• Today is: Friday, August 12, 2022

နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းနိုင်ရေး PPST ဆက်လက်ဖော်ဆောင်မယ်

ဖက်ဒရယ်ဂျာနယ်၊ ဇူလှိုင် ၆

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST)၏ နှစ်ရက်တာ အစည်းအဝေးကို ဇူလှိုင် (၅-၆)နေ့တွင် အွန်လှိုင်းမှတဆင့် ကျင်းပခဲ့ကြောင်း ထုတ်ပြန်ထားသည်။
အဲဒီအစည်းအဝေးတွင် လက်ရှိ နိုင်ငံရေး၊ စစ်ရေး၊ ငြိမ်းချမ်းရေး၊ လူသားချင်းစာနာမှု ဆိုင်ရာ အထောက် အကူပြုရေးကိစ္စများကို ဆွေးနွေးခဲ့ပြီး နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းနိုင်ရေးကို ဆက်လက်ဖော်ဆောင်မယ်လို့ PPST ဘက်က ထုတ်ပြန်ထားသည်။
“နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းနိုင်ရေး နှင့် သက်ဆိုင်သူအားလုံး ပါဝင်သည့် အဓိပ္ပါယ် ပြည့်၀သော နိုင်ငံရေး ဆွေးနွေးပွဲများ ဖြစ်ပေါ်လာရေး၊ အရပ်သားများကို အကာအကွယ်ပေးရေး ကိစ္စနှင့် လူသားချင်းစာနာထောက်ထားမှု ပံ့ပိုးကူညီမှုများ ရရှိရေးတို့အတွက် ဆက်လက်ပြီး ထိရောက်စွာ အကောင်အထည်ဖော် ကြိုးစားသွားမည်” လို့ ဆိုသည်။

ဒါ့အပြင် “PPST အဖွဲ့ဝင်များအနေဖြင့် အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့မှုအပေါ် သုံးသပ်ခဲ့ကြသလို အာဆီယံ အထူးကိုယ်စားလှယ် H.E. Part Sokhom နှင့် တွေ့ဆုံခဲ့မှုအပေါ်မှာလည်း သုံးသပ်ဆွေးနွေးခဲ့တယ်”လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။