• Today is: Thursday, March 28, 2024

စစ်ကောင်စီ ယန္တရားများ အသက်သွင်းသူများကို CDF Matupi အရေးယူမယ်လို့ဆို

ဖက်ဒရယ်ဂျာနယ်၊ ဇွန် ၇

 

စစ်ကောင်စီ ယန္တရားများ အသက်သွင်းဖို့ ကြိုးပမ်းသူများကို CDF Matupi အရေးယူမယ်လို့ဆိုပါတယ်။ စစ်ကောင်စီက ဖွင့်လှစ်မယ့် ကျောင်းများနှင့် အုပ်ချုပ်ရေး ယန္တရားများ မလည်ပတ်နိုင်ဖို့ သူတို့လိုလား ကြသာပါ။

 

“အကြမ်းဖက်စစ်ကောင်စီ၏ စစ်ကျွန်ပညာရေးနှင့် စစ်အုပ်ချုပ်ရေး ယန္တရားအား အသက်သွင်းရန် ကြိုးပမ်းမှုတွင် ပါဝင်ပတ်သက် ဆောင်ရွက်နေသော ဌာနဆိုင်ရာ Non-CDMers များနှင့် အားပေးအား မြောက်ပြုသော မိဘပြည်သူများကို မိမိတို Chinland Defense Force- Matutpi အနေဖြင့် ပြင်းပြင်းထန်ထန် အရေးယူတော့မည် ဖြစ်ကြောင်း” ဆိုပါတယ်။

 

စစ်ကောင်စီ၏ ဌာနဆိုင်ရာ ယန္တရားများ လည်ပတ်နိုင်အောင် မပြုလုပ်ဖို့နှင့် စစ်ကောင်စီက ပြန်လည် ဖွင့်လစ်ဖို့ ပြင်ဆင်နေသည့် ကျောင်းပညာရေးနှင့်ပတ်သက်ပြီး တက်ရောက်ခြင်း မပြုလုပ်ဖို့ ကျောင်းသား မိဘများအပေါ် Chinland Joint Defense Committee (CJDC) ကလည်း တိုက်တွန်း ပြောဆိုထားပါတယ်။

 

စစ်ကောင်စီ၏ ဌာနဆိုင်ရာ ယန္တရားလည်ပတ်နိုင်အောင် အသက်သွင်းခြင်း မပြုလုပ်ဖို့လည်း ချင်းပြည် ပူးပေါင်းကာကွယ် ရေးအဖွဲ့တွေက လိုလားကြပါတယ်။

 

“ကျနော်တို့ မြန်မာပြည်မှာ ကျောင်း ဆရာ/မ လေးသိန်းလောက်ရှိတာပေါ့နော။ အဲ့ဒီ လေးသိန်းထဲမှာ CDM လုပ်တဲ့ သူက တစ်သိန်းနှစ်သောင်းလောက်ရှိမယ်။ တချို့ကတော့ CDM လုပ်ရင်းနဲ့ အကြောင်းမျိုးမျိုးကြောင့် Non-CDM ပြန်ဖြစ်တဲ့သူလည်းရှိတယ်။ အများအားဖြင့် ကျနော်တို့ ကြည့်မယ်ဆိုရင်လည်း သူတို့မှာ စီးပွားရေးအရ သော်လည်းကောင်း အခက်အခဲတွေကြောင့် ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့လည်း ကျနော်တို့ ထုတ်ပြန်ချက်အပေါ်မှာ ကလန်ကဆန်လုပ်တဲ့သူတွေရှိခဲ့တယ်ဆိုရင် ချင်းပြည်သူတွေရဲ့ ဘုံရန်သူအဖြစ် သတ်မှတ် ပြီးတော့ ကျနော်တို့ အရေးယူမှာပါ။ အရေးယူမယ်လို့ပြောတဲ့ဟာမှာ အဆင့်ဆင့်ပြီးတော့ အရေးယူမှုဆောင်ရွက်မယ်လို့ပဲ ပြောလိုပါတယ်” ဟု CJDC ရဲ့ အတွင်းရေးမှူး Timmy က ပြောပါတယ်။

Chinland Defense Force- Matutpi သည် Chinland Joint Defense Committee (CJDC) ချင်းပြည် ပူးပေါင်း ကာကွယ်ရေးဆိုင်ရာ အဖွဲ့ဝင်ဖြစ်သည်။