• Today is: Friday, March 29, 2024

စစ်ကောင်စီ ဥက္ကဌ၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဖိတ်ကြားခြင်းနှင့် ပတ်သက်ပြီး EAO သုံးဖွဲ့ ပူးတွဲကြေညာ

စစ်ကောင်စီ ဥက္ကဌ၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဖိတ်ကြားခြင်းနှင့် ပတ်သက်ပြီး EAO သုံးဖွဲ့ ပူးတွဲကြေညာ
မေ ၉၊ ၂၀၂၂ (ဖက်ဒရယ်ဂျာနယ်)

စစ်ကောင်စီ ဥက္ကဌ၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဖိတ်ကြားမှုသည် လက်ရှိထိုးစစ်ဆင်နေမှုများ ပြုလုပ်နေသည့် ဒေသများမှ အမြန်ဆုံး ရပ်တန့်ပြီး ပါဝင်သင့်ပါဝင်ထိုက်သော Stakeholder များ ဖိတ်ခေါ်နိုင်မှ အဓိပ္ပါယ် ပြည့်၀သော တွေ့ဆုံဆွေးနွေးမှု ဖြစ်မည်ဟု EAO သုံးဖွဲ့ က ယနေ့ ပူးတွဲကြေညာ ထုတ်ပြန်ထားသည်။

စစ်ကောင်စီ ဥက္ကဌ ရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ဖိတ်ကြားချက် တက်ရောက်မယ့်သူ စာရင်း နောက်ဆုံး ပေးရမယ့် ယနေ့ မေလ ၉ ရက်နေ့မှာ ကရင်အမျိုး သားအစည်းအရုံး (KNU)၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) နှင့် ချင်းအမျိုးသားတပ်ဦး (CNF) တို့ သုံးဖွဲ့ က ပူးတွဲ ကြေညာချက် ထုတ်ပြန်လာသည်။
အပြည့်အစုံကို ကြေညာချက်တွင် ဖတ်ရှုနိုင်ပြီ။