• Today is: Friday, April 19, 2024

တောပုန်း

တောပုန်း

*******

တောပုန်းဆိုလည်း တောပုန်းပေါ့ ခင်ရေ။

သေသောသူက သေသည့်အတိုင်း

ရှင်သောသူက ရှင်သည့်အတိုင်း

အရိုင်းကောင်ဆိုတော့လည်း အရိုင်းကောင်ပေါ့။

နာကျည်းစရာနဲ့ နာကျင်စရာတွေ

တူကြလည်း အရေးကြီးပြီ

ကမ္ဘာမကြေဘူး အသက်ကိုလည်း

ဘာမထီဘူးလို့ အော်ဟစ်ဖူးသူတိုင်း ဖြစ်မလာခဲ့။

ပဲ့ရင်း၊ကြွေရင်းနေ့များမှာ မောင်းတွေတင်ကြ၊

ကျည်တွေရှင်းကြ တင်းထားတဲ့ စိတ်တွေကို

တိုက်ပွဲအတွက် ဖြစ်စေကြ။

လွတ်လပ်ခွင့်နဲ့အိမ်ပြန်ချင်စိတ်ကို ညှိကြ၊

ထိရှရင်း အိမ် ပြေးသူပုန်ကောင်ဆိုတော့လည်း

စကစကို တော်လှန်တဲ့ သူပုန်ကောင်ပဲပေါ့ ခင်ရယ်။

မက်လုံးမပါတဲ့ တော်လှန်ရေးဟာ

ဘာများ တွယ်စရာရှိသလဲ

အပွင့်၊ အခက်၊နေရာ၊ ရာထူး

ဘာမှရူးစရာမလိုပြန်ဘူး အခမဲ့ တောပုန်းကြီးပေါ့။

ရွှေမလို၊ငွေမလို ဟိုရှေ့က ခွေး ကုန်းနဲ့

မအလ တပ်ပြိုဖို့တော့ လိုတယ်။

သားထွက်သွားတာ တစ်နှစ်ကျော်ပြီ

အမေလွမ်းနေပြီဆိုတော့

အကြောင်းပြချက် အမျိုးမျိုးနဲ့

ငြင်းမိ၊ဆန် မိ ဒီခရီးကို ဇွတ်တိုးမယ့်

တောပုန်း သူပုန် ကောင်ဆိုလည်း

တောပုန်း သူပုန် ကောင်ပဲပေါ့ ခင်ရယ်။ ။

ရဲဘော် Scope