• Today is: Friday, March 29, 2024

မြန်မာနိုင်ငံအပေါ် အခြားနိုင်ငံများက တုံ့ပြန်နေကြသည့် အခြေအနေများအပေါ် ထင်ဟပ်သုံးသပ်ချက်များ

မြန်မာနိုင်ငံအပေါ် အခြားနိုင်ငံများက တုံ့ပြန်နေကြသည့် အခြေအနေများအပေါ် ထင်ဟပ်သုံးသပ်ချက်များ

 

ဘာတွေလုပ်လို့ရလဲ- အပိုင်း (၁)

Igor Blazevic ရေးသားသည်။

 

အောင်နိုင်မည့်သူအဖြစ် ဖြစ်နိုင်ခြေအရှိဆုံးဖက်အားမှန်းမျှော်ကြည့်ခြင်း

 

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် အာဏာသိမ်းရန် ကြိုးပမ်းချိန်မှစ၍ မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများ နှင့် အခြားနိုင်ငံတကာက အဆုံးတွင် မြန်မာစစ်တပ်က အောင်နိုင်မည်ဖြစ်ပြီး နွေဦးတော် လှန်ရေး အရေးနိမ့်လိမ့်မည်ဟု ကာလကြာရှည်စွာပင် မှန်းဆခဲ့ထားခဲ့ကြပါသည်။ နိုင်ငံများသည်စစ်တပ်၏ ရက်စက်ကြမ်းကြုတ်သော အကြမ်းဖက်မှုများ လုပ်ဆောင်ခဲ့သည်ကို မကြိုက်ကြသည့်အပြင် ပြီးခဲ့သည့်ဆယ်နှစ်အတွင်း နှေးကွေးသော်လည်း အလားအလာ ရှိသော အသွင်ကူးပြောင်းရေးအား စစ်တပ်က နှောင့်ယှက်ခဲ့ခြင်းအပေါ်နိုင်ငံများက စိုးရိမ်ပူပန်မှုများ ရှိနေခဲ့ပါသည်။

 

သို့သော်လည်းအဆုံးတွင် “စစ်တပ်သည် ခိုင်မာလွန်းပြီး၊ အကြမ်းမဖက်ဘဲလက်နက်မဲ့ ဆန္ဒပြသူများဖက်သည်အားနည်းလွန်းသည် ” ဟု ၎င်းတို့၏အကဲဖြတ်ထားချက်ကိုမူ မပြောင်းလဲခဲ့ ကြပေ။

(ပူတင်မှလွဲ၍) စစ်တပ်၏ အာဏာသိမ်းမှုကို တိုက်ရိုက်ထောက်ခံသည့် နိုင်ငံထဲတွင် မည်သည့်နိုင်ငံမှ မပါဝင်ချင်ကြပါ။ သို့သော် နှိမ်နင်းခံရမည်ဟု ယူဆထားကြသောကြောင့် နွေဦးတော်လှန်ရေးတွင် သံတမန်ရေးဆိုင်ရာ အရင်းအနှီးကိုလည်း မည်သူမျှ မမြှုပ်နှံချင်ကြပေ။

 

သို့သော်လည်း မြန်မာပြည်သူများ၏ မမျှော်လင့်ထားသော ကြံ့ကြံ့ခံနိုင်မှုတို့ကြောင့် ဤကဲ့သို့ ဖြစ်မလာပါ။ စစ်တပ်သည် တော်လှန်ရေးကို ချေမှုန်းခြင်း မပြုနိုင်ခဲ့သည့်အပြင် နိုင်ငံကို စုစည်း ချုပ်ကိုင်ထားခြင်းလည်းမရှိပေ။

နောက်ကျနေသည်ဟုဆိုရမည်ဖြစ်သော်လည်း နိုင်ငံတကာ ပလေယာများက စစ်တပ် မအောင် မြင်နိုင်သည်ကို တဖြေးဖြေးသတိပြုမိလာကြပါသည်။ တစ်ချိန်တည်းမှာပင် ၎င်းတို့၏ လက်ရှိအကဲဖြတ်ချက်မှာ စစ်တပ်ဆန့်ကျင်ခုခံရေး မဟာမိတ်အဖွဲ့များသည်လည်း စစ်တပ်ကို မကြာခင်မှာပင် အနိုင်ယူနိုင်မည် တော့မဟုတ်ပေ။

 

စိုးရိမ်စရာတစ်ခုလည်း ရှိနေပါသည်။ စစ်တပ် ပြိုလဲမည်ဆိုပါက မြန်မာနိုင်ငံတွင် ဗဟိုအာဏာ မရှိတော့မည့်အရေးပင်ဖြစ်သည်။ နောက်ဆက်တွဲဖြစ်လာနိုင်သည်မှာ နယ်မြေစိုးမိုးရေးအတွက် (လစ်ဗျားကဲ့သို့) ပြည်သူ့စစ်များစွာတို့အကြားဖြစ်ပွားသည့် စစ်ပွဲများစွာနှင့်အတူ ကျရှုံးနိုင်ငံ တစ်ခုဖြစ်လာခြင်ဖြစ်သည်။ ထိုသို့ဖြစ်လာခြင်းမျိုးအား မည်သူကမှ မမြင်ချင်ကြပါ။

 

ထို့ကြောင့် နိုင်ငံတကာ ပလေယာများအကြား ဦးစားပေးဖြေရှင်းချက်မှာ အပစ်အခတ်ရပ်စဲရေး၊ အကြမ်းဖက်မှုများ လျော့ချလာနိုင်ရေးနှင့် စစ်ကောင်စီ နှင့် အခြားသော အကျိုးသက်ဆိုင်သူ များအကြား နိုင်ငံရေးအရ စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်ရန်ဖြစ်သည်။ ထိုသို့ စေ့စပ်ညှိနှိုင်းမှုများ ဖြစ်လာရန်မှာ ဟုတ်ယောင်ထင်မှုတခုဖြစ်နိုင်သော်လည်း နိုင်ငံတကာ ပလေယာများ အချင်းချင်း အကြား သဘောတူညီမှုရရှိဆောင်ရွက် နိုင်သည့်အရာဖြစ်သည်။

 

မည်သူကမှ စစ်အာဏာရှင်တို့အား အမှန်တကယ် မထောက်ခံခိုကြပါ။ (ပူတင်ကလွဲရင်၊ ပုတင်သည်လည်း ယူကရိန်းစစ်ပွဲကြောင့် လုပ်ဆောင်နိုင်စွမ်းနည်းပါးနေပြီဖြစ်သည်။) သို့သော်လည်း အားလုံးက စစ်အာဏာရှင်တို့အား ခုခံတွန်းလှန်မှုများအား ထောက်ခံသည့် လမ်းကြောင်းကို ရဲရဲဝံ့ဝံ့ချီတက်ရန်အတွက်ကိုလည်း စိုးရွံ့နေကြပါသည်။ ထို့ကြောင့် ခြုံငုံသုံးသပ်ကြသည်မှာ နှစ်ဖက်လုံးစစ်ပန်းလာကြပြီး စေ့စပ်ညှိနှိုင်းရန် အဆင်သင့်ဖြစ်လာတဲ့အထိ စောင့်ကြည့်ကြရန်ဖြစ်လာသည်။

 

နိုင်ငံတကာ ပလေယာ များကြားတွင်ရှိနေသည့် စစ်တပ် ပြိုလဲသွားပြီးမတူကွဲပြားသော လက်နက်ကိုင် တပ်ဖွဲ့များ ထိန်းချုပ်ထားသော နယ်မြေများတွင် မြန်မာနိုင်ငံကို အကွဲအပြဲဖြစ်စေမည်ကို စိုးရိမ် နေကြခြင်းအား ထိုသို့မစိုးရိမ်ကြစေရန်ဖျောင်းဖျနိုင်ရန်၊ချေဖျက်ပစ်နိုင်ရန် လိုအပ်ပါသည်။ ထိုသို့ပြုလုပ်ရန် အလွယ်ကူဆုံးနည်းလမ်းမှာ ရှင်းရှင်းလင်းလင်း တိကျသေချာသော လမ်းပြမြေပုံနှင့် ဖက်ဒရယ်ပဋိညာဥ်၏ အောက်တွင် ခိုင်မာသောမဟာမိတ်ဖြစ်နေကြခြင်းကို ပြသရန်ပင်ဖြစ်သည်။

 

ယခုအတန့်လောလောဆယ်အခိုက်အတန့်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုသည် ထိုလုပ်ငန်းစဉ်နောက်သို့မရောက်နိုင်သေးပဲ တစိတ်တပိုင်းမဟာမိတ်နှင့် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဥ် အား သဘောတူညီမှုအဆင့်တွင်သာရှိနေပါသေးသည်။ ထိုအခြေအနေကိုပြောင်းလဲနိုင်လျှင် ဖြစ်နိုင်ခြေအရှိဆုံးရလဒ်(အောင်မြင်မှု) နှင့်ပတ်သက်၍ နိုင်ငံတကာ၏ ခံယူချက်သည်လည်း ပြောင်းလဲသွားမည်ဖြစ်သည်။ လူတိုင်းက အနိုင်ရှိမည့်ဖက်ကိုတွင် နေလိုကြသည်ဖြစ်ရာ စစ်အာဏာရှင်ဆန့်ကျင်ရေး အင်အားစုများကို ထောက်ခံလိုစိတ် တိုးလာမည် ဖြစ်ပေသည်။

————————————

တခြားအသုံးဝင်နိုင်မည့် မည်သည့်အရာ (ဇာတ်ကြောင်း)များ ရှိမည်နည်း

 

နွေဦးတော်လှန်ရေးတွင် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်၏ နောက်တွင် ယုံကြည်စိတ်ချရသော မဟာမိတ် အပြည့်အ၀ မရှိနိုင်သေးခင်တွင် နိုင်ငံတကာ ပလေယာများနှင့် စကားပြောသည့် အခါ အခြားသော ဇာတ်ကြောင်းများသည်လည်း အသုံးဝင်နိုင်ပါသည်။ လက်ရှိ စစ်တပ်ဖွဲ့စည်းမှုသည် ဖိအားများစွာ အောက်တွင် ပြိုလဲမည်မှာ သေချာသလောက်ဖြစ်ကြောင်း အထပ်အခါခါ ထပ်ခါတလဲလဲ ပြောသင့်သည်၊ သို့သော် ထိုသို့ဖြစ်မလာမီအချိန်မည်မျှကြာမည်ဆိုသည်မှာ အရေးကြီးသော မေးခွန်း ဖြစ်သည်။

 

စစ်အာဏာ ရှင်တို့တွင် မိမိတို့ ကိုယ်ကို ကာကွယ်ရန် ဖျက်ဆီးခြင်း၊ အကြမ်းဖက်ခြင်းနှင့် လူသတ်ခြင်းမှလွဲ၍ အခြားနည်းလမ်းမရှိပါ။ (ပျူစောထီးနှင့် သွေးသောက်အဖွဲ့တို့ကဲ့သို့)။ စစ်အာဏာရှင်၏ အခြားဗျူဟာနှစ်ခုမှာ – အတုအယောင် ငြိမ်းချမ်းရေးဆွေးနွေးပွဲများနှင့် စိတ်ကြိုက်ချယ်လှယ်မည်ဟု ကြံရွယ်ထားသော ရွေးကောက်ပွဲများမှ တဆင့် အတိုက်အခံများကို ထိုးခွဲရန် ကြိုးစားခြင်းတို့ဖြစ်သော်လည်း အလုပ်မဖြစ်ပါ။ သို့သော်လည်း အာဏာဆက်ရှိနေရန် ဤအလွန်အမင်း အဖျက်အဆီးကင်းကင်းနှင့် အချည်းနှီးသော ကြိုးပမ်းအားထုတ်မှုများ ဆက်လက်လုပ်ဆောင်နေသည့် စစ်အာဏာရှင်များ ရှိနေသည့် အချိန်တိုင်း (လစဉ်လတိုင်း) သည် ပြန်လည်ပြုပြင်ရန် ပိုမိုခက်ခဲစေမည့် ဆိုးဝါးလှသော ပျက်စီးဆုံးရှုံးနစ်နာမှုများကို ဆက်လက်ဖြစ်ပေါ်နေစေမည် ဖြစ်ပါသည်။

 

စစ်တပ်နှင့်စေ့စပ်ညှိနှိုင်းရာတွင် အခြားသော အကျိုးသက် ဆိုင်သူများကို ရှာဖွေခေါ်ယူရန် နိုင်ငံတကာ၏ ကြိုးပမ်းမှုများမှာ အဖျက်ပဋိပက္ခကို ရှည်လျား နက်ရှိုင်းစေရုံသာ ဖြစ်စေပါလိမ့်မည်။ ညှိနှိုင်းမှုများ အဆင်ပြေချောမွေ့စေရန် ကြိုးပမ်းမှုသည် အဖြေတခု မဟုတ်ပါ၊ လက်ရှိ အဖျက်သဘောဆောင်နေသော အရွေ့များသည် အပြုသဘောဆောင်သော အပြောင်းအလဲ များဆီသို့ ပြောင်းပြန်လှန်နိုင်သည့် အချိုးအကွေ့သို့ ရောက်ရှိရန် အတားအဆီးဖြစ်ပင် ဖြစ်နေစေပါသည်။

 

ဘာမှမလုပ်ဘဲ စစ်အာဏာရှင်တို့၏ ပြည်သူများအား ကျူးလွန်နေသည့် စစ်ပွဲကို ဒီအတိုင်းကြည့်နေပြီး သူ့အလိုလို ပြီးသွားမည်လားဟု စောင့်ကြည့်နေခြင်းသည် ပဋိပက္ခကို ဆိုးရွားသော အကျိုးဆက်များနှင့် ကာလရှည်စေရုံသာ ဖြစ်ပါလိမ့်မည်။ နိုင်ငံတကာ ပလေယာများ၏ သင့်လျောမှန်ကန်သော နိုင်ငံရေး လှုပ်ရှားမှုသည်သာ နွေဦးတော်လှန်ရေးအတွက် အရေးကြီးဆုံးသော အချိုးအကွေ့အဆင့်သို့ ရောက်ရှိ လာစေရန်အတွက် အရှိန်မြှင့်ရန် ကူညီပေးရာရောက်မည် ဖြစ်ပါသည်။

 

ထိုသို့အားဖြင့်သာ လက်ရှိ စစ်အစိုးရ ပြိုကွဲရေးကို ဦးတည်သွားစေမည့် အဖြေတစ်ခုဆီသို့ ရောက်ရှိလာနိုင်မည်ဖြသ်သည်။ မည်သည့်ဖြေရှင်းမှု အတွက်မဆို ထိုသို့ဆောင်ရွက်ထားနိုင်ရန်မှာ ကြိုတင်လိုအပ်ချက်တခုဖြစ်သည်။ တပြိုင်နက်တည်းမှာပင် အရေးတကြီးအားစိုက် လုပ်ဆောင်ရမည်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု၏ ကျယ်ပြန့်သော စွမ်းရည်၊ ခွန်အားနှင့် မဟာမိတ်များ တည်ထောင်နိုင်ရေး လုပ်ငန်းစဉ်များအား စိတ်နှစ်လုပ်ဆောင်ကြရန် ဖြစ်ပါသည်။

 

ထိုသို့အားဖြင့်သာ လက်ရှိစစ်အစိုးရ ပြိုကွဲရေးကို ဦးတည်သွားစေမယ့်အဖြေတစ်ခုဆီ သို့ရောက်ရှိ လာနိုင်မည်ဖြစ်သည်။ မည်သည့်ဖြေရှင်းမှုအတွက်မဆို ထိုသို့ဆောင်ရွက်ထားနိုင် ရန်မှာ ကြိုတင် လိုအပ်ချက်တစ်ခုဖြစ်သည်။ တပြိုင်နက်တည်းမှာပင် အရေးတကြီးအားစိုက် လုပ်ဆောင် ရမည်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု၏ ကျယ်ပြန့်သော စွမ်းရည်၊ ခွန်အားနှင့် မဟာမိတ်များ တည်ထောင်နိုင်ရေး လုပ်ငန်းစဉ်များအား စိတ်နှစ်လုပ်ဆောင် ကြရန်ဖြစ်ပါသည်။

 

ကျရှုံးနိုင်ငံဖြစ်လာခြင်းသည် စစ်အာဏာရှင် ပြိုလဲခြင်းကြောင့်ဖြစ်လာမည် အရာမဟုတ်ပါ။ အာဆီယံ၏ လက်ရှိအခြေအနေအတိုင်း လှုပ်ရှားလုပ်ဆောင်မှု မရှိသလောက် အားနည်းဖြင်းနှင့် မည်သို့မျှ ထိရောက်အောင်လုပ်ဆောင်နိုင်စွမ်းမရှိခြင်းတို့ကြောင့် (အခြားသော နိုင်ငံတကာ အသိုင်းအဝန်းကလည်း ၎င်းတို့၏ ”မတုန်မလှုပ်နေရေး ရပ်တည်ခြင်း” ကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ထို့သို့သော ချဉ်းကပ်မှုသည် စစ်အာဏာရှင်တို့အား ထိန်းချုပ်မှု ပြန်လည်ရရှိရေး (မဖြစ်နိုင်တော့သော်လည်း) ဆက်လက်ကြိုးစားရန် အချိန်ပိုပေးနေကြခြင်းမျိုးသာ ဖြစ်သည်။

 

အာဆီယံအပြင် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများနှင့် အခြားသောသက်ဆိုင်ပတ်သက်မှုရှိသည့် နိုင်ငံတကာ ပလေယာများသည်လည်း လူမှုအဆောက်အအုံ၊ စီးပွားရေးနှင့် ပြည်သူ့ရေးရာ ဝန်ဆောင်မှု များမှကျန်ရှိနေသည့်အရာများကို စစ်အာဏာရှင်တို့ကကျကျနနဖျက်ဆီးနိုင်စေရန် (ဖျက်ဆီးစရာလည်း များများစားစားမကျန်တော့ပါ။) အတွက် အချိန်ပိုပေးနေခြင်းသာဖြစ်သည်။

 

ယခုအချိန်သည်စစ်အာဏာရှင်တို့အား ဆန့်ကျင်သောအင်အားစုများသည် ရဲဝံ့စွာ အစွမ်းကုန် တွန်းလှန်ကြရမည့် အချိန်ဖြစ်သည်။ ထိုသို့လုပ်နိုင်မှသာ အဆုံးအဖြတ်အချိုးအကွေ့နေရာသို့ ရောက်စေနိုင်မည်ဖြစ်သည်။ စစ်အာဏာရှင် သည် ပထမပိုင်းတွင် မြင်ရသည့်အခြေအနေထက်များစွာ အားနည်းလာသည်။ ၁၆ လကြာပြီးနောက် ၎င်းတို့သည် ဖိညှစ်ခံရပြီး ပြိုကွဲလာကြသည်။

 

လက်ရှိ အခြေအနေတွင် စစ်အာဏာရှင်တို့အားတိုက်ထုတ်နေရသည့် အခြေတွင် ဖြိုဖျက်မှုသဘော ဆောင်နေသည့်အရွေ့သည် ရုတ်တရက်ပင် အပြုသဘောဆောင်သော ဦးတည်ရာသို့ ပြောင်းလဲ သွားနိုင်ပါသည်။

 

မင်းအောင်လှိုင် နှင့် စစ်အာဏာရှင်တို့သည် မြန်မာနိုင်ငံအား အကြမ်းဖက်မှုများ လျော့ကျလာစေရေး၊ နေရပ်စွန့်ခွာရသူများနှင့် အကာအကွယ်ပေးရန်လိုအပ်နေသူများကို အကာအကွယ်ပေးရေးနှင့် အကူအညီပေးရေး၊ ငြိမ်းချမ်းရေး၊ နိုင်ငံရေးအရ စေ့စပ်ညှိနှိုင်းရေး၊ ပြည်သူ့ဘဝ ပြန်လည်ရှင်သန်ရေး၊ စီးပွားရေးနှင့် လူမှုရေး ပြန်လည်ထူထောင်ရေးတို့ဆီသို့ မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်ရန် အမှန်တကယ် အတားအဆီး ဖြစ်နေပါသည်။

 

ဤသည်တို့မှာ အသုံးဝင်မည့် အကြောင်းအရာ (ဇာတ်ကြောင်းများ) ဖြစ်သည်။

——————————————

တခြားသူများ၏ သဘောထားများအား အတိုင်းအတာတစ်ခုအထိ ပြောင်းလဲပစ်ခြင်း

နိုင်ငံခြားအချက်များ (အပြင် ပြည်တွင်းအချက်များ) ကို အောက်ပါစကေးတွင် ထည့်သွင်းကြည့်ခြင်းသည် အမြဲတမ်းအသုံးဝင်ပါသည်-

 

တက်ကြွသောဆန့်ကျင်သူများ (Active opponents) ၊ အားနည်းသော ဆန့်ကျင်သူများ (Passive opponents)၊ ကြားနေများ (Neutral factors) ၊အားနည်းသောထောက်ခံသူများ (Passive supporters)၊ တက်ကြွသောထောက်ခံသူများ (Active supporters)။

 

ကျွန်ုပ်တို့ရည်ရွယ်ချက်ထားလုပ်ဆောင်ရမည်မှာ နွေဦးတော်လှန်ရေးကို ထောက်ခံမှုအားနည်းသည့် နိုင်ငံများအား တက်ကြွသောထောက်ခံသူများဖြစ်လာစေရေးအတွက် ပြောင်းပစ်နိုင်ရန်ဖြစ်သည်။ ထိုသို့လုပ်ဆောင်ရာတွင် မတူညီသော နိုင်ငံများဖြစ်သည့်အလျောက် နိုင်ငံတခုခုနှင့်တခု ထောက်ခံ လာမှု အတိုင်းအတာမှာ တူနိုင်မည်တော့မဟုတ်ပါ။ သို့သော်ထိုနေရာမှ စတင်ကြရန် အကောင်းဆုံး ဖြစ်သည်။

 

ကြားနေသူများအား အားနည်းသောထောက်ခံသူအမျိုးအစားအဖြစ်သို့ ရွှေ့ယူနိုင်ရန်အတွက်လည်း အားထုတ်မှုအချို့ ပြုလုပ်နိုင်ပါသည်။ သို့သော် ထိုသို့လုပ်ဆောင်ခြင်းအား အမြင့်ဆုံးဦးစားပေး လုပ်ဆောင်ရန်တော့မလိုအပ်ပါ။ ကြားနေသူနိုင်ငံများသည် မြန်မာနိုင်ငံတွင် ၎င်းတို့၏အကျိုးအတွက် လုံးဝစိတ်မဝင်စားစရာမရှိကြသောကြောင့် ထိုနိုင်ငံများသည် အားနည်းသော ထောက်ခံသူများ ဖြစ်လာသည့်တိုင် နိုင်ငံရေးအရများစွာ၀င်ရောက် ပါ၀င်မြုပ်နှံကြမည်မဟုတ်ပေ။

 

ဒုတိယ ဦးစားပေး အဖြစ် စစ်အာဏာရှင်တို့အား ထောက်ခံမှုအား နည်းသော်လည်း ထောက်ခံ လျက်ရှိသောနိုင်ငံများ (ကျွန်ုပ်တို့အပေါ်တွင်မူ အားနည်းသော ဆန့်ကျင်သူများအဖြစ်ရှု့မြင် ရမည့်သူများ) ကို အာရုံစိုက်ရန် ပိုအရေးကြီးပါသည်။ ၎င်းတို့သည် မြန်မာနိုင်ငံတွင် အကျိုးစီးပွားများ ရှိပြီး သြဇာလွှမ်းမိုးမှု အချို့လည်းရှိနိုင်သည်။ ၎င်းတို့အား ဘက်မလိုက်သော အနေအထားသို့ ရွှေ့ရန် အရေးကြီးပေသည်။ ဖြစ်နိုင်ပါက စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုများအပေါ် အားနည်းသော ထောက်ခံသူများ အနေအထားသို့ ရွှေ့ပစ်နိုင်ရန် အရေးကြီးပါသည်။

 

စစ်အာဏာရှင်တို့အားတက်ကြွစွာ ထောက်ခံနေသူများကိုလည်း ခွဲထုတ်ရန်လည်း ကြိုးစား ရမည် ဖြစ်သည်။ စစ်အာဏာရှင်တို့အား ပံ့ပိုးပေးသည့် အတွက် ၎င်းတို့ပြန်ရနိုင်မည့်အကျိုးဆက်ကို အလယ် အလတ်နှင့် ရေရှည်ရှုထောင့်မှ ပြန်လည်တွက်ချက်ကြည့်လာစေရန် မိမိတို့မှ ဖန်တီးလုပ်ဆောင်ရ မည်ဖြစ်သည်။

 

နိုင်ငံခြားတိုင်းပြည်များ၏ မြန်မာနိုင်ငံကို ချဉ်းကပ်ပုံအား စဉ်းစားရာတွင်၊ ထိုနိုင်ငံ၏ နိုင်ငံခြားရေး ပေါ်လစီ နှင့် စီးပွားရေး၊ စစ်ရေးပေါ်လစီများအကြား မတူခြားနားမှုများအပေါ် မူတည်လုပ်ဆောင်ရမည် ဖြစ်ပြီး ၊ မီဒီယာများတွင် မည်သည့်သတင်းများဖော်ပြပြီး မည်သည့်သတင်းများ အားဖော်ပြခြင်း ရှိမနေသည့်အချက်များ၊ လွှတ်တော်ကိုယ်စားလှယ်များသည် မည်သည်တို့ကိုလုပ်ဆောင် နေကြ သနည်း၊ မြန်မာနိုင်ငံမှ ရွှေ့ပြောင်းအခြေချနေထိုင်သူ မည်မျှ အားကောင်းသနည်း၊ ထိုနိုင်ငံတ္ငင် အရပ် ဘက်အဖွဲ့အစည်းများက မည်သည့်အရာများကို လုပ်ဆောင်နေသနည်း၊ ထိုနိုင်ငံရှိ ကျောင်းသား များ၊ လူငယ်အဖွဲ့အစည်းများအကြားတွင် မည်သူတို့သည် မိမိတို့အတွက် မဟာမိတ် ဖြစ်နိုင်မည်နည်း စသည်အခြေအနေတို့အားလည်း ထည့်သွင်းစဥ်းစားကြရမည်ဖြစ်သည်။

 

တစ်ခါတစ်ရံတွင်၊ ထိုနိုင်ငံ၏တရားဝင်နိုင်ငံခြားရေးမူဝါဒသည် ကြားနေသော သို့မဟုတ် နွေဦးတော်လှန်ရေးအား အားနည်းသောဆန့်ကျင်သူအမျိုးအစားတွင် ပါဝင်နေသော်လည်း ရွှေ့ပြောင်းအခြေချနေထိုင်သူများ၊ ညီညွှတ်သောအုပ်စုများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ မီဒီယာများ၊ သြဇာလွှမ်းမိုးသူများနှင့် လွှတ်တော်ကိုယ်စားလှယ်များနှင့် ထိတွေ့ဆက်ဆံခြင်းဖြင့် ထိုအခြေအနေကို ရွှေ့ပစ်နိုင်ပါသည်။ ကျွန်ုပ်တို့ဘက်မှ စနစ်တကျနှင့် စိတ်ရှည်စွာလုပ်ဆောင်ကြရန် လိုအပ်ပြီး အခြားနိုင်ငံများတွင် မဟာမိတ်များကို ရှာဖွေကာ ၎င်းတို့နှင့်အတူ စည်းရုံးလှုံ့ဆော်ရေးနှင့် ထိုနိုင်ငံများ၏ မူဝါဒချမှတ်သူများအား ဦးတည်၍ ဖိအားပေးမှုများ ပြုလုပ်နိုင်ပါသည်။