• Today is: Thursday, April 25, 2024

ချင်းပြည် ဖက်ဒရယ်ကျန်းမာရေးစနစ် ဖော်ဆောင်နိုင်ဖို့ ICNCC နှင့် NUG ကျန်းမာရေးဝန်ကြီးဌာန ဆွေးနွေး

ဖက်ဒရယ်ဂျာနယ်၊ ဇွန် ၂

ဖက်ဒရယ်ကျန်းမာရေးစနစ် ဖော်ဆောင်နိုင်ဖို့ ICNCC နှင့် NUG ကျန်းမာရေးဝန်ကြီးဌာနတို့ကြား တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ICNCC ဘက်က သတင်းထုတ်ပြန်ထားပါတယ်။
ယင်းတွေ့ဆုံမှုတွင် ချင်းပြည်အတွင်းရှိ ကြားကာလမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များမှ ကျန်းမာရေး ဆိုင်ရာ ကိုယ်စားလှယ်များပါဝင်ကြပြီး NUG ကျန်းမာရေးဝန်ကြီးဌာနမှ ဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ ဒုဝန်ကြီးဒေါက်တာဒေါ်ရွှေပုံ တို့ ဦးဆောင်သည့်အဖွဲ့များက ပါဝင်ခဲ့တယ်လို့လည်း သိရပါတယ်။
တွေ့ဆုံမှုအတွင်း ကြားကာလ ချင်းပြည်အတွင်း ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်နိုင်ရေး၊ ကျန်းမာရေး လုပ်သားများအား လေ့ကျင့် သင်ကြားရေးနှင့် ဆေးဝါးပစ္စည်းများ ထောက်ပံ့ကူညီရေး ကိစ္စရပ်များနှင့် ပတ်သက်၍ နှစ်ဘက် ပူးပေါင်းဆောင်ရွက်နိုင်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေး ညှိနှိုင်းခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေး ဝန်ကြီး ဌာနတို့သည် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် ပြဌာန်းချက်များနှင့်အညီ ကြားကာလ ချင်းပြည်၏ ဖက်ဒရယ် ကျန်းမာရေးစနစ် ချမှတ်ဖော်ဆောင်နိုင်ရေးအတွက် ချင်းပြည်အတွင်းရှိ ကျန်းမာရေးဆိုင်ရာအဖွဲ့ အစည်းများ ပါဝင်လျှက် ဆွေးနွေးညှိနှိုင်းမှုများဆက်လက် ပြုလုပ်သွားမည် ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။