• Today is: Friday, August 12, 2022

နေ့စဉ်သတင်းအကျဉ်း

                                                                       ဇွန် – ၂၅ – ၂၀၂၂ ခုနှစ်

  • စစ်အာဏာရှင်ဆန့်ကျင်လူထုလှုပ်ရှားမှုပြုလုပ်ခဲ့သည့် ပြည်သူလူထုအပေါ် အာဏာသိမ်းစစ်ကောင်စီ တပ်၏ အကြမ်းဖက်ပစ်သတ်မှုကြောင့် ယမန်နေ့ ဇွန်လ (၂၄)ရက်နေ့ထိ အသက်သေဆုံးခဲ့ရသည့် ပြည်သူ (၂၀၂၁)ဦး ရှိခဲ့ကြောင်း သိရှရသည်။ ထို့အပြင် စစ်ကောင်စီ၏ မတရားဖမ်းဆီးခံရသူ (၁၄၂၈၀)ဦးအထိ ရှိခဲ့ပြီး လက်ရှိအချိန်ထိ (၁၁၂၁၇)ဦးမှာ အကျဉ်းကျနေရဆဲဖြစ်ကြောင်း AAPP ၏ ထုတ်ပြန်ချက် အရသိရသည်။

 

  • ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ပြည်သူ့လွတ်မြောက်ရေး တပ်ဖွဲ့ဝင်(PLF)များကို ဇွန်လ၂၄ ရက်နေ့ နေ့လယ် ၁ နာရီတွင် ကိုစိုင်းနေလင်း အပါအဝင် သုံးဦးကို လက်နက်များနှင့်အတူ စစ်ကောင်စီတပ်ဖွဲ့နှင့် BGF တပ်ဖွဲ့တို့က ဖမ်းဆီးလိုက်ကြောင်း သိရသည်။ စစ်ကောင်စီဘက်မှ ထုတ်ပြန်ထားခြင်းမရှိဘဲ ကိုစိုင်းနေလင်း အသုံးပြုသည့် Facebook အကောင့်မှ တော်လှန်ရေးရဲဘော်များကို ဆက်သွယ်နေ ကြောင်း သိရသည်။  “သူ(အဖမ်းခံရသူ)က အရင်က KNDO မှာ သင်တန်းတက်သွားတာ KNDO တပ်ဖွဲ့ ဝင်တော့မဟုတ်ဘူး ။ လေးကေ့ကော်မှာတုန်းက လက်နက်အရောင်းအဝယ်လုပ်လို့ အတီး (လေးကေ့ကော် အုပ်ချုပ်ရေးမှူး)က ဖမ်းဘူးတယ်။ အရင်က NUC ဆိုပြီးဖွဲ့တယ်။ အခု PLF ဆိုပြီးဖွဲ့ထား တယ် ။ အလှူငွေနဲ့ပတ်သက်ပြီး အမည်ပျက်စာရင်းထဲပါထားတယ်။ သူ့ကြောင့်ရဲဘော်တွေ အဖမ်းခံရ တာ ပြန်လို့မရတာတွေဖြစ်ခဲ့တယ်။ အခုလည်း သူဖုန်းဆက်လို့ မြဝတီမှာ သုံးယောက်ထပ်မိသွားတယ်” ဟု ထောက်ပို့ရဲဘော် မကေ က ပြောသည်။

 

  • ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ လွိုင်လင်လေးမြို့၊ အောင်မင်္ဂလာရပ်ကွက် အခြေခံပညာ အထက်တန်းကျောင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ဆရာ ၊ ဆရာမ ၆ ဦးဟာ မနေ့ ဇွန် ၂၄ ရက် မနက် ပိုင်းက ပျောက်ဆုံးနေတဲ့အတွက် စာသင်ကြားတာတွေ မလုပ်နိုင်ဘူးလို့ ကျောင်းသားမိဘတွေ ဆီက သိရပါတယ်။ အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး လွိုင်ကော်မြို့နယ် ၊ မြို့နယ်ပညာရေးမှူးရုံး ၊ တာဝန်ရှိသူ တယောက်က ” မနေ့က မနက်ပိုင်း ၁၁ နာရီဝန်းကျင်မှာ မျက်နှာဖုံးစွပ် လက်နက်ကိုင် လူ ၁၂ ယောက်က ကား ၂ စီးနဲ့ ကျောင်းထဲကိုရောက်လာပြီး ၊ မူလတန်းပြ ဆရာ ဦးကောင်းဇေယျာငြိမ်း၊ ဦးအောင်ဇော်ထွေး၊ အထက်တန်းပြ ဆရာမ ဒေါ်နန်း၊ အလယ်တန်းပြ ဆရာမများဖြစ်တဲ့  ဆရာမ ဒေါ်စုလေးငယ်၊ ဆရာမ ဒေါ်ခင်သန်းနဲ့  ဒေါ်မြထွေး တို့ဖြစ်ပြီး လက်ရှိချိန်ထိတော့ ဆက်သွယ်မရသေးဘူး ” လို့ ပြောပါတယ်။

 

  • ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် ဆိုက်ခေါဝ်ကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီ လက်အောက် ခံ PNO/PNA ပအိုဝ်းပြည်သူ့စစ်အဖွဲ့ဝင် ထွက်ကောဝိဒက ဒေသခံ နန်းခမ်းအွမ်ကို ၎င်း၏ နေအိမ်ရှေ့တွင် သေနတ်နှင့် ပစ်သတ်ခဲ့ခြင်းကို တစ်စုံတစ်ရာ အပြစ်ပေး အရေးမယူသည့် PNO/PNA လုပ်ရပ်ကို ပြင်းထန် စွာရှုတ်ချကြောင်း ပအိုဝ်းအမျိုးသားနိုင်ငံရေးအတိုင်ပင်ခံကော်မတီက ယမန်နေ့ ဇွန်လ ၂၄ ရက်၌ ကြေညာချက်ထုတ်ပြန်လိုက်သည်။ နန်းခမ်းအွန်၏ ရုပ်အလောင်းကို နေအိမ်သို့ သယ်ဆောင်ရန် မိသားစု ဝင်များ၏တောင်းဆိုမှုကို PNA မှ သယ်ဆောင်ခွင့်မပြုဘဲ မိသားစု သဘော ဆန္ဒမပါဘဲ တောင်ကြီးမြို့ တွင်သာ သင်္ဂြိုဟ်စေခြင်းစသည့် PNA ၏ လုပ်ရပ်များအပေါ် ပအိုဝ်းအမျိုးသား နိုင်ငံရေးအတိုင်ပင်ခံ ကော်မတီအနေနှင့် ပြင်းထန်စွာ ရှုတ်ချကြောင်းနှင့် ထွက်ကောဝိဒ ကျူးလွန်ခဲ့သည့် လုပ်ရပ်အပေါ် ထိရောက်သော အရေးယူဆောင်ရွက်မှု အမြန်ဆုံး လုပ်ဆောင်ရန်နှင့် ကျူးလွန်ခံရသူ မိသားစု တရားမျှတ မှု ရရှိရေး လုပ်ဆောင်ရန် လေးနက်စွာ တိုက်တွန်းကြောင်း ကြေညာချက်တွင် ဖော်ပြသည်။

 

  • ချင်းပြည်နယ် မရာမျိုးနွယ်စုဒေသ တွင် မိုးရာသီ ကာလအတွင်း malaria- ဝမ်းပျက် ဝမ်းလျှော ရောဂါ စသဖြင့် အမျိူးမျိူးသောရောဂါ များပြားပြီး ပျံ့နှံ့ တတ်သည့် ရာသီ အချိန်တွင် ကျန်းမာရေးမှုး ( Beilakho) နှင့် သူနာပြုများက ဆေးဝါးပစ္စည်း အခမဲ့ ကုသမှုဆောင်ရွက်ပေးကြောင်း သတင်းရရှိပါ သည်။ မရာ ရွာပေါင်း ရွာပေါင်း၃၀ကျော်ကို Health Department- Dr. Beilakho မှ ဦးဆောင်ပြီး လူနာ ပေါင်း အယောက် ၁,၀၀၀ ကျော် အခမဲ့ စစ်ဆေးကြည့်ရှု့ ကုသ ပေးခဲ့ကာတစ်ချို့သော ရွာ နေရာတွင် လမ်းပန်းဆက်သွယ်ရေး ခက်ခဲမူကြောင့် ဆရာဝန် ကိုယ်တိုင် မရောက်ရှိနိုင်ပဲ ဆေးဝါးများကို ပို့ပေးခဲ့ ကြောင်းသိရသည်။

 

  • မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီ စစ်ကား ၄ စီး ယာဉ်တန်းကို KNLA ပူးပေါင်းတပ်ဖွဲ့က မိုင်းခွဲပစ်ခတ်တိုက်ခိုက်ရာ စစ်ကား ၂ စီး ထိမှန်ပြီး Double Cab ပွိုင့်ကား ၁ စီးမှ တိမ်းမှောက်သွားကြောင်း ကျိုက်ထို တော်လှန်ရေးအင်အားစုက သတင်းထုတ်ပြန်သည်။ Double Cab နှစ်စီးဖြင့် စစ်ကား ကြီး ၂ စီးကို ရှေ့ပွိုင့်၊ နောက်ပွိုင့် ယူကာ ဝေါမြို့ဘက်မှ ထွက်ခွာလာ သော စစ်ကောင်စီယာဉ်တန်းကို ယနေ့ ဇွန်လ ၂၅ ရက် နံနက် ၉ နာရီ ၄၀ မိနစ် အချိန်တွင် KNLA ပူးပေါင်းတပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ စစ်ယာဉ်တန်း တိုက်ခိုက်ခံရပြီးနောက် မုပ္ပလင်ဘက်မှ အိမ်စီးကား ၃ စီးဖြင့် အကြမ်းဖက်စစ်ကောင်စီ တပ်ကူများ ထပ်မံရောက်ရှိလာကြောင်း ကြားဖြတ်တိုက်ခိုက်ခဲ့သော KNLA နှင့် သထုံခရိုင် PDF တပ်ရင်း ၃ အဖွဲ့တို့ အထိအခိုက်မရှိဘဲ ဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရှိရသည်။

 

  • ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် လုံးခင်းအုပ်စု မှော်ပေါင်းစုံ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇွန်လ ၂၅ ရက်နေ့တွင် ချီတက်ခဲ့ကြပြီး “ဖားကန့်သားတွေ မအကြနဲ့ ရုန်းကြ ကြွကြ ထကြလော့ ” စာသားကိုင်ဆွဲ ဆွဲကာ အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ကြသည်။

 

  • တနင်္သရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်မှာ တော်လှန်ပြည်သူတွေက အကြမ်းဖက်စစ်တပ် ကျရှုံးရေး ဆန္ဒပြသပိတ်နဲ့ ဆလိုင်းတင်မောင်ဦး ကျဆုံးခြင်း အကြို အထိမ်းအမှတ်ဆန္ဒပြပွဲကို ဒီနေ့မှာ ပြုလုပ်ခဲ့ကြပါတယ်။ ဆန္ဒပြ တော်လှန်ပြည်သူတွေက ဆလိုင်းတင်မောင်ဦး ပြောခဲ့တဲ့ ‘မင်းတို့ စစ်ဖိနပ်အောက်မှာ ငါဘယ်တော့မှ ဒူးမထောက်ဘူး’ ဆိုတဲ့စာသားကို ကိုင်ဆွဲပြီး အကြမ်းဖက်စစ်တပ် ကျရှုံးရေး ဟစ်ကြွေးမှု ဆန္ဒပြခဲ့ကြောင်းသိရပါတယ်။

 

  • ကလေးမြို့ ပင်မသပိတ် အင်အားစုများ ဦးဆောင်ကာ ယနေ့ ဇွန်လ ၂၅ ရက်နေ့တွင် “မင်တို့စစ်ဖိနပ် အောက် ဘယ်တော့မှ ဒူးမထောက်ဘူး” ဆိုတဲ့စာသားကိုင်ဆောင်ပြီး စစ်အာဏာရှင် တော်လှန်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • စစ်ကောင်စီတပ်များ ဝန်းရံပိတ်ဆို့ဖမ်းဆီးနေသည့် ရန်ကုန်မြို့တွင် အခြေခံပညာကျောင်းသားလူငယ်များ အစည်း အရုံး(အကလ-ဗဟို) မှဦးဆောင်ကာစစ်အာဏာရှင်ဆန့် ကျင်ရေးလှုပ်ရှားမှုတစ်ခုကို ယနေ့ နံနက်ပိုင်းကပြုလုပ်ခဲ့ကြောင်းသိရသည်။ အဆိုပါသပိတ်တွင် “မတရားဖမ်းဆီးအကြမ်းဖက် ထိန်းသိမ်းခံ ထားရ သောနိုင်ငံရေး အကျဉ်းသားများ အားခြွင်း ချက်မရှိပြန်လွှတ်ပေးရန်” နှင့် “ငါတို့ရဲ့ ခန္ဓာကိုယ် သာသတ်လို့ရမယ်ငါတို့ရဲ့ ယုံကြည်မှုတွေ ရပ်တည်ချက်တွေက ဘယ်တော့မှ သတ်လို့ရမှာမဟုတ်ဘူး” ဆိုသည့်ကြွေးကြော်သံများဖြင့် လှုပ်ရှားခဲ့ကြသည်။

 

  • ရန်ကုန်တွင် ဗကသများ အဖွဲ့ချုပ်၀င် ကျောင်းသားသမဂ္ဂများ၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ_DPNS ၊ လူ့ဘောင်သစ်လူငယ်_YNS ၊ Yangon’s Rebels Strike Commitee-YRSC ၊ ထား၀ယ်မြို့နယ် အခြေခံပညာကျောင်းသားများသမဂ္ဂ(ထ၀အကသ) ၊ East Yangon University Students’ Union_EYUSU (ရရတကသ) တို့ ပူးပေါင်းကာ ချင်းလူမျိုး ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး ကျဆုံးခြင်း ၄၆ နှစ်​ပြည့် အဖြစ် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • မန္တလေး သံဃသမဂ္ဂ သပိတ် စစ်ကြောင်း ဆရာတော်များ ဦးဆောင်ကာ ယနေ့ ဇွန်လ ၂၅ ရက်နေ့တွင် ပရိတ်ရွတ် မေတ္တာပို့ပြီး ဖက်ဆစ် စစ်တပ် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

  • မန္တလေး သံဃသမဂ္ဂ ဆရာတော်များ ယနေ့ ဇွန်လ ၂၅ တွင် “သံတိုင်ကြားက ကြွေးကြော်သံ လူထုမိခင် အတွက် အားမာန် ပြည်သူအားလုံးကတော်လှန် အာဏာရှင်စနစ်ကို ဖြိုဖျက်ကြ” စာတန်း ကိုင်ဆောင် ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး ညသပိတ် ပြုလုပ်ခဲ့ကြောင်းသိရသည်။

 

  • မန္တလေး ပြည်ကြီးတံခွန် ဆရာတော် ဦးဆောင်သော ပြည်ကြီးတံခွန် သပိတ် အင်အားစုများ ယနေ့ ဇွန်လ ၂၅ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ညသပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

  • အကြမ်းဖက် စစ်အာဏာရှင် အမြစ်ဖြတ် ချေမှုန်းရေး စစ်ကိုင်းတိုင်း၊ ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံသပိတ်စစ်ကြောင်းသည် ယနေ့ ဇွန်လ ၂၅ ရက် နံနက်တွင် ၄၇၁ ရက်မြောက်အဖြစ် ကြွေးကြော်ချီတက်ဆန္ဒပြကြသည်။

 

  • ယင်းမာပင်မြို့နယ် မြောက်ခြမ်း ရွာပေါင်းစုံ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇွန်လ ၂၅ ရက်နေ့ တွင် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် “ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ” သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇွန်လ ၂၅ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ယင်းမာပင်မြို့နယ်တွင် သွေးမအေးတဲ့ ရွှေနွယ်သွေး သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇွန်လ ၂၅ ရက်နေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်တွင် “အောင်လံ လွှင့်မည် ရွှေရေ ကြည်” သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇွန်လ ၂၅ ရက်နေ့တွင် အကြမ်းဖက် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ဆားလင်းကြီးမြို့နယ်တွင် အားမာန်သစ် သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇွန်လ ၂၅ ရက်နေ့တွင် အကြမ်းဖက် စစ်အာဏာရှင် တော်လှန်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ဘုတလင်မြို့နယ် ကျေးလက်သပိတ်ကို ယင်းမာပင်ဆားလင်းကြီး သပိတ်ဦးဆောင်သူများနှင့် အတူ ရန်ကုန်သပိတ်လူငယ်များ၊ ဒေသခံပြည်သူလူထု ပူးပေါင်းကာ အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင် အလိုမရှိကြောင်းချီတက်ဆန္ဒပြခဲ့ကြသည်။

 

  • ဒီပဲရင်းမြို့နယ်တွင် ဒီပဲယင်းပြည်သူများနှင့် ဒီပဲယင်းအမျိုးသမီးသပိတ်ဦးဆောင်သူများ၊ ရွာပေါင်းစုံ သပိတ်ဦးဆောင်သူများ၊ ရန်ကုန်သပိတ်မှ လူငယ်တစ်ဦးတို့ ပူးပေါင်းကာ အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင် ဆန့်ကျင်ရေး တောင်ယာသပိတ်ပြုလုပ်ခဲ့ကြသည်။

 

  • စစ်ကိုင်းတိုင်း၊ တမူးမြို့န်ယတွင် ABSDF (အနောက်ပိုင်း) ကျောင်းသား တပ်မ တော် နှင့် PDF-CEU တို့ ၏ ပူးပေါင်း စစ်ဆင်ရေးတွင် စစ်ကောင်စီဘက်မှ ၅ ဦးသေဆုံးကြောင်း PDF-CEU က သတင်းထုတ်ပြန် သည်။ ဇွန်လ ၂၅ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်အချိန်  ABSDF (အနောက်ပိုင်း) ကျောင်းသား တပ်မတော် နှင့် PDF-CEU ပူးပေါင်း စစ်ဆင်ရေးအဖြစ် တမူး မြို့နယ်ဆရာစံရွာအနီး စစ်တပ်နှင့် ၄၅  မိနစ်အကြာ ထိတွေ့တိုက်ပွဲ ဖြစ် ရာ စစ်ကောင်စီဘက်မှ ၅ ဦးသေဆုံးကြောင်း သိရှိရသည်။

 

  • ပြည်သူ့ကာကွယ်ရေး တပ်မတော် MDY-PDF မှာ တာဝန်ထမ်းဆောင်နေတဲ့ ဆေးတပ်သား Roll1medic ရဲဘော်တွေက ရောက်ရှိနေတဲ့ ရွာက ကိုယ်ဝန်ဆောင် မိခင်ရဲ့ ကလေးကို အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့ ကြောင်း သိရပါတယ်။ ကလေးမှာ ယောကျ်ားလေးဖြစ်ပြီး မိခင်ရော ကလေးငယ်ပါ ကျန်းမာလျက်ရှိ ပါတယ်။ MDY-PDF ရောက်ရှိတဲ့ ဒေသခံ လူထုရဲ့ ကျန်းမာရေး၊ လူမူရေး လုပ်ငန်းတွေကို အမြဲကူညီ စောင့်ရှောက်လျက်ရှိတယ်လို့ MDY-PDF ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

 

  • ဝက်လက်မြို့နယ် လူထု သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇွန်လ ၂၅ ရက်နေ့တွင် ကျောင်းသား ခေါင်းဆောင် ဆလိုင်းတင်မောင်ဦး ကျဆုံးခြင်းနှစ်ပတ်လည် အဖြစ် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ပြီး ဝက်လက် တော်လှန်ရေး တပ်ဦး (WPRF)၊ GZ Special Take Force-Wetlet ၊ ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း (၁၅) ၊ မတ္တရာမြို့နယ်ပြည်သူ့ကာကွယ် ရေးအဖွဲ့ (ပကဖ) ၊ စဥ့်ကူးမြို့နယ်ပြည်သူ့ ကာကွယ်ရေး အဖွဲ့ (ပကဖ) တို့မှ သပိတ်စစ်ကြောင်း လုံခြုံရေး အတွက် လိုက်ပါဝန်းရံခဲ့​ကြောင်း သိရသည်။

 

  • အကြမ်းဖက်စစ်တပ်အား ရိက္ခာထောက်ပံ့ခြင်း၊ ဝင်ရောက်တပ်စွဲခွင့်ပေးခြင်းတို့ကြောင့် ဝမ်ပေါင်ကုမ္ပဏီ အား သွယ်တန်းထားသည့် ပင်မဓာတ်အားလိုင်း မီးတိုင်အား အမိမြေတော်လှန်ရေး အဖွဲ့နှင့် Young People Force ( YPF ) အဖွဲ့တို့က ဇွန် ၂၄ ညပိုင်းတွင် ဖောက်ခွဲဖျက်ဆီးခဲ့သည်ဟု ထုတ်ပြန်သည်။ အပြစ်မဲ့ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ပစ္စည်းများခိုးယူနေသည့် အကြမ်းဖက်စစ်တပ်အား ထပ်မံဆက်သွယ်မှုများ ပြုလုပ်နေပါက အခြားတော်လှန်ရေးအဖွဲ့များနှင့် ပူးပေါင်းပြီး ဆက်လက် တိုက်ခိုက် သွားမည်ဟုလည်း သတိပေးသည်။

 

  • စစ်ကိုင်းတိုင်း ၊ မြင်းမူမြို့နယ်အတွင်းက နပဲကြူးဇရပ်အနီးမှာ ဖြတ်သန်းသွားလာတဲ့ အာဏာသိမ်း စစ်ကောင်စီ စစ်ကားတစ်စီးကို ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေ ဒီကနေ့ (ဇွန်လ ၂၅ ရက်) မနက်ခင်းက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး မိုင်းထိမှန်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် အသေအပျောက်ရှိနိုင် တယ်လို့ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက သတင်းထုတ်ပြန်ပါတယ်။ စစ်ကိုင်းမြို့ကနေ မြင်းမူမြို့ဘက် ကို ထွက်ခွာလာတဲ့ အဆိုပါ အာဏာသိမ်းစစ်ကောင်စီ စစ်ကားကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ Moe Nyo Revolution Force (MNRF)၊ PENTAGRAM ငါးထောင့်ကြယ်အဖွဲ့၊ PEOPLE REVOLUTION FORCE (PRF) နဲ့ People’s Guerillas Commando – Myinmu အဖွဲ့တွေ ပူးပေါင်းပြီး မိုင်း၅လုံးနဲ့ မိုင်းဆွဲ တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။

 

  • မန္တလေး- မူဆယ် ပြည်ထောင်စုလမ်းမကြီး နောင်ချိုမြို့ အေးရှားဝေါ်ဂိတ်အကျော်မှာ စစ်ကောင်စီ၊ ပြည်သူ့စစ်နဲ့ ရဲတွေက ကားသမားတွေကို ငွေအတင်းအဓမ္မတောင်းခံနေတာတွေ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။ မန္တလေးဘက်အဆင်းမှာ တစ်နေရာ၊ မူဆယ်ဘက်တက်တဲ့ လမ်းမှာ တစ်နေရာ မိုးကာတဲ ထိုးပြီး နှစ်နေရာစောင့်ပြီး တောင်းနေတာလို့ အမည်မဖော်လိုသူတဲ့ ကားသမားတစ်ဦးက ပြောပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ပထမပတ်ကနေစတင်ပြီး ကားသမားတွေဆီကို ငွေအတင်းအဓမ္မတောင်းခံနေတယ်လို့ ဆိုပါတယ်။

#ဖက်ဒရယ်ဂျာနယ်

#နေ့စဉ်သတင်း #ပြည်တွင်း

https://www.federaljournal.org/

https://www.facebook.com/federaljournal