• Today is: Monday, August 8, 2022

“ဖက်ဒရယ်စနစ်အတွင်း လုပ်ပိုင်ခွင့်အာဏာ ခွဲဝေခြင်း (စကားဝိုင်း) အနှစ်ချုပ်”

“ဖက်ဒရယ်စနစ်အတွင်း လုပ်ပိုင်ခွင့်အာဏာ ခွဲဝေခြင်း (စကားဝိုင်း) အနှစ်ချုပ်”

“ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ ကျနော်တို့ ပြည်နယ်ကို အုပ်ချုပ်ဖို့ ကိုယ့်ပြည်နယ်သူ ပြည်နယ်သားများက စိတ်တိုင်းကျအလိုတော် ရေးဆွဲရမယ့်ဟာဖြစ်ပါတယ်။ ဥပမာအနေနဲ့ ပြောရမယ်ဆိုရင် အင်္ဂလိပ်ကိုလိုနီခေတ်ကို ဘာလို့ ကျွန်ဘဝလို့ခေါ်ခဲ့တာလဲ အမှန်တကယ်တော့ သူတို့ကလည်း သူတို့ရဲ့ ဥပဒေနဲ့ အုပ်ချုပ်ခဲ့တာပဲ ဒါပေမဲ့ ကျနော်တို့ ပြည်သူလူထုကနေပြီးတော့ ကျွန်ဘဝလို့ခေါ်နေရတာလဲ၊ တကယ့်တကယ် အဓိပ္ပါယ်က ဘာလဲဆိုတော့ ကျနော်တို့ ပြည်သူလူထုကိုယ်တိုင် ရေးဆွဲပြဌာန်းထားတဲ့ ဥပဒေမဟုတ်ခဲ့လို့ဖြစ်တယ်။ တနည်းအားဖြင့် ပြောရရင် သူတို့ အင်္ဂလိပ်ကိုလိနီတွေက ရေးဆွဲပြဌာန်းထားတဲ့ ဥပဒေနဲ့ ကျနော်တို့ကို အုပ်ချုပ်ခဲ့လို့ အပြဌာန်းခံ ဘဝဖြစ်ခဲ့လို့ ကျွန်ဘဝလို့ခေါ်နေတာဖြစ်တယ်။ ဒါကြောင့် ကျနော်တို့ အနာဂတ် ဖက်ဒရယ်ပြည်ထောင်စုမှာ ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲပိုင်ခွင့်မရှိဘူးဆိုရင် ကျနော်တို့ တိုင်းရင်းသားတွေက အဲ့ဒီဘဝနဲ့အတူတူပဲ ဖြစ်နေအုန်းမှာဖြစ်ပါတယ်”

Thawng Tha Lian S (Deputy Executive Director) Canter for Development and Ethnic Studies-CDES

ဖက်ဒရယ်လို့ပြောလိုက်တာနဲ့ အရေးကြီးဆုံးက အာဏာခွဲဝေမှုပဲဖြစ်ပါတယ်။ ပြည်ထောင်စုနဲ့ ပြည်နယ်ကြား အာဏာကို ဘယ်လိုခွဲဝေမလဲဆိုတဲ့ဟာက အနစ်သာရဖြစ်တယ်။ ဒါကြောင့် ကျနော်တို့ ဖြစ်စေချင်တာက ပြည်ထောင်စုလုပ်ပိုင်ခွင့်အာဏာသီးသန့် ဖော်ပြရမယ်။ ပြီးတော့ ပြည်နယ်တွေရဲ့ လုပ်ပိုင်ခွင့်အာဏာ သီးသန့်ပြဌာန်းထားရမယ်။ အဲဒါတောင် ကျနော်တို့ စဉ်းစားရမှာက ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲ ပိုင်ခွင့်ကလည်း အတော်လည်းကို အရေးကြီးတယ်လို့မြင်တယ်။ ဘာလို့ဆိုတော့ ပြည်ထောင်စုရဲ့ ပြဿနာ အရင်းမြစ်ကိုကြည့်မယ်ဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဿနာဖြစ်နေတယ်။ အာဏာခွဲဝေမှု (Separation of powers) ပြည်ထောင်စုနဲ့ ပြည်နယ်ကြား အာဏာခွဲဝေမှုဆိုတာမရှိခဲ့လို့ ကျနော်တို့နိုင် အခုလို ပြဿနာတွေနဲ့ ရင်ဆိုင်နေရတာဖြစ်တယ်။ အဲ့တော့ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံအတွက် ဘာဖြစ်သင့်သလဲဆိုတော့ နောက်ဆုံး အဋိမပန်းတိုင်ကတော့ ပြည်နယ် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပိုင်ခွင့်ဆိုတဲ့ဟာဖြစ်တယ်။ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ ကျနော်တို့ ပြည်နယ်ကို အုပ်ချုပ်ဖို့ ကိုယ့်ပြည်နယ်သူ ပြည်နယ်သားများက စိတ်တိုင်းကျအလိုတော် ရေးဆွဲရမဲ့ဟာဖြစ်ပါတယ်။ ဥပမာအနေဲ့ ပြောရမယ်ဆိုရင် အင်္ဂလိပ်ကိုလိုနီခေတ်ကို ကျွန်ဘဝလို့ခေါ်ခဲတာလဲဆိုရင် သူတို့ကလည်း အမှန်တကယ်တော့ သူတို့ရဲ့ ဥပဒေနဲ့ အုပ်ချုပ်ခဲ့တာဖြစ်တယ်။ ဒါပေမဲ့ ကျနော်တို့ ပြည်သူလူထုကနေပြီးတော့ ကျွန်ဘဝလို့ခေါ်နေရတာလဲ၊ တကယ့်တကယ် အဓိပယ်ကဘာလဲ ဆိုတော့ ကျနော်တို့ ပြည်သူလူထုကိုယ်တိုင် ရေးဆွဲပြဌာန်းထားတဲ့ ဥပဒေမဟုတ်ခဲ့လို့ဖြစ်တယ်။ တနည်းအားဖြင့် ပြောရရင် သူတို့ အင်္ဂလိပ်ကိုလိနီတွေက ရေးဆွဲပြဌာန်းထားတဲ့ ဥပဒေနဲ့ ကျနော်တို့ကို အုပ်ချုပ်ခဲ့လို့ အပြဌာန်းခံ ဘဝဖြစ်ခဲ့လို့ ကျွန်ဘဝလို့ခေါ်နေတာဖြစ်တယ်။ ဒါကြောင့် ကျနော်တို့ အနာဂတ် ဖက်ဒရယ်ပြည်ထောင်စုမှာ ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲပိုင်ခွင့်မရှိဘူးဆိုရင် ကျနော်တို့ တိုင်းရင်းသားတွေက အဲ့ဒီဘဝနဲ့အတူတူပဲ ဖြစ်နေအုန်းမှာဖြစ်ပါတယ်။ ဒါကြောင့် ဖက်ဒရယ်လို့ပြောရင် အာဏာခွဲဝေမှု (Separation of powers) ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးက အရေးကြီးတယ်လို့ ကျနော် ပြောလိုပါတယ်။

ဖက်ဒရယ်အင်္ဂါရပ်တွေကို ပြည်ထောင်စုမှာ ဘယ်လောက်ရှိခဲ့သလဲ ပြည်နယ်တွေမှာ ဘယ်လောက်ရှိခဲ့သလဲ ဆိုတာကို ပေတံအနေနဲ့ တိုင်းဖို့လိုမယ်။ ကျနော်တို့ ကြည့်မယ်ဆိုရင် အာဏာကိုဘယ်လိုခွဲဝေမလဲ စဉ်းစားတဲ့ အခါမှာ ကျနော်တို့ရဲ့ ပြည်ထောင်စုကြီးကို ဘယ်လိုပုံစံနဲ့ ဖွဲ့စည်းခဲ့သလဲဆိုတဲ့ဟာက အရေးကြီးတယ်။ ဆိုလိုချင် တာက ၁၉၄၇ ပင်လုံစာချုပ်ကနေ ပေါ်ပေါက်လာခဲ့တဲ့ နိုင်ငံဖြစ်တယ်။ ဒါမှမဟုတ် ကျနော်တို့ အတူတကွလာပြီး တော့ ရှမ်းပြည်မှာ တွေ့ဆုံပြီးတော့ ဖွဲ့စည်းလိုက်တဲ့ နိုင်ငံဖြစ်တဲ့အတွက်ကြောင့်မို့ Comingtogether ပုံစံဖြစ်တယ် ဆိုတဲ့ဟာဖြစ်တယ်။ တဖက် စစ်တပ်တွေရဲ့ အမြင်မှာကတော့ ပင်လုံစာချုပ်မတိုင်ခင် ဘုရင်ခေတ်ကတည်းက နေရှိပြီးသားဖြစ်တယ်ဆိုတဲ့ Holding together အမြင်ရှိတယ်။ ဒီမြင်နှစ်ခုကြောင့် အာဏာခွဲဝေတဲ့အခါမှာ အတော်လည်းကို အကျိုးတက်ရောက်မှုရှိစေတယ်။ Comingtogether ပုံစံနဲ့ စဉ်းစားချက်ရှိသလို Holding together ဆိုတဲ့ အမြင်ရှိခဲ့တယ်။ တကယ်လို့ ဒီပြည်ထောင်စုကြီးကို အာဏာခွဲဝေတဲ့အချိန်မှာ ဘယ်လိုပုံစံနဲ့ ဖွဲ့စည်းခဲ့သလဲဆိုတာက စကားပြောလာတယ်။ ဥပမာအနေနဲ့ ပြောရရင် ရှမ်းပြည်မှာ ကချင်လူမျိုး၊ ချင်းလူမျိုး၊ ရှမ်းလူမျိုး နဲ့ ဗမာလူမျိုးတွေ ပြည်ထောင်တွေ အတူတကွ လာပြီးတော့ ဖွဲ့စည်းလာတဲ့ နိုင်ငံဖြစ်တယ်။ ဒါကြောင့် ပြည်ထောင်စု လူမျိုးဆိုတဲ့ဟာက မရှိဘူးဆိုပြီးတော့ ကျနော်ယူဆပါတယ်။ ပြည်ထောင်စုရဲ့ ဖွဲ့စည်းသဏ္ဍန်က လူမျိုးတွေကို အခြေခံပြီး ဒါမှမဟုတ် ပြည်နယ်တွေကို အခြေခံပြီးတော့ ဖွဲ့စည်းလိုက်တဲ့ နိုင်ငံဖြစ်တဲ့အတွက် လုပ်ပိုင်ခွင့်အာဏာခွဲဝေတဲ့အချိန်မှာ ပြည်ထောင်စုလူမျိုးဆိုတဲ့ မရှိတဲ့ဟာကို ဘာဖြစ်လို့ လူမျိုးနဲ့ သက်ဆိုင်တဲ့ ဟာကို လုပ်ပိုင်ခွင့်အာဏာပေးမလဲဆိုတဲ့တာ မေးခွန်းမေးရမှာဖြစ်တယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၆/၃၇ ကိုကြည့်လိုက်ရင် ဘယ်လိုရေးထားလဲဆိုတော့ ပြည်ထောင်စုတစ်ဝှမ်းလုံးမှာ ရှိတဲ့အားလုံး လေပေါ် လေအောက်၊ ရေပေါ်ရေအောက်၊ မြေပေါ်မြေအောက် အကုန်လုံးကို ပြည်ထောင်စုပိုင်တယ်ဆိုပြီးတော့ ရေးထား လိုက်တယ်။ ဒီဟာကဘာကို ဆိုလိုသလဲဆိုတော့ ပြည်နယ်သူ/သားတွေပိုင်တဲ့ နယ်မြေ၊ လယ်ယာ အားလုံးက ခများတို့ ပိုင်တာမဟုတ်ဘူး။ ပြည်ထောင်စုပိုင်တာဖြစ်တယ်ဆိုပြီး အဲ့လိုလုပ်လိုက်တဲ့ဟာကျတော့ ပြည်နယ်တွေရဲ့ လုပ်ပိုင်ခွင့်အာဏာက ဘာမှမရှိဘူးဆိုတာ သက်သေတခုအနေနဲ့ တွေ့ရှိနိုင်တယ်။ အလားတူ ပြည်ထောင်စု လူမျိုးမရှိတဲ့ဟာ လုပ်ပိုင်ခွင့်အာဏာပေးထားလဲဆိုတာ မေးစရာရှိလာတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၆၁ ကိုကြည့်လိုက်ပါ ဘယ်လိုရေးထားလဲဆိုတော့ ဗုဒ္ဓဘာသာသည် ဂုဏ်ထူးဝိဒေသနှင့်ပြည့်စုံသော ဘာသာ ဖြစ်သည်ဆိုပြီးတော့ ရေးထားတယ်။ ပုဒ်မသီးသန့်နဲ့ ပုဒ်မ ၃၆၂ မှာ ဘယ်လိုပြန်ရေးထားလဲဆိုတော့ ပြည်ထောင်စု ထဲမှာ ခရစ်ယာန်၊ အစ္စလမ်၊ ဟိန္ဒူဘာသာနဲ့ အခြားဘာသာတွေလည်း ရှိတယ်ဆိုပြီးတော့ ရေးထားတာ တွေ့ရတယ်။ ပြောချင်တာက ဒီဟာတွေကအစပြန်ပြီးတော့ သုံးသပ်မယ်ဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံခြေခံဥပဒေအရ ပြည်နယ်နဲ့တိုင်းတွေကို လုပ်ပိုင်အနည်းငယ်ပေးထားတာတော့ရှိတယ်။

ခွန်းမတ်ရ်ကိုဘန် ( ဥက္ကဌဟောင်း) ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းရေးဆွဲရေးနှင့် ညှိနှိုင်းရေးကော်မတီ (FCDCC)

အာဏာခွဲဝေရေးဆိုတာ အမျိုးသားပြည်နယ်/ပြည်ထောင်ကနေပြီးတော့ အချုပ်အခြာအာဏာကို ပြည်ထောင်စုမှာ လာစုစည်းကြတယ်။ ပြည်ထောင်စုမှာ လာစုစည်းတဲ့အဟာ အမျိုးသားပြည်နယ်တခုတည်းကနေပြီး လုပ်လို့မရတဲ့ အာဏာကို ဥပမာ  (၁၀)ပြည်နယ်ဆိုပါတော့ ညှိနှိုင်းကြပြီးတော့ တစ်ပြည်နယ်လုပ်လို့မရတဲ့ဟာ ပြည်ထောင်စုကို အပ်ရမယ်။ ဥပမာ နိုင်ငံခြားရေး၊ ငွေစက္ကူ ငွေဒင်္ဂါး၊ ပြည်ထောင်စု ကာကွယ်ရေးတို့ပေါ့။ နောက် အပိုင်းနဲ့ ပြောရရင် တော့ ကျန်ရှိတဲ့အာဏာအားလုံးကို ပြည်နယ်အသီးသီးမှာ ထားရမယ်။ ဒီထဲမှာမှ ပြည်နယ်တခုတည်းလည်းလုပ်လို့ မရဘူး။ ပြည်ထောင်စုကနေပြီးတော့လည်း လုပ်လို့မရတဲ့ ပူးတွဲအာဏာဆိုတာရှိတယ်။ ဖက်ဒရယ်စနစ်ထဲမှာ ပူးတွဲအာဏာဆိုတာက ပြည်နယ်တခုတည်းကနေလုပ်လို့မရလို့ ပြည်ထောင်စုနဲ့တွဲထားပေမဲ့ ပြည်နယ်က လုပ်နိုင် ပြီဆိုရင် ပြန်အပ်ရပါတယ်။ ချုပ်ကိုင်လို့မရပါဘူး။ နောက်တခုက ကြွင်းကျန်အာဏာကို ပြည်နယ်ကို ပေးရမယ်။ တချို့က ကြွင်းကျန်လို့ပြောရင် ထမင်းကျန် ဟင်းကျန်ပေးသလို ထင်ကြတယ်။ အမှန်တော့မဟုတ်ဘူး။ ပြည်ထောင်စုမှာ လုပ်လို့မရတဲ့အာဏာအားလုံးက ပြည်နယ်ဆီမှာလာပုံတာကိုပြောတာဖြစ်တယ်။ တချို့က ကြွေးကျန်တဲ့အာဏာကို ကျနော်တို့မလုပ်နိုင်ရင် ပြည်ထောင်စုကို ပြန်အပ်မယ်ဆိုပြီးတော့ ပြည်နယ်ဖွဲ့စည်းပုံ ရေးဆွဲနေတာကိုလည်း တွေ့ရတယ်။ ပြောချင်တာက ကြွင်းကျန်တဲ့အာဏာကို ဘယ်တော့မှ ပြည်ထောင်စုကို သွားမအပ်နဲ့ ကိုယ်မလုပ်နိုင်တဲ့ကြွေးကျန်အာဏာ ဘာကျန်မလဲဆိုတာ မပြောနိုင်တဲ့အရာတွေ အများကြီးရှိတယ်။ ဒါကို ကြွင်းကျန်တဲ့အာဏာကို ပြည်ထောင်စုဆီသွားအပ်မယ်ဆိုရင် သွားပြီ ကျနော်တို့ရဲ့ အမျိုးသားတန်းတူရေး အတွက်မမျှော်နဲ့တော့။ အချုပ်အားဖြင့် ကျနော်ကတော့ ပြည်ထောင်စုရဲ့ ဥပဒေပြုအာဏာနဲ့ ပြည်နယ်ဥပဒေပြု အာဏာရှိရမယ်။ နောက် ပူးတွဲအာဏာရှိရမယ်။ ကျန်တဲ့အာဏာခွဲဝေရေးအပိုင်းကတော့ တာတွေရဲ့ နောက်ဆက် တွဲတွေပါပဲ။

ဖက်ဒရယ်ဆိုတဲ့ အသုံးအနှုန်းကို ဦးနေဝင် လုပ်လိုက်တာက ၁၉၆၂ ခုနှစ် နှစ်ပေါင်း(၆၀)လုံးလုံး ဖက်ဒရယ်ဆိုတာက တိုင်းပြည်ပုန်ကန်မှုပဲဆိုပြီး တစ္ဆေ သရဲကြောက်သလို အဓိပါယ်မရှိကြောက်နေကြတယ်။ အထူးသဖြင့် ဗမာနိုင်ငံရေးသမားတွေကအစ ဘယ်လောက်ထ အမြော်အမြင်မရှိလဲဆိုရင် ဖက်ဒရယ်ဆိုတာ တိုင်းပြည် ပုန်ကန် မှုဆိုပြီး သုံးကိုမသုံးရဲကြဘူး ကြောက်နေကြတာ။ ရေးဖို့ ပြုဖို့ထား။ အဲ့တာကို ဦးသိန်းစိန် က အခွင့်ကောင်းယူပြီး ဖက်ဒရယ် ကို စပြောလာတယ်။ နောက်ဆုံးသက်ကုန်ဟာနီး သူကဘာလုပ်လာလဲဆိုတော့ အပစ်ခတ်ရပ်ဆဲရေး (NCA) ကိစ္စ၊ ကျနော်တို့ လူတွေလည်း အားနည်းချက်ရှိတော့ (၈)ဖွဲ့ကို တခြမ်းဘဲ့ပြီး လုပ်လိုက် တယ်။ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံထဲမှာ ပြည်နယ် ၇ ခု တိုင်း ၇ ခု ဆိုကတည်းက ပြည်ထောင်စု ဖက်ဒရယ် ဆိုတာ ဟန်ပြပဲဖြစ်တယ်။ တိုင်းရင်းသားတန်တူရေးမှ မဟုတ်တာ။ နောက်တခုက လွှတ်တော်တော်နှစ်ရပ်ဆိုပြီး ဟန်ဆောင်ထားထားတယ်၊ လွှတ်တော်နှစ်ရပ်က ထပ်တူဥပဒေပြုအာဏာမရှိဘူး။ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်ရောလိုက်တဲ့ ချိန်ကျတော့လည်း တိုင်းရင်းသားအခွင့်အ‌ရေးဆိုတာဘာမှတခုမှ မလုပ်ဆောင်နိုင်ဘူး။

နိုင်ဗညားမွန် ( ဒါရိုက်တာ) မွန်ပြည်ဖွံ့ဖြိုးရေးစင်တာ

၂၀၀၈ ဖွဲ့စည်းပုံဟာ ဖက်ဒရယ်သဏ္ဍန်ရှိသော်လည်း အနစ်သာရပိုင်းမှာ ဘာမှမရှိဘူး။ ကျနော်တို့ လေ့လာခဲ့တဲ့ ဖက်ဒရယ်ရဲ့ အနိမ့်ဆုံး ဝိဒေသလက်က္ခာဏာထဲမှာ ဒီမိုကရေစီနည်းအရ ရွေးချယ်တင်မြောက်ထား အစိုးရရှိရမယ်။ နောက်ပြီးတော့ တူညီတဲ့ လွှတ်တော်ရှိရမယ်။ ဒါက ကျနော်တို့ပြောနေတဲ့ ဝိဒေသပုံစံပေါ့။ ဖက်ဒရယ်စနစ်လို့ ပြောတဲ့အခါမှာ ဒီစနစ်နဲ့ တွန်တွဲလာတဲ့ ဒီမိုကရေစီစနစ်ဆိုတာရှိဖို့လိုတယ်။ ဆိုတော့ ၂၀၀၈ ဖွဲ့စည်းပုံဟာ ဒီမိုကရေစီ ဘယ်လောက်ဆန်လဲ မဆန်လဲဆိုတာ လူတိုင်းလည်း သိပြီးသားဖြစ်ပါတယ်။ ၂၀၀၈ ထဲမှာပါတဲ့ လုပ်ပိုင်ခွင့် ဇယားတွေက သတ်မှတ်ထားတယ်။ လုပ်ပိုင်ခွင့်ပိုင်းမှာကတော့ မေးစရာ မေးခွန်တွေများစွာရှိ လာတယ်။ နောက်တခုက ဖက်ဒရယ်စနစ်မှာ မရှိမဖြစ်လိုအပ်တဲ့ လုပ်ပိုင်ခွင့်အာဏာ ခွဲဝေသတ်မှတ်ရေးအပိုင်းမှာ အချို့ပညာရှင်တွေက ပြောတယ် Commissioner နဲ့လုပ်လို့ရတယ်။ တချို့ကျတော့ Constitution နဲ့ လုပ်လို့ရ တယ်ဆိုပြီးတော့ပေါ့။ ကျနော်တို့အမြင်က Constitution အရ လုပ်ပိုင်ခွင့်အာဏာခွဲဝေ သတ်မှတ်တာက ပြည်နယ် အတွက်၊ လူနည်းစုအတွက် ပိုပြီးအာခမခံချက်ရှိတယ်။ အဲ့တော့ ၂၀၀၈ ပြောတဲ့အဟာမှာ ပြည်နယ်လွှတ်တော်က ရှိတယ်ဆိုပေမဲ့ အဲ့ဒီလွှတ်တော်က ဘယ်အပေါ်မှာ အခြေခံပြီး လုပ်လို့ရမယ်ဆိုတဲ့ဟာက မေးခွန်းကအများကြီးပါ။ ပြည်နယ် Constitution မရှိဘူး။ ပြည်နယ် ဥပဒေပြုအဖွဲ့က ဘယ်အပေါ်မှာ ဥပဒေပြုလုပ်လို့ရမလဲဆိုတာပေါ့။ ဒါကြောင့် ကျနော်ကတော့ ၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေကို ဖက်ဒရယ်ပုံစံဆိုတာကိုတော့ လက်မခံပါဘူး။ ပြီးတော့ ၂၀၀၈ ထဲမှာ အာဏာလျော့ချရေး (Decentralization) ပုံစံရှိလားဆိုတော့လည်း မမြင်ပါဘူး။ ဗဟိုချုပ်ကိုင်မှု တော်တော်တင်းကြပ်တဲ့ ဖွဲ့စည်းပုံဖြစ်ပါတယ်။ ရှင်းရှင်း ဥပမာနဲ့ပြောရရင် ပြည်နယ်တွေမှာ အသေးအမွှား ကျေးရွာ ဆေးရုံ၊ ဆေးခန်း ဆောက်တာကအစ နေပြည်တော်မှာ သွားပြီးတော့ ခွင့်တောင်းရတယ်။

နိုင်ငံတစ်ခုကိုတည်ဆောက်တဲ့အခါမှာ အာဏာခွဲဝေမှု (Separation of powers) လို့ ပြောတဲ့ အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေးအာဏာ၊ ဥပဒေပြုရေးအာဏာဆိုပြီး အာဏာ သုံးရပ်ကို ခွဲပြီးတော့ ထားလိုက်တဲ့ သဘောဖြစ်တယ်။ ဒီမိုကရေစီနိုင်ငံတိုင်းမှာ Separation of powers – SOP ကို လူတစုထဲမှာ မရှိအောင် ဥပဒေကြောင်း Constitution အရ ခွဲခြားထားတယ်။ အာဏာခွဲဝေသတ်မှတ်ရေးလို့ဆိုတဲ့အခါ ပြည်ထောင်စုလို့ခေါ်တဲ့ ဗဟိုနဲ့ ပြည်နယ်အကြားမှာ လုပ်ပိုင်ခွင့်အာဏာကို ခွဲခြားသတ်မှတ်တာကို Division of power လို့ခေါ်တယ်။ ဖက်ဒရယ်နိုင်ငံတိုင်းမှာ ပြည်နယ်လုပ်ပိုင်ခွင့်အာဏာနဲ့ ဗဟိုလုပ်ပိုင်ခွင့်အာဏာ Division of power ရှိတယ်။ ဖွဲ့စည်းပုံအရ ဘယ်လုပ်ငန်းတွေကို ပြည်နယ်ကို ပေးထားတယ်၊ ဘယ်လုပ်ပိုင်ခွင့်တွေကို ဗဟို ပြည်ထောင်စုကို ပေးထားတယ်ဆိုပြီး ခွဲထားတယ်။ ဒါက SOP နဲ့ DOP ရဲ့ကွာခြားချက်ပေါ့။ နောက် အကြွေးအကျန် အာဏာ ပြောတဲ့အခါ ဖက်ဒရယ်ပြည်ထောင်စု ဗဟို လုပ်ပိုင်ခွင့်အာဏာရှိမယ်။ ပြည်နယ်နဲ့သက်ဆိုင်တဲ့ လုပ်ပိုင်ခွင့် အာဏာရှိမယ်။ ထိုနည်းတူ ဗဟို နဲ့ ပြည်နယ် နှစ်ခုကြားကို ရောစပ်ထားတဲ့ ထပ်တူပြုအာဏာဆိုပြီး အာဏာသုံး ခုရှိတယ်။ အဲ့ဒီအာဏာ ၃ ခုထဲမှာ မပါဘဲ ကျန်နေတဲ့အာဏာတွေကို ကြွေးကျန်အာဏာလို့ခေါ်တယ်။