္ ဧၿပီလ ၂၇ ရက္ေန႔တြင္ မိုင္းေနာင္ႏွင့္ ကြန္ဟိန္းကို ဆက္သြယ္ထားသည့္ ဝမ္စိမ္းလမ္းကို စစ္ေကာင္စီ ျပန္ဖြင့္ေပးၿပီး စစ္သားမ်ားအစား ျပည္သူ႔စစ္မ်ားကိုသာ ဂိတ္ေစာင့္အျဖစ္ ေတြ႕ျမင္ရေၾကာင္း ကြန္ဟိန္းၿမိဳ႕သို႔ ခရီးသြားခဲ့သည့္ မ်က္ျမင္ေတြ႕ရသူတစ္ဦးက သွ်မ္းသံေတာ္ဆင့္ကို ေျပာသ္ည။
https://burmese.shannews.org/archives/27917
*******************
၃၈။ ေက်ာက္မဲ လူငယ္တစ္ဦး ေထာင္ဝင္စာ သြားပို႔ရာမွ ေပ်ာက္ဆုံး
April 29, 2022

သွ်မ္းျပည္ေျမာက္ပိုင္း ေက်ာက္မဲၿမိဳ႕ သွ်မ္းလူငယ္တစ္ဦးသည္ ညီျဖစ္သူကို ေထာင္ဝင္စာသြားပို႔ၿပီး အျပန္တြင္ ေပ်ာက္ဆုံးသြား ၿပီးေနာက္ ဖမ္းဆီးထိန္းသိမ္းခံထားရသည့္ သတင္းမ်ားလည္း ထြက္ေပၚေနေၾကာင္း သတင္းသိရသည္။ ၿပီးခဲ့သည့္ ဧၿပီ ၂၆ ရက္ ညေန ၅ နာရီဝန္းက်င္တြင္ ေနအိမ္မွ ေက်ာက္မဲၿမိဳ႕ ၿမိဳ႕မရဲစခန္းသို႔ ေထာင္ဝင္စာ ထမင္းထုပ္ သြားပို႔သည့္ စိုင္းဝင္းဟန္ (ခ) ကိုၿဖိဳးေဝဟန္သည္ အျပန္လမ္းတြင္ ေပ်ာက္ဆုံးသြားၿပီး အဆက္အသြယ္လည္း ျပတ္သြားေၾကာင္း မိသားစုတစ္ဦးက သွ်မ္းသံ ေတာ္ဆင့္ကို ေျပာသည္။

စိုင္းဝင္းဟန္ ေပ်ာက္ဆုံးေနမႈသည္ အဆိုပါ ေဒသအတြင္း လႈပ္ရွားေနသည့္ စရဖ ႏွင့္ စစ္ေကာင္စီတပ္သားတို႔ ဖမ္းဆီးထိန္း သိမ္းထားျခင္းျဖစ္ေၾကာင္းလည္း အဆိုပါ ေက်ာက္မဲၿမိဳ႕နယ္မွ အမည္မေဖာ္လိုသူ အမ်ိဳးသား တစ္ဦးက သွ်မ္းသံေတာ္ဆင့္ကို ေျပာသည္။ ယင္းသတင္းျဖစ္စဥ္ႏွင့္ ပက္သက္ၿပီး စိုင္းဝင္းဟန္၏ မိသားစုဝင္မ်ားကို ေမးျမန္းရာ သတင္းၾကားမိရေၾကာင္း ႏွင့္ အတည္မျပဳႏိုင္ေသးေၾကာင္း သွ်မ္းသံေတာ္ဆင့္ကို ေျပာသည္။

မိခင္ျဖစ္သူႏွင့္ မိသားစုမ်ားကို လုပ္ကိုင္ေကြၽးေမြးေနသူ စိုင္းဝင္းဟန္ ေပ်ာက္ဆုံးမႈေၾကာင့္ မိသားစု၏ စီးပြားေရး / စားေရး ေသာက္ေရးမ်ား အခက္အခဲျဖစ္လာႏိုင္ေၾကာင္း သိရသည္။ စိုင္းဝင္းဟန္ ေပ်ာက္ဆုံးမႈႏွင့္ ပက္သက္ၿပီး အမွန္တရားႏွင့္ တရားမွ် တမႈရရွိေစရန္ႏွင့္ အျမန္ဆုံး ေဘးကင္းစြာျဖင့္ ျပန္ေတြ႕ႏိုင္ေရးအတြက္ သွ်မ္းလူမႈအဖြဲ႕အစည္းမ်ားႏွင့္ သက္ဆိုင္ရာမ်ား ကူညီ ေပးၾကရန္လည္း မိသားစုဝင္မ်ားမွ ေတာင္းဆိုထားသည္။ https://burmese.shannews.org/archives/27922
***********************

မွတ္ခ်က္။ သက္ဆိုင္ရာ သတင္းမီဒီယာအသီးသီးမွ ေကာက္ႏုတ္ေဖာ္ျပျခင္းျဖစ္ပါသည္။

** ၿပီး **

Unicode

အပတ်စဉ် တိုင်းရင်းသတင်းများစုစည်းတင်ပြခြင်း
(No.33 ,May 3 , 2022)
၁။ ရှဒူးဇွပ် စစ်ရှောင်များ နေရာအသစ်တွင် ရွေ့ပြောင်းရန် စတင်လုပ်ဆောင်နေ
၂။ မေခ မြစ်တွင် မြစ်ရေကြီးမှု သတိပေးစက်တပ်ဆင်လိုက်သဖြင့် မြစ်ကြီးနားမြို့ ရေအတက်အကျ ခန့်မှန်းနိုင်ဟုဆို
၃။ စစ်ကောင်စီတပ် နှင့် ABSDF ၊ ဒေသခံကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီ ၁၀ ဦးထက်မနည်း သေဆုံး
၄။ ခင်ဦး တွင် စစ်ကောင်စီတပ်မှ တစ်ရွာဝင်တစ်ရွာထွက် ကျေးရွာများကို မီးတင်ရှို့သွား
၅။ ထီးချိုင့် မြို့မ ရဲစခန်းအနီး နေထိုင်သူများကို အမြန်ရွေ့ပြောင်းရန် စစ်ကောင်စီတပ် သတိပေး
၆။ လိုင်ဇာမြို့တွင်း ရက်လွန် ကုန်ပစ္စည်းများကို ဖျက်ဆီး
၇။ အမေရိကန်ရောက် ကရင်နီလူမျိုးစုတွေကနေပြီး ကေ့ထျိုးဘိုး ပွဲတော်ကို နှစ်ရက်တာ ကျင်းပခဲ့ကြ
၈။ ရေနီကန်ကျေးရွာက အမျိုးသမီးတစ်ဦး ကင်မွန်းသီးသွားကောက်ရင်း မိုင်းနင်းမိ
၉။ မေလ (၁)ရက်နေ့မှာ ဒီးမော့ဆို အခြေခံပညာကျောင်းသားများ သမဂ္ဂ တစ်နှစ်ပြည့် အခမ်းအနားအကျဉ်းချုပ် ကျင်းပခဲ့
၁၀။ ဘောလခဲမြို့နယ် မိုင်ထန်းကျေးရွာမှာ လက်နက်ကြီးကျရောက်ခဲ့ပြီး နေအိမ်နှစ်လုံးမီးလောင်
၁၁။ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နေအိမ်မီးရှို့ခံရတာတွေ ရှိနေ
၁၂။ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နေအိမ်မီးရှို့ခံရတာတွေ ရှိနေ
၁၃။ ဒီးမော့ဆိုမြို့နယ်မှာ အသတ်ခံထားရတဲ့ အသက် ၇၃နှစ်အရွယ် အဘွားတစ်ဦးရဲ့ ရုပ်အလောင်းတွေ့ရှိ
၁၄။ လောပီတ ရေလျှံထိန်း လုံခြုံရေးရဲကင်းကို KNDF ဝင်ရောက်စီးနှင်း ၊ တပ်ဖွဲ့ဝင်များကို ဖမ်းဆီးထိန်းသိမ်းထား၊ လက် နက်များ သိမ်းဆည်းရမိ
၁၅။ မနေ့က ဒီးမော့ဆိုမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ နှစ်ဦးသေဆုံး
၁၆။ စစ်ကောင်စီ အင်ဂျင်နီယာတပ်ရင်းမှ တပ်ဖွဲ့ဝင် ၂ ဦး လက်နက်နှင့်အတူ KNDO ထံ လာရောက်ပူးပေါင်း၊ စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်မည်ဟုပြော
၁၇။ စခန်းသိမ်းခံရပြီးနောက် စစ်ကောင်စီမှ တစ်ရက်အတွင်း လေကြောင်း တိုက်ခိုက်မှု ၁၀ ကြိမ်ခန့် ပြုလုပ်ခဲ့
၁၈။ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် လူနေအိမ် ၁၀ လုံးမီးလောင်ကျွမ်းပြီး အများအပြားထိခိုက်ပျက်စီး
၁၉။ မြ၀တီ မြို့အနီးနေ့စဉ်တိုက်ပွဲကြောင့် မြို့တွင်းမြို့ပြင် ဘုန်းကြီးကျောင်းအချို့တွင် ခိုလှုံနေရသူ ရာချီရှိနေ
၂၀။ စောဘဦးကြီးပုံတူပန်းချီကား ၁၃၀၀၀ ဒေါ်လာဖြင့် လေလံရရှိ
၂၁။ သံလွင်မြစ်အနောက်ခြမ်းရှိ ကျေးရွာ ၈ ရွာခန့်မှ ဒေသခံရွာသား ၁၀၀ ဝန်းကျင်အား BGF ဖမ်းဆီးခေါ် ဆောင်သွား
၂၂။ ချင်းမြေယာမူဝါဒမူကြမ်းကို အတည်ပြု
၂၃။ တီးတိန်မြို့တွင် စစ်ကောင်စီတပ်ဖွဲ့က သေနတ်ရမ်းသမ်းပစ်ခတ်မှုကြောင့် လူငယ်တစ်ဦး ကျည်ထိမှန်သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိ
၂၄။ မီဇိုရမ်တွင် လက်နက်ခဲယမ်းအမြောက်အများ ဖမ်းဆီးရမိ
၂၅။ မီဇိုရမ်တွင် စစ်ဘေးရှောင်ရန်ပုံငွေအတွက် Hope Charity Concert ပြုလုပ်
၂၆။ ကျင်းပဆဲ မွန်အမျိုးသားရေးရာညီလာခံ-၂၀၂၂ မှ မွန်ပြည်နယ်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ရေးဆွဲသွားမည်
၂၇။ ဝါရင့်နိုင်ငံရေးခေါင်းဆောင် ဦးခွန်ထွန်းဦး ကွယ်လွန်ခြင်းအပေါ် ဝမ်းနည်းကြောင်း MUP သဝဏ်လွှာပို့
၂၈။ ရေးမြို့နယ် စံပြကျေးရွာနှင့် နှင်းစုံကျေးရွာကြား ပစ်ခတ်မှုတွင် အမျိုးသမီး ၁ ဦးသေဆုံး
၂၉။ သတင်းသမားလွတ်လပ်ခွင့်ဆုံးရှုံးနေကြောင်း ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့တွင် ရခိုင်သတင်းသမားများပြောဆို
၃၀။ နှစ်ပေါင်း ၃၀ ကျော်အတွင်း မြန်မာ့သတင်းသမားများဖိနှိပ်ခံရမှုစံချိန်တင်ဟု ISP ထုတ်ပြန်
၃၁။ စစ်တပ်က နယ်မြေရှင်းလင်းရေးခေါင်းစဉ်ဖြင့်ကျေးရွာတချို့သို့ဝင်ရောက်ပြီး AA အကြောင်းကို မေးမြန်မှုများရှိဟုဆို
၃၂။ သက်အမျိုးသားနေ့ကို မောင်တောမြို့နယ်တွင် စည်ကားသိုက်မြိုက်စွာကျင်းပ
၃၃။ ရခိုင်တွင် တောင်ကုတ်နှင့်အမ်းခရိုင်နှစ်ခုတိုးချဲ့ရာတွင် အမ်းကို မြို့နယ်တစ်ခုတည်းဖြင့် ခရိုင်ဖွဲ့စည်း
အစည်း ၄ ခုမှ ဝမ်းနည်းကြောင်း သဝဏ်လွှာပို့
၃၅။ သျှမ်းနိုင်ငံရေးခေါင်းဆောင် SNLD ထူထောင်သူဖြစ်တဲ့ ဦးခွန်ထွန်းဦး ကွယ်လွန်
၃၆။ သျှမ်းလက်နက်ကိုင်များ ဒေသခံများထံ အိမ်ထောင်စုစာရင်းကောက်ခံနေ
၃၇။ လွိုင်လင်ခရိုင်အတွင်း စစ်ကောင်စီနှင့် SSPP/SSA တို့ နေရာယူ လှုပ်ရှားမှုများ ရှိနေဆဲ
၃၈။ ကျောက်မဲ လူငယ်တစ်ဦး ထောင်ဝင်စာ သွားပို့ရာမှ ပျောက်ဆုံး
*****************
၁။ ရှဒူးဇွပ် စစ်ရှောင်များ နေရာအသစ်တွင် ရွေ့ပြောင်းရန် စတင်လုပ်ဆောင်နေ
2nd May 2022

တနိုင်း လီဒိုလမ်းမပေါ် ရှဒူးဇွပ် KBC စစ်ရှောင်စခန်းပြည်သူများသည် လက်ရှိစခန်းတွင် နေထိုင်ရန်ခက်ခဲလာသောကြောင့် နေရာအသစ်တွင် ပြောင်းရွေ့နေထိုင်ရန်အတွက် ဆောက်လုပ်ရေး လုပ်ငန်းများ စတင်နေပြီဟု သိရသည်။ ဧပြီလ ၂၉ ရက်နေ့မှစ တင်ပြီး ပြန်လည်ရွေ့ပြောင်းနေထိုင်မည့် မြေနေရာတွင် ပန္နက်ရိုက် ဆုတောင်းပွဲပြုလုပ်ကာ အဆောက်အဦးများ စတင်ဆောက် လုပ်နေပြီဖြစ်သည်ဟု စစ်ရှောင်တာဝန်ရှိသူတစ်ဦးက KNG သတင်းဌာနကို ပြောဆိုသည်။

ရှဒူးဇွပ်စစ်ရှောင်ပြည်သူများ ရွှေ့ပြောင်းနေထိုင်မည့် မြေနေရာသည် ရှဒူးဇွပ်ကျေးရွာအနီး အောင်ရာကျေးရွာ ကချင်နှစ်ခြင်း ခရစ်ယန်ဘုရားကျောင်း၏ အနောက်ခြမ်းဘက်တွင်ဖြစ်ပြီး မြေဧရိယာ ၆ ဧကပေါ်တွင် စစ်ရှောင်အိမ်ထောင်စု ၂၄ ခု ရှိသည့် အနက် စခန်းတွင်ပုံမှန်နေထိုင်သော အိမ်ထောင်စု ၁၆ စုအတွက် ဦးစားပေး ဆောက်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ ထိုသို့ နေရာရွေ့ပြောင်းရေးအတွက် ကချင်နှစ်ခြင်းခရစ်ယာန်အသင်းချုပ် KBC မှ အိမ်ထောင်စုတစ်စုလျှင် မြန်မာငွေ ၅ သိန်း ကျပ်နှုန်း ဖြင့် အိမ်ထောင်စု ၂၄ ခု အတွက် သိန်း ၁၀၀ ကျပ် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

လက်ရှိ နေထိုင်သော စစ်ရှောင်စခန်းတွင် စစ်ရှောင်အိမ်ထောင်စု ၂၄ ခု ရှိသည့်အနက် ၁၆ စုသည် စခန်းတွင် နေထိုင်လျက် ရှိနေသောကြောင့် အဆိုပါ ၁၆ အိမ်ထောင်စုကို ဦးစားပေးအဖြစ် ဆောက်လုပ်ပေးရန်ဖြစ်ပြီး စစ်ရှောင်များ နေထိုင်မည့် မြေနေရာ ကို ၂ ဖက်အစိုးရက သဘောချမှတ်ပေးသော မြေနေရာဖြစ်ကြောင်းလည်း သိရသည်။ အဆိုပါ စစ်ရှောင်စခန်း ၂ ခုသည် ရှဒူးဇွပ် ကျေးရွာအနီး လောဒ်ဂျာဘက်မှ ထွက်ပြေးလာသူများဖြစ်ကာ KBC စစ်ရှောင်စခန်း သည် ရှဒူးဇွပ်ကျေးရွာတွင်တည်ရှိနေပြီး မူးရင်း စစ်ရှောင်စခန်းသည် အောင်ရာကျေးရွာ မူကြိုကျောင်းဝင်းတွင် ရှိသည်။ လောဒ်ဂျာ စစ်ရှောင်ပြည်သူများသည် ၂၀၁၇ ခုနှစ်တွင် စစ်တပ်က တနိုင်းလီဒိုလမ်းပေါ်ရှိ မှော်များတွင် နယ်မြေရှင်းလင်းရေး ခေါင်းစဉ်ဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သော ကြောင့် ထွက်ပြေးလာသော ဒေသခံများ ဖြစ်ကြသည်။ https://burmese.kachinnews.com/2022/05/02/may2-yl1/
**********************
၂။ မေခ မြစ်တွင် မြစ်ရေကြီးမှု သတိပေးစက်တပ်ဆင်လိုက်သဖြင့် မြစ်ကြီးနားမြို့ ရေအတက်အကျ ခန့်မှန်းနိုင်ဟုဆို
2nd May 2022

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင် ချီဖွေမြို့နယ်ရှိ မေခမြစ်ပေါ်တွင် မြစ်ရေကြီးမှုကို သတိပေးသည့်စက် တပ်ဆင် ထားနိုင်ပြီ ဖြစ်သည့်အတွက် မြစ်ကြီးနားမြို့၏ ဧရာဝတီမြစ်ရေအတက်အကျကို ခန့်မှန်းနိုင်ပြီ ဖြစ်ကြောင်း ကချင်ပြည်နယ် မိုးလေဝသနှင့် ဇလဗေသညွန်ကြားရေး ဦးစီးဌာနမှ သိရသည်။

မေခမြစ်နှင့် မလိခမြစ်တို့‌ ပေါင်းစုံရာမှ ဧရာဝတီမြစ်အဖြစ် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှ မြန်မာပြည်အောက်ပိုင်းသို့ စီးဆင်း သည့်မြစ်ရေဖြစ်သည့်အတွက် ဧရာဝတီမြစ်ရေအတက်အကျသည် မေခမြစ်နှင့် မလိခမြစ်အပေါ်တွင်ရှိသည့် ရေစီးဆင်းမူနှင့် ရေကာတာ၊ မူတည်လျက်ရှိသည်။ ဧရာဝတီမြစ်ရေ အတက်အကျအား ယခင် မလိခမြစ်ရှိရေကာတာ၂ ခု၏ ရေစီးဆင်းမှုအချက် အလက် လွယ်ကူစွာရရှိခဲ့သော်လည်း မေခမြစ်ပေါ်ရှိ ရေကာတာ၆ခု၏ အချက်အလက်ကို မရရှိတာကြောင့် မြစ်ကြီးနားမြို့၏ မြစ်ရေ အတက်အကျကို ကြိုတင်ခန့်မှန်းရန်ခက်ခဲခဲ့ခြင်း ဖြစ်သည်။

အဘယ့်ကြောင့်ဆိုသော် မေခမြစ်ရှိ ရေကာတာ ၆ခုစလုံးသည် တရုတ်ပြည်ပိုင်ရေကာတာများဖြစ်သောကြောင့် အချက်အလက် ရရှိခက်ခဲရခြင်းဖြစ်ကြောင်း သိရသည်။ သမိုင်းတစ်လျှောက် ကချင်ပြည်နယ်တွင် ဧရာဝတီမြစ်ရေ၏ စိုးရိမ်ရေအမှတ်သည် ၁၉၇၉ ခုနစ်တွင် (၁၄၁၄)၊ ၂၀၀၄ ခုနစ်တွင် (၁၄၀၈)၊ ၂၀၁၉ခုနစ်တွင် (၁၂၂၉)၊ ၂၀၂၀ခုနစ်တွင် (၁၂၀၀) အထိ ရှိခဲ့သည်။

မေခ မြစ်တွင် မြစ်ရေကြီးမှု သတိပေးစက်တပ်ဆင်လိုက်သဖြင့် မြစ်ကြီးနားမြို့ ရေအတက်အကျ ခန့်မှန်းနိုင် ဟုဆို


*******************
၃။ စစ်ကောင်စီတပ် နှင့် ABSDF ၊ ဒေသခံကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီ ၁၀ ဦးထက်မနည်း သေဆုံး
2nd May 2022

ကသာမြို့နယ် မင်္ဂလာသုခရွာတွင် ယနေ့ နံနက် ၇ နာရီ ဝန်းကျင်မှစကာ စစ်ကောင်စီတပ်နှင့် ABSDF ၊ ဒေသခံကာကွယ်ရေး ပူး‌ပေါင်းတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက် မှ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း မြေပြင်သတင်းပေးပို့ ချက်အရ သိရသည်။ အင်အား ၃၉ ဦး ဝန်းကျင်ရှိသည့် စစ်ကောင်စီတပ်သည် မင်္ဂလာသုခရွာ၊ အောင်ရွှေဖြိုး သရက်ခြံ၌ တပ်ထိုင် ထားစဥ် ဗိုလ်သာလိကာ ဦးဆောင်သော ဒေသကာကွယ်ရေးတပ်၊ ABSDF ပူးပေါင်းတပ်တို့မှ မိုင်း ၂ လုံးဖြင့် စတင်မိုင်းဆွဲ တိုက် ခိုက်ခဲ့သည်။

ထို့နောက် အပြန်အလှန်ပစ်ခတ်မှုဖြစ်စဉ်တွင် စစ်ကောင်စီဘက်မှ ၁၀ဦး ထက်မနည်း ထိခိုက်သေဆုံးကြောင်း သိရသည်။ နံနက် ပိုင်း တိုက်ပွဲဖြစ်ပွားခဲ့သော်လည်း စစ်ကောင်စီတပ်သည် ယင်းနေရာတွင်သာ ဆက်လက်ရှိနေခဲ့သည့်အတွက် နံနက် ၉ နာရီဝန်း ကျင်တွင် ဒေသကာကွယ်ရေးတပ်၊ ABSDF ပူးပေါင်းတပ်တို့မှ 79 mm များဖြင့် သွားရောက်ပစ်ခတ်ခဲ့ပြီး ထိတွေ့တိုက်ပွဲ ဒုတိယ အကြိမ်ဖြစ်ပွားခဲ့‌ကြောင်း သိရသည်။

ABSDF ကျောင်းသားတပ်မတော် ၊ ဒေသကာကွယ်ရေးတပ်တို့မှ လက်နက်ကြီးများဖြင့် နှစ်ဖက်ညှပ်ကာ ပစ်ကူတိုက်ခိုက်ခဲ့သည့် အတွက် စစ်ကောင်စီဖက်မှ ထိခိုက်ကျဆုံးမှုများကာ ကသာဖက်သို့ ပြန်လည် ဆုတ်ခွာသွားကြောင်း သိရသည်။ စစ်ကောင်စီမှ မေလ ၁ ရက် ယမန်နေ့ ညပိုင်းမှစတင်ကာ ကသာမြို့ စေတီကုန်းကျေးရွာ ဘုန်းကြီးကျောင်း၌ အင်အား ၇၀ ခန့် တပ်စွဲခဲ့ပြီး နောက် ယနေ့နံနက် ၄ နာရီခန့်တွင် မင်္ဂလာသုခရွာဖက်သို့ ခြေလျှင်စစ်ကြောင်း ထိုးခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ် နှင့် ABSDF ၊ ဒေသခံကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီ ၁၀ ဦးထက်မနည်း သေဆုံး


******************
၄။ ခင်ဦး တွင် စစ်ကောင်စီတပ်မှ တစ်ရွာဝင်တစ်ရွာထွက် ကျေးရွာများကို မီးတင်ရှို့သွား
2nd May 2022

စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးမြို့နယ်ရှိ ကျေးရွာများတွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးများက အင်အားအလုံးအရင်းဖြင့် တစ်ရွာဝင်တစ်ရွာထွက် လူနေအိမ်များကို မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံများထံမှ သိရသည်။ စစ်ကောင်စီစစ်သားနှင့် ပျူစောထီးအဖွဲ့ အင်အား ၁၀၀ ခန့်သည် ယနေ့ မေလ ၂ရက်နေ့တွင် စစ်ကြောင်း ၃ ကြောင်း ဖြန့်ကာ ခင်ဦးမြို့နယ်အတွင်းရှိ သရက်ကန်ရွာ၊ အင်းပတ်ရွာ၊ အင်းတိုင်းလေးရွာ၊ မူးသာကျေးရွာများတွင်းသို့ ဝင်ရောက်လာကာ ကျေးရွာမှနေအိမ်များကို မီးတင်ရှို့သွားကြောင်း ခင်ဦး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အလားတူ အဆိုပါစစ်ကြောင်းသည် သရကန်ကျေးရွာရှိ သရကန်ကျေးရွာတံတားကိုလည်း ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရ သည်။ ယနေ့ နေ့လည်ပိုင်းတွင် အင်းပတ်ကျေးရွာအတွင်းသို့ ထပ်မံဝင်ရောက်လာကာ လူနေအိမ်အများအပြားကိုလည်း မီးတင် ရှို့ခဲ့ကြောင်း ခင်းဦး PDF တာဝန်ရှိသူက ဆက်ပြောသည်။

လတ်တလောတွင် အင်းပတ်၊ သရက်ကန် ၊အင်းတိုင်းလေး ကျေးရွာများတွင် စစ်ကြောင်းထိုးဝင်ရောက်လာမှုကြောင့် ယင်း ကျေးရွာမှ ပြည်သူ လေးထောင်ကျော် တောထဲထွက်ပြေးတိန်းရှောင်နေရဆဲဖြစ်ကြောင်းသိရသည်။ ခင်ဦးမြို့နယ်အတွင်း တွင် လွန်ခဲ့သည့်တစ်ပတ်အတွင်း၌ လူနေအိမ် ၃၀၀ ကျော်မီးရှို့ဖျက်ဆီးခံခဲ့ရပြီး တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၃ ဦးထိခိုက်သေဆုံးခဲ့ကြောင်းသိရသည်။ https://burmese.kachinnews.com/2022/05/02/may2-ab2/
*******************
၅။ ထီးချိုင့် မြို့မ ရဲစခန်းအနီး နေထိုင်သူများကို အမြန်ရွေ့ပြောင်းရန် စစ်ကောင်စီတပ် သတိပေး
2nd May 2022

စစ်ကိုင်းတိုင်း ထီးချိုင့် မြို့မရဲစခန်းအနီး‌ နေထိုင်သည့်ပြည်သူများအနေဖြင့် ၆ ရက်အတွင်း ပြောင်းရွေ့ပေးရန် စစ်ကောင်စီလက် အောက်ခံ ထီးချိုင့်မြို့မရဲစခန်းမှ သတိပေးထားကြောင်း ဒေသခံပြည်သူများထံမှသိရသည်။ ထီးချိုင့်မြို့မရဲစခန်းအနီးရှိ သရက် မှော်ရပ်ကွက်၊ ရွာသစ်ကုန်းရပ်ကွက်နှင့် လူနေအိမ်များကို ၆ ရက်အတွင်း အပြီးပြောင်းရွေ့ကြရန် ထီးချိုင့် မြို့မရဲစခန်း မှ ဧပြီ ၃၀ ရက်နေ့တွင် သတိပေးလာသောကြောင့် ပြည်သူအချို့ စတင်ပြောင်းရွေ့နေကြပြီဟု ထီးချိုင့်မြို့နေပြည်သူတစ်ဦးက KNG သတင်းဌာနသို့ ပြောသည်။

အဆိုပါ ထီးချိုင့်မြို့မရဲစခန်းသည် ယခင်ကပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ လာရောက်ပစ်ခတ်ခဲ့ဖူးပြီး ယင်းဖြစ်စဉ်‌ကြောင့် ပြောင်း ရွေ့ခိုင်းခြင်း ဖြစ်နိုင်သည်ဟု ထီးချိုင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက KNG သတင်းဌာနသို့ ပြောသည်။ လတ်တလော ပြည်သူအချို့မှာ နီးစပ်ရာ ဆွေမျိုးနေအိမ်များတွင် ခိုလှုံနေကြသော်လည်း ဆွေမျိုး မရှိသူများမှာ အခက်အခဲအမျိုးမျိုးကြောင့် ပြောင်းရွေ့ဖို့ ခက်ခဲနေကြောင်း သိရသည်။

အဆိုပါ ထီးချိုင့်မြို့မရဲစခန်းသည် လွန်ခဲ့သည့် ငါးလခန့်က ၄၀ မမ နှစ်လုံးဖြင့်တစ်ကြိမ်ပစ်ခတ်ခဲ့ဖူးပြီး ယင်းဖြစ်စဉ်တွင် ရဲကားတစ်စီး ထိခိုက်ပျက်စီးခဲ့ပြီး ရဲတပ်သားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ယင်းဖြစ်စဉ်ကြောင့် ယခုကဲ့သို့ ပြောင်းရွေ့ခိုင်းထား ခြင်း ဖြစ်ကြောင်း သိရသည်။ https://burmese.kachinnews.com/2022/05/02/may2-az1/
*****************
၆။ လိုင်ဇာမြို့တွင်း ရက်လွန် ကုန်ပစ္စည်းများကို ဖျက်ဆီး
29th April 2022

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့ရှိ ဈေးဆိုင်များတွင် ရောင်းချနေသည့် ရက်လွန် စားသောက်ကုန်များ ၊ အလှကုန်နှင့် ဆေးဝါးများကို မီးရှို့ဖျက်စီးခဲ့ကြောင်း သိရသည်။ ဧပြီလ ၁၈ ရက်နေ့မှစတင်ပြီး ၂၈ ရက်နေ့အထိ လိုင်ဇာမြို့ရှိ စားသောက်ဆိုင် ၊ ဈေးဆိုင် ၊ ဆေးဆိုင် နှင့် အလှကုန်အရောင်းဆိုင်များတွင် စစ်ဆေး သိမ်းဆည်းခဲ့ပြီးနောက် ယမန်နေ့ ဧပြီလ ၂၈ ရက်နေ့က မီးရှို့ဖျက်စီးခဲ့ကြောင်း လိုင်ဇာ သန့်ရှင်းမှုနှင့် ကျန်းမာရေး ကော်မတီမှ သိရသည်။

ဖျက်စီးခဲ့သည့် ပစ္စည်းများတန်ဖိုးငွေမှာ မြန်မာကျပ် ၃,၂၄၁,၀၀၀ နှင့် တရုတ် ယွမ် ၆၆၆၄ ရှိကြောင်း သိရသည်။ ဆေးဆိုင်များ တွင် ရက်လွန်မဟုတ်သော်လည်း ကျန်းမာရေး ဆရာဝန်များ၏ ညွန်ကြားချက်ဖြင့်သာ ရောင်းချသင့်သည့် ဆေးဝါးများကို သိမ်းဆည်းခဲ့ကြောင်း ဆက်ပြောသည်။ လွန်ခဲ့သည့် ဧပြီလ ၁၂ ရက်-၁၃ ရက်နေ့တွင်လည်း မိုင်ဆပ်ပါ စစ်ဆေးရေး ဂိတ်ဘက်မှ လိုင်ဇာဘက်သို့ သယ်ယူလာသည့် ဆေးအရက် (ခေါ်) အရက်ဖြူများကိုလည်း ဖမ်းဆီး ခဲ့ကြောင်း သိရသည်။

လိုင်ဇာမြို့သည် ၂၀၂၁ ခုနှစ် တစ်နှစ်ပတ်လုံး ကိုဗစ်-၁၉ ရောဂါကူးစက်မှုမြင့်တက်လာသောကြောင့် Lockdown ချမှတ်ထား သည့်အတွက် ယခုနှစ် ၂၀၂၂ ခုနှစ် ဇန်နဝါရီ လလယ်မှ စ၍ ဈေးဆိုင်များ ပြန်လည်ရောင်းချခဲ့ခြင်း ဖြစ်သည်။

လိုင်ဇာမြို့တွင်း ရက်လွန် ကုန်ပစ္စည်းများကို ဖျက်ဆီး


*****************
၇။ အမေရိကန်ရောက် ကရင်နီလူမျိုးစုတွေကနေပြီး ကေ့ထျိုးဘိုး ပွဲတော်ကို နှစ်ရက်တာ ကျင်းပခဲ့ကြ
May 2, 2022

အမေရိကန်ရောက် ကရင်နီလူမျိုးစုတွေကနေပြီး ရိုးရာ ကေ့ထျိုးဘိုး ပွဲတော်ကို အမေရိကန် Austin Minnesota ပြည်နယ်မှာ ဧပြီ(၃၀)နဲ့ မေ(၁)ရက်နေ့တွေမှာ ကျင်းပ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ကရင်နီလူမျိုးစုတွေအနေနဲ့ ဘယ်နေရာပဲရောက် ရောက် ကိုယ့်ရဲ့ ရိုးရာမပပျောက်အောင် ထိန်းသိမ်းဖို့အတွက် ရည်ရွယ်ပြီး ကျင်းပပြုလုပ်ခဲ့တာဖြစ်တယ်လို့ ပွဲဖြစ်မြောက်ရေး ကော်မတီဝင် လူငယ်တစ်ဦးဖြစ်တဲ့ ခူးဆော်ရယ်က ပြောပါတယ်။

ကေ့ထျိုးဘိုး ပွဲမှာတော့ ရိုးရာအက ဖျော်ဖြေတင်ဆက်တာတွေ၊ အားကစားဖြစ်တဲ့ ဘောလုံး၊ ဘောလီဘော ပြိုင်ပွဲတွေ ပြုလုပ်ခဲ့ ကြပါတယ်။ ဒါ့အပြင် လက်ရှိကရင်နီပြည်တွင်းမှာ အကူအညီလိုအပ်နေတဲ့ ကိုယ့်ရဲ့ လူမျိုးတွေအတွက် ရန်ပုံငွေ ရှာတာတွေ လည်း ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

ကေ့ထျိုးဘိုးပွဲတော်ကို နှစ်စဉ် ကျင်းပလာခဲ့ကြပြီး အခုဆိုရင် (၁၃) ကြိမ်မြောက်ရှိသွားပြီဖြစ်ပါတယ်။ ပွဲတော်မှာ အမေရိကန် ရောက် အနယ်နယ်အရပ်ရပ်က ကရင်နီလူမျိုးစုတွေ ပါဝင်ဆင်နွှဲခဲ့ကြသလို ရိုးရာ ကေ့ထျိုးဘိုး ပွဲတော်ကိုလည်း မပပျောက် အောင် ဆက်လက် ထိန်း သိမ်းသွားကြရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ https://www.kantarawaddytimes.org/
******************
၈။ ရေနီကန်ကျေးရွာက အမျိုးသမီးတစ်ဦး ကင်မွန်းသီးသွားကောက်ရင်း မိုင်းနင်းမိ
May 2, 2022

လွိုင်ကော်မြို့နယ် မထောခူအုပ်စု ရေနီကန်ကျေးရွာက အမျိုးသမီးတစ်ဦး ကျေးရွာအနီးမှာ ကင်မွန်းသီးသွားကောက်ရင်း မိုင်း နင်းမိပြီး ဘယ်ခြေထောက် ခြေမျက်စိအောက်ပိုင်း ပြတ်ထွက်သွားတယ်လို့ သိရပါတယ်။ ယမန့်နေ့ မေလ ၁ရက်နေ့ နံနက်၈နာရီ ခွဲဝန်းကျင်အချိန်မှာ မြေမြုပ်မိုင်းကို နင်းမိခဲ့တာ ဖြစ်တယ်လို့ ဆေးရုံကို ကူညီပို့ဆောင်ပေးခဲ့တဲ့ ပရဟိတ အသင်း တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

မိုင်းနင်းမိသူဟာ အသက် ၅၂နှစ်အရွယ် ဒေါ်နွဲ့မူဖြစ်ပြီး စားဝတ်နေရေးအတွက် ကင်မွန်းသီးသွားကောက်တာဖြစ်တယ်လို့ ပရဟိ တ အသင်းတာဝန်ရှိသူ တစ်ဦးက ပြောပြပါတယ်။ လွိုင်ကော်မြို့မှာ စစ်ဘေးသင့်ခဲ့တဲ့ ဒေါဥခူ၊ ပန်ကန်း၊ ရေနီကန် စတဲ့ ကျေးရွာ တွေက ဒေသခံတွေ ပြန်လည်နေထိုင်ရာမှာ မပေါက်ကွဲသေးတဲ့ မိုင်းများ ၊ ဗုံးများကို တွေ့ရပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်မှာ စစ်ကောင်စီနဲ့ ကရင်နီဒေသခံ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွား နေပြီး ဒေသခံ နှစ်သိန်းနီးပါး စစ်ဘေးရှောင်နေရပါတယ်။ https://www.kantarawaddytimes.org/
******************
၉။ မေလ (၁)ရက်နေ့မှာ ဒီးမော့ဆို အခြေခံပညာကျောင်းသားများ သမဂ္ဂ တစ်နှစ်ပြည့် အခမ်းအနားအကျဉ်းချုပ် ကျင်းပခဲ့
May 2, 2022

အာဏာသိမ်း သပိတ်ကာလအတွင်း မေလ (၁)ရက်နေ့မှာ စတင်ပေါ်ပေါက်လာခဲ့တဲ့ ဒီးမော့ဆို အခြေခံပညာကျောင်းသားများ သမဂ္ဂ ရဲ့ တစ်နှစ်ပြည့် အခမ်းအနားတစ်ရပ်ကို ဒီးမော့ဆို အနောက်ဖက်ခြမ်းတစ်နေရာမှာ ယမန်နေ့က (မေလ ၁ရက်) အကျဉ်း ချုပ်ပြုလုပ်ခဲ့တယ်လို့ ဒီးမော့ဆို (အ.က.သ) တာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။

ဒီးမော့ဆို အခြေခံပညာကျောင်းသားများ သမဂ္ဂ ရဲ့ တစ်နှစ်ပြည့် အခမ်းအနားကို ကယားပြည်နယ်လုံးဆိုင်ရာ အခြေခံပညာ ဆရာများ သမဂ္ဂ ၊ ကယားပြည်နယ်ကျောင်းသားများသမဂ္ဂ (KSSU) ၊ အခြေခံပညာကျောင်းသားများရေးရာအဖွဲ့ချုပ် (အ.က.ရ-ဗဟို) ၊ စစ်ကိုင်းမြို့နယ်လုံးဆိုင်ရာ အခြေခံပညာကျောင်းသားများ သမဂ္ဂ နဲ့ တောင်ကြီးမြို့နယ် အခြေခံပညာကျောင်းသားများ သမဂ္ဂ တွေကနေပြီးတော့ ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ခဲ့တယ်လို့ သိရပါတယ်။ အခမ်းအနားမှာ ဒီးမော့ဆို အခြေခံပညာကျောင်းသားများ သမဂ္ဂ ဖြစ်ပေါ်လာတဲ့ရည်ရွယ်ချက် ၊ တစ်နှစ်ပြည့်သမိုင်းအကျဉ်းနဲ့ ရှေ့ဆက်လုပ်ငန်းစဉ်တွေကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ဒီးမော့ဆို အခြေခံပညာကျောင်းသားများ သမဂ္ဂ ဖွဲ့စည်းတဲ့ တစ်နှစ်အတောအတွင်းမှာ ပြည်သူလူထုနဲ့အတူ သပိတ်စစ်ကြောင်း ထွက်တာတွေ ရှိခဲ့သလို စစ်ရှောင်စခန်းတွေမှာ ပညာသင်ကြားဖို့အတွက် သင်ထောက်ကူပစ္စည်း သွားရောက် ပေးအပ်ကူညီနေ တာတွေလည်း ဆောင်ရွက်ကြတာဖြစ်ပါတယ်။ https://www.kantarawaddytimes.org/
******************
၁၀။ ဘောလခဲမြို့နယ် မိုင်ထန်းကျေးရွာမှာ လက်နက်ကြီးကျရောက်ခဲ့ပြီး နေအိမ်နှစ်လုံးမီးလောင်
May 2, 2022

ကရင်နီပြည်နယ်၊ ဘောလခဲမြို့နယ် မိုင်ထန်းကျေးရွာမှာ ယမန်နေ့ မေလ ၁ရက်နေ့ ည ၆ နာရီအချိန်မှာ လက်နက်ကြီးနှစ်လုံး ကျရောက်ခဲ့ပြီး ဒေသခံနေအိမ် နှစ်လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ KNDF သတင်းနဲ့ ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ပြောပါ တယ်။ ဘောလခဲအခြေစိုက်တပ်ကနေ ၁၂၀ မမနဲ့ ပစ်ခတ်တာဖြစ်ပြီး ဘယ်နှလုံးပစ်ခဲ့တယ် ဆိုတာကိုတော့ တိတိကျကျမသိရ ဘူးလို့ ဆိုပါတယ်။

ဘောလခဲမြို့နယ်အတွင်း ပြီးခဲ့တဲ့ ဧပြီလ ၃၀ ရက်နေ့မှာ ကရင်နီတပ်မတော် KA၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF၊ PDF စတဲ့ ကရင်နီဒေသခံကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ KNDF က ပြောပါတယ်။ ယမန်နေ့ မေလ ၁ ရက်နေ့မှာတော့ ဘောလခဲမြို့နယ်မှာ တိုက်ပွဲဖြစ်ပွားတာ မရှိပေမယ့် စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်နေတာဖြစ်တယ်လို့ သိရပါတယ်။

ဒီးမော့ဆိုအနောက်ဘက်ခြမ်းမှာလည်း ပြီးခဲ့တဲ့ ဧပြီလ ၃၀ ရက်နေ့က ကျေးရွာတစ်ရွာထဲကို လက်နက်ကြီးနှစ်လုံး ကျရောက် ခဲ့ပြီး တစ်လုံးပေါက်ကွဲခဲ့ပါတယ်။ နေအိမ်တချို့ကို ထိတာတွေရှိနေပြီး ပျက်စီးမှုအတိအကျကိုတော့ အတည်မပြုနိုင်သေးပါဘူး။

Homepage


******************
၁၁။ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နေအိမ်မီးရှို့ခံရတာတွေ ရှိနေ
May 1, 2022

ဒီးမော့ဆိုမြို့နယ် ဒေါငံခါးမှာ ယမန့်နေ့ ဧပြီလ ၃၀ရက်နေ့ ၂နာရီဝန်းကျင်အချိန်မှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ညအချိန်မှာ စစ်ကောင်စီ က နေအိမ်တချို့ကို မီးရှို့ခဲ့တယ်လို့ ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ် တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ် ( DMO-PDF ) တပ်ဖွဲ့ ဗျူဟာ ( ၁ ) A,B,F,J တပ်ရင်း၊ အလယ်ပိုင်းတိုင်း ( ၁၁၀၂ ) တပ်ခွဲတချို့နဲ့ KRU စတဲ့ တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တို့ နာရီဝက်ကြာ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က အနည်းဆုံး သုံးယောက်သေဆုံးပြီး ၅ဦးခန့် အပြင်းအထန် ဒဏ်ရာရှိတယ်လို့ DMO-PDF တာဝန်ရှိသူ တစ်ဦးက ဆက်ပြောပါတယ်။ ဒီးမော့ဆိုမှာ စစ်ကောင်စီက နေရာတချို့ကို တပ်စွဲထားတာရှိသလို တပ်စွဲခဲ့တဲ့ နေရာတွေကိုလည်း မိုင်းတွေထောင်ထားတာရှိပါတယ်။ ညအချိန်မှာလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ ပြုလုပ်နေပါ တယ်။ https://www.kantarawaddytimes.org/
******************
၁၂။ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နေအိမ်မီးရှို့ခံရတာတွေ ရှိနေ
May 1, 2022

ဒီးမော့ဆိုမြို့နယ် ဒေါငံခါးမှာ ယမန့်နေ့ ဧပြီလ ၃၀ရက်နေ့ ၂နာရီဝန်းကျင်အချိန်မှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ညအချိန်မှာ စစ်ကောင်စီ က နေအိမ်တချို့ကို မီးရှို့ခဲ့တယ်လို့ ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ် တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ် ( DMO-PDF ) တပ်ဖွဲ့ ဗျူဟာ ( ၁ ) A,B,F,J တပ်ရင်း၊ အလယ်ပိုင်းတိုင်း ( ၁၁၀၂ ) တပ်ခွဲ တချို့နဲ့ KRU စတဲ့ တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တို့ နာရီဝက်ကြာ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ တိုက်ပွဲ အတွင်း စစ်ကောင်စီတပ်ဘက်က အနည်းဆုံး သုံးယောက်သေဆုံးပြီး ၅ဦးခန့် အပြင်းအထန် ဒဏ်ရာရှိတယ်လို့ DMO-PDF တာဝန်ရှိသူ တစ်ဦးက ဆက်ပြောပါတယ်။

ဒီးမော့ဆိုမှာ စစ်ကောင်စီက နေရာတချို့ကို တပ်စွဲထားတာရှိသလို တပ်စွဲခဲ့တဲ့နေရာတွေကိုလည်း မိုင်းတွေထောင်ထားတာ ရှိပါတယ်။ ညအချိန်မှာလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ ပြုလုပ်နေပါတယ်။

Homepage


******************
၁၃။ ဒီးမော့ဆိုမြို့နယ်မှာ အသတ်ခံထားရတဲ့ အသက် ၇၃နှစ်အရွယ် အဘွားတစ်ဦးရဲ့ ရုပ်အလောင်းတွေ့ရှိ
May 1, 2022

ဒီးမော့ဆိုမြို့နယ်မှာ နှိပ်စက်ပြီး အသတ်ခံထားရတဲ့ အသက်၇၃နှစ်အရွယ် အဘွားတစ်ဦးရဲ့ ရုပ်အလောင်းကို ဧပြီလ ၂၉ရက်နေ့ မှာ တွေ့ရှိခဲ့ရတယ်လို့ ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ် ( DMO-PDF ) တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ် ( DMO-PDF ) တပ်နဲ့ အလယ်ပိုင်းတိုင်း ( ၁၁၀၂ )တို့ နယ်မြေရှင်းလင်းရေး ပြုလုပ်ရင်း တွေ့ရှိခဲ့တာဖြစ်ပြီး အလောင်းဟာ တစ်လနီးပါးရှိနေပြီလို့ ၎င်းက ဆက်ပြောပါတယ်။ အသတ်ခံရသူမှာ ဒေါ်ရောဇာ( ခ ) မူသူး ဖြစ်ပြီး ဧပြီ၃၀ရက်နေ့မှာ သင်္ဂြိုလ်ပေးခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၇ရက်နေ့မှာ ဒီးမော့ဆိုမြို့ စံပြ ၆မိုင်ကျေးရွာအုပ်စု ဇီးဖြူကုန်းရပ်ကွက်မှာ ကျေးရွာသားတွေနဲ့အတူ နယ်မြေရှင်း လင်းရေး ပြုလုပ်ရင်း နေအိမ်တစ်လုံးရဲ့ ရေတွင်းထဲ သေဆုံးနေတဲ့ ရုပ်အလောင်းနှစ်ခုကို KNDF B-09 က ထုတ်ပြန်ထားပါတယ်။ ကရင်နီပြည်မှာ အာဏာသိမ်းပြီးနောက်ပိုင်း အရပ်သားသေဆုံးမှု ၂၅၇ဦးရှိတယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု ( PKPF ) က ဧပြီလ ၂၄ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ https://www.kantarawaddytimes.org/
******************
၁၄။ လောပီတ ရေလျှံထိန်း လုံခြုံရေးရဲကင်းကို KNDF ဝင်ရောက်စီးနှင်း ၊ တပ်ဖွဲ့ဝင်များကို ဖမ်းဆီးထိန်းသိမ်းထား၊ လက် နက်များ သိမ်းဆည်းရမိ
April 30, 2022

ကရင်နီပြည်နယ် လွိုင်ကော်မြို့နယ်ရှိ လောပီတ ရေလျှံထိန်း လုံခြုံရေးရဲကင်းကို ကရင်နီတပ်မတော် KA၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF က ဧပြီလ ၂၉ ရက်နေ့ ညသန်းခေါင်အချိန်မှာ ဝင်ရောက်စီးနှင်းခဲ့ပြီး သေနတ်မပေါက်ပဲ လုံခြုံရေးရဲ ( ၈ ) ဦးကို ဖမ်းဆီးထိန်းသိမ်းထားပြီး အရေးယူဆောင်ရွက်နိုင်ဖို့ ကရင်နီပြည်ရဲဌာန KSP ကို လွှဲအပ်ထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် သေနတ် ( ၈ ) လက်နဲ့ ကျည်အချို့ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးရမိတဲ့ လုံခြုံရေးရဲများမှာ ဒုရဲအုပ်၊ တပ်ကြပ်ကြီး၊ တပ်ကြပ် အပါအဝင် ၈ ဦးဖြစ်တယ်လို့ သိရပါတယ်။ ဖရူဆိုမြို့နယ်အတွင်းမှာတော့ ဧပြီလ ၂၂ ရက်နေ့ကနေ ၃၀ ရက်နေ့အတွင်း ထားလဲကျေးရွာအနီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်များကို ကရင်နီပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကြောင်းများ တပ်ဆုတ်ခဲ့ရတယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF က ဒီကနေ့ မေလ ၁ ရက်နေ့မှာ ထုတ်ပြန်တဲ့ ထုန်ပြန်ချက်မှာ ပါရှိပါတယ်။

ဧပြီလ နောက်ဆုံးအပတ်မှာ ဒီးမော့ဆိုမြို့နယ်နဲ့ ဖရူဆိုမြို့နယ် တိုက်ခိုက်မှုများအတွင်း စစ်ကောင်စီတပ်ဘက်မှ ၂၄ ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ KNDF က ဆိုပါတယ်။ ဒီးမော့ဆိုမြို့နယ်အတွင်းမှာတော့ ဧပြီလ ၂၀ ရက်နေ့ကစပြီး တိုက်ပွဲများ ရက်ဆက်ဖြစ်ပွားခဲ့တဲ့အတွက် ဒေါခမီးတိုက်ပွဲအတွင်း စစ်ကောင်စီတပ်တွေကို ခုခံတိုက်ခိုက်ရင်း KNDF မှ တပ်ဖွဲ့ဝင် နှစ်ဦးကျဆုံးသွားခဲ့တယ်လို့ KNDF က ထုတ်ပြန်ထားပါတယ်။ https://www.kantarawaddytimes.org/
******************
၁၅။ မနေ့က ဒီးမော့ဆိုမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ နှစ်ဦးသေဆုံး
April 30, 2022

ဒီးမော့ဆိုမြို့ ၊ မြို့မရပ်ကွက်မှာ မနေ့က(ဧပြီ ၂၉ ရက်နေ့ ) စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က နှစ်ဦးသေဆုံး ၊ သုံးဦး ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို ( DMO-PDF ) က ဒီကနေ့ ( ဧပြီလ ၃၀ ) ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

မနက် (၁၀)နာရီကနေ့ (၁၁)နာရီထိ ၁နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပူးပေါင်းတပ်ဖွဲ့ဖက်မှာ ထိခိုက်မှုမရှိ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ တိုက်ပွဲအတွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို ( DMO-Local PDF)နဲ့ အလယ်ပိုင်းတိုင်း (၁၁၀၂)တပ်ရင်းမှ တပ်ခွဲ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၆ရက်နေ့မှာလည်း ဖရူဆိုမြို့နယ်မှာရှိတဲ့ ခမရ-၄၂၈နဲ့ ဖရူဆိုမြို့မရဲစခန်းကို PDF-Hpruso ၊ KNDF B-04 ၊ KNDF B-15 တို့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ၄ဦးသေဆုံးခဲ့တယ်လို့ KNDF B-04 နဲ့ PDF-Hpruso က သတင်း ထုတ်ပြန်ထားပါတယ်။ https://www.kantarawaddytimes.org/
******************
၁၆။ စစ်ကောင်စီ အင်ဂျင်နီယာတပ်ရင်းမှ တပ်ဖွဲ့ဝင် ၂ ဦး လက်နက်နှင့်အတူ KNDO ထံ လာရောက်ပူးပေါင်း၊ စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်မည်ဟုပြော
May 3, 2022

မြဝတီမြို့တောင်ဘက် ဝေါလေအခြေစိုက် စစ်ကောင်စီ အင်ဂျင်နီယာ တပ်ရင်း စရရ – ၉၀၄ မှ တပ်ကြပ် နှစ်ဦးသည် လက်နက် အပြည့်အစုံနှင့်အတူ ယမန်နေ့ မေလ ၂ ရက်နေ့တွင် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့-KNDO ထံသို့ လာရောက်ပူးပေါင်းခဲ့ သည်ဟု KNDO က ပြောသည်။ ဝေါလေ အခြေစိုက် အင်ဂျင်နီယာတပ်ရင်း စရရ ၄၀၉ မှ တပ်ကြပ် ဝင်းနိုင် ကိုယ်ပိုင်နံပါတ် တ-××× ၇၄ နှင့် ဒုတပ်ကြပ်ပြုံးချို ကိုယ်ပိုင် နံပါတ်တ-××× ၆၈တို့ နှစ်ဦးသည် MA-1 သေနတ် ၂ လက်၊ ကျည်ဘောက် ၅ခု၊ ကျည်ဆံ ၁၀၀ ကျော်၊ လက်ပစ်ဗုံး ၄ လုံးနှင့်အတူ KNDO လုံခြုံရေးတပ်ရင်းနှင့် ချိတ်ဆက်ကာ လာရောက်ပူးပေါင်းခဲ့ခြင်းဖြစ်သည်။

အဆိုပါ လာရောက်ပူးပေါင်းသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးအား ကောင်းမွန်စွာ လက်ခံကြိုဆိုပြီး ၎င်းတို့နှစ်ဦး၏ ဆန္ဒအတိုင်း လိုက်လျောသွားမည်ဟု တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး စောအယ်မြထူးက ပြောသည်။

စစ်အာဏာသိမ်းမှု ဖြစ်စဉ်ဖြစ်ပွားပြီးနောက် KNU-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၆ နယ်မြေ၊ ဒေါနအရှေ့ခြမ်း လေးကေကော်နှင့် ဝေါလေဒေသဘက်တွင် နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA နှင့် ပူးပေါင်းခဲ့သည့် စစ်ကောင်စီ၏ ဒုတပ်ရင်းမှူးအ ဆင့် အပါအဝင် တပ်ဖွဲ့ဝင် ၂၈ဦးရှိသည်ဟု KNU ဘက်က ပြောဆိုထားသည်။
https://kicnews.org/2022/05
*******************
၁၇။ စခန်းသိမ်းခံရပြီးနောက် စစ်ကောင်စီမှ တစ်ရက်အတွင်း လေကြောင်း တိုက်ခိုက်မှု ၁၀ ကြိမ်ခန့် ပြုလုပ်ခဲ့
May 3, 2022

ကရင်အမျိုးသားအစည်းအရုံး-KNU၊ မူတြော်(ဖာပွန်)ခရိုင်၊ တပ်မဟာ(၅) အတွင်းရှိ စစ်ကောင်စီ၏ ဗျူဟာကျ ကျောက်ညှပ် စခန်း သိမ်းပိုက်ခံရပြီးနောက် စစ်ကောင်စီဘက်မှ လေကြောင်း တိုက်ခိုက်မှု ၁၀ ကြိမ်ထက်မနည်း ပြုလုပ်သွားခဲ့ကြောင်း KNU မူတြော်ခရိုင်သတင်းစဉ်က ယနေ့ သတင်းထုတ်ပြန်ထားသည်။ ပြီးခဲ့သည့် ဧပြီလ ၂၈ ရက်နေ့တွင် သံလွင်မြစ်ကမ်းနံဘေးရှိ စစ်ကောင်စီ၏ ဗျူဟာကျ အခြေစိုက်စခန်းကို KNU တပ်မဟာ(၅)နှင့် မဟာမိတ်တပ်ဖွဲ့ဝင်များ ဝင်ရောက် တိုက်ခိုက်သိမ်း ပိုက်လိုက်ပြီးနောက် စစ်ကောင်စီဘက်မှ လေကြောင်းတိုက်ခိုက်မှုဖြင့် ပြန်လည်တုန့်ပြန်ခဲ့ပြီး ပြီးခဲ့သည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ မေလ ၁ ရက်နေ့ထဲတွင်ပင် တိုက်လေယာဉ်ဖြင့် (၁၀) ကြိမ်ခန့် မူတြော်ခရိုင်၊ လူသောမြို့နယ်အတွင်းရှိ ဒေဘုနိုနှင့် သေကာထာကျေးရွာများအပေါ် လာရောက်ပစ်ခတ်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ၎င်းသတင်းထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် နေအိမ်အဆောက်အဦး ထိခိုက်ပျက်စီးမှုအနည်းငယ်ရှိပြီး ဒေသခံများအပေါ် ထိခိုက်မှုတစ်စုံတစ်ရာ မရှိခဲ့သော်လည်း ယနေ့အချိန်ထိ စစ်ကောင်စီဘက်မှ ဒရုန်းယာဉ်များဖြင့် နေ့ညမပျက်စေလွှတ်ထောက်လှမ်းလျက်ရှိကြောင်း KNU က ဆိုသည်။ အလားတူ မေလ (၁) ရက်နေ့ထဲတွင်ပင် မာထောရွာအခြေစိုက် စစ်ကောင်စီ၏ စစ်ကွပ်ကဲရေး ဌာန ချုပ်(စကခ-၈) လက်အောက်ခံ၊ ခြေမြန်တပ်ရင်း(ခမရ-၄၀၈)သည် မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်အတွင်းရှိ မယ်ညုထာကျေးရွာ အုပ်စုရှိ မယ်ညုထာကျေးရွာအတွင်းသို့ ၈၁-မမ (၃)လုံးအား ပစ်ချခဲ့ခြင်းကြောင့် ဒေသခံ စောဖားကယ်၏ စပါး(၉၀)တင်းဆံ့ သိုလှောင်ထားသည့်စပါးကျီတစ်လုံး မီးလောင်ပြာကျသွားကာ ယင်းအနီးရှိ ဆန်စက်တစ်လုံးပါ မီးလောင်ပျက်စီးသွားခဲ့ပြီး လူသူ၊ တိရိစ္ဆာန်များ ထိခိုက်မှုတစ်စုံတစ်ရာမရှိကြောင်းလည်း ယနေ့ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

စစ်ကောင်စီ၏ (၄၃၄) တပ်ရင်း အခြေစိုက်ရာ ကျောက်ညှပ်စခန်းကို KNLA အပါအဝင် ဗမာပြည်သူ့ လွတ်မြောက်ရေးတပ်တော် (BPLA) နှင့် အခြားသောမဟာမိတ် တပ်ပေါင်းစုများပါဝင်၍ တက်ရောက် သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်မှ ၎င်းစခန်း အနီးရှိ မယ်ညုထာကျေးရွာကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ဒေသခံများ ထွက်ပြေးတိမ်းရှောက်ခဲ့ရကြောင်းလည်း BPLA ၏ ထုတ်ပြန်ချက်အရ သိရသည်။ KNU တပ်မဟာ (၁) နယ်မြေအတွင်းရှိ လေးကေနှင့် ဝင်းတာပန် ကျေးရွာများတွင် တပ်စွဲထားသော နယ်ခြားစောင့်တပ်(BGF) နှင့် စစ်ကောင်စီ တပ်စခန်းများအနေဖြင့် ဧပြီလ ၂၃ ရက်နေ့ နောက်ဆုံးထားပြီး နယ်မြေအတွင်းမှ ထွက်ခွာပေးရန် ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့ (KNDO) တပ်ရင်း-၂ ဌာနချုပ်က သတိပေးစာထုတ်ပြန် ခဲ့ပြီးနောက် စစ်ကောင်စီတပ်ဘက်က ထွက်ခွာသွားခြင်းမရှိသည့်အတွက် ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီ ဘက်ကလည်း KNU တပ်မဟာ(၁) နယ်မြေကို ယခုလို ပထမဦးဆုံးအကြိမ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
https://kicnews.org/2022/05
*******************
၁၈။ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် လူနေအိမ် ၁၀ လုံးမီးလောင်ကျွမ်းပြီး အများအပြားထိခိုက်ပျက်စီး
May 2, 2022

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး သထုံခရိုင်(တပ်မဟာ ၁ နယ်မြေ) ဘီးလင်းမြို့နယ်၊ လေးကေကျေး ရွာထဲသို့ ယမန်နေ့ မေလ (၁)ရက်နေ့ တစ်ရက်အတွင်း စစ်ကောင်စီတပ်က နှစ်ကြိမ်တိုင်လေကြောင်းဖြင့် တိုက်ခိုက်ခဲ့သည့်အတွက် ဒေသခံနေအိမ် ၁၀ လုံး မီလောင်ကျွမ်းခဲ့ပြီး အခြားနေအိမ်အများအပြားလည်း ထိခိုက်ပျက်စီးခဲ့သည်ဟု ဒေသခံများက ပြောသည်။ ဘီးလင်း မြို့နယ်ရှိ စစ်ကောင်စီ၏ လေးကေစခန်းနှင့် ဝင်းတာပန်စခန်းနှစ်ခုကို ဧပြီလ ၂၃ရက်နေ့ နောက်ဆုံး ထားဆုတ်ခွာပေးရန် နယ်မြေခံ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ -KNDO စာထုတ်ပြန်ခဲ့ပြီးနောက် စစ်ကောင်စီတပ်ဘက်က ပြန်ဆုတ်ခွာခြင်း မရှိ၍ နှစ်ဖက်တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့သည်။

ထိုသို့ တိုက်ပွဲများဖြစ်ပွားရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များဘက်က ကျေးရွာထဲသို့ လက်နက်ကြီးနှင့် ပြန်လည်ပစ်ခတ်သည့် အတွက် ကျေးရွာ ၁၀ ရွာကျော်မှ ဒေသခံ ၁၀,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်ကြရပြီး အဆိုပါ တိမ်းရှောင်နေရသည့် စစ်ရှောင်များသည် ရိက္ခာလိုအပ်သည့်အပြင် နွေရာသီဖြစ်သည့်အတွက် သောက်သုံးရေ အခက်အခဲကြုံတွေ့နေရသည်ဟုလည်း စစ်ရှောင်ကူညီရေးလုပ်ဆောင်နေသူများက ပြောသည်။

ကေအဲန်ယူ သထုံခရိုင်၊ တပ်မဟာ(၁)နယ်မြေတွင် စစ်ကောင်စီတပ်က လောယာဉ်ဖြင့် လာရောက်စုံစမ်း ထောက်လှမ်းမှု မကြာခဏပြုလုပ်လျက်ရှိသော်လည်း ယခုလို လေယာဉ်ဖြင့် လာရောက်တိုက်ခိုက်မှုမှာ ပထမဆုံးအကြိမ်ဖြစ်သည်။ ဘီးလင်း မြို့နယ် လေးကေကျေးရွာအုပ်စု၊ လေးကေကျေးရွာထဲသို့ ယမန်နေ့ နံနက် ၁၁နာရီ ဝန်းကျင်တွင် တစ်ကြိမ်နှင့် နေ့လည် ၁နာရီ ဝန်းကျင်တွင်တစ်ကြိမ် စစ်ကောင်စီတပ်က ရဟတ်ယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်မှု လုပ်ဆောင်သကဲ့သို့ ကေအဲန်ယူ မူတြော်ခရိုင်၊ တပ်မဟာ(၅) ဒေပူးနိုဘက်တွင်လည်း လေယာဉ်နှင့် ၁၀ ကြိမ်ထက်မနည်း အလားတူ ဗုံးကြဲတိုက်ခိုက်မှု လုပ်ဆောင်ခဲ့သည်ဟု သိရသည်။ https://kicnews.org/2022/05

၁၉။ မြ၀တီ မြို့အနီးနေ့စဉ်တိုက်ပွဲကြောင့် မြို့တွင်းမြို့ပြင် ဘုန်းကြီးကျောင်းအချို့တွင် ခိုလှုံနေရသူ ရာချီရှိနေ
May 2, 2022

ကရင်ပြည်နယ် နယ်စပ်မြို့တစ်မြို့ဖြစ်သည့် မြ၀တီမြို့အနီးဝန်းကျင်တွင် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် -KNLA ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများနေ့စဉ် ဖြစ်ပွားမှုရှိနေသောကြောင့် ရာနှင့်ချီသော ဒေသခံများမှာ မြို့တွင်း၊ မြိုပြင်ဘုန်းကြီးကျောင်းအချို့တွင် ခိုလှုံနေကြရသည်ဟု သိရှိရသည်။

မြ၀တီ မြို့အနီး အမှတ် ၄ အောင်မြေရွှေဘုံ ရပ်ကွက် မချောလေး ဘုရားတောင် ၊ စမတောင် ဘုရားကုန်း၊ ခလရ ၂၇၅ စစ်ကောင်စီ တပ်အရှေ့ဘက်နေရာများတွင် စစ်ကောင်စီတပ် ၊ BGF တပ် အထိုင်ချနေရာများတွင် KNLA ပူးပေါင်းတပ်များနှင့် ဧပြီလ ၁၉ ရက်မှ မေလ ၁ ရက်အထိနေ့စဉ် ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားနေသည့်အတွက် ဒေသတွင်းနေထိုင်သူများမှာ မြ၀တီမြို့တွင်း ဘုန်းကြီးကျောင်းအချို့နှင့် မြို့ပြင်မြေနီကုန်းရပ်ရှိဘုန်းကြီးကျောင်း အချို့တွင် ယာယီခိုလှုံနေထိုင် တိုက်ပွဲရှောင် နေကြရ ကြောင်း သိရသည်။

ကရင်ပြည်နယ် မြ၀တီ၊ ကြာအင်းဆိပ်ကြီး၊ ဖားအံဝါးဘိုးတော လမ်းပိုင်း၊ ဖာပွန်ကမမောင်း-ကတိုင်ထိလမ်းပိုင်းများတွင် KNLA ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသလို လှိုင်းဘွဲ၊ ကော့ကရိတ်၊ ဘုရားသုံးဆူ ဒေသဘက်တွင် နှင့် စစ်ရေး တင်းမာနေဆဲ ဖြစ်ဖြစ်သည်။ ထို့အတူ ထိုင်း-မြန်မာ နယ်စပ် မြ၀တီ -လေးကေကော်- ဝေါလေ-ကနဲလေး ဒေသဘက်တွင် နေ့စဉ် ပျောက်ကျား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။ https://kicnews.org/2022/05
*******************
၂၀။ စောဘဦးကြီးပုံတူပန်းချီကား ၁၃၀၀၀ ဒေါ်လာဖြင့် လေလံရရှိ
May 2, 2022

ကရင်အမျိုးသားခေါင်းဆောင် အာဇာနည် စောဘဦးကြီး၏ ပုံတူပန်းချီကားကို ဧပြီလ ၂၁ရက်နေ့မှစတင်၍ လေလံဖွင့်ခဲ့ ရာ အမေရိကန်ဒေါ်လာ ၁၃,၀၀၀ ဖြင့် နောက်ဆုံး လေလံအောင်ခဲ့သည်ဟု ဦးဆောင်လေလံတင် ရောင်းချပေးသည့် Myanmar Global Support Foundation – MGSF က ကေအိုင်စီသို့ ပြောသည်။ “သွေးချင်းများ၏ လမ်းပြကြယ်”ဟု အမည်ပေးထားသည့် စောဘဦးကြီး ပုံတူပန်းချီကားကို မည်သည့်အဖွဲ့အစည်းဖြစ်စေ၊ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ဖြစ်စေ ဆက်သွယ်ဝယ်ယူအားပေး နိုင်ကြောင်း ကြေညာထားခဲ့သလို မေလ ၁ရက် (မေဒေးနေ့)တွင် ကျင်းပသည့်လေလံပိတ်ပွဲတွင် KOA-Karen Organization of America က ဒေါ်လာ ၁၃၀၀၀ဖြင့် လေလံရရှိသွားခဲ့ခြင်းဖြစ်သည်။

အဆိုပါပန်းချီကားကို အမေရိကန်နိုင်ငံ၌ ရောက်ရှိနေထိုင်လျက်ရှိသူ ပန်းချီဆရာစောကနေဒီ ကိုယ်တိုင်ရေးဆွဲကာ MGSF ထံသို့ လှူဒါန်းထားခဲ့ခြင်းဖြစ်ပြီး နိုင်ငံအသီးသီးသို့ရောက်ရှိနေကြသူများနှင့် နိုင်ငံတကာရောက် ကရင်အဖွဲ့အ စည်းများက ဝင်ရောက် အားပေးကြမှုကြောင့် ရရှိလာသည့် လေလံတင်ရောင်းချငွေကို ကရင်ပြည်နယ်အတွင်း အကူအ ညီ လိုအပ်သည့်နေရာများတွင် ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း လေလံတင်ရောင်းချပေးသည့် MGSF အဖွဲ့၏ ပြောပြချက်အရ သိရသည်။

ပန်းချီဆရာ စောကနေဒီက မိမိတန်ဘိုးထားပြီး အနှစ်နှစ်အလလ သိမ်းဆည်းခဲ့သည့် ပန်းချီကားများကို MGSF ထံ ပေးလှူရသည့် အဓိကရည်ရွယ်ချက်မှာ ၎င်းအဖွဲ့သည် နိုင်ငံတကာနှင့် ဆက်စပ်မှုရှိသော အသင်းအဖွဲ့တစ်ခုဖြစ်သည့် အပြင် စစ်အာဏာရှင်နှင့် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးတိုက်ပွဲတွင် အင်အားတစ်ခုဖြစ်စေရန်အတွက် ယခုကဲ့သို့ ပံ့ပိုးမှုအစီအစဉ်ကို အကောင်အ ထည်ဖော်ကြိုးစားရခြင်းဖြစ်ကြောင်းလည်း ကေအိုင်စီ၏မေးမြန်းချက်ကို ပြန်လည်ပြောဆိုခဲ့သည်။ စောဘဦးကြီးပုံတူပန်းချီ ကားအပြင် MGSF ထံ ပန်းချီကား ၃ကားနှင့် အခြားလှုပ်ရှားမှုအစီအစဉ်တွင် ပန်းချီကား ၄ကား၊ စုစုပေါင်း ၇ကား ရေးဆွဲပေးခဲ့ ကြောင်းလည်း စောကနေဒီက ထပ်လောင်းပြောဆိုခဲ့သည်။ https://kicnews.org/2022/05
*******************
၂၁။ သံလွင်မြစ်အနောက်ခြမ်းရှိ ကျေးရွာ ၈ ရွာခန့်မှ ဒေသခံရွာသား ၁၀၀ ဝန်းကျင်အား BGF ဖမ်းဆီးခေါ် ဆောင်သွား
May 1, 2022

ကရင်ပြည်နယ် ဖားအံမြို့ သံလွင်မြစ်အနောက်ခြမ်း KNU-ကရင်အမျိုးသားအစည်းအရုံး သထုံခရိုင် (တပ်မဟာ ၁) နယ်မြေရှိ ကျေးရွာ ၈ ရွာခန့်မှ ရွာသား ၁၀၀ ဝန်းကျင်ကို နယ်ခြားစောင့်တပ် -BGF တပ်ဖွဲ့ဝင်များက အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွား ခဲ့သည်ဟု ဒေသခံရွာသားများက ပြောသည်။

BGF တပ်ဖွဲ့များက ရှောင်တခင်၀င်ရောက်လာပြီး ဒေသခံကျေးရွာသားများအား ဖမ်းဆီးခေါ် ဆောင်သွားသည့် သတင်းကြောင့် သံလွင်မြစ် အရှေ့ဘက်ကမ်းကျေးရွာများအပြင် လှိုင်းဘွဲမြို့နယ် သံလွင်မြစ် အနောက်ဘက်ကမ်းကျေးရွာများဖြစ်သော ရွှေဂွန်း၊ အင်းနို့သိပ္ပံ ၊ ကော့လုံကျွန်းကျေးရွာများဘက်မှ ဒေသခံရွာသားနှင့် လူငယ်များ ဖမ်းဆီးခံရမည့်အရေး စိုးရိမ်မှုမြင့်တက်နေ ကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ ဒေသတွင် ပြီးခဲ့သည့် ဧပြီလ နှင့် မတ်လအတွင်းကလည်း ရွာသားအချို့အား ဖမ်းဆီးကာ ပေါ်တာ အထမ်းသမားအဖြစ် ရိက္ခာ နှင့် ခဲယမ်းများ ထမ်းပို့ခိုင်းခံခဲ့ရသည့် ဖြစ်စဉ်ရှိခဲ့ဖူးပြီး စစ်အာဏာသိမ်းဖြစ်စဉ် နောက်ပိုင်း BGF တပ်တွင် စစ်သားလုပ်ရန် လာရောက်စည်းရုံးခေါ်ဆောင်ခံကြရသည့် ရွာသားအချို့မှာလည်း ယနေ့အထိမိသားစုများနှင့် အဆက်အသွယ် မရကြောင်း ဒေသခံ များပြောသည်။ ယခု ဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာ BGF တာဝန်ရှိသူများကို ဆက်သွယ်မေးမြန်း၍ မရရှိပေ။
https://kicnews.org/2022/05
*******************
၂၂။ ချင်းမြေယာမူဝါဒမူကြမ်းကို အတည်ပြု
MAY 3, 2022

Network for Chin Community Development (NCCD) က ဦးဆောင်ကျင်းပခဲ့သော ချင်းမြေယာမူ ၀ါဒညီလာခံကို ဧပြီလ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့အထိသုံးရက်တာအတွင်း အိန္ဒိယ – မြန်မာနယ်စပ်တစ်နေရာတွင်ကျင်းပပြု လုပ်ခဲ့ကြပြီး နောက် ချင်းမြေယာမူဝါဒမူကြမ်းကို အတည်ပြုခဲ့ကြသည်ဟု သိရသည်။ အဆိုပါ ညီလာခံတွင် ချင်းအရပ်ဘက်အဖွဲ့အစည်းပေါင်း (၂၆) ဖွဲ့မှ ကိုယ်စားလှယ် (၉၃) ဦးတက်ရောက်ခဲ့ကြပြီး ၂၀၁၅ ခုနှစ်မှစတင်လာခဲ့သည့် မြေယာအသုံးချ မှုအလုပ်ရုံဆွေးနွေးပွဲမျ ားမှ ရရှိလာသော ချင်းမြေယာမူဝါဒမူကြမ်းများကို ပြင်ဆင်ဖြည့်စွက်ချက်များနှင့်အတူအတည်ပြုနိုင်ခဲ့ပြီး ထွက်ပေါ်လာမည့် ချင်းမြေ ယာဥပဒေအတွက် ခိုင်မာသောအခြေခံအုတ်မြစ်ကို တည်ဆောက်နိုင်ခဲ့ကြပါသည်ဟု NCCD ကထုတ်ပြန်သည်။

“မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် ခေတ်အဆက်ဆက် ဗဟိုအစိုးရ၏ တရားမျှတမှုမရှိသော စနစ်ဆိုးများကြောင့် ချင်းပြည် နယ်အတွင်းရှိ ချင်းလူမျိုးတို့၏ မြေယာစီမံခန့်ခွဲရေးစနစ်များ ယိုယွင်းပျက်စီးလာပြီး ကျေားရွာနယ်နိမိတ် ပဋ္ဋိပက္ခပြဿနာများ၊ ဖွံ့ဖြိုးရေးအမည်ခံ စီမံကိန်းများအတွက် မြေယာဆုံးရှုံးမှုများ၊ စစ်တပ်စခန်းများအတွက် မြေယာသိမ်းဆည်းမှုများနှင့် အခြား သော မြေယာရှုံးဆုံးမှုများ ဖြစ်ပွားခဲ့သည်” ဟု NCCD ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထို့ကြောင့် ထိုကဲ့သို့မြေယာရှုံးဆုံးမှုများ ထပ်မံဖြစ်ပွားမှုမရှိစေရေးကိုလည်း အဆိုပါညီလာခံတွင် အလေးထားဆွေးနွေးခဲ့ကြ သည်ဟု သိရသည်။ ချင်းအမျိုးသားများ မျှော်မှန်းထားသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု မြန်မာနိုင်ငံတည်ဆောက်ရေး နှင့် လူ့အခွင့်အရေး စံချိန်စံနှုန်းများနှင့်အညီ ဆီလျှော်သော ချင်းမြေယာဥပဒေများ ပေါ်ပေါက်လာရေးအတွက် အခရာကျသော မြေယာမူဝါဒကောင်းတစ်ခု ဖြစ်ပေါ်လာနိုင်ရေးအတွက်ကိုလည်း တစိုက်မတ်မတ် ကြိုးစားသွားကြမည်ဟု အဆိုပါညီလာခံသို့ တက်ရောက်ကြသော ကိုယ်စားလှယ်များက သဘောတူသံဓိဌာန်ချမှတ်ခဲ့ကြသည်ဟု NCCD က ထုတ်ပြန်သည်။

Main Home


******************
၂၃။ တီးတိန်မြို့တွင် စစ်ကောင်စီတပ်ဖွဲ့က သေနတ်ရမ်းသမ်းပစ်ခတ်မှုကြောင့် လူငယ်တစ်ဦး ကျည်ထိမှန်သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိ
APRIL 29, 2022

ချင်းပြည်နယ် တီးတိန်မြို့တွင် ဧပြီလ ၂၇ ရက် ယမန်နေ့ည ၈ နာရီခန့်က စစ်ကောင်စီတပ်ဖွဲ့များ မြို့တွင်းကင်းလှည့်ချိန်တွင် သေနတ်ရမ်းသမ်းပစ်ခတ်မှုကြောင့် လူငယ်တစ်ဦး ကျည်ထိမှန်ပြီး ပွဲချင်းသေဆုံးကာ အနည်းဆုံး လူငယ် ၃ ဦး ဒဏ်ရာရရှိခဲ့ သည်ဟု တီးတိန်မြို့ခံတစ်ဦးက ပြောသည်။

အဆိုပါ သေဆုံးသူမှာ အသက် ၁၇ နှစ်အရွယ် ကိုခိုင်လျန်မွောင်ဖြစ်ပြီး တီးတိန်မြို့၊ မြို့မရပ်ကွက် နှစ်ခြင်းဘုရားကျောင်းရှေ့တွင် ကျည်ထိမှန်ဒဏ်ရာဖြင့် သေဆုံးခဲ့သည်ဟု သိရသည်။

ယမန်နေ့ညတွင် မြို့မရပ်ကွက်နှင့် လွယ်ဘွာလ်းရပ်ကွက်တွင် သေနတ်ပစ်ခတ်သံများ ကြားရသည့်အပြင် ၂၆၉ တပ်ကုန်းအနီး အနားဝန်းကျင်တွင်လည်း နာရီဝက်ခန့် သေနတ်ပစ်ခတ်သံနှင့် ပေါက်ကွဲသံများ ဖြစ်ပွားခဲ့သည်ဟု သိရသည်။

Main Home


******************
၂၄။ မီဇိုရမ်တွင် လက်နက်ခဲယမ်းအမြောက်အများ ဖမ်းဆီးရမိ
MAY 3, 2022

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တွင် ယမန်နေ့ (မေလ ၁ ရက်) က အာသံရိုင်ဖယ်နှင့် မီဇိုရမ်ရဲပူးပေါင်းတပ်ဖွဲ့တို့က အိန္ဒိယ-မြန်မ်နယ်စပ်ဘက်ကိုပို့ဆောင်မည်ဟု ယူဆရသော လက်နက်ခဲယမ်းအမြောက်အများ ဖမ်းဆီးရမိခဲ့ကြသည်ဟု သိရသည်။

အာသံရိုင်ဖယ်နှင့် မီဇိုရမ်ရဲပူးပေါင်းတပ်ဖွဲ့တို့သည် ကြိုတင်သတင်းရရှိထားချက်အရ အိုင်ဇောလ်မြို့မှ ၁၉ ကီလိုမီတာ ခန့်ဝေး သော Kelsih ကျေးရွာတွင် ယာဉ်နှစ်စီးကို ရပ်တန့်စစ်ဆေးရာတွင် နယ်စပ်ကိုတင်ပို့မည့် အဆိုပါ လက်နက်ခဲယမ်းများကို လူ ၄ ဦးနှင့်အတူ ဖမ်းဆီးခဲ့သည်ဟု မီဇိုရမ်နေ့စဉ်ထုတ်သတင်းစာတွင် ဖော်ပြသည်။

ဖမ်းဆီးခံရသည့် လက်နက်ခဲယမ်းများမှာ ကီလို ၃၀၀၀ အလေးချိန်ရှိသော gelatin (မိုင်း) အချောင်း ၂၄၀၀၀၊ safety fuse box ၄ ခု (မီတာ ၂၀၀၀)၊ .22 Rifle ၅ လက်၊ 12 gauge shotgun ၃ လက်၊ ကျည်ဆံ (.177) ဖူး ၂၀၊ ယမ်းမှုန့် ကီလို ၁၀၀ နှင့် Telescope sight ၇ ခုအပြင် CDF အလံလည်း ဖမ်းဆီးရမိသည်ဟု သတင်းစာတွင် ဖော်ပြသည်။ ယခုဖြစ်စဉ်နှင့်ပတ်သက်၍ မီဇိုရမ်ပြည်နယ် ဒေသခံအမျိုးသား ၄ ဦးကိုလည်း ဖမ်းဆီးခံရပြီး Kulikawn ရဲစခန်တွင် ထိန်းသိမ်းထားသည်ဟု သိရသည်။

Main Home


******************
၂၅။ မီဇိုရမ်တွင် စစ်ဘေးရှောင်ရန်ပုံငွေအတွက် Hope Charity Concert ပြုလုပ်
MAY 2, 2022

Hope for Tomorrow အဖွဲ့၏ စီစဉ်မှုဖြင့် မီဇိုရမ်ရောက် စစ်ဘေးရှောင်ပြည်သူများအတွက် ရန်ပုံငွေဖျော်ဖြေရေး Hope Charity Concert ကို ဧပြီလ ၃၀ ရက်နေ့ညက အိုက်ဇောလ်မြို့ရှိ Vanapa Hall ခန်းမတွင် ပြုလုပ်ခဲ့ကြသည်။

Hope Charity Concert စစ်ဘေးရှောင်ရန်ပုံငွေပွဲတွင် ချင်း/မီဇိုး နာမည်ကြီးအဆိုတော်များဖြစ်ကြသည့် Shin Bia, K.Lalthlamuankimi, Angaihte, Marina V Varte, Maruati, Francis နှင့် Salai Ruatte တို့က ဖျော်ဖြေခဲ့ကြသည်။

Hope Charity Concert တွင် ဝင်ကြေးမရှိဘဲ လူတိုင်းအခမဲ့ကြည့်ရှုစေခဲ့ပြီး အွန်လိုင်းငွေပေးစနစ်နှင့် အလှူခံပုံများအားဖြင့် ရန်ပုံငွေထည့်ဝင်ခဲ့ကြသည်။ https://khonumthung.org/

၂၆။ ကျင်းပဆဲ မွန်အမျိုးသားရေးရာညီလာခံ-၂၀၂၂ မှ မွန်ပြည်နယ်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ရေးဆွဲသွားမည်
(မေ-၂-၂၀၂၂)

မွန်ပြည်သစ်ပါတီ NMSP ဦးစီးပြီး မွန်ညီညွတ်ရေးပါတီ MUP, အရပ်ဖက်မွန်လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းကျင်းပလျက် ရှိသော မွန်အမျိုးသားရေးရာညီလာခံ-၂၀၂၂ “Mon National Conference-2022” မှ မွန်ပြည်နယ်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေကို ရေးဆွဲသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

မွန်တမျိုးသားလုံး ညီညွတ်ရေး၊ ဖက်ဒရယ်ပြည်ထောင်စု အခြေခံဥပဒေရေးဆွဲရေးနှင့် မွန်ပြည်နယ်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ ရေးဆွဲရေးအတွက် မွန်ပြည်သစ််ပါတီထိန်းချုပ်နယ်မြေ ရေးချောင်းဖျားဒေသရှိ မွန်အမျိုးသားပညာရေး(ဗဟို) ရုံး (ညီစားစခန်း) ၌ မေ ၂ ရက်နေ့မှ ၅ ရက်နေ့အထိ ၄ ရက်ကြာ ကျင်းပလျက်ရှိသည်။ ထို့အပြင် ၂၀၁၉ ခုနှစ်ကတည်းက ရေးဆွဲခဲ့ သော ၁၀ နှစ်တာ မွန်အမျိုးသားစီမံကိန်း (၂၀၂၀-၂၀၃၀) ကိုလည်း ဆွေးနွေးသွားမည်ဟု သိရသည်။

လက်ရှိကျင်းပနေသည့် ညီလာခံတွင် ကိုယ်စားလှယ်များအဖြစ် ရဟန်းသံဃာတော်များ၊ မွန်ပြည်သစ်ပါတီ၊ မွန်ညီညွတ်ရေးပါတီ၊ အရပ်ဖက်မွန်အဖွဲ့အစည်းများ၊ ဖိတ်ကြားသင့်သည့်အဖွဲ့အစည်းများ၊ ဖိတ်ကြားသင့်သည့်ပုဂ္ဂိုလ်များနှင့် အထူးဧည့်သည်များ စုစု ပေါင်း ၂၂၀ ဦးကျော် တက်ရောက်လျက်ရှိကြောင်း ညီလာခံကျင်းပရေးအဖွဲ့မှ သတင်းရရှိသည်။

Home


*****************
၂၇။ ဝါရင့်နိုင်ငံရေးခေါင်းဆောင် ဦးခွန်ထွန်းဦး ကွယ်လွန်ခြင်းအပေါ် ဝမ်းနည်းကြောင်း MUP သဝဏ်လွှာပို့
(၂၀၂၂ မေ ၁)

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ဥက္ကဋ္ဌဟောင်း ဝါရင့်နိုင်ငံရေးခေါင်းဆောင် ဦးခွန်ထွန်းဦး ကွယ်လွန်ခြင်း အပေါ် ဝမ်းနည်းကြောင်း မွန်ညီညွတ်ရေးပါတီ (MUP) မှ သဝဏ်လွှာပေးပို့ခဲ့သည်။ ဦးခွန်ထွန်းဦးသည် ကွယ်လွန်ချိန်တွင် အသက် ၇၉ နှစ်ရှိပြီ ဖြစ်ကာ ရန်ကုန်မြို့ရှိ ၄င်း၏ နေအိမ်တွင် ဧပြီ ၃၀ ရက် မွန်းလွဲပိုင်းတွင် ကွယ်လွန်ခဲ့သည်။

” SNLD ဥက္ကဋ္ဌဟောင်း ဦးခွန်ထွန်းဦးသည် နိုင်ငံ၏ နိုင်ငံရေး အခင်းအကျင်းတွင် အမျိုးသားအကျိုး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနှင့် အမျိုးသားတန်းတူရေးအတွက် ကာလရှည်ကြာ စွမ်းစွမ်းတမံ အင်တိုက်အားတိုက် ရပ်တည်ပါဝင် ဦးဆောင်ဦးရွက်ပြုခဲ့သည့် ပုဂ္ဂိုလ် ” ဟု MUP ၏ ပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြထားသည်။ ထို့အတူ ဝါရင့်နိုင်ငံရေး ခေါင်းဆောင် ဦးခွန်ထွန်းဦး ကွယ်လွန်သွားခြင်းသည် တိုင်းရင်းသားများအတွက် ကြီးမားသော ဆုံးရှုံးမှုတစ်ရပ် ဖြစ်ရပါကြောင်း နှင့် အထူးပင် ဝမ်းနည်းရပါကြောင်း မှတ်တမ်းတင် သဝဏ်လွှာ ပေးပို့အပ်ပါသည်ဟု ဖော်ပြထားသည်။

ဦးခွန်ထွန်းဦး သည် ၁၉၈၈ ခုနှစ်က SNLD ကို ထူထောင်ရာမှာ ပါဝင်ခဲ့သည့် ခေါင်းဆောင်တစ်ဦးဖြစ်ပြီး နှစ် ပေါင်း ၃၀ တိုင်အောင် SNLD ပါတီကို ဦးဆောင်ခဲ့သူဖြစ်သလို ရှမ်းပြည်နယ် နိုင်ငံရေးအတွက်လည်း ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှ ပေးအပ်ခဲ့သူ ဖြစ်သည်။ ဦးခွန်ထွန်းဦးသည် နိုင်ငံရေးလှုပ်ရှားမှုကြောင့် ထောင်ဒဏ် နှစ်ပေါင်း ၉၀ ကျော် ချမှတ်ခံခဲ့ရသည်။

Home


*****************
၂၈။ ရေးမြို့နယ် စံပြကျေးရွာနှင့် နှင်းစုံကျေးရွာကြား ပစ်ခတ်မှုတွင် အမျိုးသမီး ၁ ဦးသေဆုံး
(၂၀၂၂ ဧပြီ ၂၈)

မွန်ပြည်နယ် ရေးမြို့နယ် စံပြကျေးရွာနှင့် နှင်းစုံကျေးရွာအကြားတွင် ဧပြီ ၂၇ ရက် ညနေ ၄ နာရီခန့်က ပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦး သေနတ်ဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ အမျိုးသမီးသည် မိသားစုနှင့်အတူ မိဘဆီ အလည်ပြန်လာစဉ် ပစ်ခတ်မှုကြောင့် ဦးခေါင်းတွင် ကျည်ထိမှန် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ဦးခေါင်းဒဏ်ရာဖြင့် သေဆုံးသွားသည့် အမျိုးသမီးမှာ အသက် ၂၁ နှစ်ရှိပြီး နို့တိုက်မိခင်တစ်ဦးလည်း ဖြစ်ကြောင်း သိရသည်။

သေဆုံးသွားသည့် အမျိုးသမီး ရုပ်အလောင်းကို ယနေ့ နံနက် ၇ နာရီ အချိန်တွင် လမိုင်းပရဟိတအဖွဲ့မှ လမိုင်းဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ ယင်းနေ့ နံနက်ပိုင်းကလည်း စစ်တပ်မှ ကား (၇) စီးဖြင့် သံဖြူဇရပ်မြို့မှ ရေးမြို့သို့ ဆင်းလာစဉ် ရေးမြို့နယ် ကနင်းကမော့ကျေးရွာအနီးသို့ အရောက်တွင် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) နှင့် တောင်ညို ပြည်သူပြောက်ကျားတပ် ပူပေါင်းခြုံခို ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။ အဆိုပါ ပစ်ခတ်မှုတွင် စစ်တပ်ဘက်မှ တပ်သား ၁ ဦးသေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မွန်ပြည်နယ် တောင်ညိုပြည်သူပြောက်ကျားတပ်ဖွဲ့မှ ထုတ်ပြန်ခဲ့သည်။

Home


*****************
၂၉။ သတင်းသမားလွတ်လပ်ခွင့်ဆုံးရှုံးနေကြောင်း ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့တွင် ရခိုင်သတင်းသမားများပြောဆို
03 May, 2022

ပြည်သူများကို သတင်းရေးသားတင်ပြရာတွင် သတင်းသမားများ၏ လွတ်လပ်ခွင့်များဆုံးရှုံးနေကြောင်း ယနေ့ မေလ ၃ ရက်နေ့ တွင် ကျရောက်သည့်ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့တွင် ရခိုင် သတင်းသမားများက ပြောဆိုလိုက်သည်။ ရခိုင်တွင် သတင်း ဌာနများအနေနှင့် သတင်းတင်ပြရာတာ သတင်း လွတ်လပ်ခွင့်မရှိဘဲ အန္တရာယ်ကြားမှ တင်ပြနေရပြီး သတင်းမီဒီယာသမားများ အနေဖြင့် အစိုးရနှင့် ပတ်သည့် သတင်းအပါအဝင် မည်သည့် အရပ်ဖက်သတင်းမဆို ပွင့်ပွင့်လင်းလင်းမှန်မှန်ကန်ကန် လုပ်ပိုင်ခွင့် ရစေချင်ကြောင်း ရခိုင်အခြေစိုက် Western News သတင်းဌာနမှ လက်ထောက်အယ်ဒီတာဦးထွန်းသာက နိရဥ္စရာ ကိုပြောသည်။

လက်နက်အဖွဲ့အစည်းများနှင့်ပတ်သတ်ပြီး သတင်းရေးသားသည့်အခါ ပိုမိုခက်ခဲကာ စိုးရိမ်မှုများနှင့် ရေးသားနေရပြီး အစိုးရ ဌာနဆိုင်ရာများထံမှ အချက်အလက်ရယူရာတွင်လည်း အခက်အခဲများ ကြုံတွေ့ရမှုများကြောင့် သတင်းမီဒီယာလွတ်လပ်ခွင့်မှာ ဇီးရိုသာရှိကြောင်း ရခိုင်အခြေစိုက် သတင်းဌာနတစ်ခုဖြစ်သည့် DMG သတင်းဌာန၏ အော်ပရေးရှင်းတာဝန်ခံ ဦးဇော်ဇော်က ပြောသည်။

မြန်မာနိုင်ငံတွင် စစ်ကောင်စီက အာဏာသိမ်းပြီးနောက် တစ်နှစ်တာ ကြာလအတွင် ဖမ်းဆီးခံရသည့် သတင်းသမား ၁၄၃ ထက်မနည်းရှိခဲ့ပြီး နှစ်ပေါင်း ၃၀ ကျော်အတွင်း သတင်းသမားများ ဖိနှိပ်ခံရမှု စံချိန်တင်ခဲ့သည်ဟု ISP(Institute for Strategy and Policy-Myanmar) က မေလ ၂ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။ အာဆီယံဒေသတွင်း သတင်းမီဒီယာ လွတ်လပ် ခွင့်စောင့် ကြည့် အဖွဲ့အစည်းဖြစ်သည့် Reporting ASEAN ၏ ၂၀၂၂ခု နှစ်၊ ဖေဖော်ဝါရီ (၁၀)ရက် နောက်ဆုံးထုတ်ပြန်အရလည်း အကျဉ်းထောင်တွင်းထဲ ဖမ်းဆီးထိန်းသိမ်းခံရဆဲ သတင်းထောက် (၄၇)ဦးရှိပြီး အမျိုးသမီး ၂၁.၃ ရာခိုင်နှုန်းအထိ ပါဝင်ကြောင်း သိရသည်။ https://burmese.narinjara.com/news/detail/6270c9730e719f232cb318b8
********************
၃၀။ နှစ်ပေါင်း ၃၀ ကျော်အတွင်း မြန်မာ့သတင်းသမားများဖိနှိပ်ခံရမှုစံချိန်တင်ဟု ISP ထုတ်ပြန်
03 May, 2022

မြန်မာနိုင်ငံတွင် စစ်ကောင်စီက အာဏာသိမ်းပြီးနောက် တစ်နှစ်ကျော်ကာလ အတွင်း ဖမ်းဆီးခံရသည့် သတင်းသမား ၁၄၃ ဦးထက်မနည်းရှိခဲ့ပြီး နှစ်ပေါင်း ၃၀ ကျော်အတွင်း သတင်းသမားများ ဖိနှိပ်ခံရမှုစံချိန်တင်ခဲ့သည်ဟု ISP (Institute for Strategy and Policy- Myanmar) က မေ ၂ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ ပြီးခဲ့သည့် တနှစ်ကျော်ကာလအတွင်း သတင်းသမား ၁၄၃ ဦးထက်မနည်းကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး သတင်း မီဒီယာလုပ်ငန်း ၁၁ ခုကို လိုင်စင် ပိတ်သိမ်းခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ဒီဇင်ဘာလအထိ သတင်းသမား ၁၃၂ ဦး ဖမ်းဆီးခံခဲ့ရကြောင်း၊ ၎င်းအထဲက သတင်းသမား ၂၇ ဦး ထောင်ဒဏ်ချ မှတ်ခံခဲ့ရကြောင်း ဖော်ပြသည်။ ၎င်းပြင် ပစ်ခတ်မှုများကြောင့် တဦးသေဆုံးကာ စစ်ကြောရေးတွင်လည်း တဦး သေဆုံးခဲ့သည် ဟု ဆိုသည်။

၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဧပြီလ ၂၁ ရက်အထိ သတင်းသမား ၁၁ ဦး ဖမ်းဆီးခံခဲ့ရပြီး တဦး ထောင်ဒဏ်ချမှတ်ခံခဲ့ရကြောင်း၊ သတင်းသမား တဦးမှာ စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ် တိုက်ပွဲဖြစ်ပွားနေသည့် ဒေသတွင်း ပစ်ခတ်ခံရမှုကြောင့် သေဆုံးခဲ့ကြောင်း၊ ၎င်းပြင် စစ်ကောင်စီက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ မှ ဧပြီလအထိ သတင်းမီဒီယာသမား ၃၄ ဦးထက် မနည်းကို ဖမ်း၀ရမ်း ထုတ်ခဲ့ကြောင်း ဆက်လက် ဖော်ပြထားသည်။ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့် သတင်းသမား ၁၄၃ ဦး ထဲက ၈၂ ဦးမှာ ပြန်လည်လွတ်မြောက်ခဲ့ပြီး ၅၈ ဦးမှာ ယခုအချိန်ထိ ဖမ်းဆီးထိန်းသိမ်း ခံထားရကြောင်း၊ ယနေ့ထိ သေဆုံးသူ သတင်းသမား ၃ ဦးရှိခဲ့ကြောင်း၊ ဖမ်းဆီးခံထားရသည့် ၅၈ ဦးထဲက ၁၉ ဦးဟာ ထောင်ဒဏ်ချမှတ် ခံထားရပြီး ကျန် ၃၉ ဦး ထဲက အများစုမှာ အကျဥ်းထောင်တွေထဲမှာ ဖမ်းဆီး ခံထားရသည်မှာ တနှစ်ကျော် ကြာမြင့်နေပြီ ဖြစ်သည်ဟု ပြောဆိုသည်။

အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် သတင်းမီဒီယာသမားများကို “ဖမ်းဆီး ထောင်ချမှုအများဆုံး” နိုင်ငံ တနိုင်ငံ ဖြစ်လာသည်ဟု သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေး အဖွဲ့ (CPJ) ၏ ၂၀၂၁ ခုနှစ် ဇူလိုင်တွင် ထုတ်ပြန်ခဲ့သည့် အထူးနှစ်လယ် ထုတ်ပြန်ချက်၌ ရေးသား ထားသည်။ နယ်စည်းမခြား သတင်းထောက်များအဖွဲ့က ထုတ်ပြန်သည့် သတင်း လွတ်လပ်ခွင့် ညွှန်းကိန်းအရ မြန်မာ့သတင်း လွတ်လပ်ခွင့် ညွှန်းကိန်းဟာ ၂၀၂၁ ခုနှစ်မှာ အဆင့်တဆင့် ကျဆင်းခဲ့ကြောင်း၊ မြန်မာ့သတင်းမီဒီယာ လွတ်လပ်ခွင့်မှာ စစ်အာဏာသိမ်းပြီးနောက် ဆယ်စုနှစ်တစုခန့် နောက်ပြန် ဆုတ်သွားခဲ့ကြောင်း နယ်စည်းမခြား သတင်းထောက်များအဖွဲ့က ထုတ်ပြန်ထားသည်ဟု သိရသည်။ မေလ ၃ ရက်နေ့သည် ကမ္ဘာ့သတင်း လွတ်လပ်ခွင့်နေ့ ( World Press Freedom Day) ဖြစ်သဖြင့် အဆိုပါနေ့ မတိုင်မီ ISP ၏ ယခု သတင်း ထုတ်ပြန်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ https://burmese.narinjara.com/news/detail/6270c8ff0e719f232cb318b4
**********************
၃၁။ စစ်တပ်က နယ်မြေရှင်းလင်းရေးခေါင်းစဉ်ဖြင့်ကျေးရွာတချို့သို့ဝင်ရောက်ပြီး AA အကြောင်းကို မေးမြန်မှုများရှိဟုဆို
03 May, 2022

ရခိုင်မှ မြို့နယ်တချို့မှ ကျေးရွာများတွင် နယ်မြေရှင်းလင်းရေးခေါင်းစဉ်ဖြင့် စစ်ကောင်စီ စစ်ကြောင်းများဝင်ရောက်မှုရှိနေပြီး ရက္ခိုင့်တပ်တော် (AA) အကြောင်းကို မေးမြန်းမှုများရှိနေသည်ဟု ဒေသခံများက ပြောသည်။ ယမန်နေ့ မေလ ၁ ရက် နံနက် ၁၀ နာရီခန့်က တောင်ကုတ်မြို့ နယ်၊ တဲမောက်ကျေးရွာကို ဗိုလ်မှူးအဆင့် အပါအဝင် စစ်တပ်က အင်အား ၃၀ ကျော်က နယ်မြေရှင်း လင်းရေးခေါင်းစဉ်ဖြင့် ဝင်ရောက်လာပြီး ကျေးရွာ လူကြီးများကို ထိုသို့ မေးမြန်းသွားခဲ့သည်ဟု ပြောဆိုသည်။

အမ်းမြို့နယ်တွင်လည်း ကျေးရွာတချို့ကိုစစ်ကြောင်းများ ဝင်ရောက် စစ်ဆေးခြင်း၊ အင်အားအများနှင့် သွားလာခြင်းများ ရှိကြောင်း အမ်းမြို့နယ်က လူမှုရေးလှုပ်ရှားသူ ကိုမျိုးလွင်က ပြောသည်။ ယင်းအပြင် အမ်းမြို့နှင့် မအီကြား ကားလမ်ပေါ်တွင် ဂိတ်ဖွင့်ပြီး AA နှင့် PDF တိုနှင့် ဆက်စပ်မှုရှိမရှိ မေးမြန်းကာ ဆိုင်ကယ်နှင့် ကားများကို စစ်ဆေးမှုများ ရှိနေကြောင်း ဆက်ပြော သည်။

ရခိုင်တွင် စစ်တပ်က အင်အားတိုးခြင်း၊ ရိက္ခာဖြည့်တင်းခြင်းနှင့် စစ်ရေး လှုပ်ရှားမှုများကို တောက်လျှောက်လုပ်ဆောင်မှုများရှိနေ ကြောင်း ဒေသခံများက ပြောကြားထားပြီး မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းကမူ စစ်ကောင်စီ က ငြိမ်းချမ်းရေး ဖိတ်ခေါ်ထားချိန်တွင် အခြေအနေတည်ငြိမ်နေသည့် ရခိုင်ပြည်နယ်တွင် စစ်ရေးလှုပ်ရှားမှုများ မပြုလုပ်သင့်ဟု နိရဉ္စရာသတင်းဌာနက မေးမြန်းသည့် အင်တာဗျူးတစ်ခုတွင် ပြောဆိုထားသည်။ အဆိုပါ ကိစ္စရပ်များနှင့် ပတ်သက်ပြီး စစ်တပ် ဘက် အမြင်သဘောထားများကို သိရှိနိုင်ရန် ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးကို အကြိမ်ကြိမ် ဖုန်းဆက်သော် လည်း ဖုန်းလက်ခံ ဖြေဆိုခြင်း မရှိသဖြင့် စစ်တပ်ကဘက်က သဘောထားကိုတင်ပြနိုင်ခြင်း မရှိပါ။
https://burmese.narinjara.com/news/detail/627099d40e719f232cb318aa
********************
၃၂။ သက်အမျိုးသားနေ့ကို မောင်တောမြို့နယ်တွင် စည်ကားသိုက်မြိုက်စွာကျင်းပ
03 May, 2022

ဘာသာစာပေတည်တံ့ရေးနှင့် အမျိုးသားရေးလက္ခဏာများ မပျောက်ပျက်ရေး ရည်ရွယ်ချက်ဖြင့် သက်လူမျိုးတို့၏ အမျိုးသား နေ့ကို ရခိုင်ပြည်နယ်၊ မောင်တောမြို့တွင် ပထမဆုံးအကြိမ် ယနေ့ကျင်းပခဲ့သည်ဟု သိရသည်။ အခမ်းအနားကို မောင်တောမြို့၊ မကျည်းကုန်းကျေးရွာတွင် ယနေ့ နံနက်က စတင်ကျင်းပ ပြုလုပ်ခဲ့ရာ ရခိုင်၊ သက်၊ ဗမာတိုင်းရင်းသားများ အပါအဝင် လူပေါင်း ၄၀၀ ခန့် တက်ရောက်ခဲ့ကြသည်ဟု သက်လူငယ်တစ်ဦးဖြစ်သူ ကိုကျော်အေးသန်းကပြောသည်။

အခမ်းအနားတွင် လုထုဟောပြောပွဲများ၊ ရိုးရာအကပြိုင်ပွဲများကို ထည့်သွင်းကျင်းပခဲ့ပြီး သက်လူမျိုး၏ရိုးရာအသုံးအဆောင် ပစ္စည်းများကိုလည်း ရောင်းချခဲ့ကြောင်းသိရသည်။ ရခိုင်မျိုးနွယ်စုထဲတွင် ရခိုင်အပါအဝင် မြို၊ ခမီ၊သက်၊ မရမာ၊ သက္ကမ(ခ) ဒိုင်းနက်နှင့် ကမန် စသည့် မျိုးနွယ်စုများရှိရာ သက်လူမျိုးသည် လူဦးရေ အနည်းဆုံးဖြင့် ကျန်ရှိနေသည့် ရခိုင်မျိုးနွယ်စု တစ်ခုဖြစ် ပြီး လက်ရှိ ရခိုင်ပြည်နယ်တွင် လူဦးရေ ၃၀၀၀ သာကျန်ရှိတော့သည်ဟု သိရသည်။

သက်လူမျိုးများသည် တောင်ယာနှင့် လယ်လုပ်ငန်းများကို အများဆုံး လုပ်ကိုင်ကြပြီး မောင်တော၊ မြောက်ဦးမြို့နယ်၊ ဘူးသီး တောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊စစ်တွေနှင့် အမ်းမြို့နယ် စသည့် မြို့နယ်များတွင်လည်း အနည်းငယ်စီအသီးသီး ပျံ့နှံ့ နေထိုင်လျက်ရှိသည်ဟု သိရသည်။ မြန်မာနိုင်ငံသို့ ပထမဆုံး အခြေချ နေထိုင်လာသည့် ပျူ၊ ကမ်းယံ၊ သက် အထဲတွင် ပါဝင်သည့် သက်လူမျိုးများသည် မြန်မာတစ်နိုင်ငံလုံးတွင် လူဦးရေ ၆၀၀၀ ခန့်သာ ကျန်ရှိတော့ကြောင်း သိရပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် လည်း နေထိုင်ကြသည်ဟု သိရသည်။ https://burmese.narinjara.com/news/detail/627098a70e719f232cb318a2
*********************
၃၃။ ရခိုင်တွင် တောင်ကုတ်နှင့်အမ်းခရိုင်နှစ်ခုတိုးချဲ့ရာတွင် အမ်းကို မြို့နယ်တစ်ခုတည်းဖြင့် ခရိုင်ဖွဲ့စည်း
03 May, 2022

စစ်ကောင်စီမှ ရခိုင်ပြည်နယ်တွင် တောင်ကုတ်နှင့် အမ်းခရိုင်နှစ်ခု ထပ်တိုး လိုက်ရာ အမ်းခရိုင်ကို အမ်းမြို့နယ် တစ်ခုတည်းဖြင့် ဖွဲ့စည်းကြောင်း ထုတ်ပြန်သည်။ ၂၀၂၂ ခုနှစ် ဧပြီ ၃၀ ရက်နေ့ဖြင့် စစ်ကောင်စီ ပြည်ထဲရေးဌာနက ထုတ်ပြန်ရာတွင် တောင်ကုတ် ခရိုင်ကို တောင်ကုတ်မြို့နယ်နှင့် မာန်အောင်မြို့နယ်တို့ဖြင့် ဖွဲ့စည်းကြောင်း၊ အမ်းခရိုင်ကို အမ်းမြို့နယ် တစ်ခုတည်းဖြင့် ဖွဲ့စည်း ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ယခင်က ကျောက်ဖြူခရိုင်တွင် ကျောက်ဖြူ၊ ရမ်းဗြဲ၊ မာန်အောင်နှင့် အမ်း ၄ မြို့နယ်ရှိရာမှ လက်ရှိဖွဲ့စည်းရာတွင် မာန်အောင် မြို့နယ်ကို တောင်ကုတ် ခရိုင်တွင်ထည့်သွင်းလိုက်ပြီး အမ်းမှာ ခရိုင် တစ်ခုဖြစ်လာသဖြင့် ကျောက်ဖြူ ခရိုင်တွင် ကျောက်ဖြူနှင့် ရမ်းဗြဲမြို့နယ် ၂ ခုသာ ကျန်ရှိတော့သည်။ အလားတူ သံတွဲခရိုင်တွင်လည်း သံတွဲ၊ ဂွနှင့် တောင်ကုတ်မြို့ နယ် ၃ ခုရှိရာတွင် တောင်ကုတ်ကို ခရိုင်အဆင့် တိုးမြှင့်လိုက်သဖြင့် သံတွဲခရိုင်တွင် သံတွဲမြို့နယ်နှင့် ဂွမြို့နယ်တို့သာကျန်ရှိတော့သည်။

ရခိုင်ပြည်နယ်တွင် ယခင်က စစ်တွေ၊ မောင်တော၊ မြောက်ဦး၊ ကျောက်ဖြူနှင့် သံတွဲခရိုင် (၅) ခုရှိရာမှ နောက်ထပ် တောင်ကုတ် နှင့် အမ်းကို ခရိုင်အဖြစ် တိုးမြှင့်လိုက်သဖြင့် ခရိုင် (၇) ခုရှိသွားပြီဖြစ်သည်။ အလားတူ ချင်းပြည်နယ်မှ ပလက်၀နှင့် တီးတိန် မြို့နယ်ကိုလည်း ခရိုင်အဖြစ် တိုးမြှင့်လိုက်ကြောင်း သိရှိရသည်။ စစ်ကောင်စီက မြန်မာတစ်နိုင်ငံလုံးတွင် ခရိုင် ၄၆ ခု တိုးချဲ့ ဖွဲ့စည်းခဲ့ကြောင်း သိရသည်။ ထိုသို့ တိုးချဲ့ ဖွဲ့စည်းလိုက်သဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယခင်က ခရိုင် ၇၅ ခု ရှိခဲ့ရာမှ လက်ရှိတွင် ခရိုင်ပေါင်း ၁၂၁ ခရိုင် အထိ ရှိသွားပြီဖြစ်သည်။
https://burmese.narinjara.com/news/detail/627098440e719f232cb318a0
********************
၃၄။ ရှမ်းခေါင်းဆောင်ဦးခွန်ထွန်းဦးကွယ်လွန်ခြင်းအပေါ် ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA) အပါအဝင် ရခိုင်နိုင်ငံရေး အဖွဲ့ အစည်း ၄ ခုမှ ဝမ်းနည်းကြောင်း သဝဏ်လွှာပို့
03 May, 2022

ရှမ်းတိုင်းရင်းသားခေါင်းဆောင်ကြီး ဦးခွန်ထွန်းဦး ကွယ်လွန်ခြင်းအတွက် ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA) အပါအဝင် ရခိုင်ပါတီများဖြစ်ကြသည့် ရခိုင်အမျိုးသားပါတီ (ANP)၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD)နှင့် ရခိုင့်ဦးဆောင်ပါတီ(AFP) တို့မှ ဝမ်းနည်းကြောင်းသဝဏ်လွှာ ပေးပို့ခဲ့ကြသည်။ ULA ၏သဝဏ်လွှာက ပေးပို့သည့် သဝဏ်လွှာတွင် “ အဖိနှိပ်ခံ ရှမ်းပြည်သူ လူထုများ၏ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးပိုင်ခွင့် ရရှိရေးအတွက် မရှိမဖြစ် စံထားရမည့် လမ်းပြပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး ယခုကဲ့သို့ နိုင်ငံရေးပန်းတိုင် မရောက်မီ လမ်းခုလတ်၌ ဦးခွန်ထွန်းဦးအား ဆုံးရှုံးလိုက်ရခြင်းသည် ရှမ်းပြည်သူလူထုအတွက်သာမက အဖိနှိပ်ခံ မြန်မာပြည်သူလူထုကြီး တစ်ရပ်လုံး အတွက်ပါ တန်ဖိုးကြီးမားလှသော အစားထိုးမရသည့် ဆုံးရှုံးမှုကြီးတစ်ရပ်ပင် ဖြစ် ကြောင်း” ရေးသားထားသည်။

ရခိုင်အမျိုးသားပါတီ(ANP)က သဝဏ်လွှာတွင် “ဦးခွန်ထွန်းဦး၏ အမျိုးသားတန်းတူရေး ကိုယ်ပိုင် ပြဌာန်းခွင့်ရရှိရေး ကိုယ်ပိုင် အုပ်ချုပ် စီမံခွင့်ရရှိရေး နှင့် စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေးတို့ အတွက်ကိုယ်ကျိုးစွန့် ကြိုးပမ်းအားထုတ်ခဲ့ မှုများကို ရခိုင်အမျိုးသား ပါတီအနေဖြင့် မှတ်တမ်းတင် ဂုဏ်ပြုပြီး ဦးခွန်ထွန်းဦး ကွယ်လွန်သွားသည့် အတွက် ဦးခွန်ထွန်းဦး၏ မိသားစု၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်(SNLD) တို့နှင့် ထပ်တူထပ်မျှဝမ်းနည်း ကြေကွဲရပါကြောင်း” သဝဏ်လွှာ ပေးပို့ထားသည်။ ဦးခွန်ထွန်းဦးသည် တိုင်းရင်းသားတန်းတူရေးနှင့် ဒီမိုကရေစီရေးတို့အတွက် ရှမ်းအမျိုးသားများကို သာမက နိုင်ငံအဆင့်ဦးဆောင်လျက် ပြီးခဲ့သော ဆယ်စုနှစ် သုံးစုလုံးလုံး စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သည့်အတွက် ဦးခွန်ထွန်းဦး ကွယ်လွန်သွားသည့်အပေါ် ဝမ်းနည်းရပါကြောင်း ရခိုင်ဦးဆောင်ပါတီက (AFP) ကလည်း သဝဏ်လွှာပေးပို့ထားသည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD )ကလည်း “ ဦးခွန်ထွန်းဦး ကွယ်လွန်ခြင်းသည် ရှမ်းတိုင်းရင်းသားများ အတွက် သာမက ပြည်ထောင်စုဖွား တိုင်းရင်းသား အားလုံးအတွက် ကြီးစွာသော ဆုံးရှုံးမှုဖြစ်ပြီး ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD ) အတွက် နှစ်ပေါင်းများစွာ မဟာမိတ်အဖြစ် လက်တွဲပြီး အာဏာရှင် စနစ်ကို အတူတိုက်ဖျက်ခဲ့သူအဖြစ် အစားထိုးမရသည့် ဆုံးရှုံးမှုတစ် ရပ်ဖြစ်သောကြောင့် ဥက္ကဋ္ဌကြီးကွယ်လွန်ခြင်းအပေါ် အထူးဝမ်းနည်း ကြေကွဲစွာကြောင်း” သဝဏ်လွှာတွင် ဖော်ပြ ပါရှိသည်။ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ဥက္ကဋ္ဌဟောင်း၊ ရှမ်း အမျိုးသားခေါင်းဆောင်ကြီး ဦးခွန်ထွန်းဦး (၇၉) နှစ် သည် ၂၀၂၂ ခုနှစ်၊ ဧပြီလ (၃၀) ရက်နံနက် (၁ဝးဝ၀) နာရီတွင် ရန်ကုန်မြို့ နေအိမ်၌ လူကြီး ရောဂါဖြင့် ရုတ်တရက် ကွယ်လွန် သွားခဲ့သည်။ ဦးခွန်ထွန်းဦးသည့် ၁၉၈၈ ခုနှစ်၊ အောက်တိုဘာလတွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) ကို စတင်တည်ထောင်ခဲ့ပြီး ၂၀၂၀ ခုနှစ် နှစ်ကုန်ပိုင်းအထိ တာဝန်ယူခဲ့သူဖြစ်သည်။
https://burmese.narinjara.com/news/detail/627099870e719f232cb318a8
******************
၃၅။ သျှမ်းနိုင်ငံရေးခေါင်းဆောင် SNLD ထူထောင်သူဖြစ်တဲ့ ဦးခွန်ထွန်းဦး ကွယ်လွန်
April 30, 2022

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ဥက္ကဋ္ဌဟောင်း ဦးခွန်ထွန်းဦး ယနေ့ ဧပြီ (၃၀) ရက် မနက်ပိုင်းမှာ ရန်ကုန်မြို့ရှိ နေအိမ်မှာ ကွယ်လွန်သွားကြောင်း စုံစမ်းသိရှိရပါတယ်။ ရှစ်လေးလုံး အရေးတော်ပုံ အပြီး ၁၉၈၈ခုနစ် မှာ SNLD ကိုစတင်ထူ ထောင်သူတွေထဲမှာ ဦးခွန်ထွန်းဦး ပါ၀င်ခဲ့ပြီး ၁၉၉၀ ရွေးကောက်ပွဲမှာ သျှမ်းပြည် မြောက်ပိုင်း သီပေါမြို့နယ်ကနေ လွှတ်တော် ကိုယ်စားလှယ်အဖြစ် ၀င်ရောက်ယှဥ်ပြိုင်ခဲ့ရာ အနိုင်ရရှိခဲ့သူဖြစ်ပါတယ်။

စစ်အစိုးရ လက်ထက်မှာ နိုင်ငံရေး လှုပ်ရှားမှုကြောင့် ထောင်ဒဏ် ၉၃နှစ် ချမှတ်ခံခဲ့ရသူဖြစ်ပြီး ပူတာအို ထောင်မှာ ၆နှစ် ကြာ အကျဥ်းကျခံပြီးနောက် ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။

ဦးခွန်ထွန်းဦးဟာ သီပေါစော်ဘွား စဝ်ကြာဆိုင် ရဲ့ မြေးဖြစ်ပြီး၊ ဦးခွန်ထွန်းဦး ကွယ်လွန်သွားချိန်မှာ အသက် (၇၉) နှစ်ရှိပြီး၊ ဇနီး နှင့် အတူ သား၊သမီး (၂)ယောက် နှင့် မြေး (၂)ယောက် ကျန်ရစ်ခဲ့ပါတယ်။ ဦးခွန်ထွန်းဦးသေဆုံးခြင်းဟာ ရှမ်းလူမျိုးထု တရပ်လုံး ရဲ့ ဆုံးရှုံးမှုတရပ်ဖြစ်ပါတယ်။ https://burmese.shannews.org/archives/27945
******************
၃၆။ သျှမ်းလက်နက်ကိုင်များ ဒေသခံများထံ အိမ်ထောင်စုစာရင်းကောက်ခံနေ
April 30, 2022

သျှမ်းလက်နက်ကိုင်တပ်ဖွဲ့များ ဒေသခံပြည်သူများထံ အိမ်ထောင်စု လူဦးရေစာရင်း ကောက်ခံမှုများ ပြုလုပ်နေကြောင်း သတင်း သိရသည်။ သျှမ်းပြည်တောင်ပိုင်းရှိ ပင်လုံမြို့၊ လဲချားမြို့ နှင့် တခြားသော မြို့နယ်များရှိ ကျေးရွာများတွင် သျှမ်းလက်နက် ကိုင် တပ်ဖွဲ့များမှ ဒေသခံပြည်သူတို့၏ အိမ်ထောင်စု စာရင်းကောက်ယူမှုများ ရှိနေပြီး လက်ရှိတွင် ပြည်သူများ က ကြောက်လန့်ကာ ထွက်ပြေးနေကြကြောင်း သျှမ်းသံတော်ဆင့်မှ စုံစမ်းသိရှိရသည်။

ပင်လုံမြို့ရှိကျေးရွာများတွင် သျှမ်းပြည်တိုးတက်ရေးပါတီ၊သျှမ်းပြည်တပ်မတော် (SSPP/SSA)မှ ကျေးရွာဒေသခံ များထံ အိမ်ထောင်စုနှင့် လူဦးရေစာရင်းကောက်ခံတောင်းယူမှုကြောင့် ဒေသခံရွာသားများ ရွာလုံးကျွတ်ထွက်ပြေးသည့် ကျေးရွာများ ရှိသည့်အပြင် တချို့လည်း အိုးအိမ်လယ်ယာများစွန့်ခွာက ရှောင်တိမ်းနေကြကြောင်း သိရှိရသည်။ ယင်းကဲ့သို့ လုပ်ဆောင်ချက် များနှင့် ပက်သက်ပြီး SSPP/SSA ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးဖုန်းဟန်ထံသို့ ဆက်သွယ်မေးမြန်းရာ Data collation အတွက် တောင်းခံခြင်းဖြစ်ကြောင်း သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ ဖြစ်စဉ်များနှင့် ပက်သက်ပြီး ပင်လုံမြို့နယ်မှ ကျေးရွာအုပ်ချုပ်ရေးတစ်ယောက်ကို ဆက်သွယ်မေးမြန်း ရာ ယခင်ကာလ များတွင်လည်း စာရင်းကောက်ယူတောင်းခံမှုများရှိသော်လည်း ထွက်ပြေးခြင်းမရှိကြောင်း နှင့်ယခုတွင် ထွက်ပြေးသူများပြား နေကြောင်း သျှမ်းသံတော်ဆင့်ကို ပြောသည်။ SSPP/SSA တို့သည် လွိုင်လင်ခရိုင်အတွင်းရှိ ပင်လုံမြို့၊ လဲချားမြို့နယ်၊ ကျေးသီးမြို့နယ်၊ နမ့်စန်မြို့နယ် နှင့် မိုင်းကိုင်မြို့နယ်ရှိ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) တပ်များကို တိုက်ထုတ်ပြီးလက်ရှိတွင် အဆိုပါ ဒေသများအတွင်း၌ သွားလာလှုပ်ရှားလျက်ရှိကြောင်း သိရသည်။
https://burmese.shannews.org/archives/27934
*********************
၃၇။ လွိုင်လင်ခရိုင်အတွင်း စစ်ကောင်စီနှင့် SSPP/SSA တို့ နေရာယူ လှုပ်ရှားမှုများ ရှိနေဆဲ
April 29, 2022

သျှမ်းပြည်တောင်ပိုင်း ဆနင်းတောင်ကြာအပါအဝင် လွိုင်လင်ခရိုင်အတွင်း စစ်ကောင်စီတပ်ဖွဲ့များနှင့် သျှမ်းပြည်တိုးတက်ရေး ပါတီ၊ သျှမ်းပြည် တပ်မတော် SSPP/SSA တို့ နေရာယူလှုပ်ရှားမှုများရှိနေကြောင်း စုံစမ်းသိရသည်။ လွိုင်လင်ခရိုင်ထဲတွင် ပင်လုံမြို့၊ လဲချားမြို့နယ်၊ ကျေးသီးမြို့နယ်၊ နမ့်စန်မြို့နယ် နှင့် မိုင်းကိုင်မြို့နယ်တို့ ဖြစ်ကြောင်းသိရသည်။

စစ်ကောင်စီအင်အားများ နေရာတချို့မှ ဆုတ်ခွာသွားသော်လည်း ၎င်းတို့ တပ်စခန်းနေရာအနီးပတ်ဝန်းကျင်တွင် နေရာယူထား မှုများရှိနေသေးကြောင်း SSPP/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းဖုန်းဟန်က သျှမ်းသံတော်ဆင့်ကို ပြောသည်။ စစ်ကောင်စီ ဘက်မှ နေရာတချို့ ဆုတ်ခွာပေးမှုနှင့် လမ်းကြောင်းတချို့ပြန်လည်ဖွင့်လှစ်ပေးခြင်းသည် ငြိမ်းချမ်း ရေးဆွေးနွေးရန် ကမ်းလှမ်းမှု ပက်သက်ပြီး လက်ရှိတော်လှန်ရေး အနေအထားများသည် အနီအဖြူ သဲကွဲရန် လိုအပ်ကြောင်း ဗိုလ်မှူးဖုန်းဟန်က ဆက်ပြော သည်။

အာဏာသိမ်းစစ်ခေါင်းဆောင်မှ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များထံ ငြိမ်းချမ်းရေးဆွေးနွေးရန် ကမ်းလှမ်းမှုများထွက်ပေါ် လာပြီးနောက်ပိုင်း ဆနင်းဒေသမှ စစ်ကြောင်းတချို့ဆုတ်ခွာမှုများရှိသည့်အပြင် သျှမ်းတောင်အတွင်းမှ ပိတ်ထားသည့် လမ်း တချို့လည်းပြန်ဖွင့်ပေးကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဧပြီလ ၂၇ ရက်နေ့တွင် မိုင်းနောင်နှင့် ကွန်ဟိန်းကို ဆက်သွယ်ထားသည့် ဝမ်စိမ်းလမ်းကို စစ်ကောင်စီ ပြန်ဖွင့်ပေးပြီး စစ်သားများအစား ပြည်သူ့စစ်များကိုသာ ဂိတ်စောင့်အဖြစ် တွေ့မြင်ရကြောင်း ကွန်ဟိန်းမြို့သို့ ခရီးသွားခဲ့သည့် မျက်မြင်တွေ့ရသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသ်ည။
https://burmese.shannews.org/archives/27917
*******************
၃၈။ ကျောက်မဲ လူငယ်တစ်ဦး ထောင်ဝင်စာ သွားပို့ရာမှ ပျောက်ဆုံး
April 29, 2022

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ သျှမ်းလူငယ်တစ်ဦးသည် ညီဖြစ်သူကို ထောင်ဝင်စာသွားပို့ပြီး အပြန်တွင် ပျောက်ဆုံးသွား ပြီးနောက် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် သတင်းများလည်း ထွက်ပေါ်နေကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဧပြီ ၂၆ ရက် ညနေ ၅ နာရီဝန်းကျင်တွင် နေအိမ်မှ ကျောက်မဲမြို့ မြို့မရဲစခန်းသို့ ထောင်ဝင်စာ ထမင်းထုပ် သွားပို့သည့် စိုင်းဝင်းဟန် (ခ) ကိုဖြိုးဝေဟန်သည် အပြန်လမ်းတွင် ပျောက်ဆုံးသွားပြီး အဆက်အသွယ်လည်း ပြတ်သွားကြောင်း မိသားစုတစ်ဦးက သျှမ်းသံ တော်ဆင့်ကို ပြောသည်။

စိုင်းဝင်းဟန် ပျောက်ဆုံးနေမှုသည် အဆိုပါ ဒေသအတွင်း လှုပ်ရှားနေသည့် စရဖ နှင့် စစ်ကောင်စီတပ်သားတို့ ဖမ်းဆီးထိန်း သိမ်းထားခြင်းဖြစ်ကြောင်းလည်း အဆိုပါ ကျောက်မဲမြို့နယ်မှ အမည်မဖော်လိုသူ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ ယင်းသတင်းဖြစ်စဥ်နှင့် ပက်သက်ပြီး စိုင်းဝင်းဟန်၏ မိသားစုဝင်များကို မေးမြန်းရာ သတင်းကြားမိရကြောင်း နှင့် အတည်မပြုနိုင်သေးကြောင်း သျှမ်းသံတော်ဆင့်ကို ပြောသည်။

မိခင်ဖြစ်သူနှင့် မိသားစုများကို လုပ်ကိုင်ကျွေးမွေးနေသူ စိုင်းဝင်းဟန် ပျောက်ဆုံးမှုကြောင့် မိသားစု၏ စီးပွားရေး / စားရေး သောက်ရေးများ အခက်အခဲဖြစ်လာနိုင်ကြောင်း သိရသည်။ စိုင်းဝင်းဟန် ပျောက်ဆုံးမှုနှင့် ပက်သက်ပြီး အမှန်တရားနှင့် တရားမျှ တမှုရရှိစေရန်နှင့် အမြန်ဆုံး ဘေးကင်းစွာဖြင့် ပြန်တွေ့နိုင်ရေးအတွက် သျှမ်းလူမှုအဖွဲ့အစည်းများနှင့် သက်ဆိုင်ရာများ ကူညီ ပေးကြရန်လည်း မိသားစုဝင်များမှ တောင်းဆိုထားသည်။ https://burmese.shannews.org/archives/27922
***********************

မှတ်ချက်။ သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။

** ပြီး **