• Today is: Thursday, March 28, 2024

လက်ရှိအခြေနေ သည် ရခိုင်ပြည်နယ်အတွင်း စစ်ရေးအချိန်မရွေးဖြစ်လာနိုင်ကြောင်း ပြည်သူလူထုကို ULA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခ အသိပေး

ဖက်ဒရယ်ဂျာနယ် ဇွန် – ၁၄

ရခိုင်ပြည်အတွင်း လက်ရှိအခြေအနေသည် စစ်ကောင်စီ၏ စစ်ရေးလှုပ်ရှားမှုများကြောင့် စစ်ပွဲအချိန်မရွေး ဖြစ်လာနိုင်ကြောင်း UNA/AA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခ မှ တတိယအကြိမ်မြောက် သတင်းစာရှင်းလင်းပွဲ ယနေ့တွင် ပြည်သူလူထုကို အသိပေးခဲ့သည်။

စစ်ကောင်စီကနေပြီး ရခိုင်ပြည်အတွင်းမှာ စစ်ရေးလှုပ်ရှာမှုများ အရင်ကထက် ခပ်ဆိပ်ဆိပ်လုပ်နေသလို ULA/AA ရဲ့ တရားရေးလုပ်ငန်းများကို နည်းလမ်းမျိုးစုံဖြင့် နှောက်ယှက်နေမှုများရှိပြီး၊ ULA/AA အဖွဲ့ဝင်များကို ဖမ်းဆီးရန် ကြိုးစားမှုများရှိကြောင်းသိရသည်။ ထိုသို့ ရန်လိုမှုများကို ULA/AA အနေနဲ့ ပြည်သူ့အကျိုးကို ရှေးရှုပြီး ထိန်းသိမ်းတဲ့အနေနှင့် ဆက်သွယ်ဆွေးနွေးမှုများပြုလုပ်ခဲ့ပေမယ့် ဆွေးနွေးမှုအဆင်မပြေပါက ဒီထက်ပိုပြီး အခြေနေဆိုးသွားလာနိုင်ကြောင်း ဦးခိုင်သုခ က ပြောသည်။

ULA/AA အနေနဲ့ ပြည်သူ့လုံခြုံရေးကို အပြည့်အဝရရှိအောင် ကြိုးစားနေပြီး ဝန်ထမ်းအချို့၏ အာဏာအလွဲသုံးစွဲမှုကိုလည်း သေခြာစုံစမ်းပြီး ထောင်ဒဏ်ချမှတ်နိုင်အောင် ဆေင်ရွက်နေကြောင်း သိရသည်။ “ပြည်သူတွေအနေနဲ့ ဗမာစစ်တပ်နဲ့ သက်နိုင်သမျှ မပတ်သက်ဘဲနေပြီး စစ်ကောင်စီနဲ့ ပူးပေါင်းတဲ့ ရခိုင်လူမျိုးတွေကိုလည်း အခြေနေစောင့်ကြည့်နေပြီး အထူးသတိပေးခဲ့ပါတယ်ဟု” ဦးခိုင်သုခ  က ယနေ့ သတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်းပြောဆိုခဲ့သည်။

အာဏာရှင်အဆက်ဆက်၏ ရခိုင်လူမျိုးစုတွေကြားမှာ သွေးခွဲအုပ်ချုပ်မှုများကို ပြန်လည်စည်းလုံးညီရေးရရှိအောင် လက်ရှိ ULA/AA ကနေပြီး ကြိုးစားဆောင်ရွက်နေတဲ့အတွက် ရခိုင်ပြည်တွင်းနေထိုင်တဲ့ လူမျိုးစုတိုင်း စည်းလုံးညီညွတ်စွာပူးပေါင်းပါဝင်ပေးစေလိုသည်ဟု ဦးခိုင်သုခ က ထည့်သွင်းပြောဆိုခဲ့သည်။

#ဖက်ဒရယ်ဂျာနယ်

#ဦးခိုင်သုခ #ULA/AA