• Today is: Friday, April 19, 2024

အပတ်စဉ်စုဆောင်း တိုင်းရင်းသားသတင်းများ စုစည်းတင်ပြခြင်း

Zawgyi

အပတ္စဥ္ တိုင္းရင္းသတင္းမ်ားစုစည္းတင္ျပျခင္း
(No.37,May 17 , 2022)
၁။ ကြတ္ခိုင္ လီဆူစစ္ေရွာင္စခန္းတြင္ MNDAA စစ္သား ဝင္ေရာက္ စုေဆာင္း
၂။ ဓားျပတိုက္သူမ်ား ယာဥ္တိုက္မႈျဖစ္ၿပီးေနာက္ ပစၥည္းခ်န္ကာ ထြက္ေျပးသြား
၃။ ဆြမ္ပရာဘြမ္လမ္းမႀကီးတစ္ေလ်ာက္ ေက်း႐ြာအျပင္မထြက္ရန္ ေဒသခံမ်ားကို စစ္ေကာင္စီတပ္ ၫြန္ၾကားထား
၄။ ကုန္ပစၥည္းတင္ပို႔မႈ ကန႔္သတ္ခ်က္မ်ားေၾကာင့္ ေဆာ့ေလာ္ၿမိဳ႕နယ္တြင္ ကုန္ေစ်းႏႈန္းျမင့္တက္
၅။ ခရီးသည္တင္ကား မႏၲေလး-ျမစ္ႀကီးနား လမ္းပိုင္းတြင္ ဓားျပတိုက္ခံရ
၆။ စစ္ေကာင္စီတပ္ အင္အား ရာခ်ီ ေရာက္ရွိေနေသာ တီယန္ဇြပ္တြင္ ေရလမ္းေၾကာင္းပိတ္ထားသျဖင့္ ေဒသခံမ်ား အခက္ ေတြ႕
၇။ စစ္ေကာင္စီတပ္မွ ျပည္သူမ်ားကိုအသုံးခ်ၿပီး ပစၥည္းသယ္ယူေနတာေၾကာင့္ ရွားေတာ-လြိဳင္ေကာ္လမ္းကို ယာယီပိတ္ ထား
၈။ ဖယ္ခုံအင္းအေရွ႕ဘက္ျခမ္းကို စစ္ေကာင္စီက ေလေၾကာင္းျဖင့္ ဗုံးက်ဲတိုက္ခိုက္၊ ႏွစ္ဖက္ က်ဆုံးမႈရွိ
၉။ မူးယစ္ေဆးသုံးေနတဲ့ ျပည္သူတစ္ဦးကို KNDF B-10 ထိန္းသိမ္းထား
၁၀။ ဒီေမာ့ဆိုအေရွ႕ဖက္ျခမ္းမွာ မူးယစ္ေဆးဝါးအလုံး (၃၀၀၀) ခန႔္ ဖမ္းဆီးရမိ
၁၁။ စစ္ေကာင္စီထုတ္ကုန္ေတြကို မိုးၿဗဲ PDF စစ္ေဆး ဖ်က္စီး
၁၂။ ဖယ္ခုံျပည္သူ႔အုပ္ခ်ဳပ္ေရးအဖြဲ႕က ထုတ္ျပန္ခ်က္အေပၚ တစ္စုတစ္စည္းတည္းျဖစ္ဖို႔လိုတယ္လို႔ ( KSCC ) ကျပန္လည္ တုန႔္ျပန္
၁၃။ ယေန႔နံနက္ ကင္းပုန္းဝပ္ေနတဲ့ စစ္ေကာင္စီကို မိုးၿဗဲPDF ဝင္ေရာက္တိုက္ခိုက္ၿပီး စစ္ေကာင္စီ သုံးဦးေသဆုံး
၁၄။ KSCC က ပအိုဝ္းလူထုအေပၚ အိတ္ဖြင့္ေပးစာ ေပးပို႔
၁၅။ ထိုင္ေတာ္မူ ဘုရားေတာင္ မွာ တိုက္ပြဲျဖစ္ခဲ့ၿပီး စစ္ေကာင္စီ (၂)ဦးက်ဆုံး
၁၆။ ႏွစ္ဖက္စစ္ေရး တင္းမာေနဆဲ ေဒသအတြင္းသြားလာျခင္း မျပဳရန္ နယ္ေျမခံ KNLA တာဝန္ရွိသူမ်ား သတိေပးထား
၁၇။ မိုးရာသီအတြင္း ခိုလႈံႏိုင္ရန္ ေဒါနအေရွ႕ျခမ္းရွိ စစ္ေဘးေရွာင္မ်ားအား ယာယီတဲအိမ္ေလးမ်ား ေဆာက္လုပ္ေပး
၁၈။ ငါးရစ္ငါးသန္းရာသီကာလတြင္ ငါးဖမ္းျခင္းမျပဳလုပ္ရန္ KNU ထုတ္ျပန္
၁၉။ က်ဳံဒိုးတြင္ စစ္အာဏာရွင္ဆန္႔က်င္ေရးဆႏၵထုတ္ေဖာ္မႈအတြင္း ပါ၀င္ခဲ့ဖူးသူေနအိမ္မ်ားအား ၀င္ေရာက္ဖမ္းဆီး၍ ေဒသခံ ၅ ဦးဖမ္းဆီးခံရ
၂၀။ ေျမျမႇဳပ္မိုင္းႏွင့္ မေပါက္ကြဲေသးသည့္ ဗုံးမ်ားေၾကာင့္ ေလးေကေကာ္ ေဒသခံေတာင္သူမ်ား လုပ္ငန္းခြင္ မ၀င္ရဲေသး
၂၁။ စစ္မွန္သည့္ ၿငိမ္းခ်မ္းေရးေဆြးေႏြးမႈျဖစ္ရန္ စဥ္းစားလုပ္ေဆာင္သင့္သည့္ တိုက္တြန္းခ်က္ (၅)ခ်က္ PNFC ထုတ္ျပန္
၂၂။ မတူပီၿမိဳ႕နယ္က စစ္ေဘးေရွာင္ျပည္သူမ်ား ရိကၡာႏွင့္ ေဆးဝါးမ်ားျပတ္လပ္
၂၃။ မြန္ဝန္ႀကီးခ်ဳပ္ေဟာင္း ေဒါက္တာေအးဇံကို ေထာင္ဒဏ္ ၂၁ ႏွစ္ ထပ္မံခ်မွတ္
၂၄။ ေရးၿမိဳ႕နယ္ ကဗ်ာႀကီးေက်း႐ြာတြင္ အုပ္ခ်ဳပ္ေရးမႉးႏွင့္ လဝကအရာရွိတစ္ဦး ေသနတ္ျဖင့္ ပစ္သတ္ခံရ
၂၅။ ေခ်းေငြျပန္သြားေတာင္းသည့္ စထနာပါနာကုမၺဏီဝန္ထမ္း အသတ္ခံရ
၂၆။ ေ႐ြးေကာက္ပြဲ၊ ၿငိမ္းခ်မ္းေရးႏွင့္ ပတ္သက္၍ NSPNC ႏွင့္ ကရင္ KNDP ပါတီတို႔ ေတြ႕ဆုံေဆြးေႏြးခဲ့
၂၇။ ဂြတြင္ က်င္းပခဲ့သည့္ ANP ဗဟိုေကာ္မတီအစည္းအေဝး ယေန႔ၿပီးဆုံး
၂၈။ ဘူးသီးေတာင္တြင္ မူဆလင္႐ြာသားႏွစ္ဦးကို AA ကို သတင္းပို႔သည့္ သံသယျဖင့္ စစ္တပ္က (၁၀) ရက္တိတိ ဖမ္းဆီး ထိန္းသိမ္းထားခဲ့ဟုဆို
၂၉။ ေက်ာက္ျဖဴရွိ ေက်ာက္တစ္လုံးမူဆလင္ကယ္ဆယ္ေရးစခန္းေနရာသစ္ မိုး႐ြာသည္ႏွင့္ ေရနစ္ျမဳပ္
၃၀။ မင္းျပားတြင္ စစ္တပ္ႏွင့္ AA တစ္ဖက္ႏွင့္တစ္ဖက္ အနီးကပ္ေစာင့္ၾကည့္မႈမ်ား ရွိေနဟုဆို
၃၁။ ဖယ္ခုံၿမိဳ႕နယ္ ေက်း႐ြာတခ်ိဳ႕ ဖုန္းလိုင္းပိတ္ခံရ
၃၂။ ကြတ္ခိုင္ၿမိဳ႕နယ္ ပန္ေလာ့စစ္ေရွာင္ (၁၂) ဦး MNDAA စစ္သားလုပ္ရန္ဖမ္းဆီးသြား
၃၃။ ဖယ္ခုံၿမိဳ႕နယ္ တိုက္ပြဲ PDF တစ္ဦးက်ဆုံး စစ္ေကာင္စီ အမ်ားအျပားေသဆုံး
၃၄။ စစ္ေရွာင္ျပည္သူမ်ားကို PNA ႏွင့္ စစ္ေကာင္စီ က တားျမစ္ပိတ္ပင္
၃၅။ မုံးကိုးၿမိဳ႕ေပၚ ႀကံတင္ကားသမားမ်ားထံ ေငြေၾကး အဆမတန္ ေကာက္ခံေန
**********************
၁။ ကြတ္ခိုင္ လီဆူစစ္ေရွာင္စခန္းတြင္ MNDAA စစ္သား ဝင္ေရာက္ စုေဆာင္း
17th May 2022

ရွမ္းျပည္နယ္ေျမာက္ပိုင္း ကြတ္ခိုင္ၿမိဳ႕နယ္ နမ္ဖတ္ကာေက်း႐ြာအနီး မိုင္းယုေလး လီဆူစစ္ေရွာင္စခန္းမွ အသက္မျပည့္ေသး ေသာ လူငယ္တစ္ဦးႏွင့္အတူ အသက္ ၂၀ ဝန္းက်င္ လူငယ္ ၃ ဦးကို ကိုးကန႔္ MNDAA တပ္ဖြဲ႕မွ စစ္သားစုေဆာင္းသြားေသာ ေၾကာင့္ အျမန္ျပန္လြတ္ေပးရန္ ေတာင္းဆိုေနၾကသည္။ အဆိုပါညတြင္ ပန္ေလာ့ေက်း႐ြာမွ ေဒသခံ ၁၂ ဦးကို MNDAA တပ္ဖြဲ႕က ဖမ္းဆီးေခၚေဆာင္သြားရာ ၁၁ ဦးမွာ လီဆူ စစ္ေရွာင္စခန္းမွျဖစ္သည္ဟု သိရသည္။

သို႔ေသာ္ ေမလ ၁၆ ရက္ေန႔ မနက္ပိုင္း တာဝန္ရွိ လူႀကီးမ်ားမွ လိုက္လံေျပာဆိုေသာေၾကာင့္ ၈ ဦး ျပန္လည္ လြတ္ေျမာက္လာၿပီး အသက္မျပည့္ေသးသူအပါအဝင္ လူငယ္ ၄ ဦးကို ေခၚေဆာင္ထားေသးေၾကာင္း သိရသည္။ အဆိုပါ က်န္ရွိေနေသးသူ ၄ ဦးတြင္ အသက္ ၁၇ ႏွစ္အ႐ြယ္ လူငယ္ ေယာက်္ားေလး တစ္ဦး၊ အသက္ ၂၀ ေက်ာ္ ေယာက်္ားေလး ၂ ဦး ႏွင့္ အသက္ ၃၁ ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦးတို႔ ျဖစ္ၾကသည္။

မိုင္းယုေလး၊ လီဆူစစ္ေရွာင္စခန္းတြင္ အိမ္ေျခ ၄၇ ခု ရွိၿပီး လူဦးေရ ၂၃၀ ခန႔္ရွိသည္ကို သိရသည္။ အဆိုပါ စစ္ေရွာင္ ျပည္သူမ်ားသည္ လြန္ခဲ့ေသာ ၂၀၁၅ ခုႏွစ္တြင္ စစ္ပြဲေၾကာင့္ ကြတ္ခိုင္ေဒသ ငူငါ လို႔ေခၚတဲ့ ေတာင္ေပၚေက်း႐ြာမွ တိမ္းေရွာင္လာ ခဲ့ေသာ ျပည္သူမ်ားျဖစ္ၾကသည္။ ကြတ္ခိုင္ၿမိဳ႕မွ ဆိုင္ကယ္ျဖင့္ တစ္နာရီခန႔္ သြားရၿပီး၊ မိုင္းယုေလးေက်း႐ြာ အနီးတစ္ဝိုက္တြင္ စစ္ေရွာင္စခန္း ၄ ခုခန႔္ရွိသည္ကို သိရသည္။ https://burmese.kachinnews.com/2022/05/17/may-17-ld-1/
*******************
၂။ ဓားျပတိုက္သူမ်ား ယာဥ္တိုက္မႈျဖစ္ၿပီးေနာက္ ပစၥည္းခ်န္ကာ ထြက္ေျပးသြား
16th May 2022

မူဆယ္ၿမိဳ႕ ပန္လုံကြက္သစ္တြင္ ယမန္ေန႔ည ၇ နာရီဝန္းက်င္တြင္ အိမ္တစ္အိမ္ကို လူတစုဓားျပဝင္တိုက္ၿပီး‌ေနာက္ အျပန္ကား တိုက္မႈျဖစ္သည့္အတြက္ လုယက္လာသည့္ ပစၥည္းမ်ား အခင္းျဖစ္းပြားရာေနရာတြင္ခ်န္ထားကာ ထြက္ေျပးသြားေၾကာင္း ေဒသ ခံမ်ားထံမွ သိရသည္။ ေသနတ္ကိုင္ေဆာင္ထားသည့္ လူ ၄ ဦးခန႔္မွ တ႐ုတ္အိမ္တစ္အိမ္တြင္ မီးခံေသတၱာနဲ႔ ကားလုယက္ဓားျပ တိုက္သြားၿပီး ထြက္ေျပးလာစဥ္ လမ္းတြင္ ကားတိုက္မႈျဖစ္သြားသည္ဟု အိမ္ရွင္အသိ အမ်ိဳးသားတစ္ဦးက ေျပာသည္။

ကားတိုက္သည့္ ေနရာတြင္ ၎တို႔ကားကိုလည္းထားခဲ့ၿပီး ကားေပၚတြင္ ေသနတ္မ်ား၊ ဖုန္းမ်ား၊ ဓားျပတိုက္လာေသာ ေ႐ႊ၊ ေငြ မ်ားကိုပါ ထားခဲ့ၿပီး ထြက္ေျပးသြားၾကသည္ဟုဆိုသည္။ ေ႐ႊေငြပစၥည္းမ်ားကို ဓားျပတိုက္ခံရေသာ အိမ္ရွင္ထံ ျပန္လည္ေပးအပ္ ၿပီးျဖစ္ေၾကာင္း၊ ဓားျပမ်ားက ထြက္ေျပးလြတ္ေျမာက္သြားေၾကာင္း ေဒသခံမ်ား ေျပာျပသည္။ မိသားစုဝင္‌ထဲမွ တစ္ဦးက အိမ္အ ေနာက္ဘက္က ထြက္သြားၿပီး ရပ္ကြက္လူႀကီးကို တိုင္တန္းထားရာ လူမ်ားစုေဝး ေရာက္လာခ်ိန္ ဓားျပမ်ား ထြက္သြားၿပီ ျဖစ္ေသာ္လည္း မိနစ္အနည္းငယ္အၾကာ ပန္လုံကြက္သစ္နဲ႔ ပန္လုံ႐ြာေဟာင္းၾကား ေကာင္းမႉးလြယ္ လမ္းဆုံတြင္ ကားတိုက္မႈ ျဖစ္ပြားခဲ့ျခင္း ျဖစ္သည္။

ေမလ ၁၀ ရက္ေန႔တြင္လည္း မူဆယ္ၿမိဳ႕‌မွ ဖုန္းဆိုင္တစ္ဆိုင္ကို ေသနတ္ကိုင္ေဆာင္ထားေသာ ဓားျပ ၄ ဦးမွ ေငြက်ပ္ တန္ဖိုး သိန္း ၁ ေထာင္ေက်ာ္ခန႔္ကို ဓားျပတိုက္ လုယက္ယူ‌ေဆာင္သြားၿပီး ၎ဓားျပ ၄ ဦးထဲမွ ၃ ဦးကို ျပန္လည္ ဖမ္းဆီးရမိထားကာ လုယက္ယူေဆာင္သြား‌ေသာ ပစၥည္း ၃ ပုံ ၁ ပုံ ခန႔္ကိုလည္း ျပန္လည္ရရွိၿပီ ျဖစ္ေၾကာင္း ၎ဆိုင္မွ သိရသည္။ စစ္တပ္ အာဏာ သိမ္းၿပီးေနာက္ မူဆယ္ၿမိဳ႕တြင္ ခိုးဆိုး လုယက္ဓားျပတိုက္မႈမ်ား တရက္တျခား ပိုမ်ားလာၿပီး ပိုင္ရွင္မဲ့ လူေသေလာင္းမ်ားေၾကာင့္ ေဒသခံမ်ား စိုးရိမ္မႈမ်ားျဖင့္သာ ေနထိုင္ရေၾကာင္း သိရသည္။

ဓားပြတိုက်သူများ ယာဉ်တိုက်မှုဖြစ်ပြီးနောက် ပစ္စည်းချန်ကာ ထွက်ပြေးသွား


********************
၃။ ဆြမ္ပရာဘြမ္လမ္းမႀကီးတစ္ေလ်ာက္ ေက်း႐ြာအျပင္မထြက္ရန္ ေဒသခံမ်ားကို စစ္ေကာင္စီတပ္ ၫြန္ၾကားထား
16th May 2022

ပူတာအိုသို႔ ဦးတည္တက္လာေသာ အင္အားရာခ်ီပါဝင္ေသာ စစ္ေကာင္စီယာဥ္တန္း ျဖတ္သန္းမည့္ ဆြမ္ပရာဘြမ္ လမ္းမႀကီး တစ္ေလ်ာက္ ေက်း႐ြာမ်ားကို ႐ြာအျပင္မထြက္ရန္ စစ္ေကာင္စီတပ္မ်ားၫြန္ၾကားထားသျဖင့္ ေဒသခံမ်ား ခက္ခဲမႈ ႀကဳံေတြ႕ေနရ ေၾကာင္း သိရသည္။ ယခုရက္ပိုင္းအတြင္း ဆြမ္ပရာဘြမ့္ၿမိဳ႕နယ္ ေက်း႐ြာ ၄ခုခန႔္ကို စစ္ေကာင္စီတပ္ဖြဲ႕က ေက်း႐ြာအတြင္းမွ ၂ မိုင္ခန႔္ေဝးေသာ ေနရာဘက္သို႔ သြားလာျခင္း မျပဳလုပ္ၾကရန္ တားျမစ္ထားေသာေၾကာင့္ စားဝတ္ေနေရးအတြက္ ေတာင္ယာ လုပ္ငန္းလုပ္ကိုင္ရန္ ခက္ခဲေနသည္ဟု ေဒသခံအမ်ိဳးသားတစ္ဦးက KNG သတင္းဌာနကို ေျပာဆိုသည္။

ယခုလို စစ္ေကာင္စီဘက္မွ သြားလာေရးပိတ္ဆို႔ထားမႈေၾကာင့္ ႐ြာအျပင္ ၃ မိုင္ခန႔္သြားလာ လုပ္ကိုင္ရေသာ ေတာင္ယာလုပ္ ေသာ ေဒသခံမ်ားအတြက္ ပိုမို ခက္ခဲေနျခင္း ျဖစ္သည္။ စစ္ေကာင္စီတပ္မွ သြားလာခြင့္ပိတ္ထားသည့္ ေက်း႐ြာမ်ားသည္ ခဂရန္၊ မိုင္ေထာင္း၊ တ႐ူးႏွင့္ ဆြပ္ခါးစေသာ ေက်း႐ြာမ်ားျဖစ္ၾကၿပီး ေက်း႐ြာအသီးသီး၏ အုပ္ခ်ဳပ္ေရးမႉးအဖြဲ႕မွတဆင့္ လိုက္လံ သတိ ေပးေျပာဆိုထားေၾကာင္းသိရသည္။ ျမစ္ႀကီးနားမွ ပူတာအိုဘက္သို႔ဦးတည္ကာ တက္လာသည့္ စစ္ေကာင္စီတပ္ စစ္ရိကၡာသယ္ ယဥ္တန္းအဖြဲ႕သည္ ယေန႔ ၁နာရီဝန္းက်င္ခန႔္တြင္ ဆြမ္ပရာဘြမ့္ၿမိဳ႕နယ္ ခဂရန္းေက်း႐ြာအတြင္းသို႔ စတင္ဝင္ေရာက္ေနရာ ခ်ထားၿပီး ခဂရန္းေက်း႐ြာ မေရာက္မွီ ၁၀ မိုင္ခန႔္ေဝးေသာ ဒ႐ူ (Daru Hka)မွ ထြက္ခြာလာခဲ့ေၾကာင္းသိရသည္။

ယေန႔ စစ္ေကာင္စီယာဥ္တန္း ခဂရန္ယန္ေက်း႐ြာအတြင္းသို႔ ဝင္ေရာက္လာခ်ိန္တြင္ ေဒသခံျပည္သူမ်ားအေနျဖင့္ လက္နက္ႀကီး လက္နက္ငယ္သံမ်ား ေက်း႐ြာ အတြင္းမွ ပစ္ခတ္သံမ်ားၾကားရေသာ္လည္း တိုက္ပြဲျဖစ္ပြားျခင္းရွိမရွိ အေသးစိတ္သိရွိႏိုင္ျခင္း မရွိေသးဘဲ စစ္ေကာင္စီတပ္ဖြဲ႕ဘက္မွ ရမ္းသမ္းပစ္ခတ္မႈလည္းျဖစ္ႏိုင္သည္ဟု ေဒသခံတစ္ခ်ိဳ႕ သုံးသပ္ေျပာဆိုထားပါသည္။ ထို႔ေနာက္ ေမလ ၁၅ရက္ ယမန္ေန႔ ၁၂နာရီဝန္းက်င္ခန႔္တြင္ ပူတာအိုဘက္ကို တက္လာသည့္ စစ္ေကာင္စီတပ္ဖြဲ႕ စစ္ရိကၡာ တင္ယာဥ္တန္းကို လုံၿခဳံေရးေနရာယူထားေသာ စစ္ေကာင္စီတပ္ဖြဲ႕ႏွင့္ ကခ်င္လြတ္လပ္ေရးတပ္မေတာ္ KIA တို႔ ကဝါးပန္ ေက်း႐ြာအနီးတဝိုက္တြင္ တိုက္ပြဲျဖစ္ပြားခဲ့ေၾကာင္း ေဒသခံျပည္သူမ်ား ေျပာဆိုခ်က္မွ သိရသည္။

ဆွမ်ပရာဘွမ်လမ်းမကြီးတစ်လျောက် ကျေးရွာအပြင်မထွက်ရန် ဒေသခံများကို စစ်ကောင်စီတပ် ညွန်ကြားထား


******************
၄။ ကုန္ပစၥည္းတင္ပို႔မႈ ကန႔္သတ္ခ်က္မ်ားေၾကာင့္ ေဆာ့ေလာ္ၿမိဳ႕နယ္တြင္ ကုန္ေစ်းႏႈန္းျမင့္တက္
16th May 2022

ကခ်င္ျပည္နယ္ ျမစ္ႀကီးနားၿမိဳ႕မွ ေဆာ့ေလာ္ၿမိဳ႕နယ္သို႔ ကုန္ပစၥည္းတင္ပို႔ရာတြင္ လမ္းပန္းဆက္သြယ္ေရး ခက္ခဲေနေသာ ေၾကာင့္ ကုန္ေစ်းႏူန္းမ်ား အဆမတန္ ျမင့္တက္ေနသည္ဟု သိရသည္။ လက္ရွိ လမ္းပန္းဆက္သြယ္ေရး ခက္ခဲေနသည့္အျပင္ ကုန္ပစၥည္းတင္ပို႔ရာတြင္ စစ္ေကာင္စီေအာက္ နယ္လုံလက္မွတ္ မပါပါက ဂိတ္ေၾကး ၃ သိန္းဝန္းက်ငအထိ ေပးေဆာင္ရသည္ဟု အမည္မေဖာ္လိုသူ ကုန္ပစၥည္း တင္ပို႔သူကေျပာသည္။

ေဆာ့ေလာ္ၿမိဳ႕သည္ ကိုဗစ္မျဖစ္ခင္ကာလမ်ားက ဆန္ႏွင့္ အျခားကုန္ပစၥည္းမ်ားကို တ႐ုတ္ျပည္မွတဆင့္ အဓိကဝယ္ယူ စားသုံး ခဲ့ၾကသည္။ ေနာက္ပိုင္းတြင္ ကိုဗစ္ေရာဂါေၾကာင့္ တ႐ုတ္ျပည္အစိုးရက နယ္စပ္ဂိတ္မ်ား ပိတ္ခဲ့ေသာေၾကာင့္ ကုန္စည္မ်ားသယ္ ယူခြင့္မရတဲ့အေျခေနနဲ႔ ႀကဳံေနရတာ ျဖစ္ပါတယ္။ ေဆာ့ေလာ္ၿမိဳ႕သို႔ ကုန္ပစၥည္းတင္ပို႔ရန္ ျပည္သူ႔စစ္၊ နယ္ျခားေစာင့္တပ္၊ စစ္ေကာင္စီ ထိန္းခ်ဳပ္ရာဂိတ္အသီးသီးမွ ျဖတ္သန္းကာသြားရသည္ဟု သိရသည္။

ေဆာ့ေလာ္ၿမိဳ႕တြင္ ဆန္တစ္တင္းခြဲ တစ္အိတ္လွ်င္ ေျခာက္ေသာင္း မွ ၇ေသာင္းၾကား၊ ဆားတစ္အိတ္လွ်င္ ၂ ေသာင္းမွ ၂ ေသာင္း ခြဲၾကား၊ စားေသာက္ကုန္ ေခါက္ဆြဲေျခာက္တစ္ဖာလွ်င္ တစ္ေသာင္းခြဲအထိ ေပးေနရသည္ဟု ေဒသခံမ်ားထံမွ သိရသည္။ အခုလို ကုန္စ်းႏူန္းမ်ား ျမင့္တက္ေနေသာေၾကာင့္ ေဆာ့ေလာ္ ေဒသခံျပည္သူမ်ားအေနျဖင့္ စားဝတ္ေနေရး အခက္အခဲမ်ားစြာ ႀကဳံေနရ ေၾကာင္း နီးစပ္သည့္ အမည္မေဖာ္လိုသူတစ္ဦးကေျပာျပသည္။

ကုန်ပစ္စည်းတင်ပို့မှု ကန့်သတ်ချက်များကြောင့် ဆော့လော်မြို့နယ်တွင် ကုန်စျေးနှုန်းမြင့်တက်


*******************
၅။ ခရီးသည္တင္ကား မႏၲေလး-ျမစ္ႀကီးနား လမ္းပိုင္းတြင္ ဓားျပတိုက္ခံရ
14th May 2022

မႏၲေလး-ျမစ္ႀကီးနား အေဝးေျပး လမ္းမႀကီးေပၚတြင္ မတ္ ၁၃ ရက္ေန႔က သစၥာလႈိင္ ခရီးသည္တင္ Express ကားတစ္စီး ဓားျပ တိုက္ခံလိုက္ရၿပီး ခရီးသည္မ်ား၏ ဖုန္း၊ ပိုက္ဆံႏွင့္ လက္ဝတ္ရတာမ်ား လုယူသြားေၾကာင္း သိရသည္။ ယမန္ေန႔ ည ၉ နာရီခြဲ အခ်ိန္ခန္႔ မႏၲေလးမွ ျမစ္ႀကီးနားဘက္သို႔တက္လာသည့္ ယင္းခရီးသည္တင္ကားသည္ မႏၲေလး-ျမစ္ႀကီးနားလမ္းပိုင္း စစ္ကိုင္း တိုင္းအင္းေတာ္ၿမိဳ႕နယ္ နတ္မဟုတ္ႀကီးေက်း႐ြာအနီးတြင္ ဓါးျပတိုက္ခံရျခင္းျဖစသည္ဟု အင္းေတာ္ ျပည္သူ႔ကာကြယ္ေရးတပ္ ဖြဲ႕မွ တာဝန္ရွိသူက KNG သတင္းဌာနသို႔ ေျပာသည္။

အဆိုပါလမ္းပိုင္းတြင္ ခရီးသည္တင္ Express ကားဓားျပတိုက္ခံရမႈ တစ္လတြင္း ၄ ႀကိမ္အထိ ျဖစ္ပြားခဲ့ၿပီျဖစ္ေၾကာင္း သိရ သည္။ ကားမ်ားဓားျပတိုက္ခံရမႈျဖစ္စဥ္မ်ားမွာ မတ္လ ၉ ရက္ေန႔တြင္ တစ္ႀကိမ္၊ ၁၀ ရက္ေန႔တြင္ တစ္ႀကိမ္၊ ၁၂ ရက္ေန႔ တြင္တစ္ႀကိမ္ႏွင့္ ယမန္ေန႔က တစ္ႀကိမ္စုစုေပါင္းေလးႀကိမ္ အထိျဖစ္ပြားခဲ့ၿပီး ေငြးသားဓာျပတိုက္ခံမႈ က်ပ္ ၂ သိန္းမွ သိန္း ၂၀ အထိ လုယုဓားျပတိုက္ခံရမႈမ်ား ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ယမန္ေန႔က သစၥာလႈိင္ခရီးသည္တင္ကား ဓားျပတိုက္ခံရမႈနဲ႔ပတ္သက္၍ ယင္းကားဂိတ္၏ ျမစ္ႀကီးနားဂိတ္မႉးကို ဆက္သြယ္ ေမးျမန္းရာ အေျခအေနအေသးစိတ္ကို စုံစမ္းေနဆဲျဖစ္ေၾကာင္း ခရီးသည္နဲ႔ ကားဆရာမ်ား၏ လက္ကိုင္ဖုန္းမ်ားပါသြားသည့္ အတြက္ ဆက္သြယ္ရခက္ခဲေနေၾကာင္း ျပန္လည္ေျဖၾကားခဲ့သည္။ ယင္းလမ္းပိုင္းတြင္ ယခုကဲ့သို႔ဓားျပတိုက္ေနမႈမွာ စစ္ေကာင္ စီတပ္ဖြဲ႕မ်ားသာျဖစ္ၿပီး PDF ေယာင္ေဆာင္ကာ လုပ္ေဆာင္ေနေၾကာင္း Indaw PDF မွ တာဝန္ရွိသူတစ္ဦးက KNG သို႔ေျပာသည္။ ယင္းလမ္းပိုင္းတြင္ ယခုကဲ့သို႔ျဖစ္စဥ္မ်ိဳး မၾကာခဏျဖစ္ပြားေနျခင္းေၾကာင့္ ကုန္ကားသမားမ်ားႏွင့္ ခရီးသည္ တင္ကားမ်ား မတ္ ၁၄ ရက္ေန႔မွစတင္၍ ညဘက္ျဖတ္သန္းသြားလာျခင္းမျပဳၾကရန္ အင္းေတာ္ PDF အဖြဲ႕က မတ္ ၁၃ ရက္ေန႔ တြင္ အသိေပးထုတ္ျပန္ထားသည္။ https://burmese.kachinnews.com/2022/05/14/may-14-ab-1/
**********************
၆။ စစ္ေကာင္စီတပ္ အင္အား ရာခ်ီ ေရာက္ရွိေနေသာ တီယန္ဇြပ္တြင္ ေရလမ္းေၾကာင္းပိတ္ထားသျဖင့္ ေဒသခံမ်ား အခက္ ေတြ႕
13th May 2022

ျမစ္ႀကီးနားၿမိဳ႕နယ္ ျမစ္ဆုံအထက္ တီယန္ဇြပ္ေက်း႐ြာတြင္ စစ္ေကာင္စီတပ္အင္အား အလုံးအရင္းေရာက္ရွိေနစဥ္ ေရေၾကာင္း လမ္းကို သြားလာခြင့္ပိတ္ဆို႔ထားေသာေၾကာင့္ အထက္ဘက္ မလိချမစ္ေၾကာင္း တစ္ေလွ်ာက္ျပည္သူမ်ား ခက္ခဲမႈ ႀကဳံေတြ႕ေန သည္ဟု သိရသည္။ စစ္ေကာင္စီတပ္ဖြဲ႕သည္ ေမလ ၁၁ရက္ေန႔မွစၿပီး ျမစ္ႀကီးနားၿမိဳ႕မွ စစ္အင္အား ၃၀၀ ဝန္းက်င္ခန႔္၊ စစ္ ရိကၡာသယ္ေဆာင္လာသည့္ စစ္ကား ၅၀ စီးခန႔္ႏွင့္ ဆြမ္ပရာဘြမ့္ဘက္သို႔ ဦးတည္ကာ ေျခက်င္ျဖင့္တက္လာခဲ့ၿပီး လက္ရွိတြင္ ျမစ္ႀကီးနားၿမိဳ႕နယ္ ေဝရွီ၊ အင္ဂ်စ္ႏွင့္ တယန္ဇြပ္စေသာ ေက်း႐ြာလမ္းႀကီးတစ္ေလွ်ာက္ေပၚတြင္ တပ္စြဲေနထိုင္လ်က္ရွိေၾကာင္း ေဒသခံမ်ားေျပာဆိုခ်က္မွ သိရသည္။

တီယန္ဇြပ္တြင္ ေရာက္ရွိေနေသာ စစ္ေကာင္စီယာဥ္တန္းသည္ ဆြမ္ပရာဘြမ့္ႏွင့္ ပူတာအိုဘက္သို႔ ဦးတည္ကာ စစ္ရိကၡာမ်ား သယ္ပို႔ရန္ တက္လာျခင္းျဖစ္ေၾကာင္းႏွင့္ စစ္ရိကၡာမ်ားသယ္ပို႔ႏိုင္ရန္အတြက္ လုံးၿခဳံေရးမ်ားလည္း တင္းၾကပ္ထားသည္ဟု သူက ဆက္ဆိုထားသည္။ ယခုစစ္ေကာင္စီယာဥ္တန္းတြင္ စစ္ရိကၡာမ်ားႏွင့္ စစ္ကားယာဥ္တန္းကား ၅၀ခန႔္တြင္ ဆီကားအမ်ားအျပား ပါဝင္ေၾကာင္း သိရသည္။

ယေန႔နံနက္အေစာပိုင္းကတည္းကလည္း တ တယန္ဇြပ္ေက်း႐ြာမွ စစ္ကား ၃ စီး ဆြမ္ပရာဘြမ့္ဘက္ကို ထြက္ခြာသြားၿပီျဖစ္ ေၾကာင္း ေဒသခံမ်ားေျပာဆိုခ်က္မွ သိရသည္။ ျမစ္ဆုံအထက္ အဆိုပါေနရာမ်ားသည္ ကခ်င္လြတ္လပ္ေရးတပ္မေတာ္ KIA တပ္မဟာ ၁ နယ္ေျမျဖစ္ၿပီး ယခုလို စစ္ေကာင္စီတပ္အင္အားအမ်ားအျပားျဖင့္ ဆြမ္ပရာဘြမ့္လမ္းအတိုင္း တက္လာေသာ ေၾကာင့္ တိုက္ပြဲျပင္းထန္ၿပီး ျပန္လည္ထြက္ေျပးရမည္ကို ေဒသခံမ်ားစိုးရိမ္ေနၾကပါသည္။

စစ်ကောင်စီတပ် အင်အား ရာချီ ရောက်ရှိနေသော တီယန်ဇွပ်တွင် ရေလမ်းကြောင်းပိတ်ထားသဖြင့် ဒေသခံများအခက်တွေ့


***************
၇။ စစ္ေကာင္စီတပ္မွ ျပည္သူမ်ားကိုအသုံးခ်ၿပီး ပစၥည္းသယ္ယူေနတာေၾကာင့္ ရွားေတာ-လြိဳင္ေကာ္လမ္းကို ယာယီပိတ္ ထား
May 16, 2022

စစ္ေကာင္စီတပ္ဟာ ခရီးသြားလာေနတဲ့ျပည္သူေတြကို အသုံးခ်ၿပီး ၾကားျဖတ္ရိကၡာေတြ သယ္ယူ ခိုင္းေနတာေၾကာင့္ ရွားေတာ-လြိဳင္ေကာ္လမ္းကို ေမလ ၁၆ ရက္က စၿပီး ယာယီပိတ္ထားေၾကာင္း KNDF B-17က ထုတ္ျပန္ထားပါတယ္။

ယမန္ေန႔(ေမလ ၁၅ ရက္ေန႔) ရက္စြဲနဲ႔ ေၾကညာခ်က္ ထုတ္ျပန္ခဲ့တာျဖစ္ၿပီး ၾကားျဖတ္ရိကၡာသယ္တာဟာ စစ္ေကာင္စီ သက္ဆိုး ရွည္ေစရန္ အေထာက္အကူျဖစ္ေစတာေၾကာင့္ အဲဒါေတြကို လက္မခံႏိုင္တဲ့အတြက္ စာထုတ္ျပန္ရျခင္းျဖစ္တယ္လို႔ ဆိုပါတယ္။

စစ္ေကာင္စီဟာ လြိဳင္ေကာ္-ရွားေတာလမ္းမေပၚ ဆိုင္ကယ္နဲ႔သြားေနတဲ့ ျပည္သူတခ်ိဳ႕ကို ၿခိမ္းေျခာက္ၿပီး ပစၥည္း သယ္ခိုင္း တာေတြရွိၿပီး ျပည္သူေတြအေနနဲ႔ ပစၥည္းမသယ္ေပးပါက ေနာက္တႀကိမ္ ခရီးသြားလာခြင့္ မျပဳေတာ့မွာစိုးရိမ္တာေတြလည္း ရွိေနတယ္လို႔ ေဒသခံတစ္ဦးက ဆိုပါတယ္။ တိုက္ပြဲနဲ႔စစ္ေရး အေျခအေနေတြအေပၚ မူတည္ၿပီး ရွားေတာလမ္းပိုင္းကို ဘယ္အ ခ်ိန္ ျပန္လည္သြားလာခြင့္ျပဳမလဲဆိုတာ အတိအက်မရွိေသးဘူးလို႔ KNDF B-17 မွ တာဝန္ရွိသူက ေျပာပါတယ္။

Homepage


******************
၈။ ဖယ္ခုံအင္းအေရွ႕ဘက္ျခမ္းကို စစ္ေကာင္စီက ေလေၾကာင္းျဖင့္ ဗုံးက်ဲတိုက္ခိုက္၊ ႏွစ္ဖက္ က်ဆုံးမႈရွိ
May 16, 2022

ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ဖယ္ခုံအင္းေရွ႕ဘက္ျခမ္းေက်း႐ြာေတြမွာ ယမန္ေန႔ (ေမလ ၁၅ ရက္ေန႔ ) က တိုက္ပြဲျဖစ္ပြားခဲ့ၿပီး စစ္ေကာင္စီဘက္က ေလေၾကာင္းသုံးျပဳၿပီး သုံးႀကိမ္ ဗုံးက်ဲတိုက္ခိုက္ခဲ့တယ္လို႔ ဖယ္ခုံ PDF တာဝန္ရွိသူတစ္ဦးကေျပာပါတယ္။

စစ္ေကာင္စီဘက္က အင္အား ၈၀ ဝန္းက်င္နဲ႔ စစ္ေၾကာင္းထိုးလာတဲ့အတြက္ တိုက္ပြဲျဖစ္ပြားခဲ့ၿပီး ႏွစ္ဖက္အက်အဆုံးရွိတယ္လို႔ ဖယ္ခုံ PDF တာဝန္ရွိသူတစ္ဦးကဆက္ေျပာပါတယ္။ ကရင္နီေဒသခံကာကြယ္ေရးပူးေပါင္းတပ္ဖြဲ႕နဲ႔ စစ္ေကာင္စီ၊ ပအို႔ဝ္ျပည္သူ႔ စစ္အဖြဲ႕တို႔ မြန္းလႊဲတစ္နာရီအခ်ိန္မွာ တိုက္ပြဲစတင္ျဖစ္ပြားခဲ့တယ္လို႔ KNDF B-03 က မေန႔က ညေနပိုင္းမွာ ထုတ္ျပန္ထားပါ တယ္။

ၿပီးခဲ့တဲ့ ေမလ ၁၂ရက္ေန႔မွာလည္း ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ေညာင္ေ႐ႊၿမိဳ႕နယ္ ထီရိေက်း႐ြာမွာရွိတဲ့ စစ္ေကာင္စီတပ္ နဲ႔ ပအိုဝ္း ျပည္သူ႔စစ္အဖြဲ႕ ( PNO ) တို႔ အေျခခ်ထားတဲ့ ထီရိဂိတ္စခန္းကို ကရင္နီအမ်ိဳးသားမ်ား ကာကြယ္ေရးတပ္ ( KNDF ) ၊ ဖယ္ခုံျပည္သူ႔ ကာကြယ္ေရးတပ္ ( Pekhon PDF )တို႔က သြားေရာက္သိမ္းပိုက္ခဲ့ၿပီး သုံ႔ပန္း ၅ ဦးနဲ႔ လက္နက္တခ်ိဳ႕ကိုလည္း သိမ္းဆည္းရမိခဲ့ပါတယ္။ တိုက္ပြဲျဖစ္ပြားခဲ့တဲ့ ေန႔မွာပဲ ပအိုဝ္းျပည္သူ႔စစ္အဖြဲ႕က အနီးအနားရွိ စခန္းေတြမွာ ခ်က္ခ်င္းအင္အား ျဖည့္တင္းေနတာေတြ ျပဳလုပ္ေနခဲ့ပါတယ္။ တိုက္ပြဲျဖစ္ပြားခဲ့တဲ့ေနာက္ ေက်း႐ြာအနီး အုပ္စုေလးအုပ္စုက ေဒသခံေတြဟာ ေဘးလႊတ္ရာကို တိမ္းေရွာင္ေနၾကရတယ္လို႔ ဆိုပါတယ္။ https://www.kantarawaddytimes.org/
******************
၉။ မူးယစ္ေဆးသုံးေနတဲ့ ျပည္သူတစ္ဦးကို KNDF B-10 ထိန္းသိမ္းထား
May 16, 2022

ေမလ ၁၂ ရက္ေန႔က ဒီးေမာ့ဆိုၿမိဳ႕နယ္ ကရင္နီတပ္မေတာ္ KA၊ အမွတ္(၁)ခ႐ိုင္ထဲက ေက်း႐ြာတစ္႐ြာမွာ မိသားစုဝင္က လာေရာက္တိုင္ၾကားတဲ့အတြက္ မူးယစ္ေဆးသုံးစြဲေနတဲ့ ျပည္သူတစ္ဦးကို သြားေရာက္ေခၚေဆာင္ၿပီး ထိန္းသိမ္းထားေနတယ္ လို႔ KNDF B-10 တပ္ရင္းမႉးက ေျပာပါတယ္။

ေနအိမ္မွာ ေဆးျပား အလုံး ၃၀ နဲ႔အတူေတြ႕ရွိခဲ့တာျဖစ္ၿပီး သုံးစြဲသူကေတာ့ ဦး….. အသက္(၂၆)ႏွစ္ ျဖစ္ပါတယ္။ သူ႔မွာ ေမြးကင္း စ ၁ လသားအ႐ြယ္ ကေလးငယ္တစ္ေယာက္လည္း ရွိတယ္လို႔ သိရပါတယ္။

လက္ရွိမွာေတာ့ KNDF B-10 ကထိန္းသိမ္းထားၿပီး ႏွစ္သိမ့္အားေပးစကားေတြေျပာၿပီး၊ ျပန္ေကာင္းလာေအာင္ ပုံမွန္ျပန္ျဖစ္ ေအာင္ ေဆာင္႐ြက္ေပးခ်င္တယ္လို႔ သူက ဆက္ေျပာျပပါတယ္။ https://www.kantarawaddytimes.org/
******************
၁၀။ ဒီေမာ့ဆိုအေရွ႕ဖက္ျခမ္းမွာ မူးယစ္ေဆးဝါးအလုံး (၃၀၀၀) ခန႔္ ဖမ္းဆီးရမိ
May 16, 2022

ကရင္နီျပည္ ဒီးေမာ့ဆိုအေရွ႕ဖက္ျခမ္းရွိ အမွတ္ (၁) ခ႐ိုင္မွ ကရင္နီတပ္မေတာ္ KA/ ကရင္နီအမ်ိဳးသားကာကြယ္ေရးတပ္ KNDF B-09 တို႔ ပူးေပါင္းၿပီး ေမလ ၁၅ ရက္ေန႔ ညေန (၇) နာရီ ဝန္းက်င္မွာ မူးယစ္ေဆးဝါးေရာင္းဝယ္ေဖာက္ကားသူ သုံးဦးထံကေန ေဆးျပား အလုံး (၃၀၀၀) ခန႔္ ဖမ္းဆီးရမိတယ္လို႔ သိရပါတယ္။

အဆိုပါ ဖမ္းဆီးရမိသူ သုံးဦးထဲမွ တစ္ဦးဟာ ယခင္ လြိဳင္ေကာ္ၿမိဳ႕၊ မိုင္းလုံးရပ္ကြက္တြင္ ေနထိုင္တာျဖစ္ၿပီး လက္ရွိမွာ ဒီးေမာ့ဆို အရွ႕ဖက္ျခမ္းမွာ လာေရာက္ ေရွာင္တိမ္းေနတာ ျဖစ္ပါတယ္။ သူဟာ မူးယစ္ေဆးဝါး ေရာင္းဝယ္ေနတာ (၄) ႏွစ္ေက်ာ္ရွိၿပီျဖစ္ၿပီး က်န္ႏွစ္ေယာက္မွာ သူ႔ဆီကေန တစ္ဆင့္ဝယ္ယူၿပီး ျပန္လည္ေရာင္းခ်တာ ျဖစ္တယ္လို႔ လည္း ဆိုပါတယ္။

ျပည္သူေတြရဲ႕ သတင္းေပးမႈအရ KA/KNDF B-09 တို႔ ပူးေပါင္းၿပီး မူးယစ္ေဆးဝါး ေရာင္းဝယ္သူ သုံးဦးကို သူတို႔ေနထိုင္ရာ အိမ္အထိ ဝင္ေရာက္ဖမ္းဆီးတာျဖစ္ၿပီး လက္ရွိမွာေတာ့ သက္ဆိုင္ရာတာဝန္ရွိသူထံ လႊဲအပ္ထားတယ္လို႔ အမွတ္(၁) ခ႐ိုင္ မွ တာဝန္ရွိသူက ဆက္ေျပာပါတယ္။ ၿပီးခဲ့တဲ့ ေမလ ၁၂ ရက္ေန႔မွာ ဒီးေမာ့ဆိုၿမိဳ႕နယ္ အမွတ္(၁)ခ႐ိုင္ရွိ ေက်း႐ြာတစ္႐ြာမွာ ၂ လုံးထီထိုးၿပီး မူးယစ္ေဆး သုံးစြဲေနတဲ့ ျပည္သူတစ္ဦးကို မိသားစုဝင္က KNDF B-10 ကို လာေရာက္တိုင္ၾကားတဲ့အတြက္ ဖမ္းဆီး ထိန္းသိမ္းထားတာလည္း ရွိပါတယ္။ https://www.kantarawaddytimes.org/
******************
၁၁။ စစ္ေကာင္စီထုတ္ကုန္ေတြကို မိုးၿဗဲ PDF စစ္ေဆး ဖ်က္စီး
May 16, 2022

မိုးၿဗဲၿမိဳ႕အတြင္းမွာရွိတဲ့ ေက်း႐ြာ၊ ရပ္ကြက္ေတြကို စစ္ေဆးမႈ ျပဳလုပ္ခဲ့ၿပီး စစ္တပ္ထုတ္ကုန္ေတြကို ေတြ႕ရွိခဲ့တဲ့အတြက္ ဖ်က္စီးမႈ ေတြ ျပဳလုပ္ခဲ့တယ္လို႔ မိုးၿဗဲ PDFက ယမန္ေန႔ ေမလ ၁၅ ရက္ေန႔မွာ ထုတ္ျပန္ထားပါတယ္။

စစ္တပ္ထုတ္ကုန္ေတြျဖစ္တဲ့ Dagon အနီ/အ၀ါ/အစိမ္း၊ မုေယာ ၄၅ဖာ၊ Army Rum ၇ ဖာ၊ Red Ruby ၂ကတ္၊ Premium gold ၈ဘူး၊ Myanmar rum ပိုင္း ၁၆ လုံး၊ Myanmar Beer ပုလင္း ၁ကတ္၊ Adman gold ၆ဖာ ကို ဖ်က္စီးခဲ့တယ္လို႔ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

မိုးၿဗဲ PDF ဟာ ဧၿပီလ(၂၁)ရက္ေန႔မွာ စစ္ေကာင္စီထုတ္ကုန္ေတြကို ေရာင္းခ်ျခင္းမျပဳၾကဖို႔ Facebook page ေပၚမွာ ထုတ္ျပန္ခဲ့ၿပီး ဧၿပီလ (၂၆) ရက္ေန႔မွာေတာ့ ေစ်းဆိုင္မ်ား၊ ကုန္စုံဆိုင္မ်ားကို လိုက္လံသတိေပး ေၾကျငာစာ ကပ္ခဲ့တယ္လို႔ ဆိုပါ တယ္။ လက္ရွိမွာေတာ့ မိုးၿဗဲ PDF နဲ႔ ကရင္နီအမ်ိဳးသားမ်ား ကာကြယ္ေရးတပ္ KNDF B-03 တို႔ ပူးေပါင္းၿပီး မိုးၿဗဲၿမိဳ႕အတြင္း စစ္ေကာင္စီထုတ္ကုန္ေတြကို ေရာင္းခ်ျခင္းရွိ၊ မရွိ ေန႔စဥ္ စစ္ေဆးေနၿပီး ေရာင္းခ်ျခင္း မျပဳၾကဖို႔ ထပ္မံတိုက္တြန္းထားပါတယ္။

Homepage


******************
၁၂။ ဖယ္ခုံျပည္သူ႔အုပ္ခ်ဳပ္ေရးအဖြဲ႕က ထုတ္ျပန္ခ်က္အေပၚ တစ္စုတစ္စည္းတည္းျဖစ္ဖို႔လိုတယ္လို႔ ( KSCC ) ကျပန္လည္ တုန႔္ျပန္
May 14, 2022

ဖယ္ခုံၿမိဳ႕ကို ကရင္နီျပည္အတြင္းရွိ ဖယ္ခုံၿမိဳ႕ လို႔မသုံးစြဲဘဲ ရွမ္းျပည္နယ္ေတာင္ပိုင္းရွိ ဖယ္ခုံၿမိဳ႕လို႔ သုံးစြဲေခၚေဝၚေပးဖို႔ ျပည္သူ႔ လႊတ္ေတာ္ကိုယ္စားျပဳေကာ္မတီ (CRPH) လမ္းၫႊန္မႈအရ ဖြဲ႕စည္းထားတဲ့ ဖယ္ခုံျပည္သူ႔အုပ္ခ်ဳပ္ေရးအဖြဲ႕က ေမလ ၉ရက္ေန႔ မွာ ထုတ္ျပန္ေၾကညာခဲ့ပါတယ္။ ဒီလိုထုတ္ျပန္ထားခ်က္အေပၚမွာ ကရင္နီျပည္အတိုင္ပင္ခံေကာင္စီ ( KSCC ) အေနနဲ႔စတင္ ဖြဲ႕စည္းခ်ိန္က မိုးၿမဲနယ္လည္းပါဝင္ခဲ့တာျဖစ္တဲ့အတြက္ စစ္အာဏာရွင္ကို ေတာ္လွန္ေနခ်ိန္မွာ တစ္စုတစ္စည္းတည္း ျဖစ္ေနဖို႔ လိုတယ္လို႔ ဒီထုတ္ျပန္ခ်က္အေပၚမွာ အခုလို ျပန္လည္တုန႔္ျပန္ ေျပာဆိုလိုက္ပါတယ္။

( KSCC )ကို စတင္ဖြဲ႕စည္းတဲ့အခ်ိန္တုန္းကေတာ့ ကႏၵာရဝတီ၊ ေဘာလခဲ၊ ေကးလ်ား နဲ႔ မိုးၿဗဲ နယ္ေလးနယ္ကို အေျခခံၿပီးေတာ့ ဖြဲ႕ထားတာျဖစ္တယ္လို႔ဆိုပါတယ္။ အခုလို ဖယ္ခုံၿမိဳ႕ ကို ရွမ္းျပည္နယ္ေတာင္ပိုင္းထဲ ထည့္သြင္းသုံးစြဲတာဟာ မျဖစ္သင့္သလို ကရင္နီျပည္ကို ထပ္ခြဲလိုက္သလို ျဖစ္တယ္လို႔ ဝါရင့္ႏိုင္ငံေရးသမားတစ္ဦးျဖစ္တဲ့ ခြန္းမားရ္ကိုဘန္က သုံးသပ္ပါတယ္။

မိုးၿဗဲၿမိဳ႕၊ ဖယ္ခုံၿမိဳ႕နဲ႔ ေပါင္းေလာင္းေဒသေတြဟာ မူလကတည္းက ကရင္နီျပည္ထဲရွိေနခဲ့တာျဖစ္ၿပီး ဦးေနဝင္းအစိုးရ လက္ထက္ မွာကတည္းက ခြဲထားျခင္းခံခဲ့ရတာျဖစ္တယ္လို႔ ၎ကဆက္ေျပာပါတယ္။ ဖယ္ခုံၿမိဳ႕ဟာ လက္ရွိအခ်ိန္ထိ ရွမ္းျပည္နယ္ေတာင္ ပိုင္းသာ တည္ရွိေနေသးတာျဖစ္ၿပီး ဖယ္ခုံျပည္သူ႔အုပ္ခ်ဳပ္ေရးအဖြဲ႕က အေရးေတာ္ပုံကာလအလြန္မွာ ျပည္သူ႔ဆႏၵခံယူပြဲတစ္ရပ္ က်င္းပၿပီး ျပည္သူေတြရဲ႕ မဲဆႏၵအတိုင္းသာ ရပ္တည္ေဆာင္႐ြက္သြားမွာျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

Homepage


******************
၁၃။ ယေန႔နံနက္ ကင္းပုန္းဝပ္ေနတဲ့ စစ္ေကာင္စီကို မိုးၿဗဲPDF ဝင္ေရာက္တိုက္ခိုက္ၿပီး စစ္ေကာင္စီ သုံးဦးေသဆုံး
May 14, 2022

ယေန႔ ေမလ ၁၄ရက္ေန႔ နံနက္အေစာပိုင္းမွာ မိုးၿဗဲအေျခစိုက္ ခမရ-၄၂၂ တပ္ရင္းအနီးမွာ ကင္းပုန္းဝပ္ေနတဲ့ စစ္ေကာင္စီကို မိုးၿဗဲ PDF ကေပ်ာက္ၾကားဝင္ေရာက္တိုက္ခိုက္ခဲ့ၿပီး စစ္ေကာင္စီဘက္က သုံးဦးေသဆုံးသြားခဲ့တယ္လို႔ မိုးၿဗဲ PDF က ထုတ္ျပန္ ထားပါတယ္။ နာရီဝက္ၾကာ ပစ္ခတ္မႈရွိခဲ့ၿပီး မိုးၿဗဲ PDF ဘက္ကလည္း ရဲေဘာ္ႏွစ္ဦး ထိခိုက္ဒဏ္ရာရခဲ့တယ္လို႔ ထုတ္ျပန္ထား ပါတယ္။

ဒဏ္ရာရရွိသူႏွစ္ဦးကို MOBYE PDF Rescue Team-MPRT ကေန စနစ္တက် ကုသမႈျပဳလုပ္ေပးေနတယ္လို႔ ဆိုပါတယ္။ ယမန္ေန႔ ေမလ ၁၃ရက္ေန႔ ေန႔လည္၁၂နာရီအခ်ိန္မွာလည္း ဒီးေမာ့ဆိုၿမိဳ႕နယ္ ၿမိဳ႕မရဲစခန္းကို ဒီးေမာ့ဆိုPDF ၊ဖ႐ူဆို PDF၊ အလယ္ပိုင္းတိုင္း ၁၁၀၂တပ္ရင္းတို႔က ဝင္ေရာက္တိုက္ခိုက္ခဲ့တယ္လို႔ ဒီးေမာ့ဆိုPDFက ထုတ္ျပန္ထားပါတယ္။

တိုက္ပြဲအတြင္း စစ္ေကာင္စီဘက္က ႏွစ္ဦးေသဆုံးခဲ့ၿပီး ကရင္နီေဒသခံကာကြယ္ေရးပူးေပါင္းတပ္ဖြဲ႕ဘက္က ၃ဦးထိခိုက္ ဒဏ္ရာရခဲ့တယ္လို႔ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။ အလယ္ပိုင္းတိုင္းအထူးစစ္ဆင္ေရးအဖြဲ႕က ဒီးေမာ့ဆိုၿမိဳ႕ ေဒါငံခါး ေက်း႐ြာမွာ စစ္ေကာင္စီေထာင္ထားခဲ့တဲ့ မိုင္းေတြကို အလယ္ပိုင္းတိုင္းအထူးစစ္ဆင္းေရးအဖြဲ႕ ၊ KRU နဲ႔ ဒီးေမာ့ဆို PDF တို႔ ပူးေပါင္းၿပီး ရွင္းလင္းခဲ့ၾကတယ္လို႔ ေမလ ၁၃ရက္ေန႔က ထုတ္ျပန္ထားပါတယ္။ https://www.kantarawaddytimes.org/
******************
၁၄။ KSCC က ပအိုဝ္းလူထုအေပၚ အိတ္ဖြင့္ေပးစာ ေပးပို႔
May 14, 2022

ကရင္နီျပည္အတိုင္ပင္ခံေကာင္စီ ( KSCC ) က ပအိုဝ္းကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ ေဒသမွာရွိတဲ့ ပအိုဝ္းအမ်ိဳးသား၊ အသင္းအဖြဲ႕နဲ႔ ျပည္သူလူထုအတြက္ အိတ္ဖြင့္ေပးစာ တစ္ေစာင္ကို ဒီကေန႔ ေမလ ၁၄ရက္ေန႔မွာ ထုတ္ျပန္ခဲ့ပါတယ္။

ကရင္နီျပည္မွာ စစ္ေကာင္စီကို ေတာ္လွန္တဲ့ တိုက္ပြဲေတြ ျဖစ္ပြားေနၿပီး ကရင္နီျပည္ နယ္စပ္တစ္ေလွ်ာက္မွာလည္း စစ္ေကာင္ စီရွိတဲ့ေနရာမွာ တိုက္ပြဲေတြ ျဖစ္ပြားႏိုင္တဲ့အတြက္ လမ္း၊ တံတား၊ အျပစ္မဲ့ျပည္သူေတြနဲ႔ အိုးအိမ္ေတြ ပ်က္စီးႏိုင္တဲ့အတြက္ အလြန္စိုးရိမ္ေၾကာင္း ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

အဲ့ဒီအတြက္ေၾကာင့္ စစ္ေကာင္စီရွိတဲ့ ေနရာေတြကို အတတ္ႏိုင္ဆုံး ေရွာင္ရွားေနထိုင္ၾကဖို႔၊ စစ္ေကာင္စီနဲ႔ ပူးတြဲလႈပ္ရွားျခင္း မျပဳလုပ္ၾကဖို႔၊ စစ္ေကာင္စီကေန ကရင္နီျပည္အတြင္း အင္အားတိုးခ်ဲ႕မႈေတြကို ဟန႔္တားဖို႔ ( သို႔မဟုတ္ ) ေရွာင္ရွားဖို႔ ထုတ္ျပန္ ခ်က္မွာ တိုက္တြန္းပန္ၾကားထားပါတယ္။ ကရင္နီလူထုျဖစ္ေစ၊ တပ္ဖြဲ႕ျဖစ္ေစ၊ KSCC အဖြဲ႕ဝင္ အဖြဲ႕အစည္းေတြျဖစ္ေစ ပအိုဝ္း လူမ်ိဳးနဲ႔ ပအိုဝ္းေဒသရဲ႕ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ေတြကို ေလးစားေၾကာင္းနဲ႔ က်ဴးေက်ာ္လိုစိတ္ လုံးဝ ( လုံးဝ ) မရွိေၾကာင္း ထုတ္ျပန္ ခ်က္မွာ ထည့္သြင္းထားပါတယ္။ https://www.kantarawaddytimes.org/
******************
၁၅။ ထိုင္ေတာ္မူ ဘုရားေတာင္ မွာ တိုက္ပြဲျဖစ္ခဲ့ၿပီး စစ္ေကာင္စီ (၂)ဦးက်ဆုံး
May 14, 2022

ဒီကေန႔ (ေမလ ၁၄ရက္) မနက္ (၆)နာရီအခ်ိန္ ထိုင္ေတာ္မူဘုရားေတာင္မွာ စႏိုက္ပါစစ္ဆင္ေရး တိုက္ပြဲျဖစ္ပြားခဲ့ၿပီး စစ္ေကာင္ စီတပ္ဖက္ (၂)ဦး က်ဆုံးခဲ့တယ္လို႔ ဖယ္ခုံPDFက ဒီကေန႔ သတင္းထုတ္ျပန္ပါတယ္။ စစ္ေကာင္စီနဲ႔ ဖယ္ခုံ PDF ၊ လြိဳင္ေကာ္PDF ၊ ဒီးေမာ့ဆို PDF ၊ အလယ္ပိုင္းတိုင္းအထူးစစ္ဆင္ေရးအဖြဲ႕တို႔ ပူးေပါင္းၿပီး တိုက္ခဲ့တာျဖစ္ပါတယ္။

ပူးေပါင္းတပ္ဖြဲ႕ဖက္ အထိအခိုက္မရွိ ျပန္လည္ဆုတ္ခြာႏိုင္ခဲ့ၿပီး တိုက္ပြဲအၿပီး စစ္ေကာင္စီဖက္ လက္နက္ႀကီး ရမ္းသမ္းပစ္ခတ္ တဲ့အတြက္ ျပည္သူတစ္ဦး ထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႔ သိရပါတယ္။ ဒီကေန႔ မနက္မွာလည္း မိုးၿဗဲအေျခစိုက္ ခမရ-၄၂၂တပ္ ရင္းအနီးမွာ ကင္းပုန္းဝပ္ေနတဲ့ စစ္ေကာင္စီနဲ႔ မိုးၿဗဲPDFတို႔ ေျပာက္က်ားတိုက္ခိုက္ခဲ့ၿပီး စစ္ေကာင္စီဖက္ ၃ ဦးက်ဆုံးခဲ့တယ္လို႔ မိုးၿဗဲPDF ကဒီကေန႔ ထုတ္ျပန္ထားတာရွိပါတယ္။ https://www.kantarawaddytimes.org/
******************
၁၆။ ႏွစ္ဖက္စစ္ေရး တင္းမာေနဆဲ ေဒသအတြင္းသြားလာျခင္း မျပဳရန္ နယ္ေျမခံ KNLA တာဝန္ရွိသူမ်ား သတိေပးထား
May 16, 2022

ႏွစ္ဖက္စစ္ေရးတင္းမာေနဆဲ ေဒသျဖစ္သည့္ ေလးေကေကာ္ေဒသအတြင္း စစ္ေကာင္စီတပ္ဘက္မွ ေျမျမႇဳပ္မိုင္းမ်ားေထာင္ ထားသည့္ အတြက္ ေဒသခံမ်ားေနရပ္ျပန္လည္၀င္ေရာက္သြားလာျခင္းမျပဳၾကရန္ နယ္ေျမခံ ကရင္အမ်ိဳးသားလြတ္ေျမာက္ေရး တပ္မေတာ္-KNLA စစ္ေရးတာ၀န္ရွိသူမ်ားက ႏိုးေဆာ္အသိေပးထားေၾကာင္း သိရသည္။ ေလးေကေကာ္တိုက္ပြဲ ျဖစ္ပြားရာ ႏွစ္ဖက္စစ္ေရးတင္းမာေနဆဲေနရာေဒသ ရပ္ကြက္မ်ား၊ ေက်း႐ြာမ်ား ၊ လမ္းမႀကီးမ်ား၊ လူေနအိမ္ၿခံမ်ားအတြင္းစစ္ေကာင္စီ တပ္ဘက္မွ ေျမျမႇဳပ္မိုင္းမ်ား တပ္ဆင္ေထာင္ထားခဲ့သည့္အတြက္ ရပ္ကြက္ေက်း႐ြာမ်ားအတြင္းသို႔ ေနရပ္ျပန္လည္ ၀င္ေရာက္ သြားလာျခင္းမျပဳၾကရန္ ေဒသ KNLA တာ၀န္ရွိသူမ်ားက စစ္ေဘးေရွာင္ေနရသည့္ ေဒသခံ မိသားစုမ်ား ၊ ေတာင္ယာၿခံေျမ ပိုင္ရွင္မ်ား၊ ကုန္စုံဆိုင္ လုပ္ငန္းရွင္မ်ားအား သတိေပးႏိုးေဆာ္ထားေၾကာင္း ေလးေကေကာ္ေဒသ အုပ္ခ်ဳပ္ေရး တာ၀န္ရွိသူ တစ္ဦးက ေျပာသည္။

အဆိုပါ ေပါက္ကြဲႏိုင္သည့္ မိုင္းမ်ား၊ ဗုံးသီးမ်ားကိုမရွင္းလင္းရေသးဘဲ ျပန္သြားခြင့္ျပဳပါက မေတာ္တဆထိခိုက္ ေပါက္ကြဲမႈမ်ား ေၾကာင့္ အသက္ဆုံးရႈံးမႈမ်ား၊ ကိုယ္လက္အဂၤါ ထိခိုက္မႈမ်ား မျဖစ္ေစရန္သြားလာၾကျခင္းမျပဳရန္ သတိေပးျခင္းျဖစ္ၿပီး စစ္ေကာင္ စီစစ္ေၾကာင္းႏွင့္ေတြ႕ပါကလည္း ဖမ္းဆီးႏွိပ္စက္ခံရျခင္းႏွင့္ ပစ္သတ္ခံရမႈမ်ားျဖစ္လာႏိုင္ေသာေၾကာင့္ စခန္းအတြင္း ေအးေအး ေဆးေဆးေနၾကရန္ သတိေပးရျခင္းျဖစ္ေၾကာင္းလည္း စခန္းတာဝန္ရွိသူက ဆက္ေျပာသည္။ အဆိုပါ ေလးေကေကာ္ေဒသတြင္ စစ္ေဘးေရွာင္ ႐ြာသားမ်ား၏ ေနအိမ္မ်ားတြင္ က်န္ရွိခဲ့သည့္ ေနအိမ္အသုံးအေဆာင္၊ ကား၊ ဆိုင္ကယ္၊ လယ္ယာသုံးစက္ပစၥည္း၊ အိမ္သုံးစက္ပစၥည္းမ်ားကို စစ္ေကာင္စီတပ္စစ္ဆင္ေရးတိုက္ပြဲမ်ားအတြင္း ယူေဆာင္သြားျခင္းမ်ိဳးမကသည့္အျပင္ ေျမျမႇဳပ္မိုင္း ပါ ေထာင္ထားသည့္အေပၚ စစ္ေဘးေရွာင္ေဒသခံအမ်ိဳးသမီးတစ္ဦးက ယခုလို ေျပာသည္။

ယခုႏွစ္ ေမလ၌ ေလးေကေကာ္- ေဝါေလေဒသအတြင္း စစ္ေကာင္စီတပ္ႏွင့္ KNLA ပူးေပါင္းတပ္မ်ား တိုက္ပြဲႀကီးမ်ား ျဖစ္ပြားမႈ မရွိေသာ္လည္း၊ ေန႔စဥ္ ႏွစ္ဖက္ စစ္ေရးလႈပ္ရွားမႈမ်ား၊ ေျပာက္က်ားပစ္ခတ္တိုက္ခိုက္မႈမ်ား၊ စစ္ေကာင္စီဘက္မွ စစ္အင္အား ျဖည့္တင္းမႈမ်ား ဆက္လက္ လုပ္ေဆာင္ေနဆဲျဖစ္ေၾကာင္း သိရွိရသည္။ ထို႔အျပင္ ေဒသတြင္း လမ္းပန္းဆက္သြယ္သြားလာမႈ အေနျဖင့္ ေမတၱာလင္းၿမိဳင္-အင္ၾကင္းၿမိဳင္-မင္းလက္ပံ ေက်း႐ြာလမ္းပိုင္းအား အခ်ိန္အကန္႔အသတ္ျဖင့္ သြားလာခြင့္ျပဳထား ေသာ္လည္း စစ္ေဘးေရွာင္ကူညီေထာက္ပံ့ေရးအဖြဲ႕အစည္းမ်ားအေနျဖင့္ ႏွစ္ဖက္စစ္ေရး တင္းမာေနသည့္ ေနရာမ်ားအတြင္းရွိ စစ္ေဘးေရွာင္အစုအဖြဲ႕ မ်ားထံ စားနပ္ရိကၡာမ်ား၊ ေနရာထိုင္ခင္း အကူအညီမ်ားေပးရန္ ၀င္ေရာက္သြားလာခြင့္ကို စစ္ေကာင္စီ ဘက္မွ ပိတ္ပင္တားျမစ္ထားေၾကာင္း ေဒသတြင္း စစ္ေဘးေရွာင္ကူညီေနသူမ်ားက ေျပာသည္။
https://kicnews.org/2022/05
**************
၁၇။ မိုးရာသီအတြင္း ခိုလႈံႏိုင္ရန္ ေဒါနအေရွ႕ျခမ္းရွိ စစ္ေဘးေရွာင္မ်ားအား ယာယီတဲအိမ္ေလးမ်ား ေဆာက္လုပ္ေပး
May 16, 2022

ေဒါနအေရွ႕ဘက္ျခမ္းရွိ ေလးေကေကာ္ေဒသအပါအဝင္ ေသာင္ရင္းျမစ္ေဘးတစ္ေလွ်ာက္ စစ္ေဘးေရွာင္ ေနၾကရသူမ်ား အေနျဖင့္ ယခုႏွစ္ မိုးရာသီ ကာလအတြင္း မိသားစုအလိုက္ လုံလုံၿခဳံၿခဳံျဖင့္ ေနထိုင္ရန္ ယာယီတဲအိမ္ေလးမ်ား ေဆာက္လုပ္ ေပးလ်က္ရွိသည္ဟု တာဝန္ရွိသူမ်ားက ေျပာသည္။ ယခုလို မိုးရာသီကာလအတြင္း စစ္ေဘးေရွာင္ျပည္သူမ်ားႀကဳံေတြ႕ေန ရသည့္ အခက္အခဲမ်ားကို ေဒသခံတာဝန္ရွိသူမ်ားအေနျဖင့္ နည္းလမ္းရွာ ေဆာင္႐ြက္ေပးေနျခင္းျဖစ္ၿပီး လိုအပ္ခ်က္မ်ားရွိ ေနေသးေၾကာင္းလည္း စစ္ေဘးေရွာင္မ်ားကို အကူအညီေပးေနၾကေသာ တာဝန္ရွိသူမ်ားကေျပာသည္။

လက္ရွိတြင္ ေနရာထိုင္ခင္းအတြက္ တဲအိမ္မ်ား ေဆာက္လုပ္ေနဆဲျဖစ္၍ စစ္ေဘးေရွာင္မ်ားအေနျဖင့္ ဝါး႐ုံေတာထဲတြင္ အဆင္ေျပသလို ေနထိုင္ေနရဆဲျဖစ္ၿပီး ေဆာက္လုပ္မႈၿပီးစီးလွ်င္ ေနရာထိုင္ခင္း အသစ္ရရွိၾကမည့္အျပင္ က်န္းမာေရးအတြက္ပါ ေဆးဘက္ဆိုင္ရာမ်ားကို စီစဥ္ေပးထားေၾကာင္းလည္း အဆိုပါတာဝန္ရွိသူက ဆက္ေျပာသည္။ ထိုင္း-ျမန္မာ နယ္စပ္၊ ေသာင္ရင္းျမစ္ေဘးတစ္ေလွ်ာက္ စစ္ေဘးေရွာင္ေနၾကရသူမ်ားအတြက္ ယခုႏွစ္မိုးရာသီကာလအတြင္း ေနရာထိုင္ခင္အခက္ အခဲရွိလာသည့္အျပင္ ယခုမိုး႐ြာသြန္းမႈ စတင္ျဖစ္ေပၚေနခ်ိန္ ေခ်ာင္းေရမ်ား ေနာက္က်ိၿပီး ေသာက္သုံးေရး မသန႔္ရွင္းသည့္ ျပႆနာမ်ားကိုပါ ရင္ဆိုင္ေနၾကရသည့္အတြက္ ရာသီေျပာင္း ေရာဂါမ်ားအျဖစ္မ်ားလာေနေၾကာင္း စစ္ေဘးေရွာင္ ျပည္သူမ်ား က ေျပာသည္။

စစ္အာဏာသိမ္းမႈေနာက္ပိုင္း ကရင္အမ်ိဳးသားအစည္းအ႐ုံး-KNU ထိန္းခ်ဳပ္နယ္ေျမမ်ားတြင္ ေန႔စဥ္ တိုက္ပြဲျဖစ္ ပြားေနၿပီး တိုက္ပြဲအရွိန္မ်ားလည္း ပိုမိုျမႇင့္တက္ေနသလို စစ္ေကာင္စီဘက္မွ ေက်း႐ြာႏွင့္ အရပ္သားမ်ားကို ပစ္မွတ္ထား တိုက္ခိုက္မႈမ်ား ျပဳလုပ္ေနေသာေၾကာင့္ သိန္းႏွင့္ခ်ီေသာ ေဒသခံျပည္သူမ်ားမွာ ေဘးလြတ္ရာသို႔ ယေန႔အခ်ိန္ထိ ထြက္ေျပးတိမ္းေရွာင္ေနၾကရ ျခင္းျဖစ္သည္။ https://kicnews.org/2022/05
**************
၁၈။ ငါးရစ္ငါးသန္းရာသီကာလတြင္ ငါးဖမ္းျခင္းမျပဳလုပ္ရန္ KNU ထုတ္ျပန္
May 15, 2022

မိုးဦးက် ေမလႏွင့္ ဇြန္လတြင္ ငါးရစ္တက္ ငါးသားေပါက္ ရာသီအခ်ိန္ျဖစ္၍ ေကအဲန္ယူ-ကရင္အမ်ိဳးသားအစည္းအ႐ုံး၏ ထိန္းခ်ဳပ္နယ္ေျမ အတြင္းရွိ ျမစ္၊ေခ်ာင္း အင္းအိုင္မ်ားတြင္ ငါးမ်ိဳးတုန္းမႈကို ကာကြယ္သည့္အေနျဖင့္ ငါးဖမ္းျခင္း မျပဳလုပ္ရန္ ခ႐ိုင္မ်ားရွိ ေမြးျမဴေရးႏွင့္ ေရလုပ္ငန္းဌာနမွ ေမလ ၉ရက္ ေန႔စြဲႏွင့္ ျပည္သူမ်ားထံ အမိန႔္ၫႊန္ၾကားစာ အသီးသီး ထုတ္ျပန္ခဲ့သည္။ ေကအဲန္ယူ ေညာင္ေလးပင္ခ႐ိုင္ထဲရွိ ျမစ္ေခ်ာင္း၊ အင္းအိုင္မ်ားထဲတြင္ ယခု ေမလ ၁၅ရက္ေန႔မွစတင္၍ ဇြန္လ ၃၀ရက္ ေန႔အထိလည္းေကာင္း၊ ဖားအံခ႐ိုင္တြင္ ေမလ ၁၅ရက္မွ ဇူလိုင္လ ၁၅ရက္ေန႔အထိလည္းေကာင္း ငါးဖမ္းခြင့္ တားျမစ္ပိတ္ပင္ ထားသည့္ကာလျဖစ္သည္ဟုလည္း ထုတ္ျပန္ထားခဲ့ၾကသည္။

ထို႔အျပင္ ေဒသခံလူထုအခ်ိဳ႕သည္ တရားမဝင္ စီးပြားျဖစ္ငါးဖမ္းမႈမ်ားလည္းရွိသည့္အတြက္ ငါးမ်ိဳးတုန္းမႈမ်ားရွိလာေသာေၾကာင့္ ငါးမ်ား ဖမ္းဆီးရာတြင္ ေပါက္ကြဲေစတတ္သည့္ပစၥည္းမ်ား၊ အဆိပ္အေတာက္ျဖစ္သည့္ ဓာတုပစၥည္းမ်ား၊ တရားမဝင္ ငါးဖမ္း ကိရိယာမ်ား အသုံးျပဳၿပီး ငါးဖမ္းျခင္းမျပဳလုပ္ရန္ကိုလည္း ေကအဲန္ယူ အမိန႔္စာထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။ အဆိုပါ ျမစ္ေခ်ာင္း၊ အင္းအိုင္၊ နယ္နမိတ္အတြင္းရွိ ငါးမ်ား က်က္စားရာေနရာမ်ားထဲတြင္ အျခားနည္းလမ္းမ်ား အသုံး ျပဳေျပာင္းလဲရန္ အတြက္ ဖ်က္ဆီးျပဳလုပ္ျခင္းႏွင့္ ထြန္ယက္စိုက္ပ်ိဳးျခင္းမ်ားကို မျပဳလုပ္ရန္ KNU က တားျမစ္ထားခဲ့သည္။

ေကအဲန္ယူ ေမြးျမဴေရးႏွင့္ ငါးဖမ္းလုပ္ငန္းဌာန၏ စီမံအုပ္ခ်ဳပ္ခြင့္ရွိသည့္ ဧရိယာမ်ားထဲတြင္ဌာန၏တရားဝင္ခြင့္ျပဳ ခ်က္မရရွိပါ က မည္သူမဆို ဝင္ေရာက္လုပ္ကိုင္ခြင့္ မရွိေၾကာင္းလည္း အသိေပးထုတ္ျပန္ထားသည့္အျပင္ တားျမစ္ျပဌာန္းခ်က္မ်ားကို လိုက္နာျခင္းမရွိဘဲ ေဖ်ာက္ဖ်က္က်ဴးလြန္ပါက ေကအဲန္ယူ၏ ေမြးျမဴေရးႏွင့္ ငါးဖမ္းလုပ္ငန္းဥပေဒအရ အေရးယူ ေဆာင္႐ြက္ သြားမည္ျဖစ္ေၾကာင္းလည္း ထုတ္ျပန္ထားသည္။ ေညာင္ေလးပင္ခ႐ိုင္အတြင္းရွိ အခ်ိဳ႕ေက်း႐ြာမ်ားတြင္ မိ႐ိုးဖလာ ဘိုးဘြားပိုင္ အင္းအိုင္မ်ားရွိကာ အမ်ားစုမွာ ေဒသခံလူထုကိုယ္တိုင္ ခံစားခြင့္မရရွိေတာ့ဘဲ အစိုးရနယ္ေျမခံ အာဏာပိုင္ဘက္မွ စီးပြားေရး သမားမ်ားထံ တင္ဒါေခၚ ေရာင္းခ်လုပ္ကိုင္ခြင့္ေပးသည့္အတြက္ လူထုမ်ား နစ္နာမႈရွိလာခဲ့ေၾကာင္းလည္း ေဒသခံမ်ားထံမွ သိရ သည္။ https://kicnews.org/2022/05
**************
၁၉။ က်ဳံဒိုးတြင္ စစ္အာဏာရွင္ဆန္႔က်င္ေရးဆႏၵထုတ္ေဖာ္မႈအတြင္း ပါ၀င္ခဲ့ဖူးသူေနအိမ္မ်ားအား ၀င္ေရာက္ဖမ္းဆီး၍ ေဒသခံ ၅ ဦးဖမ္းဆီးခံရ
May 16, 2022

ကရင္ျပည္နယ္၊ ေကာ့ကရိတ္ခ႐ိုင္ က်ဳံဒိုးၿမိဳ႕နယ္ ရပ္ကြက္မ်ားတြင္ စစ္အာဏာသိမ္းျဖစ္စဥ္ကာလအတြင္း စစ္အာဏာရွင္ ျပဳတ္က်ေရး ဆႏၵထုတ္ေဖာ္ရာတြင္ ပါ၀င္ဖူးသည့္ ေဒသခံအခ်ိဳ႕၏ ေနအိမ္မ်ားအား ေမလ ၁၃ ရက္ညက စစ္ေကာင္စီတပ္၊ ရဲႏွင့္ စစ္ေကာင္စီ သတင္းေပးအုပ္ခ်ဳပ္ေရးမႉးမ်ား ပါ၀င္သည့္ အဖြဲ႕မ်ားမွ ရပ္ကြက္မ်ားအတြင္း ပိတ္ဆို႔ရွာေဖြဖမ္းဆီးရာတြင္ ေဒသခံ ၅ ဦး ဖမ္းဆီးခံခဲ့ရေၾကာင္း သိရွိရပါသည္။

က်ဳံဒိုးေဒသအတြင္း စစ္အာဏာသိမ္းျဖစ္စဥ္အား ဆန္က်င့္ဆႏၵထုတ္ေဖာ္သည့္ ဆႏၵျပပြဲမ်ားတြင္ပါ၀င္ခဲ့ၾကသည့္ ၿမိဳ႕ေပၚ ေဒသခံမ်ားႏွင့္ NLD ပါတီအား ေထာက္ခံ၀န္းရံခဲ့ၾကသည့္ ေဒသခံမ်ားအား စစ္ေကာင္စီသတင္းေပးမ်ားမွ ေဒသခံမ်ား သြားလာ ေနထိုင္လုပ္ကိုင္ေနမႈကို ေန႔စဥ္ေစာင့္ၾကည့္မႈမ်ားရွိေနရာမွ ေမလ ၁၃ ရက္ညက ရပ္ကြက္မ်ားအတြင္း အမည္စာရင္းျဖင့္ စစ္ေကာင္စီပူးေပါင္းအဖြဲ႕မ်ားမွ ပိတ္ဆို႔ရွာေဖြ ဖမ္းဆီးမႈေၾကာင့္ ေဒသခံ ၅ ဦး ဖမ္းဆီးခံခဲ့ရသည္ဟု က်ဳံဒိုးေဒသခံတစ္ဦးက ေျပာ သည္။

ကရင္ျပည္နယ္အတြင္း ဧၿပီလ ႏွင့္ ေမလအတြင္း ဖားအံ၊ ေကာ့ကရိတ္၊ ျမ၀တီ ၿမိဳ႕ ေပၚ ရပ္ကြက္မ်ားတြင္ စစ္အာဏာရွင္ ဆန႔္က်င္ေရး ဆႏၵျပပြဲမ်ားတြင္ ပါ၀င္ခဲ့ဖူးသူ၊ NLD ပါတီ ႏွင့္ ပတ္သက္သူမ်ားအား မၾကာခဏ ဖမ္းဆီးစစ္ေမးမႈမ်ား တရားစြဲဆို ေထာင္ခ်ခံရမႈမ်ားရွိလာေနခ်ိန္တြင္ ယခုေမလ ၁၃ ရက္က က်ဳံဒိုး ေဒသခံ ၅ ဦး အား ရွာေဖြဖမ္းဆီးမႈမ်ား လုပ္ေဆာင္လာ ေနေသာေၾကာင့္ ေဒသတြင္း လူငယ္၊ လူလတ္ပိုင္းမ်ား ေရွာင္တိမ္းေနထိုင္ေနၾကသည္ဟု က်ဳံဒိုးေဒသခံမ်ားက ေျပာသည္။ ထိုအတူ ဖားအံ ၿမိဳ႕ဘက္တြင္လည္း လူငယ္၊ လူလတ္ပိုင္းမ်ားအား ကား၊ ဆိုင္ကယ္၊ လိုင္စင္စစ္ေဆးသည္ဟု အေၾကာင္းျပကာ ႐ိုက္ႏွက္၍ လက္ကိုင္ဖုန္းမ်ားအား စစ္ေဆးျခင္း၊ စစ္အာဏာရွင္ ဆန္႔က်င္သည့္သတင္း၊ ဓါတ္ပုံ၊ ႐ုပ္သံမ်ားဖုန္းတြင္ ေတြ႕ရွိပါက ၿခိမ္းေျခာက္ ဖမ္းဆီးေငြညႇစ္ေတာင္းခံၿပီး မွ ျပန္လႊတ္ေပးသည့္ ျဖစ္စဥ္မ်ားေနစဥ္ ႀကဳံေတြ႕ေနၾကရေၾကာင္း ကိုယ္တိုင္ႀကဳံေတြ႕ ရသူ ၿမိဳ႕ခံမ်ားက ေျပာသည္။ https://kicnews.org/2022/05
**************
၂၀။ ေျမျမႇဳပ္မိုင္းႏွင့္ မေပါက္ကြဲေသးသည့္ ဗုံးမ်ားေၾကာင့္ ေလးေကေကာ္ ေဒသခံေတာင္သူမ်ား လုပ္ငန္းခြင္ မ၀င္ရဲေသး
May 14, 2022

ျမ၀တီၿမိဳ႕နယ္၊ ေလးေကေကာ္ေဒသရွိ ေဒသခံေတာင္သူမ်ားမွာ ေျမျမႇဳပ္မိုင္းႏွင့္ မေပါက္ကြဲေသးသည့္ လက္နက္ႀကီး က်ည္၊ ေလယာဥ္ဗုံးသီးမ်ားေၾကာင့္ စစ္ေရွာင္ေနရာမွ လုပ္ငန္းခြင္သို႔ မ၀င္ရဲၾကေသးဘဲ ရွိေနသည္ဟု ၎တို႔၏ ေျပာဆိုခ်က္မ်ားအရ သိရသည္။ ေလးေကေကာ္ရွိ ေတာင္ယာစိုက္ပ်ိဳးသည့္ ဧက ၁ေသာင္းခန္႔ကို လုပ္ကိုင္လာခဲ့သည့္ ေဒသခံေက်း႐ြာမွ ေတာင္ယာ လုပ္ငန္းလုပ္ကိုင္ၾကသူမ်ားႏွင့္ ရာသီေပၚသီးႏွံစိုက္ပ်ိဳးေရးကို ေန႔စားလာေရာက္လုပ္ကိုင္ၾကသည့္ ေ႐ႊ႕ေျပာင္းအေျခခ်အ လုပ္သမား မိသားစုမ်ားမွာ လက္ရွိအခ်ိန္ထိ စစ္ေဘးေရွာင္စခန္းမ်ားတြင္ ဆက္လက္မွီခိုေနထိုင္ေနၾကရဆဲျဖစ္သည္။

ျမ၀တီၿမိဳ႕ေတာင္ဘက္ မယ္ေထာ္သေလး၊ မင္းလက္ပံ၊ အင္ၾကင္းၿမိဳင္၊ ထီးမဲ့ဝါးခီး၊ ပဟိကေလာ္၊ ဖလူးႀကီး၊ ဖလူးေလး၊ ရေသ့ဂူ အပါအ၀င္ ေလးေကေကာ္ေဒသအတြင္းရွိ ေတာင္ယာစိုက္ခင္းမ်ားတြင္ စစ္ေကာင္စီတပ္ႏွင့္ KNLA ပူးေပါင္း တပ္မ်ားမွာ ယခုအခ်ိန္ထိ ၅လေက်ာ္ၾကာ တိုက္ပြဲဆက္လက္ျဖစ္ပြားေနဆဲျဖစ္သည္။ ယခုလို မိုးဦးက်အခ်ိန္တြင္ ေျပာင္းသီးႏွံစိုက္ခင္းမ်ား၊ သစ္မာ အစားထိုး မန္ဂ်န္ရွား စိုက္ခင္းမ်ားအတြင္း ေျမျမႇဳပ္မိုင္း၊ မေပါက္ကြဲေသးသည့္ ဗုံးက်ည္မ်ားရွိေနသျဖင့္ ေတာင္ယာ ပိုင္ရွင္မ်ားႏွင့္ ေအာက္ျမန္မာျပည္ဘက္မွ ေ႐ႊ႕ေျပာင္းအလုပ္သမား မိသားစုမ်ားအေနျဖင့္ လုပ္ငန္းခြင္မ၀င္ရဲၾကသျဖင့္ စစ္ေဘး ေရွာင္စခန္းမ်ားတြင္ပင္ ဆက္လက္မွီခိုေနထိုင္ေနၾကရျခင္းျဖစ္ေၾကာင္း ေဒသတြင္း စိုက္ပ်ိဳးေရးျဖင့္ အသက္ေမြးဝမ္းေက်ာင္းေန ရသူမ်ားက ေကအိုင္စီသို႔ ေျပာျပသည္။

ေလးေကေကာ္ေဒသ တိုက္ပြဲကာလတြင္ စစ္ေဘးေရွာင္ေနၾကရသူမ်ားအထဲ၌ ေဒသခံ႐ြာသားမ်ားအျပင္ ရာသီေပၚ သီးႏွံစိုက္ပ်ိဳး ေရးလုပ္ငန္းမ်ား၌ မိသားစုအလိုက္ လာေရာက္လုပ္ကိုင္ေနၾကသည့္ ေအာက္ျမန္မာျပည္၊ ပဲခူးတိုင္း၊ ဧရာ၀တီတိုင္း၊ မေကြးတိုင္း၊ မႏၲေလးတိုင္းဘက္မွ ေ႐ႊ႕ေျပာင္းလုပ္ကိုင္သူမ်ား အပါအဝင္ လူဦးေရ ၂၀၀၀ေက်ာ္အထိရွိေၾကာင္း ရပ္ေက်းစာရင္းမ်ားအရ သိရသည္။ အခ်ိဳ႕မွာ မူလေနရပ္ရင္းျပန္ရန္ ႀကိဳးစားၾကေသာ္လည္း ၎တို႔ရပ္႐ြာေဒသတြင္း၌လည္း စစ္ေကာင္စီႏွင့္ ေဒသကာ ကြယ္ေရးတပ္ဖြဲ႕မ်ားအၾကား တိုက္ပြဲျဖစ္ပြားကာ ႐ြာလုံးကြၽတ္ မီးရႈိ႕ခံရမႈမ်ားေၾကာင့္ ေနရပ္မျပန္ႏိုင္ေတာ့သည့္ အေျခ အေနျဖစ္ ကာ လက္ရွိ စစ္ေဘးေရွာင္စခန္းေနရာ၌သာ ေနထိုင္ေနရဆဲျဖစ္ေၾကာင္း စစ္ေရွာင္ကူညီေရးအဖြဲ႕ တာ၀န္ရွိသူမ်ား၏ ေျပာဆို ခ်က္အရ သိရသည္။ https://kicnews.org/2022/05
**************
၂၁။ စစ္မွန္သည့္ ၿငိမ္းခ်မ္းေရးေဆြးေႏြးမႈျဖစ္ရန္ စဥ္းစားလုပ္ေဆာင္သင့္သည့္ တိုက္တြန္းခ်က္ (၅)ခ်က္ PNFC ထုတ္ျပန္
May 13, 2022

စစ္မွန္သည့္ ၿငိမ္းခ်မ္းေရး ေဆြးေႏြးမႈႏွင့္ ဖက္ဒရယ္ျပည္ေထာင္စု တည္ေဆာက္ေရး လမ္းေၾကာင္းမွန္ျဖစ္ေပၚေစေရး အတြက္ စစ္ေကာင္စီအပါအဝင္ ၎၏ ၿငိမ္းခ်မ္းေရးေဆြးေႏြးဘက္မ်ားအေနျဖင့္ ထည့္သြင္းစဥ္းစား လုပ္ေဆာင္သင့္သည့္ တိုက္တြန္း ခ်က္ (၅)ခ်က္ပါ ပန္ၾကားခ်က္ကို ပအိုဝ္းအမ်ိဳးသား ဖက္ဒရယ္ေကာင္စီ(PNFC)က ယမန္ေန႔ ေမလ ၁၂ရက္ေန႔တြင္ ထုတ္ျပန္ လိုက္သည္။

စစ္မွန္သည့္ ၿငိမ္းခ်မ္းေရးေဆြးေႏြးမႈႏွင့္ ဖက္ဒရယ္ ျပည္ေထာင္စုကို ဦးတည္ေလွ်ာက္လွမ္းလိုလွ်င္ လက္ရွိေတာ္လွန္ ေရးတြင္ ပါဝင္သူအားလုံးအပစ္ရပ္ႏိုင္ရန္ စစ္ေကာင္စီဘက္မွ တစ္ဖက္သတ္ အပစ္ရပ္ေၾကညာၿပီး အၾကမ္းဖက္လုပ္ရပ္မ်ားကို လက္ေတြ႕ ရပ္ဆိုင္းရန္၊ စစ္အာဏာရွင္စနစ္ ဆန႔္က်င္ေတာ္လွန္မႈတြင္ နည္းလမ္းေပါင္းစုံျဖင့္ပါဝင္သည့္ အင္အားစုမ်ားကို ရက္စက္သည့္ ႏွိမ္နင္းမႈမ်ား ခ်က္ခ်င္းရပ္တန႔္ၿပီး ဖမ္းဆီးေထာင္ခ်ခံထားရသည့္ ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ သမၼတဦးဝင္းျမင့္ အပါအဝင္ ႏိုင္ငံ ေရး အက်ဥ္းသားအားလုံး ႁခြင္းခ်က္မရွိ လြတ္ေျမာက္ေပးရမည္ျဖစ္ေၾကာင္း (PNFC)က တိုက္တြန္းထားသည္။ ထို႔အျပင္ အမ်ိဳး သားညီၫြတ္ေရး အတိုင္ပင္ခံ ေကာင္စီ(NUCC)၊ ျပည္ေထာင္စုလႊတ္ေတာ္ ကိုယ္စားျပဳေကာ္မတီ (CRPH)၊ အမ်ိဳးသား ညီၫြတ္ေရးအစိုးရ(NUG)ႏွင့္ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕(PDF)အပါအဝင္ တိုင္းရင္းသား ေတာ္လွန္ေရး အင္အားစုမ်ားအားလုံး ၿငိမ္းခ်မ္းေရးျဖစ္စဥ္တြင္ ပါဝင္ေဆာင္႐ြက္ႏိုင္ျခင္းကို ထည့္သြင္းစဥ္းစားရမည္ျဖစ္သလို ကုလသမဂၢႏွင့္ ႏိုင္ငံတကာ၏ ပါဝင္ေရး ကိုလည္း စဥ္းစားေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း အခ်က္(၅)ခ်က္ျဖင့္ တိုက္တြန္းပန္ၾကားထားသည္။

လက္ရွိ စစ္ေကာင္စီ၏ ၿငိမ္းခ်မ္းေရး ေဆြးေႏြးရန္ ဖိတ္ေခၚမႈကို အပစ္ရပ္လက္မွတ္ေရးထိုးထားသည့္ တိုင္းရင္းသား လက္နက္ ကိုင္ (၇)ဖြဲ႕ႏွင့္ အပစ္ရပ္ မထိုးထားသည့္ တိုင္းရင္းသားလက္နက္ကိုင္ ၃ဖြဲ႕ တက္ေရာက္ရန္ စာရင္းေပးထားေၾကာင္း စစ္ေကာင္စီဘက္က ထုတ္ျပန္ထားသလို မတက္ေရာက္သည့္ အဖြဲ႕အစည္းမ်ားလည္း အသီးသီးသေဘာထား ထုတ္ျပန္ထား သည္။ စစ္ေကာင္စီ၏ ၿငိမ္းခ်မ္းေရး ဖိတ္ေခၚမႈသည္ တိုက္လိုက္၊ ေဆြးေႏြးလိုက္ သံသရာမွ ႐ုန္းထြက္ႏိုင္မည့္ ဖိတ္ေခၚမႈမ်ိဳး မဟုတ္ေၾကာင္းႏွင့္ လက္ရွိႏိုင္ငံေရး ျပႆနာကိုလည္း လူအစုအဖြဲ႕အနည္းငယ္ကိုသာ အေျခခံၿပီး ေဆြးေႏြးေျဖရွင္းရမည့္ အခ်ိန္ အခါ မဟုတ္ေတာ့ဘဲ ပါဝင္သင့္ပါဝင္ထိုက္သူ အားလုံးအက်ဳံးဝင္ သက္ဆိုင္သည့္ ေျဖရွင္းမႈမ်ိဳးျဖစ္ရန္ လိုအပ္ေၾကာင္းလည္း ပန္ၾကားစာတြင္ တိုက္တြန္းထားသည္။ https://kicnews.org/2022/05
**************
၂၂။ မတူပီၿမိဳ႕နယ္က စစ္ေဘးေရွာင္ျပည္သူမ်ား ရိကၡာႏွင့္ ေဆးဝါးမ်ားျပတ္လပ္
MAY 16, 2022

ခ်င္းျပည္နယ္၊ မတူပီၿမိဳ႕နယ္အိုင္ဒပ္ေတာင္ေၾကာမွ စစ္ေဘးေရွာင္ေနၾကသည့္ ျပည္သူမ်ားသည္ စားနပ္ရိကၡာႏွင့္ ေဆးဝါးမ်ား လုံေလာက္မႈမရွိျခင္းေၾကာင့္ အခက္အခဲမ်ားႀကဳံေနၾကၿပီး ကူညီေထာက္ပံ့မႈလိုအပ္ေနၾကသည္ဟု အိုင္ဒပ္နယ္ေျမမွ စစ္ေဘး ေရွာင္ကူညီေပးေနသူ တစ္ဦးက ေျပာသည္။

ၿပီးခဲ့သည့္ႏွစ္ ေအာက္တိုဘာလက စတင္ၿပီး CDF-Matupi ႏွင့္ စစ္ေကာင္စီတပ္မ်ားအၾကားျဖစ္ပြားေနသည့္ တိုက္ပြဲမ်ားေၾကာင့္ မင္းတပ္-မတူပီလမ္းတစ္ေလွ်ာက္ႏွင့္ အိုင္ဒပ္ေတာင္ေၾကာတြင္ရွိေသာ ေက်း႐ြာေနျပည္သူမ်ား ေတာထဲေတာင္ထဲ စစ္ေဘးတိမ္း ေရွာင္ေနၾကရျခင္းျဖစ္သည္။ စစ္ေဘးေရွာင္ျပည္သူမ်ားသည္ စစ္ေရွာင္ေနရင္း ေဆးဝါးမလုံေလာက္မႈေၾကာင့္ ၈ ႏွစ္အ႐ြ ယ္ကေလးတစ္ဦး အပါအဝင္ ျပည္သူ ၆ ဦးအထိေသဆုံးမႈလည္းယခင္ကရွိခဲ့ၿပီး လက္ရွိတြင္ စစ္ေဘးေရွာင္ျပည္သူမ်ားသည္ ေနထိုင္ စားေသာက္ေရးအတြက္ အခက္ခဲဆုံးအေျခအေနေရာက္ေနၾကသည္ဟု အိုင္ဒပ္နယ္ေျမမွ စစ္ေဘးေရွာင္ကူညီေပးေနသူ တစ္ဦး က ဆက္ေျပာသည္။

ခ်င္းျပည္နယ္ေတာင္ပို္င္းတြင္ စစ္ေကာင္စီတပ္မွ အင္အားအလုံးအရင္းျဖင့္ စစ္ေၾကာင္းထိုးလာသည္မွာ သုံးႀကိမ္ခန႔္ရွိလာၿပီ ျဖစ္ၿပီး စစ္ေကာင္စီတပ္ဖြဲ႕မ်ားစစ္ေၾကာင္းခ်ီလာသည့္ လမ္းတေလ်ာက္တြင္ရွိေသာ ေက်း႐ြာလူေနအိမ္မ်ား မီးရဖ်က္ဆီးခဲ့ ေသာေၾကာင့္ စစ္ေဘးေရွာင္မ်ားသည္ ေနရပ္ျပန္ရန္ျပင္ ခက္ခဲေနသည္ဟု သိရသည္။ မတူပီၿမိဳ႕နယ္တြင္ စစ္ေဘးတိမ္း ေရွာင္ေနရသည္္နယ္ေျမဧရိယာ (၄) ခုရွိၿပီး အိုင္ဒါပ္ဧရိယာတြင္ ျခန္းျပန္း(က)၊ (ခ)၊ ရမ္တိန္းေက်း႐ြာ၊ မႊန္တုန္ေက်း႐ြာ၊ ဟာလ္တူးေက်းတို႔မွ စစ္ေဘးေရွာင္လူဦးေရ (၁၃၇၀) ခန႔္ရွိေၾကာင္း စစ္ေဘးအေရးကူညီေပးေနသူမ်ားထံမွ သိရသည္။

Main Home


******************
၂၃။ မြန္ဝန္ႀကီးခ်ဳပ္ေဟာင္း ေဒါက္တာေအးဇံကို ေထာင္ဒဏ္ ၂၁ ႏွစ္ ထပ္မံခ်မွတ္
(၂၀၂၂ ေမ ၁၆)

မြန္ျပည္နယ္ဝန္ႀကီးခ်ဳပ္ေဟာင္း ေဒါက္တာေအးဇံကို အဂတိမႈ ၉ မႈအတြက္ ေထာင္ဒဏ္ ၂၁ ႏွစ္ အမိန႔္ထပ္မံ ခ်မွတ္လိုက္ ေၾကာင္း သိရသည္။ ေထာင္ဒဏ္အမိန႔္ကို က်ိဳက္မေရာဗဟိုအက်ဥ္းေထာင္အတြင္းက အထူးတရား႐ုံးတြင္ ေမလ ၁၆ ရက္ေန႔က ခ်မွတ္လိုက္ျခင္း ျဖစ္သည္။

ေဒါက္တာေအးဇံကို အဂတိမႈ အမွတ္စဥ္ ၁ မွ ၆ အထိကို တစ္မႈလ်င္ ေထာင္ဒဏ္ ၂ ႏွစ္ ႏွစ္ႏႈန္းျဖင့္ ၁၂ ႏွစ္ အျပင္ အမႈ အမွတ္စဥ္ ၇ မွ ၉အထိ တစ္မႈကို ေထာင္ဒဏ္ ၃ ႏွစ္ႏႈန္း ျဖင့္ ၉ ႏွစ္ စုစုေပါင္း ေထာင္ဒဏ္ ၂၁ ႏွစ္ ခ်မွတ္ခဲ့ျခင္း ျဖစ္သည္။ ဝန္ႀကီးခ်ဳပ္ တာဝန္ယူေနစဥ္ကာလအတြင္း လုပ္ပိုင္ခြင့္အာဏာကို အသုံးခ်ကာ စီးပြားေရးလုပ္ငန္းရွင္မ်ားထံက ေဒါက္တာေအးဇံ ေငြေၾကးရ ယူခဲ့သည့္ဆိုေသာ စြဲခ်က္ျဖင့္ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရး ဥပေဒ ပုဒ္မ ၅၅ ျဖင့္ နစက ေကာင္စီ အမႈ ၉ မႈ ဖြင့္ခဲ့ျခင္း ျဖစ္သည္။

ၿပီးခဲ့သည့္ ဒီဇင္ဘာလအတြင္းက ေဒါက္တာေအးဇံကို ရာဇသတ္ႀကီး ဥပေဒ ပုဒ္မ ၅၀၅(ခ) ျဖင့္ တရားစြဲခဲ့ၿပီး ေထာင္ဒဏ္ ၂ ႏွစ္ အမိန႔္ခ်မွတ္ခဲ့ၿပီး ယခု ခ်မွတ္ခဲ့သည့္ အမိန႔္ျဖင့္ ေပါင္းလိုက္ပါက ေထာင္ဒဏ္ ၂၃ ႏွစ္ ခ်မွတ္ခံထားရျခင္း ျဖစ္သည္။ လက္ရွိ တြင္လည္း ေဒါက္တာေအးဇံကို ေ႐ြးေကာက္ပြဲအတြင္း မေလ်ာ္ ၾသဇာသုံးခဲ့သည္ဟူေသာ စြဲခ်က္ျဖင့္ အမႈ ၃ မႈ ဖြင့္ထားၿပီး တရား ရင္ဆိုင္ေနရဆဲျဖစ္သည္။ https://burmese.monnews.org/
*******************
၂၄။ ေရးၿမိဳ႕နယ္ ကဗ်ာႀကီးေက်း႐ြာတြင္ အုပ္ခ်ဳပ္ေရးမႉးႏွင့္ လဝကအရာရွိတစ္ဦး ေသနတ္ျဖင့္ ပစ္သတ္ခံရ
(၂၀၂၂ ေမ ၁၄)

ေရးၿမိဳ႕နယ္ေတာင္ပိုင္း ကဗ်ာႀကီးေက်း႐ြာ အုပ္ခ်ဳပ္ေရးႏွင့္ လဝကအရာရွိတစ္ဦးကို ေရးဘီးလူးအဖြဲ႕က ေမလ ၁၃ ရက္ ညေန ၆ နာရီခြဲအခ်ိန္တြင္ ေသနတ္ျဖင့္ လာေရာက္ပစ္ခတ္မႈေၾကာင့္ ေသဆုံးသြားေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။ ေက်း႐ြာအုပ္ခ်ဳပ္ ေရးမႉး ဦးေမာင္စံေအး (ေခၚ) ထားဝယ္ႏွင့္ လဝကဦးစီးဆိုသူတို႔ အိမ္ထဲတြင္ ဘီယာေသာက္ေနစဥ္ လူငယ္ႏွစ္ဦး ဆိုင္ကယ္ ႏွင့္လာေရာက္ပစ္ခတ္သြားျဖင္းျဖစ္ေၾကာင္း ကဗ်ာႀကီးေက်း႐ြာ ႐ြာသားတစ္ဦးက ဆိုသည္။ ကဗ်ာႀကီးေက်း႐ြာဥကၠဌကို ပစ္ခတ္ ရွင္းလင္းခဲ့ရာတြင္ ေခါဇာၿမိဳ႕ ေထြအုပ္ဦးစီးအရာရွိတစ္ဦးကိုလည္း ပစ္သတ္ခဲ့ေၾကာင္း ေရးဘီလူးအဖြဲ႕က လူမႈကြန္ရက္စာ မ်က္ ႏွာတြင္ ႐ုပ္သံျဖင့္ ရွင္းလင္းေျပာၾကားခဲ့သည္။

ထို႔ျပင္ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးဆိုသူသည္ ပ်ဴေစာထီးေခါင္းေဆာင္တစ္ဦးျဖစ္ၿပီး ၄င္းအသုံးျပဳေနသည့္ HK 33 ေအာ္တိုမက္တစ္ ေသနတ္တစ္လက္ကိုလည္း အဆိုပါ ေရးဘီလူးအဖြဲ႕က သိမ္းဆည္းခဲ့ေၾကာင္း အဆိုပါ႐ုပ္သံဖိုင္တြင္ ေျပာၾကာခဲ့သည္။ ထားဝယ္ လူမ်ိဳးျဖစ္သည့္ အုပ္ခ်ဳပ္ေရးမႉး ဦးေမာင္စံေအးသည္ ကဗ်ာႀကီးေက်း႐ြာသူ မြန္အမ်ိဳးသမီးတစ္ဦးႏွင့္အေၾကာင္းပါ၍ ေက်း႐ြာ ဥကၠဌအျဖစ္ တာဝန္ယူလာခဲ့သည္မွာ ၇ ႏွစ္နီးပါး ရွိေနၿပီျဖစ္ေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။ ထို႔အတူ ေသနတ္ ပစ္သတ္ ခံေသဆုံးသြားသည့္ လဝကဝန္ထမ္းဆိုသူသည္ ေရးၿမိဳ႕မွ ေခါဇာၿမိဳ႕သို႔အျပန္ ကဗ်ာႀကီးေက်း႐ြာသို႔ မွတ္ပုံတင္ကိစၥျဖင့္ ေက်း႐ြာ ဥကၠဌသို႔ ေခတၱေရာက္ရွိလာစဥ္ ကံမေကာင္းအေၾကာင္းမလွသျဖင့္ ယင္းလုပ္ႀကံမႈတြင္ အဆစ္ပါ၍ ေသဆုံးခဲ့ရသည္ဟု တျခား ႐ြာသားတစ္ဦးက ဆိုသည္။

ပစ္ခတ္မႈအၿပီး ကဗ်ာႀကီးေက်း႐ြာသို႔ စစ္တပ္လုံျခဳေရးတပ္ဖြဲ႕ဝင္ ၂၀ ခန႔္ေရာက္ရွိလာၿပီး ေက်း႐ြာအဝင္အထြက္ကို တင္းတင္း ၾကပ္ၾကပ္ စစ္ေဆးမႈမ်ားလုပ္ေဆာင္ခဲ့ေၾကာင္း သိရသည္။ စစ္တပ္အာဏာသိမ္းၿပီးကာလမွစ၍ ေရးၿမိဳ႕နယ္အတြင္းရွိ ရပ္ကြက္/ ေက်း႐ြာအႀကီးအကဲ အုပ္ခ်ဳပ္ေရးမႉး ၁၀ ဦးထက္မနည္း လုပ္ႀကံသတ္ျဖတ္ခံလိုက္ရေၾကာင္း သတင္းမွတ္တမ္းမ်ာအရ သိရ သည္။ https://burmese.monnews.org/
*******************
၂၅။ ေခ်းေငြျပန္သြားေတာင္းသည့္ စထနာပါနာကုမၺဏီဝန္ထမ္း အသတ္ခံရ
( ၂၀၂၂၊ ေမလ ၁၄)

မြန္ျပည္နယ္၊ ဘီးလင္းၿမိဳ႕နယ္၊ ေဒါက္ရပ္ေက်း႐ြာအုပ္စု၊ ခဲေမာက္ေက်း႐ြာတြင္ ေခ်းေငြ ယူထားသူမ်ားထံမွာ ေငြသြားျပန္ ေတာင္းသည့္ စထနာပါနာကုမၺဏီဝန္ထမ္း အသတ္ခံခဲ့ရေၾကာင္း ကုမၸဏီႏွင့္ နီးစပ္သူမ်ားထံမွ သိရသည္။ သထုံၿမိဳ႕ စထနာပါ ေခ်းေငြကုမၸဏီမွ ဝန္ထမ္းျဖစ္သည့္ ကိုေအာင္သီဟက အဆိုပါေက်း႐ြာရွိ လင္မယားႏွစ္ဦးအား ေခ်းေငြကို တာဝန္ယူ ထုတ္ေခ်း ေပးခဲ့ျခင္းျဖစ္သည္။

ေခ်းေငြအား ျပန္လည္ေတာင္းယူရန္ အဆိုပါလင္မယားထံသြားေရာက္စဥ္ ေယာက်ာ္းျဖစ္သူက ကိုေအာင္သီဟအား သတ္ပစ္ခဲ့ ျခင္းျဖစ္ေၾကာင္း ကုမၸဏီႏွင့္ နီးစပ္သူတစ္ဦးက ေျပာသည္။ ကိုေအာင္သီဟ၏ လည္ပင္းတြင္ ဓားဒဏ္ရာေတြ႕ရၿပီး လည္ပင္း ျပတ္လုနီးပါးျဖစ္ေနေၾကာင္း စုစည္းအားမာန္ ဘီးလင္းအေရးေပၚကယ္ဆယ္ေရးအသင္းမွ သိရသည္။ ကိုေအာင္စီဟႏွင့္အတူ ပါလာသည့္ ေငြသားအခ်ိဳ႕ႏွင့္ ဆိုင္ကယ္တစ္စီးကို အဆိုပါ လင္မယားက ယူေဆာင္ထြက္ေျပးသြားၿပီျဖစ္ေၾကာင္း ႐ုံးသို႔ဖုန္းဆက္ စဥ္ မိန္းမျဖစ္သူက ေျပာဆိုသြားေၾကာင္း သိရသည္။

ေမလ ၁၃ ရက္ေန႔တြင္ တရားခံ လင္မယား၏ ေနအိမ္အေနာက္ ေပ ၁၀၀ ခန္႔တြင္ သက္ဆိုင္ရာ တာဝန္ရွိသူမ်ားႏွင့္ ဘီးလင္းၿမိဳ႕ အေရးေပၚကယ္ဆယ္ေရးအဖြဲ႕မွ သြားေရာက္တူးေဖာ္ခဲ့ရာ ကိုေအာင္သီဟ၏ အေလာင္းကို ေတြ႕ရွိခဲ့ၿပီး ဘီးလင္း ၿမိဳ႕နယ္ေဆး႐ုံ ရင္ခြဲ႐ုံသို႔ ပို႔ေဆာင္ခဲ့ေၾကာင္း သိရသည္။ လက္ရွိတြင္ ကိုေအာင္သီဟ၏ ႐ုပ္အေလာင္းကို ရင္ခြဲ႐ုံမွ သထုံရွိ ေနအိမ္သို႔ ျပန္လည္ပို႔ ေဆာင္ထားၿပီး တရားခံမ်ားမွာ လြတ္ေျမာက္ေနဆဲျဖစ္ေၾကာင္း သိရသည္။ https://burmese.monnews.org/
*******************
၂၆။ ေ႐ြးေကာက္ပြဲ၊ ၿငိမ္းခ်မ္းေရးႏွင့္ ပတ္သက္၍ NSPNC ႏွင့္ ကရင္ KNDP ပါတီတို႔ ေတြ႕ဆုံေဆြးေႏြးခဲ့
(၂၀၂၂ ေမ ၁၄)

အမ်ိဳသားစည္းလုံးညီၫြတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္မႈ ညႇိႏႈိင္းေရးေကာ္မတီ (NSPNC) ႏွင့္ ကရင္အမ်ိဳးသား ဒီမိုကရက္ တစ္ပါတီ (KNDP) တို႔ ေနျပည္ေတာ္တြင္ ေမ ၁၂ ရက္က ေတြ႕ဆုံေဆြးေႏြးခဲ့ၾကေၾကာင္း သိရသည္။ အဆိုပါေတြ႕ဆုံေဆြးေႏြးပြဲမွာ ၿငိမ္းခ်မ္းေရး၊ ေ႐ြးေကာက္ပြဲက်င္းပႏိုင္ေရးတို႔ကို ေဆြးေႏြးခဲ့ၾကေၾကာင္း KNDP မွ ဥကၠ႒ မန္းေအာင္ျပည္စိုးက မြန္သတင္း ေအဂ်င္စီကို ေျပာသည္။

လာမည့္ ေ႐ြးေကာက္ပြဲတြင္ အခ်ိဳးက်ကိုယ္စားျပဳစနစ္ (PR) ကို က်င္းသုံးမည္ျဖစ္ေၾကာင္း၊ ျပည္ေထာင္စု ေ႐ြးေကာက္ပြဲ ေကာ္မရွင္ (UEC) ႏွင့္ ႏိုင္ငံေရးပါတီမ်ား ေတြ႕ဆုံစဥ္ သေဘာတူခဲ့ၾကေၾကာင္း ၎က ေျပာသည္။ ထို႔အတူ ခ႐ိုင္မ်ား တိုးခ်ဲ႕မႈႏွင့္ ပတ္သက္၍ လာမည့္ေ႐ြးေကာက္ပြဲတြင္ က်င္းပမည့္ PR စနစ္ႏွင့္ သက္ဆိုင္ျခင္း ရွိ/မရွိကိုမူ အတိအက် မသိရွိရေသးေၾကာင္း မန္းေအာင္ျပည္စိုးက ေျပာသည္။

ယင္းေတြ႕ဆုံေဆြးေႏြးမႈမွာ ေ႐ြးေကာက္ပြဲ က်င္းပရာတြင္ မဲဆႏၵနယ္ ခြဲေဝသတ္မွတ္မႈ၊ မဲေပးနည္းမ်ားႏွင့္ ပတ္သက္၍ ေဆြးေႏြး ခဲ့ေၾကာင္း၊ ထို႔အတူ ေ႐ြးေကာက္ပြဲႏွင့္ ၿငိမ္းခ်မ္းေရး ဆက္စပ္မႈမ်ားကို ေဆြးေႏြးခဲ့ၾကေၾကာင္း သိရသည္။

Home


*******************
၂၇။ ဂြတြင္ က်င္းပခဲ့သည့္ ANP ဗဟိုေကာ္မတီအစည္းအေဝး ယေန႔ၿပီးဆုံး
17 May, 2022

ရခိုင္အမ်ိဳးသားပါတီ(ANP) ဗဟိုေကာ္မတီအစည္းအေဝးကို ေမလ ၁၂ ရက္ေန႔မွ ၁၃ ရက္အထိ ဂြၿမိဳ႕ရွိ ANP ပါတီ႐ုံးတြင္ ၂ ရက္ၾကာ က်င္းပခဲ့ေၾကာင္း သိရသည္။ အဆိုပါအစည္းအေဝးတြင္ ပါတီေရးရာကိစၥမ်ား၊ လက္ရွိ ANP ၏ ၿမိဳ႕နယ္အသီးသီး တြင္ျဖစ္ေပၚေနေသာ အေျခအေနမ်ားႏွင့္ ၿမိဳ႕နယ္ပါတီအသီးသီးတို႔၏ ေရးရာကိစၥမ်ားကို ေဆြးေႏြးခဲ့ၾကေၾကာင္း ပါတီဗဟိုေကာ္ မတီဝင္လည္းျဖစ္၊ မူဝါဒေရးရာဦးေဆာင္ေကာ္မတီဝင္လည္းျဖစ္သည့္ ဦးထြန္းေအာင္ေက်ာ္က ေျပာသည္။

ဗဟိုေကာ္မတီအစည္းအေဝးျဖစ္သည့္အတြက္ ဗဟိုေကာ္မတီဝင္မ်ား အားလုံးကို ဖိတ္ေခၚခဲ့ေၾကာင္းလည္း သိရသည္။ ယခု အစည္းအေဝးဆုံးျဖတ္ခ်က္ ရလဒ္မ်ားႏွင့္ပတ္သက္၍ ပါတီဥကၠ႒ ဦးသာထြန္းလွအား ေမးျမန္းရန္ ဆက္သြယ္ခဲ့ေသာ္လည္း ဆက္သြယ္မရခဲ့ပါ။

ၿပီးခဲ့သည့္ မတ္ ၆ ရက္ေန႔၌က်င္းပခဲ့သည့္ ဗဟိုေကာ္မတီအစည္းအေဝးတြင္ မူဝါေဒရးရာ ဦးေဆာင္ေကာ္မတီမ်ား၊ ဗဟိုအလုပ္ အမႈေဆာင္ေကာ္မတီဝင္မ်ား၊ ဗဟိုေကာ္မတီဝင္မ်ားက ပါတီႏွင့္ကင္းကြာေနၾကသည့္ ပုဂၢိဳလ္အခ်ိဳ႕ကို ပါတီ တာဝန္အား ဆက္လက္ထမ္းေဆာင္လိုစိတ္ ရွိ၊ မရွိ ေမးျမန္ၾကရန္ ဆုံးျဖတ္ခဲ့ၾကသည္ဟု သိရသည္။ ယင္းသို႔ေမးျမန္းခဲ့ေသာ္လည္း ပါတီႏွင့္ ကင္းကြာေနသူမ်ားက အေၾကာင္းျပန္ၾကားမႈမရွိခဲ့ဟုလည္း သိရသည္။
https://burmese.narinjara.com/news/detail/6282eb588dfa1f53681b2158
****************
၂၈။ ဘူးသီးေတာင္တြင္ မူဆလင္႐ြာသားႏွစ္ဦးကို AA ကို သတင္းပို႔သည့္ သံသယျဖင့္ စစ္တပ္က (၁၀) ရက္တိတိ ဖမ္းဆီး ထိန္းသိမ္းထားခဲ့ဟုဆို
17 May, 2022

စစ္ေကာင္စီတပ္ဖြဲ႕တစ္ခုက ရကၡိဳင့္တပ္ေတာ္(AA) ဆက္စပ္သံသယျဖင့္ ဘူးသီးေတာင္ၿမိဳ႕နယ္၊ စိမ့္ညႇင္းျပားေက်း႐ြာမွ မူဆလင္ ၂ ဦးကို ဖမ္းဆီးၿပီး ၁၀ ရက္အၾကာမွ ျပန္လႊတ္ေပးလိုက္သည္ဟု ကာယကံရွင္မ်ားကေျပာၾကားသည္။ ၁၀ ရက္ၾကာ ဖမ္းဆီး ခံခဲ့ရၿပီးေနာက္ ျပန္လြတ္လာသူ ႏွစ္ဦးမွာ ဘူးသီးေတာင္ၿမိဳ႕နယ္၊ စိမ့္ညႇင္းျပား ေက်း႐ြာမွ ဦးေ႐ႊေမာင္ႏွင့္ ဦးအီစမန္တို႔ ျဖစ္ၾက သည္။

သူတို႔ႏွစ္ဦးကို ဧၿပီလ ၃၀ ရက္ေန႔တြင္ တပ္မတြင္ ဖမ္းဆီးထိန္းသိမ္းထားခဲ့ၿပီး တပ္ရင္း ၂၃၄သို႔ ထပ္မံေျပာင္းေ႐ႊ႕ကာ ၁၀ ရက္ ၾကာ စစ္ေဆးေမးျမန္းၿပီးေနာက္ ေမလ ၁၀ ရက္ေန႔တြင္ ျပန္လႊတ္ေပးခဲ့ေၾကာင္း စိမ့္ညႇင္းျပား ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး ဦးဆီးဒီး အာေမာက္က နိရၪၥရာသတင္းဌာန ကိုေျပာသည္။

သူတို႔အေနျဖင့္ မည္သူ႔ကို ဆက္သြယ္ သတင္းေပးမႈ မရွိေၾကာင္း ေျပာဆိုၿပီးေနာက္ပိုင္း ျပန္လည္လႊတ္ေပးခဲ့သည္ဟု ၎က ေျပာၾကားသည္။ ေမလ ၁၂ ရက္ေန႔ကလည္း စိမ့္ညႇင္းျပားေက်း႐ြာမွ အာဆာႏွင့္ အဆက္အသြယ္ ရွိသည္ဟု သံသယရွိသူ ၄ ဦးကို စစ္တပ္က ေခၚယူ သတိေပးမႈမ်ားရွိခဲ့သည္ဟု သတင္းရရွိသည္။
https://burmese.narinjara.com/news/detail/6282eaea8dfa1f53681b2154
****************
၂၉။ ေက်ာက္ျဖဴရွိ ေက်ာက္တစ္လုံးမူဆလင္ကယ္ဆယ္ေရးစခန္းေနရာသစ္ မိုး႐ြာသည္ႏွင့္ ေရနစ္ျမဳပ္
17 May, 2022

ရခိုင္ျပည္နယ္၊ ေက်ာက္ျဖဴၿမိဳ႕ရွိ ေက်ာက္တစ္လုံးတြင္ မူဆလင္ ဒုကၡသည္မ်ား အတြက္ တည္ေဆာက္ေနသည့္ ကယ္ဆယ္ေရး စခန္းသစ္မွာ မိုးစတင္႐ြာသြန္း ၿပီးေနာက္ ေရနစ္ျမဳပ္ေနေၾကာင္း သိရသည္။ ေမလ ၁၁ ရက္ေန႔က႐ြာသြန္းခဲ့သည့္မိုးေၾကာင့္ ေက်ာက္တစ္လုံး မူဆလင္ ကယ္ဆယ္ေရးစခန္းေနရာသစ္ေဆာက္လုပ္ေနသည့္ေနရာတြင္ ေရနစ္ျမဳပ္ေနေၾကာင္း ေက်ာက္တစ္ လုံးေက်း႐ြာဥကၠ႒ ဦးေမာင္နီက နိရၪၥရာကိုေျပာသည္။ စခန္းေရနစ္ျမဳပ္ေနမႈကို ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉးအား အေၾကာင္းၾကား၍ ယမန္ေန႔ ေမလ ၁၂ ရက္ေန႔က ဌာနဆိုင္ရာလူႀကီးမ်ား လာေရာက္ ၾကည့္ရႈခဲ့ေၾကာင္း ၄င္းက ဆက္ေျပာသည္။

ယခုကိစၥႏွင့္ပတ္သက္၍ ေက်ာက္ျဖဴၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉးကို ဆက္သြယ္ခဲ့ရာ ဆက္သြယ္၍ မရခဲ့ပါ။ ေက်ာက္တစ္လုံး ကယ္ဆယ္ေရးစခန္းသည္ ၂၀၁၂ ခုႏွစ္အေရးအခင္း အၿပီးတြင္ စတင္တည္ေဆာက္ခဲ့ျခင္းျဖစ္ၿပီး ေက်ာက္ျဖဴၿမိဳ႕ ပိုက္ဆိပ္မွ မူဆလင္အမ်ားစုေနထိုင္ေနေသာ ကယ္ဆယ္ေရးစခန္းတစ္ခုျဖစ္သည္။

ယင္းစခန္းတြင္ လူဦးေရ ၁၅၃၂ ဦးရွိၿပီး ကယ္ဆယ္ေရးစခန္းအျဖစ္မွ ဖ်က္သိမ္းကာ စခန္းအေနာက္ဘက္ရွိေျမတြင္ အစိုးရက ေနအိမ္မ်ား ေဆာက္လုပ္ေနျခင္းျဖစ္သည္။ ေနအိမ္ ၃၆၈ လုံးေဆာက္လုပ္ေနျခင္းျဖစ္ၿပီး ေဆာက္လုပ္ၿပီးစီးသည့္ ေနအိမ္အလုံး ၆၀ ၊ ၿပီးစီးခါနီးေနအိမ္ ၄၇ လုံးႏွင့္ က်န္ရွိသည့္ေနအိမ္မ်ားကို ေဆာက္လုပ္ေနဆဲျဖစ္ေၾကာင္း သိရသည္။ ေဆာက္လုပ္ေနဆဲ ျဖစ္သည့္အတြက္ စခန္းေနရာသစ္သို႔ ေျပာင္းေ႐ႊ႕ရန္ ၾကာဦးမည္ဟု ေက်ာက္တစ္လုံးဥကၠ႒က ေျပာသည္။
https://burmese.narinjara.com/news/detail/6282eb988dfa1f53681b215a
*****************
၃၀။ မင္းျပားတြင္ စစ္တပ္ႏွင့္ AA တစ္ဖက္ႏွင့္တစ္ဖက္ အနီးကပ္ေစာင့္ၾကည့္မႈမ်ား ရွိေနဟုဆို
13 May, 2022

ရခိုင္ျပည္နယ္၊ မင္းျပားၿမိဳ႕တြင္ ရကၡိဳင့္တပ္ေတာ္(AA)ႏွင့္ ျမန္မာစစ္တပ္တို႔ အၾကားတြင္ တစ္ဖက္ႏွင့္ တစ္ဖက္အနီးကပ္ ေစာင့္ၾကည့္မႈမ်ား ျဖစ္ေပၚ လ်က္ရွိသည္ဟု မ်က္ျမင္ေဒသခံမ်ားက ေျပာသည္။ ယေန႔ ေမလ ၁၂ ရက္ေန႔ နံနက္ပိုင္းက မင္းျပားျပည္သူ႔ေဆး႐ုံနားဝန္းက်င္တြင္ စစ္တပ္က လႈပ္ရွားမႈမ်ားရွိခဲ့ၿပီး ေန႔လယ္ပိုင္းကလည္း လူငယ္တခ်ိဳ႕ကို စစ္ေဆးမႈမ်ား ရွိခဲ့ေၾကာင္း မ်က္ျမင္ ေဒသခံတစ္ဦးက ေျပာသည္။ လက္ရွိတြင္မင္းျပားျပည္သူ႔ေဆး႐ုံနားရွိ ခ်င္းေက်ာင္းတြင္ ၃၇၉ တပ္ရင္းမွ စစ္သား ၃၀ ေက်ာ္ႏွင့္ ရဲတပ္ဖြဲ႕ဝင္တခ်ိဳ႕ တပ္ခ်လ်က္ရွိေၾကာင္း သိရသည္။

လက္ရွိ ေအေအဘက္ကလည္း မင္းျပားၿမိဳ႕ကားႀကီးကြင္းဘက္တြင္ ေနရာယူထားသည္ဟု သိရသည္။ မင္းျပားၿမိဳ႕ရွိ အမ်ိဳးသား ေရးလႈပ္ရွားသူမ်ားကို စစ္တပ္ဘက္မွ ဖမ္းဆီးစစ္ေဆးမည္ဟု သတင္းမ်ားေပါက္ၾကားေနသည့္အတြက္ လူတခ်ိဳ႕ တိမ္းေရွာင္ေန ရသည္ဟု သိရသည္။ ရခိုင္မွ ၿမိဳ႕နယ္တခ်ိဳ႕တြင္ စစ္တပ္ဘက္က စစ္ေဆးေရးတင္းက်ပ္မႈ၊ စစ္ေရးလႈပ္ရွားမႈမ်ားႏွင့္ အတူ ေက်း႐ြာမ်ားကို ဝင္ေရာက္စစ္ေဆးမႈမ်ားလည္း ရွိေနသည္။

ရကၡိဳင့္တပ္ေတာ္ (AA) တပ္မႉးခ်ဳပ္ဗိုလ္ခ်ဳပ္ထြန္းျမတ္ႏိုင္ကလည္း ရခိုင္တြင္ စစ္တပ္က စစ္ေရးလႈပ္ရွားမႈမ်ားအျပင္ ေက်း႐ြာ မ်ားကို ဝင္ေရာက္စစ္ေဆးျခင္း၊ ဖမ္းဆီးျခင္းမ်ားရွိေန၍ အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ တိုင္းမႉးထင္လတ္ဦးကို သတိေပးစကား ေျပာဆိုထားသည္။ https://burmese.narinjara.com/news/detail/627dbdd88dfa1f53681b214a
*******************
၃၁။ ဖယ္ခုံၿမိဳ႕နယ္ ေက်း႐ြာတခ်ိဳ႕ ဖုန္းလိုင္းပိတ္ခံရ
May 16, 2022
သွ်မ္းျပည္ေတာင္ပိုင္း ဖယ္ခုံၿမိဳ႕နယ္အတြင္းရွိ ေက်း႐ြာတစ္ခ်ိဳ႕ ဖုန္းလိုင္းမ်ား ပိတ္ထားခံရေၾကာင္း စုံစမ္းသိရွိရသည္။ ဖယ္ခုံၿမိဳ႕ တြင္ စစ္ေကာင္စီ ႏွင့္ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ (PDF) တို႔ တိုက္ပြဲျပင္းထန္ၿပီးေနာက္ ယခုလ ၁၃ ရက္ေန႔မွ စၿပီး အင္တာနက္ ႏွင့္ ဖုန္းလိုင္းမ်ား ပိတ္ခံထားရေၾကာင္း ေဒသခံ တစ္ဦးက သွ်မ္းသံေတာ္ဆင့္ ေျပာသည္။

ဖယ္ခုံၿမိဳ႕နယ္တြင္ စစ္ေကာင္စီ ႏွင့္ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ (PDF)တို႔ ေမလ ၁၂ ရက္မွ စၿပီး တိုက္ပြဲျပင္းထန္ကာ ေမ (၁၅) ရက္တြင္ စစ္ေကာင္စီဘက္မွ တိုက္ေလယာဥ္ျဖင့္ ထိုးစစ္ဆင္ခဲ့ေၾကာင္းသိရသည္။
https://burmese.shannews.org/archives/28158
*******************
၃၂။ ကြတ္ခိုင္ၿမိဳ႕နယ္ ပန္ေလာ့စစ္ေရွာင္ (၁၂) ဦး MNDAA စစ္သားလုပ္ရန္ဖမ္းဆီးသြား
May 16, 2022

သွ်မ္းျပည္ေျမာက္ပိုင္း ကြတ္ခိုင္ၿမိဳ႕နယ္ ပန္ေလာ့ေက်း႐ြာရွိ စစ္ေရွာင္ (၁၂) ဦးကို ကိုးကန႔္တပ္မေတာ္ (MNDAA) က စစ္သား လုပ္ရန္အတြက္ ဖမ္းဆီးေခၚေဆာင္သြားေၾကာင္း စုံစမ္းသိရွိရသည္။ ယမန္ေန႔ (ေမလ ၁၅) ရက္ ည ၉ နာရီခြဲဝန္းက်င္တြင္ MNDAA စစ္သားမ်ားသည္ ကြတ္ခိုင္ၿမိဳ႕နယ္ ပန္ေလာ့ စစ္ေရွာင္စခန္းသို႔ ေရာက္ရွိလာၿပီး စစ္ေရွာင္ အမ်ိဳးသား (၁၂) ဦးကို ဖမ္းဆီးေခၚေဆာင္သြားၿပီး ည ၁၁ နာရီဝန္းက်င္တြင္ ( ၇) ဦးကို ျပန္လႊတ္ေပးခဲ့ေၾကာင္း ပန္ေလာ့စစ္ေရွာင္စခန္းတြင္ ေနထိုင္ သည့္ အမ်ိဳးသမီးတစ္ဦးက သွ်မ္းသံေတာ္ဆင့္ကို ေျပာသည္။

အဆိုပါ ျပန္လႊတ္ေပးသည့္ (၇) ဦးထဲတြင္ အသက္ႀကီးသည့္ အမ်ိဳးသားတစ္ဦးအား ၎၏ သားကို ၅ ရက္အတြင္း လာပို႔ေပးရန္၊ မပို႔ေပးႏိုင္ပါက သတ္ပစ္မည္ဟု ၿခိမ္းေျခာက္ေျပာဆိုသြားေသးေၾကာင္းသိရသည္။ အဆိုပါ MNDAA မွ စစ္ေရွာင္မ်ားကို စစ္သား လုပ္ရန္ ဖမ္းဆီးေခၚေဆာင္သြားသည့္အေပၚတြင္ က်န္ရွိေနသည့္ စစ္ေရွာင္မ်ားက စိုးရိမ္စိတ္ျဖင့္ ေနထိုင္ၾကရၿပီး ဖမ္းသြားသည့္ သူမ်ားကို ျပန္လႊတ္ေပးရန္အတြက္ ေတာင္းဆိုေနၾကသည္။

ထိုအျပင္ ဖမ္းဆီးေခၚေဆာင္သြားသည့္ စစ္ေရွာင္မ်ားကိုလည္း ဖုန္းခဏသာေျပာခြင့္ေပးၿပီး မိဘမ်ား၏ သေဘာတူညီခ်က္ မရ ေသာ္လည္း စစ္သားအဓၶမျပဳလုပ္ခိုင္းေၾကာင္းသိရသည္။ ပန္ေလာ့စစ္ေရွာင္စခန္းသည္ လီဆူတိုင္းရင္းသား စစ္ေရွာင္မ်ား ေနထိုင္သည့္ စစ္ေရွာင္စခန္း တစ္ခုျဖစ္ေၾကာင္းသိရသည္။ https://burmese.shannews.org/archives/28153
******************
၃၃။ ဖယ္ခုံၿမိဳ႕နယ္ တိုက္ပြဲ PDF တစ္ဦးက်ဆုံး စစ္ေကာင္စီ အမ်ားအျပားေသဆုံး
May 16, 2022

သွ်မ္းျပည္ေတာင္ပိုင္း ဖယ္ခုံၿမိဳ႕နယ္အတြင္းတြင္ ယမန္ေန႔ (ေမလ ၁၅) ရက္ တိုက္ပြဲေၾကာင့္ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ PDF ဘက္က တစ္ဦး က်ဆုံးခဲ့ၿပီး စစ္ေကာင္စီဘက္မွ အမ်ားအျပားေသဆုံးခဲ့ေၾကာင္း စုံစမ္းသိရွိရသည္။ ယမန္ေန႔ စစ္ေကာင္စီ ႏွင့္ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ PDF တို႔ ဖယ္ခုံၿမိဳ႕နယ္ အေရွ႕ဘက္ကမ္းတြင္ တိုက္ပြဲ ျဖစ္ပြားခဲ့ၿပီး စစ္ေကာင္စီဘက္က ၁၀ ဦးထက္ မနည္း ေသဆုံးမႈရွိေၾကာင္းသိရသည္။

အလားတူ ယေန႔ (ေမလ ၁၆ )ရက္တြင္လည္း စစ္ေကာင္စီႏွင့္ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕တို႔က စစ္ေရးတင္းမာ ေနလ်က္ရွိၿပီး စစ္ေကာင္စီဘက္မွ ျပည္သူ႔ကာကြယ္ေရးတပ္စခန္းရွိရာေနရာသို႔ တပ္စြဲလာေနေၾကာင္းသိရသည္။

ဖယ္ခုံၿမိဳ႕နယ္တြင္ စစ္ေကာင္စီဘက္မွ ယမန္ေန႔ (ေမ ၁၅)ရက္ ေလယာဥ္ျဖင့္ ထိုးစစ္ဆင္လာေၾကာင္း သိရသည္။ စစ္ေကာင္စီ သည္ ဖယ္ခုံၿမိဳ႕နယ္ ေညာင္ေ႐ႊၿမိဳ႕နယ္အစပ္ ဖယ္ခုံအပိုင္ ေဆာင္နန္းခဲေက်း႐ြာ ေတာင္ေၾကာေပၚအထိ စစ္အင္အားအမ်ား အျပားျဖင့္ ထိုးစစ္ဆင္လာခဲ့ေၾကာင္းသိရသည္။ https://burmese.shannews.org/archives/28149
*******************
၃၄။ စစ္ေရွာင္ျပည္သူမ်ားကို PNA ႏွင့္ စစ္ေကာင္စီ က တားျမစ္ပိတ္ပင္
May 15, 2022

သွ်မ္းျပည္ေတာင္ပိုင္း ဖယ္ခုံဘက္မွ စစ္ေရွာင္ျပည္သူမ်ားကို စစ္ေဆးေရးဂိတ္ေစာင့္ PNA ႏွင့္ စစ္ေကာင္စီ တပ္သားမ်ားက စစ္ေရွာင္ခြင့္ မေပးဘဲ တားျမစ္ပိတ္ပင္ေနေၾကာင္း စုံစမ္းသိရသည္။ သွ်မ္းျပည္ေတာင္ပိုင္း ေညာင္ေ႐ႊၿမိဳ႕နယ္ လြယ္လုံေက်း႐ြာရွိ လြယ္တုံေတာင္ေျခအနီး စစ္ေဆးေရးဂိတ္မွ စစ္ေကာင္စီ စစ္သားႏွင့္ PNA တပ္သားမ်ားသည္ စစ္ေရွာင္ျပည္သူမ်ားကို တားျမစ္ ျခင္းျဖစ္ေၾကာင္း သတင္း သိရသည္။

စစ္ေကာင္စီႏွင့္ ေဒသခံျပည္သူ႔ကာကြယ္ေရး တပ္ဖြဲ႕တို႔ တိုက္ပြဲျဖစ္ပြားေနသည့္ ဖယ္ခုံၿမိဳ႕နယ္ ႏွင့္ ေညာင္ေ႐ႊၿမိဳ႕ နယ္တို႔မွ ျပည္သူဦးေရ ၁၀၀ ေက်ာ္သည္ ေဘးလြတ္ရာသို႔ စစ္ေဘးေရွာင္သြားလိုေသာ္လည္း စစ္ေကာင္စီ တပ္သားႏွင့္ PNA တပ္သားတို႔ တားျမစ္ပိတ္ပင္သည့္အတြက္ ေနာက္ေၾကာင္းျပန္လွည့္လာရေၾကာင္း သိရသည္။ အဆိုပါ လြယ္တုံေတာင္ေျခမွ စစ္ေဆးေရး ဂိတ္ေစာင့္စစ္သားမ်ားသည္ စစ္ေရွာင္သည့္ ျပည္သူမ်ားကို ေနာက္ေၾကာင္း ျပန္လွည့္ခိုင္းသည့္ အျပင္ ပိုက္ဆံေတာင္းယူမႈမ်ား ရွိေနေၾကာင္း ႀကဳံေတြ႕ရသည့္ စစ္ေရွာင္အမ်ိဳးသား တစ္ဦးက သွ်မ္းသံေတာ္ဆင့္ကိုေျပာသည္။

ၿပီးခဲ့သည့္ (ေမ ၁၂)ရက္ နံနက္ အေစာပိုင္းမွစတင္ကာ တိုက္ပြဲမ်ား ျပန္လည္ျပင္းထန္လာသည့္ ဖယ္ခုံၿမိဳ႕နယ္အတြင္းတြင္ စစ္ေကာင္စီတပ္ဖြဲ႕တို႔မွ တိုက္ေလယာဥ္ျဖင့္ ဗုံးမ်ားပစ္ခ်ေနသည့္အျပင္ လက္နက္ႀကီး လက္နက္ငယ္မ်ားျဖင့္လည္း ပစ္ခတ္ေန သည့္အတြက္ ရာႏွင့္ခ်ီေသာ ေဒသခံမ်ား ထြက္ေျပးေနရေၾကာင္း စုံစမ္းသိရသည္။
https://burmese.shannews.org/archives/28142
*****************
၃၅။ မုံးကိုးၿမိဳ႕ေပၚ ႀကံတင္ကားသမားမ်ားထံ ေငြေၾကး အဆမတန္ ေကာက္ခံေန
May 16, 2022

သွ်မ္းျပည္ေျမာက္ပိုင္း မူဆယ္ခ႐ိုင္ မုံးကိုးၿမိဳ႕နယ္မွ ႀကံတင္ကားသမားမ်ားထံ ေဒသခံျပည္သူ႔စစ္ႏွင့္ စစ္ေကာင္စီတပ္ဖြဲ႕က ေငြေၾကး အဆမတန္ ေကာက္ယူေနေၾကာင္း စုံစမ္းသိရသည္။ မုံးကိုးၿမိဳ႕ ၀င္ဂိတ္ကို ေက်ာ္ဖို႔အတြက္ တစ္စီးလွ်င္ တ႐ုတ္ယြမ္ ၃၀၀ (ျမန္မာေပါက္ေငြ ၈၁၆၃၀ က်ပ္)ေပးေဆာင္ရကာ တခ်ိဳ႕ကားသမားမ်ားက မေပးေဆာင္ႏိုင္သျဖင့္ လမ္းခရီးၾကန႔္ၾကာမႈမ်ား ရွိေနေၾကာင္း အမည္မေဖာ္လိုသည့္ ကားသမားတစ္ဦး က သွ်မ္းသံေတာ္ဆင့္ကို ေျပာသည္။

ထို႔အျပင္ ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးမႉးမွ ဦးစီးၿပီး ဖြင့္ထားသည့္ မုံးကိုးၿမိဳ႕အဝင္နားရွိ စစ္ေဆးေရးဂိတ္တြင္လည္း ကားသမားမ်ား ကိုဗစ္ စစ္ေဆးခ တစ္ဦးလွ်င္ ယြမ္ေငြ ၅၀ (ျမန္မာေငြ ၁၅၀၀၀ က်ပ္) ေပးရသည့္အျပင္ ကားသမားဝတ္ဆင္ရန္ PPE ဝတ္စုံမ်ားလည္း ၎တို႔ထံမွ ဝယ္ယူရေၾကာင္း ကိုယ္တိုင္ႀကဳံေတြ႕ရသည့္ အထက္ပါ ကားသမားက ဆက္လက္ေျပာသည္။ ထိုစစ္ေဆးမႈႏွင့္ အခြန္ေတာင္းခံမႈမ်ား တင္းၾကပ္သည့္အျပင္ ကားသမားတခ်ိဳ႕က ၁၀ ရက္ေက်ာ္အထိ တန္းစီေစာင့္ဆိုင္းရသည့္ အတြက္ ႀကံမ်ားအနံ႔ထြက္ကာ တစ္စီးလုံးသြန္ပစ္လိုက္ရသည့္ ႀကံကားမ်ားလည္း ရွိေၾကာင္း သတင္းသိရသည္။ နမ့္ဖတ္ကာႏွင့္ ၁၀၅ မိုင္မွ ႀကံစိုက္ေတာင္သူမ်ားသည္ မုံးကိုးဘက္သို႔သာ ႀကံမ်ားကို ေရာင္းခ်ႏိုင္သျဖင့္ ၿမိဳ႕ထဲ ဝင္ေရာက္ႏိုင္ရန္အတြက္ ႀကံတင္ကားသမားမ်ားက ရက္အေတာ္ၾကာ တန္းစီေစာင့္ဆိုင္းေနရေၾကာင္း အမည္မေဖာ္လို ကားသမားတစ္ဦးက သွ်မ္း သံေတာ္ဆင့္ကိုေျပာသည္။

မုံးကိုးၿမိဳ႕မွ တဆင့္ တ႐ုတ္ျပည္သို႔ ပို႔ေဆာင္မည့္ ႀကံမ်ားသည္ မူဆယ္၊ နမ့္ခမ္း၊ မုံးေပၚ၊ ၁၀၅ မိုင္ႏွင့္ ေမာ္ေတာင္းဘက္မွ စိုက္ပ်ိဳးသည့္ ႀကံမ်ားျဖစ္ေၾကာင္းသိရသည္။ အဆိုပါ လမ္းပိုင္းတစ္ေလွ်ာက္တြင္ စစ္ေကာင္စီတပ္ အျပင္ ကခ်င္လြတ္ေျမာက္ ေရးတပ္မေတာ္ (KIA) ၊ တအာင္း(ပေလာင္) အမ်ိဳးသားလြတ္ေျမာက္ေရးတပ္မေတာ္ (TNLA) ၊ ကိုးကန႔္တပ္မေတာ္ (MNDAA) ၊ သွ်မ္းျပည္တိုးတက္ေရးပါတီ၊ သွ်မ္းျပည္တပ္မေတာ္ (SSPP/SSA) ႏွင့္ ဌာေနျပည္သူ႔စစ္မ်ား လႈပ္ရွားရာ နယ္ေျမျဖစ္သည့္ အျပင္ တိုက္ပြဲမ်ား မၾကာခဏ ျဖစ္ပြားေလ့ရွိသည့္ နယ္ေျမလည္း ျဖစ္သည္။
https://burmese.shannews.org/archives/28144
******************
မွတ္ခ်က္။ သက္ဆိုင္ရာ သတင္းမီဒီယာအသီးသီးမွ ေကာက္ႏုတ္ေဖာ္ျပျခင္းျဖစ္ပါသည္။

** ၿပီး **

 

Unicode

အပတ်စဉ် တိုင်းရင်းသတင်းများစုစည်းတင်ပြခြင်း
(No.37,May 17 , 2022)
၁။ ကွတ်ခိုင် လီဆူစစ်ရှောင်စခန်းတွင် MNDAA စစ်သား ဝင်ရောက် စုဆောင်း
၂။ ဓားပြတိုက်သူများ ယာဉ်တိုက်မှုဖြစ်ပြီးနောက် ပစ္စည်းချန်ကာ ထွက်ပြေးသွား
၃။ ဆွမ်ပရာဘွမ်လမ်းမကြီးတစ်လျောက် ကျေးရွာအပြင်မထွက်ရန် ဒေသခံများကို စစ်ကောင်စီတပ် ညွန်ကြားထား
၄။ ကုန်ပစ္စည်းတင်ပို့မှု ကန့်သတ်ချက်များကြောင့် ဆော့လော်မြို့နယ်တွင် ကုန်စျေးနှုန်းမြင့်တက်
၅။ ခရီးသည်တင်ကား မန္တလေး-မြစ်ကြီးနား လမ်းပိုင်းတွင် ဓားပြတိုက်ခံရ
၆။ စစ်ကောင်စီတပ် အင်အား ရာချီ ရောက်ရှိနေသော တီယန်ဇွပ်တွင် ရေလမ်းကြောင်းပိတ်ထားသဖြင့် ဒေသခံများ အခက် တွေ့
၇။ စစ်ကောင်စီတပ်မှ ပြည်သူများကိုအသုံးချပြီး ပစ္စည်းသယ်ယူနေတာကြောင့် ရှားတော-လွိုင်ကော်လမ်းကို ယာယီပိတ် ထား
၈။ ဖယ်ခုံအင်းအရှေ့ဘက်ခြမ်းကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်၊ နှစ်ဖက် ကျဆုံးမှုရှိ
၉။ မူးယစ်ဆေးသုံးနေတဲ့ ပြည်သူတစ်ဦးကို KNDF B-10 ထိန်းသိမ်းထား
၁၀။ ဒီမော့ဆိုအရှေ့ဖက်ခြမ်းမှာ မူးယစ်ဆေးဝါးအလုံး (၃၀၀၀) ခန့် ဖမ်းဆီးရမိ
၁၁။ စစ်ကောင်စီထုတ်ကုန်တွေကို မိုးဗြဲ PDF စစ်ဆေး ဖျက်စီး
၁၂။ ဖယ်ခုံပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ချက်အပေါ် တစ်စုတစ်စည်းတည်းဖြစ်ဖို့လိုတယ်လို့ ( KSCC ) ကပြန်လည် တုန့်ပြန်
၁၃။ ယနေ့နံနက် ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီကို မိုးဗြဲPDF ဝင်ရောက်တိုက်ခိုက်ပြီး စစ်ကောင်စီ သုံးဦးသေဆုံး
၁၄။ KSCC က ပအိုဝ်းလူထုအပေါ် အိတ်ဖွင့်ပေးစာ ပေးပို့
၁၅။ ထိုင်တော်မူ ဘုရားတောင် မှာ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီ (၂)ဦးကျဆုံး
၁၆။ နှစ်ဖက်စစ်ရေး တင်းမာနေဆဲ ဒေသအတွင်းသွားလာခြင်း မပြုရန် နယ်မြေခံ KNLA တာဝန်ရှိသူများ သတိပေးထား
၁၇။ မိုးရာသီအတွင်း ခိုလှုံနိုင်ရန် ဒေါနအရှေ့ခြမ်းရှိ စစ်ဘေးရှောင်များအား ယာယီတဲအိမ်လေးများ ဆောက်လုပ်ပေး
၁၈။ ငါးရစ်ငါးသန်းရာသီကာလတွင် ငါးဖမ်းခြင်းမပြုလုပ်ရန် KNU ထုတ်ပြန်
၁၉။ ကျုံဒိုးတွင် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒထုတ်ဖော်မှုအတွင်း ပါ၀င်ခဲ့ဖူးသူနေအိမ်များအား ၀င်ရောက်ဖမ်းဆီး၍ ဒေသခံ ၅ ဦးဖမ်းဆီးခံရ
၂၀။ မြေမြှုပ်မိုင်းနှင့် မပေါက်ကွဲသေးသည့် ဗုံးများကြောင့် လေးကေကော် ဒေသခံတောင်သူများ လုပ်ငန်းခွင် မ၀င်ရဲသေး
၂၁။ စစ်မှန်သည့် ငြိမ်းချမ်းရေးဆွေးနွေးမှုဖြစ်ရန် စဉ်းစားလုပ်ဆောင်သင့်သည့် တိုက်တွန်းချက် (၅)ချက် PNFC ထုတ်ပြန်
၂၂။ မတူပီမြို့နယ်က စစ်ဘေးရှောင်ပြည်သူများ ရိက္ခာနှင့် ဆေးဝါးများပြတ်လပ်
၂၃။ မွန်ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံကို ထောင်ဒဏ် ၂၁ နှစ် ထပ်မံချမှတ်
၂၄။ ရေးမြို့နယ် ကဗျာကြီးကျေးရွာတွင် အုပ်ချုပ်ရေးမှူးနှင့် လဝကအရာရှိတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ
၂၅။ ချေးငွေပြန်သွားတောင်းသည့် စထနာပါနာကုမ္ဗဏီဝန်ထမ်း အသတ်ခံရ
၂၆။ ရွေးကောက်ပွဲ၊ ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ NSPNC နှင့် ကရင် KNDP ပါတီတို့ တွေ့ဆုံဆွေးနွေးခဲ့
၂၇။ ဂွတွင် ကျင်းပခဲ့သည့် ANP ဗဟိုကော်မတီအစည်းအဝေး ယနေ့ပြီးဆုံး
၂၈။ ဘူးသီးတောင်တွင် မူဆလင်ရွာသားနှစ်ဦးကို AA ကို သတင်းပို့သည့် သံသယဖြင့် စစ်တပ်က (၁၀) ရက်တိတိ ဖမ်းဆီး ထိန်းသိမ်းထားခဲ့ဟုဆို
၂၉။ ကျောက်ဖြူရှိ ကျောက်တစ်လုံးမူဆလင်ကယ်ဆယ်ရေးစခန်းနေရာသစ် မိုးရွာသည်နှင့် ရေနစ်မြုပ်
၃၀။ မင်းပြားတွင် စစ်တပ်နှင့် AA တစ်ဖက်နှင့်တစ်ဖက် အနီးကပ်စောင့်ကြည့်မှုများ ရှိနေဟုဆို
၃၁။ ဖယ်ခုံမြို့နယ် ကျေးရွာတချို့ ဖုန်းလိုင်းပိတ်ခံရ
၃၂။ ကွတ်ခိုင်မြို့နယ် ပန်လော့စစ်ရှောင် (၁၂) ဦး MNDAA စစ်သားလုပ်ရန်ဖမ်းဆီးသွား
၃၃။ ဖယ်ခုံမြို့နယ် တိုက်ပွဲ PDF တစ်ဦးကျဆုံး စစ်ကောင်စီ အများအပြားသေဆုံး
၃၄။ စစ်ရှောင်ပြည်သူများကို PNA နှင့် စစ်ကောင်စီ က တားမြစ်ပိတ်ပင်
၃၅။ မုံးကိုးမြို့ပေါ် ကြံတင်ကားသမားများထံ ငွေကြေး အဆမတန် ကောက်ခံနေ
**********************
၁။ ကွတ်ခိုင် လီဆူစစ်ရှောင်စခန်းတွင် MNDAA စစ်သား ဝင်ရောက် စုဆောင်း
17th May 2022

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ်ဖတ်ကာကျေးရွာအနီး မိုင်းယုလေး လီဆူစစ်ရှောင်စခန်းမှ အသက်မပြည့်သေး သော လူငယ်တစ်ဦးနှင့်အတူ အသက် ၂၀ ဝန်းကျင် လူငယ် ၃ ဦးကို ကိုးကန့် MNDAA တပ်ဖွဲ့မှ စစ်သားစုဆောင်းသွားသော ကြောင့် အမြန်ပြန်လွတ်ပေးရန် တောင်းဆိုနေကြသည်။ အဆိုပါညတွင် ပန်လော့ကျေးရွာမှ ဒေသခံ ၁၂ ဦးကို MNDAA တပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားရာ ၁၁ ဦးမှာ လီဆူ စစ်ရှောင်စခန်းမှဖြစ်သည်ဟု သိရသည်။

သို့သော် မေလ ၁၆ ရက်နေ့ မနက်ပိုင်း တာဝန်ရှိ လူကြီးများမှ လိုက်လံပြောဆိုသောကြောင့် ၈ ဦး ပြန်လည် လွတ်မြောက်လာပြီး အသက်မပြည့်သေးသူအပါအဝင် လူငယ် ၄ ဦးကို ခေါ်ဆောင်ထားသေးကြောင်း သိရသည်။ အဆိုပါ ကျန်ရှိနေသေးသူ ၄ ဦးတွင် အသက် ၁၇ နှစ်အရွယ် လူငယ် ယောကျ်ားလေး တစ်ဦး၊ အသက် ၂၀ ကျော် ယောကျ်ားလေး ၂ ဦး နှင့် အသက် ၃၁ နှစ်အရွယ် အမျိုးသားတစ်ဦးတို့ ဖြစ်ကြသည်။

မိုင်းယုလေး၊ လီဆူစစ်ရှောင်စခန်းတွင် အိမ်ခြေ ၄၇ ခု ရှိပြီး လူဦးရေ ၂၃၀ ခန့်ရှိသည်ကို သိရသည်။ အဆိုပါ စစ်ရှောင် ပြည်သူများသည် လွန်ခဲ့သော ၂၀၁၅ ခုနှစ်တွင် စစ်ပွဲကြောင့် ကွတ်ခိုင်ဒေသ ငူငါ လို့ခေါ်တဲ့ တောင်ပေါ်ကျေးရွာမှ တိမ်းရှောင်လာ ခဲ့သော ပြည်သူများဖြစ်ကြသည်။ ကွတ်ခိုင်မြို့မှ ဆိုင်ကယ်ဖြင့် တစ်နာရီခန့် သွားရပြီး၊ မိုင်းယုလေးကျေးရွာ အနီးတစ်ဝိုက်တွင် စစ်ရှောင်စခန်း ၄ ခုခန့်ရှိသည်ကို သိရသည်။ https://burmese.kachinnews.com/2022/05/17/may-17-ld-1/
*******************
၂။ ဓားပြတိုက်သူများ ယာဉ်တိုက်မှုဖြစ်ပြီးနောက် ပစ္စည်းချန်ကာ ထွက်ပြေးသွား
16th May 2022

မူဆယ်မြို့ ပန်လုံကွက်သစ်တွင် ယမန်နေ့ည ၇ နာရီဝန်းကျင်တွင် အိမ်တစ်အိမ်ကို လူတစုဓားပြဝင်တိုက်ပြီး‌နောက် အပြန်ကား တိုက်မှုဖြစ်သည့်အတွက် လုယက်လာသည့် ပစ္စည်းများ အခင်းဖြစ်းပွားရာနေရာတွင်ချန်ထားကာ ထွက်ပြေးသွားကြောင်း ဒေသ ခံများထံမှ သိရသည်။ သေနတ်ကိုင်ဆောင်ထားသည့် လူ ၄ ဦးခန့်မှ တရုတ်အိမ်တစ်အိမ်တွင် မီးခံသေတ္တာနဲ့ ကားလုယက်ဓားပြ တိုက်သွားပြီး ထွက်ပြေးလာစဉ် လမ်းတွင် ကားတိုက်မှုဖြစ်သွားသည်ဟု အိမ်ရှင်အသိ အမျိုးသားတစ်ဦးက ပြောသည်။

ကားတိုက်သည့် နေရာတွင် ၎င်းတို့ကားကိုလည်းထားခဲ့ပြီး ကားပေါ်တွင် သေနတ်များ၊ ဖုန်းများ၊ ဓားပြတိုက်လာသော ရွှေ၊ ငွေ များကိုပါ ထားခဲ့ပြီး ထွက်ပြေးသွားကြသည်ဟုဆိုသည်။ ရွှေငွေပစ္စည်းများကို ဓားပြတိုက်ခံရသော အိမ်ရှင်ထံ ပြန်လည်ပေးအပ် ပြီးဖြစ်ကြောင်း၊ ဓားပြများက ထွက်ပြေးလွတ်မြောက်သွားကြောင်း ဒေသခံများ ပြောပြသည်။ မိသားစုဝင်‌ထဲမှ တစ်ဦးက အိမ်အ နောက်ဘက်က ထွက်သွားပြီး ရပ်ကွက်လူကြီးကို တိုင်တန်းထားရာ လူများစုဝေး ရောက်လာချိန် ဓားပြများ ထွက်သွားပြီ ဖြစ်သော်လည်း မိနစ်အနည်းငယ်အကြာ ပန်လုံကွက်သစ်နဲ့ ပန်လုံရွာဟောင်းကြား ကောင်းမှူးလွယ် လမ်းဆုံတွင် ကားတိုက်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

မေလ ၁၀ ရက်နေ့တွင်လည်း မူဆယ်မြို့‌မှ ဖုန်းဆိုင်တစ်ဆိုင်ကို သေနတ်ကိုင်ဆောင်ထားသော ဓားပြ ၄ ဦးမှ ငွေကျပ် တန်ဖိုး သိန်း ၁ ထောင်ကျော်ခန့်ကို ဓားပြတိုက် လုယက်ယူ‌ဆောင်သွားပြီး ၎င်းဓားပြ ၄ ဦးထဲမှ ၃ ဦးကို ပြန်လည် ဖမ်းဆီးရမိထားကာ လုယက်ယူဆောင်သွား‌သော ပစ္စည်း ၃ ပုံ ၁ ပုံ ခန့်ကိုလည်း ပြန်လည်ရရှိပြီ ဖြစ်ကြောင်း ၎င်းဆိုင်မှ သိရသည်။ စစ်တပ် အာဏာ သိမ်းပြီးနောက် မူဆယ်မြို့တွင် ခိုးဆိုး လုယက်ဓားပြတိုက်မှုများ တရက်တခြား ပိုများလာပြီး ပိုင်ရှင်မဲ့ လူသေလောင်းများကြောင့် ဒေသခံများ စိုးရိမ်မှုများဖြင့်သာ နေထိုင်ရကြောင်း သိရသည်။

ဓားပြတိုက်သူများ ယာဉ်တိုက်မှုဖြစ်ပြီးနောက် ပစ္စည်းချန်ကာ ထွက်ပြေးသွား


********************
၃။ ဆွမ်ပရာဘွမ်လမ်းမကြီးတစ်လျောက် ကျေးရွာအပြင်မထွက်ရန် ဒေသခံများကို စစ်ကောင်စီတပ် ညွန်ကြားထား
16th May 2022

ပူတာအိုသို့ ဦးတည်တက်လာသော အင်အားရာချီပါဝင်သော စစ်ကောင်စီယာဉ်တန်း ဖြတ်သန်းမည့် ဆွမ်ပရာဘွမ် လမ်းမကြီး တစ်လျောက် ကျေးရွာများကို ရွာအပြင်မထွက်ရန် စစ်ကောင်စီတပ်များညွန်ကြားထားသဖြင့် ဒေသခံများ ခက်ခဲမှု ကြုံတွေ့နေရ ကြောင်း သိရသည်။ ယခုရက်ပိုင်းအတွင်း ဆွမ်ပရာဘွမ့်မြို့နယ် ကျေးရွာ ၄ခုခန့်ကို စစ်ကောင်စီတပ်ဖွဲ့က ကျေးရွာအတွင်းမှ ၂ မိုင်ခန့်ဝေးသော နေရာဘက်သို့ သွားလာခြင်း မပြုလုပ်ကြရန် တားမြစ်ထားသောကြောင့် စားဝတ်နေရေးအတွက် တောင်ယာ လုပ်ငန်းလုပ်ကိုင်ရန် ခက်ခဲနေသည်ဟု ဒေသခံအမျိုးသားတစ်ဦးက KNG သတင်းဌာနကို ပြောဆိုသည်။

ယခုလို စစ်ကောင်စီဘက်မှ သွားလာရေးပိတ်ဆို့ထားမှုကြောင့် ရွာအပြင် ၃ မိုင်ခန့်သွားလာ လုပ်ကိုင်ရသော တောင်ယာလုပ် သော ဒေသခံများအတွက် ပိုမို ခက်ခဲနေခြင်း ဖြစ်သည်။ စစ်ကောင်စီတပ်မှ သွားလာခွင့်ပိတ်ထားသည့် ကျေးရွာများသည် ခဂရန်၊ မိုင်ထောင်း၊ တရူးနှင့် ဆွပ်ခါးစသော ကျေးရွာများဖြစ်ကြပြီး ကျေးရွာအသီးသီး၏ အုပ်ချုပ်ရေးမှူးအဖွဲ့မှတဆင့် လိုက်လံ သတိ ပေးပြောဆိုထားကြောင်းသိရသည်။ မြစ်ကြီးနားမှ ပူတာအိုဘက်သို့ဦးတည်ကာ တက်လာသည့် စစ်ကောင်စီတပ် စစ်ရိက္ခာသယ် ယဉ်တန်းအဖွဲ့သည် ယနေ့ ၁နာရီဝန်းကျင်ခန့်တွင် ဆွမ်ပရာဘွမ့်မြို့နယ် ခဂရန်းကျေးရွာအတွင်းသို့ စတင်ဝင်ရောက်နေရာ ချထားပြီး ခဂရန်းကျေးရွာ မရောက်မှီ ၁၀ မိုင်ခန့်ဝေးသော ဒရူ (Daru Hka)မှ ထွက်ခွာလာခဲ့ကြောင်းသိရသည်။

ယနေ့ စစ်ကောင်စီယာဉ်တန်း ခဂရန်ယန်ကျေးရွာအတွင်းသို့ ဝင်ရောက်လာချိန်တွင် ဒေသခံပြည်သူများအနေဖြင့် လက်နက်ကြီး လက်နက်ငယ်သံများ ကျေးရွာ အတွင်းမှ ပစ်ခတ်သံများကြားရသော်လည်း တိုက်ပွဲဖြစ်ပွားခြင်းရှိမရှိ အသေးစိတ်သိရှိနိုင်ခြင်း မရှိသေးဘဲ စစ်ကောင်စီတပ်ဖွဲ့ဘက်မှ ရမ်းသမ်းပစ်ခတ်မှုလည်းဖြစ်နိုင်သည်ဟု ဒေသခံတစ်ချို့ သုံးသပ်ပြောဆိုထားပါသည်။ ထို့နောက် မေလ ၁၅ရက် ယမန်နေ့ ၁၂နာရီဝန်းကျင်ခန့်တွင် ပူတာအိုဘက်ကို တက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ စစ်ရိက္ခာ တင်ယာဉ်တန်းကို လုံခြုံရေးနေရာယူထားသော စစ်ကောင်စီတပ်ဖွဲ့နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ ကဝါးပန် ကျေးရွာအနီးတဝိုက်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံပြည်သူများ ပြောဆိုချက်မှ သိရသည်။

ဆွမ်ပရာဘွမ်လမ်းမကြီးတစ်လျောက် ကျေးရွာအပြင်မထွက်ရန် ဒေသခံများကို စစ်ကောင်စီတပ် ညွန်ကြားထား


******************
၄။ ကုန်ပစ္စည်းတင်ပို့မှု ကန့်သတ်ချက်များကြောင့် ဆော့လော်မြို့နယ်တွင် ကုန်စျေးနှုန်းမြင့်တက်
16th May 2022

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှ ဆော့လော်မြို့နယ်သို့ ကုန်ပစ္စည်းတင်ပို့ရာတွင် လမ်းပန်းဆက်သွယ်ရေး ခက်ခဲနေသော ကြောင့် ကုန်စျေးနူန်းများ အဆမတန် မြင့်တက်နေသည်ဟု သိရသည်။ လက်ရှိ လမ်းပန်းဆက်သွယ်ရေး ခက်ခဲနေသည့်အပြင် ကုန်ပစ္စည်းတင်ပို့ရာတွင် စစ်ကောင်စီအောက် နယ်လုံလက်မှတ် မပါပါက ဂိတ်ကြေး ၃ သိန်းဝန်းကျငအထိ ပေးဆောင်ရသည်ဟု အမည်မဖော်လိုသူ ကုန်ပစ္စည်း တင်ပို့သူကပြောသည်။

ဆော့လော်မြို့သည် ကိုဗစ်မဖြစ်ခင်ကာလများက ဆန်နှင့် အခြားကုန်ပစ္စည်းများကို တရုတ်ပြည်မှတဆင့် အဓိကဝယ်ယူ စားသုံး ခဲ့ကြသည်။ နောက်ပိုင်းတွင် ကိုဗစ်ရောဂါကြောင့် တရုတ်ပြည်အစိုးရက နယ်စပ်ဂိတ်များ ပိတ်ခဲ့သောကြောင့် ကုန်စည်များသယ် ယူခွင့်မရတဲ့အခြေနေနဲ့ ကြုံနေရတာ ဖြစ်ပါတယ်။ ဆော့လော်မြို့သို့ ကုန်ပစ္စည်းတင်ပို့ရန် ပြည်သူ့စစ်၊ နယ်ခြားစောင့်တပ်၊ စစ်ကောင်စီ ထိန်းချုပ်ရာဂိတ်အသီးသီးမှ ဖြတ်သန်းကာသွားရသည်ဟု သိရသည်။

ဆော့လော်မြို့တွင် ဆန်တစ်တင်းခွဲ တစ်အိတ်လျှင် ခြောက်သောင်း မှ ၇သောင်းကြား၊ ဆားတစ်အိတ်လျှင် ၂ သောင်းမှ ၂ သောင်း ခွဲကြား၊ စားသောက်ကုန် ခေါက်ဆွဲခြောက်တစ်ဖာလျှင် တစ်သောင်းခွဲအထိ ပေးနေရသည်ဟု ဒေသခံများထံမှ သိရသည်။ အခုလို ကုန်စျးနူန်းများ မြင့်တက်နေသောကြောင့် ဆော့လော် ဒေသခံပြည်သူများအနေဖြင့် စားဝတ်နေရေး အခက်အခဲများစွာ ကြုံနေရ ကြောင်း နီးစပ်သည့် အမည်မဖော်လိုသူတစ်ဦးကပြောပြသည်။

ကုန်ပစ္စည်းတင်ပို့မှု ကန့်သတ်ချက်များကြောင့် ဆော့လော်မြို့နယ်တွင် ကုန်စျေးနှုန်းမြင့်တက်


*******************
၅။ ခရီးသည်တင်ကား မန္တလေး-မြစ်ကြီးနား လမ်းပိုင်းတွင် ဓားပြတိုက်ခံရ
14th May 2022

မန္တလေး-မြစ်ကြီးနား အဝေးပြေး လမ်းမကြီးပေါ်တွင် မတ် ၁၃ ရက်နေ့က သစ္စာလှိုင် ခရီးသည်တင် Express ကားတစ်စီး ဓားပြ တိုက်ခံလိုက်ရပြီး ခရီးသည်များ၏ ဖုန်း၊ ပိုက်ဆံနှင့် လက်ဝတ်ရတာများ လုယူသွားကြောင်း သိရသည်။ ယမန်နေ့ ည ၉ နာရီခွဲ အချိန်ခန့် မန္တလေးမှ မြစ်ကြီးနားဘက်သို့တက်လာသည့် ယင်းခရီးသည်တင်ကားသည် မန္တလေး-မြစ်ကြီးနားလမ်းပိုင်း စစ်ကိုင်း တိုင်းအင်းတော်မြို့နယ် နတ်မဟုတ်ကြီးကျေးရွာအနီးတွင် ဓါးပြတိုက်ခံရခြင်းဖြစသည်ဟု အင်းတော် ပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့မှ တာဝန်ရှိသူက KNG သတင်းဌာနသို့ ပြောသည်။

အဆိုပါလမ်းပိုင်းတွင် ခရီးသည်တင် Express ကားဓားပြတိုက်ခံရမှု တစ်လတွင်း ၄ ကြိမ်အထိ ဖြစ်ပွားခဲ့ပြီဖြစ်ကြောင်း သိရ သည်။ ကားများဓားပြတိုက်ခံရမှုဖြစ်စဉ်များမှာ မတ်လ ၉ ရက်နေ့တွင် တစ်ကြိမ်၊ ၁၀ ရက်နေ့တွင် တစ်ကြိမ်၊ ၁၂ ရက်နေ့ တွင်တစ်ကြိမ်နှင့် ယမန်နေ့က တစ်ကြိမ်စုစုပေါင်းလေးကြိမ် အထိဖြစ်ပွားခဲ့ပြီး ငွေးသားဓာပြတိုက်ခံမှု ကျပ် ၂ သိန်းမှ သိန်း ၂၀ အထိ လုယုဓားပြတိုက်ခံရမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယမန်နေ့က သစ္စာလှိုင်ခရီးသည်တင်ကား ဓားပြတိုက်ခံရမှုနဲ့ပတ်သက်၍ ယင်းကားဂိတ်၏ မြစ်ကြီးနားဂိတ်မှူးကို ဆက်သွယ် မေးမြန်းရာ အခြေအနေအသေးစိတ်ကို စုံစမ်းနေဆဲဖြစ်ကြောင်း ခရီးသည်နဲ့ ကားဆရာများ၏ လက်ကိုင်ဖုန်းများပါသွားသည့် အတွက် ဆက်သွယ်ရခက်ခဲနေကြောင်း ပြန်လည်ဖြေကြားခဲ့သည်။ ယင်းလမ်းပိုင်းတွင် ယခုကဲ့သို့ဓားပြတိုက်နေမှုမှာ စစ်ကောင် စီတပ်ဖွဲ့များသာဖြစ်ပြီး PDF ယောင်ဆောင်ကာ လုပ်ဆောင်နေကြောင်း Indaw PDF မှ တာဝန်ရှိသူတစ်ဦးက KNG သို့ပြောသည်။ ယင်းလမ်းပိုင်းတွင် ယခုကဲ့သို့ဖြစ်စဥ်မျိုး မကြာခဏဖြစ်ပွားနေခြင်းကြောင့် ကုန်ကားသမားများနှင့် ခရီးသည် တင်ကားများ မတ် ၁၄ ရက်နေ့မှစတင်၍ ညဘက်ဖြတ်သန်းသွားလာခြင်းမပြုကြရန် အင်းတော် PDF အဖွဲ့က မတ် ၁၃ ရက်နေ့ တွင် အသိပေးထုတ်ပြန်ထားသည်။ https://burmese.kachinnews.com/2022/05/14/may-14-ab-1/
**********************
၆။ စစ်ကောင်စီတပ် အင်အား ရာချီ ရောက်ရှိနေသော တီယန်ဇွပ်တွင် ရေလမ်းကြောင်းပိတ်ထားသဖြင့် ဒေသခံများ အခက် တွေ့
13th May 2022

မြစ်ကြီးနားမြို့နယ် မြစ်ဆုံအထက် တီယန်ဇွပ်ကျေးရွာတွင် စစ်ကောင်စီတပ်အင်အား အလုံးအရင်းရောက်ရှိနေစဉ် ရေကြောင်း လမ်းကို သွားလာခွင့်ပိတ်ဆို့ထားသောကြောင့် အထက်ဘက် မလိခမြစ်ကြောင်း တစ်လျှောက်ပြည်သူများ ခက်ခဲမှု ကြုံတွေ့နေ သည်ဟု သိရသည်။ စစ်ကောင်စီတပ်ဖွဲ့သည် မေလ ၁၁ရက်နေ့မှစပြီး မြစ်ကြီးနားမြို့မှ စစ်အင်အား ၃၀၀ ဝန်းကျင်ခန့်၊ စစ် ရိက္ခာသယ်ဆောင်လာသည့် စစ်ကား ၅၀ စီးခန့်နှင့် ဆွမ်ပရာဘွမ့်ဘက်သို့ ဦးတည်ကာ ခြေကျင်ဖြင့်တက်လာခဲ့ပြီး လက်ရှိတွင် မြစ်ကြီးနားမြို့နယ် ဝေရှီ၊ အင်ဂျစ်နှင့် တယန်ဇွပ်စသော ကျေးရွာလမ်းကြီးတစ်လျှောက်ပေါ်တွင် တပ်စွဲနေထိုင်လျက်ရှိကြောင်း ဒေသခံများပြောဆိုချက်မှ သိရသည်။

တီယန်ဇွပ်တွင် ရောက်ရှိနေသော စစ်ကောင်စီယာဉ်တန်းသည် ဆွမ်ပရာဘွမ့်နှင့် ပူတာအိုဘက်သို့ ဦးတည်ကာ စစ်ရိက္ခာများ သယ်ပို့ရန် တက်လာခြင်းဖြစ်ကြောင်းနှင့် စစ်ရိက္ခာများသယ်ပို့နိုင်ရန်အတွက် လုံးခြုံရေးများလည်း တင်းကြပ်ထားသည်ဟု သူက ဆက်ဆိုထားသည်။ ယခုစစ်ကောင်စီယာဉ်တန်းတွင် စစ်ရိက္ခာများနှင့် စစ်ကားယာဉ်တန်းကား ၅၀ခန့်တွင် ဆီကားအများအပြား ပါဝင်ကြောင်း သိရသည်။

ယနေ့နံနက်အစောပိုင်းကတည်းကလည်း တ တယန်ဇွပ်ကျေးရွာမှ စစ်ကား ၃ စီး ဆွမ်ပရာဘွမ့်ဘက်ကို ထွက်ခွာသွားပြီဖြစ် ကြောင်း ဒေသခံများပြောဆိုချက်မှ သိရသည်။ မြစ်ဆုံအထက် အဆိုပါနေရာများသည် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၁ နယ်မြေဖြစ်ပြီး ယခုလို စစ်ကောင်စီတပ်အင်အားအများအပြားဖြင့် ဆွမ်ပရာဘွမ့်လမ်းအတိုင်း တက်လာသော ကြောင့် တိုက်ပွဲပြင်းထန်ပြီး ပြန်လည်ထွက်ပြေးရမည်ကို ဒေသခံများစိုးရိမ်နေကြပါသည်။

စစ်ကောင်စီတပ် အင်အား ရာချီ ရောက်ရှိနေသော တီယန်ဇွပ်တွင် ရေလမ်းကြောင်းပိတ်ထားသဖြင့် ဒေသခံများအခက်တွေ့


***************
၇။ စစ်ကောင်စီတပ်မှ ပြည်သူများကိုအသုံးချပြီး ပစ္စည်းသယ်ယူနေတာကြောင့် ရှားတော-လွိုင်ကော်လမ်းကို ယာယီပိတ် ထား
May 16, 2022

စစ်ကောင်စီတပ်ဟာ ခရီးသွားလာနေတဲ့ပြည်သူတွေကို အသုံးချပြီး ကြားဖြတ်ရိက္ခာတွေ သယ်ယူ ခိုင်းနေတာကြောင့် ရှားတော-လွိုင်ကော်လမ်းကို မေလ ၁၆ ရက်က စပြီး ယာယီပိတ်ထားကြောင်း KNDF B-17က ထုတ်ပြန်ထားပါတယ်။

ယမန်နေ့(မေလ ၁၅ ရက်နေ့) ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ခဲ့တာဖြစ်ပြီး ကြားဖြတ်ရိက္ခာသယ်တာဟာ စစ်ကောင်စီ သက်ဆိုး ရှည်စေရန် အထောက်အကူဖြစ်စေတာကြောင့် အဲဒါတွေကို လက်မခံနိုင်တဲ့အတွက် စာထုတ်ပြန်ရခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဟာ လွိုင်ကော်-ရှားတောလမ်းမပေါ် ဆိုင်ကယ်နဲ့သွားနေတဲ့ ပြည်သူတချို့ကို ခြိမ်းခြောက်ပြီး ပစ္စည်း သယ်ခိုင်း တာတွေရှိပြီး ပြည်သူတွေအနေနဲ့ ပစ္စည်းမသယ်ပေးပါက နောက်တကြိမ် ခရီးသွားလာခွင့် မပြုတော့မှာစိုးရိမ်တာတွေလည်း ရှိနေတယ်လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။ တိုက်ပွဲနဲ့စစ်ရေး အခြေအနေတွေအပေါ် မူတည်ပြီး ရှားတောလမ်းပိုင်းကို ဘယ်အ ချိန် ပြန်လည်သွားလာခွင့်ပြုမလဲဆိုတာ အတိအကျမရှိသေးဘူးလို့ KNDF B-17 မှ တာဝန်ရှိသူက ပြောပါတယ်။

Homepage


******************
၈။ ဖယ်ခုံအင်းအရှေ့ဘက်ခြမ်းကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်၊ နှစ်ဖက် ကျဆုံးမှုရှိ
May 16, 2022

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံအင်းရှေ့ဘက်ခြမ်းကျေးရွာတွေမှာ ယမန်နေ့ (မေလ ၁၅ ရက်နေ့ ) က တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က လေကြောင်းသုံးပြုပြီး သုံးကြိမ် ဗုံးကျဲတိုက်ခိုက်ခဲ့တယ်လို့ ဖယ်ခုံ PDF တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

စစ်ကောင်စီဘက်က အင်အား ၈၀ ဝန်းကျင်နဲ့ စစ်ကြောင်းထိုးလာတဲ့အတွက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက်အကျအဆုံးရှိတယ်လို့ ဖယ်ခုံ PDF တာဝန်ရှိသူတစ်ဦးကဆက်ပြောပါတယ်။ ကရင်နီဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီ၊ ပအို့ဝ်ပြည်သူ့ စစ်အဖွဲ့တို့ မွန်းလွှဲတစ်နာရီအချိန်မှာ တိုက်ပွဲစတင်ဖြစ်ပွားခဲ့တယ်လို့ KNDF B-03 က မနေ့က ညနေပိုင်းမှာ ထုတ်ပြန်ထားပါ တယ်။

ပြီးခဲ့တဲ့ မေလ ၁၂ရက်နေ့မှာလည်း ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် ထီရိကျေးရွာမှာရှိတဲ့ စစ်ကောင်စီတပ် နဲ့ ပအိုဝ်း ပြည်သူ့စစ်အဖွဲ့ ( PNO ) တို့ အခြေချထားတဲ့ ထီရိဂိတ်စခန်းကို ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် ( KNDF ) ၊ ဖယ်ခုံပြည်သူ့ ကာကွယ်ရေးတပ် ( Pekhon PDF )တို့က သွားရောက်သိမ်းပိုက်ခဲ့ပြီး သုံ့ပန်း ၅ ဦးနဲ့ လက်နက်တချို့ကိုလည်း သိမ်းဆည်းရမိခဲ့ပါတယ်။ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ နေ့မှာပဲ ပအိုဝ်းပြည်သူ့စစ်အဖွဲ့က အနီးအနားရှိ စခန်းတွေမှာ ချက်ချင်းအင်အား ဖြည့်တင်းနေတာတွေ ပြုလုပ်နေခဲ့ပါတယ်။ တိုက်ပွဲဖြစ်ပွားခဲ့တဲ့နောက် ကျေးရွာအနီး အုပ်စုလေးအုပ်စုက ဒေသခံတွေဟာ ဘေးလွှတ်ရာကို တိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။ https://www.kantarawaddytimes.org/
******************
၉။ မူးယစ်ဆေးသုံးနေတဲ့ ပြည်သူတစ်ဦးကို KNDF B-10 ထိန်းသိမ်းထား
May 16, 2022

မေလ ၁၂ ရက်နေ့က ဒီးမော့ဆိုမြို့နယ် ကရင်နီတပ်မတော် KA၊ အမှတ်(၁)ခရိုင်ထဲက ကျေးရွာတစ်ရွာမှာ မိသားစုဝင်က လာရောက်တိုင်ကြားတဲ့အတွက် မူးယစ်ဆေးသုံးစွဲနေတဲ့ ပြည်သူတစ်ဦးကို သွားရောက်ခေါ်ဆောင်ပြီး ထိန်းသိမ်းထားနေတယ် လို့ KNDF B-10 တပ်ရင်းမှူးက ပြောပါတယ်။

နေအိမ်မှာ ဆေးပြား အလုံး ၃၀ နဲ့အတူတွေ့ရှိခဲ့တာဖြစ်ပြီး သုံးစွဲသူကတော့ ဦး….. အသက်(၂၆)နှစ် ဖြစ်ပါတယ်။ သူ့မှာ မွေးကင်း စ ၁ လသားအရွယ် ကလေးငယ်တစ်ယောက်လည်း ရှိတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ KNDF B-10 ကထိန်းသိမ်းထားပြီး နှစ်သိမ့်အားပေးစကားတွေပြောပြီး၊ ပြန်ကောင်းလာအောင် ပုံမှန်ပြန်ဖြစ် အောင် ဆောင်ရွက်ပေးချင်တယ်လို့ သူက ဆက်ပြောပြပါတယ်။ https://www.kantarawaddytimes.org/
******************
၁၀။ ဒီမော့ဆိုအရှေ့ဖက်ခြမ်းမှာ မူးယစ်ဆေးဝါးအလုံး (၃၀၀၀) ခန့် ဖမ်းဆီးရမိ
May 16, 2022

ကရင်နီပြည် ဒီးမော့ဆိုအရှေ့ဖက်ခြမ်းရှိ အမှတ် (၁) ခရိုင်မှ ကရင်နီတပ်မတော် KA/ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF B-09 တို့ ပူးပေါင်းပြီး မေလ ၁၅ ရက်နေ့ ညနေ (၇) နာရီ ဝန်းကျင်မှာ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားသူ သုံးဦးထံကနေ ဆေးပြား အလုံး (၃၀၀၀) ခန့် ဖမ်းဆီးရမိတယ်လို့ သိရပါတယ်။

အဆိုပါ ဖမ်းဆီးရမိသူ သုံးဦးထဲမှ တစ်ဦးဟာ ယခင် လွိုင်ကော်မြို့၊ မိုင်းလုံးရပ်ကွက်တွင် နေထိုင်တာဖြစ်ပြီး လက်ရှိမှာ ဒီးမော့ဆို အရှ့ဖက်ခြမ်းမှာ လာရောက် ရှောင်တိမ်းနေတာ ဖြစ်ပါတယ်။ သူဟာ မူးယစ်ဆေးဝါး ရောင်းဝယ်နေတာ (၄) နှစ်ကျော်ရှိပြီဖြစ်ပြီး ကျန်နှစ်ယောက်မှာ သူ့ဆီကနေ တစ်ဆင့်ဝယ်ယူပြီး ပြန်လည်ရောင်းချတာ ဖြစ်တယ်လို့ လည်း ဆိုပါတယ်။

ပြည်သူတွေရဲ့ သတင်းပေးမှုအရ KA/KNDF B-09 တို့ ပူးပေါင်းပြီး မူးယစ်ဆေးဝါး ရောင်းဝယ်သူ သုံးဦးကို သူတို့နေထိုင်ရာ အိမ်အထိ ဝင်ရောက်ဖမ်းဆီးတာဖြစ်ပြီး လက်ရှိမှာတော့ သက်ဆိုင်ရာတာဝန်ရှိသူထံ လွှဲအပ်ထားတယ်လို့ အမှတ်(၁) ခရိုင် မှ တာဝန်ရှိသူက ဆက်ပြောပါတယ်။ ပြီးခဲ့တဲ့ မေလ ၁၂ ရက်နေ့မှာ ဒီးမော့ဆိုမြို့နယ် အမှတ်(၁)ခရိုင်ရှိ ကျေးရွာတစ်ရွာမှာ ၂ လုံးထီထိုးပြီး မူးယစ်ဆေး သုံးစွဲနေတဲ့ ပြည်သူတစ်ဦးကို မိသားစုဝင်က KNDF B-10 ကို လာရောက်တိုင်ကြားတဲ့အတွက် ဖမ်းဆီး ထိန်းသိမ်းထားတာလည်း ရှိပါတယ်။ https://www.kantarawaddytimes.org/
******************
၁၁။ စစ်ကောင်စီထုတ်ကုန်တွေကို မိုးဗြဲ PDF စစ်ဆေး ဖျက်စီး
May 16, 2022

မိုးဗြဲမြို့အတွင်းမှာရှိတဲ့ ကျေးရွာ၊ ရပ်ကွက်တွေကို စစ်ဆေးမှု ပြုလုပ်ခဲ့ပြီး စစ်တပ်ထုတ်ကုန်တွေကို တွေ့ရှိခဲ့တဲ့အတွက် ဖျက်စီးမှု တွေ ပြုလုပ်ခဲ့တယ်လို့ မိုးဗြဲ PDFက ယမန်နေ့ မေလ ၁၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

စစ်တပ်ထုတ်ကုန်တွေဖြစ်တဲ့ Dagon အနီ/အ၀ါ/အစိမ်း၊ မုယော ၄၅ဖာ၊ Army Rum ၇ ဖာ၊ Red Ruby ၂ကတ်၊ Premium gold ၈ဘူး၊ Myanmar rum ပိုင်း ၁၆ လုံး၊ Myanmar Beer ပုလင်း ၁ကတ်၊ Adman gold ၆ဖာ ကို ဖျက်စီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မိုးဗြဲ PDF ဟာ ဧပြီလ(၂၁)ရက်နေ့မှာ စစ်ကောင်စီထုတ်ကုန်တွေကို ရောင်းချခြင်းမပြုကြဖို့ Facebook page ပေါ်မှာ ထုတ်ပြန်ခဲ့ပြီး ဧပြီလ (၂၆) ရက်နေ့မှာတော့ စျေးဆိုင်များ၊ ကုန်စုံဆိုင်များကို လိုက်လံသတိပေး ကြေငြာစာ ကပ်ခဲ့တယ်လို့ ဆိုပါ တယ်။ လက်ရှိမှာတော့ မိုးဗြဲ PDF နဲ့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF B-03 တို့ ပူးပေါင်းပြီး မိုးဗြဲမြို့အတွင်း စစ်ကောင်စီထုတ်ကုန်တွေကို ရောင်းချခြင်းရှိ၊ မရှိ နေ့စဉ် စစ်ဆေးနေပြီး ရောင်းချခြင်း မပြုကြဖို့ ထပ်မံတိုက်တွန်းထားပါတယ်။

Homepage


******************
၁၂။ ဖယ်ခုံပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ချက်အပေါ် တစ်စုတစ်စည်းတည်းဖြစ်ဖို့လိုတယ်လို့ ( KSCC ) ကပြန်လည် တုန့်ပြန်
May 14, 2022

ဖယ်ခုံမြို့ကို ကရင်နီပြည်အတွင်းရှိ ဖယ်ခုံမြို့ လို့မသုံးစွဲဘဲ ရှမ်းပြည်နယ်တောင်ပိုင်းရှိ ဖယ်ခုံမြို့လို့ သုံးစွဲခေါ်ဝေါ်ပေးဖို့ ပြည်သူ့ လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) လမ်းညွှန်မှုအရ ဖွဲ့စည်းထားတဲ့ ဖယ်ခုံပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မေလ ၉ရက်နေ့ မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဒီလိုထုတ်ပြန်ထားချက်အပေါ်မှာ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ ( KSCC ) အနေနဲ့စတင် ဖွဲ့စည်းချိန်က မိုးမြဲနယ်လည်းပါဝင်ခဲ့တာဖြစ်တဲ့အတွက် စစ်အာဏာရှင်ကို တော်လှန်နေချိန်မှာ တစ်စုတစ်စည်းတည်း ဖြစ်နေဖို့ လိုတယ်လို့ ဒီထုတ်ပြန်ချက်အပေါ်မှာ အခုလို ပြန်လည်တုန့်ပြန် ပြောဆိုလိုက်ပါတယ်။

( KSCC )ကို စတင်ဖွဲ့စည်းတဲ့အချိန်တုန်းကတော့ ကန္ဒာရဝတီ၊ ဘောလခဲ၊ ကေးလျား နဲ့ မိုးဗြဲ နယ်လေးနယ်ကို အခြေခံပြီးတော့ ဖွဲ့ထားတာဖြစ်တယ်လို့ဆိုပါတယ်။ အခုလို ဖယ်ခုံမြို့ ကို ရှမ်းပြည်နယ်တောင်ပိုင်းထဲ ထည့်သွင်းသုံးစွဲတာဟာ မဖြစ်သင့်သလို ကရင်နီပြည်ကို ထပ်ခွဲလိုက်သလို ဖြစ်တယ်လို့ ဝါရင့်နိုင်ငံရေးသမားတစ်ဦးဖြစ်တဲ့ ခွန်းမားရ်ကိုဘန်က သုံးသပ်ပါတယ်။

မိုးဗြဲမြို့၊ ဖယ်ခုံမြို့နဲ့ ပေါင်းလောင်းဒေသတွေဟာ မူလကတည်းက ကရင်နီပြည်ထဲရှိနေခဲ့တာဖြစ်ပြီး ဦးနေဝင်းအစိုးရ လက်ထက် မှာကတည်းက ခွဲထားခြင်းခံခဲ့ရတာဖြစ်တယ်လို့ ၎င်းကဆက်ပြောပါတယ်။ ဖယ်ခုံမြို့ဟာ လက်ရှိအချိန်ထိ ရှမ်းပြည်နယ်တောင် ပိုင်းသာ တည်ရှိနေသေးတာဖြစ်ပြီး ဖယ်ခုံပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အရေးတော်ပုံကာလအလွန်မှာ ပြည်သူ့ဆန္ဒခံယူပွဲတစ်ရပ် ကျင်းပပြီး ပြည်သူတွေရဲ့ မဲဆန္ဒအတိုင်းသာ ရပ်တည်ဆောင်ရွက်သွားမှာဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Homepage


******************
၁၃။ ယနေ့နံနက် ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီကို မိုးဗြဲPDF ဝင်ရောက်တိုက်ခိုက်ပြီး စစ်ကောင်စီ သုံးဦးသေဆုံး
May 14, 2022

ယနေ့ မေလ ၁၄ရက်နေ့ နံနက်အစောပိုင်းမှာ မိုးဗြဲအခြေစိုက် ခမရ-၄၂၂ တပ်ရင်းအနီးမှာ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီကို မိုးဗြဲ PDF ကပျောက်ကြားဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က သုံးဦးသေဆုံးသွားခဲ့တယ်လို့ မိုးဗြဲ PDF က ထုတ်ပြန် ထားပါတယ်။ နာရီဝက်ကြာ ပစ်ခတ်မှုရှိခဲ့ပြီး မိုးဗြဲ PDF ဘက်ကလည်း ရဲဘော်နှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ထား ပါတယ်။

ဒဏ်ရာရရှိသူနှစ်ဦးကို MOBYE PDF Rescue Team-MPRT ကနေ စနစ်တကျ ကုသမှုပြုလုပ်ပေးနေတယ်လို့ ဆိုပါတယ်။ ယမန်နေ့ မေလ ၁၃ရက်နေ့ နေ့လည်၁၂နာရီအချိန်မှာလည်း ဒီးမော့ဆိုမြို့နယ် မြို့မရဲစခန်းကို ဒီးမော့ဆိုPDF ၊ဖရူဆို PDF၊ အလယ်ပိုင်းတိုင်း ၁၁၀၂တပ်ရင်းတို့က ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒီးမော့ဆိုPDFက ထုတ်ပြန်ထားပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က နှစ်ဦးသေဆုံးခဲ့ပြီး ကရင်နီဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ၃ဦးထိခိုက် ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးအဖွဲ့က ဒီးမော့ဆိုမြို့ ဒေါငံခါး ကျေးရွာမှာ စစ်ကောင်စီထောင်ထားခဲ့တဲ့ မိုင်းတွေကို အလယ်ပိုင်းတိုင်းအထူးစစ်ဆင်းရေးအဖွဲ့ ၊ KRU နဲ့ ဒီးမော့ဆို PDF တို့ ပူးပေါင်းပြီး ရှင်းလင်းခဲ့ကြတယ်လို့ မေလ ၁၃ရက်နေ့က ထုတ်ပြန်ထားပါတယ်။ https://www.kantarawaddytimes.org/
******************
၁၄။ KSCC က ပအိုဝ်းလူထုအပေါ် အိတ်ဖွင့်ပေးစာ ပေးပို့
May 14, 2022

ကရင်နီပြည်အတိုင်ပင်ခံကောင်စီ ( KSCC ) က ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမှာရှိတဲ့ ပအိုဝ်းအမျိုးသား၊ အသင်းအဖွဲ့နဲ့ ပြည်သူလူထုအတွက် အိတ်ဖွင့်ပေးစာ တစ်စောင်ကို ဒီကနေ့ မေလ ၁၄ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

ကရင်နီပြည်မှာ စစ်ကောင်စီကို တော်လှန်တဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး ကရင်နီပြည် နယ်စပ်တစ်လျှောက်မှာလည်း စစ်ကောင် စီရှိတဲ့နေရာမှာ တိုက်ပွဲတွေ ဖြစ်ပွားနိုင်တဲ့အတွက် လမ်း၊ တံတား၊ အပြစ်မဲ့ပြည်သူတွေနဲ့ အိုးအိမ်တွေ ပျက်စီးနိုင်တဲ့အတွက် အလွန်စိုးရိမ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲ့ဒီအတွက်ကြောင့် စစ်ကောင်စီရှိတဲ့ နေရာတွေကို အတတ်နိုင်ဆုံး ရှောင်ရှားနေထိုင်ကြဖို့၊ စစ်ကောင်စီနဲ့ ပူးတွဲလှုပ်ရှားခြင်း မပြုလုပ်ကြဖို့၊ စစ်ကောင်စီကနေ ကရင်နီပြည်အတွင်း အင်အားတိုးချဲ့မှုတွေကို ဟန့်တားဖို့ ( သို့မဟုတ် ) ရှောင်ရှားဖို့ ထုတ်ပြန် ချက်မှာ တိုက်တွန်းပန်ကြားထားပါတယ်။ ကရင်နီလူထုဖြစ်စေ၊ တပ်ဖွဲ့ဖြစ်စေ၊ KSCC အဖွဲ့ဝင် အဖွဲ့အစည်းတွေဖြစ်စေ ပအိုဝ်း လူမျိုးနဲ့ ပအိုဝ်းဒေသရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေကို လေးစားကြောင်းနဲ့ ကျူးကျော်လိုစိတ် လုံးဝ ( လုံးဝ ) မရှိကြောင်း ထုတ်ပြန် ချက်မှာ ထည့်သွင်းထားပါတယ်။ https://www.kantarawaddytimes.org/
******************
၁၅။ ထိုင်တော်မူ ဘုရားတောင် မှာ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီ (၂)ဦးကျဆုံး
May 14, 2022

ဒီကနေ့ (မေလ ၁၄ရက်) မနက် (၆)နာရီအချိန် ထိုင်တော်မူဘုရားတောင်မှာ စနိုက်ပါစစ်ဆင်ရေး တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင် စီတပ်ဖက် (၂)ဦး ကျဆုံးခဲ့တယ်လို့ ဖယ်ခုံPDFက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။ စစ်ကောင်စီနဲ့ ဖယ်ခုံ PDF ၊ လွိုင်ကော်PDF ၊ ဒီးမော့ဆို PDF ၊ အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးအဖွဲ့တို့ ပူးပေါင်းပြီး တိုက်ခဲ့တာဖြစ်ပါတယ်။

ပူးပေါင်းတပ်ဖွဲ့ဖက် အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး တိုက်ပွဲအပြီး စစ်ကောင်စီဖက် လက်နက်ကြီး ရမ်းသမ်းပစ်ခတ် တဲ့အတွက် ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ ဒီကနေ့ မနက်မှာလည်း မိုးဗြဲအခြေစိုက် ခမရ-၄၂၂တပ် ရင်းအနီးမှာ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီနဲ့ မိုးဗြဲPDFတို့ ပြောက်ကျားတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဖက် ၃ ဦးကျဆုံးခဲ့တယ်လို့ မိုးဗြဲPDF ကဒီကနေ့ ထုတ်ပြန်ထားတာရှိပါတယ်။ https://www.kantarawaddytimes.org/
******************
၁၆။ နှစ်ဖက်စစ်ရေး တင်းမာနေဆဲ ဒေသအတွင်းသွားလာခြင်း မပြုရန် နယ်မြေခံ KNLA တာဝန်ရှိသူများ သတိပေးထား
May 16, 2022

နှစ်ဖက်စစ်ရေးတင်းမာနေဆဲ ဒေသဖြစ်သည့် လေးကေကော်ဒေသအတွင်း စစ်ကောင်စီတပ်ဘက်မှ မြေမြှုပ်မိုင်းများထောင် ထားသည့် အတွက် ဒေသခံများနေရပ်ပြန်လည်၀င်ရောက်သွားလာခြင်းမပြုကြရန် နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA စစ်ရေးတာ၀န်ရှိသူများက နိုးဆော်အသိပေးထားကြောင်း သိရသည်။ လေးကေကော်တိုက်ပွဲ ဖြစ်ပွားရာ နှစ်ဖက်စစ်ရေးတင်းမာနေဆဲနေရာဒေသ ရပ်ကွက်များ၊ ကျေးရွာများ ၊ လမ်းမကြီးများ၊ လူနေအိမ်ခြံများအတွင်းစစ်ကောင်စီ တပ်ဘက်မှ မြေမြှုပ်မိုင်းများ တပ်ဆင်ထောင်ထားခဲ့သည့်အတွက် ရပ်ကွက်ကျေးရွာများအတွင်းသို့ နေရပ်ပြန်လည် ၀င်ရောက် သွားလာခြင်းမပြုကြရန် ဒေသ KNLA တာ၀န်ရှိသူများက စစ်ဘေးရှောင်နေရသည့် ဒေသခံ မိသားစုများ ၊ တောင်ယာခြံမြေ ပိုင်ရှင်များ၊ ကုန်စုံဆိုင် လုပ်ငန်းရှင်များအား သတိပေးနိုးဆော်ထားကြောင်း လေးကေကော်ဒေသ အုပ်ချုပ်ရေး တာ၀န်ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါ ပေါက်ကွဲနိုင်သည့် မိုင်းများ၊ ဗုံးသီးများကိုမရှင်းလင်းရသေးဘဲ ပြန်သွားခွင့်ပြုပါက မတော်တဆထိခိုက် ပေါက်ကွဲမှုများ ကြောင့် အသက်ဆုံးရှုံးမှုများ၊ ကိုယ်လက်အင်္ဂါ ထိခိုက်မှုများ မဖြစ်စေရန်သွားလာကြခြင်းမပြုရန် သတိပေးခြင်းဖြစ်ပြီး စစ်ကောင် စီစစ်ကြောင်းနှင့်တွေ့ပါကလည်း ဖမ်းဆီးနှိပ်စက်ခံရခြင်းနှင့် ပစ်သတ်ခံရမှုများဖြစ်လာနိုင်သောကြောင့် စခန်းအတွင်း အေးအေး ဆေးဆေးနေကြရန် သတိပေးရခြင်းဖြစ်ကြောင်းလည်း စခန်းတာဝန်ရှိသူက ဆက်ပြောသည်။ အဆိုပါ လေးကေကော်ဒေသတွင် စစ်ဘေးရှောင် ရွာသားများ၏ နေအိမ်များတွင် ကျန်ရှိခဲ့သည့် နေအိမ်အသုံးအဆောင်၊ ကား၊ ဆိုင်ကယ်၊ လယ်ယာသုံးစက်ပစ္စည်း၊ အိမ်သုံးစက်ပစ္စည်းများကို စစ်ကောင်စီတပ်စစ်ဆင်ရေးတိုက်ပွဲများအတွင်း ယူဆောင်သွားခြင်းမျိုးမကသည့်အပြင် မြေမြှုပ်မိုင်း ပါ ထောင်ထားသည့်အပေါ် စစ်ဘေးရှောင်ဒေသခံအမျိုးသမီးတစ်ဦးက ယခုလို ပြောသည်။

ယခုနှစ် မေလ၌ လေးကေကော်- ဝေါလေဒေသအတွင်း စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်များ တိုက်ပွဲကြီးများ ဖြစ်ပွားမှု မရှိသော်လည်း၊ နေ့စဉ် နှစ်ဖက် စစ်ရေးလှုပ်ရှားမှုများ၊ ပြောက်ကျားပစ်ခတ်တိုက်ခိုက်မှုများ၊ စစ်ကောင်စီဘက်မှ စစ်အင်အား ဖြည့်တင်းမှုများ ဆက်လက် လုပ်ဆောင်နေဆဲဖြစ်ကြောင်း သိရှိရသည်။ ထို့အပြင် ဒေသတွင်း လမ်းပန်းဆက်သွယ်သွားလာမှု အနေဖြင့် မေတ္တာလင်းမြိုင်-အင်ကြင်းမြိုင်-မင်းလက်ပံ ကျေးရွာလမ်းပိုင်းအား အချိန်အကန့်အသတ်ဖြင့် သွားလာခွင့်ပြုထား သော်လည်း စစ်ဘေးရှောင်ကူညီထောက်ပံ့ရေးအဖွဲ့အစည်းများအနေဖြင့် နှစ်ဖက်စစ်ရေး တင်းမာနေသည့် နေရာများအတွင်းရှိ စစ်ဘေးရှောင်အစုအဖွဲ့ များထံ စားနပ်ရိက္ခာများ၊ နေရာထိုင်ခင်း အကူအညီများပေးရန် ၀င်ရောက်သွားလာခွင့်ကို စစ်ကောင်စီ ဘက်မှ ပိတ်ပင်တားမြစ်ထားကြောင်း ဒေသတွင်း စစ်ဘေးရှောင်ကူညီနေသူများက ပြောသည်။
https://kicnews.org/2022/05
**************
၁၇။ မိုးရာသီအတွင်း ခိုလှုံနိုင်ရန် ဒေါနအရှေ့ခြမ်းရှိ စစ်ဘေးရှောင်များအား ယာယီတဲအိမ်လေးများ ဆောက်လုပ်ပေး
May 16, 2022

ဒေါနအရှေ့ဘက်ခြမ်းရှိ လေးကေကော်ဒေသအပါအဝင် သောင်ရင်းမြစ်ဘေးတစ်လျှောက် စစ်ဘေးရှောင် နေကြရသူများ အနေဖြင့် ယခုနှစ် မိုးရာသီ ကာလအတွင်း မိသားစုအလိုက် လုံလုံခြုံခြုံဖြင့် နေထိုင်ရန် ယာယီတဲအိမ်လေးများ ဆောက်လုပ် ပေးလျက်ရှိသည်ဟု တာဝန်ရှိသူများက ပြောသည်။ ယခုလို မိုးရာသီကာလအတွင်း စစ်ဘေးရှောင်ပြည်သူများကြုံတွေ့နေ ရသည့် အခက်အခဲများကို ဒေသခံတာဝန်ရှိသူများအနေဖြင့် နည်းလမ်းရှာ ဆောင်ရွက်ပေးနေခြင်းဖြစ်ပြီး လိုအပ်ချက်များရှိ နေသေးကြောင်းလည်း စစ်ဘေးရှောင်များကို အကူအညီပေးနေကြသော တာဝန်ရှိသူများကပြောသည်။

လက်ရှိတွင် နေရာထိုင်ခင်းအတွက် တဲအိမ်များ ဆောက်လုပ်နေဆဲဖြစ်၍ စစ်ဘေးရှောင်များအနေဖြင့် ဝါးရုံတောထဲတွင် အဆင်ပြေသလို နေထိုင်နေရဆဲဖြစ်ပြီး ဆောက်လုပ်မှုပြီးစီးလျှင် နေရာထိုင်ခင်း အသစ်ရရှိကြမည့်အပြင် ကျန်းမာရေးအတွက်ပါ ဆေးဘက်ဆိုင်ရာများကို စီစဉ်ပေးထားကြောင်းလည်း အဆိုပါတာဝန်ရှိသူက ဆက်ပြောသည်။ ထိုင်း-မြန်မာ နယ်စပ်၊ သောင်ရင်းမြစ်ဘေးတစ်လျှောက် စစ်ဘေးရှောင်နေကြရသူများအတွက် ယခုနှစ်မိုးရာသီကာလအတွင်း နေရာထိုင်ခင်အခက် အခဲရှိလာသည့်အပြင် ယခုမိုးရွာသွန်းမှု စတင်ဖြစ်ပေါ်နေချိန် ချောင်းရေများ နောက်ကျိပြီး သောက်သုံးရေး မသန့်ရှင်းသည့် ပြဿနာများကိုပါ ရင်ဆိုင်နေကြရသည့်အတွက် ရာသီပြောင်း ရောဂါများအဖြစ်များလာနေကြောင်း စစ်ဘေးရှောင် ပြည်သူများ က ပြောသည်။

စစ်အာဏာသိမ်းမှုနောက်ပိုင်း ကရင်အမျိုးသားအစည်းအရုံး-KNU ထိန်းချုပ်နယ်မြေများတွင် နေ့စဉ် တိုက်ပွဲဖြစ် ပွားနေပြီး တိုက်ပွဲအရှိန်များလည်း ပိုမိုမြှင့်တက်နေသလို စစ်ကောင်စီဘက်မှ ကျေးရွာနှင့် အရပ်သားများကို ပစ်မှတ်ထား တိုက်ခိုက်မှုများ ပြုလုပ်နေသောကြောင့် သိန်းနှင့်ချီသော ဒေသခံပြည်သူများမှာ ဘေးလွတ်ရာသို့ ယနေ့အချိန်ထိ ထွက်ပြေးတိမ်းရှောင်နေကြရ ခြင်းဖြစ်သည်။ https://kicnews.org/2022/05
**************
၁၈။ ငါးရစ်ငါးသန်းရာသီကာလတွင် ငါးဖမ်းခြင်းမပြုလုပ်ရန် KNU ထုတ်ပြန်
May 15, 2022

မိုးဦးကျ မေလနှင့် ဇွန်လတွင် ငါးရစ်တက် ငါးသားပေါက် ရာသီအချိန်ဖြစ်၍ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ ထိန်းချုပ်နယ်မြေ အတွင်းရှိ မြစ်၊ချောင်း အင်းအိုင်များတွင် ငါးမျိုးတုန်းမှုကို ကာကွယ်သည့်အနေဖြင့် ငါးဖမ်းခြင်း မပြုလုပ်ရန် ခရိုင်များရှိ မွေးမြူရေးနှင့် ရေလုပ်ငန်းဌာနမှ မေလ ၉ရက် နေ့စွဲနှင့် ပြည်သူများထံ အမိန့်ညွှန်ကြားစာ အသီးသီး ထုတ်ပြန်ခဲ့သည်။ ကေအဲန်ယူ ညောင်လေးပင်ခရိုင်ထဲရှိ မြစ်ချောင်း၊ အင်းအိုင်များထဲတွင် ယခု မေလ ၁၅ရက်နေ့မှစတင်၍ ဇွန်လ ၃၀ရက် နေ့အထိလည်းကောင်း၊ ဖားအံခရိုင်တွင် မေလ ၁၅ရက်မှ ဇူလိုင်လ ၁၅ရက်နေ့အထိလည်းကောင်း ငါးဖမ်းခွင့် တားမြစ်ပိတ်ပင် ထားသည့်ကာလဖြစ်သည်ဟုလည်း ထုတ်ပြန်ထားခဲ့ကြသည်။

ထို့အပြင် ဒေသခံလူထုအချို့သည် တရားမဝင် စီးပွားဖြစ်ငါးဖမ်းမှုများလည်းရှိသည့်အတွက် ငါးမျိုးတုန်းမှုများရှိလာသောကြောင့် ငါးများ ဖမ်းဆီးရာတွင် ပေါက်ကွဲစေတတ်သည့်ပစ္စည်းများ၊ အဆိပ်အတောက်ဖြစ်သည့် ဓာတုပစ္စည်းများ၊ တရားမဝင် ငါးဖမ်း ကိရိယာများ အသုံးပြုပြီး ငါးဖမ်းခြင်းမပြုလုပ်ရန်ကိုလည်း ကေအဲန်ယူ အမိန့်စာထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အဆိုပါ မြစ်ချောင်း၊ အင်းအိုင်၊ နယ်နမိတ်အတွင်းရှိ ငါးများ ကျက်စားရာနေရာများထဲတွင် အခြားနည်းလမ်းများ အသုံး ပြုပြောင်းလဲရန် အတွက် ဖျက်ဆီးပြုလုပ်ခြင်းနှင့် ထွန်ယက်စိုက်ပျိုးခြင်းများကို မပြုလုပ်ရန် KNU က တားမြစ်ထားခဲ့သည်။

ကေအဲန်ယူ မွေးမြူရေးနှင့် ငါးဖမ်းလုပ်ငန်းဌာန၏ စီမံအုပ်ချုပ်ခွင့်ရှိသည့် ဧရိယာများထဲတွင်ဌာန၏တရားဝင်ခွင့်ပြု ချက်မရရှိပါ က မည်သူမဆို ဝင်ရောက်လုပ်ကိုင်ခွင့် မရှိကြောင်းလည်း အသိပေးထုတ်ပြန်ထားသည့်အပြင် တားမြစ်ပြဌာန်းချက်များကို လိုက်နာခြင်းမရှိဘဲ ဖျောက်ဖျက်ကျူးလွန်ပါက ကေအဲန်ယူ၏ မွေးမြူရေးနှင့် ငါးဖမ်းလုပ်ငန်းဥပဒေအရ အရေးယူ ဆောင်ရွက် သွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသည်။ ညောင်လေးပင်ခရိုင်အတွင်းရှိ အချို့ကျေးရွာများတွင် မိရိုးဖလာ ဘိုးဘွားပိုင် အင်းအိုင်များရှိကာ အများစုမှာ ဒေသခံလူထုကိုယ်တိုင် ခံစားခွင့်မရရှိတော့ဘဲ အစိုးရနယ်မြေခံ အာဏာပိုင်ဘက်မှ စီးပွားရေး သမားများထံ တင်ဒါခေါ် ရောင်းချလုပ်ကိုင်ခွင့်ပေးသည့်အတွက် လူထုများ နစ်နာမှုရှိလာခဲ့ကြောင်းလည်း ဒေသခံများထံမှ သိရ သည်။ https://kicnews.org/2022/05
**************
၁၉။ ကျုံဒိုးတွင် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒထုတ်ဖော်မှုအတွင်း ပါ၀င်ခဲ့ဖူးသူနေအိမ်များအား ၀င်ရောက်ဖမ်းဆီး၍ ဒေသခံ ၅ ဦးဖမ်းဆီးခံရ
May 16, 2022

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ကျုံဒိုးမြို့နယ် ရပ်ကွက်များတွင် စစ်အာဏာသိမ်းဖြစ်စဉ်ကာလအတွင်း စစ်အာဏာရှင် ပြုတ်ကျရေး ဆန္ဒထုတ်ဖော်ရာတွင် ပါ၀င်ဖူးသည့် ဒေသခံအချို့၏ နေအိမ်များအား မေလ ၁၃ ရက်ညက စစ်ကောင်စီတပ်၊ ရဲနှင့် စစ်ကောင်စီ သတင်းပေးအုပ်ချုပ်ရေးမှူးများ ပါ၀င်သည့် အဖွဲ့များမှ ရပ်ကွက်များအတွင်း ပိတ်ဆို့ရှာဖွေဖမ်းဆီးရာတွင် ဒေသခံ ၅ ဦး ဖမ်းဆီးခံခဲ့ရကြောင်း သိရှိရပါသည်။

ကျုံဒိုးဒေသအတွင်း စစ်အာဏာသိမ်းဖြစ်စဉ်အား ဆန်ကျင့်ဆန္ဒထုတ်ဖော်သည့် ဆန္ဒပြပွဲများတွင်ပါ၀င်ခဲ့ကြသည့် မြို့ပေါ် ဒေသခံများနှင့် NLD ပါတီအား ထောက်ခံ၀န်းရံခဲ့ကြသည့် ဒေသခံများအား စစ်ကောင်စီသတင်းပေးများမှ ဒေသခံများ သွားလာ နေထိုင်လုပ်ကိုင်နေမှုကို နေ့စဉ်စောင့်ကြည့်မှုများရှိနေရာမှ မေလ ၁၃ ရက်ညက ရပ်ကွက်များအတွင်း အမည်စာရင်းဖြင့် စစ်ကောင်စီပူးပေါင်းအဖွဲ့များမှ ပိတ်ဆို့ရှာဖွေ ဖမ်းဆီးမှုကြောင့် ဒေသခံ ၅ ဦး ဖမ်းဆီးခံခဲ့ရသည်ဟု ကျုံဒိုးဒေသခံတစ်ဦးက ပြော သည်။

ကရင်ပြည်နယ်အတွင်း ဧပြီလ နှင့် မေလအတွင်း ဖားအံ၊ ကော့ကရိတ်၊ မြ၀တီ မြို့ ပေါ် ရပ်ကွက်များတွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် ပါ၀င်ခဲ့ဖူးသူ၊ NLD ပါတီ နှင့် ပတ်သက်သူများအား မကြာခဏ ဖမ်းဆီးစစ်မေးမှုများ တရားစွဲဆို ထောင်ချခံရမှုများရှိလာနေချိန်တွင် ယခုမေလ ၁၃ ရက်က ကျုံဒိုး ဒေသခံ ၅ ဦး အား ရှာဖွေဖမ်းဆီးမှုများ လုပ်ဆောင်လာ နေသောကြောင့် ဒေသတွင်း လူငယ်၊ လူလတ်ပိုင်းများ ရှောင်တိမ်းနေထိုင်နေကြသည်ဟု ကျုံဒိုးဒေသခံများက ပြောသည်။ ထိုအတူ ဖားအံ မြို့ဘက်တွင်လည်း လူငယ်၊ လူလတ်ပိုင်းများအား ကား၊ ဆိုင်ကယ်၊ လိုင်စင်စစ်ဆေးသည်ဟု အကြောင်းပြကာ ရိုက်နှက်၍ လက်ကိုင်ဖုန်းများအား စစ်ဆေးခြင်း၊ စစ်အာဏာရှင် ဆန့်ကျင်သည့်သတင်း၊ ဓါတ်ပုံ၊ ရုပ်သံများဖုန်းတွင် တွေ့ရှိပါက ခြိမ်းခြောက် ဖမ်းဆီးငွေညှစ်တောင်းခံပြီး မှ ပြန်လွှတ်ပေးသည့် ဖြစ်စဉ်များနေစဉ် ကြုံတွေ့နေကြရကြောင်း ကိုယ်တိုင်ကြုံတွေ့ ရသူ မြို့ခံများက ပြောသည်။ https://kicnews.org/2022/05
**************
၂၀။ မြေမြှုပ်မိုင်းနှင့် မပေါက်ကွဲသေးသည့် ဗုံးများကြောင့် လေးကေကော် ဒေသခံတောင်သူများ လုပ်ငန်းခွင် မ၀င်ရဲသေး
May 14, 2022

မြ၀တီမြို့နယ်၊ လေးကေကော်ဒေသရှိ ဒေသခံတောင်သူများမှာ မြေမြှုပ်မိုင်းနှင့် မပေါက်ကွဲသေးသည့် လက်နက်ကြီး ကျည်၊ လေယာဉ်ဗုံးသီးများကြောင့် စစ်ရှောင်နေရာမှ လုပ်ငန်းခွင်သို့ မ၀င်ရဲကြသေးဘဲ ရှိနေသည်ဟု ၎င်းတို့၏ ပြောဆိုချက်များအရ သိရသည်။ လေးကေကော်ရှိ တောင်ယာစိုက်ပျိုးသည့် ဧက ၁သောင်းခန့်ကို လုပ်ကိုင်လာခဲ့သည့် ဒေသခံကျေးရွာမှ တောင်ယာ လုပ်ငန်းလုပ်ကိုင်ကြသူများနှင့် ရာသီပေါ်သီးနှံစိုက်ပျိုးရေးကို နေ့စားလာရောက်လုပ်ကိုင်ကြသည့် ရွှေ့ပြောင်းအခြေချအ လုပ်သမား မိသားစုများမှာ လက်ရှိအချိန်ထိ စစ်ဘေးရှောင်စခန်းများတွင် ဆက်လက်မှီခိုနေထိုင်နေကြရဆဲဖြစ်သည်။

မြ၀တီမြို့တောင်ဘက် မယ်ထော်သလေး၊ မင်းလက်ပံ၊ အင်ကြင်းမြိုင်၊ ထီးမဲ့ဝါးခီး၊ ပဟိကလော်၊ ဖလူးကြီး၊ ဖလူးလေး၊ ရသေ့ဂူ အပါအ၀င် လေးကေကော်ဒေသအတွင်းရှိ တောင်ယာစိုက်ခင်းများတွင် စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်း တပ်များမှာ ယခုအချိန်ထိ ၅လကျော်ကြာ တိုက်ပွဲဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။ ယခုလို မိုးဦးကျအချိန်တွင် ပြောင်းသီးနှံစိုက်ခင်းများ၊ သစ်မာ အစားထိုး မန်ဂျန်ရှား စိုက်ခင်းများအတွင်း မြေမြှုပ်မိုင်း၊ မပေါက်ကွဲသေးသည့် ဗုံးကျည်များရှိနေသဖြင့် တောင်ယာ ပိုင်ရှင်များနှင့် အောက်မြန်မာပြည်ဘက်မှ ရွှေ့ပြောင်းအလုပ်သမား မိသားစုများအနေဖြင့် လုပ်ငန်းခွင်မ၀င်ရဲကြသဖြင့် စစ်ဘေး ရှောင်စခန်းများတွင်ပင် ဆက်လက်မှီခိုနေထိုင်နေကြရခြင်းဖြစ်ကြောင်း ဒေသတွင်း စိုက်ပျိုးရေးဖြင့် အသက်မွေးဝမ်းကျောင်းနေ ရသူများက ကေအိုင်စီသို့ ပြောပြသည်။

လေးကေကော်ဒေသ တိုက်ပွဲကာလတွင် စစ်ဘေးရှောင်နေကြရသူများအထဲ၌ ဒေသခံရွာသားများအပြင် ရာသီပေါ် သီးနှံစိုက်ပျိုး ရေးလုပ်ငန်းများ၌ မိသားစုအလိုက် လာရောက်လုပ်ကိုင်နေကြသည့် အောက်မြန်မာပြည်၊ ပဲခူးတိုင်း၊ ဧရာ၀တီတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းဘက်မှ ရွှေ့ပြောင်းလုပ်ကိုင်သူများ အပါအဝင် လူဦးရေ ၂၀၀၀ကျော်အထိရှိကြောင်း ရပ်ကျေးစာရင်းများအရ သိရသည်။ အချို့မှာ မူလနေရပ်ရင်းပြန်ရန် ကြိုးစားကြသော်လည်း ၎င်းတို့ရပ်ရွာဒေသတွင်း၌လည်း စစ်ကောင်စီနှင့် ဒေသကာ ကွယ်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားကာ ရွာလုံးကျွတ် မီးရှို့ခံရမှုများကြောင့် နေရပ်မပြန်နိုင်တော့သည့် အခြေ အနေဖြစ် ကာ လက်ရှိ စစ်ဘေးရှောင်စခန်းနေရာ၌သာ နေထိုင်နေရဆဲဖြစ်ကြောင်း စစ်ရှောင်ကူညီရေးအဖွဲ့ တာ၀န်ရှိသူများ၏ ပြောဆို ချက်အရ သိရသည်။ https://kicnews.org/2022/05
**************
၂၁။ စစ်မှန်သည့် ငြိမ်းချမ်းရေးဆွေးနွေးမှုဖြစ်ရန် စဉ်းစားလုပ်ဆောင်သင့်သည့် တိုက်တွန်းချက် (၅)ချက် PNFC ထုတ်ပြန်
May 13, 2022

စစ်မှန်သည့် ငြိမ်းချမ်းရေး ဆွေးနွေးမှုနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး လမ်းကြောင်းမှန်ဖြစ်ပေါ်စေရေး အတွက် စစ်ကောင်စီအပါအဝင် ၎င်း၏ ငြိမ်းချမ်းရေးဆွေးနွေးဘက်များအနေဖြင့် ထည့်သွင်းစဉ်းစား လုပ်ဆောင်သင့်သည့် တိုက်တွန်း ချက် (၅)ချက်ပါ ပန်ကြားချက်ကို ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ(PNFC)က ယမန်နေ့ မေလ ၁၂ရက်နေ့တွင် ထုတ်ပြန် လိုက်သည်။

စစ်မှန်သည့် ငြိမ်းချမ်းရေးဆွေးနွေးမှုနှင့် ဖက်ဒရယ် ပြည်ထောင်စုကို ဦးတည်လျှောက်လှမ်းလိုလျှင် လက်ရှိတော်လှန် ရေးတွင် ပါဝင်သူအားလုံးအပစ်ရပ်နိုင်ရန် စစ်ကောင်စီဘက်မှ တစ်ဖက်သတ် အပစ်ရပ်ကြေညာပြီး အကြမ်းဖက်လုပ်ရပ်များကို လက်တွေ့ ရပ်ဆိုင်းရန်၊ စစ်အာဏာရှင်စနစ် ဆန့်ကျင်တော်လှန်မှုတွင် နည်းလမ်းပေါင်းစုံဖြင့်ပါဝင်သည့် အင်အားစုများကို ရက်စက်သည့် နှိမ်နင်းမှုများ ချက်ချင်းရပ်တန့်ပြီး ဖမ်းဆီးထောင်ချခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့် အပါအဝင် နိုင်ငံ ရေး အကျဉ်းသားအားလုံး ခြွင်းချက်မရှိ လွတ်မြောက်ပေးရမည်ဖြစ်ကြောင်း (PNFC)က တိုက်တွန်းထားသည်။ ထို့အပြင် အမျိုး သားညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီ(NUCC)၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH)၊ အမျိုးသား ညီညွတ်ရေးအစိုးရ(NUG)နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)အပါအဝင် တိုင်းရင်းသား တော်လှန်ရေး အင်အားစုများအားလုံး ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်ဆောင်ရွက်နိုင်ခြင်းကို ထည့်သွင်းစဉ်းစားရမည်ဖြစ်သလို ကုလသမဂ္ဂနှင့် နိုင်ငံတကာ၏ ပါဝင်ရေး ကိုလည်း စဉ်းစားဆောင်ရွက်ရမည်ဖြစ်ကြောင်း အချက်(၅)ချက်ဖြင့် တိုက်တွန်းပန်ကြားထားသည်။

လက်ရှိ စစ်ကောင်စီ၏ ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ခေါ်မှုကို အပစ်ရပ်လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက် ကိုင် (၇)ဖွဲ့နှင့် အပစ်ရပ် မထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် ၃ဖွဲ့ တက်ရောက်ရန် စာရင်းပေးထားကြောင်း စစ်ကောင်စီဘက်က ထုတ်ပြန်ထားသလို မတက်ရောက်သည့် အဖွဲ့အစည်းများလည်း အသီးသီးသဘောထား ထုတ်ပြန်ထား သည်။ စစ်ကောင်စီ၏ ငြိမ်းချမ်းရေး ဖိတ်ခေါ်မှုသည် တိုက်လိုက်၊ ဆွေးနွေးလိုက် သံသရာမှ ရုန်းထွက်နိုင်မည့် ဖိတ်ခေါ်မှုမျိုး မဟုတ်ကြောင်းနှင့် လက်ရှိနိုင်ငံရေး ပြဿနာကိုလည်း လူအစုအဖွဲ့အနည်းငယ်ကိုသာ အခြေခံပြီး ဆွေးနွေးဖြေရှင်းရမည့် အချိန် အခါ မဟုတ်တော့ဘဲ ပါဝင်သင့်ပါဝင်ထိုက်သူ အားလုံးအကျုံးဝင် သက်ဆိုင်သည့် ဖြေရှင်းမှုမျိုးဖြစ်ရန် လိုအပ်ကြောင်းလည်း ပန်ကြားစာတွင် တိုက်တွန်းထားသည်။ https://kicnews.org/2022/05
**************
၂၂။ မတူပီမြို့နယ်က စစ်ဘေးရှောင်ပြည်သူများ ရိက္ခာနှင့် ဆေးဝါးများပြတ်လပ်
MAY 16, 2022

ချင်းပြည်နယ်၊ မတူပီမြို့နယ်အိုင်ဒပ်တောင်ကြောမှ စစ်ဘေးရှောင်နေကြသည့် ပြည်သူများသည် စားနပ်ရိက္ခာနှင့် ဆေးဝါးများ လုံလောက်မှုမရှိခြင်းကြောင့် အခက်အခဲများကြုံနေကြပြီး ကူညီထောက်ပံ့မှုလိုအပ်နေကြသည်ဟု အိုင်ဒပ်နယ်မြေမှ စစ်ဘေး ရှောင်ကူညီပေးနေသူ တစ်ဦးက ပြောသည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာလက စတင်ပြီး CDF-Matupi နှင့် စစ်ကောင်စီတပ်များအကြားဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် မင်းတပ်-မတူပီလမ်းတစ်လျှောက်နှင့် အိုင်ဒပ်တောင်ကြောတွင်ရှိသော ကျေးရွာနေပြည်သူများ တောထဲတောင်ထဲ စစ်ဘေးတိမ်း ရှောင်နေကြရခြင်းဖြစ်သည်။ စစ်ဘေးရှောင်ပြည်သူများသည် စစ်ရှောင်နေရင်း ဆေးဝါးမလုံလောက်မှုကြောင့် ၈ နှစ်အရွ ယ်ကလေးတစ်ဦး အပါအဝင် ပြည်သူ ၆ ဦးအထိသေဆုံးမှုလည်းယခင်ကရှိခဲ့ပြီး လက်ရှိတွင် စစ်ဘေးရှောင်ပြည်သူများသည် နေထိုင် စားသောက်ရေးအတွက် အခက်ခဲဆုံးအခြေအနေရောက်နေကြသည်ဟု အိုင်ဒပ်နယ်မြေမှ စစ်ဘေးရှောင်ကူညီပေးနေသူ တစ်ဦး က ဆက်ပြောသည်။

ချင်းပြည်နယ်တောင်ပို်င်းတွင် စစ်ကောင်စီတပ်မှ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာသည်မှာ သုံးကြိမ်ခန့်ရှိလာပြီ ဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့များစစ်ကြောင်းချီလာသည့် လမ်းတလျောက်တွင်ရှိသော ကျေးရွာလူနေအိမ်များ မီးရဖျက်ဆီးခဲ့ သောကြောင့် စစ်ဘေးရှောင်များသည် နေရပ်ပြန်ရန်ပြင် ခက်ခဲနေသည်ဟု သိရသည်။ မတူပီမြို့နယ်တွင် စစ်ဘေးတိမ်း ရှောင်နေရသည််နယ်မြေဧရိယာ (၄) ခုရှိပြီး အိုင်ဒါပ်ဧရိယာတွင် ခြန်းပြန်း(က)၊ (ခ)၊ ရမ်တိန်းကျေးရွာ၊ မွှန်တုန်ကျေးရွာ၊ ဟာလ်တူးကျေးတို့မှ စစ်ဘေးရှောင်လူဦးရေ (၁၃၇၀) ခန့်ရှိကြောင်း စစ်ဘေးအရေးကူညီပေးနေသူများထံမှ သိရသည်။

Main Home


******************
၂၃။ မွန်ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံကို ထောင်ဒဏ် ၂၁ နှစ် ထပ်မံချမှတ်
(၂၀၂၂ မေ ၁၆)

မွန်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံကို အဂတိမှု ၉ မှုအတွက် ထောင်ဒဏ် ၂၁ နှစ် အမိန့်ထပ်မံ ချမှတ်လိုက် ကြောင်း သိရသည်။ ထောင်ဒဏ်အမိန့်ကို ကျိုက်မရောဗဟိုအကျဉ်းထောင်အတွင်းက အထူးတရားရုံးတွင် မေလ ၁၆ ရက်နေ့က ချမှတ်လိုက်ခြင်း ဖြစ်သည်။

ဒေါက်တာအေးဇံကို အဂတိမှု အမှတ်စဉ် ၁ မှ ၆ အထိကို တစ်မှုလျင် ထောင်ဒဏ် ၂ နှစ် နှစ်နှုန်းဖြင့် ၁၂ နှစ် အပြင် အမှု အမှတ်စဉ် ၇ မှ ၉အထိ တစ်မှုကို ထောင်ဒဏ် ၃ နှစ်နှုန်း ဖြင့် ၉ နှစ် စုစုပေါင်း ထောင်ဒဏ် ၂၁ နှစ် ချမှတ်ခဲ့ခြင်း ဖြစ်သည်။ ဝန်ကြီးချုပ် တာဝန်ယူနေစဉ်ကာလအတွင်း လုပ်ပိုင်ခွင့်အာဏာကို အသုံးချကာ စီးပွားရေးလုပ်ငန်းရှင်များထံက ဒေါက်တာအေးဇံ ငွေကြေးရ ယူခဲ့သည့်ဆိုသော စွဲချက်ဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅ ဖြင့် နစက ကောင်စီ အမှု ၉ မှု ဖွင့်ခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းက ဒေါက်တာအေးဇံကို ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅(ခ) ဖြင့် တရားစွဲခဲ့ပြီး ထောင်ဒဏ် ၂ နှစ် အမိန့်ချမှတ်ခဲ့ပြီး ယခု ချမှတ်ခဲ့သည့် အမိန့်ဖြင့် ပေါင်းလိုက်ပါက ထောင်ဒဏ် ၂၃ နှစ် ချမှတ်ခံထားရခြင်း ဖြစ်သည်။ လက်ရှိ တွင်လည်း ဒေါက်တာအေးဇံကို ရွေးကောက်ပွဲအတွင်း မလျော် သြဇာသုံးခဲ့သည်ဟူသော စွဲချက်ဖြင့် အမှု ၃ မှု ဖွင့်ထားပြီး တရား ရင်ဆိုင်နေရဆဲဖြစ်သည်။ https://burmese.monnews.org/
*******************
၂၄။ ရေးမြို့နယ် ကဗျာကြီးကျေးရွာတွင် အုပ်ချုပ်ရေးမှူးနှင့် လဝကအရာရှိတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ
(၂၀၂၂ မေ ၁၄)

ရေးမြို့နယ်တောင်ပိုင်း ကဗျာကြီးကျေးရွာ အုပ်ချုပ်ရေးနှင့် လဝကအရာရှိတစ်ဦးကို ရေးဘီးလူးအဖွဲ့က မေလ ၁၃ ရက် ညနေ ၆ နာရီခွဲအချိန်တွင် သေနတ်ဖြင့် လာရောက်ပစ်ခတ်မှုကြောင့် သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။ ကျေးရွာအုပ်ချုပ် ရေးမှူး ဦးမောင်စံအေး (ခေါ်) ထားဝယ်နှင့် လဝကဦးစီးဆိုသူတို့ အိမ်ထဲတွင် ဘီယာသောက်နေစဥ် လူငယ်နှစ်ဦး ဆိုင်ကယ် နှင့်လာရောက်ပစ်ခတ်သွားဖြင်းဖြစ်ကြောင်း ကဗျာကြီးကျေးရွာ ရွာသားတစ်ဦးက ဆိုသည်။ ကဗျာကြီးကျေးရွာဥက္ကဌကို ပစ်ခတ် ရှင်းလင်းခဲ့ရာတွင် ခေါဇာမြို့ ထွေအုပ်ဦးစီးအရာရှိတစ်ဦးကိုလည်း ပစ်သတ်ခဲ့ကြောင်း ရေးဘီလူးအဖွဲ့က လူမှုကွန်ရက်စာ မျက် နှာတွင် ရုပ်သံဖြင့် ရှင်းလင်းပြောကြားခဲ့သည်။

ထို့ပြင် ကျေးရွာအုပ်ချုပ်ရေးမှူးဆိုသူသည် ပျူစောထီးခေါင်းဆောင်တစ်ဦးဖြစ်ပြီး ၄င်းအသုံးပြုနေသည့် HK 33 အော်တိုမက်တစ် သေနတ်တစ်လက်ကိုလည်း အဆိုပါ ရေးဘီလူးအဖွဲ့က သိမ်းဆည်းခဲ့ကြောင်း အဆိုပါရုပ်သံဖိုင်တွင် ပြောကြာခဲ့သည်။ ထားဝယ် လူမျိုးဖြစ်သည့် အုပ်ချုပ်ရေးမှူး ဦးမောင်စံအေးသည် ကဗျာကြီးကျေးရွာသူ မွန်အမျိုးသမီးတစ်ဦးနှင့်အကြောင်းပါ၍ ကျေးရွာ ဥက္ကဌအဖြစ် တာဝန်ယူလာခဲ့သည်မှာ ၇ နှစ်နီးပါး ရှိနေပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ ထို့အတူ သေနတ် ပစ်သတ် ခံသေဆုံးသွားသည့် လဝကဝန်ထမ်းဆိုသူသည် ရေးမြို့မှ ခေါဇာမြို့သို့အပြန် ကဗျာကြီးကျေးရွာသို့ မှတ်ပုံတင်ကိစ္စဖြင့် ကျေးရွာ ဥက္ကဌသို့ ခေတ္တရောက်ရှိလာစဥ် ကံမကောင်းအကြောင်းမလှသဖြင့် ယင်းလုပ်ကြံမှုတွင် အဆစ်ပါ၍ သေဆုံးခဲ့ရသည်ဟု တခြား ရွာသားတစ်ဦးက ဆိုသည်။

ပစ်ခတ်မှုအပြီး ကဗျာကြီးကျေးရွာသို့ စစ်တပ်လုံခြုရေးတပ်ဖွဲ့ဝင် ၂၀ ခန့်ရောက်ရှိလာပြီး ကျေးရွာအဝင်အထွက်ကို တင်းတင်း ကြပ်ကြပ် စစ်ဆေးမှုများလုပ်ဆောင်ခဲ့ကြောင်း သိရသည်။ စစ်တပ်အာဏာသိမ်းပြီးကာလမှစ၍ ရေးမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာအကြီးအကဲ အုပ်ချုပ်ရေးမှူး ၁၀ ဦးထက်မနည်း လုပ်ကြံသတ်ဖြတ်ခံလိုက်ရကြောင်း သတင်းမှတ်တမ်းမျာအရ သိရ သည်။ https://burmese.monnews.org/
*******************
၂၅။ ချေးငွေပြန်သွားတောင်းသည့် စထနာပါနာကုမ္ဗဏီဝန်ထမ်း အသတ်ခံရ
( ၂၀၂၂၊ မေလ ၁၄)

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဒေါက်ရပ်ကျေးရွာအုပ်စု၊ ခဲမောက်ကျေးရွာတွင် ချေးငွေ ယူထားသူများထံမှာ ငွေသွားပြန် တောင်းသည့် စထနာပါနာကုမ္ဗဏီဝန်ထမ်း အသတ်ခံခဲ့ရကြောင်း ကုမ္ပဏီနှင့် နီးစပ်သူများထံမှ သိရသည်။ သထုံမြို့ စထနာပါ ချေးငွေကုမ္ပဏီမှ ဝန်ထမ်းဖြစ်သည့် ကိုအောင်သီဟက အဆိုပါကျေးရွာရှိ လင်မယားနှစ်ဦးအား ချေးငွေကို တာဝန်ယူ ထုတ်ချေး ပေးခဲ့ခြင်းဖြစ်သည်။

ချေးငွေအား ပြန်လည်တောင်းယူရန် အဆိုပါလင်မယားထံသွားရောက်စဥ် ယောကျာ်းဖြစ်သူက ကိုအောင်သီဟအား သတ်ပစ်ခဲ့ ခြင်းဖြစ်ကြောင်း ကုမ္ပဏီနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ ကိုအောင်သီဟ၏ လည်ပင်းတွင် ဓားဒဏ်ရာတွေ့ရပြီး လည်ပင်း ပြတ်လုနီးပါးဖြစ်နေကြောင်း စုစည်းအားမာန် ဘီးလင်းအရေးပေါ်ကယ်ဆယ်ရေးအသင်းမှ သိရသည်။ ကိုအောင်စီဟနှင့်အတူ ပါလာသည့် ငွေသားအချို့နှင့် ဆိုင်ကယ်တစ်စီးကို အဆိုပါ လင်မယားက ယူဆောင်ထွက်ပြေးသွားပြီဖြစ်ကြောင်း ရုံးသို့ဖုန်းဆက် စဥ် မိန်းမဖြစ်သူက ပြောဆိုသွားကြောင်း သိရသည်။

မေလ ၁၃ ရက်နေ့တွင် တရားခံ လင်မယား၏ နေအိမ်အနောက် ပေ ၁၀၀ ခန့်တွင် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ဘီးလင်းမြို့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ သွားရောက်တူးဖော်ခဲ့ရာ ကိုအောင်သီဟ၏ အလောင်းကို တွေ့ရှိခဲ့ပြီး ဘီးလင်း မြို့နယ်ဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။ လက်ရှိတွင် ကိုအောင်သီဟ၏ ရုပ်အလောင်းကို ရင်ခွဲရုံမှ သထုံရှိ နေအိမ်သို့ ပြန်လည်ပို့ ဆောင်ထားပြီး တရားခံများမှာ လွတ်မြောက်နေဆဲဖြစ်ကြောင်း သိရသည်။ https://burmese.monnews.org/
*******************
၂၆။ ရွေးကောက်ပွဲ၊ ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ NSPNC နှင့် ကရင် KNDP ပါတီတို့ တွေ့ဆုံဆွေးနွေးခဲ့
(၂၀၂၂ မေ ၁၄)

အမျိုသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် ကရင်အမျိုးသား ဒီမိုကရက် တစ်ပါတီ (KNDP) တို့ နေပြည်တော်တွင် မေ ၁၂ ရက်က တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။ အဆိုပါတွေ့ဆုံဆွေးနွေးပွဲမှာ ငြိမ်းချမ်းရေး၊ ရွေးကောက်ပွဲကျင်းပနိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း KNDP မှ ဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက မွန်သတင်း အေဂျင်စီကို ပြောသည်။

လာမည့် ရွေးကောက်ပွဲတွင် အချိုးကျကိုယ်စားပြုစနစ် (PR) ကို ကျင်းသုံးမည်ဖြစ်ကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံစဉ် သဘောတူခဲ့ကြကြောင်း ၎င်းက ပြောသည်။ ထို့အတူ ခရိုင်များ တိုးချဲ့မှုနှင့် ပတ်သက်၍ လာမည့်ရွေးကောက်ပွဲတွင် ကျင်းပမည့် PR စနစ်နှင့် သက်ဆိုင်ခြင်း ရှိ/မရှိကိုမူ အတိအကျ မသိရှိရသေးကြောင်း မန်းအောင်ပြည်စိုးက ပြောသည်။

ယင်းတွေ့ဆုံဆွေးနွေးမှုမှာ ရွေးကောက်ပွဲ ကျင်းပရာတွင် မဲဆန္ဒနယ် ခွဲဝေသတ်မှတ်မှု၊ မဲပေးနည်းများနှင့် ပတ်သက်၍ ဆွေးနွေး ခဲ့ကြောင်း၊ ထို့အတူ ရွေးကောက်ပွဲနှင့် ငြိမ်းချမ်းရေး ဆက်စပ်မှုများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Home


*******************
၂၇။ ဂွတွင် ကျင်းပခဲ့သည့် ANP ဗဟိုကော်မတီအစည်းအဝေး ယနေ့ပြီးဆုံး
17 May, 2022

ရခိုင်အမျိုးသားပါတီ(ANP) ဗဟိုကော်မတီအစည်းအဝေးကို မေလ ၁၂ ရက်နေ့မှ ၁၃ ရက်အထိ ဂွမြို့ရှိ ANP ပါတီရုံးတွင် ၂ ရက်ကြာ ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါအစည်းအဝေးတွင် ပါတီရေးရာကိစ္စများ၊ လက်ရှိ ANP ၏ မြို့နယ်အသီးသီး တွင်ဖြစ်ပေါ်နေသော အခြေအနေများနှင့် မြို့နယ်ပါတီအသီးသီးတို့၏ ရေးရာကိစ္စများကို ဆွေးနွေးခဲ့ကြကြောင်း ပါတီဗဟိုကော် မတီဝင်လည်းဖြစ်၊ မူဝါဒရေးရာဦးဆောင်ကော်မတီဝင်လည်းဖြစ်သည့် ဦးထွန်းအောင်ကျော်က ပြောသည်။

ဗဟိုကော်မတီအစည်းအဝေးဖြစ်သည့်အတွက် ဗဟိုကော်မတီဝင်များ အားလုံးကို ဖိတ်ခေါ်ခဲ့ကြောင်းလည်း သိရသည်။ ယခု အစည်းအဝေးဆုံးဖြတ်ချက် ရလဒ်များနှင့်ပတ်သက်၍ ပါတီဥက္ကဋ္ဌ ဦးသာထွန်းလှအား မေးမြန်းရန် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မရခဲ့ပါ။

ပြီးခဲ့သည့် မတ် ၆ ရက်နေ့၌ကျင်းပခဲ့သည့် ဗဟိုကော်မတီအစည်းအဝေးတွင် မူဝါဒေရးရာ ဦးဆောင်ကော်မတီများ၊ ဗဟိုအလုပ် အမှုဆောင်ကော်မတီဝင်များ၊ ဗဟိုကော်မတီဝင်များက ပါတီနှင့်ကင်းကွာနေကြသည့် ပုဂ္ဂိုလ်အချို့ကို ပါတီ တာဝန်အား ဆက်လက်ထမ်းဆောင်လိုစိတ် ရှိ၊ မရှိ မေးမြန်ကြရန် ဆုံးဖြတ်ခဲ့ကြသည်ဟု သိရသည်။ ယင်းသို့မေးမြန်းခဲ့သော်လည်း ပါတီနှင့် ကင်းကွာနေသူများက အကြောင်းပြန်ကြားမှုမရှိခဲ့ဟုလည်း သိရသည်။
https://burmese.narinjara.com/news/detail/6282eb588dfa1f53681b2158
****************
၂၈။ ဘူးသီးတောင်တွင် မူဆလင်ရွာသားနှစ်ဦးကို AA ကို သတင်းပို့သည့် သံသယဖြင့် စစ်တပ်က (၁၀) ရက်တိတိ ဖမ်းဆီး ထိန်းသိမ်းထားခဲ့ဟုဆို
17 May, 2022

စစ်ကောင်စီတပ်ဖွဲ့တစ်ခုက ရက္ခိုင့်တပ်တော်(AA) ဆက်စပ်သံသယဖြင့် ဘူးသီးတောင်မြို့နယ်၊ စိမ့်ညှင်းပြားကျေးရွာမှ မူဆလင် ၂ ဦးကို ဖမ်းဆီးပြီး ၁၀ ရက်အကြာမှ ပြန်လွှတ်ပေးလိုက်သည်ဟု ကာယကံရှင်များကပြောကြားသည်။ ၁၀ ရက်ကြာ ဖမ်းဆီး ခံခဲ့ရပြီးနောက် ပြန်လွတ်လာသူ နှစ်ဦးမှာ ဘူးသီးတောင်မြို့နယ်၊ စိမ့်ညှင်းပြား ကျေးရွာမှ ဦးရွှေမောင်နှင့် ဦးအီစမန်တို့ ဖြစ်ကြ သည်။

သူတို့နှစ်ဦးကို ဧပြီလ ၃၀ ရက်နေ့တွင် တပ်မတွင် ဖမ်းဆီးထိန်းသိမ်းထားခဲ့ပြီး တပ်ရင်း ၂၃၄သို့ ထပ်မံပြောင်းရွှေ့ကာ ၁၀ ရက် ကြာ စစ်ဆေးမေးမြန်းပြီးနောက် မေလ ၁၀ ရက်နေ့တွင် ပြန်လွှတ်ပေးခဲ့ကြောင်း စိမ့်ညှင်းပြား ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဆီးဒီး အာမောက်က နိရဉ္စရာသတင်းဌာန ကိုပြောသည်။

သူတို့အနေဖြင့် မည်သူ့ကို ဆက်သွယ် သတင်းပေးမှု မရှိကြောင်း ပြောဆိုပြီးနောက်ပိုင်း ပြန်လည်လွှတ်ပေးခဲ့သည်ဟု ၎င်းက ပြောကြားသည်။ မေလ ၁၂ ရက်နေ့ကလည်း စိမ့်ညှင်းပြားကျေးရွာမှ အာဆာနှင့် အဆက်အသွယ် ရှိသည်ဟု သံသယရှိသူ ၄ ဦးကို စစ်တပ်က ခေါ်ယူ သတိပေးမှုများရှိခဲ့သည်ဟု သတင်းရရှိသည်။
https://burmese.narinjara.com/news/detail/6282eaea8dfa1f53681b2154
****************
၂၉။ ကျောက်ဖြူရှိ ကျောက်တစ်လုံးမူဆလင်ကယ်ဆယ်ရေးစခန်းနေရာသစ် မိုးရွာသည်နှင့် ရေနစ်မြုပ်
17 May, 2022

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ရှိ ကျောက်တစ်လုံးတွင် မူဆလင် ဒုက္ခသည်များ အတွက် တည်ဆောက်နေသည့် ကယ်ဆယ်ရေး စခန်းသစ်မှာ မိုးစတင်ရွာသွန်း ပြီးနောက် ရေနစ်မြုပ်နေကြောင်း သိရသည်။ မေလ ၁၁ ရက်နေ့ကရွာသွန်းခဲ့သည့်မိုးကြောင့် ကျောက်တစ်လုံး မူဆလင် ကယ်ဆယ်ရေးစခန်းနေရာသစ်ဆောက်လုပ်နေသည့်နေရာတွင် ရေနစ်မြုပ်နေကြောင်း ကျောက်တစ် လုံးကျေးရွာဥက္ကဋ္ဌ ဦးမောင်နီက နိရဉ္စရာကိုပြောသည်။ စခန်းရေနစ်မြုပ်နေမှုကို မြို့နယ်အုပ်ချုပ်ရေးမှူးအား အကြောင်းကြား၍ ယမန်နေ့ မေလ ၁၂ ရက်နေ့က ဌာနဆိုင်ရာလူကြီးများ လာရောက် ကြည့်ရှုခဲ့ကြောင်း ၄င်းက ဆက်ပြောသည်။

ယခုကိစ္စနှင့်ပတ်သက်၍ ကျောက်ဖြူမြို့နယ်အုပ်ချုပ်ရေးမှူးကို ဆက်သွယ်ခဲ့ရာ ဆက်သွယ်၍ မရခဲ့ပါ။ ကျောက်တစ်လုံး ကယ်ဆယ်ရေးစခန်းသည် ၂၀၁၂ ခုနှစ်အရေးအခင်း အပြီးတွင် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ကျောက်ဖြူမြို့ ပိုက်ဆိပ်မှ မူဆလင်အများစုနေထိုင်နေသော ကယ်ဆယ်ရေးစခန်းတစ်ခုဖြစ်သည်။

ယင်းစခန်းတွင် လူဦးရေ ၁၅၃၂ ဦးရှိပြီး ကယ်ဆယ်ရေးစခန်းအဖြစ်မှ ဖျက်သိမ်းကာ စခန်းအနောက်ဘက်ရှိမြေတွင် အစိုးရက နေအိမ်များ ဆောက်လုပ်နေခြင်းဖြစ်သည်။ နေအိမ် ၃၆၈ လုံးဆောက်လုပ်နေခြင်းဖြစ်ပြီး ဆောက်လုပ်ပြီးစီးသည့် နေအိမ်အလုံး ၆၀ ၊ ပြီးစီးခါနီးနေအိမ် ၄၇ လုံးနှင့် ကျန်ရှိသည့်နေအိမ်များကို ဆောက်လုပ်နေဆဲဖြစ်ကြောင်း သိရသည်။ ဆောက်လုပ်နေဆဲ ဖြစ်သည့်အတွက် စခန်းနေရာသစ်သို့ ပြောင်းရွှေ့ရန် ကြာဦးမည်ဟု ကျောက်တစ်လုံးဥက္ကဋ္ဌက ပြောသည်။
https://burmese.narinjara.com/news/detail/6282eb988dfa1f53681b215a
*****************
၃၀။ မင်းပြားတွင် စစ်တပ်နှင့် AA တစ်ဖက်နှင့်တစ်ဖက် အနီးကပ်စောင့်ကြည့်မှုများ ရှိနေဟုဆို
13 May, 2022

ရခိုင်ပြည်နယ်၊ မင်းပြားမြို့တွင် ရက္ခိုင့်တပ်တော်(AA)နှင့် မြန်မာစစ်တပ်တို့ အကြားတွင် တစ်ဖက်နှင့် တစ်ဖက်အနီးကပ် စောင့်ကြည့်မှုများ ဖြစ်ပေါ် လျက်ရှိသည်ဟု မျက်မြင်ဒေသခံများက ပြောသည်။ ယနေ့ မေလ ၁၂ ရက်နေ့ နံနက်ပိုင်းက မင်းပြားပြည်သူ့ဆေးရုံနားဝန်းကျင်တွင် စစ်တပ်က လှုပ်ရှားမှုများရှိခဲ့ပြီး နေ့လယ်ပိုင်းကလည်း လူငယ်တချို့ကို စစ်ဆေးမှုများ ရှိခဲ့ကြောင်း မျက်မြင် ဒေသခံတစ်ဦးက ပြောသည်။ လက်ရှိတွင်မင်းပြားပြည်သူ့ဆေးရုံနားရှိ ချင်းကျောင်းတွင် ၃၇၉ တပ်ရင်းမှ စစ်သား ၃၀ ကျော်နှင့် ရဲတပ်ဖွဲ့ဝင်တချို့ တပ်ချလျက်ရှိကြောင်း သိရသည်။

လက်ရှိ အေအေဘက်ကလည်း မင်းပြားမြို့ကားကြီးကွင်းဘက်တွင် နေရာယူထားသည်ဟု သိရသည်။ မင်းပြားမြို့ရှိ အမျိုးသား ရေးလှုပ်ရှားသူများကို စစ်တပ်ဘက်မှ ဖမ်းဆီးစစ်ဆေးမည်ဟု သတင်းများပေါက်ကြားနေသည့်အတွက် လူတချို့ တိမ်းရှောင်နေ ရသည်ဟု သိရသည်။ ရခိုင်မှ မြို့နယ်တချို့တွင် စစ်တပ်ဘက်က စစ်ဆေးရေးတင်းကျပ်မှု၊ စစ်ရေးလှုပ်ရှားမှုများနှင့် အတူ ကျေးရွာများကို ဝင်ရောက်စစ်ဆေးမှုများလည်း ရှိနေသည်။

ရက္ခိုင့်တပ်တော် (AA) တပ်မှူးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကလည်း ရခိုင်တွင် စစ်တပ်က စစ်ရေးလှုပ်ရှားမှုများအပြင် ကျေးရွာ များကို ဝင်ရောက်စစ်ဆေးခြင်း၊ ဖမ်းဆီးခြင်းများရှိနေ၍ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးထင်လတ်ဦးကို သတိပေးစကား ပြောဆိုထားသည်။ https://burmese.narinjara.com/news/detail/627dbdd88dfa1f53681b214a
*******************
၃၁။ ဖယ်ခုံမြို့နယ် ကျေးရွာတချို့ ဖုန်းလိုင်းပိတ်ခံရ
May 16, 2022
သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်အတွင်းရှိ ကျေးရွာတစ်ချို့ ဖုန်းလိုင်းများ ပိတ်ထားခံရကြောင်း စုံစမ်းသိရှိရသည်။ ဖယ်ခုံမြို့ တွင် စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့ တိုက်ပွဲပြင်းထန်ပြီးနောက် ယခုလ ၁၃ ရက်နေ့မှ စပြီး အင်တာနက် နှင့် ဖုန်းလိုင်းများ ပိတ်ခံထားရကြောင်း ဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့် ပြောသည်။

ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)တို့ မေလ ၁၂ ရက်မှ စပြီး တိုက်ပွဲပြင်းထန်ကာ မေ (၁၅) ရက်တွင် စစ်ကောင်စီဘက်မှ တိုက်လေယာဥ်ဖြင့် ထိုးစစ်ဆင်ခဲ့ကြောင်းသိရသည်။
https://burmese.shannews.org/archives/28158
*******************
၃၂။ ကွတ်ခိုင်မြို့နယ် ပန်လော့စစ်ရှောင် (၁၂) ဦး MNDAA စစ်သားလုပ်ရန်ဖမ်းဆီးသွား
May 16, 2022

သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ပန်လော့ကျေးရွာရှိ စစ်ရှောင် (၁၂) ဦးကို ကိုးကန့်တပ်မတော် (MNDAA) က စစ်သား လုပ်ရန်အတွက် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ (မေလ ၁၅) ရက် ည ၉ နာရီခွဲဝန်းကျင်တွင် MNDAA စစ်သားများသည် ကွတ်ခိုင်မြို့နယ် ပန်လော့ စစ်ရှောင်စခန်းသို့ ရောက်ရှိလာပြီး စစ်ရှောင် အမျိုးသား (၁၂) ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ည ၁၁ နာရီဝန်းကျင်တွင် ( ၇) ဦးကို ပြန်လွှတ်ပေးခဲ့ကြောင်း ပန်လော့စစ်ရှောင်စခန်းတွင် နေထိုင် သည့် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ ပြန်လွှတ်ပေးသည့် (၇) ဦးထဲတွင် အသက်ကြီးသည့် အမျိုးသားတစ်ဦးအား ၎င်း၏ သားကို ၅ ရက်အတွင်း လာပို့ပေးရန်၊ မပို့ပေးနိုင်ပါက သတ်ပစ်မည်ဟု ခြိမ်းခြောက်ပြောဆိုသွားသေးကြောင်းသိရသည်။ အဆိုပါ MNDAA မှ စစ်ရှောင်များကို စစ်သား လုပ်ရန် ဖမ်းဆီးခေါ်ဆောင်သွားသည့်အပေါ်တွင် ကျန်ရှိနေသည့် စစ်ရှောင်များက စိုးရိမ်စိတ်ဖြင့် နေထိုင်ကြရပြီး ဖမ်းသွားသည့် သူများကို ပြန်လွှတ်ပေးရန်အတွက် တောင်းဆိုနေကြသည်။

ထိုအပြင် ဖမ်းဆီးခေါ်ဆောင်သွားသည့် စစ်ရှောင်များကိုလည်း ဖုန်းခဏသာပြောခွင့်ပေးပြီး မိဘများ၏ သဘောတူညီချက် မရ သော်လည်း စစ်သားအဓ္ဓမပြုလုပ်ခိုင်းကြောင်းသိရသည်။ ပန်လော့စစ်ရှောင်စခန်းသည် လီဆူတိုင်းရင်းသား စစ်ရှောင်များ နေထိုင်သည့် စစ်ရှောင်စခန်း တစ်ခုဖြစ်ကြောင်းသိရသည်။ https://burmese.shannews.org/archives/28153
******************
၃၃။ ဖယ်ခုံမြို့နယ် တိုက်ပွဲ PDF တစ်ဦးကျဆုံး စစ်ကောင်စီ အများအပြားသေဆုံး
May 16, 2022

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်အတွင်းတွင် ယမန်နေ့ (မေလ ၁၅) ရက် တိုက်ပွဲကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ဘက်က တစ်ဦး ကျဆုံးခဲ့ပြီး စစ်ကောင်စီဘက်မှ အများအပြားသေဆုံးခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ ဖယ်ခုံမြို့နယ် အရှေ့ဘက်ကမ်းတွင် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၁၀ ဦးထက် မနည်း သေဆုံးမှုရှိကြောင်းသိရသည်။

အလားတူ ယနေ့ (မေလ ၁၆ )ရက်တွင်လည်း စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က စစ်ရေးတင်းမာ နေလျက်ရှိပြီး စစ်ကောင်စီဘက်မှ ပြည်သူ့ကာကွယ်ရေးတပ်စခန်းရှိရာနေရာသို့ တပ်စွဲလာနေကြောင်းသိရသည်။

ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီဘက်မှ ယမန်နေ့ (မေ ၁၅)ရက် လေယာဉ်ဖြင့် ထိုးစစ်ဆင်လာကြောင်း သိရသည်။ စစ်ကောင်စီ သည် ဖယ်ခုံမြို့နယ် ညောင်ရွှေမြို့နယ်အစပ် ဖယ်ခုံအပိုင် ဆောင်နန်းခဲကျေးရွာ တောင်ကြောပေါ်အထိ စစ်အင်အားအများ အပြားဖြင့် ထိုးစစ်ဆင်လာခဲ့ကြောင်းသိရသည်။ https://burmese.shannews.org/archives/28149
*******************
၃၄။ စစ်ရှောင်ပြည်သူများကို PNA နှင့် စစ်ကောင်စီ က တားမြစ်ပိတ်ပင်
May 15, 2022

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံဘက်မှ စစ်ရှောင်ပြည်သူများကို စစ်ဆေးရေးဂိတ်စောင့် PNA နှင့် စစ်ကောင်စီ တပ်သားများက စစ်ရှောင်ခွင့် မပေးဘဲ တားမြစ်ပိတ်ပင်နေကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် လွယ်လုံကျေးရွာရှိ လွယ်တုံတောင်ခြေအနီး စစ်ဆေးရေးဂိတ်မှ စစ်ကောင်စီ စစ်သားနှင့် PNA တပ်သားများသည် စစ်ရှောင်ပြည်သူများကို တားမြစ် ခြင်းဖြစ်ကြောင်း သတင်း သိရသည်။

စစ်ကောင်စီနှင့် ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေသည့် ဖယ်ခုံမြို့နယ် နှင့် ညောင်ရွှေမြို့ နယ်တို့မှ ပြည်သူဦးရေ ၁၀၀ ကျော်သည် ဘေးလွတ်ရာသို့ စစ်ဘေးရှောင်သွားလိုသော်လည်း စစ်ကောင်စီ တပ်သားနှင့် PNA တပ်သားတို့ တားမြစ်ပိတ်ပင်သည့်အတွက် နောက်ကြောင်းပြန်လှည့်လာရကြောင်း သိရသည်။ အဆိုပါ လွယ်တုံတောင်ခြေမှ စစ်ဆေးရေး ဂိတ်စောင့်စစ်သားများသည် စစ်ရှောင်သည့် ပြည်သူများကို နောက်ကြောင်း ပြန်လှည့်ခိုင်းသည့် အပြင် ပိုက်ဆံတောင်းယူမှုများ ရှိနေကြောင်း ကြုံတွေ့ရသည့် စစ်ရှောင်အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

ပြီးခဲ့သည့် (မေ ၁၂)ရက် နံနက် အစောပိုင်းမှစတင်ကာ တိုက်ပွဲများ ပြန်လည်ပြင်းထန်လာသည့် ဖယ်ခုံမြို့နယ်အတွင်းတွင် စစ်ကောင်စီတပ်ဖွဲ့တို့မှ တိုက်လေယာဥ်ဖြင့် ဗုံးများပစ်ချနေသည့်အပြင် လက်နက်ကြီး လက်နက်ငယ်များဖြင့်လည်း ပစ်ခတ်နေ သည့်အတွက် ရာနှင့်ချီသော ဒေသခံများ ထွက်ပြေးနေရကြောင်း စုံစမ်းသိရသည်။
https://burmese.shannews.org/archives/28142
*****************
၃၅။ မုံးကိုးမြို့ပေါ် ကြံတင်ကားသမားများထံ ငွေကြေး အဆမတန် ကောက်ခံနေ
May 16, 2022

သျှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် မုံးကိုးမြို့နယ်မှ ကြံတင်ကားသမားများထံ ဒေသခံပြည်သူ့စစ်နှင့် စစ်ကောင်စီတပ်ဖွဲ့က ငွေကြေး အဆမတန် ကောက်ယူနေကြောင်း စုံစမ်းသိရသည်။ မုံးကိုးမြို့ ၀င်ဂိတ်ကို ကျော်ဖို့အတွက် တစ်စီးလျှင် တရုတ်ယွမ် ၃၀၀ (မြန်မာပေါက်ငွေ ၈၁၆၃၀ ကျပ်)ပေးဆောင်ရကာ တချို့ကားသမားများက မပေးဆောင်နိုင်သဖြင့် လမ်းခရီးကြန့်ကြာမှုများ ရှိနေကြောင်း အမည်မဖော်လိုသည့် ကားသမားတစ်ဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးမှ ဦးစီးပြီး ဖွင့်ထားသည့် မုံးကိုးမြို့အဝင်နားရှိ စစ်ဆေးရေးဂိတ်တွင်လည်း ကားသမားများ ကိုဗစ် စစ်ဆေးခ တစ်ဦးလျှင် ယွမ်ငွေ ၅၀ (မြန်မာငွေ ၁၅၀၀၀ ကျပ်) ပေးရသည့်အပြင် ကားသမားဝတ်ဆင်ရန် PPE ဝတ်စုံများလည်း ၎င်းတို့ထံမှ ဝယ်ယူရကြောင်း ကိုယ်တိုင်ကြုံတွေ့ရသည့် အထက်ပါ ကားသမားက ဆက်လက်ပြောသည်။ ထိုစစ်ဆေးမှုနှင့် အခွန်တောင်းခံမှုများ တင်းကြပ်သည့်အပြင် ကားသမားတချို့က ၁၀ ရက်ကျော်အထိ တန်းစီစောင့်ဆိုင်းရသည့် အတွက် ကြံများအနံ့ထွက်ကာ တစ်စီးလုံးသွန်ပစ်လိုက်ရသည့် ကြံကားများလည်း ရှိကြောင်း သတင်းသိရသည်။ နမ့်ဖတ်ကာနှင့် ၁၀၅ မိုင်မှ ကြံစိုက်တောင်သူများသည် မုံးကိုးဘက်သို့သာ ကြံများကို ရောင်းချနိုင်သဖြင့် မြို့ထဲ ဝင်ရောက်နိုင်ရန်အတွက် ကြံတင်ကားသမားများက ရက်အတော်ကြာ တန်းစီစောင့်ဆိုင်းနေရကြောင်း အမည်မဖော်လို ကားသမားတစ်ဦးက သျှမ်း သံတော်ဆင့်ကိုပြောသည်။

မုံးကိုးမြို့မှ တဆင့် တရုတ်ပြည်သို့ ပို့ဆောင်မည့် ကြံများသည် မူဆယ်၊ နမ့်ခမ်း၊ မုံးပေါ်၊ ၁၀၅ မိုင်နှင့် မော်တောင်းဘက်မှ စိုက်ပျိုးသည့် ကြံများဖြစ်ကြောင်းသိရသည်။ အဆိုပါ လမ်းပိုင်းတစ်လျှောက်တွင် စစ်ကောင်စီတပ် အပြင် ကချင်လွတ်မြောက် ရေးတပ်မတော် (KIA) ၊ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ၊ ကိုးကန့်တပ်မတော် (MNDAA) ၊ သျှမ်းပြည်တိုးတက်ရေးပါတီ၊ သျှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် ဌာနေပြည်သူ့စစ်များ လှုပ်ရှားရာ နယ်မြေဖြစ်သည့် အပြင် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလေ့ရှိသည့် နယ်မြေလည်း ဖြစ်သည်။
https://burmese.shannews.org/archives/28144
******************
မှတ်ချက်။ သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။

** ပြီး **