• Today is: Wednesday, December 7, 2022

စစ်ကောင်စီ၏ PR ရွေးကောက်ပွဲစနစ်သည် ရာသက်ပန် စစ်ကျွန်စနစ်ဖြစ်သည်

◾️ စစ်ကောင်စီ၏ PR ရွေးကောက်ပွဲစနစ်သည် ရာသက်ပန် စစ်ကျွန်စနစ်ဖြစ်သည်

ကမ္ဘာနိုင်ငံများသည် မိမိတို့နိုင်ငံအခြေအနေနှင့် ကိုက်ညီသည့် ရွေးကောက်ပွဲကို ကျင်းပကြပါသည်။ မြန် မာနိုင်ငံတွင် ၁၉၄၈ လွတ်လပ်ရေးရပြီးနောက် (First Past of the Post- FPTP) သာမန်မဲအများစုရသူ အ နိုင်ရသည့် ရွေးကောက်ပွဲစနစ်ကို ကျင့်သုံးကြပါသည်။

FPTP ရွေးကောက်ပွဲစနစ်သည် တိုင်းရင်းသာလူမျိုးများ၏တန်းတူအခွင့်အရေးကို ဖော်ဆောင်ပေးနိုင် မည်မဟုတ်ဟု ဝေဖန်ထောက်ပြနေကြသည်။

Legal Aid Network တည်ထောင်သူ ဦးအောင်ထူးက မြန် မာနိုင်ငံ၌ ကျင့်သုံးနေသည့် (FPTP) သာမန်မဲအများစုရသူ အနိုင်ရသည့်စနစ်သည် တိုင်းရင်းသားပါတီ များသည် မည်သည့်ဥပဒေတစ်ခုကိုမျှ ပြုနိုင်မည့်အခြေအနေ ရောက်မှာမဟုတ်ဟု ထောက်ပြသွားပြီး မြန် မာနိုင်ငံအတွက်(Proportional Representative-PR) အချိုးကျကိုယ်စားပြုရွေးကောက်ပွဲစနစ်ကို စဉ်း စားသင့်တယ်လို့ MCN TV News သတင်းဌာနနှင့် မေးမြန်းခန်းတစ်ခုတွင် ပြောဆိုသွားပါသည်။

➖ (First Past of the Post- FPTP) အများစုရသူ အနိုင်ရသည့်စနစ်

ကမ္ဘာ့ပေါ်တွင် ရွေးကောက်ပွဲစနစ်အများအပြားရှိသော်လည်း (First Past of the Post- FPTP) သာမန်မဲ အများစုရသူ အနိုင်ရသည့်စနစ်၊ ဒုတိယအကြိမ် မဲပေးသည့်စနစ် Two round (runoff) system နှင့် အချိုး ကျကိုယ်စားပြုစနစ် (Proportional Representative-PR)တို့ကို ပိုမိုကျင့်သုံးကြပါသည်။ အချို့နိုင်ငံတွင် အချိုးကျနှင့်အချိုးမကျစနစ်နှစ်မျိုးကို ရောထားသည့် ရွေးကောက်ပွဲစနစ်ကိုလည်း အသုံးပြုကြပါသည်။

FPTP- သာမန်မဲအများစုရသူ အနိုင်ရသည့်ရွေးကောက်ပွဲစနစ်သည် မဲဆန္ဒနယ်တစ်ခုတွင် ဝင်ရောက် ယှဉ် ပြိုင်သည့် ကိုယ်စားလှယ်လောင်များထဲမှ မဲအများဆုံးရရှိသည့် ကိုယ်စားလှယ်လောင်းကို ရွေးချယ်သည့် စနစ် ဖြစ်သည်။ ဤစနစ်ကို အမေရိကန်ပြည်ထောင်စု၊ဗြိတန်၊အန္ဒိယ၊ကနေဒါ၊ပါကစ္စတန်အပါအဝင် ဗြိ တိသျှ ဓနသဟာယနိုင်ငံများတွင် ကျင့်သုံးကြပါသည်။

FPTP စနစ်သည် ၂ ပါတီစနစ် သို့မဟုတ် ၂ ပါတီကြီးစိုးသော နိုင်ငံများတွင် ပိုမိုသင့်လျှော်သည်ဟု ဆိုပါ သည်။ ရီပါတ်ဘရစ်ကန်(Republican)နှင့် ဒီမိုကရက်(Democrat) (၂)ပါတီသာ ယှဉ်ပြိုင်ကြသည့် အမေ ရိကန်ပြည်ထောင်စုနှင့် ကွန်ဆာဗေးတစ်ပါတီ(Conservative)နှင့် လေဘာပါတီ (Labor)တို့ကသာ ကြီး စိုးနေသည့် ဗြိတိန်နိုင်ငံမျိုးဖြစ်သည်။

FPTP စနစ်သည် နားလည်လွယ်ကူပြီး မဲပြားရည်တွက်ရာတွင် လွယ်ကူပြီး ပြည်သူလူထုက ၎င်း၏ ကိုယ် စားလောင်းကို ရွေးချယ်ရန် လွယ်ကူစေပါသည်။ ရွေးကောက်ပွဲတွင် ၂ ပါတီသာ ယှဉ်ပြိုင်သည့်အတွက် အနိုင်ရသောပါတီသည် ဆန္ဒမဲပေးသူ၏ထက်ဝက်ကျော် ဖြစ်နေသည့်အတွက် တည်ငြိမ်သော အစိုးရဖွဲ့ စည်းပေးနိုင်သည့်အပြင် ဒီမိုကရေစီစနစ်ကို ပိုခိုင်မာစေသည်ဟု ဆိုသည်။

သို့သော် FPTP ရွေးကောက်ပွဲစနစ်တွင် နိုင်ငံရေးပါတီ ၂ ပါတီအထက် ဝင်ရောက်ယှဉ်ပြိုင်ပါက မဲအများ ဆုံးရရှိသည့်ကိုယ်စားလှယ်သည် ဆန္ဒမဲပေးသူ၏(၅၀)ရာခိုင်နှုန်း မကျော်သည့်အတွက် မဲဆန္ဒရှင်အများစု ကို ရောင်ပြန်ဟပ်ခြင်းမရှိဟု ဝေဖန်ခံရလေ့ရှိသည်။ ဤသို့သော အခြေအနေတွင် ထက်ဝက်ကျော်သော ပြည်သူများသည် တိုင်းပြည်အရေးတွင် ကိုယ်စားပြုပါဝင်ခွင့် မရဘဲ ဖြစ်သွားသည်ဟု ဆိုသည်။

ရွေးကောက်ပွဲ၏အဓိကအကြောင်းရင်းသည် ပြည်သူလူထု၏ကိုယ်စားလှယ်များကို ရွေးချယ်ရန်နှင့် ပြည် သူလူထု၏ကိုယ်စား တိုင်းပြည်ကို အုပ်ချုပ်ရန်ဖြစ်သည့်အတွက် FPTP စနစ်သည် ယင်းအခြေခံလိုအပ် ချက်ကို မဖြည့်ဆည်းနိုင်ဟု ဤစနစ်ကို ဝေဖန်သူများက ထောက်ပြကြသည်။

➖ ဒုတိယအကြိမ် ယှဉ်ပြိုင်သည့်စနစ် Two round (runoff) system

FPTP စနစ်၏အားနည်းချက်များကို ကုစားရန် မဲအများစုစနစ် (၅၀)ရာခိုင်နှုန်းအပေါင်း (၁) ဖြစ်စေရန် Two round (runoff) system ဒုတိယအကြိမ် ယှဉ်ပြိုင်သည့်စနစ်ကို ဖော်ဆောင်လာကြသည်။ ၎င်းကို Second ballot ဟုလည်း ခေါ်ကြသည်။ ဒုတိယအကြိမ် ပြိုင်သည့်စနစ်တွင် ရွေးကောက်ပွဲ(၂) ကြိမ်ပြု လုပ်ပြီး ပထမအကြိမ်ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်း (၄-၅) ယောက် သို့မဟုတ် မည်မျှပင် ယှဉ်ပြိုင်စေကာမှု ဆန္ဒမဲအများဆုံးရရှိသူ (၂ )ယောက်ကို အောင်နိုင်သူအဖြစ် သတ်မှတ်သည်။ ၎င်းနောက် ဒုတိယအကြိမ် ရွေးကောက်ပွဲကျင်းပပြီ အောင်နိုင်သူ(၂) ယောက်ထဲမှ တစ်ယောက်ကို မဲဆန္ဒရှင်များက ရွေးချယ်ကြရသည်။ အနိုင်ရသူ ၂ ယောက်သာ ယှဉ်ပြိုင်သည့်အတွက် ၅၀ % + ၁ ဖြစ်သွားပါသည်။

ဤစနစ်ကို ဥပဒေပြုအဖွဲ့ ရွေးချယ်ရာတွင်လည်းကောင်း၊ သမ္မတကို တိုက်ရိုက်ရွေးချယ်ရာတွင်လည်း ကောင်း အသုံးပြုကြပါသည်။ပြင်သစ်နိုင်ငံတွင် သမ္မတကို တိုက်ရိုက်ရွေးချယ်ရာတွင်လည်းကောင်း၊ ဥပ ဒေပြုအဖွဲ့ပါလီမန်ကို ရွေးချယ်ရာတွင်လည်းကောင်း ဤစနစ်ကို အသုံးပြုကြပါသည်။ အရှေ့ဒီမောနိုင်ငံ တွင် သမ္မတကို runoff system စနစ်ဖြင့် ရွေးကောက်တင်မြောက်ပြီး ဥပဒေပြုအဖွဲ့ကို အချိုးကျကိုယ် စားပြု (Proportional Representative-PR) ရွေးကောက်ပွဲစနစ်ဖြင့် ရွေးချယ်ကြပါသည်။

အီရန်ပါလီမန်နှင့် ချက်သမ္မတနိုင်ငံ အထက်လွှတ်တော်ကိုယ်စားလှယ် ရွေးချယ်ရာတွင်လည်းကောင်း၊ အာဖဂန်နစ္စတန်၊အာဂျင်းတီးနား၊သြစတြီးယား၊ဘရာဇီလ်း၊ဘူးလ်ဂေးရီးယား၊ချီလီ၊ဂိုလန်ဘီယာ၊ချက်သမ္မတ၊ဖင်လန်၊အင်ဒိုနီးရှား၊တူရကီ နိုင်ငံများ၏ သမ္မတရွေးကောက်ပွဲတွင် ဤစနစ်ကို အသုံးပြုကြပါသည်။

➖ အချိုးကျကိုယ်စားပြုစနစ်(Proportional Representative-PR)

အချိုးကျကိုယ်စားပြုစနစ်သည် နိုင်ငံရေးပါတီအသီးသီး၏ရသည့် မဲအရေအတွက်အချိုးအစားအလိုက် ပါ လီမန်အမတ်နေရာ ခွဲဝေယူသည်စနစ် ဖြစ်သည်။ အများအားဖြင့် အချိုးကျကိုယ်စားပြုစနစ်တွင် ပါတီ ကိုယ်စား လှယ်လောင်းတစ်ဦးဦးအပေါ် မူတည်မဲပေးခြင်းမျိုးမဟုတ်ဘဲ ပါတီကို အခြေတည်မဲပေးခြင်း ဖြစ်သည်။

PR ရွေးကောက်ပွဲစနစ်တွင် ကိုယ်စားလှယ်အမည်ပေးထားခြင်းမရှိသည့် closed list နှင့် ကိုယ်စားလှယ် လောင်းအမည် ပေးထားသည့် opened list ဟု၍ နှစ်မျိုး ရှိသည်။ closed list PR တွင် ပြည်သူလူထုက မိမိကြိုက်နှစ်သက်သည့် ပါတီကိုသာ ရွေချယ်ရပြီး opened list PR တွင် မိမိကြိုက်နှစ်သက်သည့် ပါတီ နှင့်ကိုယ်စားလှယ် ၂ ခုစလုံးကို ရွေးချယ်ရသည်။

အချိုးကျကိုယ်စားပြုစနစ်သည် ဥပဒေပြုရာတွင်လည်းကောင်း ၊ပေါ်လစီများချမှတ်ရာတွင် ပြည်သူ့ဆန္ဒ အာလုံး ပါဝင်နိုင်ရန် ရည်ရွယ်ထားသည့်စနစ် ဖြစ်သည့်အတွက် ဒီမိုကရေစီစနစ်၏အနှစ်သာရ ပို၍ ပြည့်ဝ စေသည်ဟု ဆိုပါသည်။

အခြားတစ်ဖက်တွင် PR စနစ်သည် တည်ငြိမ်သော အစိုးရဖော်ဆောင်ရေးမှာ အခက်အခဲ ဖြစ်စေသည်ဟု ဝေဖန်သူတွေက ဆိုပါသည်။ ပါလီမန်တွင် ပါတီအားလုံး၏ ကိုယ်စားလှယ်များ အချိုးကျပါဝင် ခွင့်ရသည့် အတွက် မည်သည့်ပါတီကမျှ အပြတ်အသတ် အနိုင်ရခြင်းမျိုး မရှိပေ။ ဤသို့သော အနေအထားတွင် ပေါ် လစီများ ချမှတ်ရာတွင်လည်းကောင်း ဆုံးဖြတ်ချက်တစ်ခုခု ချမှတ်ရာတွင်လည်းကောင်း ဟန့််တားမှုများ၊ ပိတ်ဆို့မှုများ ဖြစ်နိုင်ပါသဖြင့် အစိုးရအနေဖြင့် နိုင်ငံကို တည်ငြိမ်စွာ အုပ်ချုပ်ရန် အခက်အခဲ ဖြစ်နိုင်သည် ဟု ဆိုသည်။ သို့အတွက် အီတလီနိုင်ငံသည် အချို့ကျကိုယ်စားစနစ်ကို ကျင့်သုံးခဲ့ရာမှ ၁၉၉၃ ခုနှစ်တွင် လူထုဆန္ဒခံယူပွဲကျင်းပပြီး သာမန်မဲအများစုရ အနိုင်ရသည့်စနစ်ကို ပြောင်းလဲ ကျင့်သုံးခဲ့ပါ သည်။

➖ မြန်မာနိုင်ငံရွေးကောက်ပွဲစနစ်

မြန်မာနိုင်ငံတွင် ပါလီမန်ဒီမိုကရေစီစနစ်ခေတ်၊ ၁၉၉၀ ခုနှင့် လက်ရှိကျင့်သုံးနေသည့် ရွေးကောက်ပွဲသည် FPTP- သာမန်မဲအများစုရသူ အနိုင်ရသည့် ရွေးကောက်ပွဲစနစ်ကို ဖြစ်ပါသည်။

၁၉၉၀ ခု ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ဆန္ဒမဲ ၆၀% ကျော် ဖြင့် ပါလီမန်အမတ် နေရာ(၈၀)ရာခိုင်နှုန်းကျော် အနိုင်ရပါသော်လည်း အချို့မဲဆန္ဒနယ်တွင် အရွေးခံရသည့်ကိုယ်စားလှယ် များသည် ဆန္ဒမဲထောက်ခံမှု ၅၀% မရသည်ကို တွေ့ရပေသည်။

၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ပြည်သူ့လွတ်တော် (၃၃၀) နေ ရာ ရှိသည့်အနက် (၂၅၅) နေရာဖြင့် လွှတ်တော်နေရာ ၇၅% ကျော်ဖြင့် အနိုင်ရရှိပါသည်။ သို့သော် အချို့ မဲဆန္ဒနယ်မြေများ အထူးသဖြင့် ပြည်နယ်မဲဆန္ဒနယ်မြေများတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ် စားလှယ်များ ရရှိသည့်မဲသည် ဆန္ဒမဲပေးသူ၏ ၅၀ % အောက်ရှိနေသည်ကို တွေ့ရပေသည်။ ရွေးကောက် ပွဲကော်မရှင်၏ရွေးကောက်ပွဲရလာဒ်စာရင်းများအရ ကချင်ပြည်နယ် မဲဆန္ဒနယ်မြေ (၁၈)နေရာတွင် အဖွဲ့ ချုပ်ပါတီမှ(၁၃)နေရာ အနိုင်ရရှိပြီး မိုးညှင်း၊ဖားကန့်၊ဗန်းမော်နှင့်ရွေးကူတို့ (၄) နေရာသာ ဆန္ဒမဲ ၅၀ % ကျော် ရရှိသည်ကို တွေ့ရပေသည်။

အလားတူ ကရင်ပြည်နယ် မဲဆန္ဒနယ်မြေ(၇)နေရာစလုံးတွင် အဖွဲ့ချုပ်ပါတီမှ အနိုင်ရရှိသော်လည်း မြဝ တီမဲဆန္ဒနယ်မြေတစ်ခုသာ ဆန္ဒမဲ ၅၀ % ကျော် ရရှိပါသည်။ ကော့ကရိတ် မဲဆန္ဒနယ်မြေတွင် ဆန္ဒမဲပေး သူ၏ ၃၅ % သာ အဖွဲ့ချုပ်ပါတီကိုယ်စားလှယ်က ရရှိပါသည်။ထိုနည်းတူ မွန်ပြည်နယ် မဲဆန္ဒနယ်မြေ (၁၀)နေရာစလုံးတွင် အဖွဲ့ချုပ်ပါတီက အနိုင်ရရှိသော်လည်း ဆန္ဒမဲ ၅၀ %ကျော်သည့် မဲဆန္ဒနယ်မြေ ၄ နေရာသာ ရှိပြီး ကျိုက်မရောမဲဆန္ဒနယ်မြေတွင် ဆန္ဒမဲပေးသူ ၏ ၃၄ % သာ ဒီချုပ်ပါတီကိုယ်စားလှယ်က ရရှိပါသည်။

အချုပ်ဆိုက တိုင်းရင်းသားနိုင်ငံရေးပါတီ အပါအဝင် ပါတီအမြောက်အမြား ဝင်ရောက်ယှဉ်နေသည့် မြန် မာနိုင်ငံမျိုးတွင် ယခုကျင့်သုံးနေသည့် FPTP စနစ်သည် မဲဆန္ဒရှင်အများစု ၅၀% + ၁ ကို ကိုယ်စားပြုရန် မဖြစ်နိုင်ပေ။ ဤစနစ်သည် ပါတီကြီးတွေကသာ နိုင်ခြေများပြီး ပါတီကြီးကသာ အစိုးရကို အစဉ် ဖွဲ့စည်း ခွင့် ပိုများမည်ဖြစ်သည်။ လူနည်းစု တိုင်းရင်းသားလူမျိူးများ၏တန်းတူ ကိုယ်စားပြု ပါဝင်နိုင်မှုမှာ များစွာ ခက်ခဲနေမည်။

➖ စစ်ကောင်စီက ကျင့်သုံးမည့် PR ရွေးကောက်ပွဲစနစ်

သို့ဖြင့် မြန်မာနိုင်ငံနှင့်ကိုက်ညီသည့် လူနည်းစုများကို ကိုယ်စားပြုနိုင်သည့်ရွေးကောက်စနစ်ကို စဉ်းစားရ မည်မှာ လက်တွေ့ပကတိတရား ဖြစ်သည်။ သို့သော် စစ်ကောင်စီက နောက်ရွေးကောက်ပွဲတွင် ကျင့် သုံးရန် ပြင်ဆင်နေသည့် အချိုးကျကိုယ်စားပြုစနစ် PR ရွေးကောက်ပွဲစနစ်သည် တိုင်းရင်းသားလူနည်း စုများကို ကိုယ်စားမပြုနိုင်သည်သာမက တိုင်းရင်းသားလူမျိုးများအပါအဝင် မြန်မာပြည်သူလူထု တစ်ရပ်လုံးကို ရာသက်ပန် စစ်ကျွန်ပြုမည့် ရွေးကောက်ပွဲစနစ် ဖြစ်သည်။

စစ်ကောင်စီသည် ကမ္ဘာ့နိုင်ငံများတွင် ကျင့်သုံးနေသည့် အချိုးကျကိုယ်စားပြုစနစ် PR စနစ်ပုံစံ မဟုတ် ဘဲ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း PR စနစ်ကို အကောင်အထည်ဖော်မည် ဖြစ်သည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွတ်တော်တိုင်းတွင် စစ်တပ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှန်း ပါဝင်နေသဖြင့် ကိုယ်စားလှယ် ၇၅ ရာခိုင်နှန်းသာ ရွေးကောက်သွားမည် ဖြစ်သည်။ ရွေးကောက်ပွဲဝင် ပါတီတိုင်းက ၎င်းတို့ရရှိသည့်မဲအရေအတွက်အလိုက လွတ်တော်တွင် အချိုးကျပါဝင်ခွင့်ရမည်ဖြစ်သည့်အတွက် FPTP ရွေးကောက်ပွဲစနစ်ကဲ့သို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကဲ့သို့သော ပါတီကြီး များအဖို့ မဲ ၅၀ ရာခိုင်းနှုန်းကျော် အနိုင်ရရှိရန် မဖြစ်နိုင်တော့ပါ။

သို့ဖြင့် အနိုင်ရပါတီက အစိုးရဖွဲ့နိုင်ရန် အနိမ့်ဆုံးအဆင့်အနေဖြင့် စစ်တပ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှန်း နှင့်ညှိနှိုင်းပြီး ညွန့်ပေါင်းအစိုးရ ဖွဲ့ရမည် ဖြစ်သည်။အကယ်၍ ညွန့်ပေါင်းအစိုးရတွင် ပါတီ ၂ ခုနှင့် စစ်တပ် ကိုယ်စားလှယ်ပေါင်းပြီး ဖွဲ့ရသည့်အနေအထားဖြစ်ပါက စစ်တပ်ကိုယ်စားလှယ်ကသာ အစိုးရအဖွဲ့တွင် အများစု ဖြစ်သွားမည် ဖြစ်သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်တွင် PR ရွေးကောက်ပွဲစနစ်ကို ကျင့်သုံးပါက စစ်တပ်က မြန်မာ့ နိုင်ငံရေးတွင် တရားဝင် ထာဝရလွမ်းမိုး သွားမည်ဖြစ်သဖြင့် တိုင်းရင်းသားလူမျိုးများသာမက မြန်မာ ပြည သူတစ်ရပ်လုံးပါ ရာသက်ပန် စစ်ကျွန်ဘဝ ရောက်သွာမည့်အနေအထားမျိုး ဖြစ်သွားမည်။

မြန်မာနိုင်ငံတွင် အချိုးကျကိုယ်စားပြုစနစ် PR စနစ်ကို ကျင့်သုံးလိုပါက နံပါတ် (၁) အချက်ဖြင့် စစ်တပ် မပါသည့် လွတ်တော်ဖြစ်ရမည်။ ၎င်းအပြင် (PR)စနစ်၏အားနည်းချက်သည် မြန်မာနိုင်ငံအတွက် မည် သို့သော အကျိုးသက်ရောက်မှု ရှိနိုင်မည်ကို အသေအချာ လေ့လာသင့်ပေသည်။ (PR)စနစ်အပြင် ဒုတိယ အကြိမ်ယှဉ်ပြိုင်သည့်စနစ် Two round (runoff) system ၏ကောင်းကျိုး ဆိုးကျိုးများကိုလည်း လေ့လာ သင့်ပေသည်။

မည်သို့သော ရွေးကောက်စနစ် ကျင့်သုံးစေကာမူ စစ်တပ်မပါသည့် စစ်တပ်လွမ်းမိုးမှုကင်းသော ဒီမိုကရေ စနစ်အောက်ရှိ ရွေးကောက်ပွဲဖြစ်မှသာ တိုင်းရင်းသားလူမျိုးများ၏တန်းတူအခွင့်အရေးကို ပိုမိုဖော်ဆောင်နိုင်မည် ဖြစ်သည်။

– နိုင်ဗညားမွန် (မွန်ပြည်ဖွံ့ဖြိုးရေးစင်တာ)

– မွန်ပြည်ဖွံ့ဖြိုးရေးစာစောင်မှ ပြန်လည်တင်ဆက်သည်။