• Today is: Friday, August 12, 2022

လူကြီးမင်းများကို Zoom ချဲ့ကြည့်ခြင်း

လူကြီးမင်းများကို Zoom ချဲ့ကြည့်ခြင်း
************************************
ရဲဘော် Scope

ဗျို့  အယ်ဒီတာ ခင်ဗျာ…
ဖက်ဒရယ်ကို ဖွေရှာရင်း အာဏာ /နေရာရူး တတ်တဲ့ လူတွေ တွေ့တော့ Scope က မနေနိုင်လို့ရေးရဦးမယ်ဗျ။ ဒီမိုကရေစီခရီးနှင်ရင်း မှန်ရင် မှန်တယ် မှားရင် မှားတယ်ပြောတတ်တဲ့အကျင့်ကြောင့်လည်း ရွာအပြင် မကဘူး တောထဲထိရောက်နေပြီဗျာ။ခက်တာက အာဏာရာထူးအတွက် တွေက တောထဲထိ မြင်ရတွေ့ရတော့လူငယ်ပီပီ ဆန်းစစ်၊ဝေဖန် ရ ဦးမယ်။ဘာတွေပဲ ဖြစ်ဖြစ် ကျုပ်စာတွေ မြင်ပြီး ဖက်ဒရယ်ပြည်ထောင်စုမှာနေရာရူးလိုသူတွေ လျော့စေနည်းစေရင်တော့ အကောင်းသားပေါ့ဗျာ။

ကျုပ်တို့ Cobra ကဗိုလ်ကြီးဒါဘောကို PVTV က interviewလေး ခင်ဗျားနားထောင်မိလောက်မယ်ထင်ပါတယ်။

အဲ့ဒီမှာ ‘အခုလက်ရှိလူငယ်တွေက ရိုးရှင်းတယ်ဗျ၊သူတို့ကတော့ အာဏာရှင်ကို အခုလက်ရှိ ဘာကြောင့် တိုက်နေရလဲဆို သူတို့အားလုံးက ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့အထဲ အကုန်လုံးပါတယ်။ငြိမ်းချမ်းစွာ ဆန္ဒပြတာကို ဒါ သူတို့ရှေ့မှာပဲ သူတို့မိသားစုဝင်တွေ ရက်ရက်စက်စက် အသတ်ခံရတာတွေရှိတယ်။ အချို့ဆို အိမ်လိုက် တွေ ရှိတယ်၊တချို့ဆို့ တစ်မိသားစုလုံးမှာ ၁ယောက်ထဲကျန်တာတွေရှိတယ်။ ရောက်လာတဲ့ ကျွန်တော့် စစ်ကြောင်းမှာဆို အကုန်လုံးက ဒဏ်ရာဒဏ်ချက်တွေနဲ့။…

ဒါမယ့် တကယ်တမ်း မေးကြည့်တော့ သူတို့မှာ ဘာမှ တပ်မက်စိတ်မရှိဘူး။ သူတို့ကဒီအာဏာရှင်ကြီး ကျသွားရင်ရပြီ။ သူတို့မှာ ဘာဖြစ်စေချင်တာလဲဆိုရင် သူတို့အိမ်ကိုပြန်ချင်တယ်၊ ကောင်းကောင်းမိုမို ကိုယ့်နိုင်ငံမှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ နေချင်တယ်။ဒီနိုင်ငံကြီးကို ငါတို့ အုပ်ချုပ်ရမှ၊ဒီPDF တပ်ကြီးက ပြန်ပြီးတော့မှ လို့ မရှိဘူး။ အဓိက သူတို့မှာ ဒီအာဏာရှင် ကျဆုံး ရင် ငြိမ်းချမ်းပြီ။ အခုလည်း အာဏာရှင်ကို ရဲရဲဝံ့ဝံ့ တိုက်နေတယ်၊အသက်ပေးပြီး တိုက်နေတယ်ဆိုတာလည်း သူတို့ ငြိမ်းငြိမ်းချမ်းချမ်းနေချင်လို့။ ပြောမယ်ဆို မိသားစုလေးနဲ့ တချို့ဆို ကျွန်တော် ကြားရတာ မျက်ရည်ကျတယ်။သူတို့ကို  ဒီတော်လှန်ရေးပြီး သွားရင် ဘာလုပ်မှာလဲလို့မေးလိုက်ရင် ဘာမှမရှိဘူး။

သူတို့မှာ ကောင်းရောင်းကောင်းဝယ်/ တချို့ဆို့ ဆိုက်ကားနင်းတဲ့သူက ဆိုက်ကား ပြန်နင်း ၊ ပန်းရံ လုပ်တဲ့သူက ပန်းရံ ပြန်လုပ်မယ်၊ တချို့ကျောင်းတတ်လား ကျောင်းပြန်တတ်မယ်။ ဒီလောက်ပဲ သူတို့မှာ ဘာမှကို နိုင်ငံရေးနဲ့ပတ်သတ်ပြီး စီးပွားရေးတို့ ဘာတို့ မရှိဘူး။ရိုးရိုးသားပဲ သူတို့ ဒီတော်လှန်ရေးပြီးသွားရင် သူတို့ အိုးအိမ်ပြန်မယ်။သူတို့ အရင်အလုပ်လေးတွေ ကောင်းရောင်းကောင်းဝယ် လုပ်မယ် ဒီလောက်ပဲ’ဆိုတဲ့ အချက်ကို သတိထားမိမယ်လည်း ထင်ပါတယ်။

ဘယ်လို စစ်စစ် ဘယ်လိုမေးမေး ကျုပ်တို့ လူငယ်တွေက အရိုးခံ ဗျ။တစ်နေ့ တပ်စိတ်မှူးမှသည် တပ်ရင်းမှူးတို့ ဘာဘာညာ ကျုပ်တို့ ဘာမှမဖြစ်ချင်ဘူး။ ဘာရာထူးမှ ကျုပ်တို့ လူငယ်တွေ ကိုယ်မှာ မကပ်ချင်ဘူး ရွှေပြည်ကြီးက လူကြီးမင်းများ ရဲ့ ထုံးစံအတိုင်းအာဏာ၊ ရာထူး၊နေရာလိုစိတ်တွေ ၀င်မှာစိုးရဲ့ဗျ။ ဒီလိုစိတ်တွေနဲ့ ကျုပ်တို့ လူငယ် 75% လောက်က တော်လှန်ရေးခရီးနှင်ရင်း ထုံးစံအတိုင်း နေရာ ရူးတဲ့ လူတချို့ မြင်တွေ့ရတော့ အတော်စိတ်ပျက်မိ၊ အတော် ရွံမိပါရဲ့ဗျာ။

ကိုယ်ပေါင်ကိုယ်လှန်ထောင်းဆိုလည်း ထောင်းရမှာပဲ အယ်ဒီတာရေ။ရှေ့ကင်း အသီးသီးမှာ ရမ်းပစ်တဲ့ အမြောက်ဆံ၊ ကျည်ဆံတွေကြား ကျုပ်တို့ လူငယ်လေးတွေ မားမားမတ်မတ်ရှိချိန် ပစ်ဟေ့ ဖြစ်ဟေ့ဆို သေးများထွက်ကျနေမလားက ထင်ရတဲ့ တာဝန်ရှိလူကြီးမင်းများရှိတယ်ဗျို့။တချို့ညတွေဆိုဒီလူက လက်နက်ကြီး ကြောက်လို့ နောက် စခန်းပြန်အိပ်တဲ့အကျင့်ဆိုး အကျင့်ဟောင်းကလဲ ရှိသေး။ သေချင်သေကွာဆိုတဲ့ လူငယ်လေးတွေကြားမသေအောင်နေမယ်ဆိုတဲ့ အတွေးကြီးလက်ကိုင်စွဲလို့ပေါ့ဗျာ။

ဗျို့ အယ်ဒီတာရေ ဗိုလ်ကြီးနဲ့ ရဲဘော်များ စခန်းသိမ်းပွဲတွေပြီးရင်တော့ တက်လာတဲ့ ပုံတွေမှာ ဒီလူတွေပုံကြီး အခန့် သင့်ဗျ။ ကျုပ်တို့ လူငယ်လေးတွေလည်း ဖျာခင်းတတ်ရင် ခက်မယ်ဗျ၊ အထူးသဖြင့် ပွဲလန့်တုန်းဆိုပိုဆိုးပေါ့။အောက်ဖဲလှန်တယ်ထင်ရင်လည်း ခက်မယ်ဗျာ။ အဆိုပါ လူကြီးမင်းများကို ဘယ်လောက်များများ ကြုံနေရဦးမလဲ အတွေးနဲ့လည်း ရင်လေးပါရဲ့ဗျာ။

 တစ်နေ့က ကျုပ်တို့ ဗိုလ်ကြီး ပြောတဲ့စကားလေးလည်း ပြန် Shareဦးမယ်ဗျာ ‘တော်လှန်ရေးကာလမှာ လူငယ်တွေက သိပ်ကို အထိရှလွယ်တယ်၊ဒါကြောင့်လည်း ငါသူတို့ အောက်မှာပဲ နေတယ်လို့ ‘ ပြောချလိုက်တော့ ကျုပ်တို့ အဆိုပါ လူကြီးမင်းနဲ့ ကျုပ်တို့လူမျိုးတွေ ထုံးစံ၊ အကျင့်ကို ဗိုလ်ကြီးတို့လူမျိုး ထုံစံ၊ခံယူချက်ကို ယှဉ်မိလိုက်တဲ့ ဖြစ်ခြင်း။

ယုံကြည်မှုကြောင့်ရဲခဲ့ရင့်ခဲ့ကြတဲ့ နွေဦးထဲက ဒီလိုလူတန်းစားတွေကို ပျောက်စေပျက်စေချင်လို့ ခရီးနှင်ရင်း ကြုံရတော့ ယုံ မနိုင်ပေါင်ပေါ့ဗျာ။ ကျုပ်တို့ဘာမှ စိတ်မဝင်စားချိန်ကဆို အဆိုပါ လူကြီးမင်းများကဒီလိုများလုပ်နေခဲ့ရော့လားလို့လဲ တွေးမိ မေးမိ။ဖြေလည်း ကိုယ့်ဘာသာဖြေမိပေါ့ ဒါတွေကြောင့်လည်း ဒါမျိုးတွေ ဖြစ်ခဲ့ပေါ့ဗျာ။

 လူအမျိုးမျိုးစိတ် အထွေထွေဆိုပေမယ့် 75% က အမျိုးမျိုး မဟုတ်ဘူးအယ်ဒီတာရေ။ ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့ အညံ့ခံ ငြိမ်းချမ်းရေး ကို ငါတို့ အလိုမရှိ၊ သေချင် သေပါစေဆိုတဲ့ တစ်မျိုးတည်းဗျ၊တစ်မျိုးတည်း။ဒါကြောင့် အယ်ဒီတာရေ နှင်နေဆဲ တော်လှန်ရေး ခရီးနဲ့ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုမှာ အဆိုပါလူကြီးမင်းများအား လျော့စေနည်းချင်တဲ့ ကျုပ်စေတနာကို သေနတ်အမျိုးမျိုး၊ ကျည်အမျိုးမျိုးကြားထဲက75% သောလူငယ်တွေအတွက် ဗိုလ်ကြီး ဒါဘောလို သူတွေသာ အလိုရှိကြောင်း ပြောရင်း တင်ပြလိုက်ပါတော့တယ်။

တော်သေးပြီ။    ။