• Today is: Sunday, June 26, 2022

နေ့စဉ်သတင်းအကျဉ်း

ဇွန် – ၁၅ – ၂၀၂၂ ခုနှစ်

 

 

 

  • စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားနေသည့် ပြည်သူများကို အာဏာသိမ်းစစ်ကောင်စီတပ်မှ အကြမ်းဖက် ပစ်သတ်မှုကြောင့် ယနေ့ ဇွန်လ (၁၅)ရက်နေ့အထိ အသက်သေးဆုံးခဲ့ရသည့် ပြည်သူပေါင်း (၁၉၅၄)ဦး အထိ ရှိခဲ့ကြောင်းသိရသည်။ ထို့အပြင် မတရားဖမ်းဆီးခံရသူ (၁၄၁၂၂)ဦး အထိရှိခဲ့ပြီး လက်ရှိအချိန်ထိ ထိန်းသိမ်းခံရဆဲမှာ ( ၁၁၀၆၅)ဦးထိရှိနေသေးကြေင်း AAPP မှ ထုတ်ပြန်ထားသည်။

 

  • စစ်ကောင်စီနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ဒုတိယ ဥက္ကဋ္ဌ(၁) ခွန်ထွန်းတင်ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ဇွန်လ (၁၅)ရက် မွန်းလွဲပိုင်းတွင် နေပြည်တော်သို့ ရောက်ရှိလာခဲ့ကြောင်း သိရှိရသည်။ PNLO သည် ငြိမ်းချမ်းရေးဆွေနွေးရန် နေပြည်တော် သို့ ရောက်လာသည့် ခုနစ်ဖွဲ့မြောက်အဖွဲ့ဖြစ်သည်။ RCSS/SSA၊ NMSP၊ KNU/KNLA-PC၊ UWSP၊ NDAA နဲ့ ALP အဖွဲ့များကလည်း စစ်ကောင်စီ ဥက္ကဋ္ဌနှင့် နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ ပြီးဖြစ်ပါသည်။

 

  • ဝောာင်ကြီးမြို့ပေါ်၌ ပညာသင်ကြားနေသော ဆရာ/ဆရာမများ အနေဖြင့် မိမိတို့၏ လုပ်ရပ်များအား ပြန်လည် သုံးသပ်၍ ဆရာ ပီသသော ဆရာ/ဆရာမများအဖြစ်သို့ ပြန်လည် ရောက်ရှိစေလိုကြောင်း တောင်ကြီးမြို့ ပြောက်ကျားတပ်ဖွဲ့ (TGF) က ယ‌နေ့ ဇွန်လ ၁၅ ရက်တွင် သတိပေး ထုတ်ပြန်ခဲ့သည်။ စာသင်ကျောင်း အချို့ရှိ ကျောင်းအုပ်/ဒုကျောင်းအုပ်များသည် ကျောင်းသားများ၊ ကျောင်းသားမိဘများ၊ CDM ဆရာ/ဆရာမများအား ခြိမ်းခြောက်ခြင်းများ ရှိနေကြောင်းနှင့် အထူးသဖြင့် ကျောင်းသားများအား မိမိတို့၏ အဆောင်တွင် မတက်ရောက်ပါက အတန်း မတင်ပေးခြင်း၊ ငွေကြေး မတတ်နိုင်သည့် ကျောင်သားမိဘများအား ခြိမ်းခြောက် ငွေတောင်းခံခြင်းများကို ကြားသိရသဖြင့် TGF က ယင်းကဲ့သို့ အသိပေးရခြင်း ဖြစ်ကြောင်း သိရသည်။

 

  • စစ်ကောင်စီ လက်အောက်ခံရခိုင်ပြည်နယ် အစိုးရသည် ရခိုင်ပြည်သူများအပေါ် အနိုင်ကျင့် ဗိုလ်ကျမှုများ ရှိနေသည့်အတွက် လိုအပ်လျှင် ကိုင်တွယ်ရမည်ဖြစ်ကြောင်း ရက္ခိုင့်တပ်တော် AA က ပြောဆိုလိုက်သည်။ ယမန်နေ့ ဇွန် ၁၄ ရက်နေ့က ပြုလုပ်သည့် ULA/AA ဦးဆောင်သည့် ရက္ခိုင်ပြည်သူ့အစိုးရ၏ တတိယ အကြိမ်မြောက် သတင်းစာရှင်းလင်းပွဲ၌ ULA/AA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခမှ ယခုကဲ့သို့ ပြောဆိုခဲ့ ခြင်းဖြစ်သည်။ ရခိုင်ပြည်နယ်အစိုးရသည် ရခိုင်ပြည်သူများကို အနိုင်ကျင့်ဗိုလ်ကျမှုနှင့် ပြည်သူ့ဘဏ္ဍာ ငွေများကို အလွဲသုံးစားမှု အကျင့်ပျက် ခြစားမှုများ ထူပေါနေသည်ကိုတွေ့ရကြောင်း ဦးခိုင်သုခ ကပြော ဆိုသည်။

 

  • ကချင်ပြည်နယ် မြစ်ကြီးနားမြို့ပေါ် မန်ခိန်ရပ်ကွက်ရှိ အထက်တန်း ကျောင်းဆောင်တစ်ခု ယနေ့နံနက် ပိုင်း ၂နာရီဝန်းကျင်ခန့်တွင် မီးရိူ့ဖျက်ဆီးခံခဲ့ရကြောင်း သိရသည်။ “မီးစလောင်တာက ညသန်ခေါင် ၂ နာရီ ခွဲလောက်မှာစလောင်တာ။ ၃ နာရီ လောက်မှာမီးသတ်အဖွဲ့တွေရောက်လာတော့ ပြန်ငြိမ်းသွားတယ်။ အခုမီးလောင်သွားတဲ့ကျောင်းဆောင်က အပေါ်တစ်ထပ်လုံးက ဘာမှမတွေ့ရတော့ဘူး။ အောက်ပိုင်း နည်းနည်းဘဲ ကျန်တယ်”ဟု မျက်မြင်သက်သေ မန်ခိန် ပြည်သူတစ်ဦးက ပြောဆိုတဲ့အကြောင်း KNG သတင်းဌာနတွင် ဖော်ပြထားသည်။ မန်ခိန်အထက်တန်းကျောင်း မီးရိူ့ခံရမှုနှင့်ပတ်သက်ပြီး မည်သည့် အဖွဲ့အစည်းက လုပ်ဆောင်သွားသည်ကို အသေးစိတ်မသိရသေးသော်လည်း ကချင်ပြည်နယ် မီးသတ်ဦး စီးဌာအဖွဲ့မှ မသမာသူအဖွဲ့အစည်းတစ်ခု၏ လက်ချက်သာဖြစ်ကြောင်း လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ရေးသားဖော်ပြထားသည်။

 

  • တနင်္သာရီတိုင်း ထားဝယ်ခရိုင်၊ရေဖြူမြို့နယ်၊ဧကနိရွာတွင် ကိုမျိုးကိုနှင့် ကိုရန် ပိုင်စိုး တို့ ၂ ဦးကို စစ်တပ် လက်အောက်ခံ စွန်ရဲနှင့်သွေးသောက်အဖွဲ့က ဖမ်းဆီး သတ်ဖြတ်လိုက်ပြီး NLD ထောက်ခံသူ ဦးကြည်ငွေ နေအိမ်ကို ဗုံးခွဲ ဖျက်ဆီးလိုက်ကြောင်း သိရှိရသည်။  ဇွန်လ ၁၅ ရက်၊နံနက် ၄ နာရီဝန်းကျင်ခန့်မှ ကိုမျိုးကို၊ ကိုရန်ပိုင်စိုး တို့နှစ်ဦးကို နေအိမ်၌ ပျူစောထီးအဖွဲ့များကဝင်ရောက်ဖမ်းဆီးခဲ့ပြီး ဝက်ချောင်းရွာတံတား အနီးတွင် သတ်ဖြတ် အလောင်းစွန့်ပစ်သွားခဲ့ကြောင်း ဒေသခံတစ်ဦးက ပြော ဆိုသည်။

 

  • ရှမ်း-ကရင်နီအစပ်၊ ဖယ်ခုံမြု့နယ်နှင့် ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်အတွင်း တိုက်ပွဲများတွင် မေလ ၂၀ ရက်မှ ဇွန်လ ၁၅ ရက်နေ့အထိ ၁ လနီးပါးအတွင်း အကြမ်းဖက်စစ်သား ၃၅ ဦးကို စနိုက်ပါဖြင့် ပစ်ခတ် ရှင်းလင်းနိုင်ခဲ့ကြောင်း အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။ မေလ ၂၀ ရက်နေ့တွင် ဖယ်ခုံမြို့၊ မိုးဗြဲအင်းအရှေ့ဘက်ကမ်း၊ လွယ်ပေါစေတီ တောင်ပေါ်တွင် တပ်စွဲထားသော အကြမ်းဖက် စခန်းကို စနိုက်ပါဖြင့် ပစ်ခတ်ရာ ၆ ဦးသေဆုံးကြောင်း၊ ဆီးမီးလေ့ကျေးရွာရှိ စစ်ကောင်စီ ကင်းစခန်းကို ပစ်ခတ်ရာ ၃ ဦး သေဆုံးခဲ့ကြောင်း၊ မေလ ၂၁ ရက်တွင် ဆီးမီးလော့ရှိ စစ်ကောင်စီစခန်းကို စနိုက်ပါဖြင့် ထပ်မံပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၄ ဦးသေဆုံးကြောင်း မေလ ၂၂ ရက်နေ့တွင် လွယ်ပေါ တောင်ခြေရှိ စစ်ကောင်စီစခန်းကို ပစ်ခတ်ရာ ၁ ဦးသေဆုံးကြောင်း အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေး အဖွဲ့က ဆိုသည်။

 

  • ဥရုချောင်း ရေကြီးရေလျှံမှုကြောင့် ဖားကန့်မြို့တွင် ဒေသခံပြည်သူနှစ်ထောင်ခန့် စားဝတ်နေရေးအတွက် အကူအညီလိုအပ်နေကြောင်း သိရသည်။ ရေအနည်းငယ်သာ ဝင်ရောက်သော နေအိမ်များရှိသော်လည်း မိုးဆက်လက်ရွာသွန်းနေပြီး ချောင်းရေထပ်မံမြင့်တက်လာသောကြောင့် အကူအညီများလိုအပ်နေဆဲဖြစ် သည်ဟု ကွန်းဖောင်ဒေးရှင်းမှ တာဝန်ရှိသူ တစ်ဦးက The 74 Media ကိုပြောဆိုထားကြောင်းသိရသည်။ “ရေကကျလိုက် တက်လိုက်ဆိုတော့လေ တစ်ချိုရေအရမ်းမဝင်တဲ့ အိမ်တွေကျတော့ ရေနည်းနည်းကျ သွားတဲ့ခါ ပြန်နေကြတာကိုတွေ့ရတယ်။ အကူညီကတော့ပြောမှာ မဟုတ်တော့ဘူး တတ်နိုင်တဲ့ဘက် ကနေ ဝိုင်းဝန်း ကူညီပေးကြပါလိုပဲ ပြောချင်ပါတယ်” ဟုသူကပြောသည်။

 

  • ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်းရှိ ကျောင်းသားလူငယ်များစုပေါင်းကာ ကျေးရွာတရွာတွင် ယနေ့ ဇွန်လ ၁၅ ရက်၊ ညနေပိုင်းက စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်ခဲ့ကြသည်။

 

  • ကလေးမြို့ သပိတ် အင်အားစုများ ဦးဆောင်ကာ ယနေ့ ဇွန်လ ၁၅ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ရန်ကုန်မြို့မှာ Revolution Force (RF)၊ Youths Union နဲ့ တော်လှန်ရေး အင်အားစုတွေစုပေါင်းပြီး ဒီကနေ့ (ဇွန်လ ၁၅ ရက်)မနက်ပိုင်းက “သေဒဏ်ပေးလျှင် မုချလက်တုံ့ပြန်မည်” စာတန်းချိတ်ဆွဲပြီး အာဏာသိမ်းစစ်ကောင်စီနဲ့ စစ်အုပ်စုမိသားစုဝင်တွေကို သတိပေးတဲ့ လှုပ်ရှားမှုတစ်ခု လုပ်ဆောင်ခဲ့ ကြပါတယ်။

 

  • မန္တလေးမြို့တွင် ယနေ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ဖမ်းဆီးပိတ်ဆို့ စစ်ဆေးမှုတွေ ပြုလုပ်နေ သော်လည်း “အောင်ပွဲဆိုတာ တိုက်ရဲသူတွေအတွက်ဖြစ်တယ်” စာသားပါဘန်နာ ကိုင်ဆောင်ကာ မန္တလေးမြို့၏ လူစည်ကားရာ ညနေစျေးတစ်ခုတွင် “ဝိဉာဥ်ချင်းယှဥ်ရိုက်ခွဲတဲ့ပွဲ နှောင်ကြိုးမှတစ်ပါးဆုံးရှုံး စရာမရှိ” စသော အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံများနှင့်အတူ မန္တလေးသပိတ်အင်အားစုမှ ပြည်သူလူထုအားတိုက်တွန်းနှိုးဆော်ခဲ့ကြပါသည်။

 

  • မန္တလေး သံဃသမဂ္ဂသပိတ်စစ်ကြောင်း ဆရာတော်များ ဦးဆောင်ကာ ယနေ့ ဇွန်လ ၁၅ ရက်နေ့တွင် ပရိတ်ရွတ် မေတ္တာပို့ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

  • မန္တလေးတွင် ပြည်ကြီးတံခွန် ဆရာတော် ဦးဆောင်သော ပြည်ကြီးတံခွန် သပိတ် အင်အားစုများ ယနေ့ ဇွန်လ ၁၅ ရက်နေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ညသပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

  • အကြမ်းဖက် စစ်အာဏာရှင် အမြစ်ဖြတ် ဆန့်ကျင်ရေး သံဃသမဂ္ဂမှ ဆရာတော်သံဃာတော်များသည် ယနေ့ ဇွန်လ ၁၅ ရက်နေ့တွင် ‘အာဏာရှင်ကပြည်သူနဲ့ ကမ္ဘာကိုလိမ်ဖို့ကြိုးစားနေသလို ပြည်သူအားလုံး ကလည်း အမြစ်ဖြတ်ဖို့ ပိုကြိုးစားရမယ်’ ဟု ဆန္ဒပြကြသည်။

 

  • မုံရွာတွင် လက်ပံတောင်းတောင် ဒေသလူထုသပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇွန် ၁၅ ရက်နေ့ တွင် ❝ သာတူညီမျှတဲ့လောက လူထုအားနဲ့ တိုက်ယူကြ ❞ စာတန်း ကိုင်ဆောင်ကာ ချီတက် ဆန္ဒပြခဲ့ ကြောင်း သိရသည်။

 

  • ဆားလင်းကြီးမြို့နယ်တွင် မုံရွာ တက္ကသိုလ် ကျောင်းသားများ သမဂ္ဂနှင့် လက်ပံတောင်းတောင် ပင်မ သပိတ်စစ်ကြောင်း တို့ဦးဆောင်ကာ ယနေ့ ဇွန်လ ၁၅ ရက်နေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ယင်းမာပင် နှင့် ဆားလင်းကြီးမြို့နယ်မှ ရွာပေါင်းစုံ သပိတ်စစ်ကြောင်းသည် ယနေ့ ဇွန်လ ၁၅ ရက်၊ နံနက်ပိုင်းတွင် “သာတူညီမျှတဲ့ လောကလူထုအားနဲ့တိုက်ယူကြ” စာတန်းအား ကိုင်ဆောင်၍ စစ်အာဏာ ရှင် ဆန့်ကျင်ရေး ၄၆၁ ရက်မြော​က် ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် ဇွန်လ ၁၅ ရက်​နေ့ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး အားမာန် သစ်သပိတ်စစ်ကြောင်းချီတက်သပိတ်​မှောက်ကြသည်။

 

  • ယင်မာပင်မြောက်ခြမ်းတွင် ပြည်သူများ စုပေါင်း၍ “မင်းအောင်လှိုင်နှင့် အာဏာရူးများကို ကြိုးမိန့်ပေးပါ” ဟု စာသားကိုင်ဆွဲကာ ဖက်ဆစ် စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်စစ်ကြောင်း ချီတက်ခဲ့ကြသည်။

 

  • စစ်ကိုင်းတိုင်း၊ယင်းမာပင်မြို့နယ်တွင် ​သွေးမ​အေးသည့် ​ရွှေနွယ်​အေး သပိတ်စစ်​ကြောင်းက ယ​နေ့ စစ်အာဏာရှင် ဖြုတ်ချ​ရေး ချီတက်သပိတ်​မှောက်ကြသည်။

 

  • စစ်ကိုင်း၊ယင်းမာပင်မြို့နယ် စုန်းချောင်း သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇွန်လ ၁၅ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ယင်းမာပင်မြို့နယ်တွင် ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇွန်လ ၁၅ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် ​နွေဦးတော်လှန်ရေးသပိတ်အင်အားစု၏ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ဆန္ဒပြပွဲကို ယနေ့ညနေပိုင်းက မုံရွာ-ယာကြီး-က လေးဝ-ကနီ ကားလမ်း တစ်နေရာ၌ ကျင်းပပြုလုပ် ခဲ့သည်။ ဖမ်းဆီးခံထားရသော သမ္မတကြီးဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၏ ဓာတ်ပုံ များ ၊ ဆန္ဒပြပွဲ၌ ညီရင်ထွက်ခဲ့ PDF ဆီသို့ ၊ ပြိုင်တူတွန်း၍ရွေ့ကြမည် စာသားများကိုင်ဆောင်၍ ကြွေးကြော် ဆန္ဒပြခဲ့ကြ သည်။

 

  • ချင်းတွင်းမြစ် အနောက်ဘက်ကမ်း သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇွန်လ ၁၅ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၏ ကိုယ်ရေးအရာရှိဖြစ်သူ CDM ရဲတပ်ကြပ်ကြီး အေးမင်းထွန်း ၏ မိခင်ဖြစ်သူ ဒေါ်နော်ဆပ်တဖူး(ခ)ဒေါ်တင်ရွှေ၊ ညီ ကျော်စိုးအေးနှင့် ညီမ ခိုင်ခိုင်အေးတို့ကို အကြမ်းဖက် စစ်ကောင်စီက ယနေ့ ဇွန်လ ၁၅ ရက် နံနက် ၁၁ နာရီခန့်တွင် ကျိုက်ထိုမြို့နယ်၊ ကျူချောင်ကျေးရွာရှိ နေအိမ်၌ ဝင်ရောက်ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။

 

  • စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာသော စစ်ကောင်စီ တပ်ဖွဲ့နှင့် ကသာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်တို့ ထိပ်တိုက်တွေ့ တိုက်ပွဲဖြစ်ပွားခဲ့သောကြောင့် စစ်ကောင်စီတပ်ဘက်က ၉ ဦးထက်မနည်း သေဆုံးသွားပြီး ထိခိုက်ဒဏ်ရာရရှိသူ များလည်းရှိကြောင်း ဒေသသတင်းအရင်းအမြစ် ထံမှသိရပါသည်။ ယမန်နေ့ ဇွန်လ ၁၄ ရက်နေ့တွင် ကသာဘက်မှ အင်းတော် ဘက်သို့ ခြေလျင်ဖြင့် စစ်ကြောင်း ၃ ခုနှင့် ဝင်ရောက်လာသည့် အနက် အင်အား ၅၀ ခန့်ပါရှိသော စစ်ကောင်စီစစ်ကြောင်းကို အင်းတော်နယ် အလယ်ဆိပ်ရွာအနီးတွင် ကသာခရိုင်တပ်ရင်း (၂) မြေပြင် ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ဖြင့် ၄ နာရီခန့်အကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု အင်းတော် PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက KNG သို့ပြောသည်ဟုဆိုသည်။

 

  • ယခုနှစ်အတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းကို လာမည့် ဇွန်လ ၁၇ ရက် (သောကြာနေ့) တွင် ထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်ပညာရေးမှူး ဦးဘထွီးစိန်က အတည်ပြု ပြောသည်။ “မြို့နယ်ပညာရေးမှူးနဲ့ သက်ဆိုင်ရာစာစစ်ဌာနအသီးသီးကို အောင်စာရင်းတွေ လွှဲအပ် လိုက်ပြီ။ ၁၇ ရက်နေ့မှာ ထွက်မှာ”ဟု ပြောသည်။ ယင်းသို့ထုတ်ပြန်နိုင်ရန် မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ကလည်း အကြောင်းကြားထားပြီဟု ဆိုသည်။

 

  • တနင်္သာရီတိုင်း မြိတ်မြို့တွင် အကြမ်းဖက် ဖမ်းဆီးခံ ရသည့် အသက် ၃၀ နီးပါးရှိ အမျိုးသမီး တစ်ဦးကို မြိတ် အကျဉ်းထောင်ရှိ ထောင်တွင်း တရားရုံးကနေ ယမန်နေ့ ဇွန်လ ၁၄ ရက်နေ့ ညနေပိုင်းက ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) ဖြင့် ထောင်ဒဏ် နှစ်နှစ် အမိန့် ချမှတ် လိုက်ကြောင်း ထောင်နှင့် နီးစပ်သည့် ဝန်ထမ်းများထံမှ သိရသည်။ ထောင်ဒဏ် နှစ်နှစ် အမိန့် ချမှတ်ခံရသည့် မဇင်မာဝင်းသည် လူမှုကွန်ရက် ပေါ်တွင် Zinmar Win Face book အကောင့် အမည်ဖြင့် သုံးစွဲနေရာမှ စစ်ကောင်စီ လက်အောက်ခံ စရဖ အဖွဲ့က နိုင်ငံရေးနှင့် သက်ဆိုင်သည့် ပို့စ်နှင့် ကောမန့်များကို ရှယ်ပြီး ရေးသားသည်ဟု ဆိုကာ မေလ ၂၉ ရက်နေ့ ညပိုင်းတွင် မြိတ်တောင်နယ်မြေ ဇေယျာသီရိ (၁) ရပ်ကွက် ရွက်စိမ်း (၃) လမ်းရှိ နေအိမ်၌ ဝင်ရောက် ဖမ်းဆီးခဲ့သည်ဟု မိသားစုနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

 

 

#ဖက်ဒရယ်ဂျာနယ်

 

#နေ့စဉ်သတင်း #ပြည်တွင်း

 

https://www.facebook.com/federaljournal

 

https://www.federaljournal.org/