• Today is: Friday, March 29, 2024

ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( BPDF )ထံသို့ ရဲတပ်ကြပ်ကြီး ၂ ဦး CDM ပြုလုပ်

ဓါတ်ပုံ – BPDF

ဖက်ဒရယ်ဂျာနယ်၊ ဇူလှိုင် ၆

 

ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( BPDF ) ထံသို့ ရဲတပ်ကြပ်ကြီးအဆင့်ရှိသူ ၂ ဦး CDM ပြုလုပ် ခိုလှုံခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

 

သူတို့နှစ်ဦးကတော့ “ဘောလခဲ ရဲတပ်ဖွဲ့ မှုခင်းနှိမ်နှင်းရေးတပ်စုမှ တပ်ကြပ်ကြီးအဆင့်ရှိသူနှင့် နယ်ထိန်း တပ်ကြပ်ကြီးအဆင့်ရှိသူတို့ ဖြစ်ကြတယ်” လို့ BPDF ဘက်က ထုတ်ပြန်ပါတယ်။

 

“CDM ပြုလုပ်လာချိန်မှာတော့ သူတို့နှစ်ဦးနှင့်အတူ (၇.၆၂) မမ ကျည် ၃၂၁ တောင့် လက်ပစ်ဗုံး ၆ လုံးနှင့် ဆက်သွယ်ရေး စကား‌ပြောစက် ၂လုံး ပါရှိလာကာ အဲဒီပစ္စည်းတွေကို ဘောလခဲ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (BPDF)ထံသို့ အပ်နှံခဲ့တယ်” လို့ ဆိုပါတယ်။

 

ဒါ့အပြင် ဆက်လက်ပြီး CDM ပြုလုပ်လာမည့် စစ်သား/ ရဲတပ်သား များကို ဘောလခဲ ပြည်သူ့ ကာကွယ် ရေးတပ်ဖွဲ့ (BPDF)က ကြိုဆိုလက်ခံသွားမည်ဖြစ်ကြောင်း ထပ်မံအသိပေးထားပါသေးတယ်။