• Today is: Thursday, April 25, 2024

အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၎င်းကိုယ်တိုင်တွေ့ဆုံ ဆွေးနွေးမည်ဖြစ်ကြောင်း ဖိတ်ခေါ်မှုကို ကေအိုင်အို ပယ်ချ

အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၎င်းကိုယ်တိုင်တွေ့ဆုံ ဆွေးနွေးမည်ဖြစ်ကြောင်း ဖိတ်ခေါ်မှုကို ကေအိုင်အို ပယ်ချ

မေ ၅၊ ၂၀၂၂ (ဖက်ဒရယ်ဂျာနယ်)

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများသို့ ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၎င်းကိုယ်တိုင်တွေ့ဆုံ ဆွေးနွေးမည်ဖြစ်ကြောင်း ဖိတ်ခေါ်မှုကို ကေအိုင်အို က ပယ်ချမှုသဘောဆောင်သည့် ကြေညာချက် ယနေ့ထုတ်ပြန်ထားသည်။

“နိုင်ငံရေးပြဿနာကို နိုင်ငံရေးဆွေးနွေးခြင်းဖြင့် အဖြေရှာရန် လိုအပ်ပါသည်။

ယခု ဖိတ်ကြားချက်တွင်
(က) ပါဝင်သင့်သူအားလုံး ဖိတ်ခေါ်ခြင်း မရှိကြောင်း တွေ့ရပါသည်။
(ခ) နိုင်ငံ၏ အရေးအရာများကို ဆွေးနွေးအဖြေရှာမည်ဟူသော သဘောထား မပါရှိသည်ကို တွေ့ရှိရပါသည်။”

“ပါဝင်သင့်သူများအားလုံး ပါဝင်ပြီး နိုင်ငံ၏အရေးအရာများကို တန်းတူဆွေးနွေးနိုင်မည့် အချိန်အခါ၊ အခင်းအကျင်းရှိမှသာ ပါဝင်ဆွေးနွေးမည်” ဟု ယနေ့ ထုတ်ပြန်ထားသည်။