• Today is: Friday, March 29, 2024

ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် “Federal Democracy Charter” အပေါ် အမြင် 

ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် “Federal Democracy Charter” အပေါ် အမြင် 

နိုင်ဗညားမွန်  

တိုင်းရင်းသားလူမျိုးများ၏ တန်းတူအခွင့်အရေး ကိုယ်ပိုင်ပြဌာန်းခွင့်အခွင့်အရေးနှင့် ဖက်ဒရယ်အရေးတွက်  မွန်ပြည်အရေးလှုပ်ရှားမှုတွင် နှစ်ပေါင်းမြောက်များစွာပါဝင်နေသူတစ်ယောက်အနေအဖြင့် ဖက်ဒရယ် ဒီမိုကရေ  စီပဋိညာဉ် ချာတာအပေါ် မိမိနားလည်မှုဖြင့် တင်ပြလိုက်ပါသည်။ 

ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် Federal Democracy Charterသည် မြန်မာနိုင်ငံ၏အနာဂတ်ဖက်ဒရယ်ဒီ မိုကရေစီပြည်ထောင်စုတည်ဆောက်ရေးတွင် ပါဝင်နေသော အဖွဲ့ဝင်များအကြား ကတိကဝတ်ပြုသဘောတူ  အတည်ပြု (ratify) ထားသည့်သဘောတူချက်တစ်ခုဖြစ်ပါသည်။ပဋိညာဉ်ကို ၂၀၂၁ ခုနှစ် မတ်လ ၃၁ ရက်  နေ့တွင် ထုတ်ပြန်ခဲ့ပြီး ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့ မှ ၂၉ ရက်နေ့အထိ ကျင်းပခဲ့သည့် ပထမအကြိမ်  ပြည်သူ့ညီလာခံတွင် ပြင်ဆင်ဖြည့်စွက်ချက်များဖြင့် အတည်ပြုခဲ့ပါသည်။

 ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်တွင် အစိတ်အပိုင်း (၁) နှင့်(၂) ဟု ရှိပြီး အစိတ်အပိုင်း (၁) တွင်အနာဂတ်  ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတည်ဆောက်ရေးအတွက်မျှော်ရည်ချက်၊စံတန်းဖိုးနှင့်လမ်းညွှန်အခြေခံမူများပါဝင်  ပြီး အပိုင်း (၂) တွင် ပဋိညာဉ်အစိတ်အပိုင်း (၁) တွင် ဖော်ပြထားသည့် ဦးတည်ချက်၊ ရည်ရွယ်ချက်များကို လက်  တွေ့အကောင်အထည်ဖော်ရန် ကြားကာလတွင်အခြေခံရမည့် “ကြားကာလဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ  အစီအမံများ (Interim Constitutional Arrangement)” ဖြစ်သည်။ ၎င်း၏သက်တမ်းသည် အသွင်ကူးပြောင်း  ရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲပြဌာန်းပြီး စတင်အသက်ဝင်သည့်အချိန်အထိ ဖြစ်သည်။ 

 ရည်ရွယ်ချက် ရှင်းရှင်းလင်းရှိခြင်း 

မြန်မာနိုင်ငံအတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများ၊ အရင်းခံပြဿနာများကို အပြီးသတ်ချုပ်ငြိမ်းစေနိုင်ရန်၊  ဒီမိုကရေစီစနစ်ကို ကျင့်သုံးပြီး တန်းတူရေးနှင့်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ကို အာမခံသော ဖက်ဒရယ် ဒီမိုကရေစီပြည်  ထောင်စုတွင် ပြည်ထောင်စုဝင်လူမျိုးများအားလုံး၊ နိုင်ငံသားများအားလုံး လွတ်လပ်ခြင်း၊ တန်းတူညီမျှခြင်း၊  တရားမျှတခြင်းတို့ကို အခြေခံကာ အပြန်အလှန်အသိအမှတ်ပြု လေးစားမှု၊ ချစ်ကြည် ရိုင်းပင်းမှု၊ သွေးစည်း  ညီညွတ်မှုတို့ကို တည်ဆောက်ပြီး ငြိမ်းချမ်းစွာ အေးအတူပူအမျှ အတူတကွ ယှဉ်တွဲနေထိုင်နိုင်သော သာယာ  ဝပြောသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအား တည်ဆောက်ရန် ၁။ စစ်အာဏာရှင်စနစ်အပါအဝင်  အာဏာရှင်စနစ်မှန်သမျှ ပပျောက်ရေး၊ ၂။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ အပြီးသတ်ဖျက်သိမ်းရေး။  ၃။ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး။ ၄။ အရပ်သားပြည်သူ့အစိုးရပေါ်ထွန်းရေး လုပ်ငန်းများကို ဆောင်ရွက်သွားရန် ရှင်းလင်းသော ရည်ရွယ် ချက်များကို ဖော်ပြထားပါသည်။ 

 တိကျသည့်လမ်းပြမြေပုံရှိခြင်း။

ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတည်ဆောက်ရန် အကောင်အထည်ဖော်မည့်လုပ်ငန်းစဉ်(သို့မဟုတ်)နိုင်ငံရေး လမ်းပြမြေပုံ (၁၂) ချက်ကို ရှင်းလင်းစွာဖော်ပြထားပါသည်။ ၎င်းတို့မှာ 

၁။ စစ်အာဏာသိမ်းမှု အဆုံးသတ်နိုင်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုထူထောင်ရေးအတွက် စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်မှန်သမျှ ပြုတ်ကျသည်အထိ ဝန်ထမ်းများ၏ CDM   လှုပ်ရှားမှုများအပါအဝင် လူထုအထွေထွေသပိတ်လှုပ်ရှားမှုများကို အဆက်မပြတ် ဆက်လက်လှုပ်ရှား  ဆောင်ရွက်နိုင်ရေး စည်းရုံးလှုံ့ဆော်ခြင်း၊ အားပေးခြင်းနှင့် ပံ့ပိုးကူညီခြင်း။ 

၂။ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များဖြင့် လွှတ်တော်ကိုယ်စားပြုကော်မတီများ ဖွဲ့စည်း၍   ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်ခြင်း။

၃။ နိုင်ငံရေးဆိုင်ရာသဘောတူညီချက်များ ဆွေးနွေးအတည်ပြုနိုင်ရေးနှင့် ရှေ့လုပ်ငန်းစဉ်များအကောင်   အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် မိတ်ဖက်နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားတော်လှန်ရေး   အဖွဲ့အစည်းများနှင့် သမဂ္ဂများ ၊အမျိုးသမီးများ၊လူငယ်နှင့် လူနည်းစုဆိုင်ရာအဖွဲ့အစည်းများအပါအဝင်  အရပ်ဖက်လူထုအဖွဲ့အစည်းများ လက်တွဲဆောင်ရွက်နိုင်သည့် အခင်းအကျင်း ဖော်ဆောင်ခြင်း။ ၄။ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်ကိုရေးဆွဲအတည်ပြုခြင်း။

၅။ ဤပဋိညာဉ်နှင့်အညီ ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ (Interim National Unity Govern  ment)ဖွဲ့စည်းခြင်း၊ ဥပဒေပြုရေးနှင့်တရားရေးမဏ္ဍိုင်ဆိုင်ရာအဖွဲ့အစည်းများကို ဖွဲ့စည်းခြင်း။ ၆။ အာဏာရှင်စနစ်အပြီးတိုင် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုနိုင်ငံတည်ဆောက်ရေး   အတွက် ဘုံပန်းတိုင်တူ အင်အားစုအားလုံးပါဝင်သော ပြည်သူ့ညီလာခံတစ်ရပ် ခေါ်ယူကျင်းပခြင်း။ ၇။ အာဏာရှင်စနစ်ပပျောက်ရေး၊၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေဖျက်သိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေ 

စီပြည်ထောင်စုတည်ဆောက်ရေးအတွက် မဟာဗျူဟာချမှတ်၍ အကောင်အထည်ဖော်ဆောင်ရွက်  ခြင်း။

၈။ အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲခြင်း။

၉။ အသွင်ကူးပြောင်းရေးကာလ အစိုးရဖွဲ့စည်းခြင်း။

၁၀။ တိုင်းပြုပြည်ပြုညီလာခံ(Constitutional Assembly) ခေါ်ယူကျင်းပပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည် ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲအတည်ပြုခြင်း။

၁၁။ တိုင်းပြုပြည်ပြုညီလာခံက ရေးဆွဲအတည်ပြုထားသည့် ဖက်ဒရယ်ဒီမိုကရေစီဖွဲ့စည်းပုံအခြေခံဥပဒေ ကို လူထုဆန္ဒခံယူပွဲကျင်းပပြီး အတည်ပြုပြဋ္ဌာန်းခြင်းနှင့် ရွေးကောက်ပွဲကျင်းပခြင်း။ ၁၂။ အတည်ပြု ပြဋ္ဌာန်းလိုက်သည့် ဖက်ဒရယ်ဒီမိုကရေစီဖွဲ့စည်းပုံအခြေခံဥပဒေအရ ဥပဒေပြုရေး၊   အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးမဏ္ဍိုင်များကို ဖွဲ့စည်းပြီး ဖွဲ့စည်းပုံအခြေခံဥပဒေစနစ် (Constitution alism) အရ လိုက်နာကျင့်သုံးခြင်းဖြစ်သည်။

လမ်းပြမြေပုံအဆင့် ၇ တွင် အာဏာရှင်စနစ်နှင့် ၂၀၀၈ ခု ဖွဲ့စည်းပုံအခြေခံဥပဒေဖျက်သိမ်းရေး  လုပ်ငန်းကို မဟာဗျူဟာချမှတ်အကောင်အထည်ဖော်နိုင်မှသာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်  ဆောက်နိုင်မည်ဟု အတိအလင်းဖော်ပြထားပေသည်။

ဤသည် တစ်နိုင်ငံလုံးအပစ်အခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) လမ်းပြမြေပုံနှင့်  လွန်စွာခြားနားပေသည်။ (NCA)လမ်းပြမြေပုံသည် ၂၀၀၈ ခု ဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံဥပဒေ ပြင်ဆင်သည့်

လမ်းကြောင်းဟု ဆိုသော် ငြားလည်း လက်တွေ့တွင် ၂၀၀၈ ခု  ဖွဲ့စည်းပုံအခြေခံဥပဒေ အောက် ရောက်သွားသည့်လမ်းကြောင်း  ဖြစ်နေပေသည်။ (NCA) လမ်းပြမြေပုံတွင် အဆင့် (၇)ဆင့်  ပါဝင်ပြီး ၎င်းတို့မှာ

၁။ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် လက်  မှတ်ရေးထိုးခြင်း။

၂။ နိုင်ငံရေးဆွေးနွေးမှု မူဘောင်ရေးဆွဲခြင်း။

၃။ ထိုမူဘောင်အပေါ်အခြေခံ၍ အမျိုးသားအဆင့် နိုင်ငံရေးဆွေး  နွေးပွဲများကျင်းပခြင်း၊ 

 လုံခြုံရေးဆိုင်ရာပြန်လည်ပေါင်းစည်းခြင်းကိစ္စရပ်များ၊ လုပ်ငန်းစဉ်  များ ညှိနှိုင်းဆွေးနွေးခြင်း။

၄။ ပြည်ထောင်စု ညီလာခံကျင်းပခြင်း။

၅။ ပြည်ထောင်စု သဘောတူစာချုပ်ချုပ်ဆိုခြင်း။

၆။ ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်း၍ အတည်ပြုချက်ရယူခြင်း။

၇။ ပြည်ထောင်စုသဘောတူစာချုပ် (Puidaungsu Accord)ပါ သဘောတူညီချက်များကို အကောင်အ  ထည်ဖော်ခြင်းနှင့်လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်  ရွက်ခြင်းတို့ဖြစ်သည်။ 

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွင် မည်သို့သော သဘောတူညီချက်မျိုး ရရှိစေကာမူ လမ်းပြမြေပုံ  အဆင့် ၆ အရ ၂၀၀၈ လွှတ်တော်က အတည်မပြုပေးပါက မည်သို့မျှ လုပ်ဆောင်လို့ရမည် မဟုတ်ပေ။ ၂၀၀၈  လွှတ်တော်တွင် စစ်တပ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ပါနေသဖြင့် စစ်တပ်ထောက်ခံချက်မရှိဘဲ အတည်ပြုနိုင်  မဟုတ်ပေ။ သို့ဖြင့် (NCA) လမ်းပြမြေပုံသည် ၂၀၀၈ တည်မြဲရေးလမ်းပြမြေပုံဟု မှတ်ယူ သည်။ ဤသည် ဖက်  ဒရယ်ဒီမိုကရေစီပဋိညာဉ်နှင့် ကွဲပြားသည့်အချက် ဖြစ်သည်။ 

လမ်းညွှန်အခြေခံမူများသည် တိုင်းရင်းသားလူမျိုးများမျော်မှန်းသည့် ဖက်ဒရယ်ပုံစံနှင့်ကိုက်ညီခြင်း။  နိုင်ငံတော်၏အချုပ်အခြာအာဏာ။ 

ပဋိညာဉ်ပါလမ်းညွှန်အခြေခံမူ (၁) တွင်ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များနှင့် ယင်းပြည်နယ်များ  အတွင်းရှိ ပြည်သူတို့သည် အချုပ်အခြာအာဏာ၏ မူရင်းပိုင်ရှင်များဖြစ်သည်ဟု ဖော်ပြထားပါသည်။ ဤတွင်  မြန်မာနိုင်ငံတွင်ကျင့်သုံးခဲ့သည် ၁၉၄၇ ခု၊ ၁၉၇၄ ခု နှင့် ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတို့တွင်  ပြဌာန်းထားသည့် နိုင်ငံတော်အချုပ်အခြာအာဏာနှင့် ၂၀၀၈ ခု ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ၁၉၉၀ ခု  ရွေးကောက်ပွဲအနိုင်ရကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီအသီးသီးမှခေါင်းဆောင်များ၊ တော်လှန်ရေးဖွဲ့အစည်း  အသီးသီးမှခေါင်းဆောင်များ၊ လူထုအခြေပြုအဖွဲ့အစည်းခေါင်းဆောင်များနှင့် လူငယ်အမျိုးသမီးခေါင်းဆောင်  များပါဝင်သည့် ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေ နှီးနှောဖလှယ်ပွဲတွင် အတည်ပြုထားသည့် 

ဖက်ဒရယ်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဖွဲ့စည်းပုံ FCDCC (ဒုတိယ မူကြမ်း) နှင့် မတူပေ။ ၁၉၄၇ ခု ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃ တွင် ပြည်ထောင်စုမြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာသည်  နိုင်ငံသားတို့၌ တည်သည်ဟု ဖော်ပြထားပြီး FCDCC ဒုတိယမူကြမ်းပုဒ်မ (၃) တွင် ဖက်ဒရယ်ပြည်ထောင်စု၏  အချုပ်အခြာအာဏာသည် နိုင်ငံသားလက်ဝယ်၌ တည်ရှိသည်ဟု ဖော်ပြထားပေသည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေ  ခံဥပဒေပုဒ်မ(၄)တွင် နိုင်ငံတော်၏အချုပ်အခြာအာဏာသည် နိုင်ငံသားများမှ ဆင်းသက်ပြီး နိုင်ငံတစ်ဝန်းလုံး၌  တည်သည်ဟု ဖော်ပြထားပါသည်။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှ သဘောတူ ထားသည့်ပြည်ထောင်စု  သဘောတူစာချုပ် Pang Long Union Accord အပိုဒ်(၁)တွင် နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် နိုင်ငံ  သားများမှဆင်းသက်ပြီး ပြည်ထောင်စုတစ်ဝန်းလုံး၌တည်သည်ဟု ပါရှိပေသည်။ 

ခြားနားသည့်အဓိပ္ပါယ်များ

၁၉၄၇ ခု ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၃) နှင့် FCDCC ဒုတိယမူကြမ်း ပုဒ်မ (၃) တွင် ပြည်ထောင်စု၏  အချုပ်အခြာအာဏာသည် နိုင်ငံသားတို့၌တည်သည် (သို့မဟုတ်) နိုင်ငံသားလက်ဝယ်၌ တည်ရှိသည်ဟုဖော်  ပြထားသည့်အတွက် အချုပ်အခြာအာဏာသည် နိုင်ငံသားမှဆင်းသက်ပြီ နိုင်ငံသားများကကျင့်သုံးသည်ဟု  နားလည်နိုင်သည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၄) ဖော်ပြချက်သည် နိုင်ငံတော်၏ အချုပ်အခြာအာ  ဏာသည် နိုင်ငံသားများမှ ဆင်းသက်သော်လည်း နိုင်ငံတော်က ကျင့်သုံးသည်ဟု အဓိပ္ပါယ်ရသည်။ 

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၇ တွင် “ နိုင်ငံတော်ဆိုသည်မှာ ရှေ့နောက်စကားရပ်တို့၏  အဓိပ္ပါယ်ကိုထောက်၍ ဤဖွဲ့စည်းပုံအခြေခံဥပဒေအရ ဥပဒေပြုမှုအခွင့်အာဏာကိုသော်လည်းကောင်း အုပ်  ချုပ်မှုအခွင့်အာဏာကိုသော်လည်းကောင်း ကျင့်သုံးသောအဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်ကိုဆိုလိုသည်” ဟု  ဖော်ပြထားပေသည်။ ယင်းပုဒ်မအရ “နိုင်ငံတော်” ဟူသောစကားတွင် ကာကွယ်ရေးဦးစီးချုပ်က တိုက်ရိုက်ခန့်  ထားသည့် ဥပဒေပြုလွတ်တော်ကိုယ်စားလှယ်၏ ၄ ပုံ ၁ ပုံနှင့် အုပ်ချုပ်မှုအာဏာ၏ ၃ ပုံ ၂ ပုံ ပါဝင်သည့်အတွက်  စစ်တပ်က နိုင်ငံတော်၏အချုပ်အခြာအာဏာကို ကျင့်သုံး ခွင့် ရထားပါသည်။ 

ပြည်ထောင်စုသဘောတူစာချုပ် အပိုဒ် (၁) သည် ၂၀၀၈  ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ(၄)နှင့် ထပ်တူဖြစ်နေသည့်  အတွက် နိုင်ငံတော်၏အချုပ်အခြာအာဏာသည် နိုင်ငံ  သားများမှ ဆင်းသက်သော်လည်း စစ်တပ်က အချုပ်အခြာ  အာဏာ ကျင့်သုံးခွင့်ရလိုက်သည့်သဘော ဖြစ်နေပေ  သည်။

၁၉၄၇ ခု ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြည်သူလူထု၏  အချုပ်အခြာအာဏာပိုင်စိုးမှုကို ဖော်ပြထား သော်လည်း  ပြည်နယ် လူထု၏အချုပ်အခြာအာဏာ ပိုင်းစိုးမှုမရှိပေ။  ၂၀၀၈ ဖွဲ့စည်းပုံတွင် ပို၍ ဆိုးရွားစေပါသည်။ ပြည်သူလူ  ထုအချုပ်အခြာအာဏာနှင့် ပြည်နယ်အချုပ် အခြာအာ ဏာ 

တို့ပါ ပျောက်ကွယ်နေပြီး စစ်တပ်က အချုပ်အခြာအာဏာကို တရားဝင်ကျင့်သုံးခွင့် ပေးလိုက်သည့်သဘော  ဖြစ်နေပေသည်။

ပဋိညာဉ်လမ်းညွှန်အခြေခံမူ (၁) သည် တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်း(၁၂) ဖွဲ့ကထုတ်ပြန်ထားသည့် လမ်းညွှန်အခြေခံမူ (၂-၁) ဖြစ်သည့် “ ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များနှင့် ၎င်း  ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးက စုပေါင်းပိုင်ဆိုင်ခြင်းကို  ဖော်ဆောင်ရမည်” နှင့် ကိုက်ညီပေသည်။ 

 သို့ ဖြင့် ပဋိညာဉ်လမ်းညွန် အခြေခံမူ(၁)ပါ နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ပြည်နယ်နှင့်ပြည်နယ်သူ/ သားလက်ဝယ်တွင် ရှိနေသည့်အတွက် တိုင်းရင်းသားလူမျိုးများမျှော်မှန်းသည့် ပြည်ထောင်စုပုံစံနှင့် လုံးဝကိုက်  ညီပေသည်။

 ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲခွင့်ရှိခြင်း။

 ဖက်ဒရယ်ပြည်ထောင်စု၏ ဝိသေသ (၆) ရပ်ထဲတွင် ဒီမိုကရေစီနည်းကျဖွဲ့စည်းပုံဆိုင်ရာ အစိုးရနှစ်ရပ်နှင့်  ဖွဲ့စည်းပုံဆိုင်ရာအာဏာခွဲဝေမှုတို့ ပါဝင်ပေသည်။ ဖွဲ့စည်းပုံဆိုင်ရာ အာဏာခွဲဝေနိုင်ရန်အတွက် ပြည်နယ်ယူ  နစ်နှင့် ပြည်ထောင်စုယူနစ်တို့တွင် သီးခြားဖွဲ့စည်းပုံ အခြေခံဥပဒေရှိရမည်ဖြစ်သည်။   ဖက်ဒရယ် တိုင်းပြည် တိုင်တွင် ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ မရှိပေ။ သို့သော် ပြည်နယ်၏ကိုယ်ပိုင်အုပ်  ချုပ်စီမံ ခြင်းသည် ဖက်ဒရယ်အခြေခံမူ၏အခြေခံကျဆုံးမူဖြစ်သည်။ ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေ ရှိခြင်းဖြင့်  ပြည် ထောင်စုနှင့်ပြည်နယ်များအကြား အာဏာခွဲဝေမှု ပိုမိုရှင်းလင်းလာခြင်း၊ ပြည်နယ်များသည် ပကတိအခြေ  အနေနှင့် ကိုက်ညီသည့် ရည်မှန်းချက်များ၊ အုပ်ချုပ်ရေးအင်စတီကျူးရှင်းများကို ဖော်ဆောင်၍ ဆိုင်ရာ ပြဿနာ  များကို ဖြေရှင်းနိုင်ခြင်း၊ ပြည်နယ်များ၏ တာဝန်ခံမှုတိုးလာနိုင်ခြင်း၊ ပြည်နယ်ရှိလူများစု၊ လူနည်း စုများ၏  ယဉ်ကျေးမှုသရုပ်သကန်များအား ကာကွယ်မြှင့်တင်နိုင်ခြင်းစသဖြင့် ပြည်နယ်များ၏ အခွင့်အရေး ကို ပိုမိုကာ  ကွယ်နိုင်ပါသည်။ ၎င်းအပြင် ပြည်နယ်ဖွဲ့စည်းပုံထားခြင်းဖြင့် အောင်မြင်သော အတွေ့အကြုံများ ကို ပြည်နယ်  တစ်ခုနှင့်တစ်ခု သင်ယူကျင့်သုံးနိုင်ခြင်း၊ ပြည်နယ်၏အောင်မြင်သော အတွေ့အကြုံများကို ရယူခြင်းဖြင့် ပြည်  ထောင်စုအဆင့်တွင် အလားတူပြုပြင်ပြောင်းလဲမှုများလုပ်နိုင်ခြင်း၊ မိမိပကတိ အခြေ အနေနှင့် မကိုက်ညီသော  အတွေ့အကြုံများအား အစိုးရအရပ်ရပ်အကြား ရှောင်ရှားနိုင်သည့် အခွင့်အရေးရှိခြင်း၊ ပြောင်းလဲလာသော  အခြေအနေများအတိုင်း ပြည်နယ်အလိုက်ဖွဲ့စည်းပုံဆိုင်ရာ လိုက်လျောညီထွေမှုကို လုပ်နိုင်ပေသည်။ 

၁၉၄၇ ခု နှင့် ၂၀၀၈ခု ဖွဲစည်းပုံအခြေခံဥပဒေတွင် ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေမရှိပေ။ ပြည်နယ်  များအတွက် ပြည်နယ်ဥပဒေပြုစာရင်းသာ ရှိသည်။ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပေဒအတွက် တိုင်းရင်းသား  တော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းများက ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွင် အကြိမ်ကြိမ်တင်ပြ  တောင်းဆိုသော်လည်း မရရှိခဲ့ပေ။ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲခွင့်ကို စစ်တပ်က ပိတ်ပင် သည်ဟုသိ  ရသည်။ 

ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်လမ်းညွှန်အခြေခံမူ (၃) တွင် “ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များသည်  သက်ဆိုင်ရာပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲပြဋ္ဌာန်းခွင့်ရှိသည်။”ဟု အတိအလင်း ရေးသားဖော်

ပြထားသည့်အတွက် တိုင်းရင်းသားလူမျိုးများအားလုံး၏ဆန္ဒနှင့် ကိုက်ညီသည့်အခြေခံမူ ဖြစ်သည်။   အာဏာခွဲဝေမှု (Division of Power) နှင့် (Subsidiarity Principle)

ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်လမ်းညွှန်အခြေခံမူ(၄)တွင် “အာဏာခွဲဝေမှု (Division of Power)၊  သယံဇာတခွဲဝေမှု (Revenue Sharing) နှင့် ဖက်ဒရယ်ဘဏ္ဍာရေးစနစ် (Fiscal Federalism) တို့ကို ကျင့်သုံး  သည်။ ထိုသို့ခွဲဝေရာတွင် ပြည်သူလူထုနှင့်အနီးကပ်ဆုံးအစိုးရအဆင့်က လုပ်ဆောင်နိုင်သည်အထိ လုပ်ပိုင်  ခွင့်ပြုသောစနစ် (Subsidiarity Principle) ကို ကျင့်သုံးသည်” ဟု ဖော်ပြထားပေသည်။ 

ဤသည် ဖက်ဒရယ်အခြေခံမူများနှင့်ကိုက်ညီသည်ဟုဆိုရမည်။ (Subsidiarity Principle )အရ အာဏာ  များကို ထိထိရောက်ရောက် ကျင့်သုံးနိုင်မည်ဖြစ်သော အစိုးရ၏အနှိပ်ဆုံးအဆင့်ထံသို့ ခွဲဝေသတ်မှတ် ပေးခြင်း၊  အာဏာသက်ရောက်မှုကို ပြည်သူများ အကျိုးအမြတ်ရှိစေပြီး ထိရောက်မှုရှိသော ဆုံးဖြတ် ချက်များ ချမှတ်နိုင်ရန်  အုပ်ချုပ်ရေးလုပ်ငန်းစဉ်များကို ပြည်သူလူထုနှင့်နီးစပ်နိုင်သမျှ နီးစပ်ဆုံးထားရှိ ခြင်းဖြင့် ပြည်သူလူထုပါဝင်မှုနှင့်  ထောက်ခံအားပေးမှုကို မြင့်မားလာစေမည် ဖြစ်သည်။ 

 မြေနှင့် သဘာဝသယံဇာတ

မြေ၊သဘာဝသယံဇာတနှင့်ပတ်သက်ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ (၃၆)တွင် “ နိုင်ငံတော်၏မြေ  အားလုံး၊မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက်နှင့်လေထုအတွင်းရှိ သံယံဇာတပစ္စည်းအားလုံး၏မူရင်းပိုင်  ရှင်ဖြစ်သည်ဟု ဖော်ပြထားသည်။ ဆိုလိုသည်မှာ နိုင်ငံတော်၏သံယံဇာတအားလုံးကို နိုင်ငံတော်က ပိုင်ဆိုင်  သည်။ 

ပဋိညာဉ်အပိုဒ်၂၁ တွင်ပြည်နယ်အတွင်းရှိ မြေနှင့်သဘာဝသယံဇာတ အရင်းအမြစ်များအားလုံး၏  မူရင်း ပိုင်ရှင်သည် ပြည်နယ်အတွင်း နေထိုင်သော ပြည်နယ်သားများဖြစ်သည်။ ပြည်နယ်အတွင်းရှိသဘာ  ဝသယံဇာတအရင်းအမြစ်များ စူးစမ်းရှာဖွေခြင်း၊ တူးဖော်ထုတ်လုပ်သုံးစွဲခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်း၊  ထိန်းသိမ်းကာကွယ်ခြင်း စသည်တို့ကို ပြည်နယ်ကလွတ်လပ်စွာစီမံခန့်ခွဲပိုင်ခွင့်ရှိသည်။ ပဋိညာဉ် အပိုဒ်၂၀ တွင်  မြေနှင့် သဘာဝသယံဇာတ စီမံခန့်ခွဲခြင်းဆိုင်ရာ ဥပဒေများကိုသက် ဆိုင်ရာပြည်နယ်များက လွှတ်လပ် စွာ  ရေးဆွဲပြဋ္ဌာန်း ပိုင်ခွင့်ရှိပြီး အပိုဒ် ၂၂ တွင် ဖက်ဒရယ်ပြည်    

နိဂုံး

အထက်ဖော်ပြပါ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ပါအပိုဒ်များသည် ၁၉၄၇ ခု၊ ၁၉၇၄ ခုနှင့်၂၀၀၈ဖွဲ့စည်း  ပုံအခြေခံဥပဒေတွင်မရှိသည့်အချက်ဖြစ်သည်။စစ်မှန်သည့်ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက်  အရေးကြီးသည့်မူ ဖြစ်သည်၊ ဤမူအတိုင်း ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်မှသာ မွန်လူမျိုး အပါအဝင်  တိုင်းရင်းသားလူမျိုးများ၏ ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိသော ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်နိုင်  မည်ဖြစ်သည်။

ကိုးကား

၁။ ဖက်ဒရယ်ဥပဒေအကယ်ဒမီမှထုတ်ပြန်သည့် မြန်မာနိုင်ငံ၏ငြိမ်းချမ်းမှုရှာဖွေခြင်းဖြစ်စဉ်ကို လမ်း  ကြောင်းသစ်မှ ချဉ်းကပ်ခြင်း။

၂။ EBO ၏ ဖက်ဒရယ်သင်တန်းမှ ကောက်နုတ်ချက်များ၊

၃။ FCDCC မူကြမ်း။

၄။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး  ဆိုင်ရာ ဘုံသဘောထား ရပ်တည်ချက်။ 

ခွင့်ပြုချက်ဖြင့် မွန်ပြည်ဖွံ့ဖြိုးရေးစာစောင်မှ ပြန်လည်တင်ဆက်သည်။